Press Conference
Vol. 10 Ch. 161
ချီချန်းရန်သည် လူလီ၏ ချစ်စဖွယ် ရိုးသားသော ပုံစံကို မြင်တွေ့ရသောအခါ သူမကို နူးညံ့စွာ နမ်းလိုက်သည်။
"အင်း"
…
လုလီ ကိုယ်ဝန်ရှိသည့်သတင်းသည် သူမပတ်ဝန်းကျင်မှ ဆွေမျိုးမိတ်ဆွေများထံ တဖြည်းဖြည်း ရောက်ရှိသွားခဲ့ရာ ကလေးမွေးဖွားခြင်း မပြုမီကပင် လက်ဆောင်များစွာ ရရှိခဲ့သည်။ ချောင်ကျာယိကလည်း 'နောက်ဆုံးတော့ နင်တိုမိသားစုမှာ အမွေဆက်ခံမယ့်သူရှိလာပြီပေါ့' ဟု နောက်ပြောင်ပြောဆိုခဲ့သည်။
'အမွေဆက်ခံသူ' ဟူသောစကားကို ကြားသောအခါ လုလီ ခါးကိုထောက်လျက် မကျေမချမ်း ရေရွတ်လိုက်သည်။ ကိုယ်ဝန်ပထမလေးလတွင် သူ့ဝမ်းဗိုက်သည် ပူထွက်နေခြင်း မရှိသော်လည်း ငါးလသို့ ရောက်သောအခါ သိသိသာသာဖောင်း ကားလာသည်။ ယခင်က ခန္ဓာကိုယ်နှင့်ကွတ်တိ ဖြစ်နေသော အဝတ်အစားများပင် ယခုချိန်တွင် ပူထွက်နေသော သူ့ဗိုက်ကို ရှင်းရှင်းလင်းလင်း ဖော်ပြနေပြီဖြစ်သည်။
လုလီ ကိုယ်ဝန်ရှိလာပြီး နောက်ပိုင်းတွင် လူများသော နေရာများသို့ သွားလာခြင်းမရှိပဲ သွားလာခဲ့လျှင်လည်း လျှို့ဝှက်ဓာတ်ပုံရိုက်ခံရခြင်းမှ ကာကွယ်ရန် သက်တော်စောင့်များမှ လိုက်ပါ စောင့်ရှောက်ခဲ့သည့်အတွက် မိသားစုနှင့် ရင်းနှီးသောမိတ်ဆွေများမှအပ ပြင်ပကမ္ဘာတွင် သူကိုယ်ဝန်ရှိနေသည့် သတင်းကို မသိရှိကြသေးချေ။
"သစ်တော်သီးစုံတွဲ" ၏ Super Talk တွင်လည်း ပရိသတ်များ နေ့စဉ် ဝင်ရောက်စစ်ဆေးလျက် ရှိသည်။ ယခုနှစ်အတွက် ရှန့်ကျင့်၏ထုတ်ကုန်အသစ် မိတ်ဆက်ပွဲ ပြန်လည်ရောက်ရှိလာခဲ့ပြီ။
လုလီသည် လွန်ခဲ့သည့်နှစ်က စိတ်ပုံမှန် မဟုတ်သောအချိန်တွင် စင်အောက်မှာ ထိုင်ပြီး ချီချန်းရန်အား အသည်းပုံ အမှတ်အသားလုပ်ပြခဲ့သည်ကို သတိရပြီး ရှက်ကိုးရှက်ကန်းဖြင့် ခေါင်းကိုခါးယမ်းလိုက်သည်။ ချီချန်းရန်သည် လုလီ၏ဝမ်းဗိုက်ကို ပွတ်သပ်ရင်း ယခုနှစ်တွင်လည်း ပွဲတက်ရောက်ရန် ရှိ မရှိ မေးမြန်းခဲ့သည်။ မေးသည့်အခါ သူ၏ မျက်နှာအမူအရာမှာ တုံ့ဆိုင်းနေပုံရသည်။ သတင်းစာရှင်း လင်းပွဲတွင် လူအများအပြား ရှိနေမည်ဖြစ်ရာ တဖြည်းဖြည်း ကြီးထွားနေသော လုလီ ဗိုက်အတွက် တစ်စုံတစ်ခု အမှားအယွင်း ဖြစ်မည်ကို ချီချန်းရန် စိုးရိမ်နေသည်။
လုလီ ဆိုဖာပေါ် ပျင်းရိစွာ မှီရင်း “လာရမှာပေါ့"
"ဥက္ကဌကြီးရဲဇနီးဆိုတော့ တက်ရောက်ပြီး အားပေးသင့်တယ်မဟုတ်လား ?"
