အခန်း (၁၀၇)
Vol. 11 Ch. 107
ဖေးမင်ရွမ်သည် ထိုမျှ မိုက်မဲသူမဟုတ်ပေ။ ထို အခိုက် အတန့်တွင် သူ့သရုပ်ဆောင်မှုစွမ်းရည်သည် ဆုရမင်း သမီးတစ်ယောက်ကဲ့သို့ပင်။
"ဘာ?"
စွင်းမို၏ အမူအရာသည် မယုံကြည်နိုင်လောက်အောင်ဖြစ်နေခဲ့သည်။ သူက အမှန်နှင့် အမှားကိုတောင် မခွဲခြားနိုင်တော့ပေ။
"မပြောနဲ့တော့ ၊ ကုမ္ပဏီကို မြန်မြန်ပြန်ပြီးဆွေးနွေးကြရအောင်... ယန်ဟုန်မှ စွင်းမိုအားဆွဲခေါ်ပြီး ဖေးမင်ရွမ်ကို စူးရှသောအကြည့်ဖြင့် လှည့်ကြည့်လာသည်။
အခြားသူများမှ စွင်းမိုအား ဤကဲ့သို့ ထိခိုက်စေခြင်းကို သူ လုံးဝ ခွင့်မပြုနိုင်ပေ။သူတို့က အဆုံးအထိလုပ်ဖို့ တွန်းအားပေးနေတာပဲ။
ထိုလူများထွက်သွားပြီးနောက် ကောင်းဟောင်က ရှေ့သို့ လှမ်းလာပြီး "ကြည့်ရတာ နောက်ထပ် ဒရာမာတွေလာဖို့ ရှိသေးတယ်ထင်တယ်"
“ဒါဆိုလည်း သူတို့ကို ကြိုးစားခိုင်းလိုက်ပေါ့"
ဖေးမင်ရွမ် လှောင်ရယ်လိုက်သည်။
ချင်ကျောက် ရှေ့ကိုရောက်လာပြီး “မစ္စဖေး၊ ကျွန်တော်တို့ စတူဒီယိုကိုယ်စား မင်းကိုတရားဝင်ဖိတ်ခေါ်ပါတယ်”
ဖေးမင်ရွမ်အံ့အားသင့်သွားသည်။ သူ့နောက်ကို လှမ်းကြည့်လိုက်ရာ ကျီဖေး၏ကြည်လင်ပြတ်သားသည့် ဗာဒံစေ့သဏ္ဍာန်မျက်ဝန်းများမှာ တောက်ပလင်းလက်နေ သည်ကို မြင်လိုက်ရသည်။
ထိပ်တန်း Idol အဖွဲ့ သည် ဖျော်ဖြေရေးနယ်ပယ်တွင် အမှန်တကယ်ကို လေကောင်းလေသန့်ရှုရှိုက်သူဖြစ် သည်။
"ကျေးဇူးတင်ပါတယ်၊ ဒါပေမယ့် ကျွန်မ အရှုပ်အရှင်းတွေကြုံနေရတဲ့အချိန်မှာတော့ ကုမ္ပဏီအသစ်ကို မဝင်နိုင်သေးဘူး။ ဒါတွေ ပြီးသွားရင်တော့ ကျွန်မ ရှင့်ကို လာရှာပါ့မယ်" ဟု ဖေးမင်ရွမ်မှ တစ်ယောက်တည်း ထွက်ခွာမသွားခင် ကျေးဇူးတင်ကြောင်းခေါင်းညိတ်ပြခဲ့သည်။
ရှင်းရှင်းလေးပင်၊ ဖေးမင်ရွမ်သည် နောက်လာမည့်မုန် တိုင်းများအား သူ့ ဘာသာသူ ရင်ဆိုင်ရန် ပြင်ဆင်နေသေးတုန်းဖြစ်သည်။ ချင်ရှန့်မှ ခွဲခြမ်းစိတ်ဖြာနိုင်ခဲ့သည့် ဖြစ်နိုင်ခြေများအား သူလည်း ကောင်းကောင်းခန့်မှန်းနိုင်သည်။
