← Chapters

Pregnant Woman (2)

Vol. 10 Ch. 160

Pregnant Woman (2)

Vol. 10 Ch. 160

လုလီ ကိုယ်ဝန်ဆောင်ပြီးသုံးလအကြာတွင် S City သို့ပြန်ရန် နှစ်ယောက်သား လေယာဉ်ပေါ်သို့ ခြေချခဲ့ကြသည်။ လုလီသည် မိဘအိမ်တွင် အချိန်အတော်ကြာနေထိုင်ခဲ့ပြီး Suhe Bay သို့ ပြန်သောအခါ သူအလွန်စိတ်လှုပ်ရှားနေခဲ့သည်။ ဟောင်ကောင်သည် သူ့အိမ်ဖြစ်ပြီး ဤနေရာတွင် မိသားစုနွေးထွေးမှုကို ခံစားခဲ့ရ သောနေရာဖြစ်သည်။

၎င်းတို့ City S သို့ ပြန်လည်ရောက်ရှိသောအခါ လုလီ အိမ်တွင်သာ ကိုယ် န်ကိုဂရုစိုက်ရင်း စိတ်လက်ပေါ့ပါးစွာဖြင့် နေထိုင်ခဲ့သည်။ ပထမသုံးလတွင် ကိုယ်ဝန်လက္ခဏာပြသခဲ့ပြီး စတုတ္ထလသို့ ရောက်သောအခါ ဗိုက်အနည်းငယ်ထွက်လာသည်။ သို့သော် ပုံမှန်အချိန်တွင် ကြည့်ပါက သိသိသာသာ ထင်ရှားနေခြင်းမျိုးမရှိပေ။ ဗိုက်ထဲရှိ ကလေးအရွယ်အစားသည် သူ အစားစားပြီး ဗိုက်ပြည့်လာသည့် အနေ အထားလောက်သာရှိသည်။

စတုတ္ထလတွင် ကလေးလှုပ်ရှားနေသော လက္ခဏာများ စတင်ခံစားလာရပြီး ဗိုက်ထဲတွင် တစ်စုံတစ်ဦးက လုလီ၏ ဗိုက်ထဲတွင် ပူပေါင်းများ မှုတ်နေသကဲ့သို့ ခံစားရသည်။ ဤသည်မှာ ကလေးငယ်သည် ရေမြွှာထဲတွင် ကူးခတ်နေခြင်းဖြစ်ကြောင်း ဆရာဝန်၏ပြောကြားချက်အရ သိရှိခဲ့သည်။ ကိုယ်ဝန်ဆောင်ကာလအတွင်း ရောဂါလက္ခဏာအားလုံး ကောင်းမွန်ပြီး မိခင်ရော ကလေးပါကျန်းမာသည်။

လုလီသည် ပုံမှန်အတိုင်း သူ့မိုဘိုင်းလ်ဖုန်းဖြင့်ကိုယ်ဝန်ဆောင် မှတ်တမ်းတင်ထားခဲ့သည်။ ထို့နောက် ဆိုဖာပေါ်တွင် ထိုင်ကာ ပန်းသီးတစ်လုံးကို ကိုက်စားရင်း တီဗီတွင် ‘Spongebob Squarepants’ ကာတွန်းကား ကြည့်နေသည်။ ခဏအကြာတွင် အိမ်အကူ ရောက်လာပြီး ညစာအတွက် ဘာစားချင်သည်ကို မေးလာသည်။ လုလီ နှုတ်ခမ်းဆူကာ ဟင်းအချို့ကို ပေါ့ပေါ့ပါးပါးပြောလိုက်သည်။

သူ မူလက အသားလုံးစားရန် စိတ်ကူးထားသော်လည်း ချီချန်းရန်သည် ညပိုင်းတွင် ပွဲတက်ရန်ရှိသဖြင့် အိမ်တွင် ညစာအတူစားရန် မဖြစ်နိုင်ခဲ့ပေ။ လုလီ ဖုန်းကို ယူပြီး ချီချန်းရန်ထံ WeChat မှ အသံမက်ဆေ့ချ်ပို့လိုက်သည်။

"ဘယ်တော့ပြန်လာမှာလဲ~?"

