အခန်း (၁၁၆)
Vol. 12 Ch. 116
[အဲ့တာက ရယ်စရာမကောင်းဘူးလား ? နင် ဖရဲသီးတွေကို လွတ်လွတ်လပ်လပ်စားလို့ရပေမယ့် meme တွေနဲ့ကစားဖို့တော့ လွတ်လပ်ခွင့်မရှိဘူး၊ သူတို့က ငါ့ကို Palm Sister လို့ခေါ်တယ်၊ ပြီးတော့ Bibi Sister လို့ခေါ်တယ်၊ အခုကျတော့ ထူးဆန်းတဲ့အရာတစ်ခု တီထွင်လာကြပြန် ပြီ...]
ကျီဖေးသည် ဤဂုဏ်သိက္ခာမရှိသော အင်တာနက်အသုံး ပြုသူများကြောင့် ပင်ပန်းနွမ်းနယ်နေပြီး ၎င်း၏မန်နေဂျာအသစ်ဖေးကျဲထံ မျက်ရည်များဖြင့် ညည်းညူခဲ့သည်။
ဖေးကျဲသည် ကျီဖေး၏အထွန့်တက်မှုအား အေးစက်စွာနှင့် ကရုဏာမဲ့စွာငြင်းပယ်ခဲ့သည်။
“ဒါ အရမ်းကောင်းတဲ့အရာပဲလေ၊ ဒါ ပုံမှန်ဖြတ်သွားဖြတ်လာတွေပဲဟာ။ အခြားသူတွေဆို အိပ်မက်တောင် မမက်ရဲဘူး၊ ပြီးတော့ နင့်အတွက်လည်း အပြုသဘောဆောင်တယ်။"
ဒေါသထွက်နေသည့်ကျီဖေးသည် ကျန်ရှိနေသောနို့လက် ဖက်ရည်တစ်ဝက်ကို တစ်ခါတည်း မျိုချလိုက်သည်။
ရုတ်တရက်၊ ခပ်တိုးတိုး ရယ်သံတချို့ သူ့ဘေးမှကြားလာသည်။
ကျီဖေးသည် ချက်ချင်းပင် မျက်လုံးဝိုင်းကြီးများဖြင့်စိုက်ကြည့်လိုက်သည်။
ချင်ရှန့်သည် စာရွက်စာတမ်းများအား လေးလေးနက်နက်ကြည့်နေပြီး တစ်ခါမှ မရယ်လိုက်မိသလိုမျိုး ဟန်ဆောင်နေသည်။
"ဟေး !"
ချင်ရှန့် ချောင်းဆိုးလိုက်ပြီး "ဖေးမင်ရွမ်က မင်းရဲ့အများအမြင်ပုံရိပ်ကို ဒီလိုပုံစံဖော်ချင်တာဖြစ်နိုင်တယ်။ ဒီလိုဆိုရင် သာမန်လူတွေ မင်း ကိုနောက်တစ်ခါ ဒုက္ခပေးဖို့ မဝံ့ရဲကြတော့ဘူးလေ၊ ကလိမ်ကျစ်အလုပ်တွေလည်း မကမ်း လှမ်းရဲကြတော့ဘူး”
ကျီဖေး အံ့အားသင့်သွားပြီး "အာ ? အဲ့လိုလား?"