သူ့တွင် တန်ပြန်တိုက်ခိုက်ရန် နည်းလမ်းကောင်းများ ရှိနိုင်သောကြောင့်ဖြစ်နိုင်သည်။
[ဒီညတော့ ကြည့်လို့ကောင်းမယ့် ရှိုးတစ်ခုရှိပုံပဲ၊ အရင်လိုအတင်းအဖျင်းတွေရဖို့အတွက် ငါ့ဖုန်းကို စောင့်ကြည့်တာပဲ ပိုကောင်းပါတယ်လေ။]
ချင်မိသားစုလည်း ထိုအတိုင်းတွေးခဲ့သည်၊ နောက်ဆုံးတော့၊ သူတို့ဟာ ဒရာမာအား ဒီအထိလိုက်ကြည့်နိုင်ခဲ့သည်။
"သွားကြစို့၊ အာ့တိ ဒီည နင့်ရဲ့ဖျော်ဖြေမှုအောင်မြင်တဲ့အတွက် ဂုဏ်ပြုဖို့လာကြိုမယ်ပြောတယ်" ချင်ရန် ရှေ့တိုးကာ ပြုံးလိုက်သည်။
ထို့နောက် ကောင်းဟောင်သည် ချင်မိသားစုထံချဉ်းကပ်လာပြီး "မင်းတို့ အားလုံး ရှောင်ထောင်းနဲ့အတူ အနောက်တံခါးကနေသွားသင့်တယ်။ ကျီဖေးနဲ့ ချင်ကျောက်တို့ကိုတော့ ပင်မဝင်ပေါက်ကို အသုံးပြုခွင့်ပေးလိုက်၊ ပရိတ်သတ်တွေ တော်တော်များများရောက်နေပြီ"
ချင်ကျောက်နှင့် ကျီဖေးတို့ကောင်းဟောင်နှင့်အတူလိုက် သွားပြီး တံခါးဝသို့ရောက်သောအခါ ကျီဖေးအံ့သြသွားသည်။
အပြင်မှ လူအုပ်ကြီးသည် အဆုံးမရှိလုနီးပါးပင်။ ပြပွဲအဖွဲ့ သားများက လုံခြုံရေးဝန်ထမ်းများကိုပင် စီစဉ်ပေးထားရသည်။
"ဒါက အရမ်း မချဲ့ ကားလွန်းဘူးလား?”
ချင်ကျောက်မှ "ဒါက ငါတို့ရဲ့ ပရိသတ်တွေချည်းပဲတော့ မဟုတ်ဘူးမလား?"
ချင်ကျောက်သည် သူ့အား အားပေးသည့် ပရိသတ်မည်မျှများပြားလောက်မည်ကို ကောင်းကောင်း စိတ်ကူးထားပြီးဖြစ်ပြီးများလွန်းပါက စတူဒီယိုမှကြားဝင်ဆောင်ရွက် ပေးမည်ဖြစ်သည်။
ကျီဖေးအတွက်မူ လူသစ်တစ်ယောက်ဟုသာ ယူဆနိုင်သေးသည်။ ပရိတ်သတ် အနည်းအကျဉ်းလောက်အား ဆွဲဆောင်ထားနိုင်ခဲ့ သော်လည်း သူ့အလိုလို လာရောက်အားပေးနိုင်သူကတော့ အနည်းငယ် သာ ရှိသေးသည်။ အဆုံးမှာတော့ ကျီဖေးသည် variety showနှင့် အဓိကအားဖြင့် နာမည်ကြီးနေဆဲဖြစ်သည်။
"ယောကျာ်းနတ်ဘုရားအဖွဲ့ ရဲ့ ပရိသတ်တွေလည်းရှိတယ်။"
ချင်ကျောက်က တအံ့တသြနှင့် "သူတို့ မသွားရသေးဘူးလား?"