"အားလီက လောင်ကုန်းကို အရမ်းလွမ်းနေပြီ"

"ဘေဘီလေးကလည်း ပါးပါးကို အရမ်းလွမ်းနေပြီတဲ့~"

ပထမနှစ်ခုကို ပို့ပြီးနောက် ဒါကိုထပ်ထည့်လိုက်သည်။ လုလီ မက်ဆေ့ပို့ပြီးနောက် ဆိုဖာပေါ်တွင် ထိုင်ရင်းနှုတ်ခမ်းကို စုဝိုင်းထားလိုက်သည်။ သေချာသည်မှာ တစ်မိနစ်အတွင်း ချီချန်းရန်၏မက်ဆေ့ချ်ဝင်လာသည်။

[ကိုးနာရီမထိုးခင် ပြန်လာခဲ့မယ်]

[အိမ်မှာ ကောင်းကောင်းနေပြီး ညစာကို သေချာစားနော်]

[ချစ်တယ်၊ အီမိုဂျီ]

လုလီ၏လွှမ်းမိုးမှုကြောင့် ချီချန်းရန်ပင် Emoji များ စတင်အသုံးပြုလာခဲ့သည်။ လူလီ သူမ၏ဖုန်းကို ဆုပ်ကိုင်ကာ ဆိုဖာပေါ်တွင် ခြေထောက်များကို လှုပ်ရမ်းနေသည်။ ချီချန်းရန် မနက်ခင်း အလုပ်မသွားခင် သူ့ကို အနမ်းပေးခဲ့ပြီး ထိုအနမ်းကို ယခုချိန်တွင် ပြန်တွေးမိကာ သူ့ပတ်ဝန်းကျင်၌ ပန်းရောင်ပူဖောင်းများ ဝန်းရံနေသလို ခံစားရသည်။ လုလီအိမ်တွင် စိတ်ရှည်လက်ရှည်စောင့်ဆိုင်း နေခဲ့သည်။ ည ၉ နာရီ မတိုင်ခင်၊ ၈ နာရီခွဲလောက်မှာပင် ချီချန်းရန် အိမ်ပြန်ရောက်လာခဲ့သည်။

"လောင်ကုန်း!"

ချီချန်းရန်ကို မြင်လိုက်ရသောအခါ လုလီသည် ပြေးသွားကာ ဖက်ရန် ဆန္ဒပြင်းပြခဲ့သည်။ လုလီ မပြေးလာမီ ချီချန်းရန် ချက်ချင်းဟန့်တားလိုက်သည်။

“ဒီကိုမလာနဲ့”

"ကိုယ် ဝိုင်နည်းနည်းသောက်လာလို့ ရေအရင်ချိုးလိုက်ဦးမယ်"

ချီချန်းရန်သည် ဝိုင်နံ့ကြောင့် ကိုယ်ဝန်ဆောင်အမျိုးသမီးနှင့် နီးကပ်စွာထိတွေ့ခြင်းသည် မသင့်တော်ဟု ထင်သည်။ လုလီ ခေါင်းညိတ်ကာ ခပ်လှမ်းလှမ်းတွင် ရပ်ပြီး ပြောလိုက်သည်။

"အွန်း၊ သွားချိုးလေ"

ချီချန်းရန် အရင်အပေါ်ထပ် တက်သွားပြီး လုလီလည်း သူ့နောက်ကနေ လိုက်သွားခဲ့သည်။ လုလီ အိပ်ခန်းထဲတွင် စောင့်နေစဥ် ချီချန်းရန်န် ရေချိုးခန်းထဲ ဝင်သွားသောအခါ ရေစီးသံကြောင့် စိတ်ချမ်းသာမှုကို ခံစားရသည်။ မိနစ်နှစ်ဆယ်ခန့်ကြာပြီးနောက် ရေချိုးခန်းတံခါး နောက်ဆုံးတွင် ပွင့်လာခဲ့သည်။

