← Chapters

အခန်း (၁၀၁)

Vol. 11 Ch. 101

အခန်း (၁၀၁)

Vol. 11 Ch. 101

🍉 Chapter 101

ဇာတ်ပို့သရုပ်ဆောင်အားလုံး ထက်မြက်လွန်းသောကြောင့် ပရိသတ်များ၏ အတွေးအမြင်များမှာ လုံးလုံး လျားလျား လွင့်စင်သွားခဲ့ခြင်းဖြစ်နိုင်သည်။ ထို့ကြောင့် စင်မြင့်၏အစွန်းတွင်ရပ်နေကာ အရာအားလုံးကိုအေးစက်စွာစောင့်ကြည့်နေခဲ့သည့်ကျီဖေးအား သူတို့ လစ်လျူရှုထားမိသည်။

ထိုသည်မှာ နတ်ဘုရားမထံနှလုံးသားတစ်ခုလုံး ပေးအပ်ထားသည့် ဧကရာဇ်သခင်ထံ ကျီဖေးပြေးလာပြီး ဓားနှင့် မထိုးမီအချိန်ထိသာဖြစ်သည်၊ လူတိုင်း ရုတ်တရက်လန့်နိုးသွားကြသည်။

ဟုတ်ပေသည်၊ ကျီဖေးသည် လူ့ငရဲမှလွတ်မြောက်လာခဲ့ပြီး ကောင်းကင်ဘုံသို့တက်လှမ်းလာခဲ့သူဟု ယခင်က အခိုင်အမာဆိုထားပြီးဖြစ်သည်။

“ငါက နင်တို့ရဲ့လုပ်ရပ်ကြောင့် မရေမတွက်နိုင်အောင် အသက်ဆုံးရှုံးခဲ့ရတဲ့ အပြစ်မဲ့တဲ့ဝိညာဉ်ပဲ၊” ဟူသည့် စကားသည် လူအများ၏ဦးရေပြားကို ထုံကျင်သွားစေပြီး နှလုံးခုန်မြန်စေသည်။

စင်အောက်ရှိလူများသတိမထားမိကြောင်း ဖော်ပြထားခြင်းမရှိသော်လည်း ဖန်သားပြင်ကိုကြည့်ရှုနေကြသည့် အင်တာနက်အသုံး ပြုသူများသည် ကြိုတင်ပြင်ဆင်မှုမရှိဘဲ !!!! အာမေဋိတ် အမှတ်အသားများဖြင့် ဖန်သားပြင်ပေါ်ပြည့်နှက်နေသည်။

"ဒီလှည့်ကွက်က ငါ့ကျောကုန်းကို ရိုက်ချိုးလုနီးပါးပဲ၊"

"ငါ အဲ့ဒီအချစ်ရူးနှစ်ယောက်ကို သတ်ချင်နေတာကြာပြီ"

"ဖေးမေ့သာ မြန်မြန်ဆန်ဆန်မလုပ်ရင် ငါ ကိုယ်တိုင် screen ထဲဝင်ပြီး လုပ်မိလိမ့်မယ်။"

"ကမ္ဘာကြီးက ပျက်စီးလုနီးပါးဖြစ်နေပြီ၊ နင်တို့က ဒီမှာပွေ့ဖက် ငိုကြွေးပြီး ရူးကြောင်ကြောင် အချစ်မေးခွန်းတွေအကြောင်းပြောနေသေးတယ်။ ဒါ တကယ်ပြောစရာစကားမဲ့လွန်းတယ်။ ငါပြောနိုင်တာ အကုန်လုံးက ကောင်းကောင်းမွန်မွန်သေလိုက်။"

"ဒီနှိုင်းယှဉ်မှုဟာ မသင့်လျော်ပေမယ့် စောင့်ဆိုင်းနေတဲ့နေရာရဲ့တိုက်ရိုက်ထုတ်လွှင့်မှုကိုကြည့်ရင် စွင်းမိုရဲ့ အမူ အရာက… စိတ်မကောင်းပါဘူး၊ ဒါပေမယ့် ငါ ရီမိသွားပြီ"

