အခန်း (၁၀၃)
Vol. 11 Ch. 103
Show အဆုံးတွင်၊ နတ်ဘုရားမနှင့် ကောင်းကင်ဧကရာဇ်ခန္ဓာကိုယ်များကိုကျီဖေးသတ်လိုက်ပြီး ၎င်းတို့၏ဝိညာဉ် များအား လူဝင်စားခြင်းလမ်းကြောင်းထဲသို့ ချပစ်လိုက်သည်။ ဤသံသရာလမ်းကြောင်းသည် စစ်မှန်သောလူဝင် စားခြင်းမဟုတ်သော်လည်း အခြားသူ၏ဘဝတစ်ခုလုံးကိုပုံဖော်ပေးနိုင်သည့် ထင်ယောင်ထင်မှားမှော်ဆန်သည့်အိမ်မက်တစ်မျိုးပင်။
ကျီဖေးသည် ၎င်းတို့ကြောင့် ထိခိုက်နစ်နာခဲ့ရသူများ၏ ဘဝ၊ မျှော်လင့်ချက်ကင်းမဲ့ခဲ့သည့်အစမှ စိတ်ပျက်အားငယ်ခြင်းအထိ၊ အဆုံးတွင် သေဆုံးသွားပြီးနောက် နတ်ဘုရားအဖြစ် ၎င်းတို့၏မှတ်ဉာဏ်များကိုပြန်လည်ရရှိစေသည်။ ယင်းက ၎င်းတို့အားကိုးကွယ်သူများ၏ ပူဇော်သက္ကာကိုခံယူခဲ့သူများအဖြစ် ၎င်းတို့ယူဆောင် လာခဲ့သည့်အရာကို ကိုယ်တိုင်ကိုယ်ကျခံစားသိရှိစေ သည်။
ကျီဖေးသည် နတ်ဘုရားမထံမှသိမ်းယူလိုက်သော နတ်တန်ခိုးအား မြေတပြင်လုံးသို့ဖြန့်ကျဲပေးကာ ၎င်းတို့ကြောင့်သေဆုံးသွားသော ဝိညာဉ်များအားမြန်မြန်ငြိမ်းချမ်းရာရောက်စေပြီး သက်ရှိအားလုံးကိုအားပြန် ဖြည့်တင်းပေးလိုက်သည်။
ထိုစွမ်းအားသည် မူလကကောင်းကင်ဘုံသုံးဘုံရှိ သက်ရှိသတ္တဝါအားလုံး၏ယုံကြည်ခြင်းမှ ဆင်းသက်လာခြင်းဖြစ်သည်။ နတ်ဘုရားမသည် ၎င်းအားကောင်းစွာအသုံး ပြုရန် မရည်ရွယ်သောကြောင့် ကျီဖေးက ၎င်းအစား အသုံးပြုရန်ကူညီပေးခဲ့သည်။
ကျီဖေး၏ဇာတ်သိမ်းခန်းမှာ တဖြည်းဖြည်း မှေးမှိန်လာကာ အလင်းများထဲတဖြည်းဖြည်းပျောက်ကွယ်သွားကြသည်။ မရေမတွက်နိုင်သော အပြစ်မဲ့ဝိညာဉ်များသည် နောက်ဆုံး ၎င်းတို့၏ဆန္ဒပြည်ဝသဖြင့် ပျောက်ကွယ်သွားသည့်အလားပင်..
ထိုစဉ် နက်ရှိုင်းသော အသံဖြင့်မေးခွန်းတစ်ခု ထွက်ပေါ်လာသည်။
"အခြားသူတွေရဲ့ ကိုးကွယ်မှုနဲ့ကြည်ညိုမှုကို လက်ခံဖို့ သင့်မှာ အရည်အချင်းရှိလား ? အဲ့အတွက် အဆင်သင့်ဖြစ်ပြီလား ?"
...
