Kindergarten Students (1)
Vol. 10 Ch. 151
လုလီ လေးလေးနက်နက် မေးလိုက်သည်။ ချီချန်းရန် ဤသည်ကိုကြားတော့ ရုတ်တရက် သွေးပေါင်ချိန်တက်လာသလို ခံစားလိုက်ရ၏။
သူ အံကြိတ်ကာ : “မဟုတ်ဘူး!” လုလီထံမှ မေးခွန်းထပ်မထွက်လာစဉ် ချီချန်းရန် အရင်ပြောလိုက်သည်။
“ကိုယ့်ကို ဒီအကြောင်းတွေ ထပ်မမေးပါနဲ့တော့”
"ကွာရှင်းတဲ့အကြောင်းလည်း ဆက်မပြောနဲ့၊ ကိုယ် မနေ့ညက အိမ်အကူကို ဖုန်းဆက်ပြီး ဖျက်ဆီးခိုင်းလိုက်ပြီ၊ အဲ့ကိစ္စကို စိတ်မဝင်စားနဲ့တော့" သူ့စကားက ခိုင်မာပြတ်သားနေသည်။
လုလီ ချက်ချင်း ချေပလိုက်သည်။ "ဘာလို့စိတ်မဝင်စားရမှာလဲ? ကြိုစဉ်းစားထားတော့ ပိုမကောင်းဘူးလား? တနေ့ ကျွန်မတို့ကြား ဆက်ဆံရေး တင်းမာမလာနိုင်ဘူးလို့ ဘယ်သူက အာမခံနိုင်မှာလဲ? ပြီးတော့ ကျွန်မတို့အချင်းချင်း စိတ်ဝင်စားမှုတွေ လျော့နည်း လာတာမျိုးလည်း ရှိနိုင်တာပဲလေ၊ ပြောလို့မရဘူး၊ ရှင် တခြားမိန်းမတစ်ယောက်ကို သဘောကျပြီး ကျွန်မတို့မိသားစုကိုပစ်ရင် ပစ်သွားနိုင်တယ်၊ အဲ့ဒီခါကျရင် ကျွန်မက တစ်ခုလပ် မုဆိုးမ အဖြစ်ကျန်ခဲ့ပြီး ကျွန်မဘဝကရှုပ်ထွေးသွားမှာပေါ့၊ ဒီတော့ ကျွန်မလည်း နောက်ယောင်္ကျားထပ်ယူပြီး ကျွန်မသားသမီးတွေကို 'ဒယ်ဒီ' လို့ခေါ်ခိုင်းဦးမှာ"
ချီချန်းရန် ရွေးချယ်စရာမရှိတော့ပဲ လုလီ စကားများကို ရပ်တန့်ရန် သူ့နှုတ်ခမ်းဖြင့် ဖိပိတ်လိုက်သည်။ လုလီ ညည်းညူရင်း ချီချန်းရန်ကို သူ့လက်များဖြင့် တရစပ် ရိုက်နှက်ကာ ရုန်းကန်နေခဲ့သည်။ ချီချန်းရန် သူ့လက်များဖြင့်ချုပ်ကာ လုလီခါးကို ဖတ်ထားလိုက်၏။
ယခုချိန်တွင် ချီချန်းရန်ဘက်မှ ငြိမ်းချမ်းရေးကို အရယူရမည်ဖြစ်သည်။ နှစ်ယောက်သား နံရံတွင် ပူးကပ်နေကြစဉ် ရုတ်တရက် တံခါးဖွင့်သံ ကြားလိုက်ရသည်။ ထိုမှသာ ချီချန်းရန် လုလီကို လွှတ်ပေးလိုက်သည်။
“ဟူး...”