တည်ငြိမ်မှုမဆုံးရှုံးသင်မှန်း စွင်းမို သိသော်လည်း သူ့ အမူအရာအားမထိန်းချုပ်နိုင်သေးချေ။

သူ့မျက်နှာမှာဖြူဖျော့နေပြီး သူ့အမူအရာက စင်ပေါ်မှာ ရှ် ဖျော်ဖြေမှုထဲစူးရှနစ်ဝင်နေသလိုပင်၊ ကျီဖေးထံမှရုတ်တ ရက် ဓားနဲ့ထိုးခံလိုက်ရရုံနဲ့ သူတို့ရဲ့ထိထိမိမိလို့ထင်ရတဲ့ လုပ်ရပ်အားလုံးကို ဟာသအဖြစ် ပြောင်းလဲပစ်လိုက်ပါသည်။

ရှက်စရာကောင်းလိုက်တာ...

သရုပ်ဆောင်နေခြင်းသာဖြစ်သည်ကို သူသိသော်လည်း ထိုကဲ့သို့ အရှက်ခွဲခြင်းကို မည်သူကခံနိုင်ရည်ရှိမည်နည်း ? ဒေါသဖြင့် ပေါက်ကွဲမသွားသည့် အချက်ကပင် သူ့အတွက် အကြီးမားဆုံးသည်းခံနိုင်မှုဖြစ်သည်။

ပြီးတော့ စွင်းမိုသည် သူ့ပရိသတ်တချို့၏စာနာမှုကို သဘာဝအတိုင်းနှိုးဆွပေးခဲ့သည်။

"ဒါ လွန်လွန်းတယ်၊ ငါတို့ကော ဒီလိုမျိုး ပစ်မှတ်ထားခံရအောင်လို့ ဘာအမှားတွေများလုပ်မိလို့လဲ ? ကျီဖေးနဲ့ ချင်ကျောက်ရဲ့ နှလုံးသားက ညစ်ပတ်လွန်းတယ်၊"

"ဆွေးနွေးကြရအောင်၊ မသေမျိုးတွေက ဘာလို့ ချစ်ခွင့်မရှိတာလဲ ? ကောင်းကင်မင်းကြီးက ကမ္ဘာကြီးကိုကယ် တင်ဖို့ ဘာကိစ္စနဲ့ သူ့အချစ်ကို စတေးရမှာလဲ ? ဘာလို့ နတ်ဘုရားမက သူ့ကိုယ်သူစတေးရမှာလဲ ? ကိုယ်ကျင့် တရားနဲ့ အကျပ်ကိုင်နေတာရပ်လိုက်၊ နင် မချစ်ဖူးသ၍ အဲ့တာက ဘယ်လောက်နာကျင်ရလဲဆိုတာ နင်နားလည်မှာမဟုတ်ဘူး။”

"အတိအကျပဲ၊ နင် အရမ်းလုပ်နိုင်စွမ်းရှိတယ်ဆိုရင် ဘာလို့ နင် ချစ်ရတဲ့သူတွေကို မစတေးတာလဲ ?"

၎င်းကိုကြည့်လျှင် အမျိုးသားနတ်ဘုရားအဖွဲ့ မှ ပရိသတ် များနှင့် မသေမျိုးအချစ်ဒရာမာ ဇာတ်ကားများ၏ ပရိ သတ်များသည် အလွယ်တကူရှုံးနိမ့်မည်မဟုတ်ဟုဆိုရမည်ဖြစ်သည်။