ချင်ရှန် ခေါင်းညိတ်ကာ “သူ မင်းအကြောင်း meme ကို အသုံးပြုပြီး studio အတွက် ဘယ်တော့မှ မကျဆင်းတဲ့ပုံရိပ်ကိုတည်ဆောက်ချင်တာဖြစ်နိုင်တယ်။ နောက်ပိုင်းမှာ မင်းရဲ့စတူဒီယိုထဲကိုဝင်လာတဲ့ အနုပညာရှင်တွေက လူတွေရဲ့ စိတ်ထဲမှာ အလိုအလျောက်ယုံကြည်မှုတစ်ခု ပိုရလာလိမ့်မယ်၊ ပရိသတ်တွေရဲ့ကြိုက်နှစ်သက်မှုနဲ့ ပူးပေါင်းဆောင်ရွက်သူတွေရဲ့ စိတ်ချမှုကို ပိုမိုရရှိစေလိမ့်မယ်။ အဲ့ဒါကြောင့် အကျိုးကျေးဇူးတွေပဲရှိတယ်၊ အန္တာရာယ်မရှိဘူး"
ကျီဖေး ချက်ချင်းဆိုသလို သူ့ကိုယ်သူညွှန်ပြပြီး ထိုကဲ့သို့သောထူးဆန်းသည့် ပုံရိပ်အား မထမ်းဆောင်လိုကြောင်း ဖော်ပြခဲ့သည်။
ချင်ရှန့် ခဏစဉ်းစားပြီးနောက် “ မင်း တကယ်မလုပ်ချင်ဘူးဆိုရင် ဖေးမင်ရွမ်ကို တိုက်ရိုက်ပြောပြီး သူ့ကိုကိုင် တွယ်ခိုင်းလိုက်”
ကျီဖေး အံ့အားသင့်သွားပြီး "အဆင်ပြေပါ့မလား ?"
ချင်ရှန့်သည် လေးလေးနက်နက်ခေါင်းညိတ်ကာ "မင်းမလုပ်ချင်တဲ့အရာတွေကို ဘယ်သူမှ မင်းကိုအတင်းမလုပ်ခိုင်းနိုင်ဘူး။ သူကောင်းကောင်းမကိုင်တွယ်နိုင်ဘူးဆိုရင် ငါကိုင်တွယ်မယ်"
ချင်ရှန့်၏ ရုတ်တရက်လေးနက်စွာဖြေကြားမှုကြောင့် ကျီဖေး ထိုအကြောင်းကို လေးလေးနက်နက်စဉ်းစားရန် လိုအပ်လာသည်။
တကယ်တော့ ဒါက သူ့မှာ မဖြစ်ခဲ့ရင် အတော်လေးရယ် စရာကောင်းနေလောက်သည်။
စဉ်းစားပြီးနောက် သူ ထိုကိစ္စကို လက်လျှော့လိုက်ရန် ဆုံးဖြတ်ခဲ့သည်။ အဆုံးတွင်၊ သူသည် ဖျော်ဖြေရေးလုပ်ငန်းထဲသို့ အချိန်ဖြုန်းဖို့နှင့် အတင်းအဖျင်းများအတွက်သာမက ငွေအနည်းငယ်ရှာဖွေရန်လည်းဝင်ရောက်လာခဲ့ခြင်းဖြစ်သည်။ ဖေးကျဲ မှန်ပါတယ်၊ traffic ရှိခြင်းသည် ကောင်းသောအရာတစ်ခုပင်။
သို့သော် အချိန်ကုန်လာသည်နှင့်အမျှ၊ နေ့လယ်ခင်းအချိန်တွင် အွန်လိုင်း Trend သည် တဖြည်းဖြည်းထူး ဆန်းလာသည်။ မည်သည့် အနုပညာရှင်မဆို သူတို့၏ ထိပ်တန်း idol များနှင့် ယှဉ်ပြိုင်ပြီးအပြစ်မဲ့စွာ အသက်ရှင်နိုင်ခဲ့ပါက၊ ၎င်းတို့သည် ဘယ်တော့မှမကျဆင်းကြောင်း သက်သေပြပြီး follow သင့်ကြောင်း သက်သေ ပြရန် အဆင်သင့်ဖြစ်နေပုံရသည်။
အချို့သော ပရိသတ်များသည် အလွန်ရဲရင့်ပြီး၊ ၎င်းတို့၏ idol များ အား တိုက်ရိုက်ယှဉ်ပြိုင် သက်သေပြပြီး မကောင်းသောကောလာဟလများအား ရှင်းလင်းရန် တောင်းဆိုကြသည်။
