အခန်း (၁၀၉)
Vol. 11 Ch. 109
တိုက်ရိုက်ထုတ်လွှင့်မှုမတိုင်မီ ဇာတ်ညွှန်းရွေးချယ်ခြင်းဆိုင်ရာရှင်းလင်းချက်အား စီမံခန့်ခွဲနိုင်ဆဲဖြစ်သည်။ နောက်ဆုံးပေါက်ကြားမှု၏နောက်ကွယ်မှာ ဘယ်သူရှိတယ်ဆိုတာ ဘယ်သူမှသေချာတပ်အပ်မသိနိုင်ပေ။ နား လည်မှုလွဲမှားခြင်းအဖြစ် သဘောထားကာကျော်လွှားလိုက်ရုံပင်။
စွင်းမိုသည် အပြစ်အားလုံး သူယူကာထိပ်တန်း Idol အဖွဲ့အား အနိုင်ရဖို့ယုံကြည်မှုကင်းမဲ့နေသဖြင့် လေးလေးနက်နက်မစဉ်းစားမိဘဲ အကောင်းဆုံးကိုရွေးချယ်ခဲ့ခြင်းဖြစ်ပြီး သူ့အမှားဟုဆိုကာ သူ့ကိုယ်သူ အပြစ်တင်ဟန် ဆောင်ခဲ့သည်။
တကယ်တော့ အစကတည်းက ဒီချဉ်းကပ်မှုဖြင့်အရာအားလုံးကိုဖြေရှင်းပေးနိုင်သော်လည်း စွင်းမိုသည် ရှုံးနိမ့်မှုအားဝန်ခံရခြင်းမှာအရှက်ရစရာဟုခံစားရပြီး နောက် ပြန်ဆုတ်ဖို့ဆန္ဒမရှိခဲ့ချေ။ မိမိကိုယ်မိမိ ထိခိုက်နစ်နာစေခြင်းထက် သူတစ်ပါးအားအပြစ်တင်ရခြင်းကိုပိုနှစ် သက်သည်။
နောက်ဆုံး ၎င်းတို့နှစ်ယောက်၏အချစ်ရေးကို လူသိရှင် ကြားကြေငြာတော့မည်ဖြစ်ရာ ဇာတ်ညွှန်းအားအေးဂျင့်အပေါ်လွှဲချပါက အပြစ်တင်ခံရမည်စိုးသဖြင့် စီအစဉ်တွေအကုန်အသစ်ပြန်စခဲ့ရသည်။။ ထို့ကြောင့် ၎င်းတို့ သည် ၎င်းတို့၏ယခင်တွက်ချက်မှုများကိုဖယ်ရှားပစ်ကာ အသစ်တဖန်ပြန်စခဲ့ရသည်။
စွင်းမို၏ကြိုးပမ်းအားထုတ်မှုများး အချည်းနှီးဖြစ်သွားရသည်ကိုတွေးရင်း ကျီဖေးမရယ်ဘဲမနေနိုင်ပေ။ ဖေးကျဲ ၏စာချုပ်ကိုပင် အလွယ်တကူရပ်စဲနိုင်ခဲ့သည်။
ထို့နောက် တိုက်ရိုက်ထုတ်လွှင့်မှုအားကြည့်လိုက်ရာ ယန်ဟုန်နှင့် ရှုမုန့်တို့အတူတွဲကာဖြေကြားနေကြသည်ကိုတွေ့ လိုက်ရသည်။
" ဒါ ကျနော်တို့ အားလုံးပေါင်းပြီးဆုံးဖြတ်ချက်ချထားတာပါ ဒီ့အတွက်အတူတူတာဝန်ယူမှာပါ" ဟု ပြောလာကြသည်။
ကျီဖေး ပိုလို့တောင်ရယ်ချင်လာသည်။
ဒါပေမယ့် တိုက်ရိုက်ထုတ်လွှင့်မှုမှာ မေးခွန်းတွေနှင့်ပြည့်နေခဲ့သည်။
ကျီဖေးတင်မကဘဲ အင်တာနက်ကြည့်ရှုသူအားလုံး ဒီလိုပြောင်ပြောင်တင်းတင်းလုပ်ရပ်မျိုးကို တစ်ခါမှမမြင်ဖူးချေ။ တကယ်တုန်လှုပ်စရာပင်။
သူတို့သုံးယောက်သည် တိုက်ရိုက်ထုတ်လွှင့်မှုအတွက် အတူထိုင်ခဲ့ကြသည်။ စွင်းမိုသည် တစ်ဖက်တစ်ချက်တွင် ယန်ဟုန်နှင့် ရှုမုန့် တို့အားထာစကာ အလယ်တွင်ထိုင်နေခဲ့သည်။
"မင်းတို့ သုံးယောက် ဘာလို့ဒီလောက်ထိသဟဇာတဖြစ်နေတာလဲ ငါ့ကို တစ်ယောက်ယောက်ပြောပြနိုင်မလား ?"
