← Chapters

Fall Down from the Pillar (1)

Vol. 10 Ch. 157

Fall Down from the Pillar (1)

Vol. 10 Ch. 157

"သစ်တော်သီးစုံတွဲ" ၏ အမာခံ CP Fan ဖြစ်သော 'I Love Pears' သည် CP ပရိသတ်အားလုံးကို ပွင့်ပွင့်လင်းလင်း ဆန့်ကျင်ပြီး တစ်ကိုယ်တော်အမာခံ အဖြစ်သို့ ပြောင်းလဲခဲ့သည်။ ထိုအပြုအမူကြောင့် "သစ်တော်သီး စုံတွဲ"၏ အခြားပရိတ်သတ်များသည် ၎င်းအား အရှက်ရအောင် ပြုလုပ်ရန် ဆုံးဖြတ်လိုက်ကြသည်။

လုလီသည် မိမိကြောင့် 'I Love Pears' အသုံးပြုသူ ပြောဆိုခံနေရသည်ကို မြင်သောအခါ စိတ်မကောင်းဖြစ်မိသည်။

ထို 'I Love Pears' အကောင့်ပိုင်ရှင်သည် အမှန်တကယ်ချမ်း သာပြီး လျစ်လျူတတ်သော ပရိသတ်တစ်ယောက်ဖြစ်ပုံပေါ် သည်။ “သစ်တော်သီးစုံတွဲ” CP ပရိသတ်များဒေါသထွက်နေကြသော်လည်း ကံကောင်းစွာဖြင့် ယဉ်ကျေးနေကြဆဲဖြစ်ပြီး ကြမ်းတမ်းသော စကားအသုံးအနှုန်းများအသုံးမပြုခဲ့ကြပေ။

လုလီသည် ထိုအကြောင်းကို စဉ်းစားပြီး နောက်ဆုံးတွင် 'Pear-Flavored Little Fairy' အကောင့်ထဲ ဝင်ရောက်ကာ 'I Love Pears' အကောင့်ကို သီးသန့်မက်ဆေ့ချ် ပို့လိုက်သည်။

Pear-Flavored Little Fairy- [အဟမ်း၊ နိဟောင် ငါက “သစ်တော်သီးစုံတွဲ” ရဲ့ Admin ဟောင်းပါ၊ ငါ မင်းကို ပြောချင်တာက မင်းကိုယ် မင်း CP Fan လို့သတ်မှတ်ထားရင် လုလီအကြောင်းအပြင် ချီချန်းရန်နဲ့ ပတ်သတ်တဲ့ ပို့စ်တွေကိုလည်း မျှဝေပေးရမယ်၊ ဒါမှ မျှမျှတတဖြစ်ပြီး မင်းအနေနဲ့ သစ်တော် သီးစုံတွဲကို ဘယ်လောက် သဘောကျကြောင်းပြသနိုင်မှာပေါ့၊ အခု မင်းလုပ်နေတဲ့ပုံစံက လုလီကိုပဲ ပံ့ပိုးပေးနေတာ၊ CP Fan ဖြစ်နေရင် ဒီလိုလုပ်လို့မရဘူး၊ တကယ်လို့ မင်းအနေနဲ့ လုလီ တစ်ယောက်တည်းကိုပဲ အားပေးချင်တယ်ဆိုရင် ငါတို့ CP fan ထဲကထွက်ပြီး လုလီရဲ့သီးသန့် Super Talk ဆီကိုသွားဖို့ ငါ အကြံပေးချင်တယ်]

[ပြီးတော့ လုလီကို ချစ်ပြီး Support ပေးတဲ့ အတွက်တော့ ကျေးဇူးတင်ကြောင်းပြောချင်တယ်၊ အသဲပုံ အီမိုဂျီ]

