အခန်း (၁၁၃)
Vol. 12 Ch. 113
သတင်းထောက်များထံ ဆေးရုံအခန်းပေါက်ကြားသွားသောအခါ ချင်ရှန့်သည် ရုန်းရင်းဆန်ခတ်ဖြစ်မှုထဲအပါစေရန် ကျီဖေးအားပြန်ဆွဲထုတ်ခဲ့သည်။ ချင်ရှန့် ၏ဒဏ် ရာရနေသောလက်ကိုသတိချပ်ကာ ကျီဖေးသည် အခင်း ဖြစ်ရာအားကြည့်ရန် အဝေးတစ်နေရာတွင် သူနှင့်အတူရပ်နေခဲ့သည်။
VIP အထပ်တွင်ရှိနေသော်လည်း ထိုအဖြစ်အပျက်သည် ကြည့်ရှုသူ အများအပြားကိုဆွဲဆောင်နိုင်ခဲ့သည်။ အချို့သော ဆေးဘက်ဆိုင်ရာဝန်ထမ်းများသညါ အခြေအနေကို ကိုင်တွယ်ဖြေရှင်းရန် လုံခြုံရေးကိုတောင်းဆိုခဲ့ပြီး အချို့မှာအတင်းအဖျင်းပြောရန်စုရုံးနေကြသည်။ အချို့သည် ကျီဖေးနှင့်ချင်ရှန့်တို့ ရှေ့တွင် ရပ်နေခဲ့ကြသည်။
"လူနာတင်ယာဉ်အဖွဲ့ကပြောတာကြားလိုက်တယ် သူတို့နှစ်ယောက်ကိုခေါ်လာတုန်းက အရေးပေါ်လူနာတင်ယာဉ်မှာအဝတ်အစားတချွတ်ပြီး စစ်ဆေးကြည့်တဲ့အခါ အမှတ်အသားတချို့တွေ့လိုက်တယ်တဲ့။ ကြည့်ရတာ တစ်ယောက်ယောက်ဆီက စကားဝိုင်းပေါက်ကြားတာဖြစ်မယ်။"
"အဲဒီစကားဝိုင်းက ဘာမှမဖြစ်ပါဘူး။ အများစုကတော့ ရိုင်းတဲ့ထင်ကြေးပေးတာလောက်ပေါ့။ တကယ့်အဖြစ်မှန်က စွင်းမိုရဲ့တိုက်ခန်းကို လျှို့ဝှက်ဓာတ်ပုံရိုက်တဲ့ paparazzi တွေဆီကလာတာ ပထမထပ်မှာ ရှုမုန့် ကိုဖမ်းမိပြီး ဒုတိယထပ်မှာ စွင်းမိုနဲ့ ယန်ဟုန်တို့ကိုခေါ်လာ တဲ့ လူတစ်စုကိုတွေ့လိုက်ရတာ၊ အဲ့ဒါကြောင့် လူတွေပြောနေကြတာ"
"ဟင်းအင်း၊ စွင်းမိုရဲ့လက်ထောက်က သူ့ကို စအိုပါရဂူဆရာဝန်နဲ့ချိန်းဆိုထားတာက သံသယဖြစ်စရာပဲ!"
"ဘာဖြစ်တာလဲ ? စွင်းမိုက တကယ်ပဲ..."
"တကယ်တော့ မဟုတ်ဘူး၊ သူတို့ ပြင်နေတုန်း မတော်တ ဆတစ်ခုခု ဖြစ်ကောင်းဖြစ်နိုင်တယ်။ စစ်ဆေးရင်းလက် ထောက်က ထိတ်လန့်သွားတဲ့အတွက်ကြောင့်..."
