အခန်း (၁၁၀)
Vol. 11 Ch. 110
ပရိသတ်တွေအတွက် အံ့ဩစရာကောင်းတဲ့ နောက်ထပ်သတင်းတစ်ခုပင်။
စွင်းမိုနဲ့ သူ့အေးဂျင့်က စာချုပ်ရပ်စဲလိုက်ပြီလား ? သူတို့ဘာသာ သီးခြားလမ်းကြောင်းဆီသွားမယ်ပေါ့ ? ဒါဘာကိုဆိုလိုတာလဲ ?
ချက်ခြင်းဆိုသလို ထင်ကြေးပေးလာကြသည်။
စွင်းမိုသည် မေးခွန်းအချို့ဖြေဆိုရန် comments ကို စတင်ကြည့်ရှုနေပုံရသည်။
"Show နဲ့ ဘာမှမဆိုင်ပါဘူး။ အဲဒါက ကောလဟာလလို့ ပြောထားပြီးသားပါ၊ ဇာတ်ညွှန်းကိုတော့ ကျွန်တော် စီစဉ်ခဲ့တာပါ"
"ကျနော်နဲ့ ကျနော့်အေးဂျင့်အကြောင်း ကောလာဟလတွေက မှားနေပါတယ်။ ကျနော်တို့ ဘယ်တုန်းကမှ ချိန်းတွေ့တာမျိုးမရှိခဲ့ဖူးဘူး၊ ကျနော်တို့က လုပ်ဖော်ကိုင်ဖက်တွေပါပဲ။"
ကျီဖေး စိတ်ရှုပ်ထွေးစွာနားထောင်နေချိန် _
စွင်းမိုသည် သူ့လေသံပြောင်းလိုက်ပြီး တစ်ယောက် ယောက်ကို စကားပြောနေသလိုမျိုး သူ့မျက်လုံးထဲမှာ စိတ်ပိုင်းဖြတ်ထားသည့်အကြည့်နှင့် စကားပြောလာသည်ကိုကြားလိုက်ရသည်။
"မင်း တိုက်ရိုက်လွှင့်တာကိုကြည့်နေမှန်း ငါ သိတယ်။ ဒီနှစ်တွေထဲ အတူရှိပေးခဲ့တဲ့အတွက် အရမ်းကျေးဇူးတင်ပါတယ်။ ငါ ဒီနေ့ ဒီနေရာမှာရှိနေတာကလည်း မင်းရဲ့ ကျေးဇူးကြောင့်ပါပဲ။ မင်းကို စိတ်ပျက်ရစေတဲ့အတွက် ငါ တောင်းပန်ပါတယ်။"
"မင်း ငါတို့ကို အစကတည်းကသဘောမတူဘဲ လမ်းခွဲခိုင်းချင်ခဲ့ပေမယ့် ငါတို့ရဲ့အချစ်ကစစ်မှန်ကြောင်း မင်းကို ငါ သက်သေပြမယ်။ ငါတို့ အတူရှိရင်တောင် ငါ့ရဲ့အသက်မွေးဝမ်းကြောင်းကိုထိခိုက်မှာမဟုတ်ဘူး။"
"ငါတို့ အတူတူအလုပ်ကြိုးစားမယ်။ ဒီတစ်ခါ ငါတို့ကို ဘယ်သူမှခွဲလို့မရဘူး။"
ဒါကိုပြောပြီးနောက် စွင်းမိုသည် ရှုမုန့်၏လက်ကိုတင်း တင်းကြပ်ကြပ်ဆုပ်ကိုင်လိုက်ပြီးမြှောက်ပြလိုက်သည်။
"ဒါတစ်ခုခုတော့ မူမမှန်ဘူး" ကျီဖေး မျက်မှောင်ကြုတ်လိုက်သည်။
