Possessive (1)
Vol. 10 Ch. 153
ထိုမှသာ လုလီ ချီချန်းရန်စကားများ၏ပုန်ကန်သော အဓိပ္ပာယ်ကို စဉ်းစားမိသွားသည်။
လုလီ ဂိမ်းထဲ စိတ်ရောက်နေပြီး သူ အထောက်အထားများကို အချိန်အတော်ကြာ ဖုံးကွယ်ထား နိုင်ခဲ့သော်လည်း ရန်သူများက အထောက်အထားများကို ရှာတွေသွားပြီး သေနတ်နှင့် ပစ်ခတ်ပြီးနောက်တွင် ရှုံးနိမ့်သွားခဲ့သည်။
“...”
နောက်ဆုံး လုလီ ဂိမ်းထဲမှ ပြန်ထွက်လာပြီး ရှေ့က ကိစ္စကို ပြန်စဉ်းစားလိုက်သည်။ လုလီသည် ယခင်က ရည်းစားဟောင်း ရှိခဲ့ဖူးသော ချီချန်းရန်ကို လက်စားချေသည့်အနေဖြင့် သူမ၏ သူငယ်တန်း ရည်စားဟောင်းအကြောင်းကို ပြောပြခဲ့သည်။ သူ့ စကားအသွားအလာကြည့်သည်နှင့် ဖူစုန့်သည် သူ့ရည်းစားဟောင်းမှန်း သိသာနေသည်။
၎င်းတို့နှစ်ယောက်သည် သူငယ်တန်းမှ အထက်တန်းအထိ အတန်းဖော်များ ဖြစ်ခဲ့ကြသည်။ အထူးသဖြင့် သူငယ်တန်းအရွယ်က မိသားစုလုပ်တိုင်း ကစားခဲ့ကြဖူးပြီး ဖူစုန့်က အဖေအဖြစ် လုလီက အမေအဖြစ်အမြဲ တွဲဖက်ကစားခဲ့ကြဖူးသည်။ ကျောင်းကပွဲများတွင်လည်း သူနှင့်အတူကခဲ့ပြီး သူမလက်ကိုလည်းနမ်းဖူးသည်။ လုလီ ကားကိုရနံ့ခံကြည့်လိုက်သည်။ ကားထဲတွင် ရှာလကာရည်ပုလင်းကို မှောက်ချလိုက်သကဲ့သို့ပြင်း ထန်သော ချဉ်စူးစူးအနံတစ်ခု ပျံ့နှံ့နေသည်ကို လုလီ ခံစား မိသည်။ ချီချန်းရန်ကတော့ သံသယနှင့်စူးစမ်းလိုဟန်ဖြင့် သူ့ဘက်သို့ မျက်လုံးကိုစောင်းကြည့်နေသည်။
“အဲ့အရွယ်မှာ အချင်းချင်းထိတွေ့ဆက်ဆံရတာ ပုံမှန်ပါပဲ”
"ခုနတုန်းက မင်းသူငယ်ချင်းကြည့်ရတာ ကိုယ့်ကို ကြည့်ပြီးမနာလိုဖြစ်နေတယ်နဲ့ တူတယ်"
ချီချန်းရန်သည် စိတ်ခံစားချက်များကို အလွန်အမင်းထုတ်မပြခဲ့ပဲ မနာလိုဖြစ်နေကြောင်းကိုလည်းဝန်မခံခဲ့ပေ။ လုလီသည် တစ်ကားလုံး အချဉ်နံထွက်ကာမနာလိုဖြစ်နေသည်ကို ဝန်မခံသော ချီချန်းရန်အားကြည့်ပြီး ပခုံးကိုတွန့်ကာခေါင်းငုံ့ပြီး ဖုန်းကိုသာဆက်ကစားနေလိုက်သည်။ ချီချန်းရန်ကလည်းအကြည့် မရုတ်ဘဲ လုလီကိုကြည့်နေဆဲဖြစ်သည်။