“သူတို့ အခု ပရိသတ်တွေကို ဘယ်လိုလုပ်ရင်ဆိုင်ရဲမှာလဲ? အနောက် တံခါးကနေထွက်သွားပြီ” ဟု ကောင်းဟောင်မှ လှောင်ပြောင်ပြောဆိုလိုက်သည်။
“ဝန်ထမ်းတွေက သူတို့ထွက်သွားပြီလို့ ပရိသတ်တွေကို မပြောဘူးလား” ကျီဖေးက စိတ်ဝင်တစား မေးသည်။
“သူတို့ ပြောခဲ့ပေမယ့် ဘယ်သူမှ မယုံကြဘူးလေ။"
ချင်ကျောက်က ကျီဖေးဘက်လှည့်ပြီး "လူအရမ်းများနေတယ်။ နောက်မှာညပ်ပြီး မကျန်ခဲ့အောင် သတိထား။"
ကျီဖေး ခေါင်းညိတ်လိုက်သည်။
သူတို့ အပြင်သို့ ထွက်လိုက်သည်နှင့် တပြိုင်နက် စိတ်လှုပ်ရှားစွာ အော်ဟစ်နေသည့် အော်သံများအားကြား လိုက်ရသည်။ နှစ်ဘက်လုံးရှိပရိသတ်များက ရှေ့ကို တွန်းနေကြပြီး လုံခြုံရေးအစောင့်များသည် လက်များ ချိတ်ကာ ၎င်းတို့အား ထိန်းထားနိုင်ခဲ့သည်။
အားပေးသည့် ပရိသတ်များအပြင် ကျီဖေးသည် အမျိုး သားနတ်ဘုရားအဖွဲ့ အကြောင်း မေးမြန်းမှုများအား ကြားခဲ့ရသည်။ သူတို့၏ လေသံကိုအကဲဖြတ်ကြည့်လျှင် ရာဇဝတ်ကောင်များအား စစ်ဆေးမေးမြန်းရန်ရောက် လာသကဲ့သို့ပင်။ အရှေ့တံခါးမှ မထွက်ရဲကြခြင်းမှာ အံ့သြစရာမဟုတ်ချေ။
သို့သော် ၎င်းမှာ သူတို့အတွက် လှုပ်ရှားရန် ခက်ခဲစေ သည်။ ရံဖန်ရံခါ တွင် လုံခြုံရေးအစောင့်များ၏ လူသားတံတိုင်းသည် ဖိအားဒဏ်ကိုမခံနိုင်ပေ။
ခဏအကြာတွင် အနက်ရောင်ဝတ်ကိုယ်ရံတော်များ သည် စည်းကမ်းထိန်းသိမ်းရေး၌ ကူညီရန်ရောက်ရှိလာကြသည်။ ၎င်းတို့သည် ချင်မိသားစု၏ကိုယ်ရံတော်များဖြစ်ကြသည်။
အဝေးတွင်၊ ကျီဖေးသည် လမ်းဘေး၌ မတ်တပ်ရပ်နေသောအနောက်တိုင်းဝတ်စုံဝတ်ထားသည့် ချင်ရှန့်အား တွေ့ လိုက်ရသည်။
ရှင်းရှင်းလေးပင်၊ သူသည် သူတို့အတွက် စိတ်ပူနေသောဘကြောင့် လာကူညီရန် ကားထဲမှ ကိုယ်ရံတော်များအား စီစဉ်ပေးခဲ့သည်။
ချင်မိသားစု၏ကိုယ်ရံတော်များပါရှိသဖြင့် ကျီဖေးနှင့် ချင်ကျောက်တို့သည် ကားထဲသို့ အမြန်ဝင်နိုင်ခဲ့သည်။
ချင်ကျောက်သည် ပရိတ်သတ်ထံမှ ပေးစာများအား စုဆောင်းနေခဲ့သည်။ ကျီဖေးမှ ၎င်းတို့ကို မြင်ပြီးနောက် ပရိသတ်များမှ ၎င်းတို့၏ idol များအား ဘာတွေရေးပေးသည်ကို အတော်လေးသိချင်လာသည်။
၎င်းအား တွေးနေရင်းနှင့်ပင် ရှိုက်ကြီးတငင် အော်ဟစ်သံကိုကြားလိုက်ရသည်။ "ကျီဖေး၊ ငါ နင့်ရဲ့ အမာခံပရိတ်သတ်တစ်ယောက်ပါ၊ ငါ့ စာကို ကြည့်ပေးပါ။"