ချင်ရှန့် အေးစက်စွာပြောသည်။
"ဒါဟာ လူတွေကို တမျိုးထင်အောင်လုပ်နေတာ၊ လက်ရှိ လမ်းခွဲမှုနဲ့ ပြန်လည်ပေါင်းစည်းမှုက ဖေးမင်ရွမ်နဲ့ ဘာမှမဆိုင်ပေမယ့် စွင်းမိုက လွန်ခဲ့တဲ့ (၅) နှစ်လောက်လမ်းခွဲခဲ့ရတဲ့အဓိကအကြောင်းရင်းကိုရှောင်ခဲ့ပြီး ဖေးမင်ရွမ်ကိုပဲ ဖော်ပြခဲ့တယ်။ ဒါပေမယ့် သူ ပြောသမျှကအမှန်ပဲ။ အဲ့ တော့ ဖေးမင်ရွမ်ဘက်က ငြင်းလို့မရဘူး။"
ကျီဖေးက ချင်ရှန့်အား အံသြစွာလှည့်ကြည့်လိုက်သည်။ "ဘာလို့ ဝေ့လည်ကြောင်ပတ်ပြောနေတာလဲ"
ချင်ရှန့်က "သူတို့ရဲ့နဂိုအစီအစဉ်က ကိုယ်ကျင့်တရားနဲ့ပတ်သက်တဲ့ပြဿနာရှိလို့လေ၊ ဒါကို တန်ပြန်ဖို့အတွက် ဆို ဖေးမင်ရွမ်ဘက်ကတုန့်ပြန်လာမယ် စွင်းမိုကိုလည်း မသိတတ်တဲ့ လူလို့ထင်လာကြမယ်။ ဒါ့ပြင်၊ အဲဒါက သက်သေတွေပေါ်လာရင် ထိခိုက်မယ့်သူက သူတို့ပဲလေ။ အဲ့တော့ ပိုကောင်းတဲ့နည်းပြောင်းလိုက်တာ ဒီလိုမရှင်း မရှင်းပြောလိုက်တော့ ပရိသတ်တွေလိုရာစွဲတွေးပြီး ထင်ချင်သလိုထင်သွားမယ်လေ"
"ပြီးတော့၊ ဒီကိစ္စမှာ တကယ့်ဗီလိန်ဖြစ်တဲ့ ဒုတိယသခင်လေးလင်းကလည်း သူ တခြားသူရဲ့ရည်းစားကိုခိုးခဲ့တယ်ဆိုပြီး ထုတ်ပြောလာမှာမဟုတ်ဘူး။
ချင်ရှန့်သည် တိုက်ရိုက်လွှင့်မှာ မှတ်ချက်အားကြည့်ရန် ကျီဖေးအားလက်ဟန်ပြလိုက်သည်။
စွင်းမိုပြောပြီးသည်နှင့် တိုက်ရိုက်ထုတ်လွှင့်မှုမှမှတ်ချက်များသည် တစ်ခဏမျှရပ်တန့်သွားပြီးနောက် ရေနွေးပူပူထဲဆီထည့်လိုက်သကဲ့သို့ ရုတ်တရက်ထွက်ပေါ်လာကြသည်။
"ဘာလို့ ဒီစကားထဲ တစ်ခုခုပါနေတယ်လို့ခံစားနေရတာလဲ။"
"ရှုမုန့်နဲ့ စွင်းမိုတို့ လွန်ခဲ့တဲ့ ၅ နှစ်က နားလည်မှုလွဲမှားမှုကြောင့်လမ်းခွဲခဲ့တာလို့ စောစောကမပြောခဲ့ဘူးလား။ တစ်ယောက်ယောက် ဝင်ရောက်စွက်ဖက်လို့ဖြစ်နိုင်လား"
"အေးဂျင့်က သူတို့ကိုလမ်းခွဲစေချင်တဲ့အတွက် အေးဂျင့်လုပ်ခဲ့တာဖြစ်နိုင်လား ?"