စင်မြင့်ထက်တွင် ဖျော်ဖြေမှုကဆက်ရှိနေခဲ့သည်။

သဘာဝအတိုင်းပင် ကောင်းကင်မင်းကြီးသည် ဓားတစ်ချက်ထိုးခံရရုံဖြင့်မသေနိုင်ဘဲ ပြင်းထန်စွာဒဏ်ရာရကာ နတ်ဘုရားမလက်ထဲသို့ လဲကျသွားခဲ့သည်။

နတ်ဘုရားမသည် သူ့အား ကယ်တင်ရန်နတ်ဘုရားအစွမ်းကို စိတ်အားထက်သန်စွာအသုံးပြုကာ ကျီဖေးအား ဝမ်းနည်းမှုနှင့် စိတ်ရှုပ်ထွေးစွာကြည့်ကာ “နင်ဘာတွေပြောနေတာလဲ? ဘာ မှားယွင်းတဲ့ဝိညာဉ်တွေလဲ ?"

ကျီဖေး ရှေ့သို့ တိုးလာပြီး သူ့အား တိုက်ရိုက်ပါးရိုက်လိုက်ပြီး “မသိချင်ယောင် ဆောင်နေသေးတာလား?"

နတ်ဘုရားမ၏ပါးပြင်သည် ရွဲ့စောင်းသွားသော်လည်း သူသည် အပြစ်ကင်းသောအမူအရာကို ထိန်းထားဆဲဖြစ်ပြီး ကျီဖေးအား မယုံကြည်နိုင်စွာကြည့်နေသည်။

ကျီဖေးသည် နတ်ဘုရားမ၏လည်ပင်းအား ဆွဲကိုင်ကာ နတ်ဘုရားမကျူးလွန်ခဲ့သည့် အပြစ်များအား မြင်စေရန် မသေမျိုးအတတ်ပညာကိုအသုံးပြုပြီး အတိတ်သို့ပြန်ကြည့်ရန်တွန်းအားပေးခဲ့သည်။

ဖန်သားပြင်ကြီးပေါ်တွင်၊ အဖြစ်ဆိုးများအားလုံး လျင် မြန်စွာပေါ်ထွက်လာသည်။

နတ်ဘုရားမ၏မျက်နှာသည် ဖြူဖျော့သွားပြီး သူ၏ မျက်စိသူငယ်အိမ်များ တုန်တုန်ယင်ယင်ဖြစ်ကာ မျက် ရည်များ စီးကျလာပြီး လက်မခံနိုင်သည့်ဟန်ဖြင့် ခေါင်းအားခါယမ်းလိုက်သည်။

"ဒီလိုဖြစ်မယ်ဆိုတာ ငါ မသိဘူး၊ ငါ တကယ်မသိခဲ့ဘူး” နတ်ဘုရားမက အော်ငိုလိုက်သည်။

ကျီဖေး သူ့အား ပါးရိုက်လိုက်ပြန်သည်။

“နင်မသိဘူးလို့ ပြောနေသေးတယ်ပေါ့ ? နင်လည်း တစ်ချိန်က သေမျိုးတစ်ယောက်ဖြစ်ခဲ့တာပဲ၊ နင် မသိဘူးဆိုတာ ဘယ်လိုဖြစ်နိုင်မှာလဲ ? ဒါမှမဟုတ် နင်လည်း သူတို့ကိုအင်းဆက်တွေအဖြစ်စပြီးမြင်လာလို့ ရိုးရိုးရှင်းရှင်းပဲ ဂရုမစိုက်တော့တာလား?"

နတ်ဘုရားမက ထိပ်လန့်ကာ ခေါင်းခါပြီး ငြင်းဆန်လိုက်သည်။ “ငါ မဟုတ်ဘူး... ငါတကယ်မဟုတ်ဘူး၊ ငါက နတ်ဘုရားမ၊ နတ်ဘုရားမက လူသား အားလုံးကိုချစ်တယ်”

“ကောင်းပြီ၊ နင် ဆွံ့အနားမကြားယောင် ဆောင်ချင်တယ်ပေါ့ဟုတ်လား? ဒါဆို ဟိုအရင်တုန်းက ကောင်းကင်မင်း ကြီးကနင်ထွက်လာအောင်တွန်းအားပေးဖို့ လူတွေအများ ကြီးကိုသတ်ပစ်နေတဲ့အချိန်တုန်းက နင်ဘာလို့မထွက်လာခဲ့တာလဲ ?"