ကျီဖေးသည် သူမ၏ အတင်းအဖျင်း System မှအမှန်တရားကိုသိထားပြီးဖြစ်သော်လည်း အခြားသူများ၏ အတင်းအဖျင်းပြောသံများကိုကြားလိုက်ရခြင်းသည် သူမအား အဆုံးမရှိရယ်မောစေခဲ့သည်။
ထိုအချိန်တွင် ချင်ရှန့်၏ပါးစပ်သည် အထိန်းအကွပ်မဲ့စွာ လှုပ်သွားသည်။
[အဲ့တာ ဘာကိုဆိုလိုတာလဲ ? Tsk tsk tsk ] ကျီဖေးတွေးပြီး မရယ်ဘဲနေလိုက်သည်။
[စွင်းမို တစ်ကယ် ဒုက္ခတောထဲရောက်နေပြီ၊ မစင်နံ့မဟုတ်ရင်တောင် ကပ်ပါလာမှာပဲလေ။]
ချင်ရှန့်သည် ကျီဖေး၏ရိုင်းသောမှတ်ချက်အား သဘောမကျသော်လည်း ၎င်းမှာသင့်လျော်ကြောင်းဝန်ခံရမည်ဖြစ်သည်။
"ဖေးမင်ရွမ်မရှိရင် သူ့သရုပ်ဆောင်အရည်အချင်းကလွဲလို့ သူ ဘာမှမတတ်နိုင်ဘူး" ဟု ထေ့ငေါ့ရုံမှအပ မှတ် ချက်ထပ်မပေးတတ်ချေ။
နောက်ဆုံး သူတို့နှစ်ဦးစလုံးဆေးရုံပို့လိုက်ရာ ဝိုင်းကြည့်နေသောမျက်လုံးအစုံဖြင့် ဖေးမင်ရွမ်၏တင်းကျပ်သော လျှို့ဝှက်ရေးအစီအမံများမရှိခြင်းကြောင့် အခြားသူများ သတိလက်လွတ်ဖြစ်ခဲ့ရသည်။
"ရှင် ပြောတာ" ကျီဖေး အံ့ဩသွားသည်။
"ဒီလိုမျိုး ကြွေးကြော်ပြီးတော့မှ... မကောင်းမှုဆိုတာဆိတ်ကွယ်ရာကနေ အမြဲတမ်းလွတ်မြောက်မယ်လို့ မျှော်လင့်လို့မရဘူးဆိုတာကို သက်သေပြလိုက်တာပဲ"
ရုတ်တရက် တစ်စုံတစ်ယောက်က "သူတို့ တစ်ယောက်နဲ့တစ်ယောက် ပွေ့ဖက်နေကြတယ်!"
ကျီဖေးချက်ချင်း လန့်သွားသည်။
"ဘာလဲ ? ဘာလဲ ?!"
လူတွေ ရှေ့ကိုအမြန်ပြေးလာတာနဲ့အမျှ ကျီဖေး သူမ လူအုပ်အားမတိုးနိုင်ဘူးဆိုတာ သိလိုက်ရသည်။ သူမသည် ခုန်ဆွခုန်ဆွလုပ်ကာ တံခါးဝအားချောင်းကြည့်ရန်ကြိုး စားလာသည်။
နောက်အခိုက်အတန့်မှာတော့ သူမခါးထက် ခိုင်ခံ့သည့်လက်ဖြင့်ရစ်ပတ်ခံရသလိုခံစားလိုက်ရပြီး သူမအားချီမြောက်လိုက်သည်။ ကျီဖေး၏အမြင်သည် ရုတ်တရက် ရှင်းရှင်းလင်းလင်းမြင်လာရသည်။
သူမသည် အံ့အားသင့်စွာပြန်လှည့်ကြည့်လိုက်ရာ ချင်ရှန့်သည် သူမအားလက်တစ်ဖက်တည်းဖြင့် ဆုပ်ကိုင်ထားကာ သူ့အမူအရာလုံးဝပြောင်းလဲသွားခြင်းမရှိပေ။
ချင်ရှန့် သူမကိုမော့ကြည့်လိုက်ပြီး မျက်လုံးချင်းဆုံမိကြသည်။ ကျီဖေး၏ဗာဒံစေ့ပုံသဏ္ဍာန် မျက်လုံးများသည် ကြောင်တစ်ကောင်လန့်သွားသကဲ့လို့ ကျယ်လာသည်။
"မကြည့်ချင်ဘူးလား ?"