လုလီ တံခါးပွင့်ချိန်တွင် ထသွားခဲ့ပြီး ချီချန်းရန်က သူမ လာသည်ကို မြင်သောအခါ သူ့လက်များကို သဘာဝအတိုင်း ဖွင့်ထားလိုက်သည်။ လုလီသည် ချီချန်းရန်၏ ရင်ခွင်ထဲသို့ ခေါင်းစိုက်ဝင်ရောက်သွားပြီး သူ့ကိုယ်ပေါ်ရှိ ရေချိုးဆပ်ပြာနံ့ကို ရှူရှိုက်မိလိုက်သည်။ သူမသည် သူ့ကိုယ်ပေါ်မှ အနံ့ကို အလွန်နှစ်သက်ပြီး အနီးကပ်ရှိနေတိုင်း အမြဲတမ်း ပို၍ လုံခြုံသည်ဟု ခံစားရသည်။ နှစ်ယောက်လုံး ပင်ပန်းနေကြသဖြင့် လုလီလည်း ရေချိုးရန်ပြင်လိုက်သည်။

ချီချန်းရန် ဟောင်ကောင်တွင် နေထိုင်စဉ်က အိမ်ရှိရေချိုးခန်းကို ပြန်လည် ပြုပြင်မွမ်းမံရန် အလုပ်သမားများကို ညွှန်ကြားထားခဲ့ပြီး ကြွေပြားအားလုံးကို ချော်လဲမှုမှ ကာကွယ်ပေးနိုင်မည့် ဒီဇိုင်းများဖြင့် အစားထိုးထားသည်။ ရေချိုးပြီးနောက် လုလီခန္ဓာကိုယ်မှာ ပန်းနုရောင်သန်းနေပြီး ခန္ဓာကိုယ်ပေါ်မှ ရေများကို သဘက်ဖြင့် သုတ်လိုက်ပြီး အဝတ်ဝတ်ရန် ပြင်လိုက် စဥ် ညအိပ်ဝတ်စုံယူရန် မေ့လာသည်ကို သတိရသွားသည်။

"လောင်ကုန်း~"

လုလီ ရေချိုးခန်းအတွင်းမှ အော်ပြောလိုက်သည်။ ချီချန်းရန် စိုးရိမ်စိတ်ဖြင့် ချက်ချင်းမေးလိုက်သည်။

"လီလီ ဘာဖြစ်တာလဲ ?”

"ကျွန်မ ညအိပ်ဝတ်စုံ ယူဖို့ မေ့လာလို့၊ ယူပေးပါဦး"

ချီချန်းရန် သက်ပြင်းချလိုက်ပြီး “အင်း၊ ကိုယ်ယူလာပေးမယ်”

သူက နူးညံ့ပြီး နို့နှစ်ရောင် ညဝတ်အင်္ကျီကို ရွေးယူလိုက်သည်။ ချီချန်းရန် ညအိပ်ဝတ်စုံကိုင်ပြီး ဝင်လာသည်ကို မြင်သည်နှင့် လုလီ လက်ကို ဆန့်ထုတ်လိုက်သည်။ ချီချန်းရန် ချဉ်းကပ်လာခဲ့ပြီး သူမ၏ ညဝတ်အင်္ကျီကို စင်ပေါ်တွင် တင်လိုက်၏။ သူ၏ လက်ချောင်းများက လုလီကိုယ်တွင် ပတ်ထားသော တဘက် ၏အစွန်းနားသို့ ရောက်လာခဲ့သည်။ ၎င်းတို့သည် လက်ထပ်ပြီး အတူနေထိုင်ခဲ့သည်မှာ အချိန်ကြာပြီဖြစ်ရာ လုလီတွင် မည်သည့် ရှက်စိတ်မှ ရှိမနေတော့ပေ။

ချီချန်းရန် လုလီကိုကြည့်ပြီး သူ့လည်ဇလုပ်နေရာ အနည်းငယ်လှုပ်ရှားသွားကာ သူမ၏ရေချိုးတဘက်ကိုဖြည်ချလိုက်သည်။ ထို့နောက် သူ ဂရုမစိုက်မိအောင် အတင်းထိန်းချုပ်ထားပြီး မျက်လုံးများကို တမင်တကာ လွှဲထားလိုက်သည်။ တဘက်ကို ဖြေပြီးနောက် လုလီ ဝတ်ဆင်နိုင်ရန် ညဝတ်အင်္ကျီကိုချက်ချင်း ယူလာပေးလိုက်သည်။ သူ အင်္ကျီကို ဦးစွာ လည်ပင်းပေါက်မှ ခေါင်းကို စွပ်လိုက်ပြီးနောက် လက်နှစ်ဖက်ကို အင်္ကျီလက်စွပ်များမှ ဆွဲထုတ်လိုက်သည်။ လုလီသည် ညဝတ်အင်္ကျီဝတ်ဆင်ပြီးနောက် သူ့ရှေ့တွင် နာခံစွာရပ်နေသည်။