သို့သော် တကယ့်အကျင့်ပျက်ခြစားမှုများရှိသော အနု ပညာရှင်များသည် ၎င်းတို့၏ပရိသတ်များကိုသာလှည့် စားနိုင်ပြီး၊ ထိုအချိန်တွင်မည်သူကများ တုံ့ပြန်ဝံ့မည်နည်း ? ၎င်းတို့အားလုံးသည် အခွံထဲပုန်းအောင်းနေသော လိပ်များဖြစ်လာကြသည်။
တစ်ချိန်တည်းတွင်၊ ရယ်စရာကောင်းသည့် ဇာတ်လမ်းများစွာလည်း ပေါ်ထွက်လာခဲ့သည်။
ကျီဖေးသည် တစ်နေ့ခင်းလုံး ပြင်းပြင်းထန်ထန်ရယ် မောခဲ့ပြီး၊ အဆုံးတွင် ချင်ရှန့်မှ သူ့အား သူ၏အစည်းအ ဝေးသို့ခေါ်ဆောင်ရန်မဝံ့ခဲ့ပေ၊ အကြောင်းမှာ ကျီဖေး သည် သူ့အား အလွန်အာရုံပျံ့လွင့်စေသောကြောင့်ဖြစ် သည်။
“အာ ? ငါ သွားဖို့မလိုဘူးလား? ဒါဆို ငါ..."
" ကိုယ့်ကို ကွန်ပျူတာထဲက ဖိုင်တွေ စီစဉ်ဖို့ကူညီပေးပါဦး” ဟု ချင်ရှန့် က ထွက်ခွာမည့်အချိန်တွင် ညွှန်ကြားခဲ့သည်။
ကျီဖေး ခေါင်းညိတ်ကာ သဘောတူပြီး ရုံးခန်းထဲတွင်နေခဲ့သည်။
တကယ်တော့ တစ်နေ့တာလုံးကို၊ ကျီဖေးသည် အဓိကအားဖြင့် ဖိုင်အချို့အား ဖွင့်ရန်၊ စာချုပ်များအား ရှာဖွေရန်၊ ကွန်ပျူတာတွင် စာစီစာ ရိုက်ရန်နှင့် ချင်ရှန့် ၏ဖုန်းထဲမှ သူ့ကိုယ်စား message များအား ပြန်လည်ဖြေကြားရန်ကူညီပေးခဲ့သည်။
အဘယ်ကြောင့်ဆိုသော် ဖိုင်များ၊ စာချုပ်များ၊ ဖုန်းများနှင့် ကွန်ပျူတာများသည် အရေးကြီးသောအရာများဖြစ်သောကြောင့်၊ အထူးသဖြင့် အတွင်းရေးမှူးကျင်း၏ဖြစ် ရပ်အပြီးတွင်၊ ချင်ရှန့်သည် မည်သူ့ကိုမျှ ထိုအရာများအား ထိတွေ့ ခွင့်မပြုတော့ပေ။
မျှော်လင့်မထားသော အလှည့်အပြောင်းများပြီးနောက်၊ ကျီဖေးသည် ထိုအရာများနှင့် နီးစပ်ခွင့်ရသည့် တစ်ဦးတည်းသောသူဖြစ်လာခဲ့သည်။
[ အတွင်းရေးမှူးကျင်းသာ ထောင်ထဲကနေ ဒီအကြောင်း သိရင်၊ သွေးအန်နေမှာ သေချာတယ်။]
ကျီဖေး မရယ်ပဲမနေနိုင်ပေ။ စီစဉ်ပြီးသည်နှင့် ထွက်ခွာရန် အဆင်သင့် ဖြစ်နေစဉ်၊ ရုတ်တရက်စခရင်ပေါ်မှ အီးမေးလ် noti တစ်ခုပေါ်လာသည်ကိုမြင်ခဲ့သည်။
ကျီဖေး ယခင်က ချင်ရှန်အတွက် အီးမေးလ်များအား ကိုင်တွယ်ဖူးပြီး၊ ယခုအီးမေးလ်သည် မသိသောအရင်း အမြစ်မှဖြစ်ကြောင်း မြင်တွေ့သောအခါ၊ တိုက်ရိုက်ဖွင့်ကြည့်လိုက်သည်။
ဖွင့်လိုက်သည်နှင့်တပြိုင်နက်၊ ကျီဖေး အံ့အားသင့်သွားခဲ့သည်။
"ရှန့် ငါ တစ်လခွဲအတွင်း ပြန်လာခဲ့မယ်။ ငါတို့ တွေ့ လို့ရမလား?"