ဖျော်ဖြေပွဲပြီးဆုံးသည်နှင့်အမျှ လူတိုင်းအသက်ရှုကြပ်သွားကြသည်။ ဤသမားရိုးကျမဟုတ်သော ဇာတ်ညွှန်းသည် လူတိုင်းကိုမတူညီသောကမ္ဘာတစ်ခုကိုပြသထား သည်။
နောက်ဆုံးမေးခွန်း၏အသံသည် ပြင်းပြင်းထန်ထန်ပဲ့တင်ထပ်နေခဲ့သည်။
ပရိသတ်များအတွက် မည်သည့်လှုံ့ဆော်မှုမှ မလိုအပ်ပေ။ သူတို့သည် အော်ဟစ်အားပေးသံများအလိုလို ထွက်ပေါ်လာပြီး မိုးခြိမ်းသံအလားထွက်ပေါ်လာကြသည်။
၎င်းတို့ထဲ ပါးပါးချင်၊ မားမားချင်နှင့် ချင်ရန်တို့သည် အရာအားလုံးကို ဝမ်းမြောက်ဝမ်းသာဝိုင်းကြည့်ကြပြီး အခြားသူများနှင့်အတူ ထိပ်တန်း Idol အဖွဲ့အတွက် အလံများဝှေ့ယမ်းကာ ဂုဏ်ယူစွာ မတ်တပ်ရပ်နေကြသည်။
ဒါရိုက်တာနှင့် ထုတ်လုပ်သူတို့သည် အွန်လိုင်းထက် ဆူပူနေသောအသံများနှင့် အရှိန်အဟုန်ပြင်းပြင်း မြင့်တတ်နေသော Rating ကိုတွေ့လိုက်ရသဖြင့် အံ့အားသင့်သွားကြသည်။
"ယုံကြည်မှု" ဆိုသည့် ဆောင်ပုဒ်အတွက် ဖြစ်နိုင်ချေရှိသော အဖြေအမျိုးမျိုးကို စဉ်းစားခဲ့ကြသော်လည်း ထိပ်တန်း Idol အဖွဲ့မှ ယခုလို စိန်ခေါ်မှုတစ်ရပ်ဖြင့် အဆုံးသတ်လိမ့်မည်ဟု မမျှော်လင့်ထားခဲ့ကြချေ။
သို့သော် ၎င်းတို့သည် ထိပ်တန်း Idol အဖွဲ့မှ စိန်ခေါ်သည့်မေးခွန်းဖြင့် အဆုံးသတ်သွားလိမ့်မည်ဟု ဘယ်တုန်းကမှ မတွေးခဲ့ကြပေ။
အကယ်၍ သင်သည် ယုံကြည်သူများ၏ပူဇော်သက္ကာကိုခံစားပြီး တစ်စုံတစ်ဦး၏ယုံကြည်ခြင်းကိုရယူလိုပါက၊ သင့်တွင် ထိုအရည်အချင်းရှိပါသလား ? အဆင်သင့်ဖြစ်ပြီလား ? သင့်ကိုယ်သင် ချုပ်ချယ်ပြီးအနာဂတ်တွင် စံနမူနာဖြစ်မည်လား ?
အာဏာရရုံမျှမက၊ ဝတ္တရားတွေကိုလည်းဖြည့်ဆည်းပေးရမယ်။ မဟုတ်ရင် မင်း ဘာထူးမှာလဲ ??
နှိုင်းယှဥ်ကြည့်လျှင် ယခုအခါ ယုံကြည်မှုအဖြစ် အမျိုး သားနတ်ဘုရားအဖွဲ့၏ အချစ်အယူအဆသည် အလွန်တိမ်ကောနေပုံရသည်။
ယုံကြည်မှုအဆင့်အထိ ရောက်ရှိလာနိုင်သည့်ကြီးမြတ် သောချစ်ခြင်းမေတ္တာ ရှိကောင်းရှိနိုင်သော်လည်း ဇာတ် ညွှန်းဇာတ်ညွှန်းနှစ်ခုကြားနှိုင်းယှဉ်ချက်သည် အလွန်ရက်စက်လွန်းလှသည်- ၎င်းတို့သည် မြေကြီးထဲရောက်သွားသလိုပင်။ အခု အမျိုးသားနတ်ဘုရားအဖွဲ့ ပုံဖော်ထားသည့် ချစ်ခြင်းမေတ္တာအား နက်နဲသည်ဟု မည်သူကပြောဝံ့မည်နည်း။
အမျိုးသားနတ်ဘုရားအဖွဲ့၏ပရိတ်သတ်များပင် ယခုအခါ ၎င်းတို့မရှိသကဲ့သို့တိတ်ဆိတ်နေကြသည်။
ကျည်ဆံမှတ်ချက်များနှင့် Weibo တွင်၊ အမျိုးသားနတ်ဘုရားအဖွဲ့အား ချီးမွမ်းသည့်အသံများမရှိတော့ချေ။ နှိုင်းယှဥ်ဝေဖန်ခြင်းသာဖြစ်ကြောင်း ဖော်ပြလာကြသည်။
