အခန်း (၁၀၂)
Vol. 11 Ch. 102
နတ်ဘုရားမသည် ကျီဖေးအား ထိတ်လန့်စွာကြည့်ကာ “သူ အသက်ရှင်နေရုံလေးပဲရှိတော့တာ၊ နင် ဘာထပ်လိုချင်သေးတာလဲ?"
“ငါပြောပြီးပြီလေ၊ ငါက မရေမတွက်နိုင်တဲ့ မှားယွင်းစွာ သေဆုံးခဲ့ရတဲ့ စိတ်ဝိညာဉ်တွေရဲ့ နာကျည်းမှုတွေကနေ ဖြစ်ပေါ်လာတာလို့။ ငါ ကျိန်းသေပေါက် လက်စားချေရမှာပေါ့" ကျီဖေး ဆိုးသွမ်းစွာပြုံးပြလိုက်သည်။
"အပြစ်ဖြေတာမျိုး မရှိပဲ ဒုစရိုက်မှုတွေကို ကျူးလွန်နိုင်တယ်လို့ နင် ထင်နေတာလား? လောကကြီးမှာ တရားမျှတမှုက ဘယ်မှာလဲ?"
နတ်ဘုရားမသည် မျက်ရည်များဖြင့်အသနားခံသည်။
“ဒါတွေ အားလုံးက ငါ့အမှားပါ။ နတ်ဘုရားမတစ်ပါးအနေနဲ့ ကိုယ်ရေးကိုယ်တာခံစားချက် တွေကို ဘယ်တော့မှ ဦးစားမပေးသင့်ဘူး...
ကျီဖေးက သူ့စကားအားကြားဖြတ်ပြီး "ဒါဆို နင်ဘာလို့ လုပ်လဲ? နင်က နှစ်ဖက်လုံးကို အမြဲတမ်းပြုသမျှနုနေရတဲ့ပုံစံမျိုး လုပ်ပြနေတာ။ ပြီးတော့ ဒီနည်းလမ်းနဲ့ဆိုရင် နင် အပြစ်ရှိသလို သိက္ခာကျစရာမလိုတော့ဘူး မဟုတ်လား?"
နတ်ဘုရား အံ့အားသင့်ကာ တိတ်ဆိတ်သွားသည်။
ကောင်းကင်မင်းကြီးသည် မရုန်းကန်နိုင်သော်လည်း၊ သူသည် နတ်ဘုရားမအားချက်ချင်းကာကွယ်ခဲ့သည်။
“ငါတို့ လောကကြီးကို ကယ်တင်ပေးပြီးပြီ၊ မင်း ဘာထပ်လိုချင်သေးတာလဲ"
နတ်ဘုရားမကလည်း သူ၏ ခံစားချက်ကို ထုတ်ဖော်လာသည်။
"ကောင်းကင်ဧကရာဇ်က လောကကိုကယ်တင်ဖို့ သူရဲ့ အစစ်အမှန်ခန္တာကို စွန့်လွှတ်ခဲ့ပြီးပြီလေ။ အဲ့တာက အပြစ်ဖြေဖို့ မလုံလောက်သေးဘူးလား?"
"ရယ်စရာကောင်းတယ်နော်။ လောကကြီးကို ကယ်တင်ရမှာက နင့်တာဝန်လေ။ နင် ကျူးလွန်ခဲ့တဲ့ မကောင်းမှုတွေနဲ့ ဘာဆိုင်လို့လဲ?*
ကောင်းကင်မင်းကြီးသည် ထိုကဲ့သို့သောအငြင်းပွားမှုအား အမုန်းဆုံးဖြစ်သည်။ "ဘာလို့လဲ? မင်းတို့အားလုံးက သူ့ကို အရာအားလုံးအတွက် စတေးစေချင်နေပေမဲ့ သူ့ရဲ့ ခံစားချက်တွေကိုရော ဘယ်သူက စဉ်းစားပေးဖူးလဲ? ငါ သူ့နေရာကို အစားထိုး ယူပေးခဲ့တာတောင်မှ မလုံလောက် သေးဘူးလား?"
