← Chapters

အခန်း (၁၁၁)

Vol. 12 Ch. 111

အခန်း (၁၁၁)

Vol. 12 Ch. 111

ဖေးမင်ရွမ်သည် သူ့ အားနည်းချက်ကိုအခြားသူများအား မြင်ခွင့်မပေးဘဲ သူ့သွေးကိုသူ ပြန်မျိုချမည့်အမျိုးအစားဖြစ်သည်။

သူ့ကိုယ်သူအခန်းထဲ လော့ချပြီး အချက်အလက်အား လုံးပိတ်ဆို့ကာ ဤရှုပ်ထွေးသောညကိုဖြတ်ကျော်ရန် စောင့်ဆိုင်းနေခဲ့သည်။

ဤအချီတွင် သူ ရှုံးနိမ့်ခဲ့သည်ကိုသိသော်လည်း ရှုံးနိမ့်သည်ကို ဝန်ခံမည်မဟုတ်ပေ။ တစ်နေ့နေ့မှာတော့ သူက ဤပြဿနာများအားပြန်လည်ဖြေရှင်းမည်ဟု စိတ်ထဲမှ ကတိပြုထားသည်။

အိပ်မရသော ညတစ်ညအပြီးတွင် မိုးလင်းသည်နှင့် မိတ် ကပ်လိမ်းကာ၊ ဖုန်းဖွင့်ပြီး ကုမ္ပဏီသို့လုပ်ငန်းလွှဲပြောင်းရန်အဆင်သင့်ဖြစ်နေသည်။

ဖုန်းဖွင့်လိုက်သည်နှင့်တပြိုင်နက် ဖုန်း call များဖြင့် ပြည့်နှက်သွားသည်။

ဖေးမင်ရွမ်သည် လှောင်ရယ်လိုက်ပြီး ၎င်းက သူ့အား သွားခွင့်မပြုချင်သေးသော စွင်းမို၏အစွဲအလမ်းကြီး သောပရိသတ်များဖြစ်မည်ဟု ယူဆလိုက်သည်။

သို့ပေမယ့် ဖုန်းကိုကြည့်လိုက်ရာ ကုမ္ပဏီမှဖြစ်နေသည်။

Weiboမှ နောက်ဆုံးထွက်ပေါ်နေသည့် အကြောင်းအရာတစ်ခုသည် သူ့ဖုန်းမျက်နှာပြင်ထက်ပေါ်လာခဲ့သည်။

#ထိတ်လန့်စရာပဲ၊ ဖရိုဖရဲဖြစ်နေတဲ့ သုံးပွင့်ဆိုင်အချစ်ဇာတ်လမ်း၊ အမှန်တရားက ဒီလိုကြီးလား!#

#စွင်းမိုရဲ့ မန်နေဂျာက အကြီးမားဆုံးနစ်နာသူဖြစ်လာ#

#ယမန်ညက တိုက်ရိုက်ထုတ်လွှင့်မှုက fan တွေကနေ မန်နေဂျာကို ဆိုက်ဘာ bully လုပ်အောင် လှုံ့ ဆော်ပြီးတော့ အာရုံပြောင်းဖို့ရည်ရွယ်ထားတာလား?#

#မျက်နှာနှစ်ဖက်နဲ့ စွင်းမို၊ ကြာကူလီဘုရင် ယန်ဟုန်၊ ဆရာကြီးအဆင့် player ရှုမုန့် #

ဇာတ်လမ်းသည် ရုတ်ချည်းပြောင်းလဲသွားသည်ကိုရင် ဆိုင်လိုက်ရသဖြင့် ဖေးမင်ရွမ် အံ့အားသင့်သွားသည်။ သူသည် hot search စာမျက်နှာပေါ်တွင် ထိပ်ဆုံးမှ ပေါက်ကွဲစေတတ်သော ထုတ်ဖော်ချက်များအား ရှာဖွေရန် Weibo ကို ချက်ချင်းဖွင့်လိုက်သည်။

လွန်ခဲ့သည့် နာရီအနည်းငယ်၊ နံနက် ၇း၃၀ လောက်က တည်းကပဲ ဂယက်ထမှုတွေစတင်နေပြီဖြစ်သည်။

မားကတ်တင်းအကောင့်နှစ်ခုမှ ပေါက်ကြားလာသော ဗီဒီယိုများသည် မနေ့ညက အရှိန်ပြင်းပြင်းဖြင့် အင်တာနက်တွင် တိုက်ရိုက်မီးတောက်စေခဲ့သည်။