"ယန်ဟုန် နင် မျက်စိကန်းနေတာလား ငတုံးလား ? နင့်ကို ခြိမ်းခြောက်ထားတယ်ဆိုရင် မျက်တောင် ၂ ခါခတ်ပြ၊ အဲ့နှစ်ယောက်ကို မယုံနဲ့"
"စွင်းမို၊ နင် ဘာလို့ အလယ်မှာထိုင်နေတာလဲ ? အိမ် ထောင်ရေးဖျက်စီးသူဆိုတဲ့အဓိပ္ပါယ်ကို သိသာအောင်သရုပ်ပြနေတာလား ?"
"ဘာလဲ၊ ခုခေတ်မှာ တတိယလူတွေက အဲ့လောက်ထိရဲနေကြပြီလား ?"
"မဟုတ်ဘူး၊ ငါတို့မိုကော ဒီမိသားစုကိုခွဲဖို့ ဒီမှာရှိနေတာမဟုတ်ဘူး၊ သူတို့နဲ့ ပူးပေါင်းဖို့ ဒီမှာရှိနေတာ~"
"မေ့လိုက်တော့၊ နင်တို့သုံးယောက်က ဘဝကိုကောင်း ကောင်းကြီး ရှင်သန်နေတာပဲ၊ ငါ နားမလည်ဘူး၊ ဒါပေမယ့် မင်းတို့ကို ပျော်စေချင်တယ်။"
"ဒီမြင်ကွင်းကိုမြင်ပြီး ငါ အရမ်းစပရိုက်ဖြစ်သွားတယ်။"
"ယန်ဟုန်၊ နင်က ငါမြင်ဖူးသမျှထဲမှာသဘောထားအကြီးဆုံးလူပဲ!"
"ဘာအရေးကြီးလဲ ? ဘဝမှာ ဖြတ်သန်းဖို့လိုအပ်လာရင် အစိမ်းရောင်၀တ်သင့်လည်းဝတ်ရမှာပေါ့။ ဘဒိုရေ၊ ငါ မင်းကို ထောက်ခံတယ်။"
"မင်း ငါ့ကို ပိုက်ဆံနည်းနည်းလောက် လျော်ကြေးမပေးချင်ဘူးလား။ မဟုတ်ရင် ဒီစိတ်ပိုင်းဆိုင်ရာအခက်အခဲကို ငါ ကျော်ဖြတ်နိုင်မှာမဟုတ်ဘူး"
ထိုကျည်ဆန်မှတ်ချက်များအား မြင်လိုက်ရပြီး ကျီဖေး စိတ်ထဲ ဟိုးတိုက်ရယ်နေတော့သည် ။
ချင်ရှန့်သည် ရေချိုးခန်းထဲတွင် အ၀တ်စားဝတ်ရန်ရုန်း ကန်ရင်း 'fufufufu ~' ရယ်သံကို တံခါးဘဲလ်သံကဲ့သို့ကြားလိုက်ရသည်။
ချင်မိသားစုများစုဝေးရာနေရာသည်လည်း ထိန်းချုပ်မရသောရယ်မောသံများဖြင့်ပြည့်နှက်နေသည်။
ဒီခေတ်အင်တာနက်သုံးစွဲသူတွေက ပရိသတ်တွေကလည်း အနုပညာရှင်အလှလေးများကို စိတ်ကျန်းမာရေးအားလုံးဝမထောက်ကြပေ။
အတင်းအဖျင်းငတ်မွတ်နေသည့် အင်တာနက်သုံးစွဲသူတွေအပြင် ပရိသတ်၏စိတ်အခြေအနေသည် အလွန်တည်ငြိမ်နေသည်။ - ၎င်းတို့သည် ရူးသွပ်ကုန်ကာ အော် ဟစ် မေးခွန်းထုတ်လာကြပြီး၊ အတင်းအဖျင်းရှာဖွေသူ များ၏ မှတ်ချက်များနှင့်လုံးဝကွဲပြားသည်။
"စွင်းမို တစ်ခုခုပြော၊ နင့်သူငယ်ချင်းနောက်ကွယ်မှာ သူ့ကောင်မလေးကို ခိုးခဲ့တာမဟုတ်ဘူးမလား !!!!"