"ရှင် ကျွန်မကို ကာကွယ်ပေးရမယ်နော်၊ ရှင့် ကလေးက အရမ်းထွားလာပြီ၊ခုနကလည်း အထဲကနေ အားနဲ့ကန်လိုက်သေးတယ်" ချီချန်းရန်သည် လုလီ၏ ဖောင်းကားနေသော ဝမ်းဗိုက်ကို ကြည့်ပြီး ရယ်မောကာ ခေါင်းငြိမ့်လိုက်သည်။
"အင်းပါ၊ ကိုယ် ကာကွယ်ပေးပါ့မယ်"
လုလီသည် ချီချန်းရန်အား ပေါ့ပေါ့ပါးပါးသာ ပြောလိုက်ခြင်းဖြစ်သော်ငြား သတင်းစာရှင်းလင်းပွဲ နေ့တွင် အလွန်ဂရုစိုက်ကာ အကာအကွယ်လုပ်ပေးထားခဲ့သည်။
လုလီ ပွဲသို့ရောက်သောအခါ သူ့အား ရှေ့၊ နောက်၊ ဘယ်၊ ညာ ပတ်ပတ်လည်တွင် ကိုယ်ရံတော်များ ရှိနေပြီး သူထိုင်ခုံဘေး၌ ပင် အနက်ရောင်ဝတ်စုံနှင့် ကိုယ်ရံတော်များအပြည့်စောင့်ကြပ်နေသည်ကို တွေ့ရသည်။
“...”
ထိုနေ့တွင် သူ မိတ်ကပ်ပါးပါးလိမ်းပြီး ဆံပင်များကိုကောက်ထားကာ သူ့ဗိုက်ကို ကောင်းစွာဖုံးကွယ်ပေးနိုင်ပြီး သွယ်လျသောခြေလက်များကို ပေါ်လွင်စေမည့် ခပ်ပွပွ အဝါရောင်ပိုးသားအင်္ကျီကို ဝတ်ဆင်ထားသည်။ လုလီ ထိုင်ခုံတွင်ထိုင်ကာ အဖွင့်အမှာစကားပြောမည့်အချိန်ကို စောင့်ဆိုင်းနေခဲ့သည်။ မီဒီယာများနှင့်သတင်းထောက်များ၊ ဓာတ်ပုံဆရာများလည်း တက်ရောက်ခဲ့ကြပြီး ရှန့်ကျင်၏ တရားဝင်ချန်နယ်မှလည်း တိုက်ရိုက်ထုတ်လွှင့်ခဲ့သည်။
ယနေ့တိုက်ရိုက်ထုတ်လွှင့်မှုတွင် ရှန့်ကျင်၏ ဝန်ထမ်းများ၊ နည်းပညာဝါသနာ ပါသူများသာမက သစ်တော််သီးစုံတွဲ၏ မရေမတွက်နိုင်သော CP ပရိသတ်များလည်း စောင့်ကြည့်နေကြသည်။ ထုတ်လွှင့်မှုစတင်သည်နှင့် မှတ်ချက်များ ဆက်တိုက်တက်လာသည်။
[လုလီ ဘယ်မှာလဲ ? သူဒီနှစ် မလာဘူးလား?]
[ဆုတောင်းရမှာပဲ၊ Fan တွေလည်း ရောက်နေပြီ!]