လုလီမျက်နှာ နီရဲနေပြီး အသက်ကို ပြင်းပြင်းရှူလိုက်သည်။ မိခင်ဖြစ်သူ တံခါးဝတွင် ရပ်နေသည်ကို လုလီ မြင်လိုက်ရသည်။ ချီချန်းရန်လည်း ခေါင်းလှည့်လာပြီး ရှုဟွေ့ရှန့်အား ကြည့်ကာ "မာမီ" ဟု ခေါ်လိုက်သည်။ ရှုဟွေ့ရှန့် ချီချန်းရန်ကို ဦးစွာကြည့်ပြီးနောက် မျက်နှာနီရဲနေသော လုလီဘက်သို့ အကြည့်ပြောင်းလိုက်သည်။
လုလီ ချက်ချင်း ချီချန်းရန်နောက်တွင် ပုန်းလိုက်ပြီး သူ့အင်္ကျီလက်ကို ဆုပ်ကိုင်ကာ ခေါင်းထွက်လာပြီး "မာမီ" ဟု ခေါ်လိုက်သည်။ လုလီ သူခိုးလူမိသလို ခံစားချက်မျိုးဖြစ်နေသည်။ ရှုဟွေ့ရှန့်သည် ၎င်းတို့အား ခေါင်းညိတ်ပြပြီး တံခါးပြန်ပိတ်လိုက်သည်။ လုလီ သူ့ပါးပြင်ဖြင့် ချီချန်းရန်လက်မောင်းကို ထပ်မံပွတ်တိုက်လိုက်သည်။ ချီချန်းရန် လုလီလက်ကိုဆုပ် ကိုင်ပေးထားလိုက်သည်။
နှစ်ယောက်သား ဆေးရုံတွင် စစ်ဆေးမှုခံယူပြီးနောက် ရလဒ်မှာ မျှော်လင့်ထားသည့် အတိုင်း ဖြစ်ခဲ့သည်။ ဆရာဝန်က ပြုံးကာ လှိုက်လှိုက်လှဲလှဲ ချီးကျူးစကားဆို၏။ လုလီတွင် ကိုယ် ဝန်ရှိနေပြီး တိတိကျကျဆိုရလျှင် ကိုယ်ဝန်ငါးပတ်ထဲရောက်နေပြီဖြစ်သည်။
ချီချန်းရန်နှင့်လုလီတို့ ကိုယ်ဝန်ပထမသုံးလအတွက် သတိပြုရန်များကို နားထောင်ပြီးနောက် ဆရာဝန် ရုံးခန်းမှ ထွက်လာခဲ့သည်။ လုလီသည် ကိုယ်ဝန်စစ်ဆေးထားသော စာရွက်ကို ဆုပ်ကိုင်ထားရင်း လေထဲတွင် လွင့်မျောနေသလိုခံစားရသည်။ ချီချန်းရန်၏ပုံစံသည် အရှေ့က ကလေးရရန်စောင့်မျှော်နေသော အမူအရာမျိူးမဟုတ်တော့ပဲ ကိုယ်ဝန်ရှိကြောင်း သေချာသည်ကို ကြားသိရသောအခါ လုလီလိုပဲတုန်လှုပ်နေပုံရသည်။
ချီချန်းရန် စိတ်လွင့်သွားရာမှ သတိပြန်ကပ်လာပြီး သူ့စိတ်ကိုအရင်ဆုံး တည်ငြိမ်အောင်ထားကာ လုလီလက်အား ဆုပ်ကိုင်ပြီး ပြောလိုက်သည်။
"ကိုယ်တို့ ဆရာဝန်ညွှန်ကြားထားတဲ့ ဆေးတွေသွားယူကြရ အောင်" ဆရာဝန်သည် ကိုယ်ဝန်အစောပိုင်းကာလတွင် ဖောလစ်အက်ဆစ်နှင့် ဗီတာမင်ဖြည့်စွက်ဆေးများ သောက်ရန် ညွှန်ကြားခဲ့သည်။ လုလီ ခေါင်းညိတ်လိုက်ပြီး ချီချန်းရန်နောက်ကို လိုက်သွား၏။ ခြေနှစ်လှမ်း လျှောက်ပြီးနောက် လုလီ မနေနိုင်တော့ပဲ ချီချန်းရန် အင်္ကျီလက်ကိုဆွဲကာ
"လမ်းမှားနေတယ်ထင်တယ်၊ ဒီလမ်းက သွားရမှာမဟုတ်ဘူး"