"ယန်ဟုန် ဒီကောင်မနဲ့ လမ်းခွဲလိုက်တော့!!!!"
"ရှုမုန့် ၊ မင်း နှစ်စယောက်နဲ့ရှုပ်နေတာမဟုတ်ဘူးလို့ အားလုံးကိုပြောပြလိုက် !!!!"
၎င်းတို့သုံးယောက် စိတ်ပိုင်းဆိုင်ရာပြင်ဆင်ထားခြင်းကြောင့်ဖြစ်နိုင်သည်။ သူတို့သုံးယောက်သည် မှတ်ချက်များကိုမကြည့်ဘဲ မတူညီသည့်အချက်အလက်တွေကို ထုတ်ဖော်ပြသခဲ့သည်။
ယန်ဟုန်က "ရှိုးပွဲပြီးတာနဲ့ကြေငြာချက်ထုတ်ဖို့ ငါတို့စီစဉ်ထားပေမယ့် ခုလိုမျိုးတွေဖြစ်လာမယ်လို့မမျှော်လင့်ထားဘူး။ တကယ်တော့ ရှုမုန့် နဲ့ ငါက သိပ်မကြာခင်ကမှလမ်း ခွဲထားတာ၊ အခုအချိန်မှာ ငါတို့က သူငယ်ချင်းကောင်းတွေပါပဲ"
ပထမစာကြောင်းသည် ကြည်လင်သောကောင်းကင်ထက်မှ ဝရဇိန်မိုးကြိုးကဲ့သို့ဖြစ်ပြီး တိုက်ရိုက်ထုတ်လွှင့်မှုမှတ်ချက်အားပေါက်ကွဲသွားစေသည်။
သံသယနှင့် ခွဲခြမ်းစိတ်ဖြာမှုအမျိုးမျိုးတို့သည် တစ်ခုပြီးတစ်ခုလိုက်လာသည်။
"နောက်နေတာလား ? မင်းတို့နှစ်ယောက် ပွဲလမ်းသဘင်တွေမှာ အရင်ကစုံတွဲအဖြစ်နဲ့ပေါ်လာသေးတာမှ မကြာသေးဘူး၊ ငါတို့ကို ရူးနေတယ်လို့ထင်နေတာလား"
"အင်း၊ ဖျော်ဖြေရေးလောကကတော့ ဒီလိုပါပဲ။ သူတို့ သဘောတူညီချက်တစ်ခုခု လုပ်ပြီးသွားလောက်ပြီ။ အမြဲတမ်း ရန်သူဆိုတာမရှိဘူး၊ အကျိုးစီးပွားပဲရှိတယ်"
"သူတို့ တကယ်လမ်းခွဲခဲ့တာဖြစ်နိုင်တယ်၊ ဒါပေမယ့် စာချုပ်အရ ချစ်သူအဖြစ်ဆက်ဟန်ဆောင်နေရတာဖြစ်မယ်။"
"ဝူးးဝူးး၊ ငါတို့ရဲ့ယန်ဟုန် အရမ်းသနားစရာကောင်းတာပဲ၊ သူ့အရင်အချစ်ဟောင်းကို ဝေဖန်မှုတွေနဲ့မရှိစေချင်ဘူး၊ အဲ့ဒါကြောင့် သူ့မာနကိုမျိုချထားရတယ်"
"ဟဲ့၊ ယန်ဟုန်က အမြဲတမ်းပလေးဘွိုင်တစ်ယောက်လေ၊ သူတော်တော်များများနဲ့ချိန်းတွေ့ဖူးတယ်။ ငါတို့ မုန့်မုန့်ကသာ စွန့်ပစ်ခံရတဲ့သူဖြစ်နိုင်တယ်"
"ယန်ဟုန်နဲ့ ရှုမုန့် ကြားမှာ ဘာတွေပဲဖြစ်နေဖြစ်နေ၊ ရှုမုန့် နဲ့ စွင်းမိုက အခုတွဲနေတာသေချာနေပြီ ဟုတ်တယ်မလား ငါပြောနိုင်တာက မင်းတို့အသိုင်းအဝန်းက ဘယ်လိုက စားရမလဲဆိုတာ တကယ်သိတာပဲ။ ရည်းစားဟောင်းနဲ့ လက်ရှိရည်းစားက တစ်ဖွဲ့မှာရှိနေကြတယ်။ မိန်းကလေး ရှုက ကံကောင်းလိုက်တာ"