အဆက်မပြတ်မြည်နေသည့် ဖုန်းအား ပြန်ဖြေရင်း ဖေးမင်ရွမ်၏မျက်စိသူငယ်အိမ်များသည် တဖြည်းဖြည်း ကျယ်လာသည်။ အခြားတစ်ဖက်မှ ဟိန်းဟောက်သည့်အသံသည် ကုမ္ပဏီ၏ဒုဥက္ကဋ္ဌဖြစ်ပြီး၊ အဆုံးမှာတော့၊ ၎င်း၏ငွေထုတ်စက်ကြီး သုံးခုလုံးအားတစ်ပြိုင်နက် တည်းတိုက်ရိုက်ထိမှန်သွားခဲ့သည်။

“ဖေးမင်ရွမ် မင်း လုပ်လိုက်တာလား ?"

ဖေးမင်ရွမ် အေးစက်စွာပြန်ဖြေသည်။

"ကျမမှာသာ အဲ့လိုအရည်အချင်းရှိရင် မနေ့ညကတည်း က ကျမ လုပ်ခဲ့ပြီးပြီ။"

"ဘာပဲဖြစ်ဖြစ်၊ စွင်းမိုရဲ့အိမ်ကိုအမြန်သွားပြီး သူ့ကိုသွားရှာလိုက်။ ငါတို့ သူ့ကိုခေါ်လို့မရဘူး။ မင်း ဒီအခြေအနေကို အခုချက်ချင်း ဘယ်လိုဖြေရှင်းမရလဲဆိုတာဆွေး နွေးရမယ်။"

ဖေးမင်ရွမ် လှောင်ရယ်လိုက်ပြီး နားရွက်ကိုကုပ်လိုက်ကာ "ကျွန်မတို့ စာချုပ်ဖျက်သိမ်းပြီးပြီ။ သူ့အကျပ်အတည်းက ကျွန်မ ကိစ္စမဟုတ်ဘူး။ “

"မင်း... သူ့ကို မင်း လက်နဲ့ပြုစုပျိုးထောင်ခဲ့တာ၊ မင်းဘယ်လိုများ အသံမာနိုင်ရတာလဲ?"

“အာ ဟုတ်တယ်၊ ဟုတ်တယ်၊ ကျွန်မက နှလုံးသားမရှိဆုံးပဲ။"

တခြားတစ်ဖက်မှသူက တုန်လှုပ်သွားပုံရသည်။

“မင်း မပါဖို့ ဆုံးဖြတ်ထားတာလား ?"

"ကျွန်မ အိမ်ကစည်ပင်သာယာမဟုတ်ဘူး၊ အမှိုက်သိမ်းတဲ့အလုပ် ကျွန်မ မလုပ်ဘူး။”

အခြားတစ်ဖက်က "ဒါဆို အနည်းဆုံးတော့ မင်းရဲ့ မနေ့ညက Weibo ပို့စ်ကိုဖျက်ပေးပါ။” ဟုသာ ပြောနိုင်တော့ သည်။

ဖေးမင်ရွမ် ရယ်လျက် "အဲ့ဒါ ကျွန်မ Weibo လေ၊ ကျွန်မ လုပ်ချင်တာလုပ်မယ်၊ ရှင့် ကိစ္စမဟုတ်ဘူး!"

ဒါက သူ့အားဘောင်ခတ်ထားစဉ်တုန်းက နစ်နာသူတစ်ယောက်၏ကူကယ်ရာမဲ့ ကိုယ့်ကိုယ်ကိုကာကွယ်မှုပင်။ သူ ဘယ်လိုလုပ် ဖျက်ပစ်နိုင်မှာလဲ?

