အခန်း (၁၀၄)
Vol. 11 Ch. 104
ယခုအချိန်တွင် စွင်းမိုသည် ယန်ဟုန်နံဘေးရပ်ကာ တူညီသော ရပ်တည်ချက်ကိုဖော်ပြခဲ့သည်။ သို့သော် ယန်ဟုန် ၏မျက်လုံးများ တောက်ပသွာယသည်ကို သူ သတိမထားမိလိုက်ပေ။ ချင်ကျောက် အသိစိတ်ဝင်လာကာ
"ငါတို့ဘက်က ဘယ်သူ့ကိုမှမစော်ကားခဲ့တာ အမှန်ဘဲ။ ဒါက အပြိုင်အဆိုင် PK တစ်ခုပဲလေ၊ ငါတို့က ပိုကောင်းတဲ့နည်းလမ်းတွေနဲ့လုပ်နိုင်မှတော့ ဘာလို့ အဲဒါတွေကို မသုံးသင့်တာလဲ ?
[ဝိုး၊ စန်းတိ၊ နင်ကြည့်ရတာ ဗီလိန်တစ်ကြနေတာပဲ။ ဒါပေမယ့် နင် မှန်တယ်။ ငါတို့ရှေ့က ဒီသုံးယောက်ကိုတော့ပြောမနေတော့နဲ့ ဖေးကျဲကို သူတို့အချစ်ဇာတ်လမ်းချောမွေ့အောင် စတေးချင်နေကြတယ်။ သူတို့ကများ ငါတို့ကို မေးခွန်းလာထုတ်ရဲတာသးတယ်။ ငါတို့အားလုံးသည် Show မှာအနိုင်ရဖို့လုပ်ရမှာပဲလေ၊ ဘာပဲဖြစ်ဖြစ် အနည်းဆုံးတော့ ငါတို့ကပေါ်တင်ပဲ သူများတွေလိုမဟုတ်ဘူး]
ချင်မိသားစုဝင်များသည် နားထောင်ပြီးနောက် ရယ်ချင်စိတ်အားအတင်းမြိုသိပ်ကာ အောင့်အီးလိုက်ကြသည်။
သို့သော် ချင်ကျောက်၏တုံ့ပြန်မှုကြောင့် သုံးယောက်သားအံ့အားသင့်သွားကြသည်။
ချင်ကျောက် တိုက်ရိုက်ဝန်ခံလာဖို့မမျှော်လင့်ထားခဲ့ကြချေ။ ချင်ကျောက်မှ အကြောင်းပြချက်များပေးလာလိမ့်မည်ဟု သူတို့ ထင်ခဲ့သည်။ ဤတုံ့ပြန်မှုသည် ယန်ဟုန်နှင့် ဆွန်မိုတို့အား ဆွံ့အစေခဲ့သည်။
စွင်းမိုသည် ထိုသို့သော အခြေအနေများကို ကိုင်တွယ်ရာတွင် ကျွမ်းကျင်မှုမရှိဆုံးဖြစ်သည်။ သို့ဖြစ်ရာ သူ ဖေးမင်ရွမ်ဆီသို့ အလိုလိုလှမ်းကြည့်မိသော်လည်းတစ်ချက်မျှတုံ့ပြန်မှုမရရှိခဲ့ပေ။
စွင်းမိုသည် ပထမဆုံးအကြိမ်တွင် သူ့နောက်၌တစ်ဦးမှ ရှိဟုခံစားရပြီး တစ်ယောက်တည်း ကြိုးတစ်ချောင်းတည်းပေါ်လျှောက်နေရသကဲ့သို့ နားမလည်နိုင်အောင်စိတ်ရှုပ်ထွေးနေသည်။
လေထုသည် မခံမရပ်နိုင်လောက်အောင် အဆင်မပြေဖြစ်လာသည်နှင့်အမျှ ယန်ဟုန်၏အေးဂျင့်သည် အလျင် အမြန်ရောက်ရှိလာပြီး ထိုအခြေအနေအားချိုးဖျက်လိုက် သည်။
ဆူပူအုံကြွမှုများပြီးဆုံးပြီးနောက် အဖွဲ့လိုက် Meeting တစ်ခုသွားရောက်ခဲ့ကြပြီး Show ဖျော်ဖြေမှုနှင့်ပတ် သက်သည်မှာသိသာလှသည်။
အပြင်ဘက်တွင် ပွဲအပြီး အင်တာဗျူးတိုက်ရိုက်ထုတ်လွှင့်မှုအားလုပ်ဆောင်နေပြီး နောက်ပိုင်းစင်မြင့်ပေါ်တက်ရလိမ့်မည်။ ၎င်းတို့၏ အစောပိုင်းစွမ်းဆောင်ရည်အ တွက် ဒီအခွင့်အရေးကိုအသုံးချချင်ကြတာဖြစ်နိုင်သည်။
သို့သော် မကြာခင်မှာပင် ဖေးမင်ရွမ်ပြန်လည်ရောက်ရှိလာပြီး သူ့ရဲ့မျက်နှာညိုးငယ်သွားခဲ့သည်။ သို့ဖြစ်ရာ ဘေးပတ်ဝန်းကျင်မှ စူးစမ်းသလိုကြည့်လာကြသည်။
"သူ ဘာလို့ တစ်ယောက်တည်းပြန်လာတာလဲ ? သူတို့ အတူတူဆုံကြတာမဟုတ်ဖူးလား ?"
