အခန်း (၁၁၂)
Vol. 12 Ch. 112
ချင်မိသားစုဝင်များသည် ကျီဖေးအား မကြည့်ဘဲမနေနိုင်ကြချေ။ သူ ထိတ်လန့်တုန်လှုပ်နေပုံရသည်။
ဘာတွေဖြစ်နေတာလဲ ? အရည်ရွမ်းတဲ့အတင်းအဖျင်းတွေကိုနှစ်သက်တဲ့ ကျီဖေးလို လူကိုတောင်အံ့အားသင့်သွားစေနိုင်တဲ့ စိတ်ညစ်စရာကိစ္စက ဘာလဲ ?
လူတိုင်း စူးစမ်းလိုစိတ်များပြင်းပြနေသည်။
နောက်ဆုံးတွင် တစ်ယောက်ယောက်ကမနေနိုင်တော့ဘဲ မေးလိုက်သည်။
"ဒီသုံးယောက် အခုဘယ်လိုဖြစ်နေမလဲလို့ ငါတွေးမိတယ် ?”
ထိုမေးခွန်းကြောင့် ကျီဖေးသည် ထိပ်လန့်မှုမှနိုးထလာခဲ့သည်။
[ဒီကမ္ဘာကြီးက တကယ်အံ့သြစရာပဲ။ ဆေးရုံကအကြီး ကြီးဆိုတော့ နင့်အနေနဲ့ ထူးဆန်းတဲ့လူနာမျိုးစုံကိုတွေ့ လာရနိုင်တယ်]]
ချင်မိသားစုသည် ချက်ချင်းအသက်အောင့်ထားမိသည်။ ကမ္ဘာကြီးပေါ်မှာ ဘာတွေဖြစ်နေလို့လဲ ? ပြောလိုက်ပါတော့လား၊ ငါတို့ကို ဒီလိုမျိုးတန်းလန်းကြီး မထားခဲ့နဲ့လေ။
[ဒီအတင်းအဖျင်းက လုံးဝကိုပေါက်ကွဲမှုပဲ။ ငါ အဲ့ဒါကို ပြောပြချင်လိုက်တာ]
ချင်မိသားစု - မင်း အဲ့တာကို စိတ်ထဲကနေပြောလိုက်လို့ရပါတယ်၊ မင်း ငါတို့ကို ပြောပြလို့ရတယ်!!!
[ငါသာမပြောရင် မနေ့ညက ဘာတွေဖြစ်ခဲ့မှန်း ဘယ်သူကသိနိုင်မှာလဲ ? သူတို့ မနေ့ညကအောင်ပွဲခံဖို့ သောက်ကြပြီး စွင်းမိုက ရှုမုန့်ကို သူ့အခန်းထဲခေါ်သွားပြီးတော့ အရင်လိုပြန်ဖြစ်သွားကြတယ်လေ။]
ချင်မိသားစု - ဒါ တွေးကြည့်ဖို့မခက်ပါဘူး၊ သူတို့က ပြန်ပေါင်းထုတ်ပြီးသားပဲ။
[သူတို့ လုပ်ပြီးသွားတော့ ရှုမုန့်က message တစ်စောင်ရခဲ့တယ်၊ အံ့ဩဖို့ကောင်းတာက ယန်ဟုန်ထွက်မသွားရသေးဘူး။ သူ ချက်ချင်းထွက်ကြည့်လိုက်တော့ ယန်ဟုန်ကတံခါးနားမှာ ရှုပ်ထွေးနေတဲ့အမူအရာနဲ့ ရပ်နေပြီး တစ်ခုခုပြောဖို့ကြိုးစားနေတယ်။ ဒါပေမယ့် နောက်တော့ ယန်ဟုန်က သူ့ကိုအောက်ထပ်ခေါ်သွားပြီး နှစ်ယောက် စလုံး စွင်းမိုရဲ့အောက်ထပ်က ဧည့်ခန်းထဲမှာထပ်လုပ်ကြတယ်...]
ချင်မိသားစု- ...ငါတို့ရဲ့ စိတ်တွေလည်း ညစ်ညမ်းသွားပြီ၊ ဒီသုံးယောက်က တကယ့်ကို…
[ရှုမုန့် ပင်ပန်းပြီးအိပ်ပျော်သွားတော့ ယန်ဟုန်ကစိတ်မသက်သာသေးဘူး။ သူ နားလည်မှုလွဲသွားတာက - သူက စွင်းမိုကို သူ့ရဲ့အိုင်ဒေါ်လ်အဖြစ်ပဲ မြင်တာမဟုတ်ဘူး၊ တကယ်တော့ စွင်းမိုကိုပိုင်ဆိုင်ချင်နေတာ။ ဒီတော့... ငါအစက သူ့သတင်းကို တိတိကျကျအတည်မပြုနိုင်တာ ကြောင့်လား ? ဘာလို့ဆို သူကိုယ်တိုင်က သူ့စိတ်သူ မသိသေးလို့များလား ?]
