Hang Around the Neck (1)
Vol. 10 Ch. 149
ထိုသတင်းကို ကြားသောအခါ ချီချန်းရန် အရင်ဆုံးမျက်လုံးများမှိတ်ကာ စိတ်ကိုတည်ငြိမ်အောင် အတင်းအကျပ်ကြိုးစားလိုက်သည်။
သူ ခရီးမှပြန်ရောက်ပြီးနောက် နာရီပိုင်းပင် မကြာသေးပဲ ဟောင်ကောင်သို့ ထွက်လာခဲ့သည်။
…
ဟောင်ကောင်မြို့ ပြင်ပလူနာဌာနနှင့် ဆေးရုံ
ဤဆေးရုံသည် ဟောင်ကောင်ရှိ နာမည်အကြီးဆုံး နှင့် စျေးအကြီးဆုံး ပုဂ္ဂလိကဆေးရုံ ဖြစ်သည်။ ထိုသို့ စျေးကြီးသော် လည်း ဟောင်ကောင်၏နာမည်ကြီး ချမ်းသာသောအသိုင်းအ ဝိုင်းမှ ပုဂ္ဂိုလ်အများစုသည် ၎င်းတို့၏ကျန်းမာရေးအတွက် ထိုဆေးရုံကိုသာ ရွေးချယ်ကြသည်။
လုလီ သီးသန့်လူနာဆောင်အတွင်း ထမင်းစားပွဲဘေး၌ ထိုင်နေသည်။ စားပွဲပေါ်ရှိ ဟင်းလျာများမှာ ကြယ်ငါးပွင့်ဟိုတယ်များနှင့် နှိုင်းယှဉ်၍ရလောက်အောင်ပင် အဆင့်တန်းမြင့်မားလှသည်။ လုလီသည် သူမရှေ့ရှိ Cordyceps ကြက်စွပ်ပြုတ်ခွက်ကို ကြည့်နေရင်း ဘာကြောင့်မှန်းမသိဘဲ သူ့နှာခေါင်းထဲ ငါးဟင်းနံ့ကဲ့သို့ စူးရှသောအနံတစ်မျိုး ရနေသည်ကို ခံစားမိသည်။
သို့သော် လုလီ ထိုအနံ့ကို အောင့်အီးပြီး ဟင်းချိုကို သောက်လိုက်သည်။
ရှုဟွေ့ရှန် လူနာခန်းထဲမှ ထွက်လာပြီး လုလီရှေ့တွင် ထိုင်လိုက်သည်။ တစ်ချိန်က တီဗီဖန်သားပြင်ပေါ်တွင် လူအများကို မှင်သက်ငေးမောစေအောင် ဆွဲဆောင်နိုင်ခဲ့သော မင်းသမီးရှုဟွေ့ရှန်သည် ယခုချိန်ထိ သူ၏ နဂိုပုံစံအတိုင်း မျက်နှာအသွင်အ ပြင်မှာ ပြောင်းလဲခြင်းမရှိပဲ သေချာဂရုစိုက်ထားပုံရသည်။ သို့သော် သေချာ ကြည့်ပါက မျက်လုံးထောင့်များတွင် ဇရာ ၏ဖိဆီးမှုဒဏ်ကြောင့် အရေးအကြောင်းများ ပေါ်လွင်နေပြီဖြစ်သည်။
"သမီးထမင်းစားပြီးရင် အိမ်ပြန်လိုက်တော့...မား တစ်ယောက် တည်း အဆင်ပြေတယ်"
လွန်ခဲ့သောသုံးရက်ခန့်က လုဟမ်ရုန် ရုတ်တရက် မူးလဲကာ သတိလစ်သွားခဲ့သည်။ သူ့အား ဆေးရုံသို့ ပို့ဆောင်ပြီး အရေးပေါ် ဓါတ်မှန်ရိုက်၍ စစ်ဆေးမှုပြုလုပ်ပြီးနောက် ခွဲစိတ်မှုခံယူကာ နှလုံးထဲ စတန့် ထည့်သွင်းခဲ့ရသည်။ ခွဲစိတ်မှုအတွင်း ဇနီးနှင့်သားသမီးများပါ ရှိနေခဲ့ပြီး လုလီသည် ဖခင်ဖြစ်သူ နံဘေးတွင် တောက်လျှောက် စောင့်ကြည့်နေခဲ့သည်။