ကျီဖေး မျက်တောင်တဖျတ်ဖျတ်ခတ်လိုက်ပြီး၊ ဤအရာသည် ချင်ရှန့်၏ အချစ်ဦး ယုကျစ်၏ messageဖြစ်နိုင်ကြောင်းချက်ချင်းသိလိုက်သည်။
သူ မောက်စ်ကိုလွှတ်လိုက်ပြီး ခေါင်းကုတ်လိုက်ကာ၊ ဤမျှမြန်မြန်ဖွင့်မိခြင်းအတွက် အရမ်းအခြေအနေမကောင်း ဖြစ်သွားသည်ဟုထင်ခဲ့ သည်။
ကျီဖေး အီးမေးလ်အား ခဏလောက် ထပ်မကြည့်ပဲမနေနိုင်ခဲ့ချေ။
ထူးဆန်းတာက၊ သူ ပျော်ရွှင်သင့်တယ် မဟုတ်လား ?
အဆုံးမှာတော့ ကံကြမ္မာဟုခေါ်သောအရာကြောင့်၊ သူအနေနှင့် တက်တက်ကြွကြွကွာရှင်းပြတ်စဲခွင့်မရှိပေ။ ချင်ရန့်ကသာ အောင်မြင်စွာကွာရှင်းပြတ်စဲနိုင်သည်။
ထို့ကြောင့် သူ့အစီအစဉ်တစ်ခုလုံးက ကောင်းကောင်းသွားနေပြီး၊ အချစ်ဦးပြန်လာမည့်အချိန်ကို စောင့်ကာ၊ သူတို့ကြားမှာ ရှုပ်ထွေးမှုများစတင်လာမှသာ၊ ချင်ရှန့်မှ သူ့အပေါ် အပြစ်ရှိမှုခံစားရလာပြီး၊ သူ့အနေနှင့် ကွာရှင်းပြတ်ဆဲကာ များပြားလှသည့် ကွာရှင်းမှုနစ်နာကြေးများဖြင့် လွတ်လပ်စွာနေထိုင်နိုင်မည်ဖြစ်သည်။
ဤသည်မှာ သူ့ကိုယ်သူအတွက် စီစဉ်ထားသည့်ထွက် ပေါက်တစ်ခုဖြစ်သည်။
သူ့အနေနှင့် ပျော်ရွှင်စွာရေတွက်နေသင့်သည်၊ မဟုတ်ပါလား ?
