← Chapters

Fall Down from the Pillar (2)

Vol. 10 Ch. 158

Fall Down from the Pillar (2)

Vol. 10 Ch. 158

တစ်ချိန်တည်းမှာပင် လုလီ အသက်ကို ပြင်းပြင်းရှူသွင်းလိုက်ပြီး ပစ်မှတ်ကိုချိန်ကာ ပစ်ရန်အသင့်ပြင်လိုက်သည်။ သို့သော် ရုတ်တရက် ဖုန်းထဲမှမက်ဆေ့ချ်ဝင်လာသည်။

'I Love Pears' : 'လီလီ၊ ကိုယ်ပါ' ထိုမက်ဆေ့သည် သူ့ပစ်မှတ်နေရာကို ကွယ်ထားသလိုဖြစ်နေသည်။

လုလီသည် ပထမဆုံးအကြိမ်တိုက်ခိုက်ရသည့်အတွက် စိတ်လှုပ်ရှားနေခဲ့သော်လည်း၊ ရုတ်တရက် ပေါ်လာသော မက်ဆေ့ကြောင့် ပစ်ခတ်ရန် အခွင့်အလမ်းလွဲချော်သွားခဲ့သည်။ ထိုကြောင့် သူ ဒေါသထွက်သွားပြီး ဆဲဆိုလိုက်ကာ မက်ဆေ့ချ် ချက်ချင်းပြန်ပို့ရန် ထိုအသိပေးချက်ကိုနှိပ်လိုက်သည်။ မင်း ဘယ်သူလဲ ? ငါ့ကို လီလီလို့ ခေါ်ရအောင် မင်းကိုယ်မင်း ချီချန်းရန်လို့ ထင်နေတာလား ?

လုလီ၏ Live stream ကို ကြည့်ရှုနေကြသော ပရိသတ်များ သည် ထိုမက်ဆေ့ချ်ကို သတိထားမိသွားကြပြီး လုလီကဲ့သို့ပင် သံသယများဖြစ်ပေါ်လာခဲ့သည်။

[သူ ဘယ်သူလဲ ?]

[အဲ့ဒါ 'I Love Pears' အကောင့် မဟုတ်လား'?]

[ဟုတ်တယ်၊ ငါလည်း 'I Love Pears' လို့ မြင်လိုက်တယ်]

['I Love Pears' ဆိုတာ ဘယ်သူလဲ ?]

['သစ်တော်သီးစုံတွဲ' ရဲ့ နံပါတ်တစ် CP Fan လေ၊ သူက လုလီဘက်မှာပဲ ရပ်တည်နေလို့ အခြား CP Fan တွေရဲ့ပြောဆိုကြိမ်း မောင်းတာကို ခံထားရတာ]

[ဘာ?! သူက လုလီဆီကို သီးသန့်မက်ဆေ့ချ်တောင် ပို့နေတာလား ?]

[သူ ဘာပို့လိုက်တာလဲ ? လီလီ ကိုယ်ပါ လို့ မြင်လိုက်သလိုပဲ၊ လုလီက သူ့ကို သိလို့လား?]

[တကယ် မုန်းဖို့ကောင်းတယ်၊ CP Fan ဆိုတာ အုပ်စုလိုက်ဖြစ်နေရမှာ၊ အဲ့လို တစ်ယောက်တည်း ကွဲထွက်နေတဲ့ လူမျိုးဆို အရမ်းမုန်းတာပဲ]

လုလီသည် Live stream လွှင့်နေဆဲဖြစ်သည်ကို သတိရသွားပြီး မက်ဆေ့ Box ကို အပေါ်သို့ အလျင်အမြန်ဆွဲတင်လိုက်ပြီး ဂိမ်းဆက်ဆော့ရန် ပြင်လိုက်သော်လည်း နှစ်စက္ကန့်အတွင်း 'I Love Pears' အသုံးပြုသူ၏ သီးသန့်မက်ဆေ့ အချက်ပြမှု ထပ်ပေါ်လာပြီး ဂိမ်းမျက်နှာပြင်ကို ထပ်မံပိတ်ဆို့လိုက်ပြန် သည်။

'I Love Pears' : 'လောင်ကုန်း'

'လောင်ကုန်း' ဟူသော စကားလုံးကို မြင်သောအခါ လုလီ အံ့ဩသွားသည်။

…?