လုလီ ခေါင်းမော့လာပြီး "သမီး မပြန်ချင်ဘူး၊ ဒယ်ဒီ ဘေးမှာပဲ ရှိနေချင်တယ်"
ဖခင်၏သတင်းကြားသောအခါ သူမ အသက်ရှုရပ်လုနီးပါး ထိတ်လန့်သွားပြီး ချက်ချင်းပင် ဟောင်ကောင်သို့ ပြန်လာခဲ့သည်။ ဖခင်၏ အခြေအနေသည် သွေးကြောများပိတ်ဆို့ပြီး စတန့်ထည့်ရမည်ဟု ဆရာဝန်မှ ပြောသည်။ လုဟမ်ရုန်သည် ခွဲစိတ်မှုမတိုင်ခင်နှင့် ထိုနောက်ပိုင်းတွင် အထူးကြပ်မတ်ခန်းတွင်သာ နေခဲ့ရပြီး ယနေ့မှ သီးသန့်လူနာခန်းသို့ ပြောင်းရွှေ့ခဲ့ခြင်းဖြစ်သည်။
လုလီ လွန်ခဲ့သည့်သုံးရက်လုံးလုံး ဖခင်၏ခွဲစိတ်မှုအတွက် စိုးရိမ်ပူပန်နေရသလို သတင်းထောက်ဘက်မှ သတင်းဖြန့်မည်ကိုလည်း စိုးရိမ်နေခဲ့ရသည်။
ရှုဟွေ့ရှန် သက်ပြင်းချလိုက်ပြီး "သမီးဒယ်ဒီက သမီးကို အိမ်ပြန်ပြီး အနားယူခိုင်းနေတာ"
လုလီ ပန်းကန်ကို ချလိုက်ပြီး "သမီး မပြန်ချင်ဘူး။ မာမီနဲ့အတူ ဒီမှာပဲ နေချင်တယ်လို့ ဒယ်ဒီကို သွားပြောလိုက်မယ်"
ရှုဟွေ့ရှန် လုလီကို ဟန့်တားလိုက်ပြီး "သူ အခုမှအိပ်ပျော်သွားတာ၊ သမီးအဖေကို မနှောင့်ယှက်နဲ့တော့၊ အိမ်ပြန်အနားယူပြီး မနက်ဖြန်မှပြန်လာခဲ့" ရှုဟွေ့ရှန်၏ စကားများသည် အမိန့်ပေးနေဟန်ရောစွက်နေသည်။
လုလီ ငယ်စဉ်ကတည်းကပင် ဤအသံနေအသံထားကို ကျင့်သားရပြီးဖြစ်ရာ နာခံစွာဖြင့် ခေါင်းကိုငုံ့ထားလိုက်သည်။
"ဟုတ် မား...."
သမီးဖြစ်သူ ကိုယ်ပိုင်ဘဝနှင့် ရှိနေပြီကို ရှုဟွေ့ရှန် သတိရသွားပြီး လေသံလျော့ကာ ဆက်ပြောလိုက်သည်။
"စားပြီး ပြန်တော့၊ မားပဲ ဆက်စောင့်လိုက်မယ်" လုလီ ခေါင်း ညိတ်လိုက်သည်။
လုလီ လူနာခန်းထဲမှ ထွက်လာချိန် ကုမ္ပဏီအလုပ်များ အပြီး သတ်ပြီး ဆေးရုံကို အမြန်ပြေးလာသော ဒုတိယအစ်ကိုလုချမ့်နှင့် တိုက်ရိုက်ဆုံမိသွားသည်။
အစ်ကိုဖြစ်သူအား မြင်သည်နှင့် Weibo တွင် "လု မိသားစုရဲ့ မင်းသမီး" ဟူသော စာတန်းနှင့် ဓာတ်ပုံကို သတိရသွားကာ ရုတ်တရက် ကသိကအောက် ဖြစ်သွားသည်။
“ချမ့်ကော၊ ဒယ်ဒီ နေ့ခင်းက နိုးလာတယ်၊ ဆရာဝန်ကတော့ ကောင်းနေပြီလို့ပြောတယ်၊ မာမီက ညီမကို ဒီညတော့ အိမ်ပြန်ပြီး အနားယူခိုင်းတယ်"
"အင်း"
