Unexpected News (2)
Vol. 10 Ch. 148
လေယာဉ်ဆင်းသက်ပြီးနောက် ချီချန်းရန် လုလီ ထံ WeChat မက်ဆေ့ချ် ပို့လိုက်သည်။
လုလီ : [အွန်း...]
လုလီ၏တုံ့ပြန်ပုံသည် အနည်းငယ်စိမ်းသက်သလို ခံစားရပေမယ့် သူမ သွေးဖောက်ထား၍ စိတ်အခြေအနေ မကောင်းဟုသာ ချီချန်းရန် တွေးလိုက်သည်။ သူ စာထပ်ပို့လိုက်သည်။
[ဒီညတော့ ကိုယ်လုပ်စရာမရှိသေးဘူး၊ မင်းနဲ့ စကားအေးဆေး ပြောလို့ရတယ်၊ ကိုယ် မင်းအတွက် အသားလုံး လုပ်ပေးဖို့အတွက် မကြာခင် ပြန်လာခဲ့မယ်နော်]
လုလီထံမှ အကြောင်းပြန်လာခြင်းမရှိပေ။ ချီချန်းရန် အနည်း ငယ် စောင့်ကြည့်နေခဲ့သော်လည်း လုလီထံမှ တုံ့ပြန်မှုမရှိသဖြင့် ဖုန်းကိုချလိုက်သည်။
City S တွင် လုလီသည် ချီချန်းရန်ထံမှ WeChat မက်ဆေ့ဂျ်ကို လက်ခံရရှိပြီး သူမရှေ့မှ စာရွက်စာတမ်းကို လှန်လောကြည့်နေဆဲဖြစ်သည်။
ခွေးကောင်....!!!
ချီချန်းရန် ဤသည်ကို သတိထားနေမှန်း လုလီသိသည်။ လက် မထပ်မီချုပ်ဆိုခဲ့သော သဘောတူညီချက်ကိုအချည်းနှီးရေးဆွဲ ထားခြင်းဖြစ်သော်လည်း ဤစာချုပ်ကိုတော့ သူ ကောင်း ကောင်းနားလည်သည်။ အတွင်းတွင် ဒေါ်လာဘီလီယံချီပါဝင်ပြီး ထိုပမာဏကို တစ်ဝက် ခံစားခွင့်ရမည်ကို မည်သူက မပျော်ပဲ နေမည်နည်း?
သို့သော် ယခု မိမိအနေဖြင့် ကလေးယူရန်စဥ်းစားနေချိန် သူ့ဘက်မှ ကွာရှင်းရေးစာချုပ်ကိုတောင် ပြင်ဆင်ထားခဲ့လေသလား?
ဒါက လွန်လွန်းတယ် မဟုတ်ဘူးလား ?
အတွင်းရေးမှူးကျောက်မှ ထိုစာရွက်စာတမ်းများကိုကြိုတင်ကြည့်ရှုပြီး စဥ်းစားနိုင်ရန် မိမိထံယူလာစေခြင်းမှာ တစ်နေ့ ၎င်းဆက်ဆံရေး ပြတ်တောက်သွားပါက တိုက်ရိုက်လက်မှတ် ထိုးရန် ဆိုလိုလိုက်ခြင်းပင် မဟုတ်ပါလား?
ယခင်က စုံတွဲအတုအယောင် အဖြစ်ရှိခဲ့သော အချိန်ကာလသာဆို သူမ ဤသည်ကို နားလည်နိုင်သေးသည်။ သို့သော် ယခုအနေအထားတွင် သူ့မျက်လုံးထဲတွင် ဤအိမ်ထောင်ရေးမှာ ထိုမျှပျက်စီးလွယ်သော အရာတစ်ခုအဖြစ် သတ်မှတ်လိုက်ပြီလား? မိမိစိုက်ထုတ်ခဲ့သော အချိန်နှင့်ချစ်ခြင်း မေတ္တာတို့ သည် သူ့အပေါ် လွဲမှားစွာပေးခဲ့မိခြင်းလား?
လုလီ ခေါင်းကိုမော့လျက် စိတ်ထဲမှာ "ခွေးကောင်" ဟု ထပ်ခါတလဲလဲ ဆဲဆိုလိုက်သည်။ ၎င်းတို့ ဆက်ဆံရေးသည် ကွာရှင်းရလောက်သည့်အထိ ဆိုးရွားနေပြီလား? လုလီ အသက်ကို ပြင်းပြင်းရှုလိုက်သည်။ မနက်ကပဲ သူ အလုပ်မသွားခင် သူမကို နမ်းခဲ့သေးသည်။ သူမ ဖုန်းကို ကောက်ကိုင်လိုက်ပြီး ချီချန်းရန် ကို မေးခွန်းထုတ်ရန် ပြင်ဆင်လိုက်သည်။ ဤသည်မှာ မှားယွင်းမှု တစ်ခုဖြစ်နေမလား?