သို့မှသာ ချီချန်းရန် ခေါင်းမော့လာပြီး မြှား၏ဆန့်ကျင်ဘက်သို့ သွားနေမှန်း သိလိုက်သည်။ ထို့နောက်တွင် ချီချန်းရန် စိတ်တင်းထားခဲ့သမျှ ကွဲအက်သွားခဲ့သည်။
၎င်းတို့ ဓာတ်လှေကားထဲ ရောက်ချိန်တွင် သူ မထိန်းနိုင်တော့ဘဲ လုလီကို ပွေ့ဖက်လိုက်ပြီး နှုတ်ခမ်းကိုထပ်နမ်းလိုက်သည်။ သူ့ မျက်နှာပေါ်ရှိ အပြုံးရိပ်များကို ဖုံးကွယ်မထားနိုင်တော့ပေ။
"ကိုယ်အရမ်းလိုချင်နေတဲ့ ကလေးလေးကို ခေါ်လာပေးလို့ ကျေးဇူးပါနော်” နေရာမှာ ဓာတ်လှေကားထဲတွင်ဖြစ်ရာ တစ်စုံ တစ်ယောက် ဝင်လာနိုင်သလို CCTV မော်နီတာရှေ့တွင် ထိုင်နေသောလုံခြုံရေးသည်လည်း ကြည့်နေနိုင်သည်ဟု လုလီ တွေးလိုက်သည်။
"ဟေ့... CCTV ရှိတယ်နော်"
ချီချန်းရန် တစ်စုံတစ်ခုကို သတိရသွားသကဲ့သို့ လုလီကို သေချာ ဂရုတစိုက်လွှတ်ပေးလိုက်သည်။ ထို့နောက် သူ အမှားအယွင်းဖြစ်သွားမည်ကို စိုးရိမ်သွားသကဲ့သို့ သူ့လက်က လုလီ ၏ဗိုက်အောက်ပိုင်းသို့ ရောက်ရှိလာသည်။ ချီချန်းရန်၏စိုးရမ်မှုကို လုလီ သိသိသာသာခံစားမိလိုက်သည်။
လုလီသည် ယခင်က ချီချန်းရန်၏ဂရုစိုက်မှုများကို ထိုကလေးနှင့်အတူ ခွဲယူရမည်ကိုစိတ်ပူနေခဲ့သော်လည်း ယခုမူ သူ့ဗိုက်ထဲတွင် ပဲပင်ပေါက်ကဲ့သို့ အညှောင့်လေးပင်ထွက်နေပြီဖြစ် ကြောင်း သိလိုက်ရချိန်တွင် မိခင်တစ်ယောက်၏အမူအကျင့်တို့အလိုအလျောက်ပေါ်လာသည်။ လုလီသည် သူ့ဗိုက်အား လက်ဖြင့် တယုတယဖုံးအုပ်ထားသော ချီချန်းရန်၏လက်ကို ဖယ်ရင်း မေးလိုက်သည်။
"ကလေးနဲ့ ကျွန်မ ဘယ်သူကိုပိုချစ်လဲ ? ကလေးကိုပိုချစ်တယ်လို့ပြောရင် ကျွန်မ မွေးပေးမှာမဟုတ်ဘူးနော်"
ချီချန်းရန်သည် အနာဂတ်တွင် သူ့ရင်ခွင်ထဲသို့ ဝင်ရောက်ရန် တိုက်ပွဲဝင်နေကြမည့် ကလေးကြီးနှင့် ကလေးငယ်နှစ်ယောက် ၏ပုံရိပ်ကို တွေးနေမိသည်။ ထိုမြင်ကွင်းက သူ့အားအလွန်ပျော်ရွှင်စေသည်။ သို့သော် သူအချစ်ဆုံးမှာ သူ့ဘေးမှကလေးကြီးဖြစ်သည်။
ချီချန်းရန် လုလီလက်ကို နမ်းလိုက်သည် "မင်းကို အချစ်ဆုံးပဲ၊ ကိုယ် ကတိပေးတယ်နော်" လုလီ ကျေနပ်သွားပုံရသည်။ နှစ်ယောက်သား ဆေးယူပြီးနောက် လုဟမ်ရုန်၏လူနာခန်းသို့ ပြန်လာပြီး ကိုယ်ဝန်သတင်းကိုပြောပြလိုက်သည်။