သူ တစ်ခုခုပြောချင်ပြီး အကြိမ်ပေါင်းများစွာ တုံ့ဆိုင်းကာ နောက်ဆုံး၌ မည်သည့် စကားတစ်ခွန်းမှ ထွက်မလာတော့ပေ။ ညနေပိုင်းတွင် လုလီသည် ကိုယ်ဝန်ဆောင်အတွက် အထောက် အကူဖြစ်မည့် အစားအသောက်များကိုစားပြီးနောက် အိပ်ယာပေါ်တွင်ထိုင်ကာ ကိုယ်ဝန်ဆောင် သီချင်းနားထောင်နေသည်။ ချီချန်းရန်ကမူ အခန်းထဲကိုလှည့်ပတ်ကြည့်ရှုနေ၏။
လုလီအခန်းသည် ချီစံအိမ်ရှိ ချီချန်းရန်၏အခန်းကဲ့သို့ပင် ကလေးဘဝမှ အရွယ်ရောက်ပြီးချိန်အထိ နေထိုင်ခဲ့ပြီး အတိတ်က သူ့အမှတ်တရများစွာကို ထိန်းသိမ်းထားသော နေရာလည်းဖြစ်သည်။
လုလီ အခန်းထဲတွင် ငယ်ဘဝအမှတ်တရများကို သိမ်းဆည်းထားသော နောက်ထပ်အခန်းငယ် တစ်ခုပါဝင်ပြီး ငယ်စဉ်က ရရှိခဲ့သော ဆုတံဆိပ်များ၊ စုဆောင်းထားသည့် အမှတ်တရ ပစ္စည်းများနှင့် ကစားစရာများ၊ နံရံတွင် ချိတ်ဆွဲထားသည့် ဓာတ်ပုံ များစွာ ပါဝင်သည်။
ချီချန်းရန် ရောက်ကတည်းက ဤနေရာကိုသတိထားမိခဲ့သော် လည်း ယခုမှသာ သေချာအနီးကပ် ကြည့်ရှုခဲ့ခြင်း ဖြစ်သည်။ သူ ကြည့်ရင်း တစ်နေရာအရောက်တွင် ထောင့်ဖျားရှိဓာတ်ပုံတစ်ပုံထဲ၌ တစ်စုံတခုကို ရှာတွေ့သွားသည်။ ဓာတ်ပုံထဲတွင် လုလီသည် အဖြူရောင်ဇာမင်းသမီးဝတ်စုံနှင့် ခေါင်းပေါ်တွင် သရဖူကို ဆောင်းထားပြီး အနက်ရောင် အနောက်တိုင်းဝတ်ဆုံ ၀တ်ဆင်ထားသော အတန်းဖော်နှင့်အတူ ကပွဲကြမ်းပြင်ပေါ်တွင် ကခုန်နေသည်။
ဓာတ်ပုံ၏အဓိကဇာတ်လိုက်မှာ လုလီဖြစ်ပြီး ဘေးရှိကခုန်နေသော Partner ၏ မျက်နှာမှာတစ်ဝက်သာ ပေါ်နေသော်လည်း ထိုမျက်နှာကို မြင်လိုက်သည်နှင့် ချီချန်းရန် ချက်ချင်းပင်မှတ် မိသွားသည်။ ထိုသူမှာ မွန်းလွဲပိုင်းက သူ တွေ့ခဲ့သောမျက်မှန်တပ်ထားသည့် လူငယ်ဖြစ်သည်။ ဓာတ်ပုံ၏ညာဘက်အောက်ထောင့်တွင်ရက်စွဲပါရှိသည်။ ထိုအချိန်က လုလီ (၁၄)နှစ် အရွယ်သာရှိသေးပြီး အလယ်တန်းဒုတိယနှစ်တွင် ပညာသင်နေဆဲဖြစ်သည်။
