အခန်း (၁၀၈)
Vol. 11 Ch. 108
ကောင်းဟောင်အံ့အားသင့်သွားသည်- ကျီဖေး ထိုမျှလေးနက်ရန် ရှားမှရှားမဟုတ်ပါလား ?
သို့သော် သူမပြောခဲ့သောကြောင့် ကောင်းဟောင်သည် အခြေအနေအားကိုင်တွယ်ဖြေရှင်းရန် ထွက်သွားရုံသာ တတ်နိုင်ခဲ့သည်။
ကျီဖေးလှည့်ကြည့်လိုက်ရာ ညီအကိုနှစ်ယောက်စလုံး သူမကိုကြည့်နေကြသည် ။
"ဘာလဲ ?"
"မင်း အဲ့လောက်ထိ စိတ်ဆိုးနေတာလား?" ချင်ကျောက်အံ့သြစွာမေးလိုက်သည်။
"ဟင့်အင်း ငါ စိတ်မဆိုးပါဘူး" ကျီဖေး စိတ်ရှုပ်ထွေးစွာပြောသည်။
ချင်ကျောက် ခြောက်ကပ်ကပ်ရယ်မောကာ ထွက်ခွာရန် ထလိုက်သည်။
ချင်ရှန့် ကျီဖေးအားကြည့်ကာ "စိတ်ဆိုးမနေနဲ့"
"တကယ် စိတ်မဆိုးပါဘူးဆို!" ကျီဖေး တကယ်ဒေါသထွက်လာသည်။
[အား၊ ငါ စိတ်တိုလာပြီ! ငါ စိတ်မဆိုးဘူးလို့ ပြောထားပြီးသားကို၊ ငါမှ ဒဏ်ရာမရပေမယ့် တစ်ယောက်ယောက်က သူတို့ရဲ့ အသက်အရွယ်ကြောင့် ကင်းလွှတ်ခွင့်ရသွားရင်မတရားလို့ထင်တယ်။ သူက ရှင့်ကို ခုလိုဒဏ်ရာရေအာင်လုပ်ထားတာလေ၊ ဒီလောက်ကြီးတဲ့ပြတ်ရှရာကို ချုပ်တောင်ချုပ်လိုက်ရသေးတယ်၊ သွေးတွေလည်းအ များကြီးထွက်ထားတာ။ အဲ့ကောင်မလေး လုက်တုန်းကလုပ်ပြီးမှတော့ မျှတတဲ့အကျိုးဆက်ကိုရင်ဆိုင်ရမှာပေါ့]
ချင်ရှန့်၏နှုတ်ခမ်းထောင့်များသည် အနည်းငယ်ပင့်တတ်သွားရသည်။
ခဏကြာ ဖုန်းမြည်လာသည်။ ကျီဖေး သူ့ဖုန်းကို ထုတ်လိုက်ပြီး Weibo ထက် စတူဒီယိုမှစာတင်ထားသည်ကိုတွေ့လိုက်ရသည်။ အသံမှာ အလွန်ခိုင်မာပြီး ကျီဖေး၏ အစောပိုင်း ခံစားချက်များကိုလည်းဖော်ပြထားသည်။
ဒဏ်ရာရရှိသူသည် ကျီဖေး၏အလွန်အရေးကြီးသော မိသားစုဝင်ဖြစ်ကြောင်း အထူးအလေးပေးထားသည်။
ဖျော်ဖြေရေးနယ်ပယ်တွင် လူငယ်ပရိသတ်များသည် ကိုယ်ကျင့်တရားဖောက်ပြန်မှုများ ကြုံတွေ့ခဲ့ရသော ကြောင့် ခိုင်မာသောရပ်တည်ချက်အား ဝေဖန်သူအများအပြားမရှိခဲ့ပေ။ ထောက်ခံအားပေးသူအနည်းငယ်သာရှိခဲ့သည်။
ဤဖြစ်ရပ်က စွင်းမိုအားဒုက္ခဖြစ်စေခဲ့သည်။ အကြောင်းမှာ စွင်းမို၏အမာခံပရိသတ်တစ်ဦးမှ ပြဿနာအားဖန်တီးခဲ့ခြင်းကြောင့်ပင်။
စွင်းမို၏လက်ရှိ fan base တော်တော်များများဟာ အဲဒီအချိန်မှာရှိနေခဲ့ကြသည်။ ညကအဖြစ်အပျက်အ ကြောင်း စွင်းမိုထံမှဖြေရှင်းချက်ကို မရရှိခဲ့ရုံတင်မက ၎င်းတို့ထဲမှတစ်ယောက်သည် ယခုလို ရှက်စရာကောင်းသည့်အခြေအနေကိုဖြစ်ပေါ်စေခဲ့ပြီး စွင်းမိုဘက်မှ ထိုကိစ္စကိုထုတ်ဖော်ပြောဆိုခဲ့ခြင်းမရှိခဲ့ချေ။