ထိုစဥ် သူမထံ ဖုန်းဝင်လာသည်။ မိခင်ဖြစ်သူ ဟောင်ကောင်မှ ဖုန်းဆက်လာခြင်းဖြစ်သည်။
လုလီ ဖုန်းကို ကိုင်ပြီး စိုးရိမ်တကြီးမတ်တပ်ထရပ်လိုက်သည်။
"ဘာမှားနေလို့လဲ?"
…
သုံးရက်ကြာပြီး ချီချန်းရန် အလုပ်ခရီးမှ S City သို့ အမြန်ဆုံး ပြန်ရောက်လာခဲ့သည်။
ချီချန်းရန် အိမ်ရောက်ကာ တံခါးဖွင့်လိုက်သည်နှင့် လုလီက "နောက်ဆုံးတော့ လောင်ကုန်း ပြန်ရောက်ပြီပေါ့၊ ကျွန်မ ရှင့်ကို အရမ်းလွမ်းနေခဲ့တာ"ဟု မျက်ရည်တစမ်းစမ်းနှင့် ချွဲနွဲ့ကာ ပြောဆိုလာမည်ဟု သူ အပိုင်တွက်ထားသည်။
"လုလီ ?" ချီချန်းရန် အော်ခေါ်လိုက်သည်။
အိမ်အကူက သူ့အနားချဥ်းကပ်လာပြီး "မဒမ် အိမ်ပြန်မလာတာ နှစ်ရက်ရှိပြီ၊ ဒီရက်အတွင်း အပြင်မှာပဲနေတယ် သခင်..."
"ဘာ...အိမ်မှာ မရှိဘူး ဟုတ်လား?" ချီချန်းရန် ထိတ်လန့်သွားပြီး
"ဒါဆို သူ ဘယ်သွားတာလဲ?" အိမ်အကူမှ ခေါင်းကို ခါယမ်းလိုက်ပြီး
"မသိဘူး၊ မဒမ် ဘာမှမပြောသွားဘူး" ချီချန်းရန် ချက်ချင်း လုလီကို ဖုန်းခေါ်လိုက်သော်လည်း တဖက်မှ ဖုန်းကိုင်ခြင်းမရှိပေ။
သူ ချင်ရုံဆီ ဖုန်းဆက်လိုက်သည်။ ချင်ရုံလည်း ရှုပ်ထွေးသွား ပုံရပြီး လွန်ခဲ့သော နှစ်ရက်အတွင်း လုလီထံမှ မည်သည့်သတင်းမှ မရရှိကြောင်းပြောသည်။ သူသည် လက်ထောက်ဖြစ်သော်လည်း လုလီကိုယ်တိုင် ခေါ်ယူမှသာ တာဝန်ထမ်းဆောင်ရပြီး သူမ လှုပ်ရှားမှုတိုင်းကို မျက်စိဒေါက်ထောက် စောင့်ကြည့်ခြင်းမရှိပေ။ ထိုစကားကိုကြားတော့ ချီချန်းရန် မျက်မှောင်ကြုတ်လိုက်ပြီး ရုတ်တရက် မကောင်းသော အငွေ့ အသက်တစ်ခု သူ့စိတ်ထဲ ခံစားလိုက်ရသည်။
လွန်ခဲ့သောရက်အနည်းငယ်တွင် သူ လုလီနှင့် အဆက်အသွယ်ရှိခဲ့သော်လည်း 'အင်း'၊ "အော်"၊ "သိတယ်"၊ 'အလုပ်များနေတယ်" စသည်ဖြင့် သူမ၏ တုံ့ပြန်ပုံသည် ဝတ္တရားအရ ပြန်ဖြေနေသကဲ့သို့ ဖြစ်နေပြီး အိမ်ပြန်မလာကြောင်းကိုလည်း သူ့အား အသိပေးခြင်း မရှိခဲ့ပေ။
ထိုကာလအတွင်း သူမ အဆင်ပြေပြေနှင့် ရှိနေသည်ဟုသာ ချီချန်းရန် ထင်မှတ်ထားသည်။ သူအခန်းထဲရောက်ချိန်တွင် ကုတင်ဘေးရှိ စားပွဲပေါ်တွင် ဖိုင်တစ်ခုကိုတွေ့လိုက်ရသည်။
ချီချန်းရန် ကောက်ယူလိုက်သည်။ အဖုံးတွင် စာလုံးအနည်း ငယ်ပါရှိသည် "ကွာရှင်းစာချုပ်"
