Top Fan (1)
Vol. 10 Ch. 155
လုလီ မနေနိုင်ပဲ မေးလိုက်သည်။
“ရှင် ဘာတွေသဘောကျပြီး ပြုံးနေတာလဲ?”
"ဟင်?"
ချီချန်းရန် သတိပြန်ကပ်လာပြီး မျက်နှာပေါ်တွင် ထင်ဟပ်နေသော အပြုံးတို့ကို ဖျောက်ပစ်လိုက်ကာ လုလီ၏ လက်ဖဝါးကို ညင်သာစွာ ညှစ်လိုက်သည်။ ထို့နောက် အခုနက ပျို့အန်ချင်နေသော လုလီမျက်နှာကို ချီချန်းရန် သတိရသွားသည်။
“အဆင်ပြေရဲ့လား? ဗိုက်အောင့်နေလား?” လုလီ သံသယ မျက်လုံးများဖြင့် ကြည့်နေသော်လည်း ပြန်ဖြေလိုက်သည်။
“ဟင့်အင်း၊ မအောင့်ဘူး၊ ရတယ်” ချီချန်းရန် လုလီလက်ကို ဆုပ်ကိုင်ပြီး လက်ချောင်းချင်း ရောယှက်လိုက်သည်။
“ပင်ပန်းနေပြီမဟုတ်လား?” လုလီ ရင်ထဲ နွေးထွေးသွားပြီး ချီချန်းရန်ကို မော့ကြည့်လာကာ ကျေနပ်စွာ ပြောလိုက်သည်။
“ကျွန်မပင်ပန်းတယ်ဆိုတာ သိတယ်ဆိုရင် ကျွန်မကို ပိုပြီး ဂရုစိုက်ပေးပါ”
ချီချန်းရန် ပြုံးပြီး "အင်းပါ၊ ကိုယ် ဂရုစိုက်မယ်နော်"
…
၎င်းတို့ ဟောင်ကောင်တွင် ဆက်လက် နေထိုင်ခဲ့ကြသည်။ လုလီ နေထိုင်စဥ် ရက်အတွင်း အိမ်ရှိ အနောက်တိုင်း အချက်အပြုတ်စားဖိုမှူး တစ်ဦးထံမှ ကွတ်ကီးလုပ်နည်းကို သင်ယူခဲ့သည်။ ထို့နောက် လုလီ ကွတ်ကီးများ ပြုလုပ်ခဲ့ပြီး ကွတ်ကီးပြုလုပ်ရန် ပုံစံခွက်အမျိုးမျိုးကိုလည်း ဝယ်ယူထားခဲ့သည်။ အထူးသဖြင့် တိရိစ္ဆာန်ပုံများမှာ အလွန်ချစ်စရာကောင်းသည်။ မွန်းလွဲပိုင်းတွင် လုလီ ကွတ်ကီး အသစ်များ ထပ်လုပ်လိုက်သည်။ ထို့နောက် ပထမဆုံး လုပ်ပြီးသား ကွက်ကီးများကို မိဘများထံ ယူသွားပေးလိုက်ပြီး ကျန်ကွက်ကီးများကို ရုံးခန်းတွင် တစ်ယောက်တည်း အလုပ်လုပ်နေသော ချီချန်းရန်ထံ ယူသွားပေးခဲ့သည်။
လုလီ တံခါးကို ညင်ညင်သာသာ ခေါက်လိုက်ပြီး တံခါးကြားမှ ခေါင်းကို ပြူကြည့်လိုက်သည်။ ချီချန်းရန် လုလီထံ လက်လှမ်းပြလိုက်သည်။ လုလီသည် ကွတ်ကီးများကိုင်ကာ ဝင်လာပြီး ချီချန်းရန် ရှေ့ရှိ ခုံတွင်ဝင်ထိုင်လိုက်သည်။ လုလီ ခန္ဓာကိုယ်သည် ချီချန်းရန်၏ရှည်လျားသော ခြေထောက်နှစ်ဖက်ကြားထဲ ရောက်သွားသည်။ ချီချန်းရန် လုလီဗိုက်ကို အလိုအလျောက် လက်ဖြင့် ကွယ်လိုက်ပြီး လုလီလက်ထဲရှိ ကွက်ကီးများကို လှမ်းကြည့်လိုက်သည်။ ကျားပုံ၊ ယုန်ပုံ၊မြေခွေးပုံ ပုံစံအစုံပါဝင်သည်။
လုလီသည် ယုန်ပုံစံကွတ်ကီး တစ်ခုကို ယူပြီး ချီချန်းရန်၏ပါးစပ်ထဲ ထည့်ပေးလိုက်သည်။
"ဘယ်လိုနေလဲ?" လတ်လတ်ဆတ်ဆတ် ဖုတ်ထားသော ကွတ်ကီးများဖြစ်၍ ကြွပ်ဆတ်ပြီး နူးညံ့နေသည်။ ချီချန်းရန် လုလီဆီက နောက်တစ်ခု ထပ်တောင်းလိုက်သည်။
"ကျွန်မ ရှင့်စားဖို့ ယူလာတယ်” လုလီ ပန်းကန်ပြားကို စားပွဲပေါ်တင်လိုက်ပြီး ထရန် ပြန်လိုက်သည်။
"ဒီမှာထားခဲ့ပြီ၊ ကျွန်မ သွားတော့မယ်"
"မစ္စတာချီရေ၊ ကလေးနို့မှုန့်ဖိုးအတွက် အလုပ်ကြိုးစားလိုက်ပါဦး!"