ယခင်မှတ်ချက်များ ရပ်တန့်မသွားမီ ရှုမုန့်မှစတင်ပြော ဆိုခဲ့သည်။
"အစ်ကိုဟုန်နဲ့ လမ်းခွဲခဲ့တာတော့ အမှန်ပါ။ အစ်ကိုမိုအ တွက်ကတော့ ကျမတို့နှစ်ယောက်စလုံး လွန်ခဲ့တဲ့ငါးနှစ်လောက်က ချိန်းတွေ့ခဲ့ကြဖူးပေမယ့် နားလည်မှုလွဲမှားမှုကြောင့်လမ်းခွဲခဲ့ကြတာပါ။ မမျှော်လင့်ထားတဲ့ ပူးပေါင်းဆောင်ရွက်မှုကနေ နားလည်မှုလွဲမှားမှုတွေကိုပြေလည်စေတဲ့အတွက်... ပြန်ပေါင်းစည်းခဲ့ကြတာပါ။"
ဒါကိုပြောပြီးနောက် ရှုမုန့်သည် စွင်းမိုအားရှက်ရွံ့စွာ လှည့်ကြည့်လိုက်ပြီး စွင်းမိုသည် သူမအားချစ်ခင်အလို လိုက်စွာစိုက်ကြည့်လာခဲ့သည်။
ယန်ဟုန် ပြုံးပြီး "ငါတို့ လမ်းခွဲခဲ့ပေမဲ့ သူ့ကိုယ် သူအပ် နှင်းဖို့ လူကောင်းတစ်ယောက်ရှာတွေ့နိုင်မယ်လို့မျှော် လင့်နေတုန်းပဲ။ မိုကောနဲ့ ငါက ကုမ္ပဏီတစ်ခုတည်းဖြစ်တဲ့အပြင် ဆက်ဆံရေးလည်းကောင်းတယ်။ အရင်ကသူတို့နားလည်မှုလွဲခဲ့တာတွေကို သိလိုက်ရတော့ သူတို့ကို ပြန်ပေါင်းစည်းဖို့ကူညီပေးခဲ့တာ၊ ကျနော် Cupid လုပ်ခဲ့တယ်ဆိုရမှာပေါ့ "
စွင်းမိုနှင့် သူမ၏အတိတ်အား အမှန်တကယ်မသိသေးသောကြောင့် ရှုမုန့်၏ပြောဆိုချက်သည် ပေါက်ကွဲလောက်အောင်ပေါက်ကွဲနေပြီဖြစ်ရာ မှတ်ချက်အားလုံးအာမေဋိတ်အမှတ်အသားအဖြစ် ချက်ချင်းပြောင်းလဲသွားကြသည်။
ယန်ဟုန်ပြောသည့်အချိန်တွင် မှတ်ချက်များသည် ခဏတာလွတ်သွားသည်။
ဖန်သားပြင်နောက်ကွယ်ရှိလူတိုင်းသည် သတင်းအချက် အလက်များကို စီမံဆောင်ရွက်နေသကဲ့သို့ ၎င်းတို့၏ဦး နှောက်များပင်ယိုယွင်းလာသည်။
[ဟာဟားဟား၊ မမျှော်လင့်ထားတဲ့ ရိုက်ချက်တွေကို ငါကြားဖူးပါတယ်၊ ဒါပေမယ့် အင်တာနက်သုံးစွဲသူတွေရဲ့ လည်ချောင်းထဲကို အတင်းအကြပ်ထိုးသိပ်ကျွေးတာမျိုး တော့မကြားဖူးသေးဘူး။ မင်းတို့ဖန်တီးမှုတွေကို မင်းတို့ပရိသတ်တွေရဲ့ လက်ခံနိုင်စွမ်းကိုကော ထည့်စဉ်းစားထားသေးလား ?]