ကျီဖေးသည် ဘဝင်မြင့်ခြင်းကြောင့် မဟုတ်ဘဲ စပ်စုချင်စိတ်ကြောင့် ရုတ်တရက်တုန်လှုပ်သွားသည်။ ထို့ကြောင့် ကားမရွေ့ခင် မှန်ချလိုက် ပြီး သက်တော်စောင့်များမှ ချုပ်နှောင်ထားသော မိန်းကလေးငယ်လေးအားတွေ့ လိုက်သည်။ ကောင်မလေးက သူ့အား တွေ့ လိုက်သည့်အခါ သူ၏စိတ်လှုပ်ရှားနေသည့် အမူအရာက ပုံပျက် ပန်းပျက်ဖြစ်သွားပြီး သူ့လက်ထဲမှ ပန်းရောင်စာတစ်စောင်အား အရူးအမူးဝှေ့ယမ်းလိုက် သည်။
သက်တော်စောင့်မှ နောက်ပြန်လှည့်ကြည့်လိုက်သော အခါ ချင်ရှန့်က ကျီဖေး၏နောက်မှနေ၍အနည်းငယ်ခေါင်းညိတ်ပြလိုက်သဖြင့်ကောင်မလေးအား ကားပေါ်သို့ အပြေးသွားခွင့်ပေးလိုက်သည်။
ကောင်မလေးက ကားတံခါးအား ဆောင့်ဆွဲလိုက်သည်။ ကျီဖေးက ကျေးဇူးတင်ကြောင်းပြောပြီး စာအား ယူလိုက်သည်။
ထို့နောက်တွင် အေးစက်နေသည့် အလင်းရောင်အား မြင်လိုက်ရပြီး ချင်ရှန့်၏သက်ပြင်းရှိုက်သံကို သူ့အနားမှ ချက်ချင်းကြားလိုက်ရသည်။
"ဖယ်လိုက်၊"
ကျီဖေးမှ မတုံ့ပြန်ခင်မှာပင် သူ့အင်္ကျီကော်လံအား ဆောင့်ဆွဲခံလိုက်ပြီး ခိုင်ခံ့သည့် ရင်ခွင်ထဲသို့ ပြုတ်ကျသွားသည်။
ကားအတွင်း၌ အော်ဟစ်သံများ ရောထွေးနေပြီး၊ ကျီဖေးမှာ ကြောင် အနေဆဲဖြစ်ကာ သူ့နောက်မှ ချင်ရှန့်၏နှလုံး ခုန်သံကိုသာကြားရပြီး သူ့ မျက်စိရှေ့တွင် လက်တစ် ဖက်ကဆန့်ကားထားသည်။
ဓားသည် အနက်ရောင်ဝတ်စုံ၏အင်္ကျီလက်စအား ဖြတ်သွားပြီးနောက် အောက်ခံရှပ်အင်္ကျီအဖြူကိုဖြတ်တောက်ကာ သွေးများချက်ချင်းဆိုသလိုစီးကျလာသည်။
"အားလုံး နင့်ကြောင့်ပဲ၊ နင် မိုကောကို အန္တရာယ်ပြုဖို့ ကြံစည်ထားတာပဲနေမယ်။ မိုကောက အရမ်းကောင်းတာ၊ အဲဒီ့ထုတ်ဖော်ပြောဆိုမှုတွေအားလုံး သူ့ကို တမင် တကာ ဆဲဆိုနေကြတာ၊ မန်နေဂျာကိုလာဘ်ထိုး၊ မိုကောကိုအတူတူအန္တာရာယ်ပြုပြီးတော့ အနိုင်ရဖို့ဘာမဆိုလုပ်မယ့်သူက နင်ပဲ။ အဲ့ဒါကြောင့်ပဲ ဖြစ်ရမယ်၊"
အပြင်ဘက်မှ မိန်းကလေးသည် ရုပ်ပျက်ဆင်းပျက်ဖြစ်နေပြီး ဓားဖြင့် ထပ်မံထိုးရန် ကြိုးစားခဲ့သော်လည်း ချော်ထွက်သွားကာ သက်တော်စောင့်များက ဖမ်းဆီးပြီးမြေ ကြီးပေါ်သို့ ဖိချထားခဲ့သည်။
အနီးနားရှိလူများသည် အံ့အားသင့်သွားပြီး အချို့က ဓာတ်ပုံနှင့် ဗီဒီယိုများအား အဆက်မပြတ်ရိုက်နေကြသည်။
ချင်ကျောက်သည် ဒေါသတကြီးဖြစ်ကာ ထိုမိန်းကလေးအား ရဲထံတိုင်ကြားရန် ကောင်းဟောင်နှင့်ထွက်လာခဲ့သည်။
ကားချက်ချင်းထွက်သွားပြီး တခြားသူများမှာ ချင်ရှန့်၏ ဒဏ်ရာအား ကုသရန် ဆေးရုံသို့လိုက်သွားကြသည်။
ကျီဖေးသည် အပြစ်ရှိသလို ခံစားလိုက်ရပြီး ချင်ရှန့်၏ လက်အား ထိန်းထားကာ "တောင်းပန်ပါတယ် ဒါတွေအားလုံးက ကျွန်မအမှားပါ။ ကျွန်မသာ မစပ်စုချင်ခဲ့ဘူးဆိုရင်..."
