← Chapters

Possessive (2)

Vol. 10 Ch. 154

Possessive (2)

Vol. 10 Ch. 154

ချီချန်းရန်သည် လုလီနှင့်အတူ ဟောင်ကောင်တွင် တစ်လကျော် နေထိုင်ခဲ့သည်။ မိသားစုမှအပ ကျန်မိတ်ဆွေအပေါင်း အသင်း များသည် ဖခင်ဖြစ်သူ၏ ကျန်းမာရေးကြောင့်နှင့် မိသားစုဆီ အလည်ပြန်လာဖို့အတွက် ဇနီးဖြစ်သူနှင့် လိုက်လာသည်ဟု ထင်မြင်နေကြသည်။ သူသည် စီးပွားရေးလောကတွင် နာမည်ကြီးပုဂ္ဂိုလ်ဖြစ်ရာ ဟောင်ကောင်တွင် ကျင်းပမည့် စီးပွားရေးဖိုရမ်တစ်ခု၏ ဖိတ်စာတစ်စောင်ကို သဘာဝအတိုင်း လက်ခံရရှိခဲ့သည်။

ဤဖိုရမ်တွင် ပါဝင်သူများသည် ဟောင်ကောင်ရှိ မျိုးဆက်သစ်လူငယ်များကြားတွင် လူသိများသော နာမည်ကြီးပုဂ္ဂိုလ်များဖြစ်သည်။ ချီချန်းရန် အင်္ဂလိပ်ဘာသာဖြင့် ရိုးရိုးရှင်းရှင်း ပြောဆိုခဲ့သည်။ ဖိုရမ်အပြီးတွင် သူ ဖူစုန့်နှင့်ဧည့်ခံပွဲတွင်ထပ်မံ တွေ့ဆုံခဲ့သည်။

လုလီရဲ့သူငယ်တန်းတုန်းက ရည်းစား..

သူ မနာလိုစိတ် မဝင်ရန် ကိုယ့်ကိုကိုယ် ပြောလိုက်ပေမယ့် သူ့မျက်လုံးတွေကို မထိန်းနိုင်ဘဲ မှိတ်ထားလိုက်မိသည်။ ဖူစုန့်လည်း ချီချန်းရန်ကိုမြင်တော့ ဝိုင်တစ်ခွက်နှင့် အတူရောက် လာပြီး စကားစမြည်လာပြောသည်။ နှစ်ယောက်သား ခဏလောက် စကားစမြည်ပြောလိုက်ကြသည်။ ခဏအကြာတွင် ဖူစုန့်က "လီလီကြီးလာရင် ဘယ်လိုလူမျိုးနဲ့ အိမ်ထောင်ကျမလဲဆိုတာ အမြဲတွေးနေခဲ့တာ၊ နောက်ဆုံးတော့ သိလိုက်ရပြီ”

ချီချန်းရန် - "မစ္စတာဖူရော အိမ်ထောင်မပြုသေးဘူးလား ?"

ဖူစုန့် ပြုံးရယ်ကာ ခေါင်းယမ်းလျက် "ကျွန်တော်က မစ္စတာချီလိုကံကောင်းတဲ့သူ မဟုတ်ဘူး"

ချီချန်းရန် မျက်ခုံးပင့်လိုက်ပြီး "ဟုတ်လား ? မစ္စတာဖူလည်း အဲ့လိုထင်တယ်ပေါ့၊ ကျေဇူးပါပဲ မစ္စတာဖူ၊ ကျွန်တော်လည်း လီလီနဲ့ လက်ထပ်ရတာ ကံကောင်းတယ်လို့ ကိုယ့်ကိုကိုယ် ထင်နေတာ" ဖူစုန့် အနည်းငယ် ပြုံးလိုက်သည်။

နှစ်ယောက်သား စကားအနည်းငယ်ပြောပြီးနောက်လူစုခွဲလိုက်ကြသည်။ ဧည့်ခံပြီးနောက် ချီချန်းရန် ကားရပ်နားရန် နေရာသို့ ဦးတည်သွားခဲ့သည်။ လုလီ လွတ်လွတ်လပ်လပ် ရှိနေတာကြောင့် ချီချန်းရန်ကို ကြိုရန်ရောက်လာခဲ့သည်။ နှစ်ယောက်သား လက်ချင်းတွဲကာ ထွက်ခွာရန် ပြင်နေစဥ် "လီလီ" ဟု အနောက်မှ တစ်ယောက်ယောက် ခေါ်သံကိုရုတ်တရက် ကြားလိုက်ရသည်။

လုလီ ရပ်တန့်ကာ နောက်သို့ လှည့်ကြည့်လိုက်သည်။

"ဖူစုန့် ?" သူ ဖူစုန့်ကိုပြုံးပြကာ နှုတ်ဆက်လိုက်သည်။

"ရှင်လည်း ဒီကိုရောက်နေတာလား ?" ဖူစုန့် ခေါင်းညိတ်ကာ တုံ့ပြန်လိုက်သည်။

“မစ္စတာချီနဲ့ အတူတူပဲ”

လုလီ : "နင် ဟောင်ကောင်မှာ ဘယ်လောက်ကြာကြာနေမှာလဲ? အမေရိကကို မပြန်သေးဘူးလား?"