Emmm ~ ငါ နားလည်ပါတယ်။
နေ့ရက်များသည် အလွန်သက်တောင့်သက်သာရှိပြီး၊ ချင်မိသားစုနှင့် အတူနေထိုင်သည့်ဘဝကို သူ၏သက်တောင့်သက်သာဇုန်အဖြစ် ယူဆထားသောကြောင့်၊ လုပ်နေကျအလေ့အထများအား စွန့်ခွာရန် စဉ်းစားမိသော အခါတွင် သူ့စိတ်ထဲ မသက်မသာဖြစ်နေခဲ့သည်။
ဒါပေမဲ့ အဆင်ပြေပါတယ်၊ ကွာရှင်းမှုအတွက်နစ်နာ ကြေး သန်း 200 ကျော်၊ အမျိုးမျိုးသော ရင်းနှီးမြုပ်နှံမှုများနှင့် ဖျော်ဖြေရေးလုပ်ငန်းမှ ဖြောင့်ဖြူးနေပြီဖြစ်သော အနာဂတ်အားတွေးကြည့်လိုက်သောအခါ၊ ကျီဖေး ၏မျက်နှာသည် ချက်ချင်းပန်းများပွင့်လန်းလာ သကဲ့သို့ တောက်ပလာခဲ့သည်။
[Dear , ငါ မင်းကို စောင့်နေတယ်~]
ကျီဖေး အီးမေးလ်ထံသို့ အသဲပုံလက်ဟန်ပြပြီး၊ ချင်ရှန့် ၏ရုံးခန်းမှထွက်ခွာသွားခဲ့သည်။
ဘာပဲဖြစ်ဖြစ်၊ ချင်ရှန့် ၏အစည်းအဝေးသည် အချိန်အ တော်ကြာဦး မည်ဖြစ်သဖြင့်၊ အောက်ထပ်သို့ဆင်းကာ ခဏထိုင်ရန်ဆုံးဖြတ်ခဲ့သည်။ အကြောင်းမှာ ခုနက နို့လက်ဖက်ရည်ကို လုံလောက်စွာမသောက်ရသေးသော ကြောင့်ဖြစ်သည်။
လက်ထောက်မှ သူ့အတွက် နို့လက်ဖက်ရည် ဝယ်ပေးခဲ့သည့် နေရာမှာ ကုမ္ပဏီအတွင်းရှိ အနားယူသည့် Bar မှဖြစ်သည်။
နေ့လယ်စာစားချိန် မဟုတ်သေးသောကြောင့်၊ ဤနေရာတွင် အနားယူရန် လာရောက်နိုင်သူများ အလွန်နည်းပါးသည်။
သူက ကောင်တာရှေ့သို့ အမှာစာရင်းသွင်းရန် ရောက်ရှိသည်နှင့် တပြိုင်နက်၊ ဝန်ထမ်းများက သူ့အားအသိအ မှတ်ပြုပြီး၊ ပိုက်ဆံကို နောက်မှ ရှင်းနိုင်ကြောင်းလေးစားစွာပြောကြားခဲ့သည်။
ရုတ်တရက်၊ နောက်မှ အမျိုးသမီးတစ်ဦး၏အသံထွက်လာသည်။
"ကျီလောင်ရှစ် ?"
ကျီဖေး အံ့အားသင့်သွားခဲ့သည်။ ကုမ္ပဏီမှလူများ သူ့အား ဤသို့ခေါ်မည်မဟုတ်ပေ။ ယေဘုယျအားဖြင့် ဖျော် ဖြေရေးလုပ်ငန်းမှ လူများသာ သူ့အား ထိုသို့ခေါ်ဆိုမည်ဖြစ်သည်။
လှည့်ကြည့်လိုက်သောအခါ၊ မမျှော်လင့်ထားသောလူများအားတွေ့ လိုက်ရသည်။