ချင်မိသားစုဝင်များသည် ကျီဖေးအနီးတဝိုက် စုရုံးကာ စူးစမ်းရင်းအတင်းပြောနေကြသည်။
ဖေးမင်ရွမ်သည် ၎င်းတို့၏စာချုပ်ကိုမရပ်စဲဘဲ စွင်းမို၏ အေးဂျင့်အဖြစ် ဆက်လက်တည်ရှိနေသောကြောင့် စွင်းမိုအတွက် အလုပ်လုပ်ပေးရမည်ဖြစ်သည်။
သူမ၏မိတ်ကပ်ကိုပြန်လည်ပြင်ဆင်နေသည့် ကျီဖေး သည် ဒါကိုမြင်သောအခါတွင် မစစ်ဆေးဘဲမနေနိုင်ပေ။
[ဟဟား၊ ဟာသပဲ]
ချင်မိသားစုဝင်များသည် ချက်ချင်းဆိုသလို နားရွက်များထောင်သွားကြသည်။
[ကုမ္ပဏီက အမျိုးသား Idol နှစ်ယောက်ရဲ့ဂုဏ်သတင်းကိုဆယ်ချင်တဲ့အတွက်ပြီး PR ဌာနကိုဗျူဟာအမျိုးမျိုး ပေးခိုင်းခဲ့တယ်၊ ဖေးကျဲက ပရော်ဖက်ရှင်နယ်ဆန်တော့ သူက အသင့်တော်ဆုံးနည်းလမ်းရွေးချယ်ဖို့ကူညီပေးခဲ့တယ်။ ဇာတ်ညွှန်းမှားရွေးမိတဲ့အတွက် တောင်းပန်ခိုင်းတာ၊ အမှားကိုဝန်ခံပြီး နောက်တစ်ကြိမ်ပြင်ဆင်ပြီးကြိုးကြိုးစားစားလုပ်မယ်ဆိုပြီး Fan တွေကိုကတိပြုခိုင်းတာ တခြားဘာမှ အပိုလုပ်စရာမလိုဘူး။]
ချင်မိသားစုဝင်များက ၎င်းကို စဉ်းစားပြီး ကျိုးကြောင်းဆီလျော်သည်ဟုယူဆကြသည်။ သူတို့တကယ်တောင်း ပန်ခဲ့မယ်ဆိုရင် အင်တာနက်အသုံးပြုသူတွေက ဆက် လက်ပုတ်ခတ်ဖို့ရာ စိတ်မသက်မသာဖြစ်ကြလိမ့်မည်။ အမှန်တော့၊ သူတို့လုပ်ဆောင်ခဲ့တာတွေက တကယ့်ကို သာမန်လုပ်ရိုးလုပ်စဉ်တစ်ခုပင်။ ယင်းအစား ၎င်းတို့ သည် လူအများထံမှသနားဂရုဏာရရှိစေမည်ဖြစ်သည်။ အမှားကိုသိ၍ပြုပြင်လိုစိတ်ရှိခြင်းသည် ကြီးမြတ်သောသီလမဟုတ်ပါလား ?