ချင်မိသားစု - ဒါနဲ့ ပတ်သတ်ပြီး ငါတို့ ဘာလို့မကောင်းတဲ့ ခံစားချက်တွေရနေတာလဲ? ငါတို့ ဘာလို့ နားကိုပိတ်ထားချင်နေရတာလဲ ?
[နောက်တော့ သူ စွင်းမိုရဲ့အခန်းတံခါးကိုဖွင့်လိုက်တယ်.. အီးယားး ~ ယန်ဟုန်၊ အိုး ယန်ဟုန်၊ နင့် ထက်အရှက်မဲ့တဲ့သူ ဘယ်သူ ရှိနိုင်ဦးမလဲ ?]
ချင်မိသားစု - !!!
သူတို့ အခုဘာကြားလိုက်ရတာလဲ ? အဲ့တာ သူတို့တွေးနေတဲ့အတိုင်းပဲလား ?
ပထမဆုံးအကြိမ်အနေဖြင့် သူတို့ တကယ့်ကိုကျီဖေး၏ စိတ်ထဲမှအတွေးများအား မကြားချင်ကြတော့ပေ။
အထူးသဖြင့် အဲ့ဒီမှာရှိနေသည့် အမျိုးသားများဖြစ် သည်။ သူတို့၏မျက်နှာများ ဖြူရော်သွားကြသည်။
သူတို့၏လုပ်ဖော်ကိုင်ဖက်ဖြစ်သူ ချင်ကျောက်က ပိုပြီးအံ့အားသင့်သွားသည်။ ယန်ဟုန်ထံ ထိုကဲ့သို့အတွေးများ ရှိနိုင်သည်ဟု သူခန့်မှန်းထားခဲ့သော်လည်း ယန်ဟုန်မှ တကယ်လုပ်လိမ့်မည်ဟု မထင်ထားခဲ့ချေ၊
စွင်းမို ဘာလို့မခုခံနိုင်တာလဲ ? စွင်းမိုက ရှုမုန့်ကိုချစ်တာမဟုတ်ဘူးလား ? သူက gay မနေပါဘူး။
[စွင်းမို အိပ်ပျော်နေပေမယ့်၊ မူးဝေနေပြီး အသက်ရှုကြပ်နေလို့ အရေးကြီးတဲ့အချိန်မှာနိုးလာတာပဲ။ သူ ချက်ချင်း ဒေါသထွက်သွားပြီး စတိုက်ခိုက်တယ်၊ ယန်ဟုန်ကလည်း ဆုံးရှုံးစရာ ဘာမှမကျန်တော့တဲ့အတွက် စွင်းမိုကိုအတင်းရယူဖို့ ကြိုးစားတယ်...]
ချင်မိသားစု မကြားချင်ပေမယ့် စူးစမ်းချင်စိတ်ကထိန်းမရပေ။ ဘာဖြစ်သွားလဲ ? ရလဒ်က ဘာတဲ့လဲ ?
[တစ်ယောက်ကလည်း တစ်ခါပဲ အခွင့်အရေးရမယ်ဆိုတာသိတယ်၊ နောက်တစ်ယောက်ကလည်း သူ့ သန့်ရှင်းမှုကိုအသက်နဲ့လဲပြီး ကာကွယ်ဖို့ စိတ်ပိုင်းဖြတ်ထားတယ်။ နှစ်ယောက်လုံးက အသားကုန်အားသုံးလိုက်မိလို့ တစ်ယောက်ကိုတစ်ယောက် သတိလစ်အောင်လုပ်လိုက်မိတယ်။ ဒါပေမယ့် အဲဒီအချိန်မှာ နှစ်ယောက်လုံးအဝတ်မပါတဲ့အပြင်ကို၊ ယန်ဟုန်က စွင်းမိုကိုယ်ပေါ်မှာ အမှတ်အ သားတွေလည်း ချန်ခဲ့သေးတယ်၊ အဲ့ဒါကြောင့် ရှုမုန့်နဲ့ ကျန်သုံးယောက် တံခါးဆွဲဖွင့်လိုက်တဲ့အချိန်မှာ...]
ချင်မိသားစု - ဘာာာ ?၊ ရှုမုန့်... နဲ့ သုံးယောက်က တံခါးဖွင့်လိုက်တာလား ?!!!