"သူတို့က မချစ်ဖူးဘူးလို့ပြောရင်တောင် တစ်ဖက်သတ် ကြိုက်ပြီး တခြားတစ်ယောက်ရဲ့ချစ်သူရည်းစားကို မောင်းထုတ်နိုင်တဲ့ဖြစ်နိုင်ခြေကိုလည်းငြင်းလို့မရဘူး။ ငါးနှစ်လောက်ကြာတဲ့အထိ သူလိုချင်တာကိုမရလိုက်ဘူး၊ အခုနှစ်ယောက်ပြန်ဆုံတော့ လူရွှင်တော်ကပြေးရ တော့တာပေါ့ ဟုတ်တယ်မလား"
"အို အမ် ဂျီ၊ ဒီလိုဆိုရင် စွင်းမိုနဲ့ ရှုမုန့်က အရမ်းသနားဖို့ကောင်းတာပဲ!"
"ဒါကြောင့် ငါတို့ယန်ဟုန်က ဖြောင့်မတ်တဲ့လူဆိုတော့ သူတို့ကိုအထင်အမြင်လွဲတာကိုရှင်းထုတ်ပြီး အေးဂျင့်ရဲ့ ကြံစည်မှုကိုဖော်ထုတ်နိုင်ခဲ့တယ်၊ အဲ့ဒါကြောင့် သူတို့က ဒီလိုထူးဆန်းတဲ့အခြေအနေမှာ ချက်ချင်း စာချုပ်ကိုရပ်လိုက်တာများလား။"
"ငါတို့ အမှန်တရားကိုဖော်ထုတ်လိုက်နိုင်ပြီလို့ ခံစားလိုက်ရတယ်။"
"ဒီလှည့်ကွက်က... ငါ့ စိတ်တွေညစ်ညမ်းသွားသလို ခံစားရတယ်။"
ချင်ရှန့်က "ဖေးမင်ရွမ် ဒါကိုကျော်ဖြတ်ဖို့ခက်ခဲလိမ့်မယ်"
အမှန်တော့ ခက်တယ်။ ဖေးမင်ရွမ် ပြင်ဆင်ထားသည့်အရာများသည် စွင်းမိုနှင့် အခြားသူများမှ သူ့အားဗီလိန်အဖြစ် လိမ်လည်လိမ်လည်ပြောဆိုမှသာ အသုံးပြုနိုင်မည်ဖြစ်သည်။ သို့မှသာ သူမသည် အမြဲတမ်းလုံ့လဝီရိ ယဖြင့်လုပ်ဆောင်ပြီး မလျော်ကန်သောလုပ်ရပ် (သို့) အကြံအစည်များလုံးဝမရှိကြောင်း သက်သေပြရန် သိမ်းဆည်းထားသည့် အထောက်အထား အမျိုးမျိုးကို အသုံးပြုနိုင်မည်ဖြစ်သည်။
သူမသည် ဒုတိယသခင်လေးလင်းနှင့် ရှုမုန့်ကြားဆက် ဆံရေးကိုထုတ်ဖော်ရန်ပင် တွေးခဲ့ဖူးသည်။ အမျိုးမျိုးသောအလိမ်အညာများကိုပေါ်လွင်စေသော အရိပ်အ ယောင်အောက်တွင်၊ ဒုတိယသခင်လေးလင်းနှင့် ဆက် ဆံရေးသည် ၎င်းတို့ကိုချေမှုန်းရန် နောက်ဆုံးကောက်ရိုးဖြစ်လာမည်ဖြစ်သည်။
ဒါပေမယ့် ဒီကမ္ဘာမှာထက်မြက်တဲ့လူ တစ်ယောက်ထဲမရှိဘူး၊ အများအားဖြင့် ချိုးဖျက်နိုင်သည့်နည်းလမ်းတွေရှိစမြဲပင်။