ဖျော်ဖြေသူတစ်ဦးအနေဖြင့် ချင်ကျောက်သည် ၎င်းမှာ အကောင်းဆုံး PR နည်းဗျူဟာဖြစ်သည်ဟုခံစားခဲ့ရသည်။ တစ်ခါတစ်ရံတွင်၊ ၎င်းတို့ကို ပိတ်ဆို့ခြင်းထက် ဒီတိုင်းထားလိုက်တာပိုကောင်းသည်။ ဂုဏ်သတင်းနည်း နည်းနှင့် မျက်နှာပျက်ရလျှင်ပင် ရေရှည်မှာအကျိုးအများဆုံးဖြစ်လာလိမ့်မည်။
[ဒါပေမယ့် သုံးယောက်လုံး တစ်ယောက်မှလက်မခံကြဘူး။ ရှုမုန့်က စွင်းမိုနဲ့သူ့ဆက်ဆံရေးကြောင့် တခြားအဆင်ပြေတဲ့ ဖြေရှင်းနည်းမရှိဘူးလားဆိုပြီး ဖေးကျဲ ကို တမင်တကာမေးလိုက်သေးတယ်၊ပြီးတော့ သူက သူ့ကိုယ်သူသနားစရာကောင်းတဲ့ပုံ ဟန်ဆောင်ပြီး ဖေးကျဲ ဆီ အသနားခံကာပြီး အကူအညီတောင်းခဲ့သေးတယ်]
ချင်မိသားစုဝင်များ - Tsk ! ဒီဇာတ်လမ်းကလည်း အရမ်းထူလွန်းမနေဘူးလား ? ပြောတာကို နားထောင်ရုံ နဲ့တင် အနံ့ကရနေပြီ၊ ရှုမုန့်က စွင်းမိုကိုပြဖို့ တမင်သရုပ် ဆောင်နေတာ၊ ဒါကြိးက စွင်းမို သူ့ဘက်ပါလာပြီး ဖေးကျဲကို ထောင်ချောင်ဆင်ဖို့ကြံနေတာပဲ။
[ဝက်ဦးနှောက်စွင်းမိုက ဖေးကျဲကို အိုင်ဒီယာမထွက်ရင်ထွက်သွားစမ်းဆိုပြီးအော်ထုတ်လိုက်တာ၊ အဲ့တာကြောင့် ဖေးကျဲထွက်လာခဲ့ရတာ ]
ချင်မိသားစုဝင်များစိတ်ထဲ စွင်းမို မျက်စိကန်းလွန်းသဖြင့် မမုန်းဘဲမနေနိုင်ကြချေ။ သူ့ကိုယ်သူ ဘာထင်နေတာလဲ ??
[ရလဒ်ကတော့ ဖေးကျဲထွက်သွားတာနဲ့ တပြိုင်တည်း သုံးယောက်သား ဇာတ်လမ်းဆင်နေကြပြီ...သောက်ခွေး
ချက်ချင်းကြီး စီစဉ်နေကြပြီပေါ့လေ ? စွင်းမို နင့်မှာ လုံးဝလူစိတ်မရှိဘူးပဲ၊ တစ်ချက်လေးတောင် မတွန့်ဆုတ်ဘူး၊ တကယ် ရွံဖို့ကောင်းတယ်]
ချင်မိသားစုဝင်များသည် ချက်ချင်းဆိုသလို ကျီးဖေးနားနီးကပ်လာကာ သူတို့ဘာလုပ်ခဲ့ကြသည်ကို သိချင်လာကြသည်။
ရလဒ်အနေဖြင့် ကျီဖေးသည် သူမ၏အတွင်းစိတ်ထဲ ပြောနေခြင်းကိုရပ်တန့်လိုက်ပြီး ဖုန်းချက်ချင်းထုတ်ကာ ရှာဖွေနေသည်ကိုတွေ့လိုက်ရသည်။
ချင်မိသားစုဝင်များသည် အတင်းအဖျင်းစကားများကို အမြန်ဖမ်းမိလိုက်ကြပြီး ကျီဖေးနှင့်အတူ Weibo ကို ချက်ချင်းဖွင့်ကြည့်လိုက်ကြသည်။
ထိုအချိန်တွင် လူများစွာ၏ဖုန်းများလည်း Noti တတ်လာကာ အထူးသဖြင့် ဖေးမင်ရွှမ်၏ဖုန်းမှာ မြည်လာသည်။
ဖေးမင်ရွှမ် သူ့ဖုန်းအကောက်ကိုင်လိုက်ပြီး ကြည့်လိုက်ရာ သူ့မျက်နှာချက်ချင်းအေးခဲသွားသည်။
#ယောက်ျားလေး Idol အဖွဲ့ Show flop မှုရဲ့ နောက်ကွယ်ကတရားခံ ဆိုသည့်ခေါင်းစိးသည် ချက်ချင်းဆိုသလို Hot Search သို့တတ်လာသည်။