"ရှင် ပခုံးပေါ်မှာ ကြီးလေးတဲ့ တာဝန်တွေအများကြီးရှိတယ်၊ ရှင့်ဇနီးနဲ့ကလေးတွေရဲ့ အနာဂတ် ဖြောင့်ဖြူးဖို့က ရှင့် အပေါ်မှာပဲ မူတည်တယ်" ချီချန်းရန် လုလီခါးကို ပွေ့ဖက်လိုက်ရင်း ပြုံးကာ မေးလိုက်သည်။
“မင်းလည်း ချမ်းသာတာပဲလေ၊ လုမိသားစုရဲ့ တစ်ဦးတည်းသော သမီးမဟုတ်ဘူးလား? ဒါတောင် ကိုယ့်ကို အားကိုးနေသေးတာလား?
လုလီ : ?
ငါက သူ့ကို အလုပ်ကြိုးစားလုပ်အောင် တွန်းအားပေးနေတာကို သူက ငါ့မိသားစု အကြောင်းကိုတောင် ထည့်ပြောလိုက်သေးတယ်။ လုလီ မျက်မှောင်ကြုတ်လိုက်ပြီး "လုယီယွမ်" ကို သတိရသွားသည်။
"ကျွန်မ ရတဲ့ ပိုက်ဆံက မစ္စတာချီရဲ့အကောင့်ထဲက ငွေပမာဏနဲ့ယှဉ်ရင် 10 ယွမ်ပဲ တန်တယ်၊ အဲဒါကို ဘယ်လိုသုံးရမလဲ၊ မစ္စတာချီကိုယ်တိုင် အလုပ်ကြိုးစားမှရမှာပေါ့"
"မစ္စတာချီရေ၊ ထမင်းပျော့စားရဖို့ မစဉ်းစားပါနဲ့”
"ဒီဘဝမှာ ရှင် ထမင်းပျော့စားရမှာမဟုတ်ဘူး"
"ရှင့်ကို ကွတ်ကီး ကျွေးတာနဲ့တင် ကံကောင်းနေပြီ"
"ပျော့တာ စားချင်ရင် ကွတ်ကီးကို ရေနွေးနဲ့အရင်စိမ်ပြီး ပျော့အောင်လုပ်ပြီးမှ စားဖို့ အကြံပေးချင်တယ်"
လုလီ ထိုမျှလျင်မြန်စွာတုံပြန်လာလိမ်မည်ဟု ချီချန်းရန် မမျှော်လင့်ထားခဲ့ပေ။ ထမင်းပျော့စားချင်ပါက တစ်ခုတည်းသောနည်းလမ်းမှာ အရိပ်အမြွက်ပေးခြင်းပင်။ အစပိုင်းတွင် ချက်ချင်းထုတ်ပြောလိုက်ပါက ပျက်စီးသွားနိုင်ကြောင်း လုလီ ရည်ရွယ်ပုံရသည်။ ချီချန်းရန် သက်ပြင်းတစ်ချက်ချရင်း လုလီခါးကို ရစ်ပတ်ထားသော သူ့လက်နှစ်ဖက်ကို ဖြေလိုက်သည်။
“အင်းပါ၊ ကိုယ် အလုပ်ဆက်လုပ်လိုက်ဦးမယ်” လုလီ မတ်တပ်ထရပ်လိုက်ပြီး ချီချန်းရန် သူ့ဗိုက်ကို နမ်းလိုက်သည်။ လုလီသည် ချီချန်းရန်ထံ ကွတ်ကီးပို့ပြီးနောက် ခြံထဲရှိ Gazebo ထဲတွင် လက်ဖက်ရည်သောက်ရင်း ဖုတ်ထားသော ကွတ်ကီးများကို စားရင်း အနားယူနေခဲ့သည်။
ထို့နောက် လုလီပို့စ်တင်ရန် ဖုန်းဖွင့်လိုက်စဥ် WeChat ဘေးရှိ (Weibo) App ကို မှားနှိပ်မိသည်။