လုချမ့် ခပ်ပြတ်ပြတ်ပင် တုံ့ပြန်လိုက်ပြီး ခေါင်းညိတ်ပြကာ သူမဘေးမှ ဖြတ်လျှောက်ကာ လူနာခန်းထဲ ဝင်သွားသည်။ အစ်ကိုဖြစ်သူသည် သူမအား အင်တာနက်ပေါ်တွင် "မင်းသမီးလေး" ဟု ခေါ်ဝေါ်ခဲ့သော်လည်း လက်တွေ့ဘဝတွင်မူ လေထဲက အမှုန်အမွှားကဲ့သို့သာ သဘောထားသည်။
သူမ ကျောင်းဆင်းပွဲသို့ လိုက်ပို့ပေးခဲ့သော ဓာတ်ပုံများကို ကြည့်ပြီး အရူးအမူးအော်ဟစ်နေကြသော ပရိတ်သတ်များသည် လက်တွေ့ဘဝမှ အစ်ကိုဖြစ်သူ၏ ပုံစံအမှန်ကို မြင်တွေ့သွားပါက စိတ်ပျက်သွားမည် ထင်သည်။ လုလီ နှုတ်ခမ်းစူလျက် Repulse Bay သို့ ပြန်လာခဲ့သည်။
ကားထဲတွင် လုလီ ဖုန်းကို ထုတ်ကြည့်လိုက်သည်။ ချီချန်းရန် City S သို့ ပြန်ရောက်နေပြီး သူမ အိမ်တွင် ရှိမနေသည်ကို သိလောက်ပြီဖြစ်ပေမယ့် သူမထံ ဖုန်းဆက်သွယ်ခြင်း မရှိသလို မက်ဆေ့ချ် ပို့ထားခြင်းလည်းမရှိချေ။
သူ ပျောက်နေတာတောင် လိုက်မရှာဘူးပေါ့
ဒီခွေးကောင်က ငါနဲ့ကွာရှင်းဖို့ စာချုပ်တောင် ပြင်ထားခဲ့တယ်ပေါ့လေ
သူ စိတ်ဆိုးကာ မိဘအိမ်ပြန်သွားပြီး အချိန်တန် ပြန်လာမည်ဟု ချီချန်းရန်းစိတ်ထဲတွင် ထင်နေပုံရသည်။
လုလီ တွေးရင်းတနုံ့နုံ့ဖြစ်ကာ ဒေါသထွက်လာပြီး ကွာရှင်းစာချုပ်၌လက်မှတ်မထိုးခဲ့သည်ကိုပင် နောင်တရသွားသည်။ သူမ မဆိုင်းမတွပင် City S သို့ ပြန်ရောက်သည်နှင့် ချက်ချင်းလက်မှတ်ထိုးပစ်မည်ဟု ဆုံးဖြတ်လိုက်သည်။ Repulse Bay သည် ဟောင်ကောင်မြို့၏အထင်ရှားဆုံးနှင့် အလှပဆုံးဆိပ် ကမ်းဖြစ်ပြီး အဆင့်မြင့်အိမ်ရာများရှိရာ ထိပ်တန်းနေရာလည်းဖြစ်သည်။ ဟောင်ကောင်မြို့ရှိ အခြားချမ်းသာသော မိသားစုများကဲ့သို့ပင် လုမိသားစု နေအိမ်သည်လည်း ဤနေရာတွင် တည်ရှိသည်။
လုလီ ဖုန်းချလိုက်ပြီး လုမိသားစုအိမ်သို့ ပြန်လာခဲ့သည်။
သူမတို့ ကား အိမ်ရာသို့ရောက်သောအခါ ချက်ချင်းဝင်မရသေးပဲ ဂိတ်တွင် ကြန့်ကြာနေသည်။ အဘယ်ကြောင့်ဆိုသော် ရှေ့တွင် ကားတစီး ရပ်ထားပြီး ယာဉ်မောင်းမှ ဂိတ်စောင့်လုံခြုံရေးများနှင့် ညှိနှိုင်းနေသောကြောင့် ဖြစ်သည်။ ရှေ့မှ ကားနံပါတ်ကို မရင်းနှီးကြောင်း လုလီ သတိထားမိသည်။
ဘယ်သူက လုမိသားစုအိမ်ကို ကြိုတင်အကြောင်းမကြားပဲ ရောက်လာတာလဲ ?