ချင်မိသားစု၏ထမင်းစားပွဲဝိုင်းတွင် တိတ်ဆိတ်မှုများ ပျံ့နှံ့သွားသည်။
ဘာပဲဖြစ်ဖြစ်၊ စွင်းမို၏အိပ်ခန်းထဲ အော်ဟစ်သံများ တစ်ခုပြီးတစ်ခုပေါ်လာသည်။
ရှုမုန့်က အားနည်းစွာတံခါးအားမှီထားပြီး အိပ်ရာပေါ်ရှိ လူနှစ်ယောက်အား မယုံကြည်နိုင်စွာကြည့်နေသည်။ ထို့နောက် သူ့ခေါင်းအားလှည့်ကာ စအန်တော့သည်။
ကျန်သုံးယောက်သည် တစ်ယောက်ထက်တစ်ယောက် ပိုကျယ်လောင်စွာအော်နေကြသည်။ သို့ပေမယ့် သူတို့ လူနှစ်ယောက်အား နိုးလာအောင်မလုပ်နိုင်ကြချေ။ ၎င်းတို့ ၏နှုတ်ခမ်းထောင့်မှသွေးများနှင့် ဝက်ခေါင်းလိုဖူး ရောင်နေသည့် မျက်နှာများအားမြင်လိုက်တော့မှ တစ်ခုခုမှားနေသည်ကိုသိသွားကြသည်။
တခဏအတွင်းမှာပင် အရာအားလုံးရှုပ်ထွေးသွားပြီး လူနှစ်ယောက်လုံးဆေးရုံတင်လိုက်ရသည်။
[အကြမ်းဖက်မှုနဲ့ နောက်ဆုံးဆေးရုံတင်လိုက်ရမယ်လို့ ငါ မမျှော်လင့်မထားဘူး။ စွင်းမို နိုးလာရင် ခံနိုင်ရည်ရှိပါ့မလား ? အဲ့အပြင်ကို ဒုတိယသခင်လေးလင်းကလှုံ့ဆော် ခံလိုက်ရပြီး အချက်အလက်တွေစထုတ်ပေးနေပြီ။ အရင်တုန်းက သူ့ကို ဘယ်လိုချောက်တွန်းခဲ့တယ်ဆိုတဲ့ အမှန်တရားကို သူ သိရတော့မယ်။ ကျစ် ကျစ် ကျစ်.. ဖေးကျဲရဲ့ကာကွယ်မှုမရှိရင် တကယ့်ကို.. မနေ့ညက သူ့ စကားတွေကို တွေးရင်၊ ဟင်း~~~~]
ချင်မိသားစုသည်လည်း အံ့အားသင့်သွားကာ ပင့်သက်ရှိုက်လိုက်ပြီး စွင်းမို ခံနိုင်ရည်ရှိမည်မဟုတ်ဟု ခန့်မှန်းလိုက်ကြသည်။
အတင်းအဖျင်းများ အထွတ်အထိပ်သို့ရောက်နေပြီး၊ သူတို့လည်း မနက်စာဆက်စားဖို့ မရွေးချယ်တော့ပေ။
"ဒုတ်ယသား ဒီနေ့အလုပ်မသွားနဲ့ဦး။ ဒဏ်ရာနည်းနည်းသက်သာမှသွား" ပါးပါးချင်မှ အကြောင်းအရာပြောင်းပြီးပြောလိုက်သည်။
ချင်ရှန့်က ခေါင်းညိတ်ကာ "အင်း"
"ခဏနေ ဆေးရုံပြန်သွားပြီး ဒဏ်ရာကိုစစ်ဆေးပြီး ပတ် တီးလဲမလား ?" မားမားချင် မေးလိုက်သည်။
ချင်ရှန့် ထပ်ပြီးခေါင်းညိတ်သည်။
“ဒါဆို ငါပါ … ချင်ရန်က စကားစပြောမည့်ဟန်ပြင်ပြီး မားမားချင်၏အကြည့်များကြောင့် ရပ်လိုက်သည်။ သူ ချက်ချင်း သဘောပေါက်သွားပြီး ကျီဖေးဘက်သို့ လှည့်ပြုံးကာ "ငါပြောချင်တာက ကျီဖေး ဒီနေ့အရမ်းစောစောထတယ်၊ ကြည့်ရတာ အာ့တိရဲ့ဒဏ်ရာကိုဂရုစိုက်ဖို့ထင်တယ်။”