လူသုံးယောက်ကပြောလာချိန်မှာ ဖေးမင်ရွမ် မည်သို့ဆိုစေကာမူ လူအများသည် သူမအားကျိန်ဆဲကြမည်ဖြစ် သည်။ သူမသည် ဒုတိယသခင်လလင်းနှင့် ဆက်ဆံရေးအားထုတ်ဖော်လိုက်လျှင် သူမသည် သူ့အားစော်ကားမိရုံသာမက လူအများသည် သူမအားမယုံမကြည်ဖြစ်ကာ အခြေအမြစ်မရှိသော စွပ်စွဲမှုများပြုလုပ်သည်ဟုပင် ထင်ကောင်းထင်လာနိုင်သည်။
တကယ်တော့၊ စမတ်ကျတဲ့ အေးဂျင့်တစ်ယောက်အနေနဲ့၊ သူမ ဒီအချိန်မှာနှုတ်ဆိတ်နေသင့်ပြီး၊ လူထုသဘော ထားကိုလျစ်လျူရှုကာ စွင်းမို၏အပေါ်ယံအဓိပ္ပါယ်ကို တုံ့ပြန်လိုက်ရုံပင်။
သို့သော် ဒီနာကျည်းမှုကို သူမတကယ်မျိုမချနိုင်ခဲ့ပါပေ။
ဒါပေမယ့်...မျိုချဖို့ကလွဲလို့ သူမထံရွေးချယ်စရာမရှိချေ။
တိုက်ရိုက်ထုတ်လွင့်မှူပြီးမှသာ Weibo တွင် ဖေးမင်ရွမ် ၏တုံ့ပြန်မှုကိုလူတိုင်းမြင်လိုက်ရသည်။
"အေးဂျင့်တစ်ယောက်အနေနဲ့ ကိုယ့် အနုပညာရှင်ကိုချစ်သူရှိတာမျိုးမဖြစ်စေချင်ဘူး။ အဲဒီတုန်းက ငယ်သေးတော့ဇွတ်တရွတ်လုပ်ခဲ့တာ၊ အခု နင်တို့ ပြန်ဆုံသွားပြီဆိုတော့ တကယ်ပျော်စရာပဲ၊ အချစ်ငှက်လေးတွေ အောင်မြင်ချမ်းသာဖို့ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။ အတူတွဲလုပ်ခဲ့တဲ့တစ်လျှောက်လုံး ကြိုးစားပေးခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ်။"
မှတ်ချက်ပေးခွင့် ပိတ်ထားသည်။
ဖေးမင်ရွမ်သည် သူမရင်ဆိုင်ရမည့်အရာကို သိသော ကြောင့် အင်တာနက်သည် သူမနှင့်ပတ်သက်သည့် ပူးပေါင်းကြံစည်မှုသီအိုရီများဖြင့် ပြည့်နေပြီဖြစ်သည်။
ချင်ရှန့်သည် အနီးနားတွင် ခေါင်းငိုက်စိုက်ကျနေသော ကျီဖေးအားကြည့်ကာ နွားနို့ပူပူတစ်ခွက်ယူလာခဲ့သည်။
"သူမက ထက်မြက်တဲ့အေးဂျင့်တစ်ယောက်ပါ။ ဒါက ဒါကိုကိုင်တွယ်ဖြေရှင်းဖို့အကောင်းဆုံးနည်းလမ်းပဲ၊ ဒါ လူတိုင်းကို သူ့ရဲ့ကျွမ်းကျင်မှုကိုပြလိုက်တာပဲလေ၊ ဒါပေမယ့် စိတ်မပူနဲ့၊ ငါတို့ သူ့ကို မင်းရဲ့အေးဂျင့်အဖြစ်ရွေး ချယ်လိုက်တဲ့အတွက် ငါ့ဘက်ကကောနဲ့ ချင်ကျောက်ဘက်ကပါ ..."