သူအနေဖြင့် သူတို့၏ idol များလုပ်ခဲ့သည့် ရွံရှာဖွယ်အရာများ အကြောင်းအား ပရိသတ်များထံသို့အမြဲသတိပေးရမည်။

သူသည် ၎င်းအား မဖျက်ပစ်ရုံသာမကဘဲ comment function ကိုလည်း ဖွင့်ပေးမည်ဖြစ်သည်။

သူ့အနေဖြင့် ၎င်းတို့ပြုတ်ကျနေချိန်တွင် မကန်ခဲ့လျှင် သူ့အား ကူညီခဲ့သည့် သူများကို ဆွဲချမိသွားမည်ဖြစ်သည်။

ဗီဒီယိုနှစ်ခုစလုံးသည် တူညီသောလူတစ်ဦးထံမှဆင်း သက်လာဖွယ်ရှိပြီး သူ့အားကူညီရန် ၎င်းတို့ကို လွှတ်ပေးဖို့ဆန္ဒရှိခဲ့ကြသည်။ သူသည် ထိပ်တန်းအဖွဲ့ ကိုသာတွေးနိုင်ခဲ့သည်။ သူ့လက်ကိုင်အိတ်ကို ကောက်ကိုင်လိုက်ပြီး ပရော်ဖက်ရှင်နယ်မန်နေဂျာသည် တံခါးအပြင်မှထွက်ကာချင်ကျောက်စတူဒီယိုထံသို့ ဦးတည်သွားသည်။

မနက်အစောကြီးဆိုသော်လည်း အင်တာနက်မှ အပူရှိန်သည် မနေ့ညကထက်ပိုပြင်းထန်နေသည်။

"ငါ အခုဘာတွေမြင်ခဲ့တာလဲ ? ရှုမုန့်က ပထမဆုံး စွင်းမိုကိုနမ်းပြီး ချစ်ခြင်းမေတ္တာနဲ့ နာကျင်မှုဇာတ်လမ်းကို ဖော် ပြခဲ့တယ်၊ ပြီးလည်းပြီးရော ယန်ဟုန်ကိုနမ်းပြီး သူ့ကိုချစ်နေဆဲပါဆိုပြီးလုပ်ပြန်တယ်။ နင်တို့ ဒါကိုသင့်တင့်တဲ့ကွဲ ပြားမှုနဲ့ အချစ်ဇာတ်လမ်းဟောင်းတစ်ခုကိုပြန်လည်စတင်ခြင်းလို့ ခေါ်ကြတာလား ?"

"မင်းမေလင်၊ ဒီသုံးယောက်ကြားက ဆက်ဆံရေးက ငါ့ကိုတကယ်ခေါင်းရှုပ်စေတယ်"

"ဒီတော့ ရှုမုန့်က စွင်းမိုနဲ့ လမ်းခွဲလိုက်တာက တခြားမကောင်းတဲ့လူတစ်ယောက်ကြောင့် ဖြစ်ခဲ့တာလား၊ ဒါဆို မနေ့ညက…"

"သူ အဲဒီလူကိုမစော်ကားရဲဘူး မဟုတ်လား ? အားနည်းသူကိုအနိုင်ကျင့်ပြီး အားကြီးသူကိုကြောက်တဲ့ သူရဲဘော ကြောင်တဲ့သူ၊ မနေ့ ညက မန်နေဂျာမှန်တယ်လို့ ငါထင်တယ်၊ ဘယ်မန်နေဂျာက သူတို့ idol နာမည်ကြီးနေတဲ့အချိန်မှာရည်းစားထားခွင့်ပြုမှာလဲ ?"

“ဒါဆို ဒါ တကယ့်ကိုထောင်ဖမ်းတဲ့ နည်းလမ်းတစ်ခုပဲ။ ဇာတ်ညွှန်းရွေးတာကိုတောင် မန်နေဂျာအပေါ်အပြစ်ဖို့တယ်။ စာအုပ်တစ်အုပ်ကို အဖုံးကြည့်ပြီး အကဲဖြတ်လို့မရတာအမှန်ပဲ၊ အဲ့ဒီ လူ့အရေပြားအောက်မှာ လူလား ဘီလူးလားဆိုတာ မင်း မပြောနိုင်ဘူး။”

"အဲ့ဒါကြောင့် မန်နေဂျာက စင်ပေါ်မှာနမ်းနေတဲ့မြင်ကွင်း ကိုမမြင်စေချင်လို့ ငါတို့မျက်လုံးတွေကိုကယ်တင်ဖို့ ကြိုးစားခဲ့တာကိုး။ ကံမကောင်းစွာနဲ့ပဲ၊ အလုပ်မဖြစ်ခဲ့ဘူး၊ အဲ့တော့ ငါတို့က စွင်းမိုနဲ့ ရှုမုန့်တို့ရဲ့မျက်နှာပူစရာ ပြပွဲကို ကြည့်လိုက်ရတယ်။”