အွန်လိုင်းစကားရည်လုပွဲသည် ပိုမိုပြင်းထန်လာကာ ဆွေးနွေးရန်အတွက် လွန်ခဲ့သည့်နှစ်များမှအင်မော်တယ် ဇာတ်လမ်းများကိုပင် ဆွဲထုတ်လာကြသည်။ ထုံးစံအ တိုင်း၊ စွင်းမို၏တူညီလုနီးပါး အခန်းကဏ္ဍများသည် ဝေဖန်မှု၌ အချက်အခြာဖြစ်လာသည်။
"ဇာတ်ညွှန်းကို ဂရုတစိုက်မရွေးချယ်ဘဲ ပရိသတ်ကို ထောက်ခံမှုအတွက်အသားပေးတော့ ဒါ ဘာဖြစ်သွားလဲ ဆိုတာပဲ"
"သူတို့သာ အဲ့ဒီလိုဇာတ်ညွှန်းမရွေးချယ်ခဲ့ဘူးဆိုရင်၊ သူတို့ဟာ ထိပ်တန်း Idol အဖွဲ့ရဲ့ ပြောင်းဝထဲရောက်မှာ မဟုတ်ဘူး။"
"စွင်းမိုက Weibo မှာဖျော်ဖြေပွဲမစခင် သူ့ရဲ့ပြောင်းလဲမှုကိုစောင့်မျှော်နေဖို့ ပရိသတ်တွေကိုပြောခဲ့ပေမယ့် သူ့ရဲ့ လှည့်ကွက်အဟောင်းတွေဖြစ်နေတုန်းပဲ၊ သူ့ Fan တွေက ကောင်းမွန်တဲ့ပူးပေါင်းဆောင်ရွက်ဆိုပြီး အကြောင်းပြချက်တွေပေးနေကြတုန်း"
"ငါ့ ဖင်ကြီးကို ကောင်းမွန်တဲ့ပူးပေါင်းမှု၊ ထိပ်တန်း Idol အဖွဲ့က တောင့်တောင့်ကြီးသရုပ်ဆောင်တဲ့ လူသစ် ကျီဖေး ကိုပဲကြည့်လိုက်၊ သူတို့ ဘယ်လိုဆင်ခြေတွေပေးလို့လဲ။"
"ယောကျာ်းလေးနတ်ဘုရားအဖွဲ့ရဲ့ Fanတွေ ဘယ်ရောက်နေလဲ ? ထွက်လာပြီး ကိုယ့်ထင်လာပြကြ၊ မင်းတို့ အရင်ကလို အာကျယ်အာကျယ်နဲ့ မကြွားခဲ့ဖူးလား ? မင်းတို့ရဲ့ idol တွေရဲ့ဖျော်ဖြေမှုတွေကို အခုထိကောင်းတယ်လို့ ထင်နေကြတုန်းပဲလား ?"
နောက်ဆုံးမှာတော့ ခေါင်းမာတဲ့ ပရိတ်သတ်အချို့က "ဒါ ဇာတ်ညွှန်းရွေးချယ်မှုအမှားတစ်ခုပဲ။ ငါတို့ကော ဘယ် လောက်အလုပ်ကြိုးစားတယ်ဆိုတာ နင်တို့ သိလို့လား။ ငါတို့ကောက သူ့အနာဂတ်အတွက်ကြိုးစားနေတယ်လို့ ငါတို့ အမြဲယုံကြည်တယ်။ ဒီအချိန်မှာ ရလဒ်မကောင်းခဲ့ပေမယ့်၊ ငါတို့ကောကို အမြဲအားပေးနေမှာ"
"မှန်ပါတယ်၊ ယန်ကောရဲ့ချစ်သူက ကြီးမားတဲ့စွန့်လွှတ်အနစ်နာခံမှုတစ်ခုလုပ်ခဲ့တယ်။ အာလုံး ကောင်းမွန်တဲ့ဖျော်ဖြေမှုအတွက်ပဲ၊ အဲ့တာကြောင့် သူတို့ရဲ့အားစိုက်ထုတ်မှုတွေကို မငြင်းနိုင်ဘူး"
"ဒါ စတူဒီယိုရဲ့အမှားပဲနေမှာပေါ့။ သူတို့ ဘာကြောင့် ဒီလို ဇာတ်ညွှန်းရွေးခဲ့တာလဲ၊ သူတို့က ငါတို့ကောကို သိသိသာသာကြီးထိခိုက်အောင်လုပ်နေတာ။ ဝန်ထမ်းတွေ ထွက်လာပြီး ရှင်းပြပေးကြ"
စွင်းမိုနှင့် ယန်ဟုန်တို့သည် ကုမ္ပဏီတစ်ခုတည်းတွင် ရှိနေသောကြောင့် ကုမ္ပဏီ၏ PR ဌာနသည် တုံ့ပြန်ဆွေးနွေးရန် ၎င်းတို့ထံဆက်သွယ်ရန် အရှိန်အဟုန်ဖြင့် တွန်းအားပေးလာခဲ့သည်။
သို့သော် ယခုအချိန်တွင် ဒေါသကြီးနတ်ဘုရားအုပ်စုဝင်များက တရားခံများပြန်လာသည်ကိုစောင့်ဆိုင်းနေကြသည်။
