Pregnant Woman (1)
Vol. 10 Ch. 159
မိနစ်အနည်းငယ် တိတ်ဆိတ်သွားပြီးနောက် ‘I Love Pears’ ၏ Weibo ပို့စ်အသစ် ထွက်ပေါ်လာပြီး ပရိသတ်များတုန်လှုပ်ချောက်ချားသွားကြသည်။
[ဒါ သစ်တော်သီးစားတဲ့မေးခွန်းကို ပြန်ပြောနေတာလား ?]
[အရသာရှိတယ်၊ ချိုမြိန်တယ်တဲ့၊ ဝှက်သယ်ဖက်... အား...! ငါ ဘာလို့ ကားတစ်စီး အရှိန်တင်လိုက်သလို ခံစားနေရတာလဲ?]
[ဒီသစ်တော်သီးလေးက အရမ်းလှတော့ အရသာရှိပြီး ချိုမြိန်မှာပေါ့၊ Squinting (မျက်မှောင်ကြုတ်) အီမိုဂျီ]
[ဝူး..ဝူး...Fan တွေက ဒါမျိုးကို စောင့်နေတာ၊ ဒီလို အသားမျိုး ငါလည်း လိုချင်တယ်]
[ဥက္ကဌကြီးက အဲ့လိုပြောတော့ ဘေးက ဇနီးချောလေးက ရှက်နေမှာပေါ့]
[ဘာရှက်စရာရှိလဲ? သူ သစ်တော်သီးစားတယ်လို့ပဲ ပြောတာလေ၊ တခြား ဘာပြောနေလို့လဲ? မျက်မှန်တွန်း.အီမိုဂျီ]
[ဒီသစ်တော်သီးကို ဥက္ကဌကြီး တစ်ယောက်ပဲ စားလို့ရတယ်၊ ဟီး..ဟီး]
…
လုလီသည် ချီချန်းရန်၏နံပါတ်ဖြင့် မှတ်ပုံတင်ထားသော Weibo အကောင့်၏ ယခင်ပို့စ်များကို လှန်လောကြည့်လိုက်ပြီး "ငါ သူ့ကို ဒီလောက် သင်ပေးထားတာတောင်မှ စကားကို ဘယ်လိုချိုနေအောင် ပြောရမလဲဆိုတာ မသိသေးဘူးပဲ" ဟု စိတ်ထဲက တွေးလိုက်သည်။ 'I Love Pears' ၏ လတ်တလော တင်ထားသော Weiboပို့စ်အောက်ရှိ မှတ်ချက်များမှာ အလွန်ဆူညံလျက် ရှိသည်။
အား...အား!
ရှက်လိုက်တာ!
လုလီသည် ချီချန်းရန်ထံ တည့်တည့် လျှောက်သွားပြီး သူ့ ပုခုံးကို ဆုပ်ကိုင်ကာ ပြင်းပြင်းထန်ထန်လှုပ်ခါလိုက်သည်။
"ရှင့် Weibo ပို့စ်ကို ပြန်ဖျက်ပေး!"
"ဟုတ်တယ်၊ အကောင့်နာမည်ပါ ပြောင်းပေး!"
"ဘာတွေလဲ ? သစ်တော်သီးစားရတာ ကြိုက်တာတွေရော ရှုပ်နေတာပဲ၊ ဘာလို့ အဲလို နာမည်ပေးထားတာလဲ ?!"
ချီချန်းရန်သည် ပခုံးကို ဆုပ်ကိုင်လိုက်ပြီး ဒေါသထွက်ကာ ငါးပူတင်းကဲ့သို့ ဖြစ်နေသော လုလီ၏လက်ကိုဆွဲကာ သူ့ရင် ခွင်ထဲသို့ ထည့်လိုက်သည်။
"ကိုယ် သစ်တော်သီးကြိုက်တယ်လို့ပြောတာ ဘာမှားနေလို့လဲ ? စားရတာချိုတယ်၊ အရသာရှိတယ်လေ" ဟု ချီချန်းရန် လုလီနားထဲသို့ တိုးလျစွာ ကပ်ပြောလိုက်သည်။ လုလီ နားရွက်များ နီရဲလာသည်။
"ဟုတ်လား...?"