မှတ်ချက်များသည် 99+ မြန်နှုန်းဖြင့် အဆက်မပြတ်ပြန် လည်ဆန်းသစ်နေသည်။ အင်တာနက်အသုံးပြုသူများအားလုံးသည် သူတို့ပြောချင်သည့်စကားလုံးများဗိုက်ပြည့်နေပြီး မှတ်ချက်များသည် မယုံနိုင်လောက်အောင်ရောထွေးသွားကြသည်။
ခေတ်စားနေသော အကြောင်းအရာအသစ်များသည် Weibo တွင်ဆက်လက်ထွက်ပေါ်လာသည်။
#စွင်းမိုကတတိယလူမဟုတ်ဘူး Ex #မလှည့်စားဘဲ မီးတောက်ဟောင်းကိုပြန်လည်ထွန်းညှိခြင်း#
#ex ယန်ဟုန်၏စိတ်သဘောထားကြီးမှု #လျှို့ဝှက်စွာ အောင်သွယ်ပေးခဲ့
#ကျဲမေ့တို့ရေ အာလုံးကမိသားစုတွေပါပဲ#
#ပျော်ရွှင်သောမိသားစုသုံးယောက်
#Fans:TurnsOutI'mTheClown!#
ဒါဆို သူတို့သုံးယောက်ရဲ့ပရိသတ်တွေက ချီးကျူးရမှာလား ဒါမှမဟုတ် ဒေါသထွက်သင့်လား ??
သူတို့၏အိုင်ဒေါများသည် မည်သည့်မျဉ်းကိုမှကျော်ဖြတ်ခဲ့ပုံမရဘဲ အလွန်အမင်းပျော်ရွှင်နေကြပုံရသည်။
ဒါပေမယ့် သူတို့ဘာကြောင့် လှည့်စားခံရသလိုခံစားနေရတာလဲ ? ၎င်းတို့သည် ၎င်းတို့၏ idol များအတွက်ခုခံကာကွယ်ခဲ့ကြသည်မှာကြာမြင့်နေပြီဖြစ်ပြီး ၎င်းတို့၏ idol များအတွက် ရာနှင့်ချီသောအွန်လိုင်းတိုက်ပွဲများကို တိုက်ခိုက်ကာ ၎င်းတို့ကိုကာကွယ်ရန် အကြောင်းပြချက်မျိုးစုံရှာဖွေခဲ့ကြပြီး အချို့သော အရူးအမူးပရိတ်သတ်များသည် ထိုကောလာဟလများကြောင့်ထောင်ပင်ကျခဲ့ကြသေးသည်။
နောက်ဆုံး သူတို့ idol တွေကချိန်းတောင်တွေ့နေကြပြီပေါ့ ?
အနာဂတ်အသွင်ကူးပြောင်းမှုနှင့်ပတ်သက်၍ ထို Show မှာမှားယွင်းမှုတစ်ခုမဟုတ်ဘဲ၊ ၎င်းတို့နှစ်ယောက်ပြန် လည်ပေါင်းစည်းရန်ပြင်ဆင်ထားသည့် ဂုဏ်ပြုပွဲနှင့် ပိုတူနေသည်။
ပရိသတ်၏လမ်းညွှန်မှုများ ထိန်းမနိုင်သိမ်းမရဖြစ်လာချိန် စွင်းမို စပြီးစကားပြောလာသည်။
စွင်းမိုက "ကျွန်တော်တို့ သုံးယောက်ကြားဆက်ဆံရေး အဆင်မပြေမှုတွေကြောင့် အားလုံးကိုအလေးအနက် တောင်းပန်ပါတယ်။ ဒါနဂိုတည်းက ကျနော်တို့ရဲ့ကိုယ် ရေးကိုယ်တာကိစ္စဖြစ်လို့ အများရှေ့ထုတ်ဖော်ဖို့မမျှော် လင့်ထားခဲ့ဘူး။ ဒါပေမယ့် ချစ်ရတဲ့သူနဲ့ သူငယ်ချင်းကို ဝေဖန်တာမျိုးမဖြစ်စေချင်ဘူး၊ အဲ့ဒါကြောင့် ဒီနေရာကနေ တရားဝင်ရှင်းပြတာပါ။ ကျွန်တော်တို့သုံးယောက်ကြားမှာ မလျော်ကန်တဲ့ဆက်ဆံရေးမျိုးမရှိခဲ့ပါဘူး"