“သက်ရှိသတ္တဝါအားလုံးကို ကယ်တင်ဖို့ ငါကိုယ် ငါ စတေးဖို့ပြင်ဆင်နေတာ၊ ကောင်းကင်မင်းကြီးကို ငါ့ကို တားခွင့်မပြုနိုင်ဘူး။”

နတ်ဘုရားမက သူ၏ယုံကြည်မှုအား ရုတ်တရက်တွေ့ ရှိသွားပုံရသည်။

“ဒါဆို နင်ဘာလို့ အဆုံးထိပုန်းနေပြီး ကိုယ့်ကိုယ်ကိုတိတ် တိတ်လေးစတေးလိုက်ဖို့မလုပ်တာလဲ? သူ နတ်ဆိုးဘုရင် ကိုသတ်တော့မဲ့ အချိန်ကျမှ ဘာကိစ္စနဲ့ ထွက်လာရတာလဲ? နင် အဲ့ဒီတုန်းက တစ်ဝက်တစ်ပျက်နဲ့ ကျရှုံးသွားမှာကို မကြောက်ဘူးလား?"

ဤမေးခွန်းများသည် နတ်ဘုရားမအား စကားမပြောနိုင်တော့ဘဲ နှုတ်ဆိတ်ကာတုန်လှုပ်သွားစေသည်။

ဇာတ်ကွက်၏ဤအပိုင်းသည် အမျိုးသားနတ်ဘုရားအဖွဲ့ မှလုပ်ဆောင်ခဲ့သည့်အတိုင်း နီးပါးဖြစ်နေသောကြောင့် ကျီဖေးသည် ဤဝိညာဉ်အားသိသာစေသည့် မေးခွန်းများကို ထုတ်ပြောလိုက်သောအခါ …

ပွဲခင်းထဲမှာပဲဖြစ်ဖြစ် အွန်လိုင်းမှာပဲဖြစ်ဖြစ်၊ လူတိုင်း မိုးကြိုးပစ်ခံလိုက်ရသလို ခံစားလိုက်ရသည်။

"ဒီပြဿနာကို အစောကသတိမထားမိခဲ့တာ မယုံနိုင်ဘူး၊"

“သောက်ပဲ၊ နင်က နတ်ဘုရားမပါလို့ပြောနေပေမဲ့၊ သက် ရှိသတ္တဝါ အားလုံးကို ညီတူညီမျှဆက်ဆံပါတယ်လို့ ပြောနေပေမယ့် သေမျိုးတွေသတ်ဖြတ်ခံနေရတဲ့အချိန်မှာတော့ ပေါ်မလာခဲ့ဘူး၊ နတ်ဆိုးဘုရင် အသတ်ခံရတော့မယ့်အချိန်ကျမှ နင်က ရုတ်တရက်ကြီး အတင်းထွက် လာတယ်ဟုတ်လား?"

"နင်သာ နင့်တာဝန်ပြီးမြောက်ဖို့အဆုံးအထိ ပုန်းအောင်း နေခဲ့မယ်ဆိုရင်၊ နင့်ကို ကောင်းမွန်တဲ့လမ်းအတိုင်းဆက်လျှောက်နေသေးတယ်လို့ ငါ အသိအမှတ်ပြုပေးနိုင်တယ်။"

"အတိအကျပြောရရင် နင်သာ အဆုံးထိလက်မလျော့ခဲ့ဘူးဆိုရင် အစောပိုင်းက သေမျိုးတွေအကုန်လုံးက ကောင်းကင်မင်းကြီးဆီကနေ ဟာသတစ်ခုလိုအသတ်ခံခဲ့ရပါ့မလား?"