ကျီဖေးနှင့် ချင်ကျောက်တို့အားအပြစ်မတင်ပေ။ အဘယ့်ကြောင့်ဆိုသော် ၎င်းတို့သည် ၎င်းတို့ idol ကို ဘက် လိုက်လျှင်ပင် ယခုအဖြစ်အပျက်မှာ ထိပ်တန်း Idol အဖွဲ့နှင့် ဘာမှမဆိုင်ဘူးဆိုတာကို သူတို့သိကြသည်။
ဒါတွေအားလုံး စွင်းမို၏မသင့်လျော်သည့် အပြုအမူကြောင့်ပင်။
သူ့ပရိသတ်တွေ ဒေါသတဖြစ်သွားကြသည်။ Fan sites များကိုပိတ်လိုက်ပြီး စွင်းမိုထွက်လာကာ အရာအားလုံးကိုရှင်းပြရန် Fan Leader များမှ ခြိမ်းခြောက်ရန်ထွက်လာခဲ့ကြသည်။
နောက်ဆုံး စွင်းမိုရဲ့ Weibo အကောင့်မှာတိုက်ရိုက်ကြေ ငြာချက်တစ်ခုကိုတင်ခဲ့သည်။ ယန်ဟုန်နှင့် ရှုမုန့် ၏ Weibo အကောင့်များက ၎င်းကိုပြန်လည်တင်ခဲ့ကြပြီး ၎င်းတို့သုံးဦးသည် တိုက်ရိုက်ထုတ်လွှင့်မှု၌အရာအား လုံးကိုရှင်းလင်းပေးမည်ဖြစ်ကြောင်း ပူးတွဲဖော်ပြခဲ့သည်။
ထိုအချိန် ကျီဖေးနှင့် အခြားသူများအိမ်သို့ပြန်ရောက်နေပြီဖြစ်သည်။ ကျီဖေးသည် တိုက်ရိုက်ထုတ်လွှင့်မှုကြေ ညာချက်ကို မြင်ပြီး လာမည့်ထုတ်လွှင့်မှုကိုစောင့်မျှော်နေခဲ့ပါသည်။
ထို့နောက် မားမားချင်ထံမှ မက်ဆေ့ချ်ကိုရရှိခဲ့သည်။
ကျီဖေး: ?
အိမ်ပြန်ရောက်ပြီးနောက်၊ ချင်ရှန့်သည် သူ့လက်မောင်းတွင်ပလာစတာကိုင်ထားသဖြင့် ရေချိုးရန်အကူအညီ လိုအပ်နေချိန် အိမ်ထိန်းအနားမှာ မရှိသည်ကိုတွေ့လိုက်ရသဖြင့် အံ့အားသင့်သွားသည်။ သူ့အဖေအား ဖုန်းခေါ်လိုက်သည်။
"ငါ ခါးနာနေလို့ အနားယူရမယ်၊ မင်းမိန်းမကို ခေါ်လိုက်လေ။"
ချင်ကျောက်က ရှေ့နေလိုက်ရှာရင်း သူတို့ရဲ့တူလေး ချင်ရှီကိုမျှော်လင့်ရုံသာတတ်နိုင်ခဲ့သည်။ သို့သော် သူ ဖုန်းမဆက်ခင်မှာ တံခါးခေါက်သံကြားလိုက်ရသည်။
ဖွင့်ကြည့်လိုက်ရာ ကျီဖေးသည် ဖုန်းကိုင်လျက် တံခါးဝ ရှေ့ကြောင်တောင်တောင်တောင်ရပ်နေပြီး "မားက ရှင့်ကို လာကူညီဖို့ပြောလိုက်လို့"
[ ငါ ဒီကိုလာတာ ချင်ရှန့်ကို အဝတ်ချွတ်ပြီး ရေချိုးတာကိုကူညီပေးနိုင်တယ်လို့ကြားတာလို့မဟုတ်ဘူး။ တင်နေတဲ့ ကျေးဇူးကြွေးပြန်ဆပ်ဖို့ ဒီကိုရောက်နေတာ။]
ချင်ရှန့်:...