မနီးမဝေးတွင် ခမ်းနားထည်ဝါသော ပြခန်းတစ်ခု၌စွဲမက် ဖွယ်ကောင်းသည့် အမျိုးသမီးငါးဦးထိုင်နေသည်။ သူတို့အားလုံးသည် လက်ဝတ်ရတနာများ၊ ပုလဲများဝတ်ဆင်ထားကာ ခမ်းနားထည်ဝါသော အမူအရာများဖြင့် လက် ဖက်ရည်သောက်ရင်း သပ်ရပ်စွာထိုင်နေကြသည်။၎င်း တို့အားလုံးသည် ကြည့်ရသည်မှာ မာနထောင်လွှားပြီး၊ ၎င်းတို့၏အကြည့်များထဲ အထင်သေးမှုနှင့် အထက်စီးဆန်သည့်အမူအရာများပါဝင်နေသည်။
သူ့အား ခေါ်သည့်သူမှာ အလယ်မှ မဒမ်ကျုံးဖြစ်သည်။
သူသည် ချစ်စဖွယ် ခင်ပွန်းကောင်းပုံရိပ်ဖြင့် လူသိများသည့် မင်းသားကြီးကျုံးချွမ်၏ဇနီးဖြစ်ပြီး၊ တတိယအဖွဲ့ ၏ဧည့်သည်တစ်ဦးဖြစ်သည်။
ကျီဖေးကိုမိတ်ဆက်ပြီး နှုတ်ဆက်ခဲ့သည့်ပထမဆုံးအကြိမ်မှလွဲ၍၊ သူသည် ကျီဖေးနှင့် တရားဝင်ဆက်သွယ်မှုမရှိခဲ့ပေ။ အဓိကအားဖြင့် သူ့ခင်ပွန်းနှင့် ချမ်းသာ သောဇနီးများအသိုင်းအဝိုင်းမှ သီးခြားဖယ်ထားခံရပြီး အလှပဆုံးတော်ဝင်ကြင်ရာတော်ယန်အဖြစ် လူသိများ သော ယုရို့ရင်အားစောင့်ကြည့်ရန်ဖြစ်သည်။
သူတို့နှစ်ဖွဲ့သည် တစ်ခါမျှမတွေ့ ဆုံဖူးသောကြောင့်၊ အခြားသော အပြန်အလှန်ဆက်သွယ်မှုများမရှိခဲ့ပေ။
ကျီဖေးသည် မတော်တဆတွေ့ ဆုံမိသည်ဟု ယူဆပြီး၊ အခြားတစ်ဖက် မှ သူ့အားခေါ်ခဲ့သည့်အတွက်...
ကျီဖေး၏မျက်လုံးများထဲ လှည့်ကွက်တစ်ခု းလျှပ်တပြက်ပေါ်လာကာ၊ သူတို့ထံသို့ ယဉ်ကျေးစွာ သွားရောက်နှုတ်ဆက်ခဲ့သည်။
မဒမ်ကျုံးသည် မထဘဲ၊ အနည်းငယ်သာ ခေါင်းညိတ်ကာ၊ သူ၏ညီအစ်မများဖြင့် မိတ်ဆက်ပေးခဲ့သည်၊
“ဒါ ကျီဖေးလေ"
ဤသည်မှာ အခြားသူများအား သူနှင့် မိတ်ဆက်ပေးခြင်းဖြစ်သော်လည်း၊ အခြားသူများသည်လည်း မာန်မာ နထောင်လွှားစွာဖြင့် ခေါင်းသာ ညိတ်ပြကာ၊ သူတို့ကိုယ်သူတို့ မိတ်ဆက်ရန်ရည်ရွယ်ချက်မရှိကြချေ။
ကျီဖေး မထီမဲ့မြင်ပြုခံရခြင်းအား ဒေါသမထွက်ဘဲ၊ သူ့အပြုံးအား ဆက်ထိန်းထားရန် ခက်ခက်ခဲခဲကြိုးစားနေခဲ့သည်။
အကြောင်းမှာ ဤလူများသည် သူ့အပေါ်ဤကဲ့သို့သော သဘောထားရှိရသည့် အကြောင်းရင်းအားသိသော ကြောင့်ဖြစ်သည်။
သူတို့သည် သူ၏အထောက်အထားများအားမသိကြပေ၊ ထို့အပြင် သူ့ အား ယေဘုယျအားဖြင့် ချင်အဖွဲ့ အစည်း ၏အကြီးတန်းအမှုဆောင် တစ်ယောက်ယောက်၏ လျှို့ဝှက်အငယ်အနှောင်းတစ်ဦးဟု ယူဆထားကြသော ကြောင့်ဖြစ်သည်။