တိုက်ရိုက်ထုတ်လွှင့်မှုရှိ ပရိသတ်များ ?

လုလီ ခဏတွေဝေသွားပြီး ရုတ်တရက်သေနတ်သံ ထွက်လာသည်ကို ကြားလိုက်ရသည်။ လုလီ၏ပစ်ခတ်မှု မအောင်မြင်ဘဲ သူမကိုယ်တိုင် ပစ်မှတ်ထားခံလိုက်ရသည်။ ထို့နောက် အပြာရောင် မီးခိုးငွေ့များထွက်ပေါ်လာကာ သေတ္တာအဖြစ် ပြောင်းလဲသွားသည်။

လုလီ ဂိမ်းရှုံးသွားသည်ကိုပင် ဂရုမစိုက်နိုင်တော့ပဲ "လောင်ကုန်း" ဟူသော စာလုံးကို မြင်ပြီးနောက် သူ့ ပို့စ်များကို ‘I Love Pears’ အသုံးပြုသူမှ ရိုးရှင်းသော စာတန်းများဖြင့် ပြန်တင်ထားသည်ကို သတိရသွားသည်။ လုလီ ရုတ်တရက် အလွန်တုန်လှုပ်သွားကာ နှုတ်ဆက်စကားပင် မပြောဘဲ Live stream ကိုချက်ချင်းပိတ်ချပစ်လိုက်သည်။

Live stream ပိတ်သွားပြီးနောက် ပရိသတ်များမှာ ထုတ်လွှင့်မှုစာမျက်နှာမှ ထွက်ခွာသွားကြပြီး Live streamတွင် ဖြစ်ပျက်ခဲ့သော အခြေအနေကို ခွဲခြားစိတ်ဖြာကာတိတ်ဆိတ်သွားကြသည်။

ထို့နောက် ပရိသတ်များ ထိုအကြောင်းကို ဖြည်းဖြည်းချင်း စတင်ဆွေးနွေးလာကြသည်။

[ခုနက လုလီဆီ သီးသန့်မက်ဆေ့ချ်ပို့လိုက်တာ 'I Love Pears' အကောင့် မဟုတ်လား ?]

[သူ ဘာပို့လိုက်တာလဲ ? သူက လောင်ကုန်း ဆိုလား...]

[မသိဘူး၊ တစ်ယောက်ယောက်များ အဲ့မက်ဆေ့ကို ss ရိုက်လိုက်သေးလား?]

[ငါ ရိုက်လိုက်တယ်]

ဖန်သားပြင်အား ဓာတ်ပုံရိုက်ယူထားခဲ့သော Fan တစ်ယောက်မှ အဆိုပါဓာတ်ပုံကို Groupထဲသို့ ပေးပို့လိုက်သည်။ ၎င်းတို့ သည် မက်ဆေ့ Box မှ စာအဝင် အချက်ပြမှုကို မြင်လိုက်ရပြီး 'I Love Pears' မှ ပေးပို့သော သီးသန့်မက်ဆေ့ချ်မှာ

--- လီလီ...ကိုယ်ပါ၊

---လောင်ကုန်း

လုလီသည် စာကြည့်ခန်းထဲသို့ပြေးဝင်လာပြီး အခန်းထဲတွင် ထိုင်နေသော ချီချန်းရန်ကိုမြင်သည်နှင့် ချက်ချင်းမေးလိုက်သည်။

"ခုနက သီးသန့်စာတိုပို့တာ ရှင်လား ?!"