တစ်စုံတစ်ယောက်သည် စျေးကွက်ရှာဖွေရေးအကောင့်များသို့ အမျိုးမျိုးသော အစမ်းလေ့ကျင့်ဓာတ်ပုံများကို ပေးပို့ခဲ့ပြီး အားလုံးသည် ဇာတ်ညွှန်းအားကိုယ်တိုင်ကြီး ကြပ်နေသည့် ဖေးမင်ရွှမ်အားရိုက်ပြထားသည်။
အတွင်းလူလို့ခေါ်တဲ့ သတင်းတွေ အရူးအမူးပေါက်ကြားလာသည်။
"တကယ်တော့၊ အမျိုးသား Idol အဖွဲ့ရဲ့ မူရင်းဇာတ်ညွှန်းက ဒီလိုအသေးအမွှားအချစ်ဇာတ်လမ်းမဟုတ်ဘူး ကြီးမားတဲ့အောင်မြင်မှုအတွက် ယုံကြည်မှုအကြောင်း ပဲ သူ့အေးဂျင့်က အတင်းအကျပ်ပြောင်းခဲ့တာ"
"အဲ့ဒီရင်းနှီးတဲ့မြင်ကွင်းတွေကို အစက လူတိုင်းငြင်းဆိုခဲ့ပေမယ့် အေးဂျင့်က သူတို့ကို ပရိတ်သတ်တွေအာရုံစိုက်လာအောင် ပေါင်းထည့်ဖို့တောင်းဆိုခဲ့တာ"
"စွင်းမိုရဲ့ပရိသတ်တွေဆိုသိမှာပါ သူ့အေးဂျင့်ဖေးမင်ရွှမ်က စွင်းမိုရဲ့ကိစ္စရပ်တိုင်းကို အမြဲတမ်းတာဝန်ယူ တာဝန် ခံတယ် စွင်းမိုမှာဆုံးဖြတ်ပိုင်ခွင့်မရှိဘူး၊ သူပြောတာကို နားထောင်ရုံပဲ။ ဒါကြောင့် ဒီ Show ဖျော်ဖြေမှုပျက်ကွက်တာက အမျိုးသား Idol အဖွဲ့ရဲ့အပြစ်မဟုတ်ဘူး။ အေး ဂျင့်ရဲ့ဆုံးဖြတ်ချက်က ညံ့တယ်လို့ပဲပြောရမယ်။"
တစ်စုံတစ်ယောက်သည် အောက်ပါအတိုင်း ချက်ချင်းတုံ့ပြန်ခဲ့သည်- "စွင်းမိုကို အသွင်ပြောင်းခွင့်မပေးဘူးဆိုတော့ အေးဂျင့်တစ်ယောက်က အဲ့လောက်တုံးလား၊ ပြီး တော့ အရင်လှည့်ကွက်ဟောင်းတွေကိုအားကိုးခိုင်းတာလား ? အဲဒါ ဝေဖန်ခံရဖို့ သက်သက်တောင်းဆိုနေတာမဟုတ်ဘူးလား။ တခြားရည်ရွယ်ချက်တစ်ခုရှိမလား။"
“သူက အရမ်းလိမ္မာပါးနပ်တယ်။ ကောရဲ့အသက်မွေးဝမ်းကြောင်းကိုဖျက်ဆီးဖို့ ကြိုးစားနေတာလားလို့တောင် တွေးမိတယ်” ဟု ပရိသတ်တစ်ဦးဟည် သတင်းကြားပြီး ချက်ချင်းဆိုသလို ဒေါသဖြစ်သွားခဲ့သည်။
များမကြာမီတွင် လူကြိုက်များသည့်မှတ်ချက်တစ်ခုအား ထိပ်ဆုံးသို့တွန်းပို့ခဲ့သည်။
"သူတို့တွေ စာချုပ်ဖျက်သိမ်းတော့မယ်ဆိုတဲ့ ကောလ ဟာလတွေရှိတယ်"
ဒီအချက်က ချက်ချင်းဆိုသလို ဖျော်ဖြေရေးနယ်ပယ်ထဲ အေးဂျင့်တွေစာချုပ်ရပ်စဲပြီးနောက်ပိုင်း အနုပညာရှင်များအားရိုက်ချခြင်းမျိုးရှိရာမထူးဆန်းပေ။
မဖြေရှင်းရသေးသော စေ့စပ်ညှိနှိုင်းမှုများကြောင့် (သို့) အာဃာတအငြိုးထားခြင်းကြောင့် ဖြစ်ကောင်းဖြစ်နိုင်သောကြောင့် သင်ခန်းစာတစ်ခုပေးရန် အခွင့်အရေးယူနေကြခြင်းဖြစ်သည်။