ကျီဖေးသည် ကောင်းကင်ဧကရာဇ်အား လက်ညှိုးထိုးကာ " နင်က ကမ္ဘာလောကကြီးရဲ့ အရေးပါတဲ့စွမ်းအင်တွေကနေ မွေးဖွားလာခဲ့တဲ့ ကောင်းကင်ဧကရာဇ်ပဲ။ တန်ခိုးအာဏာရပြီဆိုတာနဲ့ ကောင်းကင်နဲ့ မြေကြီးကို ထိန်းထားသင့်ပြီး ဘုံသုံးဘုံကြားမှာ ငြိမ်းချမ်းအောင်လုပ်ပေးရမှာ။
ထို့နောက် သူက နတ်ဘုရားမအား ညွှန်ပြကာ - “ နင်က အထူး ရည်ရွယ်ချက်အတွက် ကောင်းကင်ဘုံအလိုတော်ကနေ ဖန်တီးထားတဲ့နတ်ဘုရားမပဲ။ မွေးကတည်းက နင့်ရဲ့ တာဝန်က သတ္တဝါအားလုံးကို ကာကွယ်ဖို့နဲ့ သက်ရှိအားလုံးကို အရိပ်အာဝါသပေးဖို့ပဲ။”
ကောင်းကင်မင်းကြီးနှင့် နတ်ဘုရားမတို့မှ ပြန်လည်ချေပတော့မည်ဖြစ်သောကြောင့် ကျီဖေးက ၎င်းတို့အား ဖြတ်တောက်ပစ်လိုက်သည်။
"ဒီတာဝန်တွေကြောင့်၊ နင်အစကတည်းက ဒီကမ္ဘာကြီးက ပေးဆောင်ခဲ့ တဲ့အခွင့်ထူးတွေအားလုံးကို ခံစားခဲ့ရပြီးပြီ။ အဲဒီအခွင့်ထူးတွေက သေမျိုးတွေရဲ့ ယုံကြည်မှုနဲ့ ဝတ်ပြုကိုးကွယ်မှုတွေရဲ့ စွမ်းအားတွေနဲ့ ဖွဲ့စည်း ထားတာ။ ဒါက တန်းတူညီမျှတဲ့ လဲလှယ်မှုပဲ၊ ယဇ်ပူဇော်တဲ့ အကြောင်း ကိုပြောတာ လုံးဝ ရယ်စရာပဲနော်၊“
“အဲ့ဒီအစား နင့်ရဲ့ တာဝန်တွေကို လစ်လျူရှုပြီး အချစ်အကြောင်းပဲ တွေးနေလို့ နင့်ကြောင့် သေရတာတွေ အများကြီးပဲ။ အခု နင်က အရင် ကတည်းက လုပ်သင့်တဲ့အရာတွေကို နင့်အပြစ်ဖြေဖို့အတွက် သုံးနေ
"နင်က သန်းပေါင်းများစွာသော ကိုးကွယ်မှုတွေကို ခံယူပြီး ကောင်းကင် နဲ့ မြေကြီးကို အုပ်စိုးဖို့မထိုက်တန်ဘူး။”
"နင်က ဘုံသုံးပါးလုံးရဲ့ ယုံကြည်မှုတွေကို ခံယူပြီး ကောင်းကင်ဘုံရဲ့ နတ်ဘုရားမဖြစ်ဖို့ မထိုက်တန်ဘူး။"
ကျီဖေး၏တရစပ်ပစ်ခတ်မှုများသည် ကောင်းကင်ဧကရာဇ်နှင့် နတ်ဘုရားမအား စကားမပြောနိုင်ဖြစ်သွားစေခဲ့သည်။
နောက်ဆုံးတွင်၊ ကောင်းကင်မင်းကြီးမှ မထိန်းနိုင်တော့ဘဲ “ငါသူ့ကိုချစ်တယ်၊ ဒါ အကုန်ပဲ။ မသေမျိုးတွေက ချစ်ခွင့်မရှိဘူးလား ?”