"ကံကောင်းထောက်မစွာနဲ့ပဲ၊ မန်နေဂျာကျဲက စာချုပ်ကို အောင်အောင်မြင်မြင်ရပ်စဲနိုင်ခဲ့တယ်၊ အနည်းဆုံးတော့ ဒီဒုက္ခတွေကနေ လွတ်မြောက်သွားတာပေါ့။ သူတို့ရဲ့ ရုပ်ရှင်ထဲမှာ သုံးယောက်လုံးပါနေတာ များလွန်းနေပြီ၊ မပါတာ ပိုကောင်းတယ်။"

"မန်နေဂျာကို ရှုံ့ချတဲ့စာစီစာကုံးလေးတစ်ပုဒ် ရေးနေတာ တစ်ဝက်လောက်တောင်ရောက်နေပြီ၊ အခု နင်တို့ ဒါကိုပြလိုက်တယ် ?”

"ငါက ပိုဆိုးတယ်၊ သူတို့သုံးယောက်က ခံစားချက်တွေကို ဘယ်လိုမျိုးပွင့်ပွင့်လင်းလင်းရင်ဆိုင်နေတာ၊ စစ်မှန်တဲ့ ချစ်ခြင်းမေတ္တာက နောက်ဆုံးမှာအနိုင်ရသွားတာလို့ သူငယ်ချင်းတွေကိုပြောပြနေတာ၊ အခု ငါ့မျက်နှာ တော် တော်ကြီးနာနေပြီ၊ ငါ့သူငယ်ချင်းတွေအကုန်လုံးက ငါ့ ကို ထူးထူးဆန်းဆန်းကြည့်နေကြတယ်၊ ငါ့ နာမည်ပျက်သွားပြီ၊"

"ဝေဖန်စရာအချက်တွေ များလွန်းလို့ ဘယ်ကစရ မှန်းမသိတော့ဘူး။ ဘာပဲဖြစ်ဖြစ်၊ ဒီစက်ဆုပ်ဖို့ကောင်းတဲ့ ကိစ္စတွေနဲ့ တစ်ယောက်တည်းတော့ သောကရောက်မနေနိုင်ဘူး။ အရင်ဆုံး ငါ့ ကျဲကျဲတွေဆီ ပို့လိုက်မယ်၊ ငါ့ ကျဲကျဲတွေကအမြဲတမ်း ငါ့ထက်ခြေတစ်လှမ်းနောက်ကျတယ်"

စွင်းမို၏တိုက်ခန်းတံခါးကို အရူးအမူးတံခါးခေါက်နေကြသည်။

စွင်းမို၏လက်ထောက် ၊ ရှုမုန့်၏လက်ထောက်နှင့် ယန်ဟုန်၏မန်နေဂျာတို့ဟညါ တံခါးဝမှာ အားလုံးပြည့်ကျပ်နေသည်။

သုံးယောက်စလုံး ဖုန်းကိုင်ထားပြီး ချွေးများတသီတကြီး စီးကျနေကြသော်လည်း အချိန်ကြာသည်အထိ တံခါးကို မည်သူမှလာမဖွင့်ပေ။

အိမ်၏ပထမထပ်အခန်းတွင် အိပ်နေသော ရှုမုန့် သည် နောက်ဆုံးအသံကြောင့် နိုးလာသည်။ ကိုက်ခဲနေသော ဦးခေါင်းနှင့် ခန္ဓာကိုယ်အားထောက်ကာ အိပ်ရာမှနိုးလာခဲ့သည်။

တစ်ခုခုကို သတိရ၍လန့်ဖျပ်သွားပြီး အမြန်ထကာလှည့်ကြည့်လိုက်သောအခါ အိပ်ရာလွတ်နေသည်ကို တွေ့ ရှိခဲ့သည်။ သူ ချက်ချင်းစိတ်သက်သာရာရခဲ့သည်။

အပြင်ဘက်တွင် အလွန်ဆူညံနေသည်။ ရှုမုန့်သည် သူ့ကိုယ်သူ အလျင်အမြန်ပြင်ဆင်ပြီး အပေါ်ထပ်မှ စွင်းမို နိုးမလာစေရန်ကြိုးစားကာ တံခါးကိုသွားဖွင့်လိုက်သည်။

လူကြည့်ပေါက်မှ လှမ်းကြည့်လိုက်သောအခါ မည်သူလာသည်ကိုမြင်လိုက်ရပြီး မျက်မှောင်ကြုတ်ကာ တံခါးကိုဖွင့်လိုက်သည်။

"မနက်အစောကြီး ဘာလို့ ဒီလောက်ထိ ဆူညံနေတာလဲ? တိတ်တိတ်လေးနေပေးပါ။"

“မုန့်မုန့် အရေးကြီးကိစ္စတစ်ခုခုဖြစ်သွားပြီ!"