လက်ထဲကအရည်ရွှမ်းသော အတင်းအဖျင်းစကားကို မမှတ်မိမီ ကျီဖေး၏ဦးနှောက်သည်တခဏမျှပြတ်တောက်သွားသည်။ သူမ အမြန်ပြန်လှည့်ကြည့်လိုက်သည်။
မြင်ကွင်းတစ်စိတ်တစ်ပိုင်းကို သူမမြင်နိုင်သော်လည်း ကုတင်ပေါ်တွဲလျက်ဖြစ်နေသော အမျိုးသားနှစ်ဦးကို တစေ့တစောင်းဖမ်းမိသေးသည်။
[ဟားဟားဟား~ ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ ? သူတို့ ဘာတွေလုပ်နေတာလဲ ? သူတို့ ကိုယ့်ခြေထောက် ကိုယ် သေနတ်နဲ့ပစ်နေတာလား။ ဟီးဟီး~]
ချင်ရှန့် မမြင်နိုင်သော်လည်း ကျီဖေး၏အတွင်းပိုင်းရယ်သံကိုကြားလိုက်ရသည်နှင့် သူ့မျက်လုံးများထဲရွှင်မြူးသွားစေသည်။
သတင်းထောက်များဝင်ရောက်လာသောအခါ ၎င်းတို့ မေးခွန်းမေးရန်ကြုံးဝါးထားကြသော်လည်း မေးခွန်းမမေးမီ ထိုကဲ့သို့ ပေါက်ကွဲဖွယ်မြင်ကွင်းအားမြင်တွေ့ရမည်ဟုမမျှော်လင့်ထားပေ။ ကင်မရာမှအလင်းတန်းများအဆက် မပြတ်ရပ်တန့်သွားသောအခါတွင် လူတိုင်း ၎င်းတို့၏မေးခွန်းများကိုမေ့သွားကာ ယန်ဟုန်သည်ကုတင်ပေါ်တွင် ဆွန်မိုအားတင်းတင်းကျပ်ကျပ်ပွေ့ဖက်ထားသည့် ယန်ဟုန်၏ပုံရိပ်ကို ဖြစ်နိုင်သမျှထောင့်ပေါင်းစုံမှ ဖမ်းယူထားလိုက်ကြသည်။
အခန်းထဲရှိလူများတုံ့ပြန်လာချိန် စွင်းမိုသည်ပွေ့ဖက်မှုမှ ချက်ချင်းလွတ်မြောက်သွားသည်။ ဒါပေမယ့် သူ့စိတ်တွေလွတ်သွားသည်။ သူနှင့် ယန်ဟုန်အကြောင်း ပျံ့နှံ့နေသည့် ကောလာဟလများကို သူ သတိမပြုမိသေးသော ကြောင့် ရုတ်ချည်းဆန်သောမေးခွန်းများအား သူ သတိမပြုမိခဲ့ပေ။ သူ့မန်နေဂျာနှင့်လက်ထောက်သည် သတင်း ထောက်များအား တွန်းထုတ်ရန်အလျင်အမြန်ဝင်လာခဲ့သည်။
သို့သော် သတင်းထောက်များက မညှာမတာမေးခွန်းတွေကိုဆက်တိုက်ထုတ်လာသည် -
"စွင်းမို၊ ဒါယန်ဟုန်နဲ့ မင်းရဲ့ဆက်ဆံရေးဆိုရင် မင်း ရှုမုန့် ကိုကာဗာအဖြစ်သုံးနေတာလား ?"
"စွင်းမို၊ ရှုမုန့် ရဲ့သစ္စာဖောက်တာကို မင်း သိပြီးပြီလား၊ အဲ့ဒါကြောင့် မင်း တမင်လက်စားချေဖို့ သူ့ရည်းစားကို ခိုးသွားတာလား ?"
"ယန်ဟုန်၊ မင်း စွင်းမိုနဲ့ဆက်စပ်ဖူးတဲ့မိန်းကလေးတွေနဲ့အမြဲဒိတ်ဖူးတယ်၊ တကယ်က မင်း သူ့ကိုမက်မောနေတာမှတ်လား ?"
"ယန်ဟုန် မင်း ဘယ်သူ့ကိုတကယ်ချစ်တာလဲ ? ရှုမုန့် ဒါမှမဟုတ် စွင်းမို ?"