ဓာတ်ပုံထဲရှိ မိန်းကလေးသည် တောက်ပသောမျက်လုံးများနှင့် မျက်နှာကိုပြုံးလျက် ဖြူစင်နုနယ်သော ငန်းဖြူမလေးကဲ့သို့ ကနေသည်။ ချီချန်းရန် ထိုအကြောင်းကို ယခင်ကလုလီထံမှ ကြားခဲ့ဖူးသော်လည်း သာမာန် ကစားဖော်ကစားဖက်မျှသာ ဖြစ်လောက်မည်ဟု ယုံကြည်ခဲ့မိသည်။ ယခုမူ ဤဓာတ်ပုံအား မြင်လိုက်ရသောအခါ သူ့ ခန္ဓာကိုယ်တစ်ခုလုံး မအီမသာဖြစ်သွားခဲ့သည်။
လုလီသည် ထိုဝတ်စုံနှင့် အလွန်လှပနေပြီး အခြားယောက်ျားတစ်ယောက်နှင့် waltz ကနေသည်။
(T/N - waltz - သီချင်းပုံစံကို အခြေခံပြီး စက်ဝိုင်းပုံစံလှည့် ပတ်၍ စည်းချက်ကျကျကရတဲ့ အနောက်တိုင်း အကတစ်မျိုးဖြစ်သည်။)
ထို့နောက် ချီချန်းရန် အခန်းထဲမှထွက်လာခဲ့ပြီး လုလီ ကိုယ်ဝန် ဆောင်သီချင်းကို နားထောင်ပြီး နားကြပ်ချွတ်လိုက်ချိန်နှင့် ကွက်တိဖြစ်သွားသည်။ လုလီ သမ်းဝေကာ အိပ်ယာမှထလာပြီး
"ကျွန်မ ရေ အရင်ချိုးလိုက်မယ်”
ချီချန်းရန်သည် “အင်း” ဟု ညင်ညင်သာသာ ဖြေလိုက်သော် လည်း အတွေးလွန်နေဆဲ ဖြစ်သည်။ ရေချိုးခန်းထဲ၌ လုလီ မှန်ရှေ့တွင်ရပ်ပြီး ကိုယ်ဝန်ဆောင်လိမ်းဆေးကိုလိမ်းနေစဉ် ချီချန်းရန် အတွင်းထဲသို့ဝင်လာပြီး သူ့နောက်တွင် တိတ်တဆိတ် ရပ်နေသည်ကို မှန်ထဲမှတဆင့် လုလီမြင်လိုက်ရသည်။
လုလီ လှည့်ကြည့်လိုက်ပြီး ချီချန်းရန်၏ရင်ဘတ်ကို သူ့လက်ဖြင့် ပုတ်ကာမေးလိုက်သည်။
"ဘာဖြစ်လို့လဲ ?"
ချီချန်းရန် စကားမပြောဘဲ လုလီမျက်နှာကိုသာစိုက်ကြည့်နေသည်။
"ဟင်း" လုလီ သက်ပြင်းချလိုက်သည်။ မွန်းလွဲပိုင်းကတည်း က ကားထဲတွင် စိတ်ဆိုးနေပုံပေါ်သော်လည်း ဝန်မခံသော ချီချန်းရန်အားကြည့်ပြီး သူဘာကြောင့်မှန်းမသိ သဘောကျနေမိ သည်။ လုလီ သူ့အားနမ်းပစ်လိုက်သည်။ သို့သော် ချီချန်းရန်သည် လုလီအား ထိုအတိုင်းပဲငေးကြည့်နေသေးသည်ကို မြင်ရသောအခါ လုလီ ထပ်နမ်းလိုက်ပြန်သည်။ ထို့နောက် လုလီ ပျော်ရွှင်လာပြီး ဆက်တိုက်ကိုနမ်းနေခဲ့သည်။