[ Lol ! မျက်နှာအပြောင်းအလဲမရှိဘဲ ပြောနိုင်တယ်လား ? လူလိမ်သုံးယောက်ထဲမှာ နင်က ရယ်စရာအ ကောင်းဆုံးပဲ။ သက်သေတွေနဲ့ နင့်မျက်နှာကိုပဲဖြတ်ရိုက်ပစ်လိုက်ချင်တယ်။]
[ဒီအခိုက်အတန့်မှာ နင်တို့သုံးယောက်က သရုပ်ဆောင်တွေဆိုတာ တကယ် ငါ ဝန်ခံတယ်။]
[ဒါပေမယ့် ဒီရှင်းပြချက်ကအရင်စီစဉ်ထားတဲ့နည်းလမ်း ထက် အများကြီးပိုကောင်းတယ်။ အနည်းဆုံး နင် ဖေးမင်ရွမ်အပေါ်ရေညစ်တွေမလောင်းခဲ့ဘူး၊ အဲ့တော့ ကြည့်ရတာ နင့်မှာ အသိတရားရှိနေသေးတဲ့ပုံပဲ။]
ဒီစကားကြားတော့ လူအများစုနားလည်သွားကြသည်။ နောက်ပိုင်းတွင် အများသူငှာသဘောထားကွဲလွဲမှုများ ရှိလာကာ ပရိသတ်အများအပြားထွက်ခွာသွားနိုင်သော် လည်း ယင်းပြဿနာအတွက် ငြိမ်းချမ်းစွာဖြေရှင်းနေဆဲ ပင်။
Live ထဲ စွင်းမိုစကားပြောနေချိန် အနောက်မှ တံခါးဖွင့်သံထွက်ပေါ်လာသည်။
ကျီဖေး ကမန်းကတန်းနောက်ပြန်လှည့်ကြည့်ရာ သူ့အကြည့်တွေက အဝေးသို့ရွှေ့ဖို့ရာခက်လာသည်။
ချင်ရှန့် ရေစိုထားသဖြင့် မျက်ခုံးများသည် မှင်ရောင်တောက်သည့်အလားဖြစ်နေကာ ဆံပင်တစ်ဝက်ခန့် ခြောက်ပြီးဖြစ်နေသည်ကို သူမ မြင်လိုက်ရသည်။ သူ့မျက်လုံးတွေပင့်လာရင် ကြည်လင်ပြီး နက်နဲသည့်အကြည့်အားမြင်လိုက်ရသည်။
မျက်နှာသုတ်ပုဝါတစ်ထည်အား သူ၏ကျယ်ဝန်းသောပခုံးပေါ်ပတ်ထားပြီး အနက်ရောင်ပိုးသားညအိပ်ဝတ်ဘောင်းဘီကို၀တ်ဆင်ထားပြီး လိုက်ဖက်သောအင်္ကျီတစ်ထည်ကိုမူ လက်တစ်ဖက်ပေါ်တွင်ပတ်ထားသည်။
သူ့ခန္ဓာကိုယ်ကို ရေပူဖြင့်လတ်လတ်ဆတ်ဆတ်ဆေး ကြောပြီးဖြစ်ရာ တောက်ပလျက်ရှိသည်။ ထိုသို့သောအလျသည် ကျွမ်းကျင်သောပန်းပုဆရာတစ်ဦးမှ စေ့စေ့စပ်စပ်ထွင်းထုထားသော ကျောက်မျက်ရတနာကဲ့သို့ အကောင်းမွန်ဆုံးအခြေအနေမှာရှိနေသည်။
ကျီဖေး၏အကြည့်အားရင်ဆိုင်လိုက်ရာ ချင်ရှန့် ငြိမ်သက်သွားသည်။ သူ့အဝတ်အစားများနှင့် ကျီဖေးထံလျှောက်သွားလိုက်သည်။
[ရေချိုးပြီးကာစကလူတစ်ယောက်က တကယ်ကြီး... ဝါး၊ တကယ် လှတာပဲ]