"ယန်ဟုန် ဘယ်မှာလဲ ?!"

"မိုကော ဘယ်မှာလဲ၊"

သုံးယောက်သား တပြိုင်နက်ပြောလာကြသောကြောင့် ရှုမုန့် ရှုပ်ထွေးသွားသည်။

"ယန်ဟုန်... သူ ပြန်သွားတာကြာပြီ မဟုတ်ဘူးလား ? စွင်းမိုကတော့ အပေါ်ထပ်မှာရှိနေတုန်းပဲ။ နင်တို့ ဘာဖြစ်နေကြတာလဲ ?"

"ယန်ဟုန် မပြန်ရသေးဘူးဆိုတာ မင်း မမြင်ဘူးလား ? သူ့ဖိနပ်တွေ ကြမ်းပြင်ပေါ်မှာရှိနေတုန်းပဲ၊”

မန်နေဂျာ ဒေါသတကြီးပြောလာသည်။

ရှုမုန့် အံ့အားသင့်သွားကာ နားမလည်နိုင်ဖြစ်မိသည်။

"မုန့်မုန့်၊ အရေးကြီးတာတစ်ခုခုဖြစ်နေပြီ၊ မြန်မြန် ဖုန်းကိုကြည့်လိုက်"

ရှုမုန့်၏ လက်ထောက်သည် ရှုမုန့်အားပြသရန် သူ့ဖုန်းကို အမြန်ထုတ်လိုက်သည်။

ပထမဆုံးရင်းနှီးပြီးသား ဗီဒီယိုနှစ်ခု၊ ထို့နောက် hot search ခေါင်းစဉ်...

"ဒီဗီဒီယိုကိုမကြည့်ရသေးခင်က အလုပ်ကြိုးစားပြီး ဒရာမာကင်းစင်တဲ့မေ့မေ့ကို တကယ်ကြီး ဒီလိုမျိုးဖြစ်နေလိမ့်မယ်လို့ ငါတကယ် ထင်မိမှာမဟုတ်ဘူး..."

"မင်း"

"နင့် idol ကအရှက်မရှိဘူး၊ သစ္စာဖောက်တာနဲ့တင်မလုံလာက်သေးဘူး၊ သူက ယန်ဟုန်ကိုပါ စိတ်ပိုင်းဆိုင်ရာ ခြယ်လှယ်နေတာ၊”

"အပေါ်ထပ်က ယန်ဟုန် ပရိတ်သတ်တွေရေ၊ အရမ်းစိတ်မပူပါနဲ့။ နင်တို့ idol က သူ့ကိုယ်သူအရန်လူအဖြစ် စေတ နာထားပြီး အဆင့်နှိမ့်ထားတာ မဟုတ်ဘူးလား ? သူက အဲ့တာမျိုးကိုကြိုက်နေတာဖြစ်နိုင်တယ်။ တကယ်တော့ အတူတူနဲ့အနူနူပါပဲ၊ ဟားဟား။"

"ဘာပဲဖြစ်ဖြစ် ငါ အန်ချင်နေပြီ။ ဒီသုံးယောက်စလုံးဖျော် ဖြေရေး နယ်ပယ်ကနေထွက်သွားသင့်တယ်။ ဒီလိုလိမ် ညာပြီး အကျင့်ပျက်ချစားနေတဲ့ ကိုယ်ကျင့်တရားနဲ့ လူတွေက လုပ်ငန်းတစ်ခုလုံးကိုဆွဲချသွားလိမ့်မယ်"

"ဒါပေမယ့် မျှမျှတတပြောရရင် လွန်ခဲ့တဲ့ငါးနှစ်ကလမ်း ခွဲမှုက တကယ်တွန်းအားပေးခံခဲ့ရတာဘဲ။ အစောပိုင်းက အချစ်ငှက်စုံတွဲကို ငါ အခုချိန်ထိ ကိုယ်ချင်းစာမိတုန်းပဲ။ သူတို့သာ မကွဲခဲ့ရင် ဒီနေ့ဒီအချိန်မှာ ဒီလိုမျိုးအဆုံးသတ်ရမှာတဲ့လား?"