ရေချိုးခန်းထဲ ရေပိုက်ဖွင့်ထားပြီးဖြစ်သည်။ ချင်ရှန့်၏ ဒဏ်ရာရနေသောညာလက်ကို ပလပ်စတစ်အလွှာများစွာဖြင့်ထုပ်ပိုးထားသည်။ အဝတ်အစားများကို ဒဏ်ရာကို ကုသစဉ် အင်္ကျီလက်များညှပ်ထားပြီးဖြစ်ရာ ကျီဖေးအတွက် ကိုင်တွယ်ရတာရိုးရှင်းသည်။
သူမသည် အဝတ်အစားများကိုဖယ်ရှားလိုက်ကာ အောက်မှပေါ်လာသော ထိပ်တန်းကိုယ်လုံးကိုယ်ပေါက်ကိုထုတ်ဖော်လာသောအခါ ကျီဖေးသည် သူမ၏ပါးစပ်ထောင့်များကိုမပင့်တတ်မိအောင် ထိန်းထားနိုင်ခဲ့သည်။
[ဒါကို ကောင်းချီးတစ်ခုလို့ယူဆလို့ရမလား ? ကောင်းပြီ၊ ဒါကချင်ရှန့်ရဲ့ကံဆိုးမှု ဒါပေမယ့် ငါ့အတွက်တော့ ကံကောင်းမှုပဲ။ ငါဒီလိုတွေးတာ မကောင်းမှန်းတော့သိပါတယ် ဟီးဟီး!]
ချင်ရှန့်သည် ရေချိုးကန်အားမှီ၍ မျက်လွှာချလိုက်သော် လည်း ကျီဖေး၏စဉ်ဆက်မပြတ် အတွင်းစိတ်ထဲမှအသံများမူ တရးပ်ကြားနေရသည်။
မျက်နှာပြင်ပေါ်တွင် ကျီဖေးသည်လေးနက်သည့် အမူအယာကိုထိန်းသိမ်းထားသော်ငြား အတွင်းစိတ်ထဲတွင် သူမသည် လေချွန်ကာအဆက်မပြတ်အကဲဖြတ်နေ သည်။
လူတိုင်းက သီးသန့်ရှိနေချိန်မှာတော့ ဝေဖန်ရေးသမား တွေချည်းပဲမဟုတ်ပါလား ?
[အဲ့ဒီ လည်ပင်း၊ အဲ့ဒီ အာဒမ်ပန်းသီး...]
ချင်ရှန့်၏အာဒမ်ပန်းသီးမှာ လှုပ်ရှားသွားရသည်။
[အဲ့ဒီ ညှပ်ရိုးတွေ၊ အဲ့ဒီ ပုခုံးတွေ...]
ချင်ရှန့်အသက်ပြင်းပြင်းရှူလိုက်ရာ ညှပ်ရိုးများတင်းမာလာသည်။
[အဲဒီဗိုက်သားတွေက အဲ့အပေါ်ဒူးထောက်ရင်နာမှာလား? ငါသာ အဲ့ V လိုင်းကို လက်နဲ့ထိကိုင်နိုင်မယ်ဆိုရင်...]
ချင်ရှန့် ခန္ဓာကိုယ်ပေါ်ရှိ ကြွက်သားများတင်းလာပြီး လုံးဝစိတ်မသက်မသာခံစားလာရသည်။ သူ့စိတ်ထဲ ကျီဖေးထိုသို့ပြုမူနေပုံကို ထိန်းမနိုင်သိမ်းမရ မြင်ယောင်လာပြီးသူကိုယ်တိုင် ဆုံးဖြတ်နိုင်စွမ်းများပျောက်ဆုံးသွားသလို ခံစားလိုက်ရသည်။
အနည်းငယ် ရှက်သလို စိတ်ဆိုးသလိုဖြစ်နေပြီး ကျီဖေးအားသတိပေးချင်သဖြင့် သူမကိုစိုက်ကြည့်ရန် မျက်လုံးများပင့်လိုက်သော်ငြား သူမ အကြည့်သည် ဘယ်သော အခါမှမှေးမှိန်သွားခြင်းမရှိပေ ။
[ရေငွေ့တွေနဲ့ ကျန်းမာတဲ့အသားအရည်၊ ပြီးပြည့်စုံတဲ့လိုင်းတွေ၊ ပခုံးကျယ်ပြီး၊ ခါးကျဉ်းကျဉ်းလေး... Wow wow wow...]