လုလီ ကသိကအောက်ဖြစ်သွားပြီး ခေါင်းကိုငုံ့ကာ သူ့ လက် ချောင်းများကို ရောယှက်ရင်းမေးလိုက်သည်။
"ဘယ်လောက်တောင် ချိုလို့လဲ ?" သူပြောနေသည်မှာ သစ် တော်သီးအကြောင်းမဟုတ်ပဲ လုလီကို ရည်ညွှန်းနေခြင်းဖြစ်သည်။ လုလီခါးကို ဖက်ထားသော ချီချန်းရန် လက်များ အနည်းငယ်တင်းကြပ်လာသည်။
"အကုန်လုံး ချိုတယ်"
“အိုကေ" လုလီ နှုတ်ခမ်းစူလိုက်သည်။
ချီချန်းရန် ပို့စ်တင်ပြီးနောက် ပရိသတ်အများအပြားရရှိသွားသော်လည်း သူ ထိုအကောင့်ကို ဆက်လက်အသုံးပြုရန် အစီ အစဉ်မရှိပေ။ သူ Weibo တွင် "အရသာရှိပြီး ချိုမြိန်တယ်" ဟု ပို့စ်တင်ပြီးနောက် အွန်လိုင်းမတက်တော့ပေ။ ချီချန်းရန်သည် ဇနီးဖြစ်သူနှင့်ပူးတွဲ တာဝန်ယူထားသော 'သစ်တော်သီးစုံတွဲ' ၏အုပ်ချုပ်သူနေရာမှနုတ်ထွက်ပြီး သိသာထင်ရှားစွာ အနား ယူသွားခဲ့သည်။ လက်ဆောင် Giveaway များ ပေးကမ်းခဲ့သူမှာ ဥက္ကဋ္ဌကိုယ်တိုင်ဖြစ်သည်ဟု ပရိသတ်များယူဆခဲ့ကြသည်။ ယခုတွင်မူ မျက်နှာဖုံးကွာကျသွားပြီး ဥက္ကဋ္ဌလည်း ထွက်ခွာသွားပြီဖြစ်သည်။ ဝမ်းနည်းဖွယ်ကောင်းသော်လည်း အားလုံး လက်ခံနားလည်ပေးကြသည်။
ချီချန်းရန်၏နောက်ဆုံး Weibo ပို့စ်တွင် ချီးကျူးစကားများ ဖြင့် ပြည့်နှက်နေသည်ကိုမြင်ရသည်။
[ဝူး...ဥက္ကဋ္ဌကြီး၊ လီလီကို ဂရုစိုက်ပါနော်!]
[နှစ်ယောက်စလုံး တကယ်ချိုမြိန်ပါတယ်]
[ဘယ်တော့ သစ်တော်သီးလေးတွေ ဘယ်တော့ အသီးသီးလာမှာလဲ ? ဥက္ကဌကြီးရေ၊ သစ်တော်သီးစားပြီး ထုတ်လုပ်ရေးမလုပ်ဘဲ မနေနဲ့နော်]
[ဥက္ကဌကြီးရေ ၊ချစ်ဖို့ကောင်းတဲ့ဇနီးလေးနဲ့ မျိုးဗီဇဖလှယ်ပြီး သားသားမီးမီးလေး အမြန်ဆုံးရလာပါစေလို့ ဆုတောင်းပေးပါတယ်]
…
လုလီ မှတ်ချက်များကိုမြင်ပြီးနောက် သူ့ဗိုက်ကိုငုံ့ကြည့်လိုက်သည်။ တကယ်တော့ ပေါင်မုန့်လုံးလေးက ဒီထဲမှာ ရှိနေပြီပဲ။ ဥက္ကဌကြီးက တကယ်တော်တယ်။ လုလီသည် ဟောင်ကောင်တွင် နှစ်လနီးပါး နေထိုင်ခဲ့ပြီး ချီချန်းရန်သည်လည်း လုလီနှင့်အတူနေထိုင်ကာ နေ့စဉ် အိမ်ထဲတွင်သာ ရုံးအလုပ်များကိုင် တွယ်ခဲ့သည်။ ယခုဆိုလျှင် သုံးလပြည့်မြောက်ပြီဖြစ်ကာ ယခင် လုလီပြောခဲ့သည့် ကိုယ်ဝန်သုံးလပြည့်လျှင် အိမ်ပြန်မည်ဟူသည့်စကားအတိုင်း အိမ်ပြန်ရန်အချိန်တန်ပြီဖြစ်သည်။