လုလီ မူလက Moment တွင်သာ ပို့စ်တင်ရန် စဥ်းစားထားသော်လည်း WeChat ဘေးရှိ Weibo ထဲ ရောက်ရှိသွားသည်။
လုလီသည် Weiboတွင် သူ့အား ဟွမ်လျန်ပေါ ဟု ခိုင်းနှိုင်းပြောဆိုခဲ့သည့် ပရိသတ်များ၏ ကြမ်းတမ်းသော စော်ကားမှုများကို ခံခဲ့ရပြီးနောက်ပိုင်း လုလီ ထိုပလက်ဖောင်းကို ရှောင်တိမ်းနေခဲ့ခြင်း ဖြစ်သည်။ သူ ငယ်စဉ်ကလေး ဘဝကတည်းပင် ထိုကဲ့သို့ စိတ်ဒဏ်ရာ ရရှိစေသည့် ကြမ်းတမ်းသော စကားများဖြင့် တိုက်ခိုက်ခံရဖူးခြင်း မရှိခဲ့ပေ။ ပြောဆိုခဲ့ကြသူများသည် တရားရုံးသို့ မသွားလိုသဖြင့် တရားဝင် တောင်းပန်ခဲ့ကြသည်။ သို့သော် လုလီ ထိုနောက်ပိုင်း Weibo ပေါ် သိပ်မတက်ဖြစ်တော့ချေ။
'လုလီ Lily' ပရိတ်သတ်များမှ သူ့အား နေ့တိုင်းပို့စ်တင်ရန် တိုက်တွန်းနေကြသည်။
လွန်ခဲ့သည့်လများက တစ်လလျှင် အနည်းဆုံး နှစ်ကြိမ် ပို့စ်တင်လေ့ရှိသော်လည်း မကြာသေးမီ လအနည်းငယ်အတွင်း ပို့စ်လုံးဝ မတင်ခဲ့သလောက်ရှိသည်။ ဤအခြေအနေကြောင့် သူ့ အကောင့်ပိတ်သွားမည်ကို ပရိသတ်များ စိုးရိမ်နေကြသည်။
သူ့ နောက်ဆုံး Weibo ပို့စ်အောက်က မှတ်ချက်များ 20,000 ကနေ 30,000 ထိ ရောက်ရှိနေသည်။
[ဝူး..ဝူး...လီကျဲ ဘာလို့ ဘာမှ မတင်တော့တာလဲ?]
[ဟိုကြာပန်းဖြူမရဲ့ Fan တွေကြောင့်လေ! နင်တို့အားလုံး တရုတ်ပြည်က ထွက်သွားပေးပါ!"]
[ဥက္ကဌကြီး ဇနီးကို ပြန်ခေါ်ပေးပါ၊ သူဌေးသမီးလေးရဲ့ အငွေ့အသက်လေးတွေကို ငါတို့ လိုအပ်နေပြီ]
[ချိုချဉ် စားချင်တယ်.၊ သစ်တော်သီးစုံတွဲရဲ့ အချိုတွေ မြန်မြန်ပေါ်လာပေးပါ]
['The Last Boy ' ဇာတ်ကား တကယ်ကောင်းတယ်။ ဒီလောက်လှတဲ့ ဇာတ်ကားကို ချပြန်ပေးခဲ့လို့ ကျဲကိုကျေးဇူးတင်တယ်]
[လုလီရဲ့Weibo မှာ မြက်ပင်တွေ ပေါက်နေပြီ၊ CP ပရိသတ်တွေ အချိုငတ်နေကြပြီ]
[ဒီနေ့ သတိပေးချက် - Super Talk ကို check-in လုပ်ရန်]