ချင်ရှန့်: ပြီးသွားပြီ၊ ငါတယ် ပြီးဆုံးသွားပြီ။ ငါတို့လက် ထပ်ပြီးပြီမဟုတ်ဘူးလား ? ငါတို့ ထူးထူးဆန်းဆန်းချန်နယ်တွေကနေလည်း မဆုံဖြစ်ခဲ့ပါဘူး မဟုတ်ဖူးလား?
[ချင်ရှန့်၊ ရှင်က တကယ်နတ်ဘုရားပဲ။ ကျမရဲ့ဗီဒီယိုတိုတိုစုစည်းမှုထဲက မိန်းကလေးလို၀တ်ထားတဲ့ကောင်လေး တွေအားလုံးထက် ရှင်က ပိုမိုက်တယ်]
ချင်ရှန့်: ... မင်း ဘာ ပေါက်တတ်ကရတွေ စုဆောင်းနေတာလဲ ???
[ကျဲမေ့တို့ ဘယ်သူနားလည်လဲ ? ဒီလေထုကိုဓာတ်ပုံရိုက်ပြီး မျှဝေချင်လိုက်တာ၊ ကောင်မလေးတွေ ဒီလိုလှပတဲ့ရှုခင်းကို ခံစားကြရအောင်။]
ချင်ရှန့် အထိတ်တလန့် ဖြင့်: မင်း ငါ့ကိုတော်တော် ရက် ရောတာပဲ ဟုတ်တယ်မှတ်လား ?
[နောက်တစ်ခုက... အိုး၊ ငါ ခိုးကြည့်ရမလား ? အရင်က မတွေ့ဖူးဘူး။ မဟုတ်ဘူး၊ မဟုတ်ဘူး၊ မဖြစ်ဘူး။ အရမ်းထူးဆန်းနေလိမ့်မယ်။]
ချင်ရှန့်သည် ကျီဖေး၏ဆိုလိုရင်းကို ရုတ်တရက်နား လည်သွားရသည်။
ရှက်ရွံ့မှုသည် အတိုင်းအတာတစ်ခုအထိရောက်သွားချိန်မှာ ခံစားရသမျှရပ်တန့်သွားနိုင်သည်။
ထို့အပြင်၊ သူတို့သည်လက်ထပ်ခဲ့ကြသည်။ အနှေးနဲ့အမြန်ဆိုသလို ဒီအဆင့်ကိုရောက်ရကြလိမ့်မည်။
သို့သော် ချင်ရှန့်သည် သူ၏စိတ်တည်ငြိမ်မှုများသိသိသာသာပျောက်ဆုံးသွားခဲ့သည်။ သူ့ခန္ဓာကိုယ်တောင့် တင်းလာသလိုခံစားလိုက်ရပြီး အဝေးသို့မြန်မြန်ရွေ့လိုက်သည်။
"ကျန်တာ ငါ့ဘာသာ ကြည့်လုပ်လို့ရတယ်၊ အခုသွားလို့ရပြီ။"
[အယ် ? Tsk ဟုတ်သား၊ ငါတို့က အမည်ခံလက်ထပ်ထားတာပဲ။ ငါ့ရှေ့မှာ အဝတ်ဗလာနဲ့ သူ ဘယ်လိုလုပ် အဆင်ပြေနိုင်မှာလဲ။ ဟမ် ? သူ့ကြည့်ရတာ အရမ်းစိတ်လှုပ်ရှားနေတဲ့ပုံပဲ၊ ငါ သူ့ကို နည်းနည်းလောက်နှောင့် ယှက်သင့်သလား။ လဲကျဟန်ဆောင်ကာ နည်းနည်းလောက်ဆွဲလိုက်မယ် မတော်တဆပေါ့... ဟား... မဆိုးဘူးပဲ]
ချင်ရှန့် မျက်နှာနီကာ ငြိမ်သက်နေဟန်တူသည်။
"မင်းမှာ livestream ကြည့်ရမယ်မဟုတ်ဘူးလား ? မင်းသွားလေ မဟုတ်ရင် လွှတ်သွားလိမ့်မယ်... မင်းပဲ စိတ်လှုပ်ရှားစရာဆို"
[အာ ? မှန်တယ်၊ အတင်းအဖျင်း၊ ငါ ဘယ်လိုလုပ်မေ့နိုင်မလဲ ? စနေပြီလား ? ငါ သွားရမယ်! စနေပြီဟ!]