"ဒါက မင်းနဲ့ ဘာဆိုင်လို့လဲ? ဇာတ်ညွှန်းကို သတ်မှတ်ခဲ့တာက ချင်ကျောက်လေ၊ ပြီးတော့ fan တွေက တခြားတစ်ယောက်နဲ့ သက်ဆိုင်တာ။ မင်းက ကံမကောင်းသွားရုံပါ။" ဟု ပါးပါးချင်က ယာဉ်မောင်းအား မြန်မြန်မောင်းရန် တိုက်တွန်းရင်းပြောလိုက်သည်။
"ရပါတယ် ဒဏ်ရာကမနက်ပါဘူး" ချင်ရန်သည် ဆေးပညာအားလေ့လာခဲ့ပြီး အနည်းဆုံး အရေးပေါ်ကုသမှုများလုပ်ပေးနိုင်သည်။
ဆန့်ကျင်ဘက်တွင် ထိုင်နေသည့် ချင်ရုန်သည် မျက်လုံးများ နီရဲနေသည်အထိ ကြောက်လန့်နေသော်လည်း ကျီဖေး၏လက်အား သူ့လက်ဖြင့်ပုတ်ကာ "အာ့စောင်၊ မကြောက်နဲ့နော်၊ စန်းကောလည်း အရင်က ဒါမျိုး ကြုံဖူးတယ်။ တစ်ချို့ပရိသတ်တွေက တော်တော်လေးကို ဆင်ခြင်တုံတရားရှိဘူး။"
မားမားချင်သည်လည်း ကျီဖေးအား စိုးရိမ်တကြီးနှင့် “ဖေးဖေး၊ ကိုယ့် ကိုယ်ကိုအပြစ်မတင်နဲ့နော်။ အဲ့တာ ဒီကောင်လေးချင်ရှန့်က သက်တော်စောင့်ကို အဲ့လူအနား ကပ်ဖို့ ခွင့်ပြုခိုင်းလိုက်လို့ဖြစ်တာ။ သူ သူ့ကိုယ်သူဒုက္ခ ရောက်အောင်လုပ်တာ”
ကျီဖေး ရင်ဘတ်ထဲမှတင်းကြပ်စွာ ခံစားလိုက်ရပြီး ချင်ရှန့်အား လှည့်ကြည့်လိုက်သည်။
ချင်ရှန့်သည် ပျော့ပျောင်းသောအလင်းရောင်ဖြင့် တောက်ပနေသည့် မှင်နှင့်တူသော အေးစက်စက်မျက် လုံးများမှ ကျီဖေးအား အေးဆေးစွာကြည့်နေသည်။
"အဆင်ပြေပါတယ်။"
ကျီဖေး ဘာပြောရမှန်းမသိဘဲ ပါးစပ်ကိုဖွင့်ထားမိသည်။ သူ့ ရင်ထဲ အနည်းငယ်အဆင်မပြေ ဖြစ်နေသည် ။ တစ်စုံ တစ်ယောက်မှ သူ့အား ထိုကဲ့သို့ကာကွယ်ပေးသည်မှာ ပထမဆုံးအကြိမ်ဖြစ်ပြီး နည်းနည်း တော့ အဆင်မပြေသလို ခံစားရသည်။
[ ဒီအသီးလှီးဓားက ငါ့လက်မောင်းကိုခြစ်မိသွားလောက်တယ်။ ကိုယ့် ကိုယ်ကိုထိခိုက်မိတာက ကြီးကြီးမားမားတော့ မဖြစ်ပါဘူး။ ချင်ရှန့်ရဲ့လုပ်ရပ်တွေက… တော်တော်လေး သူရဲကောင်းဆန်တယ်။ သူ တကယ်လူကောင်းပဲ။ နောက်ကျ ငါ သူ့ကို ကျေးဇူးတင်သင့်တယ်။]
ချင်ရှန့်သည် သူ့အား ဘေးမှ ကူကယ်ရာမဲ့စွာတစ်ချက် ကြည့်ပြီး "မင်းကို ကာကွယ်ပေးတာက ကိုယ်လုပ်သင့်တာပါ”
၎င်းက သူရဲကောင်းဆန်ရုံသပ်သပ်မဟုတ်ပေ၊ ခင်ပွန်းသည်မှ သူ့ဇနီးအားကာကွယ်ပေးခြင်းဖြစ်သည်။
[အာ~၊ ဟုတ်တယ်၊ ဟုတ်တယ်၊ ဟုတ်တယ်၊ ငါ မေ့သွားတာ။ ဒီကောင်က တခြားအရာတွေထက် တာဝန်ကိုပိုပြီး တန်ဖိုးထားတယ်။ သူ့အမည်ခံဇနီးကို ကာကွယ်စောင့် ရှောက်တာ သူ့တာဝန်ပဲ။ ဒီအထောက်အထားရဲ့အကျိုး ကျေးဇူးတွေကိုခံစားရလို့ ငါ ပျော်တယ်။]
ချင်ရှန် …ဒါ ငါပြောချင်တဲ့ဟာ ဟုတ်ပုံမပေါ်ဘူးနော်...