ကျီဖေး အေးစက်စွာရယ်မောပြီး "နင် ချစ်ချင်တာလား? ကောင်းပြီလေ။ နင့်ရဲ့ မသေမျိုးအရိုးကိုထုတ်ပြီး သေမျိုးဖြစ်လာလိုက်လေ ပြီးရင် ငါ့ရဲ့ ဂရုစိုက်ပေးမှုတွေနဲ့ တစ်ယောက်ကိုတစ်ယောက် သေတဲ့အထိချစ်လို့ရပြီ။"
ကောင်းကင်မင်းကြီးနှင့် နတ်ဘုရားမနှစ်ယောက်လုံး အံ့အားသင့်သွား ကြသည်။
“ဘာလဲ၊ အဲ့တာကို လုံးဝမတွေးဖူးဘူးလား? နင်သာ နင်ရဲ့ အထောက်အထားတွေကို ဖျောက်ပစ်လိုက်မယ်ဆိုရင် သဘာဝအတိုင်းပဲ နင်ဘာမှ စတေးစရာမလိုတော့ဘူး။ ကောင်းကင်ဘုံအလိုတော်က ဒီကွက်လပ်ကိုဖြည့်ဖို့ နည်းလမ်းရှာလိမ့်မယ်။"
*"နင့်ရဲ့ တစ်ကိုယ်ကောင်းဆန်တဲ့ ဆန္ဒတွေကြောင့် နင့်ခြေရင်းမှာ တောင်လိုပုံနေတဲ့ အလောင်းတွေကို မမြင်ဘူးလား? လူတစ်ယောက်အတွက်နဲ့ မြို့တစ်မြို့ကိုစတေးပစ်တာက ဘယ်တုန်းကစပြီး ချီးမွမ်းထိုက်တဲ့ အချစ်ဇာတ် လမ်းဖြစ်လာခဲ့တာလဲ?"
"နင်က ကယောင်ကတမ်းနဲ့ သေမျိုးတွေလို လက်ထပ်ပြီး၊ ကလေးမွေးပြီး၊ အချစ်အကြောင်းတွေ ပြောပြီး၊ ကိုယ်ပိုင်ခံစားချက်တွေအတွက် ဦးထုပ်တစ်စက်ကို တွန်းလှန်ချင်တာလား။ မြင့်မြတ်ပြီး တန်ခိုးကြီးတဲ့ မသေမျိုးတစ်ယောက်ဖြစ်နေတာဘာလို့လဲ? နင် အဲ့ဒီအနေအ ထားမှာ ရှိနေတုန်းကတော့ ကိုးကွယ်မှုတွေ ယုံကြည်မှုတွေလောကကြီးကပေးတဲ့လက်ဆောင်တွေ ကောင်းကျိုး တွေကို ခံစားပြီးမှတော့ လုပ်သင့်လုပ်ထိုက်တာကို နင်လုပ်ရမှာပေါ့။”
" နင်က အားလုံးဆီကနေ ကိုးကွယ်ခံရတဲ့ မသေမျိုးတစ်ယောက်ဖြစ်နေ ပြီး လောကကြီးရဲ့ကောင်းမှုတွေနဲ့ ပျော်ရွှင်နေပြီးမှ ကိုယ်ရေးကိုယ်တာခံစားချက်တွေကြောင့် စတေးဖို့ ဆန္ဒမရှိဘူး ဟုတ်လား ? ဘယ်လိုတောင် လော ဘအတောမသတ်နိုင်ရတာလဲ။”
"ဖော့ခ်၊ ကောင်းကောင်းကြီးကို ပြောချလိုက်တာပဲ၊"
တိတ်ဆိတ်နေသည့် စတူဒီယိုထဲရပ်နေသည့် ပရိသတ်များထဲမှ တစ်ယောက်ကအော် လိုက်သည်။ သို့သော် လူတိုင်းက အတူတူပဲတွေးနေကြသောကြောင့် အခြားတစ်ယောက်၏ ကြည့်ရှုမှုအား အနှောင့်အယှက်မဖြစ်စေခဲ့ချေ။ ယခုအချိန်တွင် ကောင်းကင်မင်းကြီးနှင့် နတ်ဘုရားမဘက်တွင် မည်သူ မျှမရပ်တည်နိုင်တော့ပေ။
အဘယ့်ကြောင့်ဆိုသော် ကျီဖေးနှင့် ချင်ကျောက်၏ စင်မြင့်ပြဇာတ် သည် နောက်ဆုံးတွင် လူတိုင်းအတွက် အချက် တစ်ချက်အား ရှင်းလင်းပြောပြနေသောကြောင့် ဖြစ်သည်။
နောက်ဆက်တွဲ သက်ရောက်မှုများမှာ အကြီးအကျယ်ဖြစ်သည်။