“ဟာသတောင် မဟုတ်ဘူး၊ သူတို့က အချစ်ဂိမ်းထဲက နယ်ရုပ်တွေသပ်သပ်ပဲ။ သေချာကြည့်ကြည့်၊ အဲ့တာက ဇာတ်လိုက်နဲ့ ဇာတ်လိုက်မတို့ ချစ်သူအချင်းချင်းကြား သဘောထားကွဲလွဲပြီး ဇာတ်လိုက်မက ထွက်ပြေးသွားလို့ ဇာတ်လိုက်က နယ်ရုပ်လေးတွေကို နှိပ်ဆက်ပြီး ဇာတ် လိုက်မရွေးချယ်စရာမရှိတော့ပဲ ကျန်နေသေးတဲ့ နယ်ရုပ်တွေကိုလာကယ်တင်ပြီးတော့ ငါတို့နယ်ရုပ်တွေက အဲ့ဒီအတွက် ကျေးဇူးတင်ဖို့မျှော်လင့်နေတာလား ? ဒါက စတင်ဖို့ မထိုက်တန်တဲ့ဘေးဒုက္ခပဲ။"

"အစောတုန်းက ဒီလို ဇာတ်ကွက်မျိုးမှာ ငါပျော်ဝင်မိသွားတယ်ဆိုတာ ယုံတောင်မယုံနိုင်ဘူး။ အိုးမိုင်ဂေါ့၊ ငါ နေလို့မကောင်းတော့ဘူး”

“ကြောင်သူတော်မ၊ တကယ့် ကြောင်သူတော်မပဲ။ ကျီဖေးကျဲ၊ ပါးရိုက်လိုက်တာ ကောင်းတယ်"

ထိုအချိန်တွင် ဆန့်ကျင်ဘက်ပရိသတ်များပင်လျှင် ထောက်ခံသော အငြင်းအခုံများမပြုလုပ်နိုင်ဘဲအားနည်း စွာသာပြောနိုင်သည်- “နတ်ဘုရားမက ကောင်းကင်မင်းကြီးကို ဒီလောက်ရက်စက်ကြမ်းကြုတ် မယ်မှန်းမသိခဲ့ဘူး... သူသိတဲ့အချိန်မှာ သူက အဲ့ဒီ ကျန်နေသေးတဲ့သူ တွေကိုပဲ ကာကွယ်ပေးနိုင်တော့တယ်။"

“အခု ကောင်းကင်မင်းကြီးက လုံးဝကိုနတ်ဆိုးလမ်းစဉ်ထဲ ကျရောက်သွားပြီ၊ ဒါကို သူက ဘာလို့ မမျှော်လင့်ထားတာလဲ? သူ့မျက်လုံးထဲမှာ ဒီ စတေးမှုတွေက အရေးမပါတာလား၊"

စင်မြင့်ပေါ်မှ ဖျော်ဖြေမှုဆက်လက်တင်ဆက်နေခဲ့သည်။

"ငါတကယ်မရည်ရွယ်ခဲ့ပါဘူး၊ တောင်းပန်ပါတယ် တောင်းပန်ပါ တယ်.. နတ်ဘုရားမ၏အမူအရာမှာ နောင် တရပြီး ၎င်းတို့ကြောင့်ဖြစ်လာရသည့် ကပ်ဆိုးများအား ခုခံကာကွယ်နိုင်ခြင်း မရှိသော်လည်း နောက်အခိုက်အ တန့်တွင် ကောင်းကင်ဧကရာဇ်သည် သွေးများဖြင့် ဆက် တိုက် ချောင်းဆိုးနေသည်ကိုတွေ့ မြင်လိုက်ရသဖြင့် သူ့အားကုသရန် စိတ်အားထက်သန်စွာကြိုးစားခဲ့သည်။

ကျီဖေးက သူ့ဓားကို နတ်ဘုရားမ၏လည်ပင်းပေါ်သို့ ချက်ချင်း တင်လိုက်ပြီး "နင် သူ့ကိုကယ်တင်ဖို့ နင့်ရဲ့ နတ်ဘုရားအစွမ်းကိုသုံးချင်သေးတယ်ပေါ့? နင့်ရဲ့ နတ်ဘုရားအစွမ်းကို ဒီအတွက်သုံးသင့်တယ်လို့ထင်လား?”