လုလီ မက်ဆေ့ချ်ပေးပို့ပြီးနောက် သက်တောင့်သက်သာ ဖြစ်သွားသည်။

ထို 'I Love Pears' အသုံးပြုသူသည် မိမိ၏အကြံပေးချက်ကို နားထောင်လိမ့်မည်ဟု သူ မျှော်လင့်သည်။ လုလီ ပြီးဆုံးပြီးနောက် လက်ဖက်ရည်သောက်ရင်း ဂိမ်းဆော့ရန်ပြင်လိုက်စဉ် လအတော်ကြာ အွန်လိုင်းမတက်ထားသော သူ့ကိုယ်ပိုင် ‘Lu Li Lily’ အကောင့်ကို တွေ့လိုက်ရသည်။ သူ အွန်းလိုင်းပေါ်တွင် ကွတ်ကီးပုံများကိုသာ တင်ခဲ့ပြီး သူ့ဆယ်လ်ဖီပုံများ မတင်ခဲ့ပေ။ ပရိတ်သတ်များ အံ့ဩသွားကြပြီး အလွန်အမင်း ချီးကျူးပြောဆိုခဲ့ကြပြီးနောက် မကျေနပ်သံများထွက်ပေါ်လာပြန် သည်။ လုလီ အွန်လိုင်းပေါ်တွင် ရှိနေကြောင်းသိနေသည့်အ တွက် ထို့ထက်ပိုပြီး ပို့စ်တင်ရန်တိုက်တွန်းနေကြသည်။

[လုလီရေ၊ မင်းအကောင့်မှာ Follower နှစ်သန်းတောင် ရှိနေပြီလေ! ဒီတော့ selfie ဓာတ်ပုံတင်တာ Live stream လွှင့်တာတို့ လုပ်ပေးတာ ပိုမကောင်းဘူးလား ?]

[ဟုတ်တယ် ဟုတ်တယ်! ဆယ်လ်ဖီ တင်ပေးပါ၊ Live stream လွှင့်ပေးပါ!]

…

လုလီ စစ်ဆေးကြည့်လိုက်ရာ ယနေ့တွင် သူ့ ပရိသတ်အရေ အတွက် နှစ်သန်းအထိ ရောက်ရှိနေသည်ကို တွေ့လိုက်ရသည်။ အားလုံးသည် "Zombie Fan” (အသုံးမပြုသောအကောင့်များ) မဟုတ်ဘဲ လက်တွေ့အသုံးပြုနေသည့် အကောင့်များဖြစ် သည်။ လုလီ ကစားမည့်ဂိမ်းကိုဖွင့်နေရင်း ခဏမျှတုံ့ဆိုင်းသွားသည်။

Follower နှစ်သန်းက နည်းတဲ့ ပမာဏ မဟုတ်ဘူး၊ ကျေးဇူး တင်စရာပဲ...

လုလီ နှုတ်ခမ်းကိုစူကာ စဉ်းစားပြီးနောက် Live stream လွှင့်ရန်ဆုံးဖြတ်ခဲ့သည်။ သို့သော် ယခုချိန်တွင် သူ့မျက်နှာကို ပြသလိုသည့် ဆန္ဒမရှိပေ။ ခဏအကြာတွင်၊ 'Lu Li Lily' အသုံးပြုသူသည် " ပရိသတ်တွေ ကျွန်မနဲ့ အွန်လိုင်းပေါ်မှာ ဂိမ်းအတူ ဆော့ကြမယ်” ဟူ၍တင်ကာ တိုက်ရိုက်လင့်ခ်ကိုမျှဝေခဲ့သည်။ ပရိတ်သတ်များသည် ချက်ချင်းပင် ထိုလင့်ခ်ထဲသို့ဝင်ရောက် လာကြသည်။ စခရင်တွင် လုလီ၏ console game မျက်နှာ ပြင်ပေါ်လာပြီး လေးယောက်တွဲဂိမ်းတွင် လေထီးခုန်ရန်စောင့် ဆိုင်းနေသည်ကို ပရိသတ်များမြင်ရသည်။ Live stream အောက်တွင် မှတ်ချက်များ ဆက်တိုက်တက်လာသည်။

[လီကျဲက Live stream မှာ မျက်နှာမပြထားဘူးပဲ၊ ကျစ်... သူ့မျက်နှာကို မြင်ချင်တာပါဆို]

[သူလည်း ဒီလို ဂိမ်းတွေ ဆော့တာပဲလား ? ဟား...ဟား...]

[သူ့ဂိမ်းဝတ်စုံက အရမ်းလှတာပဲ၊ ဒါပေမယ့် ဒါက Limited Editionဆိုတော့ အရမ်းစျေးကြီးမှာ]

[ဘော့လုရဲ့ Skill တွေကို ကြည့်ရသေးတာပေါ့၊ မျှော်လင့်နေမယ်]

[ဒါ Fan နှစ်သန်း ပြည့်တဲ့အတွက် လက်ဆောင်လား ?]