ကျီဖေး၏ပခုံးများ တုန်ခါသွားသည်။
ချင်ရှန့်၏စကားများ ရုတ်ခြည်းတိတ်သွားရသည်။ နှစ် သိမ့်ပေးရန်ပြင်ချိန် ဝါးလုံးကွဲရယ်မောသံကို ကြားလိုက်ရသည်။
[အခွင့်အရေးမရတော့ဘူးလို့ ထင်ခဲ့တာ။ ပြီးခဲ့တာတွေကိုမေ့ပြီး ခွင့်လွှတ်တာက အမွန်မြတ်ဆုံးကုသိုလ်ဆိုတာကိုလက်ခံပြီး ပြဿနာမဖြစ်အောင်နေမလို့ပါဆို၊ ဒါပေမဲ့ နင်တို့ကတောင်းဆိုနေတော့လည်း ငါ့ဘက်ကဖြည့်ဆည်း ပေးရမှာပေါ့၊ ငါ့ကို အပြစ်မတင်နဲ့။ ဟီးဟီး!]
ချင်ရှန့်: ?
ဟုတ်တယ်... မင်းကိုယ်မင်း ချုပ်တည်းဖို့ဘယ်လောက်ခက်လဲ၊ မင်းကိုယ်မင်း ဘယ်လိုဆွဲဆောင်ထားရတယ် ဆိုတာ ငါ ကြားတယ်။
ဒါပေမယ့် မင်းမှာ ဘယ်လိုအတင်းအဖျင်းတွေရှိနေလို့လဲ အခြေအနေကိုပြောင်းသွားစေနိုင်လို့လား ??
ထို့နောက် ကျီဖေးသည် သူ့ဖုန်းကိုထုတ်ကာ သူ့ကွန်ပြူတာထဲ လုပ်ဆောင်ချက်အချို့ပြုလုပ်ပြိး ဗီဒီယိုဖိုင်နှစ်ဖိုင် တင်နေသည်ကိုတွေ့လိုက်ရသည်။
ထို့နောက် သူမသည် ဤဖြစ်ရပ်နှင့်ပတ်သက်၍ အသံအကျယ်ဆုံး စျေးကွက်ရှာဖွေရေးအကောင့်နှစ်ခုအားတွေ့ရှိခဲ့ပြီး ဒုတိယအကောင့်ထံ သီးသန့်မက်ဆေ့ချ်များ ပေးပို့ခဲ့သည်။
"ဟေ့ ဒီည ဒရာမာတွေအားလုံးကိုပြောင်းပြန်လှန်ပစ်မယ့် သတင်းကြီးတစ်ခုရှိတယ်။ ငါ့မှာ ဗီဒီယိုရှိတယ်၊စျေးနှုန်းဆွေးနွေးလိုက်ကြရအောင်။"
ချင်ရှန့်: ? မင်း အဲဒါကို ရောင်းနေသေးတယ်ပေါ့လေ ? မင်း တကယ် ငွေရှာတဲ့နေရာမှာ ပါရမီရှင်တစ်ယောက်ပဲ ဘာလို့ ကိုယ့် ကိုကိုယ်ချုပ်တည်းနေရတာလဲ ? ဘာလဲ ငွေထုပ်ကြီးနဲ့လွဲသွားမှာစိုးလို့လား ??