အွန်လိုင်းပေါ်မှ ရေပန်းစားမှုမှာ နောက်ဆုံးတော့ တစ်ဖက်သတ်ဖြစ်လာ သည်။
ခေါင်းမာမာနှင့် ခုခံနေကြသော ပရိသတ်အားလုံးဟာ ဒီရေလှိုင်းကြီး ကြောင့် နစ်မြုပ်သွားခဲ့ပြီး တဖြည်းဖြည်း ရောထွေးသွားခဲ့သည်။ သူ တို့၏ idol များအား မကောင်းဘူးဟုဝန်မခံချင်ပေမယ့် ဇာတ်ညွှန်းကပြဿနာရှိနေ သည်ဆိုတာကိုတော့ ဝန်ခံရမည်။
"ဖေးကျဲ၊ ငါ အခု နားလည်သွားပြီ။ ဒါက တစ်သက်လုံးစာ လစာရထားပြီးတော့မှ ဆုံးခန်းတိုင်အောင် အလုပ်မလုပ်ချင်တော့တာ ဟုတ်တယ်မ လား ? ဘယ်လောက် အရှက်မဲ့လိုက်လဲ၊"
* ငါတို့ နင့်ကို နေ့တိုင်း ဆုတောင်းပြီး ဝတ်ပြုပေးနေတာက နင် ချစ်မိသွားဖို့အတွက်မဟုတ်ဘူး။ နင့်အလုပ်ကိုသာ သေသေချာချာလုပ်ပြီး ငါ တို့အတွက် ဘုရားသခင်ကောင်းချီးပေးဖို့သာ ဆုတောင်းပေးပါ၊"
" နင် လုပ်နိုင်တာလား မလုပ်နိုင်ဘူးလား? မလုပ်နိုင်ဘူးဆိုရင် နှုတ်ထွက်လိုက်၊ နင့်ရဲ့ နေရာကို လိုချင်နေတဲ့ မသေမျိုးတွေမှ အများကြီးရှိတယ်။ အဆိုးဆုံးက ငါ့အတွက် အကျိုးရှိတာကိုပဲ ပြောင်းပြီး ယုံကြည်လိုက် မယ်။"
“ငါယုံကြည်တဲ့နတ်ဘုရားက ငါ့ကို ကောင်းချီးမပေးဘူးဆိုရင် ငါဘာလို့ ယုံကြည်ပေးရမှာလဲ။ နင် ချစ်မိသွားတာကို စိတ်အစာကျွေးတဲ့အနေနဲ့ ကြည့်နေရမှာလား? ငါမရူးသေးဘူး၊"
*မျှော်လင့်ချက်နဲ ဘဝရဲ့ ပျော်ရွှင်မှုတွေဆီ လမ်းညွှန်ပေးဖို့ နင့်ကို ငါတို့ က ပလ္လင်ပေါ်တင်ပေးထားတာ၊ ငါတို့က နင့်ကို ငါတို့ရဲ့ ယုံကြည် ကိုးကွယ်မှုတွေ အားလုံး ပေးခဲ့ပြီးပြီ၊ နင် ငါတို့ကို ပြန်မဆပ်ချင်သေးဘူး လား၊ ကိုယ့်ကိုကိုယ်ပဲ ဂရုစိုက်နေတာလား?”
“မသေမျိုးဖြစ်လာဖို့အတွက်ဆို တစ်ခုက စိတ်ခံစားချက်နှောင်ကြိုးတွေ ကို ဖြတ်တောက်ပစ်ဖို့လိုတယ်။ အကယ် ၍ မသေမျိုးတွေကသာ ခံစားချက်တွေ ဖြစ်လာမယ်ဆိုရင် တရားမျှတမှုရှိဖို့အတွက် သေမျိုးလောက ထဲ ဆင်းကို ဆင်းရမယ်။"
"မင်းမှာ ငါတို့က ဘာလို့ ပြန်ဆပ်ခိုင်းရတာလဲလို့ မေးဖို့ သတ္တိရှိလား? မင်းမှာသာ သတ္တိရှိရင် အစကတည်းက မင်းကို ယုံကြည်ခွင့် မပေးခဲ့သ င့်ဘူး၊"
"ဒီမှာ ငါတို့မှာ ဆရာ-တပည့် အချစ်ဇာတ်လမ်းရှိတယ်၊ ပြီးတော့ မသေ မျိုး-သေမျိုးအချစ်၊ ပြီးတော့ ကောင်း ကင်ဘုံ-နတ်ဆိုးလောကကိစ္စ။ နည်းနည်းလေး ဒေါသထွက်တာနဲ့ နင်က ရန်ပွဲကြီးစတယ်။ နင့်အပေါ် ငါ တို့ပေးအပ်ထားတဲ့ တန်ခိုးအစွမ်းတွေက နင် သဝန်တိုပြီး ငါတို့ကို ထိခိုက်စေဖို့အတွက်ပဲလား?”