ဤသည်ကို မြင်မှသာ ချီချန်းရန် လုလီကို တည့်တည့် ကြည့်ရဲသည်။ အဝတ်အစားဝတ်ပြီးသွားလျှင် အဆင်ပြေလိမ့်မည်ဟု သူ ထင်ခဲ့သော်လည်းမှားသွားခဲ့သည်။ လုလီအတွက် ညဝတ် အင်္ကျီကိုပင်မှားရွေးခဲ့မိသည်။

ရေချိုးပြီးသော လုလီ၏ကိုယ်ခန္ဓာမှာ ပန်းရောင်သန်းနေပြီး ကိုယ်ဝန်ဆောင်ချိန်တွင် သူမ၏အသားအရေမှာ အလွန်နူးညံ့လှသည်။ နို့နှစ်ရောင် ပြင်သစ်ဖောင်းလက် အင်္ကျီလည်ပင်း နိမ့်သော ညဝတ်အင်္ကျီကို ဝတ်ဆင်ထားပြီး၊ ထိုနေရာတွင် ရနံ့မွှေးကြိုင်ကာ နူးညံ့ပြီး အလွန်ဆွဲဆောင်မှုရှိသော နို့နှစ်ရောင် ဖက်ထုပ်လေးတစ်လုံးကဲ့သို့ ရပ်နေသည်။ လုလီ ကိုယ်ဝန်ရှိပြီးနောက်ပိုင်း နှစ်ယောက်လုံး ရင်းနှီးသောဆက်ဆံရေးမျိုးမလုပ် ဖြစ်ကြတော့ပဲ ညအိပ်လျှင် သက်တောင့်သက်သာရှိစေရန် ချီချန်းရန် သူ့ကို ပွေ့ဖက်ပြီးသာအိပ်စက်လေ့ရှိသည်။

ပထမ သုံးလပတ်အတွင်း အတူနေရန် မသင့်တော်ကြောင်း သူသိထားပြီး ပွေ့ ဖက်ရုံဖြင့်ပင် ကျေနပ်ခဲ့ရသည်။ သို့သော် အခု... နှစ်ရက်အကြာက သူ ဆရာဝန်ကိုမေးမြန်းခဲ့ရာ ဆရာ ဝန်က အလယ်အလတ်အဆင့် လိင်ဆက်ဆံမှုသည်လုံးဝ အဆင်ပြေကြောင်း ပြောခဲ့သည်။ ထိုအချိန်မှစ၍ သူ့စိတ်ခံစားချက်များ စတင်ပြောင်းလဲလာခဲ့သည်။

ချီချန်းရန် လုလီကို နို့နှစ်ရောင်ဖက်ထုပ်လေးကဲ့သို့ မြင်တွေ့ရသောအခါ သူ့အသက်ရှူသံသည် အနည်းငယ် ပြင်းလာခဲ့သည်။ ချီချန်းရန် မနေနိုင်ပဲ စဥ်းစားလိုက်မိသည်။

"သူ့စိတ်ထဲမှာတော့ ဒီသစ်တော်သီးလေးက အရိုးတွေတောင် ကြေမွသွားလောက်အောင် ချိုမြိန်လွန်းတယ်။"

ပန်းရောင်သန်းပြီး ချိုမြိန်သော သစ်တော်သီးလေးသည် ယခု သူ့ရှေ့တွင် ရပ်နေသည်။ လုလီ သမ်းဝေပြီး သူ့ကို မော့ကြည့်လိုက်သည်။

"လောင်ကုန်း ?"