"ရှုမုန့်၊ ဒီနှစ်ယောက်ကြားက ဆက်ဆံရေးကို မင်းဘယ် လိုမြင်လဲ၊ မင်းက တကယ်အပြင်လူဆိုတာ မင်းသိလား"
လျင်မြန်သောမေးခွန်းများသည် စွင်းမို၏မျက်နှာအား ဆက်တိုက်ဖြတ်ရိုက်လိုက်သလိုခံစားလိုက်ရသည်။
ဆေးရုံလုံခြုံရေးတွေရောက်လာပြီး သတင်းထောက်များအား အဝေးကိုမောင်းထုတ်ပြီး တံခါးပိတ်လိုက်ချိန်မှသာ စွင်းမို အသက်ရှူခွင့်ပြန်ရတော့သည်။
"ဘာတွေ ဖြစ်နေတာလဲ၊ ဒီကိစ္စကကော ဘာလဲ?!"
စွင်းမို အခြားသူများကိုစိုက်ကြည့်ရင်း မျက်လုံးပြူးသွားသည်။
တခြားသူများလည်း ထပ်တူထပ်မျှစိတ်ရှုပ်ထွေးနေပုံရပြီး စစ်ဆေးဖို့ ဖုန်းကိုအမြန်ဆွဲထုတ်လိုက်သည်။ သူတို့ကြည့်လိုက်ရာ လူတိုင်း၏အမူအရာတွေဆိုးရွားသွားကြသည်။
စွင်းမို သူ့ကိုယ်ပိုင်ဖုန်းကိုအမြန်ကြည့်လိုက်သည်။ အင်တာနက်တွင် သူ့စရိုက်နှင့်ပတ်သက်ပြီး ကဲ့ရဲ့ခြင်း သို့မဟုတ် ယုံလွယ်သူအား လှောင်ပြောင်ခြင်းများဖြင့် ပြည့်နှက်နေတော့သည်။ ယင်းအစား၊ ယခုအခါ သူ့အား စအိုပါရဂူဆရာဝန်ထံခေါ်ဆောင်သွားခြင်းနှင့် သူ့အိမ်တွင်းမှ ဓာတ်ပုံများပေါ်ထွက်လာခြင်းစသည့် သတင်းများဖြင့်ပြည့်နှက်နေသည်။ ညအချိန်ကဖြစ်ရပ်များမျှော်လင့်မထားသောခန့်မှန်းချက်များသည် စွင်းမိုအတွက် ရင်ဆိုင်ရန် အခက်ခဲဆုံးသောဖြစ်နေသည်။
ပိုဆိုးသည်မှာ အခန်းထဲသို့ ဝင်ရောက်လာခဲ့သော လူစုထဲမှတစ်ဦးသည် တိုက်ရိုက်ထုတ်လွှင့်မှု (Live Stream) ပြုလုပ်နေခြင်းပင်။
Live Stream ကြည့်ရှုနေသူများသည် အံ့အားသင့်စိတ်များဖြင့် စိတ်ခြောက်ခြားကာမှတ်ချက်များပေးနေကြသည်။
"ငါဘာလို့ ဒီလိုနာကျင်စရာကောင်းတဲ့ သုံးပွင့်ဆိုင်ဇာတ် လမ်းကို လာတွေ့နေရတာလဲ!"
"ငါ့ဦးနှောက်က ကျုံ့ဝင်သွားတော့မယ်။"
"စာဖတ်သူတစ်ယောက်အနေနဲ့တောင် ဒီလိုဇာတ်ကွက်မျိုးကို သည်းမခံနိုင်တော့ဘူး။"
"ငါ့ကမ္ဘာ့အမြင်တွေ ပြိုကွဲသွားပြီ!"
"ဒါ ဘယ်နှစ်ကြိမ်မြောက် ဒရာမာဇာတ်လမ်းလဲ!"
"ငါ Live Stream မှားဖွင့်မိပေလို့ပဲ။ ငါ့လိုအတင်းအဖျင်း ကြိုက်တဲ့သူတစ်ယောက်တောင် ဒီအဆင့်ကို မျိုချလို့မနိုင်ဘူး!"
"စွင်းမိုနဲ့ ရှုမုန့် ၊ ယန်ဟုန်နဲ့ ရှုမုန့် လို့ ငါ ထင်ခဲ့တာ။ ရလဒ်က ရှုမုန့် နဲ့ စွင်းမို ၊ ယန်ဟုန်နဲ့ စွင်းမိုပဲ။ ဒီတော့ အနိုင်ရတဲ့သူက စွင်းမိုပေါ့။ လက်နှစ်ဖက်စလုံးမှာ လူတစ်ယောက်စီရှိနေတာကိုး!"