ချီချန်းရန်သည် သူ့နှုတ်ခမ်းပေါ်သို့ ဆက်တိုက်ကျရောက်လာသော အနမ်းများကြောင့် တိတ်ဆိတ်နေရာမှ ရုတ်တရက်လှုပ် ရှားလာသည်။ လုလီ ရပ်တန့်လိုက်ပြီး နောက်ပြန်ဆုတ်ရန် ပြန်လိုက်စဉ် ချီချန်းရန် သူ့ခေါင်းနောက်ကိုဆွဲကိုင်လိုက်ပြီး ခပ်ကြမ်းကြမ်းနမ်းပစ်လိုက်သည်။ သူ၏ရုတ်တရက်အပြုအမူကို လုလီ မမျှော်လင့်ထားသော်လည်း ထိုအနမ်းကို ရင်းနှီးပြီးသားဖြစ်ရာလက်နှစ်ဖက်ဖြင့် သူ့လည်ပင်းကိုရစ်ပတ်ရင်း မျက်လုံးများ မှိတ်ထားလိုက်သည်။
သို့သော် အချိန်အတော် ကြာမြင့်သည်အထိ မပြီးဆုံးသေးသဖြင့် လုလီ တစ်စုံတစ်ခုမှားယွင်းနေကြောင်း ရုတ်တရက် သတိထားမိသွားသည်။ ကိုယ်ဝန်ဆောင်ချိန် ပထမလအနည်း ငယ်အတွင်း တူတူမနေသင့်သည်မှာ အခြေခံအသိတစ်ခုဖြစ် သည်။ ယခင်က ချီချန်းရန် အလွန်ချုပ်ထိန်းထားပုံရပြီး ညတိုင်း သူ့ကိုနမ်းပြီးနောက် ပွေ့ဖက်၍သာ အိပ်ပျော်သွားသည်။ ယနေ့ ချီချန်းရန် အလွန်လိုချင်နေပုံရပြီး နောက်ဆုံးတွင် အနည်းငယ်ရောင်ရမ်းနေသော လုလီနှုတ်ခမ်းများကိုလွှတ် ပေးလိုက်ပြီး နူးညံ့အိစက်နေသော လည်ပင်းကိုနမ်းရှုံရန် စတင်လိုက်ကာ သူ့လက်များမှာလည်း မငြိမ်မသက်ဖြင့်လှုပ် ရှားနေခဲ့သည်။
လုလီ ခြေထောက်များ အားနည်းလာပြီး မထိန်းနိုင်တော့ဘဲ နောက်ရှိ ဘေစင်ကိုလက်နှစ်ဖက်ဖြင့် ထောက်ထားပြီးဟန့်တား လိုက်သည်။
"လောင်ကုန်း၊ ရပ်ပါဦး” လုလီ ကမန်းကတန်းပြောလိုက်သည်။
ချီချန်းရန် မျက်လုံးများသည် အလွန်နက်ရှိုင်းနေပြီး ထိုငန်းဖြူမလေး၏ လည်ပင်းညှပ်ရိုးနေရာကို နူးညံစွာ နမ်းနေရင်းတိုးလျှသောအသံဖြင့် မေးလိုက်သည်။
"မင်း ဖူစုန့်နဲ့ ကခဲ့တာလား ?" လုလီ အံ့ဩသွားပြီး သို့မှသာ ချီချန်းရန်၏လုပ်ရပ်ကိုနားလည်သွားသည်။
'ဘုရားရေ၊ ဒါဆို သူ နေ့ခင်းကတည်းက အခုချိန်ထိ ဒါကို မနာလိုဖြစ်နေတာလား ? ငါ ဖူစုန့်နဲ့တွဲကခဲ့တာ သူ ဘယ်လိုသိသွားတာလဲ ?' လုလီ မဆိုင်းမတွ ပြန်ပြောလိုက်သည်။
“သူငယ်တန်းတုန်းက ကိစ္စတွေကို ကျော်ပေးလိုက်လို့မရဘူးလား ?”
ချီချန်းရန်သည် နက်ရှိုင်းသောမျက်လုံးများဖြင့် လုလီကိုကြည့် လိုက်ပြီး “ဒါဆိုအလယ်တန်းတုန်းက ကိစ္စကိုရော ကျော်ပေးရဦးမှာလား?”