[လီကျဲရဲ့ Weibo မှာတော့ ဒီပွဲနဲ့ပတ်သက်ပြီး ဘာမှ မတင်ထားဘူး၊ သူ Weibo မှာ ပို့စ်မတင်တာ တစ်လလောက်ရှိပြီ၊ Crying emoji]
[မနှစ်ကတောင် ချစ်စရာအသံလေးနဲ့ သူ့လောင်ကုန်းကိုအားပေးနေခဲ့သေးတယ်၊ ငါ အခုထိ အဲ့ဓာတ်ပုံတွေကို ပြန်ကြည့်နေတုန်းပဲ]
[ငါတို့ ကံဆိုးတယ်လို့ပဲ ပြောရမလား ? လီကျဲက ပိုက်ဆံချမ်း သာတော့ ပွဲဦးထွက်လုပ်ပြီး ပိုက်ဆံရှာစရာလည်းမလိုဘူး၊ ဒါ့အပြင် သူ့ဘေးမှာ ရုပ်ချောပြီး အရည်အချင်းရှိတဲ့ လောင်ကုန်းလည်း ရှိနေတယ်၊ Lemon Emoji]
…
မီးများမှိန်သွားပြီး ပွဲအား စတင်ရန် အချိန်ကျရောက်လာသည်။
အားလုံး ငြိမ်သက်သွားပြီးနောက် နှစ်မိနစ်အကြာတွင် နားကြပ် တပ်လျက် ချီချန်းရန် ပေါ်လာသည်။ ပွဲကျင်းပရာနေရာမှ လက်ခုပ်သံများ ထွက်ပေါ်လာခဲ့၏။ လုလီလည်း လက်ခုပ်တီးလိုက်သည်။ ချီချန်းရန် စင်ပေါ်ရောက်သည်နှင့် စင်အောက်ရှိ အနက်ရောင်ဝတ်ထားသော သက်တော်စောင့်များကြားတွင် အထူးထင်ရှားနေသည့် အဝါရောင်ဝတ်စုံံနှင့်လုလီကိုချက်ချင်း မြင်သွားသည်။ နှစ်ယောက်သား မျက်လုံးချင်းဆုံသွားသည်။
ဤအခိုက်အတန့်တွင် စွမ်းဆောင်ရည် အပြည့်နှင့်ခန့်ငြားနေသော အမျိုးသားသည် စင်ပေါ်တွင် အထူးဆွဲဆောင်မှုရှိနေသည်။
၎င်းတို့ကြား စကားများစွာဖြင့် ဖော်ပြနေရန်ပင်မလိုပဲ တစ်ချက်ကြည့်လိုက်ရုံနှင့် တစ်ယောက်၏ ချစ်ခြင်းမေတ္တာကို တစ်ယောက်ဖတ်နိုင်ကြသည်။ တစ်ချိန်တည်းမှာပင် ကင်မရာသည် ဧည့်သည်ထိုင်ခုံများဘက်သို့ လှည့်လာသည်။ ဗီဒီယိုရိုက်ကူးသူသည် သတ္တိရှိစွာဖြင့် ရှေ့ဆုံးတန်းအလယ်ခုံတွင် ထိုင်နေသောအမျိုးသမီးကို အနီးကပ် ဗီဒီယို ရိုက်ကူးလိုက်သည်။
နောက်ဆုံးတွင် လုလီ ဖန်သားပြင်၌ပေါ်လာသည်။
သူ့ပုံစံသည် ပတ်ဝန်းကျင်အား မေ့လျော့နေသော နတ်သမီးလေးနှင့်တူသည်။ စင်ပေါ်ရှိ ခင်ပွန်းဖြစ်သူကိုသာ စူးစိုက်ကြည့်နေခဲ့သည်။
တိုက်ရိုက်ထုတ်လွှင့်မှုအား ကြည့်ရှုနေကြသော CP ပရိသတ်များသည် ဖန်သားပြင်ပေါ်တွင် ၎င်းတို့၏ နတ်သမီးလေးကို မြင်လိုက်ရသောအခါ အံ့အားသင့်သွားကြသည်။
[လုလီ..! လုလီ ဒီမှာဟေ့၊ သူ ဒီပွဲကို မလာဘူးလို့ ဘယ်သူပြောတာလဲ?]
[လီကျဲရယ် ဘယ်လိုတောင် ချစ်ဖို့ကောင်းနေတာလဲ! သူ့လောင်ကုန်းကို ကြည့်နေလိုက်တာများ ကြည့်ပါဦး၊ သူ့မျက် လုံးထဲ ကြယ်တွေကို တောက်ပလို့]
[ဒေါက်...ဒေါက်၊ သစ်တော်သီးစုံတွဲ တကယ်မိုက်တယ်ဟေ့!]
[ဥက္ကဌကြီးကလည်း လုလီကိုပဲ ကြည့်နေတာ။ သူတို့အချိုကိုကြည့်ပြီး ငါတော့ မပြုံးပဲ မနေနိုင်တော့ဘူး]
[သူ ဝတ်ထားတာလည်း ကြည့်ပါဦး၊ ဒဏ္ဍာရီထဲ နတ်သမီးလေးတစ်ပါးလိုပဲ]