ကျီဖေး ခေါင်းညိတ်လိုက်သည်။
[အဆုံးမှာတော့ ငါ့ကြောင့်ဒဏ်ရာရခဲ့တာပဲလေ။ ချင်ရှန့် အဆင်မပြေတဲ့အချိန်မှာ ငါ ကူညီနိုင်တာကူညီသင့်တယ်]
ချင်ရှန့်၏နှုတ်ခမ်းထောင့်က မမြင်ရတဲ့လှုပ်ရှားမှုတစ်ခု ဖြစ်သွားသည်။
[အနည်းဆုံးတော့ သူ ငါ့ကို ပိုက်ဆံရှာပေးတဲ့သူကြီးလေ၊ ဒီလောက်တော့ ကျေးဇူးသိတတ်ရမှာပေါ့။]
ချင်ရှန့်၏အပြုံးမှာ အေးခဲသွားရသည်။
ချင်မိသားစုမှာရယ်ချင်သော်လည်း မရယ်ရဲကြချေ။
ဆေးရုံသို့ရောက်ပြီး ဒဏ်ရာကုသပြီးပြန်ဖို့အဆင်သင့်ဖြစ်နေချိန်မှာပင် ရုတ်တရက်သတင်းထောက်အုပ်စုတစ်စုဆေးရုံထဲဝင်လာသည်ကို တွေ့လိုက်ရသည်။
ကျီဖေး၏ပထမဆုံးတုံ့ပြန်မှုမှာ သူ့ကိုယ်သူမဖုံးကွယ်နိုင်သေးဘူးဟုထင်သွားခဲ့သည်။
သို့ပေမယ့် သူက ထိုကဲ့သို့ ဖျော်ဖြေရေးအေဂျင်စီများမှ သတင်းထောက်အများအပြား ကိုယ်တိုင်လာရလောက်သည်အထိ နာမည်မကြီးသေးသည်ကိုတွေးလိုက်မိ သည်။
"ဆေးရုံကိုသတင်းထောက်တွေအများကြီးလာပြီး ရှာနေတာက တစ်ယောက်ယောက်ဆေးရုံတက်နေရလို့လား?"
ရုတ်တရက် ချင်ရှန့် စကားစပြောလိုက်ပြီး ကျီဖေးအား ကြည့်လိုက်သည်။ သူ ကောင်းကောင်းအရိပ်အမြွက်ပေး လိုက်သည်ဟု ခံစားလိုက်ရသည်။
ကျီဖေး တစ်ခဏတာ အံ့အားသင့်သွားကာ၊ ထို့နောက် သူ့စိတ်ထဲမှစတွေးမိသည်။
[အမယ်လေး၊ တကယ်ကိုဆေးရုံတူနေတာပဲ၊ ငါ အရင်က သတိမထားခဲ့မိဘူး၊ ဒီသတင်းထောက်တွေက ဗီဒီယိုထဲက ဒုတိယသခင်လေးလင်းအကြောင်း မေးဖို့လာကြတာလား ?]
[အိုး၊ မဟုတ်ဘူး မဟုတ်ဘူး မဟုတ်ဘူး၊ ဗီဒီယိုအ ကြောင်း မဟုတ်တော့ဘူး။]
ချင်ရှန့် ထိတ်လန့်သွားသည်။ သူတို့ ကျီဖေး၏စိတ်ထဲမှ အတွေးများကနေရလိုက်သည့် အတင်းအဖျင်းများက တကယ့်ကို လျှို့ဝှက်ချက်တွေဖြစ်သည်၊ ဒါ ဖြစ်နိုင်မယ်မထင်ဘူး...
[ဟားဟားဟား... ငါ မရယ်ချင်ဘူး၊ ငါ တကယ်မရယ်ချင်ဘူး၊ ဒါပေမယ့် ဒါ တကယ့်ပဲ.. ကံကြမ္မာများလား ?]
သူ့ဘေးမှကျီဖေး၏မရယ်မိအောင် ကြိုးစားရင်းတုန်ရင်နေသည်ကိုမြင်သောအခါ ချင်ရှန့် အထူးဆန်းဆုံးအခြေ အနေများအားစတွေးနေပြီဖြစ်သည်။
“ငါတို့... သွားကြည့်မလား ?”