"ငါတို့မသိသေးတဲ့ ဘယ်လောက်ထိထူးဆန်းတဲ့ဟာတွေ ကျန်သေးလဲ ?"
"ငါ့လူတို့၊ မနေ့ညက ရာစုနှစ်ရဲ့ပြန်လည်ဆုံစည်းမှု တိုက် ရိုက်ထုတ်လွှင့်မှုကို မှတ်မိကြလား? သူတို့ သုံးယောက်... အတွဲလိုက်ထိုင်နေကြတာလေ! ဒါ့ကြောင့် စွင်းမို အလယ်မှာထိုင်နေတာကိုး!"!"
"ယန်ဟုန်က စွင်းမိုအပေါ် ထူးထူးဆန်းဆန်းအရမ်းရက် ရောနေသလားလို့ ငါ အမြဲတွေးနေမိတာ။ မင်း ဇနီးကိုလက်လွှတ်ပြီး သူ့ကိုစင်ပေါ်မှာကြေညာပေးသေးတာ၊ ယန်က အရမ်းချစ်တတ်တာပဲ!"
"ယန်ဟုန်ရဲ့ရည်းစားဟောင်းတိုင်း စွင်းမိုနဲ့ နဲ့ ဆက်စပ်နေတယ်ဆိုတာ ရုတ်တရက် ငါ သတိထားမိသွားတယ်။"
"သောက်ကျိုးနဲ၊ ယန်ဟုန်ရဲ့အရင်ရည်းစားတစ်ယောက်က သူတို့ချစ်ကြိုက်တုန်းက သူ့ကို စွင်းမိုနဲ့ဆက်စပ်မှုရှိဖူးလားလို့ မေးဖူးတယ်ဆိုပဲ၊ အကဲခက်ရတာ ခက်လိုက်တာ!"
"အရင်က ယန်ဟုန်အတွက် စိတ်မကောင်းဖြစ်မိတာ အခု ကျ ဘယ်သူ့ကို သနားရမှန်းတောင်မသိတော့ဘူး"
"ရှုမုန့် က Cover သပ်သပ်ပဲလား ? သူ့ဘဝက သနားစရာပဲ။"
"မင်းတို့ အတင်းအဖျင်းတွေအများကြီးသောက်ပြီးပြီဆိုတော့ အရင်လက်ဖက်ရည်ကိုမေ့သွားတာဖြစ်မယ်။ ဒီသုံးယောက်စလုံးက လူဆိုးတွေမဟုတ်ဘူးလား"
"ဒါပေမယ့် သူတို့အားလုံး ဒဏ်ရာရထားကြတာမဟုတ်ဘူးလား? စအိုပါရဂူဆရာဝန်ဆီ သွားရတာနဲ့ဆို စွင်းမိုက သားကောင်ပဲလေ?"
"မင်းဒီလိုပြောကြေးဆို ယန်ဟုန်က စွင်းမိုကိုအတင်းအ ကျပ်လုပ်ခဲ့တယ်ဆိုရင်၊ ဒါ ရာဇဝတ်မှုပဲ!"
"ဒါဆို စွင်းမိုကတကယ်ပဲ.... ယန်ဟုန့်လက်ချက်လား ?"
"ငါ့ကို ရယ်သေအောင်လုပ်ပြီး ငါ့ခရက်ဒစ်ကတ်အကြွေးတွေ ဆက်ခံဖို့ကြိုးစားနေကြတာလား ?"
"မင်းတို့အားလုံးကို ငါ့ကို ယွမ် 50 ဆီလွှဲလိုက်ဖို့ အကြံပြုချင်တယ်၊ ဒါမှမဟုတ် မင်းသုံးယောက်လုံး ပိုနာမည်ကြီး သွားအောင် ကလစ်တစ်ချက်နှိပ်ရုံပဲ!"
အရှက်ရစေသော မှတ်ချက်များသည် မြေမြှုပ်မိုင်းများကဲ့သို့ထွက်ပေါ်လာပြီး ဆေးရုံခန်းအတွင်းစူးရှသောအသံများပဲ့တင်ထပ်နေလေသည်။