…

လုလီသည် ဂိမ်းထဲတွင် ပထမဦးဆုံးအကြိမ် လူအများစောင့်ကြည့်နေခြင်းကိုခံရသောအခါ အနည်းငယ် စိတ်လှုပ်ရှားနေခဲ့သည်။ ထို့အပြင် သူသည် မိမိဂုဏ်သိက္ခာကို ထိန်းသိမ်းလိုသည့်ဆန္ဒရှိသောကြောင့် မိနစ်ပိုင်းအတွင်း ဂိမ်းရှုံးသွားပါက အလွန်ရှက်စရာကောင်းနေမည်ဖြစ်သည်။

ဤသည်မှရှောင်တိမ်းရန်အတွက် အဝေးဆုံးနေရာတွင်လေထီး ခုန်ချရန် ရွေးချယ်လိုက်သည်။ ထို့နောက် သူ့ပစ္စည်းများ ကောက်ယူပြီး လက်နက်အပြည့်အစုံ တပ်ဆင်ကာ ပုန်းခိုရန် ထောင့်တစ်နေရာကို ရှာဖွေလိုက်သည်။

ပရိသတ်များ : “…”

ဂိမ်းသည် ပြင်းထန်လာပြီး ဘယ်ဘက်အပေါ်ထောင့်ရှိ အသက်ရှင်ကျန်ရစ်သူ အရေအတွက်သည် အဆက်မပြတ်ကျဆင်းနေကာ ရှုံးနိမ့်သွားကြောင်း အသိပေးချက်များလည်း မကြာ ခဏတက်နေသည်။

လုလီ တိတ်တဆိတ်ပုန်းနေဆဲဖြစ်သည်။ စက်ဝိုင်းကျဉ်းလာသောအခါ သူ ဘေးကင်းဧရိယာထဲသို့ ပြေးဝင်ကာထပ်ပုန်း အောင်းရန် လုံခြုံသောထောင့်ကို ဆက်လက်ရှာဖွေနေခဲ့သည်။ ဘယ်ဘက်ထောင့်ရှိ အသက်ရှင်ကျန်ရစ်သူ အရေအတွက်သည် ၁၀၀ မှ ၁၀/၂၀ အထိ လျော့ကျသွားပြီး နောက်ဆုံးဖိုင်နယ် အဆင့်သို့ ရောက်ရှိလာသည်။

[လီကျဲက ဒီလိုပဲ ကစားနေတော့မှာလား?]

[သူ့ ကစားကွက်က ဆိုးတော့ မဆိုးဘူးနော်၊ ချစ်ဖို့ကောင်းသား၊ ဟား...ဟား]

[အဲ့လိုကြီးပဲ ပုန်းနေလို့ မရဘူးလေ၊ Ugly crying အီမိုဂျီ ]

အချို့ပရိသတ်များသည် ဤအခြေအနေကို ကြည့်နေရင်း မခံမရပ်နိုင်ဖြစ်လာကြသည်။

[မစ်လုရေ အပြင်ထွက်တိုက်ပါဦး အဲ့တိုင်းကြီး ပုန်းမနေပါနဲ့၊]

[လုလီရေ ထွက်ပါတော့ဟ! မင်းရဲ့ skillကို ထုတ်ပြလိုက်စမ်းပါ]

[Little cutie၊ နောက်ဆုံးအဆင့်ထိ ပုန်းနေတာ အဓိပ္ပာယ်မရှိဘူး၊ ငါမင်းနဲ့အတူရှိနေမယ်၊ ထွက်တိုက်ပေးပါ!]

[လုလီရေ ကျေးဇူးပြုပြီး ထွက်တိုက်ပေးပါ၊ တောင်းပန်ပါတယ်!]