ရှုမုန် သည် စောင့်ဆိုင်းနေသည့်နေရာ၌ မရှိသောကြောင့် သူ့ဖုန်းအားအချိန်မရွေး စစ်ဆေးနိုင်သည်။ ဤအခိုက် အတန့်တွင် သူသည် အောက် နှုတ်ခမ်းအား ကိုက်ကာ commentများ၏ အတားအဆီးအားစေ့စေ့ကြည့်နေသည်။
သူ ရုတ်တရက် မကောင်းသည့်ခံစားချက်အား ခံစားလိုက်ရသည်။
သူတို့၏ မူလအစီအစဉ်မှာ လူအများ၏ စာနာမှုနှင့် အသံများအား လှုံ့ ဆော်နိုင်ရန်အတွက် စင်မြင့်၏အကျိုးသက် ရောက်မှုကို အသုံးချ ရန်ဖြစ်သည်။ သူတို့၏ အချစ်ရေးကိစ္စများအား နောက်ပိုင်းတွင် ထုတ်ဖော်လိုက်သောအခါ ပရိသတ်များက စင်ပေါ်မှ သူတို့၏အသည်းကွဲအချစ်ဇာတ်လမ်းအားတွေးမိပြီး ချောချောမွေ့မွေ့ပင် အသွင်ကူးပြောင်းမှုအား ပိုလက်ခံလာကြလိမ့်မည်။
သို့ပေမယ့် အခုတော့ အခြေအနေဟာ လုံးဝဆန့်ကျင် ဘက်ပင်။
နောက်ဆုံးတော့၊ စင်ပေါ်တွင် မသေမျိုးများအား ဝေဖန်သည့် commentများသည်လည်း... ချစ်မိသွားသည့် idol များအား ဝေဖန်တာမျိုးလည်းဖြစ်နိုင်သည်။
စွင်းမိုနှင့် ယန်ဟုန်တို့သည် တင်းကြပ်သည့် idol များမဟုတ်ကြပေမယ့်သူတို့၏ လက်ရှိအနေအထားမှာ အမှန်ပင် ပရိသတ်များ၏ အားပေးမှု ကြောင့်ဖြစ်သည်။
ယန်ဟုန်၏ဆက်ဆံရေးအား မည်သူမှ မကန့်ကွက်ရခြင်း အကြောင်း အရင်းမှာ ယန်ဟုန်၏ အသက်မွေးဝမ်းကြောင်းအား မထိခိုက်စေခြင်း ကြောင့်ဖစ်သည်။ သူသည် အရည်အချင်းပြည့်မီပြီး ခပ်လျိုလျို လက်တွဲဖော်ဖြစ်သောကြောင့်ဖြစ်သည်။
သို့သော် အခုအချိန်မှာတော့ သူတို့ရဲ့ စင်မြင့်ပြဇာတ်အား ထိပ်တန်း အဆင့်အဖွဲ့ ၏ သက်ရောက်မှုကြောင့် မညာမတာ ပြက်ရယ်ပြုကာ ကြိုက်နှစ်သက်ခြင်း မရှိဘဲဖြစ်နေသည်။ အကယ်၍ ၎င်းတို့၏ ဆက်ဆံ ရေးပြဿနာများအား ယခုအချိန်တွင် ဖော်ထုတ်မိပါက၊ လက်ရှိပူပူ နွေးနွေးဆွေးနွေးမှုမှ လူများ ကျန်ရှိနေအုန်းမည်ဖြစ် သည်။
မဟုတ်ဘူး၊ ဒီအစီအစဉ်ကို ဖယ်ထားရမယ်။ ဘေးကင်းတဲ့အချိန်ကျမှ၊ သူတို့သရုပ်ဆောင်ခဲ့သော ဇာတ်ညွှန်းအတွက် အပြစ်လွှဲချရမည်။