လုလီ တုံ့ပြန်ရန် ချက်ချင်း ပါးစပ်ဟလိုက်သော်လည်း ဘာမှပြန်မပြောနိုင်တော့။ သူ ဘယ်လိုသိသွားတာလဲ ? ချီချန်းရန် ပြောပြီးသည်နှင့် အဆင့်တိုးကာ ရဲတင်းသောအပြုအမူများကို ဆက်လုပ်လာသည်။
လုလီ အလွန်အကျွံ ဖြစ်လာမည်စိုး၍ ရင်ဘက်ပေါ်ရှိ ချီချန်းရန်၏ခေါင်းကိုတွန်းဖယ်လိုက်သည်။
“ကလေးတုန်းက ကိစ္စတွေတောင် လိုက်ပြီးသဝန်တိုနေတာလား ?”
"ဟုတ်တယ်၊ ကိုယ် မနာလိုဖြစ်တယ်၊ ဘာဖြစ်လဲ ?"
ချီချန်းရန် နောက်ဆုံးတွင် သူ မနာလိုဖြစ်နေသည်ကိုဝန်ခံလိုက်ပြီး အံကြိတ်ထားလိုက်သည်။
ဓာတ်ပုံထဲတွင် လုလီ အသက်ဆယ့်လေးနှစ်သာရှိသေးပြီး ကြီးထွားခါစအရွယ်တွင်ဖြစ်သည်။ တစ်ကိုယ်လုံး စွတ်စွတ်ဖြူလျက် နုဖက်နေသည်။ ထိုပန်းပွင့်လေး ဖူးပွင့်လာချိန်မည်မျှလှပနေမည်ကို ချီချန်းရန် မတွေးပဲ မနေနိုင်တော့ပေ။ လုလီ သူ့အောက်နှုတ်ခမ်းကို ဖိကိုက်လိုက်ပြီး အနည်းငယ်မျက်မှောင်ညကြုတ်ကာ ချီချန်းရန်၏ပုခုံးကိုရိုက်နှက်ပစ်လိုက်သည်။
“အဲ့တုန်းက သူ မကြာခင်နိုင်ငံခြားသွားရတော့မှာမို့ သူငယ် ချင်းသံယောဇဉ်နဲ့ နောက်ဆုံးနှုတ်ဆက်တဲ့အနေနဲ့ အတူတူတွဲကပေးခဲ့တာ”
“အဲ့လောက်တောင် မနာလိုဖြစ်နေရင်လည်း ကျွန်မကို သော့သာ ခတ်ထားလိုက်တော့”
"ပြီးတော့ အဲ့တုန်းက ဆယ့်လေးနှစ်အရွယ်ပဲရှိသေးတယ်၊ အဲ့အရွယ်နဲ့ ရည်းစားထားတာ မာမီသိရင် ကျွန်မကို ခြေထောက်တွေ ကျိုးအောင် ရိုက်နှက်ခဲ့မှာပေါ့”
လုလီ ဘာကြောင့်မှန်းမသိ ရုတ်တရက် ဝမ်းနည်းလာကာမျက် ရည်များကျလာသည်။
ထိုယောင်္ကျား၏ အနိုင်ကျင့်မှုကို သည်းမခံနိုင်တော့ဘဲနောက် ဆုံးတွင် သူ့ တင်ပါးပေါ် ရောက်နေသော ချီချန်းရန်၏လက်ကို ဆုပ်ကိုင်ကာ သူ့ဝမ်းဗိုက်နေရာသို့ထိခိုင်းလိုက်သည်။
"ကျွန်မတို့ ကလေးတောင်ရနေပြီ၊ ရှင် မနာလိုဖြစ်နေတုန်းပဲလား ?”
“သူက ဖြတ်သွားဖြတ်လာ တစ်ယောက်ဖြစ်ပဲ ဒီတိုင်း အကတွဲကခဲ့ရုံပဲ၊ ဒီလောက်လေးနဲ့ ကျွန်မကို စိတ်ဆင်းရဲအောင်လုပ်နေတာလား ?”