ချင်ရှန့်သည် ကျီဖေးနှင့်တဖက်လူနှင့် ဈေးဆစ်နေသည်ကိုကြည့်နေစဉ်တွင် အခြားသောလျှို့ဝှက်အတွေးများကိုထုတ်ဖော်ခြင်းမပြုရန် သူမသည် ဗီဒီယိုများကိုဖွင့်ကာ အနည်းငယ်တည်းဖြတ်သည်ကိုတွေ့ခဲ့ရသည်။
သူ့ကိုယ်ပိုင်ဖုန်းတွင် မိသားစုအဖွဲ့ချတ်မှမက်ဆေ့ခ်ျများ ဖြင့်ပြည့်နှက်နေသည်။
ချင်မိသားစုဝင်များသည် အတင်းအဖျင်းပြောစရာမရှိတော့ဟုထင်ပြီး group chat ထဲအော်ဟစ်သောင်းကျန်းနေကြသည်။ အရမ်းစိတ်ဆိုးနေကြသဖြင့် ချင်ကျောက်အားအဖြေဝိုင်းရှာခိုင်းလာကြသည်။
ချင်ကျောက်သည် ကောင်းဟောင်နှင့်အပြင်မှာ ရှိနေချိန်အတော်လေးအံသြသွားရသည်။ ချင်ရှန့် တစ်ခုခုကိုကြို တင်ခန့်မှန်းထားပါက သူ့ထံ အရာအားလုံးကိုကိုင်တွယ်ဖြေရှင်းနိုင်မည့်နည်းလမ်းရှိမည်ဟုတွေးကာ ဆက်သွယ်လိုက်သည်။
သူ့စန်းတိမှ မေးလာသည်ကိုတွေ့တော့ ချင်းရှန့်သည် ကွန်ပျူတာထဲက ဗီဒီယိုကိုကြည့်ပြီး ခေါင်းငုံ့ကာ
"အလျင်လိုစရာ မလိုဘူး။ မနက်ကျရင် အားလုံးဖြေရှင်းပြိးသားဖြစ်သွားမယ့် သတင်းခေါင်းစဉ်ရှိလာလိမ့်မယ်။ မင်းရဲ့အာ့စောင် လုပ်လိုက်ပြီ"
ချင်ကျောက်: "မင်း လုပ်လိုက်တာ မဟုတ်ဘူးလား။"
ချင်ရှန့်: "ငါ့အတွက် မလိုဘူး"
သူ့မိန်းမရဲ့ငွေရှာတဲ့ အစီအစဉ်ကိုအနှောင့်အယှက်မပေးနိုင်ဘူး။
ထိုဗီဒီယိုနှစ်ပုဒ်မှာ၊ တစ်ခုသည်လသာဆောင်တွင် အမျိုး မျိုးသောထိပ်တိုက်တွေ့ဆုံမှုများဖြစ်ပြီး လမ်းခွဲရမည့်အချိန်သည် မှားယွင်းကြောင်းဖော်ပြရုံသာမက ပြင်းထန်သောအနမ်းကိုပြသထားကာ အေးဂျင့်တစ်ဦးအနေဖြင့် ဖေးမင်ရွမ်သည် လွန်ခဲ့သည့်ငါးနှစ်ခန့်ကလမ်းခွဲရန်အ ကြံပြုခဲ့သော်လည်း မည်သည့်နည်းဗျူဟာကိုမှအသုံးမပြုဖူးကြောင်းရှင်းပြထားသည်။
နောက်တစ်ချက်မှာ ယနေ့ စင်နောက်တွင် စာချုပ်ဖျက် သိမ်းခြင်းဖြစ်စဉ်ကို ရိုက်ထားခြင်းဖြစ်ပြီး၊ ဇာတ်ညွှန်းကို အပြစ်ဖို့သည့်ကိစ္စကို ဖော်ထုတ်ရုံသာမက စွင်းမို၏ ကိုယ့်ကိုကိုယ်ချစ်မှုနှင့် ဖေးမင်ရွမ်၏အပြစ်ကင်းမှုကို အလေးပေးဖော်ပြထားသည်။