ဤဇာတ်ညွှန်းကို သူတို့ လိုလိုလားလား ရွေးချယ်ခဲ့တာ လုံးဝမဟုတ်ဘူး။
သူတို့က… သူတို့က ဖေးမင်ရွမ်ဆီကနေ ဒီဇာတ်ညွှန်းကို ဖျော်ဖြေဖို့ဖိအားပေးခံရတာ။
ဟုတ်တယ်၊ ဒီနည်းကပဲ သူတို့သုံးယောက်ကို ဘေးဒုက္ခတွေဆီကနေ လွတ်မြောက်စေနိုင်တယ်။
ထိုအခိုက်အတန့်တွင် စင်နောက်၌ ကောင်းဟောင်သည် သူ့ဖုန်းအား ကြည့်ရင်း ရုတ်တရက် အံ့သြစွာအော်လိုက်သည်။
ချင်ရုန်နှင့် ရှောင်းထောင် တို့သည် စူးစူးစိုက်စိုက်ကြည့်နေကြသည်။
သို့ပေမယ့် ကောင်းဟောင်က ဖေးမင်ရွမ်ကြည့်ရန် ဖုန်း ပေးလိုက်သည်။
"တစ်ယောက်ယောက်က ရှုမုန့် နဲ့ စွင်းမို နမ်းနေတဲ့ ပုံတွေကိုရိုက်ယူထားတယ်။ အဲ့တာက စွင်းမိုကနေ ယန်ဟုန်ကို လှည့်စားနေတယ်ဆိုပြီး အတိုင်းအတာလေးတစ်ခုအထိ ပျံ့နှံ့နေပြီ။ ဒီလိုမျိုး အတွင်းရေး ပဋိပက္ခက မြန်မြန်ဆန်ဆန် ပျံ့သွားလိမ့်မယ်။"
အကယ်၍သာ ယခင်ကသာဆိုလျှင်၊ ဖေးမင်ရွမ်သည် ဓာတ်ပုံများအားကြည့်ကာ ထိပ်လန့်သွားပေလိမ့်မည်။
ယခုမူ သူသည် ဂရုမစိုက်ဘဲ အေးစက်စွာ ရယ်မောလိုက်ပြီး “သူတို့ကို အရမ်းအားရကျေနပ်နေအောင် ဘယ်သူက ပြောလိုက်တာလဲ သူတို့ ဒါနဲ့ ထိုက်တန်တယ်။“
ချင်ရုန်နှင့် ရှောင်းထောင်တို့သည် သတင်းထွက်ပေါ်လာသည်အား ကြားလိုက်ရသည်နှင့် ချက်ချင်းပင်စိတ်လှုပ် ရှားလာပြီး ဖိုရမ်များနှင့် ထိပ်တန်းခေါင်းစဉ်များကို စတင်ရှာဖွေကာ အခြားသူများအား အတင်းအဖျင်းများ မျှဝေရင်း ၎င်းတို့၏အပြုံးများ တောက်ပလာခဲ့ သည်။
“ချောင်ပိတ်နေတဲ့ခွေးက နံရံကို ခုန်ကျော်လိမ့်မယ်။ စွင်းမိုက စွန့်ပစ်ဖို့ ရွေးချယ်မှာလား... ကောင်းဟောင် စိတ်ပူသွားသည်။
ဖေးမင်ရွမ်က "ကိစ္စမရှိပါဘူး၊ ငါလည်း သူ့ကို စွန့်ပစ်ခဲ့မလို့။”
အွန်လိုင်းပေါ်တွင် စစ်ပွဲ၏ မီးခိုးများ တက်လာပြီး မုန် တိုင်းတစ်ခု နီးကပ် လာကာ နောက်ဆုံးဖျော်ဖြေမှု စတင်လာခဲ့သည်!