လုလီ စိတ်လှုပ်ရှားနေသည်ကို ချီချန်းရန် မြင်လိုက်ရသည်။ ချီချန်းရန် လုလီကို စိတ်ငြိမ်အောင် အနားယူခိုင်းလိုက်ပြီး 'I Love Pear' အကောင့်ပိုင်ရှင်မှာ သူဖြစ်ကြောင်းနှင့် သူ့ခင်ပွန်းသည် ခေတ်နောက်ကျသူ မဟုတ်ကြောင်း အသိပေးလိုက်သည်။ သူ ဘာလို့ ဒီလောက်တောင် စိတ်လှုပ်ရှားနေတာလဲ ? လုလီ ဒီကိုပြေးလာခဲ့တာလား? ချီချန်းရန် ဖြစ်နိုင်ခြေကို တွေးပြီး ချက်ချင်းထိတ်လန့်သွားကာ လုလီထံသို့အမြန်လျောက်သွားကာ သူ့ ဝမ်းဗိုက်အောက်ပိုင်းကိုပွတ်သပ်လိုက်ပြီး

"မင်း ဗိုက်ထဲမှာ ကလေးလေးရှိနေတယ်ဆိုတာ သတိရသေးရဲ့လား ?"

ထိုမှသာ လုလီ သူ့ကိုယ်သူ စိတ်တည်ငြိမ်အောင် ထိန်းလိုက်ပြီး အသက်ကို ပြင်းပြင်းရှုကာ ကလေးကိုပင် ဂရုမစိုက်နိုင်တော့ဘဲ ချီချန်းရန်ကို ကြည့်ကာ ပြောလိုက်သည်။

"ရှင့်ပုံရိပ်တွေ ပျက်ဆီးသွားနိုင်တယ်လေ"

ချီချန်းရန် - "ကိုယ်သိပါတယ်" ချီချန်းရန် ပခုံးတွန့်လိုက်သည်။

"ရှင် မသိပါဘူး" လုလီ ရွေးချယ်စရာမရှိတော့ဘဲ ဆက်ပြောလိုက်သည်။

"ကျွန်မ ပြောချင်တာက ခုနက ရှင်စာပို့လိုက်တဲ့အချိန်မှာ ကျွန်မ Livestream လွှင့်ပြီး ဂိမ်းကစားနေတာ၊ ဒီတော့ Livestream ဝင်ကြည့်နေတဲ့သူတိုင်း ရှင့်မက်ဆေ့ကိုမြင်ရမှာပဲ" လုလီ ပြောရင်း မနေနိုင်ဘဲ ပြုံးလိုက်မိသည်။

ချီချန်ရန်းမျက်မှောင်ကြုတ်ပြီး ဆက်ပြောသည်။

"မြင်သွားလဲ ဘာဖြစ်လဲ ?"

…

ထင်ထားသည့်အတိုင်းပင် လုလီ ဂိမ်းကစားနေစဉ် သီးသန့်စာဝင်လာသည့် screenshotများ ချက်ချင်းပင် ပျံ့နှံ့သွားခဲ့သည်။

မကြာသေးမီက CP Fanများမှ ပြောဆိုကြိမ်းမောင်းထားသည့် 'I Love Pears' အကောင့်သည် လုလီအား "လီလီ" ဟု ခေါ် ဝေါ်ကာ ခင်ပွန်းဖြစ်ကြောင်း ဝန်ခံကာ သီးသန့်စာပေးပို့ခဲ့သည့် အကြောင်း ပြောဆိုနေကြသည်။ စာကြောင်းနှစ်ကြောင်းနှင့်ပင်လွှမ်းမိုးချုပ်ကိုင်တတ်သော ဥက္ကကြီး၏ပုံရိပ်ကိုထုတ်ဖော် ပြသခဲ့သည်။ အားလုံးသည် 'I Love Pears' ၏ Weibo အကောင့်ထဲသို့ ပြေးသွားကြပြီး ၎င်း၏ post များကို ကြည့်ရှုကာ သံသယများ ပိုမိုများပြားလာခဲ့သည်။