ကျီဖေးသည် ရေချိုးခန်းအားချက်ချင်း စွန့်ပစ်ခဲ့သည်။ သူမ အပြင်ထွက်ရင်း "ဒဏ်ရာရေမစိုစေနဲ့နော် ကျမ အပြင်မှာရှိနေမယ်။ ရှင် တစ်ခုခုလိုရင်ခေါ်လိုက်!"
ထို့နောက် လေ၏အလျင်ကဲ့သို့ပြေးထွက်သွားသည်။
ပိတ်ထားသော တံခါးကိုကြည့်လိုက်ပြီး ချင်ရှန့်သည် အကြည့်ခံရခြင်းမှလွတ်မြောက်သွားသည်ကို စိတ်သက် သာရာရမိသလော သို့မဟုတ် သူ၏ဇနီးမှ သူ့ထက် အတင်းအဖျင်းအားပိုစိတ်ဝင်စားသည်ကို စိတ်ပျက်ရသလော မသေချာပေ။
ချင်ရှန့်မသိခဲ့သည်မှာ အခု သူတို့ရဲ့တံခါးအပြင်ဘက်မှာ ဝပ်နေတဲ့ လူတစ်စုရှိနေတာပင်။
အတွင်းထဲမှအသံတွေကို သူတို့နားစွင့်နေကြပေမယ့် ပိတ်ထားတဲ့တံခါးကြားက အကွာအဝေးကြောင့် အတွင်းထဲကအတွေးတွေကို သိပ်မကြားနိုင်ကြချေ။
ကျီဖေး ချင်ရှန့်ကို ရေချိုးဖို့ကူညီပေးခဲ့တာလားဟု တွေးနေကြရင်း၊ ရေချိုးအတူချိုးဖို့ ဖြစ်လာနိုင်မလား...
ရုတ်တရက် ကျီဖေး၏ အတွင်းစိတ်ထဲမှအော်ဟစ်သံကို ကြားလိုက်ရသည်။
[စနေပြီ! တိုက်ရိုက်ထုတ်လွှင့်မှုအစမှာ သူတို့ဘာပြောခဲ့ကြတာလဲ၊ စစ်ဆေးကြည့်ရအောင်၊ ဇာတ်ညွှန်းကို သူတို့တကယ်ရွေးခဲ့တာလေ၊ သူတို့ရဲ့မန်နေဂျာနဲ့ဘာမှမဆိုင်ဘူးလို့ပြောပြီး မားကတ်တင်းအကောင့်တွေကကောလ ဟာလတွေဖြန့်နေတယ်လို့ဆိုပြီး အတူတူတောင်းပန်ခဲ့ကြတယ်။ အိုး၊ နင်တို့က အစာကျွေးတဲ့လက်ကို ဘယ်လိုကိုက်ရမယ်ဆိုတာသေချာပေါက်သိတာပဲ]
[စွင်းမိုနဲ့ ရှုမုန့် က သူတို့ ချိန်းတွေ့ခဲ့ဖူးကြောင်းဝန်ခံခဲ့တယ်။ ဝိုး အထင်ကြီးစရာပဲ အဲဒါ တကယ်လား!]
ချင်မိသားစု အတင်းအဖျင်းကြိုက်သူတွေ ?
ခဏလေး၊ တိုက်ရိုက်လွှင့်မှုလား ??
အာရုံပြောင်းသွားကြသည်၊ သူတို့အားလုံး ဖုန်းထုတ်ကာ ထိုင်ရန်နေရာများရှာလိုက်ကြပြီး တိုက်ရိုက်ထုတ်လွှင့်မှုကိုကြည့်ကာ ဒရာမာကြည့်လိုက်ကြသည်။
မိသားစုပျော်ရွှင်မှုလား ? အဲဒါကိုနောက်မှ သူတို့ စိတ်ပူကြလိမ့်မယ်။