အဘွားချီသည် ကိုယ်ဝန်ရှိနေသော မြေးချွေးမကိုတွေ့ရန် မစောင့်နိုင်တော့ပေ။
ချီချန်းရန်သည် လုဟမ့်ရုန်နှင့်တိုင်ပင်ပြီး ထိုသဘောတူစာချုပ်ကို ဖခင်ဖြစ်သူနှင့် အရင်လတ်မှတ်ရေးထိုးရန် စီစဥ်ခဲ့သည်။ ထို့သို့ စီစစ်ပြီးပြဿနာမရှိကြောင်း သေချာသွားပါမှ နှစ်ဦးစလုံး လက်မှတ်ထိုးနိုင်မည်ဖြစ်သည်။
ချီချန်းရန်သည် မူလက လုဟမ်ရုန်အား အကူအညီတောင်းကာ လုလီကို သဘောတူစာချုပ်တွင် လက်မှတ်ရေးထိုးခိုင်းရန်စီစဉ်ထားပြီး၊ မည်သည့်ပြဿနာမျှ မရှိကြောင်း အတည်ပြုပြီးမှသာ ထပ်မံ၍ လက်မှတ်ရေးထိုးမည်ဟု ရည်ရွယ်ခဲ့သည်။ လုလီသည် ဖခင်ဖြစ်သူ၏စာကြည့်ခန်းထဲတွင် ထိုင်နေစဉ် မိသားစုရှေ့နေမှ စာချုပ်ပါအချက်အလက်များကို တစ်ခုပြီးတစ်ခုရှင်းပြပေးသည်။ အားလုံးပြီးဆုံးသောအခါ လုလီပါးစပ် အဟောင်းဖြစ်သွားကာ ခဏတာ ထိတ်လန့်သွားခဲ့သည်။
ချီချန်းရန် ရူးသွားပြီလား ?
ဤစာချုပ် လက်မှတ်ထိုးလိုက်သည်နှင့် အနာဂတ်တွင် ၎င်းတို့ ကွာရှင်းပြတ်စဲခဲ့ပါက လုလီ၏အသားတင်ပိုင်ဆိုင်မှုသည် Forbes စာရင်းဝင်အဆင့်ထိ ချမ်းသာလာမည်ဖြစ်သည်။ လုဟမ်ရုန်သည် ချီချန်းရန်၏ပြတ်သားမှုကိုစဉ်းစားရင်း လုလီအားကြည့်လာသည်။
လုလီ: "ဒယ်ဒီ"
လုဟမ်ရုန်သည် သူကိုယ်တိုင်ရွေးချယ်ထားသော သမက်ဖြစ်သူအား ပြန်မြင်ယောင်ကာ အေးစက်သောမျက်နှာဖြင့် "သမီး ဘယ်လိုလုပ်မှာလဲ ?" သူ ဆက်ပြောသည်။
“လက်မှတ်ထိုးမထိုးက သမီး အပေါ်မှာပဲ မူတည်တယ်" လုလီ ဤကိစ္စကို ဆုံးဖြတ်ချက် ချပြီးသားဖြစ်ရာ အဖြေရှိနေသည်။
"သမီး လက်မှတ်မထိုးဘူး"
"သမီးမှာလည်း ပိုက်ဆံရှိတယ်၊ သူ့ပိုက်ဆံကို ဘာလို့ ယူရမှာလဲ ?" ဟု တုံ့ပြန်လိုက်သည်။ ယခု သူလည်း ချမ်းသာသော သူဌေးသမီးအဖြစ် ရှိနေသည်မဟုတ်ပါလား ?