ဤရှင်းလင်းချက်သည် Fan များ၏အမုန်းပွားမှုပစ်မှတ်အား ချက်ချင်းပြောင်းသွားစေသည်။ အမှန်တော့၊ သူတို့ကောနဲ့ယှဉ်ရင် သူတို့က တခြားလူတွေများကိုသာ ပိုမကောင်းမြင်လိုစိတ်ရှိကြပြီး သူတို့အစ်ကိုသာလျှင် သား ကောင်ဖြစ်မည်မှာသေချာသည်။
#စွင်းမိုနှင့် ယန်ဟုန်ကိုကြင်နာပါ # #အနုပညာရှင်များ၏ဇာတ်ညွှန်းရွေးချယ်ခွင့် # #ပြောင်းလဲချင်တာ ဘာတွေလာတားနေတာလဲ ဆိုတဲ့ Tag တွေတစ်ခုပြီး တစ်ခုပေါ်လာသည်။ အားလုံးသည် ဖေးမင်ရွှမ်အားမကောင်း ဆိုးဝါးအဖြစ် ပုံဖော်ရန်ကြိုးစားနေသကဲ့သို့ပင်။
ထိုသတင်းသည် ကျည်ဆန်စခရင်မှတ်ချက်များကိုပါ ထိခိုက်စေလာသည်။ ယခင် အမျိုးသား Idol အဖွဲ့အပေါ် သရော်လှောင်ပြောင်မှုများမှသည် အပြည့်အ၀စာနာနား လည်လာခဲ့ကြပြီး ဖေးမင်ရွှမ်အားတိုက်ရိုက်ထုတ်လွှင့်မှုထဲ တောင်းပန်ရန်တောင်းဆိုလာကြသည်။
အများသူငှာထင်မြင်ချက်အား လမ်းညွှန်လိုက်သည်နှင့် တစ်ပြိုင်နက် အမှန်တကယ်ပြောင်းလဲသွားသည်ဟုဆိုနိုင်သည်။
အမှန်တရားကိုသိသော ဝန်ထမ်းအားလုံးသည် ဖေးမင် ရွှမ်အပြစ်သားအဖြစ်တွန်းထုတ်ခံရသည်ကို သိသဖြင့် သူ့အား စာနာစိတ်ဖြင့်ကြည့်လာကြသည်။
သို့သော် ၎င်းတို့ထံအင်အားမရှိသဖြင့် Hot Search နှင့် ရေတပ်များငှားရမ်းခြင်းအတွက် ငွေကြေးသုံးစွဲရန်ကြီး မားသောအရင်းအနှီးမရှိခဲ့ပေ။ ထို့ကြောင့် ရှေ့ထွက်ပြီးတစ်ခုခုပြောချင်လျှင်ပင် ပြောင်းလဲမည်မဟုတ်ဘဲ သတင်းအချက်အလက်စီးဆင်းမှုထဲသာ သာနစ်မြုပ်နေလိမ့်မည်။
ဒါရိုက်တာနှင့် ထုတ်လုပ်သူတို့သည် ၎င်းတို့၏မျက်နှာ များကိုမပြဝံ့သေးဘဲ ဤအငြင်းပွားမှုတွင် မပါဝင်ချင်ကြောင်းသိသညနေသည်။ အားလုံးသည် ၎င်းတို့၏အ တွင်းရေးကိစ္စသာဖြစ်သည့်အပြင် အနုပညာအသိုင်းအ ဝိုင်းသည် နက်ရှိုင်းပြီး မှားယွင်းစွာမတရာခံရသူများမှာလည်း ဒုနှင့်ဒေးရှိကြသည်။
သို့သော်လည်း အဆိုပါဒရာမာကိုကြည့်ရှုနေသည့် ချင်မိသားစုဝင်များသည် အလွန်ဒေါသထွက်နေကြပြီး ချင်ကျောက်အား အရူးအမူးအရိပ်အမြွက်ပြောနေကြသည်။
ချင်ကျောက် ကောင်းဟောင်ကိုတစ်ချက်ကြည့်လိုက်သည်။
ကောင်းဟောင်သည် အကူအညီမဲ့စွာ သူ့ဖုန်းအားကောက် ယူလိုက်ပြီး ဖေးမင်ရွမ်ဆီလှမ်းကာ "အကူအညီလိုသေးလား ?"
ဖေးမင်ရွမ်သည် သူမ၏အေးစက်နေသော မျက်နှာကို ဖြည်းညှင်းစွာမော့လာပြီး "ဒီလိုကိစ္စသေးလေးကို ငါ မထိန်းနိုင်ရင်တောင် ငါ့ဆီ ချည်းကပ်ချင်သေးတာလား ?"
ဒါကိုမြင်တော့ ကောင်းဟောင်ကမျက်ခုံးပင့်ပြီး "ကြည့်ရတာ ဖေးကျဲအတွက် သိပ်မခက်ဘူးထင်တယ်"