လုလီ ချီချန်းရန်လက်ကို သူ့ဝမ်းဗိုက်ပေါ်တင်လိုက်ပြီး သူမလက်ကိုလည်း သူ့ခါးပေါ်သို့ ချောမောစွာ ရွေ့လျားလိုက်သည်။ ထို့နောက် မကျေမနပ်ဖြင့် ဆက်ပြောလိုက်သည်။
“လုပ်လေ၊ ရှင့် ဇနီးနဲ့ ကလေးကို ထိခိုက်စေရင် ဆက်လုပ်စမ်းပါ" သို့မှသာ ချီချန်းရန်လက်လျှော့လိုက်သည်။ လုလီ၏ဆံပင် များသည် သူမ၏နီရဲနေသော မျက်လုံးဘေးတွင် ကပ်ညှိနေပြီး ဖရိုဖရဲ ဖြစ်နေသည်။
ချီချန်းရန် ကိုယ်ဝန်ကိစ္စကို မေ့လျော့သွားခဲ့သည်။ ယခုချိန်တွင် လုလီသည် အလွန်သတိထားရမည်ဖြစ်သော်လည်း သူ့ကို မြင်လိုက်သည်နှင့် ချီချန်းရန် စိတ်ထဲတွင် မနာလိုစိတ်တွေ ပိုမိုနက်ရှိုင်းလာခဲ့သည်။ သူမလည်း ကြောက်လန့်သွားဟန်တူ သည်။ လုလီအား ပိုင်ဆိုင်လိုစိတ်သည် ထင်ထားသည်ထက်ပင် ပိုပြင်းထန်နေကြောင်း ချီချန်းရန် သိလိုက်ရသည်။ သူ့လက်ဖဝါးသည် သူမ၏ ပြားချပ်နေသေးသော ဝမ်းဗိုက်လေးပေါ် ထိကပ်လိုက်သည်။ အလွှာများခံထားသော အတွင်းဘက်နေရာတွင် သူ့သွေးသားအစိတ်အပိုင်း တစ်ခုရှိနေသည်။
ချီချန်းရန် အသက်ပြင်းပြင်းရှူရင်း လုလီကိုသိမ်မွေ့စွာပွေ့ဖက် လိုက်ပြီး တုန်လှုပ်နေသောအသံဖြင့် တောင်းပန်လိုက်သည်။
“ကိုယ် တောင်းပန်ပါတယ်”
ယခုအတွေ့အကြုံအားကြည့်ပြီး လုလီ ချီချန်းရန်အကြောင်း နည်းနည်းပိုနားလည်သွားသလို ခံစားမိသည်။ ထိုလူသည် သူ့အပေါ် အရာရာတိုင်းတွင် အရိပ်တကြည့်ကြည့်နှင့် ဂရုစိုက်ကာ ကောင်းပေးသော်လည်း မနာလိုစိတ်ဖြစ်လာရင် မဆင်မခြင် ပြုမူတတ်ကာ ကြောက်စရာကောင်းသည်ကို တွေ့ရသည်။ သူမ ရုတ်တရက် အတိတ်က ဖြစ်ရပ်တစ်ခုကို သတိရလိုက်သည်။ သူ ချီချန်းရန်ကို စိတ်ဆိုးကာ ဘားတစ်ခုသို့ သွားပြီး အမျိုးသားတစ်ယောက်၏ six pack ကို လက်နှင့် ထိတွေ့မိခဲ့သည် အဖြစ်ကိုပင်။ ထိုညမှာပဲ သူ့အား ချက်ချင်း ဖမ်းမိပြီး တစ်ညလုံးအပြစ်ပေးခံခဲ့ရဖူးသည်။
ထိုနေ့မှစ၍ ထိုလူ၏ မနာလိုစိတ်သည် စွဲလန်းသွားပုံရသည်။
လုလီအတွက် ကြောက်မက်ဖွယ်ကောင်းသောညဖြစ်ခဲ့ရသည်။ သူ အိပ်ရာပေါ်တွင် အကြိမ်ကြိမ် သေလုမတတ်ခံစားခဲ့ရပြီး တစ်ညလုံး ငိုယိုခဲ့ရကာ မနက်ရောက်တော့ မျက်လုံးများပင် ဖောင်းကားနေခဲ့သည်။ ယနေ့တွင်တော့ သူ့ဗိုက်ထဲရှိ ကလေးကြောင့် အလားတူအမှားမျိုး ထပ်မလုပ်ခဲ့ပေ။ လုလီ ထိုအခွင့်အရေးကို ဆုပ်ကိုင်ရန် ဆုံးဖြတ်လိုက်ပြီး ချီချန်းရန်၏ အင်္ကျီကို သူ့လက်သေးသေးဖြင့် ဆုပ်ကိုင်လိုက်သည်။
"ရှင် အမြဲတမ်း အဲ့လို မနာလိုဖြစ်နေလို့ မရဘူး”
ချီချန်းရန် - "ဘယ်သူက မနာလိုဖြစ်နေလို့လဲ?”