"အင်း" ချီချန်းရန် လုလီ၏ အနည်းငယ် ပူထွက်နေသော ဗိုက်ကို လက်လှမ်းလိုက်သည်။

လူလီက တမင်တကာ ဗိုက်ကို တင်းထားရင်း- "ဒီနေ့တော့ ငါးတစ်ကောင် ပူပေါင်းမှုတ်နေသလိုပဲ"

ချီချန်းရန် - "အင်း၊ ဟုတ်တယ်"

သူ လုလီရဲ့ဗိုက်ကို ညင်သာတဲ့အကြည့်များဖြင့် ပွတ်သပ်ပေးလိုက်သည်။

လုလီ : "ဟင်?" ချီချန်းရန် ခေါင်းငုံ့ကာ သူ့အား နမ်းလိုက်သည်။ လုလီ အနမ်းကြောင့် မူးဝေသွားသည်။ ချီချန်းရန် စိတ်ကျေနပ်သည်အထိ နမ်းပြီးနောက် ပြန်လွှတ်ပေးလိုက်ပြီး နီရဲနေသော မျက်လုံးများဖြင့် လုလီအား ကြည့်ကာ သူမခြေထောက်များကိုပွေ့ချီလျက် အလျားလိုက်သယ်သွားသည်။ လုလီ လိမ့်ကျမည်စိုး၍ ချီချန်းရန်လည်ပင်းကို အလျင် အမြန်ဖက်လိုက်သည်။

ချီချန်းရန် လုလီကို ရေချိုးခန်းမှ ပွေ့ချီလာပြီး ကုတင်ပေါ် ညင်သာစွာချပေးလိုက်ကာ သူ့ လက်နှစ်ဖက်ကို သူမမျက်နှာဘေးတွင် ထောက်ထားလိုက်သည်။ ၎င်းတို့ အတူနေထိုင်ခဲ့သည်မှာ ကာလကြာမြင့်ပြီဖြစ်၍ သူ့မျက်လုံးထဲက အဓိပ္ပာယ်ကို မြင်တာနဲ့ လုလီ နားလည်သည်။ ချီချန်းရန် ထိန်းချုပ်ထားပြီး လုလီ၏အဖြေကို စောင့်မျှော်နေသည်။ လုလီ သူ့အင်္ကျီအနားစကို ဆုပ်ကိုင်လိုက်သည်။

ကျန်းမာရေးစစ်ဆေးမှုအပြီး ဆရာဝန်မှ ထိုအကြောင်း ရှင်းပြခဲ့ပြီးဖြစ်သော်လည်း လုလီ ထိုအတွက် ဝေခွဲမရဖြစ်နေခဲ့သည်။

ချီချန်းရန်၏အနမ်းနှင့် အထိအတွေ့များကြောင့် ခဏအတွင်းမှာပင် သူ့ခန္ဓာကိုယ်ကလည်း သိမ်မွေ့ပြီး ထိလွယ်ရှလွယ် ပြောင်းလဲမှုတွေ ဖြစ်ပေါ်လာတာကို ခံစားလိုက်ရသည်။ လုလီ မျက်နှာနီရဲလာပြီး စိတ်ထဲတွင် ရှုပ်ထွေးနေသည်။

သူ့ဗိုက်ထဲတွင် ရင်သွေးလေး ရှိနေကာ အသိစိတ်ရှိနေလောက်ပြီဖြစ်ရာ ကလေးရှေ့တွင် မကောင်းသောအရာများ သင်ပေးမိသလို ဖြစ်နေလေမလားဟု လုလီ စိတ်ပူနေမိသည်။ ဆရာဝန်က လုံးဝ အဆင်ပြေတယ်လို့ ပြောခဲ့တာပဲ။ ချီချန်းရန်၏ အထိ အတွေ့မှတဆင့် သူ့စိတ်များ ပျော့ပျောင်းလာပြီး ထိုအရာကို လိုချင်လာသည်။

လုလီ စိတ်ထဲ ရှုပ်ထွေးနောက်ကျိနေရင်း အဆုံးတွင် မျက်လုံးကိုပင့်ကာ ချီချန်းရန်အားကြည့်ပြီး တံတွေးမြိုချကာ မေးလိုက်သည်။

"ရှင် လိုချင်လား ?"

All Chapters