'I Live Pear' အကောင့်ပိုင်ရှင်သည် ချမ်းသာပြီး ရက်ရောသည့်အပြင် လုလီကိုသာ အာရုံစိုက်ထားသည်ကို သတိထားမိကြသည်။ ထိုအသုံးပြုသူသည် ချီးမွမ်းစကားများကို လှိမ့်ပတ် လည်အောင် မပြောတတ်ဘဲ သူတင်သမျှ ပို့စ်တိုင်း ခင်ပွန်းတစ်ယောက်၏ဇနီးသည်အပေါ် အမြင်များကို ဖော်ကျူးထားသည့် အဓိပ္ပါယ်များ ပြည့်နှက်နေသည်။ မှတ်ချက်အားလုံးသည် ‘beautiful’၊ ‘great’၊ ‘little princes’ နှင့် မကြာသေးမီက လုလီ ပို့စ် ပြန်တင်ထားသော Weibo ပို့စ်တွင် 'လိမ္မာပါးနပ်တဲ့ ဇနီးကောင်း ၊ မိခင်ကောင်းတစ်ယောက်၊ Like အီမိုဂျီ ' ဟူ၍ဖြစ် သည်။

ထို CP အကောင့်သည် လုလီ၏ကိုယ်ရေးကိုယ်တာအမာခံ Fan အကောင့်ဖြစ်လာပြီး လုလီ၏အလှဓာတ်ပုံများကိုသာ တင်ထားပြီး ပရိတ်သတ်များ မည်မျှပင် ပြောဆိုနေပါစေ ချီချန်းရန် အကြောင်း လုံးဝမတင်ပဲ ဂရုမစိုက်ဟန်ပြသနေသည်။ ထိုအချိန်တွင် 'I Love Pears' ဟူသော အကောင့်နာမည်ကို ဆက်စပ်တွေးမိသွားကြပြီး အဓိပ္ပာယ်ရှိနေသည်ကို သတိပြုမိသွားကြသည်။ လူတိုင်းသည် ယခင်က ဤနာမည်ကို 'ငါ သစ် တော်သီး ကြိုက်တယ်' ဟု နားလည်ထားကြသော်လည်း သေချာတွေးကြည့်ပါက 'ငါ လီလီကို ချစ်တယ်' ဟုလည်း အဓိပ္ပါယ်ဖွင့်ဆိုနိုင်ကြောင်း သဘောပေါက်သွားကြသည်။

ရုတ်တရက် အဓိပ္ပာယ်ပေါ်လာပြီး အားလုံးနားလည်သဘော ပေါက်သွားကြသည်။

Fans-

[Fuck! သူက တကယ်ကြီး မစ္စတာချီ ဖြစ်နေတာလား ?]

[မစ္စတာချီ၊ တကယ်ပဲ မင်းလား?]

[စီအီးအိုက သူနဲ့ဇနီးရဲ့ နံပါတ်တစ် CP Fan လို့ ဆိုလိုတာလား?]

[ဒါဆို သူ့ခမျာ ဇနီးရဲ့တစ်ကိုယ်တော် Fan အဖြစ် ရပ်တည်နေတာကို တခြား CP Fan တွေက ဝေဖန်တိုက်ခိုက်ခဲ့ကြတာလား?]

[ဟား...ဟား၊ ဒါကြောင့် သူ့ကို Solo Fan လို့ စွပ်စွဲနေကြတာ အံ့သြစရာတော့ မရှိဘူးပဲ၊ မစ္စတာချီက သူ့ဇနီးလေးကို ဘယ်လောက်တောင် သည်းသည်းလှုပ် ချစ်လိုက်လဲ?!]