[ +1 ]

လုလီသည် မှတ်ချက်များကို ကြည့်လိုက်ရာ အားလုံးကပုန်း အောင်းမနေရန်နှင့် အရည်အချင်းအစစ်အမှန်ကိုထုတ်ပြရန် တောက်လျှောက် တောင်းဆိုနေကြသည်ကို တွေ့လိုက်ရသည်။ လုလီသည် သူ၏အရည်အချင်းမှာ ကံကောင်းခြင်းသာဖြစ် သည်ဟု ပြောရန်ရှက်နေသည်။ သူသည် ကျွမ်းကျင်သော အဖွဲ့သားများနှင့် အမြဲတွဲဖက်ရပြီးနောက်ဆုံးအဆင့်ထိပုန်းအောင်း ၍အသင်းဖော်များကို လှည့်ဖြားကာအနိုင်ယူတတ်သည်။ သို့ သော် ပရိတ်သတ်များ၏တိုက်တွန်းမှုကို မြင်ရသောအခါ သူ့ နှုတ်ခမ်းကို စုဝိုင်းလိုက်ပြီး အပြင်ထွက်ရန်ဆုံးဖြတ်ခဲ့သည်။ ပုန်းအောင်းနေသည့် အခန်းမှာနောက်ဆုံးတွင် ရပ်တန့်သွားသည်။

လုလီ ပြတင်းပေါက်ဆီသို့ တိတ်တဆိတ်ပြေးကာ ဝပ်တွားလိုက်ပြီး စနိုက်ပါရိုင်ဖယ်ကို ကောက်ယူကာ 8x မှန်ပြောင်းကို တပ်ဆင်လိုက်သည်။

[စနိုက်ပါလား ?]

[ရေ့...ရေ့...တိုက်တော့မယ်ဟေ့!]

[အိုးမိုင်...နောက်ဆုံးတော့ သူကိုယ်တိုင် ထွက်တိုက်တော့မှာပဲ!] လုလီသည် အကွာအဝေးတွင် ရန်သူ ရှိ၊ မရှိ စစ်ဆေးရန် 8 x မှန်ပြောင်းဖြင့် စူးစမ်း ရှာဖွေလိုက်သည်။ သူ ရှာဖွေနေစဥ် ခဏအတွင်းမှာပဲ လျှို့ဝှက်ပစ်မှတ်တစ်ခုတွေ့လိုက်ရသည်။ လုလီ ထိုပစ်မှတ်ကို အကြိမ်ပေါင်းများစွာချိန်ရွယ်ထားသည်။

ဂိမ်းအား ကြည့်ရှုခဲ့ကြသော ပရိသတ်များ

[အာ့...အာ့! ရန်သူတွေ့ပြီ! ပစ်လိုက်တော့!"]

[ငါတော့ အရမ်း စိတ်လှုပ်ရှားနေပြီ]

[ဟိုက်....ပစ်မှတ်ပျောက်သွားပြီး၊ လီကျဲ အဲ့တိုင်းပဲနေ၊ မထွက်နဲ့ဦး] လုလီ မှန်ပြောင်းမှတစ်ဆင့် ပစ်မှတ်ကိုစောင့်ကြည့်နေ သည်။ ထပ်ခါထပ်ခါ ချိန်ရွယ်ပြီးနောက်၊ နောက်ဆုံးတွင် ပစ်မှတ်သည် တစ်နေရာတွင် ရပ်တန့်ကာ မြင်ကွင်းမှပျောက်ကွယ်သွားခဲ့သည်။ ထို့နောက် လုလီ သူ့ပစ်မှတ်ကို ရုတ်သိမ်းလိုက်သည်။ ဤဝေးသောနေရာမှ ပစ်မှတ်ရှာဖွေခြင်းသည် သူ့တည်နေရာကို ဖော်ထုတ်နိုင်မည်မဟုတ်သလို ပစ်မှတ်ကိုဖျက် ဆီးနိုင်မည်ဖြစ်သည်။

…

တစ်ဖက်တွင် ချီချန်းရန် အလုပ်များပြီးဆုံးသွားပြီး ဖုန်းထဲတွင် မက်ဆေ့ချ်နှစ်ခု ရောက်ရှိနေသည်ကို တွေ့လိုက်ရသည်။ ၎င်းမှာ 'Pear-Flavored Little Fairy’ အကောင့်မှဖြစ်သည်။ ထိုအကောင့်သည် လုလီ၏ Fan အကောင့်ဖြစ်ကြောင်း သူသိထား သည်။ သီးသန့်မက်ဆေ့ခ်ျထဲရှိ ချစ်စရာကောင်းသောစကား လုံးများကို မြင်တွေ့ပြီးနောက် ချီချန်းရန် နှုတ်ခမ်းကိုကွေးညွှတ်နေအောင်ပြုံးလိုက်သည်။

All Chapters