နတ်ဘုရားမသည် သူ၏ချစ်ရသူအား ဝမ်းနည်းပူဆွေးစွာ ကြည့်ကာ-“သူက အရင်တုန်းက ကောင်းကင်ဘုံရဲ့ မြင့် မြတ်တဲ့ ဧကရာဇ်မင်းကြီးပါ၊ ငါ့ကြောင့်သာ သူက နတ် ဆိုးလမ်းစဉ်ကို ခေတ္တခဏဆင်းသက်ခဲ့ရတာ၊ သူ့အမှား မဟုတ်ပါဘူး။”

"သူ့အမှားမဟုတ်ဘူး ? သူသတ်ခဲ့တဲ့ သက်ရှိတွေကို နင်မေးဖူးလား?"

ကျီဖေး၏လေသံမှာ အေးခဲနေပြီး "ဒီနတ်ဆိုးက ဘာကောင်းတာလုပ်ခဲ့လို့ ကယ်တင်ခံရမှာလဲ? သူက သူ့ရဲ့ တစ်ကိုယ်ကောင်းဆန်တဲ့ ဆန္ဒတွေကြောင့် သူ့တာဝန်ဝတ္တရားတွေကိုလစ်လျူရှုပြီး ဒေါသတွေနဲ့အလောင်းတွေကို မိုင်ပေါင်းထောင်ချီမျောပါသွားစေပြီး၊ ကမ္ဘာမြေကြီးကိုသွေးစွန်းစေခဲ့တယ်၊ အပြစ်မဲ့တဲ့သူတွေကို ခွဲခြားဆက်ဆံပြီး ရက်စက်ကြမ်းကြုတ်စွာသတ်ပစ် လိုက်တယ်လေ။”

နတ်ဘုရားမသည် ဤစကားလုံးများကြောင့် တကိုယ်လုံး တုန်လှုပ်သွား သော်လည်း သူ၏ကုသနေသည့်လက်များအား ရပ်တန့်ရန်ငြင်းဆန်ခဲ့သည်၊ “သူက ငါ့ကို ချစ်လို့ စွဲလမ်းမှုတွေ ဖြစ်ပေါ်လာခဲ့တာပါ။”

ကျီဖေးက လှောင်ပြောင်ပြီးပြောသည်။ " နင့်ရဲ့ အချစ်က ဘယ်လောက်ထိ နက်ရှိုင်းပြီး မမေ့နိုင်စရာဖြစ်ခဲ့တယ်ဆိုတာကိုသက်သေပြဖို့ ဆုံးရှုံးသွားတဲ့အသက်အရေအ တွက်တွေနဲ့တိုင်းတာခဲ့တာလား? နင် တကယ်ရူးနေတာပဲ"

ကျီဖေးသည် စကားများများပြောရန် ပျင်းနေပုံရပြီး ကောင်းကင်ဧကရာဇ်အား ဆွဲခေါ်ကာ ထွက်ခွာသွားခဲ့သည်။

နတ်ဘုရားမသည် ကောင်းကင်ဧကရာဇ်အား စိတ်ပူစွာ ပွေ့ ဖက်လိုက်ပြီး “နင် ဘာလုပ်မလို့လဲ?"