ယာဉ်မောင်းက ကားကိုဟွန်းတီးလိုက်သည်။
ထိုစဥ် ရှေ့ကားထဲမှ အမျိုးသားသည် သူမတို့ထံ လှမ်းကြည့်လာသည်။ လုလီ ကြည့်လိုက်ရာ နောက်ခန်းတံခါးပွင့်လာပြီး ရှည်လျားသော ခြေထောက်တစ်ချောင်းထွက်လာသည်ကို တွေ့လိုက်ရသည်။ ကားထဲမှဆင်းလာသော အမျိုးသားမှာ သူမစိတ်ထဲတွင် ဆဲဆိုကြိမ်းမောင်းခဲ့သော ခွေးကောင် ဖြစ်နေသည်ကို လုလီ သိလိုက်ရ၏။ ချီချန်းရန် လုလီရှိရာ ကားဆီသို့တန်း တန်းမတ်မတ် လျှောက်လာပြီး ကားပြတင်းပေါက်ကို ခေါက်လိုက်သည်။
ကားပြတင်းပေါက်ဘေးတွင် ချီချန်းရန်၏ချောမောခန့်ညားသော မျက်နှာပေါ်လာသည်ကို လုလီ မြင်လိုက်ရသည်။ သူ့ဇနီးကို မိသားစုအိမ်သို့ ပြန်ခွင့် မပြုထားသော်လည်း သူမမိသားစုအိမ်သို့ တိုက်ရိုက်လာခဲ့သည်။
လုလီ ကားပြတင်းပေါက်ကို ဖြည်းညှင်းစွာ နိမ့်ချလိုက်ပြီး သူ့မျက်နှာအမူအရာကို ကြည့်လိုက်သည်။ သူ ဟောင်ကောင်ထိ ရောက်ရှိလာသောကြောင့် ဝမ်းသာသွားသောစိတ်ကိုမပေါ်လွင် အောင် လုလီထိန်းချုပ်ပြီး ယင်းအစား တင်းမာသောမျက်နှာအမူအရာကို အစားထိုးလိုက်သည်။
လုလီ ကားထဲထိုင်နေသည်မြင်သောအခါ ချီချန်းရန်က "လုလီ " ဟုခေါ်သည်။
လုလီ လည်ချောင်းရှင်းကာ ပြောလိုက်သည်။
"ကျေးဇူးပြုပြီး ရှင့်ကားကို ရွှေ့ပေးပါ၊ ကျွန်မ အိမ်ထဲဝင်မလို့" လုလီသည် သူ့တွင် ကိုယ်ဝန်ရှိနေသည်ကို မသိသေးသဖြင့် ချီချန်းရန် ချက်ချင်းရှင်းပြချင်နေခဲ့သည်။ ထို့ကြောင့် ကားဘေးတွင် ရိုကျိုးစွာရပ်ကာ ဖြည်းညှင်းစွာရှင်းပြခဲ့သည်။
"အတွင်းရေးမှူးကျောက်က စာချုပ်မှားယူသွားတာ၊ ကိုယ် မင်းကိုပေးဖို့ဆိုတာ လက်ထပ်ပြီး သဘောတူညီချက်စာချုပ်ကိုပါ"
"ကိုယ့်အမှားပါ၊ ကိုယ် အတွင်းရေးမှူးကို သေချာမမှာခဲ့မိလို့ ဒီလိုဖြစ်ရတာ၊ ကိုယ် အိမ်ပြန်ရောက်တော့ မင်းကိုမမြင်မှ ဒီကိစ္စ ကိုသိရတာ" ချီချန်းရန်၏ ရှင်းလင်းချက်ကို နားထောင်ပြီးနောက် လုလီ သူ့ဘက်သို့ ခေါင်းစောင်းကြည့်လိုက်သည်။
ငါ ထင်ထားတဲ့အတိုင်းပဲ ၊ စာရွက်မှားယူလာတာကိုး
သို့သော် ကွာရှင်းစာချုပ်မှာ မှန်ကန်နေသည် မဟုတ်ပါလား ? အကယ်၍ သူ့ထံ မပို့ရလျှင်တောင် ထိုစာချုပ်က သူ့စားပွဲအံဆွဲထဲမှာ ဆက်ရှိနေဦးမည့်သဘောပင်။
လုလီ ခေါင်းမော့လာကာ စူးစိုက်မေးလိုက်သည်။