လုဟမ်ရုန်သည် ယခင်က သမီးဖြစ်သူ၏အိမ်ထောင်ရေးအတွက် အနာဂတ်ခင်ပွန်းလောင်းကို တင်းတင်းကြပ်ကြပ် စစ်ဆေးရွေးချယ်ရန် သားနှစ်ယောက်နှင့်အတူလုပ်ဆောင်ခဲ့သည်။ လုဟမ်ရုန်သည် သူ၏တစ်ဦးတည်းသော သမီးလေးအတွက် ခင်ပွန်းကောင်းကိုသာရွေးချယ်ပေးချင်သည်။ ထို့ ကြောင့် ချီချန်းရန်၏နောက်ကြောင်းများကို သေချာစုံစမ်းလေ့လာခဲ့သည်။ ၎င်းတို့အိမ်ထောင်ပြုပြီး နောက်ပိုင်းတွင် စုံတွဲအတုအယောင်များအဖြစ် နာမည်ကြီးနေသည်ကိုကြားရပြီး သူစိတ်မသက်မသာ ဖြစ်ခဲ့ရသည်။ ယခုအချိန်တွင် ၎င်းတို့ကြား အတုအယောင်ပုံရိပ်များကိုချိုးဖျက်ပြီး ကိုယ်ဝန်ရှိလာသည့်အတွက် လုဟမ်ရုန် အလွန်ပင်ပျော်ရွှင်နေမိသည်။
ရှုဟွေ့ရှန့်သည် မနေ့က ကြက်စွပ်ပြုတ်ပန်းကန်ကို ကြည့်ပြီး မျက်မှောင်ကြုတ်နေသော လုလီပုံစံကိုသတိရသွားပြီး သူ့လက်ကိုဆွဲကာ စိုးရိမ်တကြီး သတိပေးလိုက်သည်။
"ဒီကာလအတွင်း ဘာပဲဖြစ်ဖြစ် မာမီကိုပြောရမယ်နော်" လုလီ ခေါင်းညိတ်လိုက်သည်။
…
လုလီ မူလက ဟောင်ကောင်တွင် ခဏနေရန်သာစီစဉ်ထားသော်လည် ကိုယ်ဝန်ကြောင့် သတ်မှတ်ထားသည့်ရက်ထက် ပိုနေရန်ဆုံးဖြတ်လိုက်သည်။ လုလီသည် ချီချန်းရန်ကို ကုမ္ပဏီအား ကြီးကြပ်ရန် S City သို့ ပြန်ခိုင်းခဲ့သော်လည်း သူ အလုပ်သွားရန် ဝန်လေးနေသည်။ လုလီ ကိုယ်ဝန်ဆောင်နေချိန်၌တစ် ယောက်တည်းထားခဲ့ဖို့ ငြင်းဆန်နေခဲ့သည်။ သူ ကုမ္ပဏီကိစ္စများကိုဟောင်ကောင်မှစီမံခန့်ခွဲကာ အရေးကြီးစာရွက်စာတမ်း များကို လေယာဉ်နှင့်ပို့ခိုင်းသည်။
လုလီ ကိုယ်ဝန်ရှိနေကြောင်းကိုသိရပြီး ပထမနှစ်ရက်တွင် အိပ်မက်ဟုသာခံစားရပြီး ထိုနောက်ပိုင်းတွင် သူ ကိုယ်တိုင် ကလေးမွေးဖွားရတော့မည့် မိခင်စိတ်ကိုခံစားရသည်။ ထို့အပြင်ကိုယ်ဝန်ဆောင်နေချိန်အတွင်း ချီချန်းရန်၏အနိုင်ကျင့်မှုကိုလည်း စိူးရိမ်နေစရာမလိုတော့ပေ။ လုလီ သူ့ဗိုက်ကိုပွတ်သပ်လိုက်သည်။ အထဲမှ မည်သည့်လှုပ်ရှားမှုမှ မရှိသော်လည်း ဗိုက်ထဲရှိ ကလေးငယ်၏တည်ရှိမှုကို သူ ခံစားမိနေသည် ။
သုံးရက်မြောက်နေ့တွင်တော့ ကိုယ်ဝန်နှင့် ပတ်သတ်ပြီး ယခင်လို စိတ်ပူပန်နေခြင်းမျိုး မရှိတော့ချေ။ ကိုယ်ဝန်ကိစ္စအား မိသားစုမှလွဲ၍ မည်သူကိုမှအသိပေးထားခြင်း မရှိပေ။ လုလီ ဟောင်ကောင်သို့ ရောက်ရှိပြီး တစ်ပတ်အကြာတွင် အပြင်သို့ သိပ်မထွက်သော်လည်း ဟောင်ကောင်ရှိကျောင်းနေဖက် သူငယ်ချင်းများသည် သူ ရောက်ရှိနေကြောင်းသိသွားကြသည်။