ချင်ရှန့် အကြံပြုလိုက်သည်။
ကျီဖေး စကားမပြောနိုင်တော့ပဲ ခေါင်းကိုအလျင်အမြန် ညိတ်လိုက်သည်။
တခြားတစ်ဖက်တွင်၊ နာရီဝက်အလိုက နိုးလာသည့် စွင်းမိုက ယန်ဟုန်၏အခန်းအားမေးမြန်းခဲ့သည်။ သူက အတူရှိနေသည့် သူနာပြု၏ထူးထူးဆန်းဆန်းအကြည့်အား သတိမထားမိချေ။ ဒဏ်ရာပြင်းထန်စွာရထားသည့် ခန္တာကိုယ်နှင့် မသက်မသာဆက်သွားနေခဲ့သည်။ မနေ့ညက ဖြစ်ပျက်ခဲ့သမျှကိုတွေးရင်း သူ့ရင်ထဲမှ အော့အန်ချင်စိတ်များဖြစ်ပြီး သွေးများဆူပွက်နေသည်။ သူ့လို လူတစ်ယောက်က ငယ်ရွယ်တဲ့ကောင်လေးတစ်ယောက်ထံမှ ထိုမျှလောက်အထိလှည့်စားခံရမည်ဟု တစ်ခါမှမတွေးခဲ့မိပေ၊ သူ့ သန့်ရှင်းမှုများ ဆုံးရှုံးလုနီးပါးဖြစ်ခဲ့သည်။
သို့သော် တံခါးနားသို့ရောက်သောအခါ အတွင်းမှဆူညံသံများကြားလိုက်ရသည်။
"ယန်ဟုန်၊ နင် ငါ့ကိုလိမ်တယ်။ ဒီတော့ တစ်ချိန်လုံး ဒါက နင်ရဲ့ရည်ရွယ်ချက်ဖြစ်နေခဲ့တာလား၊ နင် ရွံဖို့ကောင်းတယ်" ရှုမုန့် ငိုယိုအော်ဟစ်နေသည်။
စွင်းမို စိတ်မကောင်းဖြစ်သွားသော်လည်း ယန်ဟုန်၏ အသံအားကြားလိုက်ရသည်။
"ဟက်၊ မင်းကမှ မနေ့ညက မင်းရဲ့ချစ်သူအသစ်လေးနဲ့ တိတ်တိတ်ပုန်းအိပ်ခဲ့တာမဟုတ်ဘူးလား ? နောက်တစ်ခါလည်းလျှို့ဝှက်ပြီးအိပ်ကြမယ်လို့ ကတိပေးခဲ့တာမဟုတ်ဘူးလား ? ငါတို့နှစ်ယောက်လုံး စက်ဆုပ်ဖို့ကောင်းတာ"
စွင်းမို၏မျက်နှာသည် ရုပ်ချည်းပြောင်းလဲသွားသည်။ တံခါးအား တွန်းဖွင့်ပြီးအတင်းဝင်လာကာ “မင်းတို့.. ဘာပြောနေတာလဲ!"
ရှုမုန့် တုန်လှုပ်သွားပြီး ငိုနေရမည်ပင်မေ့သွားသည်။ ယန်ဟုန်၏မျက်နှာကအကြိမ်ကြိမ် ပြောင်းလဲသွားသည်။
နောက်ဆုံးမှာ နှစ်ယောက်လုံးတစ်ပြိုင်နက်တည်း ပြောလိုက်သည် - “ငါ မူးနေတာ၊ သူကသာ ငါ့ကိုဖြားယောင်းခဲ့တာ”
စွင်းမို၏မျက်နှာသည် စိမ်းပုပ်နေရာမှဖြူရော်သွားသည်၊ သူ့ဦးနှောက်ထဲ ဆူညံနေပြီး မျက်လုံးများမှာလည်းဒေါသမီးများတောက်လောင်နေသည်။ ဘယ်သူ့ကို ကြည့်ရမှန်းပင် သူ မသိတော့ပေ။
စွင်းမို ထပ်မံပုတ်ခတ်လာမည်ကို စိုးရိမ်သည့်အတွက် ယန်ဟုန်မန်နေဂျာမှ သူ့အားကာကွယ်ပေးပြီးမြန်မြန်ပြောလိုက်သည်။
"မင်းလက်ထောက် ဘယ်မှာလဲ? သူတို့ မင်းကိုမပြောပြဘူးလား ? အင်တာနက်ပေါ်မှာပြဿနာ အကြီးကြီးတက် နေပြီ။ မင်းတို့က ဒီမှာအချစ်ရေးကိစ္စ တွေဆွေးနွေးနေတုန်းပဲလား ? မင်းတို့ ဘာအတွင်းရေးပြဿနာပဲရှိရှိနောက်မှဖြေရှင်းကြ။ အရင်ဆုံး ငါတို့ ဒါကိုဖြေရှင်းရမယ်။ ဒါကို ကောင်းကောင်းမကိုင်တွယ်နိုင်ရင် မင်းတို့အားလုံးဖျော်ဖြေရေးလောကကို နှုတ်ဆက်ရတော့မယ်"
ထိုခြိမ်းခြောက်စကားများက စွင်းမို၏ရှုပ်ထွေးနေသည့် စိတ်အား ခဏတာရှင်းလင်းသွားစေသည်။
"ဘာ ?"