ချင်ရှန့် အေးခဲသွားရသည်။
"ရေချိုးပြီးသွားပြီလား၊ ကျမကို ဘာလို့မခေါ်လိုက်တာလဲ၊ လာ ကျမ ကူညီပေးမယ်"
ကျီဖေး စိတ်လှုပ်ရှားစွာ မတ်တပ်ထရပ်ပြီး ချင်ရှန့်လက်မှအဝတ်များကို တိုက်ရိုက်ဆွဲယူကာ တတ်တတ်ကြွကြွ ဝတ်ခိုင်းလိုက်ပြီး လက်တစ်ဖက်မှနောက်တစ်ဖက်သို့ ရွှေ့ကာ အခြားလက်တစ်ဖက်သို့ရွှေ့လိုက်သည်။
ကျီဖေးသည် ချင်ရှန့်၏လက်များအား မထိဝံ့သလိုမျိုး အလွန်သတိထားနေခဲ့သည်။ သို့သော် သူမ၏လက် ချောင်းများသည် တင်းမာသောကြွက်သားများကိုအမှတ် မထင်ပွတ်တိုက်မိရာ အောက်ဘက်တွင် ဖုံးကွယ်ထားသည့် ကြွက်သားများကိုထိလိုက်ရသည်။
ချင်ရှန့်ခေါင်းငုံ့ထားကာ သူ့ရှေ့ ကျီဖေးရေချိုးဝတ်ရုံချည်ကြိုးကူချည်နေသည်ကိုကြည့်လိုက်သည်။ သူမ ကြိုးချည်နေချိန်တွင် စွင်းမို၏အသံသည် တိုက်ရိုက်ထုတ်လွှင့်မှုမှထွက်ပေါ်လာခဲ့သည်။
"ဒါ့အပြင်၊ ဒီအချိန်မှာ ကျနော် နောက်ထပ်တစ်ခုကြေငြာစရာရှိပါသေးတယ်။ ကျွန်တော်တို့ရဲ့ ဖွံ့ဖြိုးရေးအမြင် အတွေးအခေါ်ကွဲလွဲမှုတွေကြောင့် ကျွန်တော့်မန်နေဂျာ ဖေးမင်ရွမ်နဲ့ ကျွန်တော်တို့ လုပ်ငန်းခွင်ဆက်ဆံရေးကို ဒီနေ့ကစပြီး တရားဝင်ရပ်ဆိုင်းလိုက်ပါပြီ။ အခုချိန်ကစပြီး ကျွန်တော်တို့ဟာ ကိုယ့်လမ်းကိုကိုယ် လျှောက်လှမ်းကြမှာပါ။"
ကျီဖေး အာရုံချက်ချင်းပြောင်းသွားသည်။ ရေချိုးဝတ်စုံခါးပတ်အား ကောင်းစွာမချည်နှောင်ထားသဖြင့် ခါး စည်းသည်လျော့နေပြီး အရေပြားကိုဖော်နေမိသော် လည်း ကျီဖေး သတိမထားမိနိုင်လောက်အောင်ပင် Live ထဲနစ်မွန်းနေသည်။ တိုက်ရိုက်ထုတ်လွှင့်မှုအား ဆက်ကြည့်ရန် သူ ချက်ချင်းပြန်ထိုင်လိုက်သည်။
[ဘာတွေဖြစ်နေတာလဲ ? ဖေးကျဲကို ထပ်မဆွဲထည့်သင့ဘူးမှတ်လား ? ဘာကြောင့် မကောင်းတဲ့စိတ်ခံစားချက် တွေရနေတာပါလိမ့်]
ချင်ရှန့်သည် သူ့ရေချိုးဝတ်စုံအား ကူကယ်ရာမဲ့စွာကြည့်လိုက်သည်။ သူ့ဆံပင်ကိုသုတ်ရန် မျက်နှာသုတ်ပဝါကို လက်တစ်ဖက်နှင့်ယူကာ သူမနှင့်အတူ တိုက်ရိုက်ထုတ်လွှင့်မှုကိုကြည့်ရန် ကျီဖေး ဘေးရှိကုလားထိုင်တွင်ဝင်ထိုင်လိုက်သည်။