"ကောင်းပြီလေ...ဒါဆို ကွာရှင်းစာချုပ်ကရော? အတွင်းရေးမှူးကျောက် တစ်ယောက်တည်းနဲ့တော့ ဒီ ကွာရှင်းစာချုပ်ကို သူ့သဘောနဲ့သူ ရေးလို့မရဘူးလေ"
ချီချန်းရန် ဆက်ရှင်းပြလိုက်သည်- "ဒီစာချုပ်က မင်း မတော် တဆဖြစ်ခင်က ပြင်ဆင်ထားခဲ့တာပါ"
“ကိုယ် အဲ့ဒါကို ပစ်ဖို့မေ့နေတာ” လုလီ မျက်နှာကိုတင်းထားဆဲ ဖြစ်သည်။
လုလီ ယခင်က ချီချန်းရန်နှင့် အမှန်တကယ် ကွာရှင်းလိုသော်ဘလည်း ထိုအတွေးကို စိတ်ထဲတွင်သာထားခဲ့ပြီး ချီချန်းရန်ကမူ ကွာရှင်းရန်အတွက် စာချုပ်ကိုပင် ကြိုတင်ပြင်ဆင်ထားပြီးဖြစ်သည်။
ဤသည်မှာ ရှင်းလင်းနေသည်ပင်။ ချီချန်းရန် လုလီအားဆွဲ ထုတ်ရန် ကားပြတင်းပေါက်မှ အထဲကို လက်ထည့်လိုက်သည်။
"လုလီ " ချီချန်းရန်၏ ရှင်းလင်းချက်ကို နားထောင်ပြီးနောက် လုလီမျက်နှာပေါ်တွင် ဝန်လေးနေပုံပေါ်သော်လည်း ထိုသူသည် လိမ်ညာတတ်သူမဟူတ်မှန်း သူမ သေချာသိသည်။
“ကားပေါ်တက်” ချီချန်းရန် လုလီကားပေါ်သို့ ဝင်ထိုင်လိုက်သည်။ ဤသည်ကို မြင်တော့ လုံခြုံရေးသည် စစ်ဆေးမေး မြန်းခြင်း မပြုတော့ပဲ ဝင်ခွင့်ပြုလိုက်သည်။ အိမ်တံခါးဝသို့ ကားရောက်သောအခါ၊ လုလီဘေးမှ ချီချန်းရန်ကို လှမ်းကြည့်ကာ မေးလိုက်သည်။
"ခုနက သူတို့ ရှင့်ကို တားနေကြတာလား ?"
ချီချန်းရန် ပြန်မဖြေဘဲ ခေါင်းလှည့်ကြည့်လာသဖြင့် လုလီ မျက်နှာပေါ်တွင် မအောင့်အီးနိုင်သော အပြုံးရိပ်ကို တွေ့လိုက်ရသည်။ ချီချန်းရန်၏ အမူအရာမှ လုလီမေးခွန်း အဖြေကို ရရှိခဲ့သည်။
ဥက္ကဌကြီး အရမ်းကို အေးစက်နေပါလား ? သူ ကားထိုင်ခုံကို မှီပြီး ပျင်းရိစွာပြောလိုက်သည်။
"အိမ်ရာရဲ့လုံခြုံရေးစနစ်က အရမ်းကောင်းတယ်၊ မသိတဲ့သူဆို ဂိတ်စောင့်ကအထဲဝင်ခွင့်မပေးဘူး။"
"အစောင့်နဲ့ စကားပြောရတာ အဆင်ကိုမပြေဘူး"
ချီချန်းရန် လုမိသားစုအိမ်သို့ နှစ်ကြိမ်သာရောက်ဖူးသည်။ တစ်ကြိမ်မှာ လက်မထပ်မီကဖြစ်ပြီး၊ နောက်တစ်ကြိမ်မှာ လွန် ခဲ့သောနှစ်နှစ်က ဖြစ်သည်။ ညအိပ်ဖူးသည်ဆို၍ မင်္ဂလာမဆောင်မီ ညကသာဖြစ်သည်။ လုံခြုံရေး၏ အပြုအမူကို သူ မနှစ်သက်သော်လည်း ကြိုတင်အသိပေးခြင်း မရှိသည့်အ တွက် သူအတွင်းသို့ မဝင်ရဲခဲ့ချေ။
ချီချန်ရန်၏မျက်လုံးများသည် လုလီ ဝမ်းဗိုက်နေရာသို့ အကြည့်ရောက်သွားသည်။
ထို့နောက် နှစ်ယောက်စလုံး ကားပေါ်မှဆင်းကာ အိမ်ထဲသို့ဝင်လိုက်ကြသည်။