၎င်းအားကြားချိန် ချင်မိသားစုဝင်များ တစ်ယောက်နှင့်တစ်ယောက်စိတ်ပူနေသည့် မျက်လုံးများဖြင့်အကြည့်ချင်းဖလှယ်လိုက်ကြသည်။ ဘယ်လိုလုပ်ကြမလဲ ? ချင်ရှန့်နှင့် ကျီဖေးတို့၏အိမ်ထောင်ရေးသည် အဆင်ပြေနေ သည်ကိုသိသော်လည်း ကျီဖေး၏မသိစိတ်ထဲ ခင်ပွန်း ဖြစ်သူအပေါ်ဝေးကွာလွန်းနေပုံပေါ်သည်။
သူ ချင်ရှန့်အား တွယ်ကပ်ခဲ့ဖူးသော်လည်း ယခုမူ မတွယ် တာရုံမျှမက အပြင်လူတစ်ယောက်၏သဘောထားမျိုးလည်းရှိနေသည်။
ချင်ရှန့်၏ကိုယ်ကျိုးစွန့်ကယ်တင်မှုကပင် ကျီဖေးအား မျက်ရည်ကျအောင် မလှုံ့ဆော်နိုင်ခဲ့သည်မှာ တကယ်ကို စိုးရိမ်စရာဖြစ်သည်။
ထို့ကြောင့် ကျီဖေးမှ ချင်ရှန့်၏ဒဏ်ရာအား ကုသရန် လိုက်ပါလာစဉ် တွင် လူတိုင်းသည် ထိုကိစ္စအား တိတ်တ ဆိတ်ဆွေးနွေးရန် စုရုံးခဲ့ကြသည်။
ဒဏ်ရာအားကုသနေစဉ် ချင်ကျောက်သည် သက်သေများစုဆောင်းရန် ရဲများအားခေါ်ဆောင်လာခဲ့သည်။
ထိုအချိန်တုန်းက အခြေအနေအား သူတို့သိလာပုံရသည်။ ကောင်မလေးသည် အသက်မပြည့်သေးသော ပရိသတ်တစ်ဦးဖြစ်ပြီး သူ၏မိသားစုမှဖုန်းခေါ်ဆိုမှုအား လက်ခံရရှိကာ အပြေးအလွှားလာခဲ့ပြီး မြင်ကွင်းတစ်ခုဖြစ်ပွားခဲ့သည်။
"မိဘတွေ ဘယ်လောက်ယုတ္တိမရှိဘူးလဲဆိုတာ ဒီ ရူးနေတဲ့ကလေးကို ဘယ်လောက်အလိုလောက်ထားလဲ ကြည့်ရင် သိသာတယ်" ဟု ချင်ကျောက် ဒေါသတကြီးပြောလိုက်သည်။
"ရဲစခန်းမှာ စွင်းမိုကိုလုပ်ကြံပါတယ်ဆိုပြီး သူတို့က ငါနဲ့ အာ့စောင်ကိုဖမ်းဖို့ ရဲတွေကိုအော်ဟစ်ဆဲဆိုနေတယ်လေ"
“စွင်းမို စင်ပေါ်မှာစိတ်ပျက်စရာကောင်းတဲ့ ဖျော်ဖြေမှုကို ဖျော်ဖြေခဲ့တာ ငါတို့အပြစ်တဲ့၊ ပြီးတော့ စွင်းမို တခြားသူရဲ့ရည်းစားနဲ့တွဲခဲ့တာကလည်း ငါတို့အပြစ်ပဲတဲ့။ ဘာလို့လဲဆိုတော့ ငါတို့ကို ဆန့်ကျင်တဲ့သူတိုင်းက အခြေအနေဆိုးနဲ့ ကြုံလာရတာဆိုပြီး ရုပ်ရှင်ဧကရာဇ်အဖွဲ့ကိုတောင် သက်သေအဖြစ် ကိုးကားလာခဲ့သေးတယ်။"
“သူတို့က သူတို့ idolကို စွဲလမ်းလွန်းတဲ့အတွက် ဘာသာရေး အစွန်းရောက်တွေလိုမျိုး စိတ်လွတ်သွားတာ။"
"ပိုပြီး ရယ်စရာကောင်းတာက သူ့ကိုလာကယ်ဖို့ စွင်းမိုကို တောင်းဆိုပြီး စွင်းမိုက သူ့ရဲ့ ပရိသတ်တွေကို အစိုးရိမ်ဆုံးပဲလို့ပြောနေသေးတာပဲ"
“သူ ဂရုစိုက်ပါ့မလား ?"