"မင်းဖုန်းကိုကြည့်!"
စွင်းမို နောက်ဆုံးတော့ သူ့ဖုန်းအားကောက်ကိုင်လိုက်သည်။
ပြဿနာတွင် ပါဝင်နေကြသောသူများကြောင့် နောက် ဆုံးထွက် video အား မည်သည့်ဖြေရှင်းချက်မှမပေးနိုင်ကြပေ။ သူတို့ စတူဒီယိုက ရှေ့နေစာများပို့၍အပြင်းအ ထန်ဝေဖန်နေသည့် အင်တာနက်သုံးစွဲသူများအား သတိ ပေးခဲ့သည်။ ထို့နောက် နောက်မှအင်တာနက်သုံးစွဲသူများကို စိတ်ကျေနပ်အောင်ရှင်းပြမည်ဟုပြောကာ အချိန်ဆွဲခဲ့သည်။
အင်တာနက်သုံးစွဲသူများသည် အရှေ့မှ အတင်းအဖျင်းများကိုသာဆက်လက်ဆန်းစစ်နေရပြီး တူးဖော်နေရသည်။
၎င်းတို့အားမြင်ချိန် စွင်းမို မတ်တတ်မရပ်နိုင်တော့ပဲ နံရံသို့ မှီ၍လဲကျသွားသည်။
သူ့မျက်နှာမှာ နဂိုကတည်းက ဖြူဖျော့နေပြီးဖြစ်ရာ ယခုတွင် အသေကောင်ကဲ့သို့ဖြစ်နေသည်။
အင်တာနက်ပေါ်တွင် သူ့အား လှောင်ပြောင်နေကြသည့် စာများဖြင့်ပြည့်နှက်နေသည်။
"ငါ စွင်းမိုကြောင့် အူတက်သေတော့မယ်။ သူက အဲ့ဒီ မာနကြီးပြီး ကိုယ့် ကိုယ်ကိုအထင်ကြီးနေတဲ့ narcissistic men တွေလိုပဲ မိန်းကလေးတစ်ယောက်က သူတို့ကို ကောင်းကောင်းဆက်ဆံလာရင် သူ့ကို ကြိုက်နေတာလို့ပဲ အမြဲတမ်းတွေးနေကြတယ်လေ။ တစ်ဖက်က ငြင်းရင် တောင်မှ သူက ခေါင်းမာမာနဲ့ယုံကြည်နေတုန်းပဲ။ ငါ စွင်းမိုနဲ့တွေ့ ပြီး မေးကြည့်ချင်တယ်၊ နင် ဘယ်လိုအဖြေမျိုး ကြားရမှ သူနင့်ကိုမကြိုက်တော့ဘူးဆိုတာကို ယုံမှာလဲ?"
“ဟားဟား၊ နင် ဘာပြောပြော သူက နင်သူ့ကိုကြိုက်နေလို့ အရှေ့ကိုတွန်းပို့နေတာလို့ တွေးနေဦးမှာပဲ။ နင် သူ့ကို တစ်ချက်လောက်ကြည့်လိုက်မိရုံနဲ့တင် သူ အတိအကျကို နင်သူ့ကို ကြိုက်နေတာပါဆိုပြီး စိတ်မနှံ့တဲ့လူလိုတွေးနေဦးမှာ။“
“စွင်းမို၊ နင်က အရှက်မရှိတဲ့လူ၊ နင့်ကို ဒီလိုလူမျိုးလို့ ငါမထင်ခဲ့ဘူး၊ နင် က ငါတို့ကို တကယ်စိတ်ပျက်စေတယ်၊
"ငါကတော့ အချိန်မရွေး နင့်ကို ထောက်ခံပေးခဲ့တာ၊ နင်က ဒီလိုမျိုး ငါ တို့ရဲ့ ယုံကြည်မှုကို ချိုးဖောက်လိုက်တယ်ပေါ့?”