ထိုစာများကို မြင်သောအခါ ချီချန်းရန် အလွန်ထိတ်လန့်သွားပြီး ရုတ်တရက် သူ့စိတ်လွှတ်ထွက်သွားသည်။
ထိုအချိန်တွင် လုလီက သူ့ထံသို့ WeChat မက်ဆေ့ချ်တစ်စောင် ပို့လာခဲ့သည်။
ချီချန်းရန် အလျင်စလို ဖွင့်ကြည့်လိုက်ရာ လုလီ၏ စာကြောင်းတစ်ကြောင်းသာ ပါဝင်သည် တိုတောင်းလွန်းသောစာကို တွေ့လိုက်ရသည်။
[ကျွန်မ အဖြေကို ပြန်ပြောပေးပါ့မယ်]
ကွာရှင်းစာရွက်ကိုကိုင်ထားရင်း ယဉ်ကျေးသိမ်မွေ့သည်ဟု သတ်မှတ်ခံရသူ ချီချန်းရန်သည် နောက်ဆုံးတွင် ကြမ်းတမ်းသော စကားများဖြင့် ကိုယ့်ကိုကိုယ်ကျိန်ဆဲမိသွားသည်။
မင်းဇနီးလေး ထွက်ပြေးသွားပြီ...!!!
ချီချန်းရန် စိတ်ထဲမှ တီးတိုးပြောလိုက်သည်။
သူ လက်မှတ်ရေးထိုးရန်နေရာသို့ ကမန်းကတန်းလှန်ကြည့်လိုက်ရာ ကံကောင်းထောက်မစွာဖြင့် ဗလာဖြစ်ပြီး လုလီ လက်မှတ်မထိုးရသေးပေ။ သူ ခဏ စိတ်သက်သောင့်သက် သာဖြစ်သွားသည်။
သူ စိတ်သက်သာရာရသွားပြီး လုလီအား ရှင်းပြရန် ချက်ခြင်းပင် ဖုန်းခေါ်ရန် ပြင်သော်လည်း သူ့ဖုန်းထဲ ဖုန်းနံပါတ်အစိမ်းတစ်ခု အရင်ဝင်လာသည်။
ချီချန်းရန် မတတ်သာပဲ အတတ်နိုင်ဆုံး စိတ်တည်ငြိမ်အောင် ကြိုးစားကာ ဖုန်းကိုင်လိုက်ပြီး "ဟယ်လို" ဟု ဖြေလိုက်သည်။
"ဟယ်လို...မစ္စတာချီ...ကျွန်မက X ဆေးရုံရဲ့ ဆေးစစ်ဌာနကပါ၊ မစ်လုဆီ နှစ်ခေါက်ဆက်သွယ်ခဲ့ပေမယ့် ဆက်သွယ်လို့မရလို့ မစ္စတာချီကို ဆက်သွယ်လာရခြင်း ဖြစ်ပါတယ်"
ဟောင်ကောင်သည် ဆေးရုံ၏ဖုန်းလိုင်းဧရိယာအတွင်း မဟုတ်သဖြင့် လုလီထံ ဆက်သွယ်၍ ရမည်မဟုတ်ချေ။ ချီချန်းရန်သည် တစ်ဖက်မှပြောသည်ကို နားထောင်ပြီးနောက် သူ အံ့ဩသွားသည်။
နောက်ဆုံး တစ်ဖက်မှ ဖုန်းပြောသူသည် ၎င်းတို့နှစ်ယောက်အားအသေးစိတ်စစ်ဆေးရန်အတွက် ဆေးရုံသို့ အမြန်ဆုံးပြန်လာရန်တောင်းဆိုခဲ့သည်။
ချီချန်းရန်: 'အိုကေ၊ မစ်....အခုလို ဆက်သွယ်ပေးတာ ကျေးဇူးပါပဲ' ဟု ပြောကာ ဖုန်းချလိုက်သည်။
ထို့နောက် သူ့လက်ထဲရှိ ကွာရှင်းစာချုပ်ကို ပြန်ကြည့်လိုက်သည်။ သူ့စိတ်ထဲတွင် နောက်တကြိမ် ခပ်တိုးတိုး ပြောမိသွားပြန်သည်။
မင်းရဲ့ဇနီးလေး ထွက်ပြေးသွားပြီ !!
မဟုတ်ဘူး သူ့ဗိုက်ထဲက ကလေးလေးနဲ့အတူ ထွက်ပြေးသွားတာ....