"နင် အရမ်းနုံလွန်းတယ်။ သူ့ရဲ့ နောက်ဆက်တွဲအပြုအမူကိုကြည့်ရင် သူက ကျွမ်းကျင်တဲ့ကစားသမားတစ်ယောက်ဆိုတာ သိသာတယ်။ တခြားသူတွေအတွက် ဘယ်လိုလုပ် အနစ်နာခံနိုင်မှာလဲ? စွင်းမိုလို ငတုံးကောင်ကပဲ ဒါကိုယုံမှာပေါ့။"

ရှုမုန့်၏မျက်နှာသည် ပထမဆုံး ဗီဒီယိုကိုမြင်ပြီးသည်နှင့် ဖြူဖျော့သွားခဲ့သည်။ နှုတ်ခမ်းသားများ တုန်ယင်နေကာ ဖုန်းကိုလုယူပြီး စေ့စေ့ကြည့်နေသည်။

"ဒါ ဘယ်လိုဖြစ်ရတာလဲ၊ ဒါက ဘယ်လိုဖြစ်ရတာလဲ ?"

သူ့အား ပစ်မှတ်ထားနေသည့် ထို comment များသည် သူ့အတွေးများအားလုံးကို ထုတ်ဖော်ပြီး အရှက်ခွဲနေ သည်ဟုခံစားရသည်။

သူဂရုတစိုက်ပြုစုပျိုးထောင်ခဲ့ရသည့် လူထုအမြင်သည် ပြိုပျက်သွားပုံရသည်။

နောက်ထပ်ပြဿနာတစ်ခုမှာ - ထိုဗီဒီယိုထဲတွင် သူသည် ထိုစဉ်က ဒုတိယသခင်လေးလင်းကိုစွပ်စွဲခဲ့မိသည်။

၎င်းအား ဒုတိယသခင်လေးလင်းသာမြင်လျှင်...

ထိုမှတ်ချက်များကြောင့် ရှုမုန့်၏မျက်နှာမှအရောင်များ ကျဆင်းသွားကာ နောက်ဆုံးတွင် သူ့ တစ်ကိုယ်လုံးတုန် လှုပ်လာသည်။ ပြီးသွားပြီ၊ တကယ်ပြီးသွားပြီ။

သူ ထိတ်လန့်တကြားဖြင့် အပေါ်ထပ်သို့အလျင်အမြန် ပြေးတက်ကာ master bedroom ထဲသို့ဝင်သွားခဲ့သည်။ ကျန်သုံးယောက်သည်လည်း နောက်မှအမြန်လိုက်သွားကြသည်။

ရှုမုန့် တံခါးအား ရုတ်တရက်တွန်းဖွင့်ပြီး "စွင်းမို၊ ဆိုးရွားတာ တစ်ခုခုဖြစ်သွားပြီ အား အား အား အား အား အား အား"

[အား အား အား အား အားးး၊ သူတို့သုံးယောက် သတင်းတွေကိုမြင်ပြီးရင် ဘယ်လိုတုံ့ပြန်ကြမလဲ ဆိုတာ ငါသိကြည့်ချင်တယ်။ ငါ ဘာလို့ ဒီလိုစိတ်ညစ်စရာတွေကိုကြည့်နေရတာလဲ!!!]

ဤကဲ့သို့ ရှားရှားပါးပါးမိသားစုနှင့် မနက်စာစားချိန်တွင် လူတိုင်းက ကျေနပ်စရာကောင်းသည့် အတင်းအဖျင်းများအား စိတ်အားထက်သန်စွာဆွေးနွေးနေကြပေမယ့် ရုတ်တရတ် ကျီဖေး စိတ်ထဲမှအော်ဟစ်သံကြောင့် သူတို့၏အသုံးအဆောင်များ ပြုတ်ကျလုနီးပါး အထိတ်တ လန့်ဖြစ်ခဲ့ရသည်။

All Chapters