"ငါကန်းနေခဲ့တာပဲ။ ဖေးကျဲ နင့်အတွက် ဘယ်လောက်တောင် ကြိုးစားပေးခဲ့လဲဆိုတာ နင်သိတယ်၊ ဒါကိုတောင် နင်က ဒီလိုမျိုး ကျေးဇူးဆပ်လိုက်တာလား? နင်နဲ့ ရှုမုန့်က တကယ့်ကို လိုက်ဖက်ပါပေတယ်... ငရဲမှာ လက်ထပ်သင့်တဲ့ စုံတွဲပဲ၊”
“စွင်းမို၊ နင်က တုံးနေတော့သိမှာမဟုတ်ဘူး။ ရှုမုန့်က နင့်ကို ငါးကန်ထဲက ငါးတစ်ကောင်လိုမျိုး အသုံးချနေတာ၊ နင်လည်း ဒါနဲ့ပဲထိုက်တန်တယ်၊"
“အို စွင်းမို၊ စွင်းမို၊ နင်က တစ်လက်မပေးရင် တစ်မိုင်ယူတယ်။ ကိုယ့် ကိုယ်ကို ငတုံးမှန်းသိဖို့တောင် တုံးအလွန်းနေတယ်။“
စွင်းမို၏လက်များက ဖုန်းအား ကိုင်ရင်းတုန်လာခဲ့သည်။
“မကြည့်နဲ့ မိုကော၊ မကြည့်..”
ရှုမုန့် ရုတ်တရက် တစ်ခုခုကို သတိရသွားသလိုမျိုး ဖုန်းကိုလုယူရန်ပြေးလာခဲ့သည်။ သူ့မျက်နှာ တကယ့်ကို ပုံပျက်ပန်းပျက်ဖြစ်နေသည်။
သို့ပေမဲ့ မမှီလိုက်ပေ၊ အဘယ်ကြောင့်ဆိုသော် စွင်းမိုက အခုလေးတင် အသစ်ထွက်ရှိလာသည့် ရေပန်းစားသည့် ခေါင်းစဉ်များအားမြင်သွားပြီးပြီဖြစ်သည်။
#ဒုတိယသခင်လေးလင်းမှ ဒေါသထွက်စွာဖြေရှင်းလိုက်ခြင်း - ရှုမုန့် က သူ့ဘာသာသူ လိုက်လာခဲ့တာ။
#ရှုမုန့်၊ စွင်းမိုအပေါ်ကို ဘယ်လိုများလုပ်နိုင်ရတာလဲ? နင့်မှာ နောင်တမရှိဘူးလား ?#
စွင်းမိုသည် ရုတ်တရက် အသိစိတ်ပြန်ဝင်လာပြီး ရှုမုန့်အား တွန်းဖယ်ကာ ခေါင်းစဉ်နှစ်ခုအားနှိပ်လိုက်သည်။
ဒါ ဒုတိယသခင်လေးလင်း ကိုယ်တိုင်ရေးထားသည့် ပိုစ့်တစ်ခုဖြစ်သည်။
"ချီးပဲ၊ ပုပ်ပွနေတဲ့ ကံဆိုးမှုအကြောင်းပြောကြရအောင်။ မင်းတို့နှစ်ယောက် အရင်လိုပြန်ဖြစ်သွားကြပြီး ငါ့ကို ဗီလိန်ဖြစ်အောင်လုပ်တယ်ဆိုတော့ ? မင်း အဲ့လိုမလုပ်သင့်ဘူး၊ စွင်းမို၊ ငါနဲ့ ရှုမုန့် ဘယ်လိုတွေ့ ကြလည်းဆိုတာ သိချင်လား ? အဲ့တာက ရိုက်ကူးရေးလုပ်နေတုန်းမှာကွာ ငါ့ရဲ့ သူငယ်ချင်းသရုပ်ဆောင်အတွက် အခွင့်အရေးရ အောင်လို့ ရှုမုန့်ကို ငါ ချဉ်းကပ်ပြီး မင်းကိုနှောင့်နှေးအောင်လုပ်ခိုင်းဖို့ ယွမ် ၅၀၀၀ ပေးခဲ့တာ။ သူ ဒါကိုအခွင့် အရေးလို့ထင်ပြီး ယွမ် ၅၀၀၀ အတွက်နဲ့ မင်းကိုရောင်း စားခဲ့တာ၊ ဒါ မင်းအတွက်အောင်မြင်မှုနဲ့ အနီးဆုံး အခွင့် အရေးဆိုတာကို သူ မသိခဲ့ဘူး၊“