“နတ်ဆိုးတွေကို ဖယ်ထုတ်ရမယ်၊ ကမ္ဘာကြီးကို ကယ် တင်ဖို့ ယဇ်ပူဇော်ရ မယ်၊ ကျီဖေးက အေးစက်စွာပြောပြီးနောက် နတ်ဘုရားမအားတိုက်ရိုက်ကန်ထုတ်လိုက်ပြီး ထိုလူကို စင်ပေါ်ရှိ မြူခိုးများထဲသို့ပစ်ချလိုက်သည်။

နတ်ဘုရားမသည် ချက်ချင်းပင် အလွန်အမင်းစိုးရိမ်လာသည်- "မဟုတ်ဘူး၊ ဘာလို့လဲ... ကျေးဇူးပြုပြီး သူ့ကို နာအောင်မလုပ်ပါနဲ့၊ ကမ္ဘာကြီးကို ကယ်တင်ဖို့ စတေးရမှာက ငါ့တာဝန်ပဲ”

ကျီဖေးက လှောင်ပြောင်သည် - “ဒါဆို ဒါက နင့်တာဝန်ဆိုတာ နင် မှတ်မိသေးတယ်ပေါ့။ ကောင်းကင်ဘုံလမ်းက နင့်ကိုသေမျိုးကမ္ဘာဆီဆင်းခွင့်ပေးပြီး ဒီတစ်ခုပဲ ကောင်း ကောင်းလုပ်ခိုင်းလိုက်တာတောင် နင် မလုပ်နိုင်ဘူး။ နင်က အသုံးမကျဘူး၊”

ကောင်းကင်မင်းကြီး မြူခိုးများထဲပျောက်ကွယ်သွားသည်ကိုကြည့်ပြီး ကမ္ဘာသည်လည်း ငြိမ်သက်ခြင်းဆီသို့ ပြန်လည်ရောက်ရှိသွားသည်။

နတ်ဘုရားမသည် ငိုကြွေးကာ သူ့ချစ်သူအား မကယ် တင်နိုင်ဘဲ နောက်ဆုံးတွင် “ငါက ယဇ်ပူဇော်ခံရဖို့ သပ် သပ်ပဲမွေးဖွားလာတာလား? ဒါဆိုရင် ဘာလို့ စတေးခွင့်မပေးပဲ ကောင်းကင်မင်းကြီးကို ငါ့ဘဝထဲဝင်လာခွင့် ပြုလိုက်ရတာလဲ? သူမရှိပဲ ငါတစ်ယောက်တည်း ဘယ်လိုနေရမှာလဲ?"

သူ ထိုသို့ပြောနေချိန်တွင်၊ ယခု အဖြူရောင်ဝတ်ရုံအား ဝတ်ဆင်ထားသည့် ချင်ကျောက်သည် ပြန်ပေါ်လာကာ ယခင်ဇာတ်ကွက်မှ ပြန်လည်ရောက်ရှိလာသည့်ဝိညာဉ် ၏အခြေအနေနှင့် ဆင်တူနေပြန်သည်။ နောက်ဆုံးတွင်၊ မသေမျိုးဒရာမာဇာတ်ကားများသည် ဤထည့်သွင်းမှု မျိုးအားနှစ်သက်သည်၊ ထို့ကြောင့် တူညီသေလှည့်ကွက် ကိုအသုံးပြုခြင်းဟာ မမှားပေ။

နတ်ဘုရားမသည် ချက်ချင်းပင် ဝမ်းသာမျက်ရည်ကျကာအော်ဟစ်ခဲ့ သော်လည်း နောက်ဆုံးပျော်ရွှင်ဖွယ်အဆုံးသတ်အားကြိုဆိုရန် အလျင်စလို မထွက်ခွာမီတွင် ကျီဖေးသည် ကောင်းကင်ဧကရာဇ်၏လည်ပင်းအား ရစ်ပတ်ထားသည့် သံကြိုးကိုထုတ်ကာ အကျဉ်းချလိုက်သည်။

"ဒါ မပြီးသေးဘူး"

All Chapters