ဖူစုန့် ခဏစဉ်းစားလိုက်ပြီး "မသိသေးဘူး၊ ဒီမှာ ဖြေရှင်းရမယ့် ကိစ္စတစ်ခုရှိတော့ ခဏတော့ဆက်နေဖြစ်ဦးမယ်" ချီချန်းရန် ထိုနှစ်ယောက်ကို တစ်ချက်ကြည့်လိုက်သည်။

မနာလိုမဖြစ်ရန် ကတိပေးထားသည့်အတွက် မည်သည့်စကားမှဝင်မပြောချေ။ လုလီ စကားပြောနေစဉ်မှာပဲ ရုတ်တရက် နှုတ်ခမ်းကို လက်ဖြင့်အုပ်လိုက်ပြီးလှည့်ကာ ပြန်ဆုတ်လိုက်သည်။ မကြာသေးမီ ကာလအတွင်း ကိုယ်ဝန်ဆောင်ခြင်းကြောင့် ဖြစ်တတ်သော လက္ခဏာများပိုမိုဆိုးရွားလာသည်။ ယခင်က ကြက်သားဟင်းရည်နံ့ကြောင့်သာ မအီမသာဖြစ်ရာမှ ယခုဆိုလျှင် ဘာအနံ့မှမရလျှင်တောင် မသက်မသာခံစားနေရသည်။

ချီချန်းရန် စိုးရိမ်တကြီး ကြည့်လာပြီးတစ်ရှူးထုတ်ပေးကာ- "အဆင်ပြေရဲ့လား ?" လုလီ ပါးစပ်ကိုလက်ဖြင့်အုပ်ထားရင်း မိနစ်ဝက်ကြာမှ သက်သာလာပြီးသက်ပြင်းချနိုင်သည်။

"အဆင်ပြေပါတယ်" ချီချန်းရန်၏မျက်လုံးထဲသည် အလွန်စိတ်မကောင်း ဖြစ်နေဟန်ပေါ်သည်။ ဖူစုန့်သည် စကားပြောနေရင်း လုလီ ရုတ်တရက် အန်ချင်လာသည်ကို ကြည့်ပြီးဖြစ်နိုင် ခြေတစ်ခုကို စဉ်းစားမိသွားသည်။

ထို့နောက် သူ အနည်းငယ် အံ့အားသင့်သွားဟန်ဖြင့် - "လီလီ၊ နင်...?"

လုလီ အားနည်စွာ ပြုံးလိုက်ပြီး "မိသားစုပဲ သိသေးတာ၊အပြင် လူတွေကို မကြေငြာရသေးဘူး" လုလီ စကား၏ဆိုလိုရင်းကို ဖူစုန့် သဘောပေါက်သည်။

"အချိန်မတန်သေးလို့ မကြေညာသေးတာ"

ဖူစုန့်သည် ထိုစကားကိုကြားပြီးနောက် အံ့အားသင့်သွားပြီး နောက်ဆုံးမှ "ဂုဏ်ယူပါတယ်၊ ဂုဏ်ပြုပါတယ်"

လုလီ : "ကျေးဇူးပါပဲ"

ချီချန်းရန်သည် ၎င်းတို့နှစ်ယောက်၏စကားဝိုင်းကို နားထောင်ရင်း လုလီ ကိုယ်ဝန်ရှိနေကြောင်း သိလိုက်ရစဥ် ဖူစုန့် ဖြစ်သွားသောမျက်နှာအမူအရာကို မြင်လိုက်ရသည်။ သူ့ စိတ်ထဲ ရုတ် တရက် ကျေနပ်မှုတစ်ခုကိုခံစားလိုက်ရသည်။ ဟုတ်တယ်၊ လုလီမှာကိုယ်ဝန်ရှိနေပြီ၊ ဒီကိုယ်ဝန်က ငါနဲ့ရတာ-

ချီချန်းရန် လုလီ လက်ကိုဆွဲကာပျင်းရိဟန်ဖြင့် "လုလီ၊ မစ္စတာဖူကိုမနှောင့်ယှက်နဲ့တော့၊ သွားကြရအောင်" လုလီကလည်း ဖူစုန့်ကို ခေါင်းညိတ်ပြပြီး "ငါတို့အရင် ပြန်နှင့်ပြီနော်"

ဖူစုန့် ပြုံးရင်း "ဘိုင့်...."

ချီချန်းရန် ပြုံးပြကာ လုလီလက်ကိုဆွဲကာထွက်လာသည်။ ထို့ နောက် ချီချန်းရန် ထိုနေရာတွင် ရပ်ကျန်နေခဲ့သော ဖူစုန့်ကို နောက်ပြန်လှည့်ကြည့်လိုက်သည်။ လုလီ ခေါင်းမော့လာစဥ် လည်ပြန်ကြည့်နေသော ချီချန်းရန်ခေါင်းပြန်လှည့်လာသည်။ လုလီ ချီချန်းရန်၏တွန့်ကွေးနေသော နှုတ်ခမ်းများကိုသတိမိသွားသည်။ သူ ဘာကြောင့် အောင်နိုင်သူတစ်ယောက်လို ပြုံးနေသည်ဟု ခံစားနေရသနည်း ?

All Chapters