ကျီဖေး၏ သရော်လှောင်ပြောင်မှုဖြင့် ကောင်းကင်ဧကရာဇ်နှင့် နတ်ဘုရားမသည် စကားတစ်ခွန်းမှ မပြောနိုင်တော့ပေ။
ကျီဖေး၏သရော်လှောင်ပြောင်မှုဖြင့် ကောင်းကင်ဧကရာဇ်နှင့် နတ်ဘုရားမသည် စကားတစ်ခွန်းမှ မပြောနိုင်တော့ပေ။
သို့သော် ကျီဖေး ကောင်းကင်ဧကရာဇ်အားဆန့်ကျင် ရန်ပြုလုပ် တော့မည့်အချိန်တွင် နတ်ဘုရားမကအသနား ခံ၍ “သူမှားမှန်း သူသိပါပြီ၊ သူနိုးထလာပြီ။ ကြည့်၊ သူ့နှလုံးသားနတ်ဆိုးကို သူ ဖယ်ထားပြီးပြီ မဟုတ်လား? ငါကတိပေးတယ်၊ အခုကစပြီး ငါတို့ရဲ့ အပြစ်တွေကို ဖြေ ဖျောက်ဖို့ သူ့ကို လူတွေနဲ့ဝေးတဲ့နေရာဆီ တိတ်တဆိတ် ခေါ်သွားပေးမယ်။
၎င်းသည်လည်း ယခင်ဇာတ်စင်၏ ကြည်နူးဖွယ်အဆုံး သတ် ဖြစ်သည်။ ဟုတ်သည်၊ ထိုအချိန်တုန်းက ကျေနပ်စွာခံစားခဲ့ရသည့် ကြည့်ရှုသူ တော်တော်များများသည် ယခုချိန်မှာတော့ လုံးဝကိုစက်ဆုပ်နေပြီဖြစ်သည်။
ကျီဖေးမှ ၎င်းအား မည်သို့ ကိုင်တွယ်မည်နည်းဟု မတွေးဘဲ မနေနိုင်ကြ ချေ။ သေချာတာကတော့ သူက သူတို့အား စိတ်ပျက်စေမှာ မဟုတ်ချေ။
နောက်တစ်စက္ကန့်တွင် အေးစက်သော အလင်းရောင်တစ်ခုပေါ်လာသည်။
ကျီးဖေးသည် စကားတစ်ခွန်းမှ မပြောဘဲ နတ်ဘုရားမ၏ ရင်ဘတ်အား သူ၏ဓားဖြင့် ထုပ်ချင်းပေါက် ထိုးချလိုက်သည်။
"နင်က ငါ့ကို လူမိုက်တစ်ယောက်အတွက် လက်ခံစေချင်တာလား? ချောင်ကျတဲ့နေရာမှာ အပြစ်ဖြေချင်တာလား? သောက်ရေးမပါတာ၊ နင် က နင်ရဲ့ အချစ်နဲ့ မွေ့လျောဖို့ သုခဘုံအချို့ကို သွားချင်နေတာပဲ မဟုတ်ဘူးလား? နင့်ရဲ့ လက်တွေက မရေမတွက်နိုင်တဲ့ မှားယွင်းစွာ သေဆုံးခဲ့ရတဲ့ ဝိညာဉ်တွေရဲ့ သွေးတွေနဲ့ စွန်းထင်းနေတာ။ နင့်မှာ ပြန်မွေးဖွားပြီး ပျော်ရွှင်မှုကို ရှာဖို့ ဘာအခွင့်အရေးရှိလို့လဲ? နင်လည်းရူးနေ တာ။ နင်က သေဖို့ပဲ ထိုက်တန်တယ်၊”
"နင်သာ တကယ် အပြစ်ဖြေချင်တယ်ဆိုရင် လူဝင်စားရာလမ်းကိုသွားပြီးတော့ နင့်ရဲ့ တစ်ကိုယ်ကောင်းဆန်တဲ့ ဆန္ဒတွေကြောင့် သေဆုံးသွားတဲ့ သူတွေ ခံစားခဲ့ရတဲ့ ဒုက္ခအားလုံးကိုမြည်းစမ်းကြည့်လိုက်လေ။”
"ကောင်းကင်ဘုံလမ်းစဉ်က တရားမျှတတယ်၊ ဘယ်သူ တစ်ဦးတစ်ယောက်ရဲ့ အဆင့်အတန်း ဒါမှမဟုတ် နောက် ခံအပေါ်ကိုမှ မခွဲခြားပဲ နောက်ဆုံးမှာကောင်းခြင်းနဲ့ ဆိုးခြင်းကို ချီးမြှင့်ပေးလိမ့်မယ်။"
“ကောင်းကင်ဘုံနဲ့ နတ်ဘုရားတွေက တရားမျှတမှုမရှိရင် ငါ နတ်ဘုရားတွေကိုသတ်ပစ်မယ်။ ငါ့ကိုယ် ငါပဲယုံ ကြည်တော့မယ်၊"