ကျီဖေး ထိတ်လန့်စွာ မေးလိုက်သည်။
"ဒါပေါ့၊ မဖြစ်နိုင်ဘူး။ ဒါ fan တစ်ယောက်ရဲ့ ကိုယ် ရေးကိုယ်တာအပြုအမူလေ။ စွင်းမိုမပြောနဲ့ သူ့ကုမ္ပဏီက တောင် ဂရုစိုက်မှာမဟုတ်ဘူး။ တကယ်လို့ အရင်က ဖေးမင်ရွမ်သာဆိုရင်တော့ သူ့ အဲ့တာကိုကိုင်တွယ်ပြီးအပျက် သဘောဆောင်တဲ့ သက်ရောက်မှုတွေကို လျှော့ချရင်း နှလုံးသားတချို့ကို အနိုင်ယူဖို့ကြိုးစားလာလိမ့်မယ်။ ဒါပေမယ့် အခုတော့ စွင်းမို ဒီလိုအကျပ်အတည်းတွေကြားထဲမှာ ပရိတ်သတ်ပြဿနာကို ဘယ်လိုဖြေရှင်းနိုင်မှာလဲ? အလွန်ဆုံးမှ သူတို့က ငါတို့ကိုတောင်းပန်တဲ့ထုတ်ပြန်ချက်တွေထုတ်ပြန်ပြီး fan တွေရဲ့ အကြီးအကျယ်ရှုံ့ချတဲ့ အပြုအမူတွေခံရုံပေါ့"
ချင်ကျောက်စကားပြီးသည်နှင့် ကောင်းဟောင်မှ "တစ်ဖက်ကတုံ့ပြန်ပြီးသွားပြီ။ ဆိုရှယ်မီဒီယာမှာ ရေပန်း စားနေတော့ သူတို့ မြန်မြန်ဆန်ဆန်ပဲဖြေရှင်းလိုက်တယ်။ မဟုတ်ရင် သူတို့ရဲ့လက်ရှိအခြေအနေအရ သူတို့ တကယ်ဒုက္ခရောက်သွားလိမ့်မယ်။"
ချင်ကျောက်က “သူတို့ရဲ့ idol က ငါတို့ကို တောင်းပန်ပြီး သူနဲ့ ခပ်ခွာခွာ နေနေတာကိုတွေ့ တဲ့အခါ အဲ့ဒီ ရူးနေတဲ့ပရိသတ်တွေ ဘယ်လိုထင်မလဲဆိုတာ သိချင်သား၊ အာ့စောင်၊ မင်းရော ဘယ်လိုထင်လဲ ? ငါ သူတို့ကို အဆုံးထိ တရားစွဲဖို့စဉ်းစားနေတာ။”
ကောင်းဟောင်မျက်မှောင်ကြုတ်ပြီး ကျီဖေးအားကြည့်လိုက်သည်။
ချင်ကျောက်၏ခေါင်းမာသည့် စိတ်နေစိတ်ထားအား သိရှိပြီး ကျီဖေးမှ "အခြားကိစ္စက အသေးအဖွဲ့ လေးပါ။ သူတို့သာအစွန်းရောက်တဲ့ တစ်ခုခုကိုလုပ်ရင်.. ဖျော်ဖြေရေးနယ်ပယ်မှာ ဒီလိုဥပမာတွေ အများကြီးရှိပြီး ဒုက္ခဖြစ်နိုင်တယ်။ အများသူငါရဲ့ ထင်မြင်ချက်တွေက အားနွဲ့တဲ့ဘက်ကို အမြဲတမ်းဘက်လိုက်တတ်တယ်ဆိုတာ နင် သိထားသင့်တယ်။ ကိုယ်ကျင့်တရားနဲ့ ခြိမ်းခြောက်တာက ကြောက်ဖို့ကောင်းတယ်။ နင် ဒီနယ်ပယ်ထဲကို ဝင်လာပြီးရင် ဒီလိုကိစ္စမျိုးတွေမှာ ပါဝင်ပတ်သတ်လို့ မကောင်းဘူး။ ပြဿနာကိုဘေးချိတ်ပြီး ငြိမ်းငြိမ်းချမ်းချမ်းလေး ဖြေရှင်းတာအကောင်းဆုံးပဲ။"