"နောက်ပြီး အရင်တုန်းက မင်းဒဏ်ရာရခဲ့တာကလည်း ရှုမုန့်ရဲ့အကြံပဲ။ သူနဲ့ပြတ်ပြီးနောက် မင်း သူ့ကိုဆွဲထားမှာဆိုးလို့လုပ်တာ။ သူကိုယ်တိုင် ငါ့ဆီလာခဲ့တာ။ ငါ ဘယ်သူ့ကိုမှအတင်းအကျပ်မလုပ်ခဲ့ဘူး မေးကြည့်လို့ရတယ်။ ငါနဲ့ အတူနေတုန်းက သူအရမ်းပျော်နေခဲ့တာ။ ငါ့ဆီက ထွက်သွားပြီးနောက် သူဌေးတွေအများကြီးနဲ့ နေခဲ့ပြီးမှ ယန်ဟုန်နဲ့ အတူနေခဲ့တာ။ မင်းကတော့ နောက်ဆုံးခံရတဲ့ ငတုံးပဲ"
“မင်းတို့ အတိတ်ကကိစ္စတွေနဲ့ ငါ့ကို ဆက်ပြီးစွပ်စွဲနေမယ်ဆိုရင်၊ ငါ အထောက်အထားတွေအကုန်ထုတ်ပြီး တရားစွဲမယ်။ အဲ့ဒီတုန်းက ငွေလွှဲစာရင်းတွေ စကားပြောမှတ်တမ်းတွေ ငါ့ဆီမှာရှိနေတုန်းပဲ၊"
အင်တာနက်သုံးစွဲသူများက အံ့အားသင့်သွားကာလှောင် ပြောင်ပြီး ဆူပူအုံကြွသွားကြသည်။
ဒရာမာအလွှာပေါင်းများစွာရှိနေပြီး အဆက်မပြတ်ဖြစ်နေသည်။ သူတို့သည် ဖရဲခင်းထဲမှမြေခွေးများကဲ့သို့ စိတ်လှုပ်ရှားစွာဖြင့် အလုတ်တိုင်းကို စိမ်ပြေနပြေစားနေကြသည်။
အင်တာနက်သုံးစွဲသူများ၏စိတ်လှုပ်ရှားမှုနှင့် ယှဉ်လျှင် စွင်းမို၏နှလုံးသားသည် သေဆုံးသွားသကဲ့သို့ခံစားလိုက်ရသည်။ သူ၏မျက်နှာအမူအရာမှာ တဖြည်းဖြည်း ဆိုးရွားလာသည်။
ထိတ်လန့်မှုမှာ အလွန်ကြီးမားသဖြင့် အသစ်ထွက်ပေါ်နေသည့် ရေပန်းစားသောခေါင်းစဉ်များအား သတိမထားမိခဲ့ပေ။
သူသည် ခေါင်းမော့၍ ရှုမုန့်အားစိုက်ကြည့်လိုက်သည်။ ထိတ်လန့်သွားသည့် ရှုမုန့်သည် နောက်သို့တစ်လှမ်းဆုတ်သွားကာ ဆင်ခြေပေးချင်သော်လည်း အထောက် အထားများက သူ့အတွက်ခုခံစရာမရှိတော့ပေ။
"မိုကော၊ ကောက ဒီလိုကောင်မမျိုးနဲ့မတန်ပါဘူး" ဟု ယန်ဟုန်က လောင်စာထည့်လိုက်သည်။
သူ၏လက်ရှိအခြေအနေနှင့် အတိတ်မှဖြစ်ရပ်အားလုံးကိုတွေးမိသောအခါ စွင်းမို အဆုံးတွင်သည်းမခံနိုင်တော့ပဲအသိစိတ်ပျောက်ကာ ရှုမုန့်၏လည်ပင်းအား ညစ်ကာ ဆွဲထိုးလိုက်သည်။
"မင်း...ခွေးမ၊ ဖာသည်မ ငါ မင်းကို သတ်မယ်၊"
သို့သော် သူ လောလောလတ်လတ် ပြင်းထန်စွာဒဏ်ရာ ရနေသောကြောင့် ရှုမုန့်မှာ အသားကုန်ရုန်းကန်ပြီးလွတ် မြောက်သွားကာ စွင်းမိုအားတွန်းလှဲပြီးငိုကြွေးလိုက်သည်။
စွင်းမိုသည် ယိမ်းယိုင်လျှက်ဆေးရုံကုတင်ဘက်သို့ နောက်ပြန်လဲကျသွားပြီး ယန်ဟုန်မှဖမ်းလိုက်သည်။
ဤအရေးကြီးနေသည့် အချိန်တွင် ဆေးရုံတံခါးသည် ပြင်းထန်စွာပွင့်သွားခဲ့သည်။
သတင်းထောက်များ အတင်းဝင်ရောက်လာကြသည်။
"စွင်းမို၊ မင်း အခု ရှုမုန့်နဲ့အတူရှိနေတာလား၊ ဒါမှမဟုတ် ယန်ဟုန်နဲ့ လား ?"