ကျီဖေးနှင့် ချင်ကျောက်တို့ စင်ပေါ်မှ ဆင်းပြီးနောက် ပြန်သွားကြသည်။
စိုးရိမ်နေသည့် ဇာတ်ပို့မင်းသမီးက "ငါတို့... အဲဒါကို ပစ်မှတ်ထားတာ မဟုတ်ဘူးမှတ်လား"
ချင်ကျောက်က "စိတ်မပူပါနဲ့ ငါ ဇာတ်ညွှန်းကိုရွေးခဲ့တာ။ မင်းကို ထိခိုက်စေမှာမဟုတ်ဘူး"
ကျီဖေးကလည်း ပြုံးပြီး "ကောင်းတယ်၊ ငါတို့က သူတို့နဲ့တူတူပါပဲ၊ သူတို့က ငါတို့ကို ဘယ်လိုအပြစ်တင်မှာလဲ"
သူတို့နဲ့အတူဖျော်ဖြေခဲ့တဲ့ သရုပ်ဆောင်တွေက သူတို့နှစ်ယောက်အား သံသယများဖြင့်ကြည့်ပြီး ထိုနှစ်ယောက်မှာပြဿနာရှာရတာကြိုက်သည်ဟု ခံစားရစေသည်။ ဒီလို ပြောင်ပြောင်တင်းတင်းပါးရိုက်တဲ့ အပြုအမူမျိုးက ဖျော်ဖြေရေးအသိုင်းအဝိုင်းထဲမှာပင် ကြုံရခဲလှသည်။
ထိုသို့အတင်းအဖျင်းပြောခြင်းကို ခံနိုင်ရည်မရှိနိုင်ဘဲ အုပ်စုနှစ်စု ထိပ်တိုက်တွေ့ကြမည်လားဆိုသည်ကို သိရန် နောက်စင်မြင့်သို့ လိုက်သွားချင်ကြသည်။
ဒီလိုစိတ်လှုပ်ရှားမှုမျိုးမှာ မပါဝင်ရတာ ရှက်စရာပဲ။
လူတိုင်းမှာ အတင်းအဖျင်းပြောတတ်တဲ့ နှလုံးသားရှိတယ်လေ...
နောက်သို့ လူတွေမပေါ်လာခင် နောက်မှဝင်လာသည့် ချင်မိသားစုသည် ကျီဖေး၏အတွင်းစိတ်တွေကိုအတိုင်းသားကြားနေရသည်။
[သူတို့ စောနက အရမ်းအတည်ကြီးတွေသရုပ်ဆောင်ထားကြတာဆိုတော့ အခုဆို တော်တော်ရှက်နေလောက်ပြီ၊ စောင့်ဆိုင်းဧရိယာက သူတို့ရဲ့အမူအရာတွေကို ငါ ကိုယ်တိုင်မမြင်လိုက်ရဘူး နောင်တရလိုက်တာနော်]
ချင်မိသားစုဝင်များသည် ၎င်းတို့၏အပြုံးတွေကို ဖိနှိပ်ထားကြရသည်။ နောင်တရစရာမလိုပါဘူး၊ လက်ရှိအမူ အရာတွေကလည်း ပျော်စရာကောင်းတယ်လေ။
စွင်းမို၊ ယန်ဟုန်နှင့် ရှုမုန့်တို့သည် အတူစုရုံးနေကြသည်။
စွင်းမို၏အမူအရာသည် မျိုသိပ်ထားသော မီးတောင်နှင့်တူသည်၊ ယန်ဟုန်၏အမူအရာသည် မုန်တိုင်းဝင်တော့မည်သကဲ့သို့အုံ့မှိုင်းနေပြီး ရှုမုန့် သည် သနားစရာကောင်း သောပုံပေါက်ကာ အလယ်ရပ်နေပြီး ယုန်တစ်ကောင်လို မျက်လုံးနီရဲနေသည်။
သူတို့ချဉ်းကပ်လာတာကိုမြင်တော့ စွင်းမိုက အေးစက်စွာနှာမှုတ်လိုက်ပြီး သူ့မျက်လုံးတွေက ဖေးမင်ရွမ်အား အချက်ပြလိုက်ပေမယ့် ဖေးမင်ရွမ်က သူတို့ကိုကြည့်တောင်မကြည့်တော့တာကိုတွေ့လိုက်ရသည်။
အရင်တုန်းက ဒီလိုအခက်အခဲတွေကြုံလာတိုင်း ဖေးမင်ရွမ်ကသာ ပြဿနာတွေကိုကိုင်တွယ်ဖြေရှင်းရာမှာ ဦး ဆောင်ကူညီပေးသူဖြစ်သည်။ သဘောထားကွဲလွဲမှုများရှိသော်ငြားလည်း ဖေးမင်ရွမ်သည် သူ့အားအပြင်လူများထံအပြင်းအထန်ခုခံပြီး သူ့အကျိုးစီးပွားအတွက် တိုက်ပွဲဝင်ရန်ကြိုးစားနေသေးသည်။ ဒါပေမယ့် အခု...