လုဟမ်ရုန် : “ကောင်းပြီလေ" လုလီ ထိုစာချုပ်ကိုကိုင်ကာ ချီ ချန်းရန်ကို ပြန်ပေးရန် အခန်းထဲဝင်သွားသည်။ လုလီ လက် မှတ်မထိုးရန် ဆုံးဖြတ်ထားသော်လည်း စိတ်ထဲတွင် ပျော်ရွှင်ပြီး သူ့အား ကျေးဇူးတင်နေမိသည်။ သူ ထိုစာချုပ်ကို ချီချန်းရန်ရှေ့ တင်ပေးလိုက်ပြီး
"ရော့..." ချီချန်းရန် စာချုပ်ကိုယူပြီး လှန်ကြည့်လိုက်သည်။
"မင်း လက်မှတ်ထိုးပြီးပြီလား ?" လက်မှတ်နေရာ ကွက်လပ်ဖြစ်နေသေးသည်ကို သူ မြင်လိုက်ရသည်။
လုလီ ခေါင်းကို မော့လျက် "ကျွန်မလတ်မှတ်မထိုးပေးနိုင်ဘူး"
"ရှင်နဲ့အတူရှိနေတာ ရှင့် ပိုက်ဆံတွေကိုမက်လို့မဟုတ်ဘူး"
"အနာဂတ်မှာ ရှင်နဲ့အတူ စားသောက်ဆိုင် ဖွင့်ရမယ်ဆိုလဲရတယ်၊ ကျွန်မ ရှင့်အတွက် ပန်းကန်ဆေးပေးဖို့ အဆင်သင့်ပဲ၊ ကျွန်မ ရှင့်ဘေးမှာ ရှိနေတာ ရှင့်ပိုက်ဆံတွေကြောင့် မဟုတ်ဘူး" ချီချန်းရန် မည်သည့်စကားမှ မတုံ့ပြန်ပဲ သူ့လက်ထဲသို့ ဘောပင်ကိုထည့်ကာ လက်မှတ်ထိုးရမည့် စာမျက်နှာကို ဖွင့်ပြီး သူမ ရှေ့တွင် ချပေးလိုက်သည်။ လုလီသည် သူမလက်ထဲရှိ ဘောပင်ကို ဆုပ်ကိုင်လိုက်ပြီး ခေါင်းလှည့်ကာ နှာရှုံ့လိုက်သည်။
"ကျွန်မ ဒီစာချုပ်မှာလက်မှတ်ထိုးပြီးရင် ရှင့်ကိုချက်ချင်းကွာရှင်းပစ်မှာ ရှင် မကြောက်ဘူးလား ?"
ချီချန်းရန် - "မကြောက်ဘူး" လုလီ လက်ထဲရှိ ဘောပင်ကိုချပြီး ချီချန်းရန်၏ ရင်ခွင်ထဲသို့ တိုးဝင်လိုက်သည်။
"ကျွန်မ လက်မှတ်မထိုးပေးနိုင်ဘူး"
"ကျွန်မ ရှင့်ပိုက်ဆံတွေမလိုချင်ဘူး။ ဒါပေမယ့် တနေ့ ရှင် ကျွန်မကို မချစ်တော့ရင် ကွာရှင်းစာချုပ်မှာ လတ်မှတ်ထိုးပေးမှာပါ"
"ပြီးရင် ရှင့်ကလေးကိုခေါ်သွားပြီး တခြားလူကို 'ပါးပါး'လို့ခေါ်ခိုင်းမယ်"
"လုပ်ရဲတယ်ပေါ့!" ချီချန်းရန် အံ့ကြိတ်လျက် ချက်ချင်းပင် သူမကို ဟန့်တားလိုက်သည်။
လုလီ: "ရှင်တောင် လုပ်ရဲရင် ကျွန်မက ဘာလို့ မလုပ်ရဲရမှာလဲ?" လုလီ ဆိုလိုသည်ကို ချီချန်းရန် နားလည်သွားပြီး သက် ပြင်းချလိုက်သည်။ သူ မည်သို့စမ်းသပ်ဝံ့မည်နည်း? ချီချန်းရန် လက်မှတ်ထိုးရန် နောက်တစ်ကြိမ် တောင်းဆိုခဲ့သော်လည်း လုလီ ငြင်းဆန်နေဆဲဖြစ်ရာ သူ စာချုပ်ပါ အချက်အလက်အချို့ကို အနည်းငယ်ပြင်ဆင်ကာ လက်မှတ်ထိုးစေခဲ့သည်။ ဤအမျိုးသားသည် သူ့ပိုင်ဆိုင်မှုများကို ခွဲဝေရန် အလျင်လိုနေသောအခါ လုလီ ခေါင်းငုံ့ကာ ဗိုက်ကို နူးညံ့စွာ လက်ဖြင့်ပွတ်သပ်လိုက်သည်။
မည်သို့ပင်ဆိုစေကာမူ ယခုအချိန်တွင် ၎င်းတို့သည် စုံတွဲအစစ် အမှန် ဖြစ်နေကြပြီဖြစ်သည်။