[မနက်ဖြန်နိုးလာရင် ဘယ်လိုတွေဖြစ်နေမလဲဆိုတာ တွေးကြည့်လို့တောင်မရဘူး။ အရမ်းစိတ်လှုပ်ရှားစရာဖြစ်ရမယ်။ တကယ်ကို စောင့်မျှော်နေမိပြီ ဟီးဟီး။]
ချင်ရှန့်သည်လည်း ကူကယ်ရာမဲ့ပြုံးနေသည်။ အမှန်ပင်၊ ၎င်းသည် အလွန်စိတ်လှုပ်ရှားဖွယ်ကောင်းပြီး ၎င်းတို့အားပြန်လည်နာလန်ထရန် အခွင့်အလမ်းလုံးဝမရှိစေဘဲ ကြေမွသွားစေမည်ဖြစ်သည်။
[ဝိုး၊ ဒါ မယုံနိုင်စရာပဲ။ သူတို့နှစ်ယောက်က စွင်းမိုအိမ်မှာ အတူတူသောက်ကြသေးတယ်။ သောက် သောက်၊ အဲဒါ နင်တို့ဘဝရဲ့ နောက်ဆုံးပျော်စရာ အရက်တစ်ခွက်ပဲ။]
ကျီဖေးသည် သူ့နံဘေးရှိ နို့နွေးနွေးလေးတွေကိုကောက်ကိုင်ရင်းရယ်လိုက်သည်။ သူမသည် တစ်ကျိုက်သောက်ပြီး သူမအတွက် ယူလာပေးသူမှာ ချင်ရှန့်ဖြစ်ကြောင်း သိလိုက်ရသည်။
ဒါ အဆင်မပြေဘူး။ ချင်ရှန့်သည် ဒဏ်ရာရရှိခဲ့သဖြင့် သူမသည် သူ့အားပြုစုစောင့်ရှောက်ပေးသူ ဖြစ်သင့်သည်။
အိပ်ရာမဝင်ခင် နွားနို့ပူပူသောက်တတ်တာကို သူ ဘယ် လိုသိလဲ။
ကျီဖေးသည် ဗီဒီယိုအားစေ့စေ့ကြည့်ရှုနေသော ချင်ရှန့်အားလှည့်ကြည့်လိုက်ပြီး ဗီဒီယိုများအကြောင်းရှင်းပြလိုက်သည်။
ချင်ရှန့်က "အင်း၊ မင်း ဒါကို Vedio ရိုက်ထားမိတာ ကံကောင်းတယ်"
ကျီဖေးသည် စားပွဲပေါ် ဒဏ်ရာရထားသောလက်မောင်းကိုတစ်ချက်ကြည့်လိုက်သည်။ ညတိုင်း အလုပ်လုပ်လေ့ရှိပြီး အဆာပြေအပန်းဖြေဖို့ အချိန်သိပ်မရတဲ့ သူတစ်ယောက်သည် ယခုမူ ဒဏ်ရာကြောင့်အလုပ်လုပ်ရခက်နေသည်။ သူမ၏ငွေရှာခြင်းအား မည်သို့အဟန့်အတားဖြစ်စေကြောင်းတွေးရင်း သက်ပြင်းချမိသည်။
"ဒါ ရှင့်အတွက် ကလဲ့စားချေမှုတာလို့ ထင်တာပဲ။ သူတို့ သာဒုက္ခမပေးရင် ဒီလိုမျိုးဖြစ်လာမှာမဟုတ်ဘူး။ ဒါတွေအားလုံး သူတို့အပြစ်ပဲ!"
ချင်ရှန့် အံ့အားသင့်သွားသည်။ ကျီဖေး၏ဒေါသအမျက်ထွက်သည့် အမူအရာလေးကိုကြည့်ရန် ခေါင်းကိုလှည့်လိုက်သည်။ သူ့နှလုံးသားတွေတဒိတ်ဒိတ်ခုန်နေပြီး သူ့မျက်လုံးတွေ တလက်လက်တောက်ပနေခဲ့သည်။ သူ ညင်သာစွာ ပြုံးပြီး
"အင်း၊ ဒါဆို ငါ့အတွက် လက်စားချေပေးလို့ ကျေးဇူး တင်ပါတယ်”