စွင်းမိုသည် ထိုအချက်ကိုတစ်ခဏတာ ကျင့်သားရမနေသော်လည်း ၎င်းတို့ကြုံတွေ့ခဲ့ရသော ပဋိပက္ခကိုသတိရပြီး ချင်ကျောက်ထံတိုက်ရိုက်သွားကာ ဖေရှင်းချက်တောင်းသင့်သော်လည်း တောင့်တင်းနေသည်။
ယန်ဟုန်တွင် ထိုကဲ့သို့ သီးသန့်မေးခွန်းများနှင့် တိုက်ရိုက်မေးခွန်းများမရှိပေ။- "မင်းတို့နှစ်ယောက် ဒီလိုမျိုး ငါတို့ဇာတ်လမ်းကိုဖျက်စီးတာ နည်းနည်းသိက္ခာမဲ့တယ် မဟုတ်ဘူးလား၊ ငါတို့ မင်းတို့ကို မစော်ကားခဲ့ဘူးလားလို့ ??"
ချင်ကျောက်သည် ရပ်ကာ ယန်ဟုန်ကိုကြည့်လိုက်သည်။
ပတ်ဝန်းကျင်သည် ချက်ချင်းတိတ်ဆိတ်သွားသည်။ မငြိမ်မသက်မှုများလေထဲတွင်ပျံတက်ပြီး လေထုသည် ချက်ချင်းဆိုသလိုတင်းမာလာသည်။
ယန်ဟုန်သည် အရင်းအနှီးအနည်းငယ်ရှိသဖြင့် ချင်ကျောက်နှင့် ပြဿနာတတ်မည်ကိုလုံးဝဂရုမစိုက်ပေ။
ဒါပမယ့် ကျီဖေးက ယန်ဟုန် ခုလောက်သတ္တိရှိလိမ့်မည်ဟုမမျှော်လင့်ထားခဲ့ပေ။ အပေါ်ယံသဟဇာတဖြစ်အောင် ထိန်းသိမ်းပြီး ဒီကိစ္စကိုသည်းခံမည်ဟုသာ သူမ ထင်ခဲ့သည့်။ ထို့ပြင် ယန်ဟုန်၏စိတ်နေစိတ်ထားမှာ စိတ်မရှည်ပုံပေါ်သည်။
[ငါ သိပြီ၊ အဲဒါက သူတို့ရဲ့ဇာတ်ညွန်းအချေခံရရုံတင်မကဘူး၊ ငါ့တို့ရဲ့ ဆန့်ကျင်ဘက်သရုပ်ဆောင်မှုတွေက သူတို့ရဲ့နဂိုအစီအစဉ်တွေကို ရွှေ့ဆိုင်းလိုက်ရတာကြောင့်ကိုး၊ ဟမ် ? ခဏလေး ဘဒို၊ နင့်ရည်းစားကို စွန့်လွှတ်ပြီး လျှို့ဝှက်ချစ်သူဖြစ်လာဖို့ နင်အဲ့လောက်တောင်စိတ်အားထက်သန်နေတာလား ? နင့်ကိုတော့ နင်မျှော်လင့်ထားတဲ့အတိုင်း ယန်ဇောက်ထိုးလို့ပဲပြောတော့မယ်။]
ဒါကိုကြားတော့ ချင်မိသားစုဝင်တွေက ဝါးလုံးကွဲလု မတတ်ရယ်မောလိုက်ကြသည်။
ချင်ကျောက်သည် ယန်ဟုန်၏ဒေါသအား ထိပ်တိုက်ရင် ဆိုင်ရင်းပင် မျက်နှာပင်တည်တည်မထိန်းနိုင်တော့ဘဲ ယန်ဟုန်အားရှုပ်ထွေးသော အမူအရာဖြင့်သာကြည့်နိုင်ခဲ့သည်။