ချင်ကျောက် သူ့နှုတ်ခမ်းအားလှုပ်လိုက်ပြီး မကျေမနပ်ဖြစ်သွားသည်။
ကျီဖေးမှ ချင်ရှန့်အားကြည့်ကာ “ ရှင်က ဒဏ်ရာရတဲ့သူပဲ၊ ရှင် ဘယ်လိုထင်လဲ ?" ဟု မေးလိုက်သည်။
ချင်ရှန့်မှ "ပစ်မှတ်က မင်းနဲ့ ချင်ကျောက်ပဲ၊ မင်းတို့နှစ်ယောက်ဆုံးဖြတ်ပါ"
ကောင်းဟောင်မှ သက်ပြင်းတစ်ချက်ချရင်း ကျီဖေးကသာ ပိုကျိုးကြောင်းဆီလျော်သည်ဟုခံစားလိုက်ရသည်။
ကျီဖေးက ချင်ရှန်၏ဒဏ်ရာအား တစ်ချက်ကြည့်လိုက်ပြီး "ဒါဆို သူတို့ကိုအတတ်နိုင်ဆုံး တရားစွဲလိုက်ကြရ အောင်"
ချင်ကျောက် ချက်ချင်းပြုံးပြလိုက်သည်။
ကောင်းဟောင်က အံ့အားသင့်စွာဖြင့် "အာာာာ!!!"
ကျီဖေးမှ “အသက်အရွယ်က ထောင်ကနေ ကင်းလွတ် ခွင့်ကတ်တစ်ခု ဘယ်တော့မှမဖြစ်စေရဘူး။ လူတိုင်းက သူတို့ရဲ့လုပ်ရပ်တွေအတွက် နောက်ဆက်တွဲဆိုးကျိုးတွေကို ရင်ဆိုင်ရမယ်။ စိတ်ကျရောဂါ၊ သေကြောင်းကြံမှု၊ ဒါတွေအားလုံးကို ငါတို့ ကြိုပြီးဖြေရှင်းပေးမယ်။ ငါ တို့ တစ်ခုမှလွဲချော်မှာ မဟုတ်ဘူး။ အကယ်၍ သူ့ကိုယ်သူ ထိခိုက်အောင်လုပ်ရင် အဲဒါ သူနဲ့ သူ့မိဘတွေရဲ့ တာဝန်ပဲ။ သူတို့ကိုယ်တိုင်က ခံနိုင်ရည်ရှိရမယ်၊ ငါတို့ ဘာမှ လုပ်ပေးစရာမလိုဘူး။ ငါတို့ဘက်က ဥပဒေအောက်ကနေတရားမျှတမှုကို ရှာဖွေရုံပဲ။ ဒီလိုအခြေအနေ မျိုးနဲ့ ကြုံတွေ့ ရတဲ့ ဘယ်သူ့ကိုမဆို အမြင့်ဆုံးတရားမျှတမှုကို ရစေချင်တယ်။ ရလဒ်ကောင်းကောင်း ထွက်မလာခဲ့ရင်ဘဲဖြစ်ဖြစ်၊ လူထုရဲ့အမြင် ငါတို့ဘက်မှာမရှိရင်ပဲဖြစ်ဖြစ် အဆိုးဆုံးပြောရရင် ငါ အနုပညာလောကထဲကနေထွက်သွားရမယ်ဆိုရင်တောင် ငါ လုပ်မယ်။ မင်းသမီးတစ်ယောက်ဖြစ်ရတာက မဖြစ်မနေလုပ်ဖိုလိုအပ်တာမျိုးမှမဟုတ်တာ"
(ချင်ဂရုစီးအီးအိုရဲ့မိန်းမဆိုတော့လည်း ပြောအားရှိတာပေါ့)