"ဒီနေ့ပဲ ကျွန်မ ဖူစုန့်နဲ့ အမှတ်မထင် တွေ့လာတာကို ရှင် မနာလိုနေတာ မဟုတ်ဘူးလား?"
“အင်းပါ၊ ကိုယ်နောက်ဆို သတိထားပါ့မယ်" ချီချန်းရန် သဘောတူလိုက်ပြီး
“နိုက်ကလပ်ထဲက Six Pack ရှိတဲ့ လူရဲ့ ဗိုက်ကို သွားထိရင်ရော ဘာလုပ်ရမလဲ ?” ဟု ထပ်မေးလိုက်သည်။
လုလီ : “…”
သူ မှတ်မိနေသေးတယ်..
လုလီ ခေါင်းမော့မကြည့်ပေမယ့် သူ့လက်ညိုးဖြင့် ချီချန်းရန် အင်္ကျီအောက်က ကျစ်လစ်နေသောဝမ်းဗိုက်ကြွက်သားများ၏ အနားသတ်လိုင်းများကို ခပ်ရေးရေးဆွဲပြလိုက်သည်။
“ဒါကတော့ မစ္စတာ ချီချန်းရန်ရဲ့ကိုယ်လုံးကိုယ်ပေါက်ပေါ်မှာ မူတည်တယ်" ချီချန်းရန်ပြုံးလိုက်ပြီး လုလီဘက်သို့ အနည်း ငယ်လှည့်လာသည်။ ထို့နောက် သူ ခန္ဓာကိုယ်ကိုရှေ့သို့အနည်း ငယ်ကိုင်းလိုက်ပြီး သူမ၏နူးညံသော လက်ကလေးကိုဆုပ် ကိုင်ရင်း သူ့လက်က အောက်သို့ဆက်ဆင်းသွားသည်။ လုလီ နားရွက်များ ရုတ်တရက်နီရဲလာပြီး သူ လက်ကောက်ဝတ်ကို ဆွဲထားလိုက်သည်။
“ရှင်...ရှင် လူယုတ်မာ!"
ချီချန်းရန် မျက်လုံးများကိုမှိတ်လိုက်ပြီး သူမ နားထင်စပ်ကို နမ်းလိုက်ကာ အက်ကွဲနေသော လေသံဖြင့်ပြောလိုက်သည်။
"ကျေးဇူးပြုပြီး မစ္စတာချီကိုကူညီပါဦး မစ်လီ..."
အချိန်ကုန်လွန်ပြီးနောက် ရေချိုးခန်းတံခါးပွင့်လာပြီး လုလီ မျက်နှာနီမြန်းလျက် အခန်းထဲမှ စိတ်မသက်မသာဖြင့် ထွက်လာခဲ့သည်။ ချီချန်းရန်က သူ့နောက်မှ လိုက်လာခဲ့သည်။ လုလီ ရုတ်တရက်ခြေလှမ်းလှမ်းနေရာမှရပ်လိုက်ပြီး ချီချန်းရန်ဘက် သို့ လှည့်ကြည့်ကာ ဝမ်းနည်းပြီးဒေါသထွက်နေသော အကြည့်ကိုပေးလိုက်သည်။ ထိုယောင်္ကျား၏အပြုအမူသည် သူငယ် တန်းအရွယ်က သူ့လက်ကိုနမ်းခံသော အတန်းဖော်သူငယ် ချင်းနှင့် နှိုင်းယှဉ်လို့ပင်မရပေ။