[သစ်တော်သီးစားနေတဲ့ ဥက္ကဌချီ....အား...ငါ့အတွေးတွေ ညစ်ညမ်းနေပြီ၊ မသန့်ရှင်းတော့ဘူး]

[ဘာတွေ တွေးနေတာလဲ?! ရှက်နေတဲ့ အီမိုဂျီ]

…

လုလီ၏ Livestream အပြီးတွင် အားလုံးမှ အချက်အလက်များကို ကြည့်ကာ ခန့်မှန်းနေကြသော်လည်း 'I Love Pears' နှင့် လုလီ ၏ Weibo တွင်မူ မည်သည့်လှုပ်ရှားမှုမျှ မတွေ့ရချေ။ အကယ်၍ ထိုသို့မဟုတ်ခဲ့ပါက 'I Love Pears' မှ မတုံ့ပြန်လျှင်ပင် Livestream ထုတ်လွှင့်နေစဥ်အတွင်း ပဟေဠိပေးသွားသော လုလီအနေဖြင့် အနည်းဆုံး ရှင်းလင်းရန် ထွက်လာရမည်ဖြစ်သည်။ ထိုအချိန်တွင် ပရိသတ်များသည် Weibo ပေါ်တွင် မီးမောင်းထိုးထားသော မှတ်ချက်တစ်ခုကို မြင်လိုက်ရသည်။

"မင်းကိုယ်မင်း ချီချန်းရန်လို့ ထင်နေတာလား? မင်းမျက်လုံးထဲမှာ လုလီပဲရှိတယ်"

“...”

ရုတ်တရက် ရှက်သွားသည့် အီမိုဂျီ...

လူတွေက တကယ်ပဲ...

အားလုံး ထိတ်လန့်သွားကြသည်။ ၎င်းတို့၏ ကြိမ်းမောင်း ပြောဆိုမှုများကြောင့် ဥက္ကဌကြီး ဒေါသထွက်ပြီး ထိုမှတ်ချက်များကို စစ်ထုတ်ကာ အာဖရိကသို့ ကန်ထုတ်ပစ်လိုက်မည်ကို စိတ်ပူနေကြသည်။

CP Fan များသည် ၎င်းတို့ ပြောဆိုထားသော မှတ်ချက်များကို ချက်ချင်းပင် ဖြတ်ပစ်လိုက်ကြပြီး 'I Love Pears' အကောင့်ပိုင်ရှင်အား ဆိုးရွားစွာပြောဆိုခဲ့ကြသည့် Fan များ ကြောက်လန့်တကြား ငိုကြွေးနေကြသည်။

[ဥက္ကဋ္ဌကြီး.. ကျေးဇူးပြုပြီး ကျွန်တော့်ကို အာဖရိကမပို့ပါနဲ့နော်၊ tear အီမိုဂျီ]

[ကျွန်တော်ကိုလည်း သက်ညှာပေးပါနော်။ ဥက္ကဋ္ဌကြီးနဲ့ဇနီးတို့ ချစ်ခြင်းမေတ္တာ ရာစုနှစ်ပေါင်းများစွာထိ တည်တံ့ပါစေလို့ ဆုတောင်းပေးပါတယ်] ထို့နောက် 'I Love Pears' ၏ပရိ သတ်အချို့မှာ ပိုလို့ပင် ရဲတင်းလာကြသည်။

[ဟိုလေ ဥက္ကဋ္ဌကြီးက သစ်တော်သီး ကြိုက်တယ်ဆိုတော့... မေးခွန်းလေး တစ်ခုလောက်မေးလို့ရမလား ?]

[ဥက္ကဋ္ဌကြီး သစ်တော်သီးကို တနေ့ ဘယ်နှစ်ခါလောက်စားဖြစ်လဲ ? သစ်တော်သီးက စားလို့ကောင်းရဲ့လား ? ချိုရောချိုရဲ့လား ? ရှက်နေတဲ့ အီမိုဂျီ]

နှစ်နာရီကြာပြီးနောက် နှုတ်ဆိတ်နေခဲ့သော 'I Love Pears' အကောင့်မှာ နောက်ဆုံးတွင် အွန်လိုင်းတက်လာခဲ့သည်။ သူ ထိုမေးခွန်းကို Weibo ပေါ်တွင် အတိုချုပ်တင်လိုက်သည်။

"အရမ်း အရသာရှိပြီး ချိုတယ်"

All Chapters