အမှန်တော့ ကျီဖေးနှင့် ချင်ရှန်တို့သည် လျှို့ဝှက်လက် ထပ်ထားခြင်းမဟုတ်ချေ၊ သို့သော် ယေဘုယျအားဖြင့် စီးပွားရေးလောကမှ မိသားစုများသည် ၎င်းတို့၏ မိသားစုကိုယ်ရေးကိုယ်တာကိစ္စများအား ထုတ်ဖော်ပြော ဆိုရန် မနှစ်သက်ကြပေ။
ထို့ကြောင့် ချင်ကျောက်၏ပရိသတ်များသည်ပင်လျှင် ချင်ကျောက်အား ချင်အဖွဲ့ အစည်း၏တတိယမြောက်သခင်လေးဖြစ်ကြောင်းမသိကြချေ၊ သို့သော် သူ့အ ထောက်အထားသည် လုပ်ငန်းတွင်း၌ လည်ပတ်နေဆဲဖြစ်သည်။
ကျီဖေး၏အထောက်အထားဆိုလျှင်၊ ဖျော်ဖြေရေးလော ကထဲ လျှို့ဝှက်ဆန်းကြယ်နေဆဲဖြစ်သည်။ ၎င်းတို့သိသည်မှာ သူသည် ချင်ကျောက်၏ချစ်သူမဟုတ်ကြောင်း နှင့် အထက်တန်းစားလူတန်းစားမှ ဖျော်ဖြေရေးလောကထဲသို့ ဝင်ရောက်လာသူတစ်ဦးဖြစ်သည်။
မဒမ်ကျုံးသည် ချင်ကျောက်၏အထောက်အထားအား သိရှိပြီး၊ ချင်ကျောက် ခေါ်ဆောင်လာသော လူသစ်သည် ချင်အဖွဲ့အစည်းနှင့် အရေးကြီးသည့် ဆက်နွယ်မှုရှိလိမ့်မည်ဟု မျှော်လင့်ထားသော်လည်း၊ သူသည် CEO ၏ဇနီးဖြစ်မည်ဟုတော့ မမျှော်လင့်ထားပေ။ အဘယ် ကြောင့်ဆိုသော် မည်သည့် CEOဇနီးသည်က variety show သို့ လာရောက်မည်နည်း ?
ကျီဖေး သူတို့အားနှုတ်ဆက်ပြီးနောက် ထွက်ခွာနိုင်မည်ဟု ထင်ခဲ့သော်လည်း၊ မျှော်လင့်မထားသည့် မဒမ်ကျုံးက “ထိုင်ပါ”
“အာာ" ကျီဖေး အံ့အားသင့်သွားခဲ့သည်။
“ဒါက ရှင်တို့ရဲ့ တွေ့ဆုံမှုကို အနှောင့်အယှက်မဖြစ်စေဘူးလား?"
"ဟင့်အင်း၊ အတိအကျပြောရရင် ငါတို့က မင်းကို လာရှာတာ။ မင်းကို တွေ့ ပြီဆိုတော့ တည့်တည့်ပဲပြောရအောင်။ မင်းကို အကူအညီတောင်း စရာရှိတယ်။”
မဒမ်ကျုံးက လေးနက်စွာ တည့်တည့်ပြောလိုက်သည်။
ကျီဖေး သိချင်လာပြီး “ဘာများလဲ ?"
"မင်းက ဖျော်ဖြေရေးနယ်ပယ်ရဲ့ တရားသူကြီးမဟုတ်လား၊ မင်းရဲ့ နောက်ထပ် PK မှာ မင်း ယုရို့ရင်ကိုဝိုင်းပယ်နိုင်အောင်ကူညီပေးလိမ့်မယ်လို့ ငါတို့ မျှော်လင့်တယ်။ ဒီ မယားငယ်မကိုဖျက်ဆီးပြီး ပြည်တွင်းဖျော်ဖြေရေးလောကထဲကနေ ပျောက်ကွယ်သွားစေချင်တယ်။"