အခန်း (၁၁၇)
Vol. 12 Ch. 117
ကျီဖေး နှုတ်ခမ်းတွန့်သွားပြီး ဤ "ဖျော်ဖြေရေးလောကမှတရားသူကြီး” ဆိုသည့်အချက်အား မှတ်ချက်မပေးနိုင်သေးချေ။
[အဲဒါက အင်တာနက်သုံးစွဲသူရဲ့ဟာသတွေလို့ ငါ ထင်ခဲ့ပေမယ့် အထက်တန်းလွှာက မဒမ်ကျုံးက ဒါကို တကယ်ကြီး အလေးအနက်ထားလိမ့်မယ်လို့ မမျှော်လင့်ထားခဲ့ဘူး။ ဒါကို အသံကျယ်ကျယ်နဲ့ ပြောလိုက်တာ သူ မရှက်ဘူးလား ? ငါ နေရခက်ပြီး ခေါင်းကြိမ်းလာပြီ။ လုံးဝကို အဓိပ္ပါယ်မရှိဘူး။]
ကျီဖေး စိတ်ထဲမှအော်ဟစ်နေသော်လည်း သူ့ မျက်နှာတွင်ထုတ်ဖော်မပြခဲ့ပေ။ သို့သော် သူ့စိတ်ထဲမှ စကားတစ်ခွန်းက ဝင်ရောက်လာသည့် မားမားချင်နှင့် ချင်ရုန်အားရပ်တန့်သွားစေသည်။
၎င်းတို့နှစ်ဦးသည် လက်ရှိအိမ်ထောင်စုထဲတွင် အပျင်းဆုံးလူများဖြစ်သည်။ ချင်ရှန့်နဲ့ ကျီဖေးတို့ ကုမ္ပဏီတွင် ဘယ်လိုနေနေကြလဲဆိုတာ သိချင်စိတ်နှင့် ခိုးကြည့်ဖို့ ဆုံးဖြတ်လိုက်သည်။ သို့ပေမဲ့ သူတို့ရောက်သောအခါ နှစ်ယောက်စလုံး ရုံးမှာမရှိဟုကြားလိုက်ရသည်။ ထို့ ကြောင့် တခြားရွေးချယ်စရာမရှိပဲ ခဏတဖြုတ်အနား ယူရန် ရောက်လာကြသည်။
မထင်မှတ်ထားဘဲ၊ သူတို့ အရည်ရွှမ်းသော မြင်ကွင်း တစ်ခုအားတွေ့လိုက်ရသည်။
တံငါသည် ဦးထုပ်များနှင့် နေကာမျက်မှန်များအပြည့် အစုံ တပ်ဆင်ထားသည့် နှစ်ယောက်စလုံးအကြည့်ချင်းဖလှယ်လိုက်ကြသည်။ မျက်နှာအား နည်းနည်းပိုငုံ့လိုက်ရင်း ခိုးနားထောင်မှုသည်ပြဿနာမရှိနိုင်ပေ။
ဆက်လက်၍ စကားစမြည်ပြောနေခြင်းကိုအခွင့်ကောင်း ယူပြီး နှစ်ယောက်သား ပုန်းအောင်းရန် အနီးနားရှိခုံတစ် လုံးကို ရှာတွေ့ ကြပြီး ပြ ဇာတ်ကို တိတ်တဆိတ်ကြည့်ရှုရန် ထိုင်လိုက်ကြသည်။
"မဒမ်ကျုံး၊ ရှင် ကျွန်မကိုနောက်နေတာလား။"
ကျီဖေးက အတင်းရယ်မောကာမေးသည်။
မဒမ်ကျုံး၏မျက်လုံးများသည် တောက်ပစွာလင်းလက် သွားကာ " ဘယ်ဟုတ်ပါ့မလဲ ? ပထမအုပ်စုနှစ်စုနဲ့ မင်း ကောင်းကောင်းလုပ်ခဲ့တယ် မဟုတ်လား? ကျီလောင်ရှစ်ကအရှက်မဲ့ပြီး အကျင့်ပျက်တဲ့သူတွေကို မတုံ့ဆိုင်းဘဲ ရှင်းပစ်နိုင်မယ့် ခိုင်မာတဲ့တရားမျှတမှုရှိသူလို့ ငါယုံ ကြည်တယ်"
တကယ်တော့ မဒမ်ကျုံးက ဒီနေ့ ကျီဖေးအားရှာမတွေ့ခဲ့လျှင်ပင် သူတို့၏နာမည်ကျော်ကြားမှု သို့မဟုတ် မည်သည့် အကြောင်းကြောင့်ပဲ ဖြစ်ဖြစ် ထိပ်တန်းအဖွဲ့ ၏ နည်းလမ်းများအတိုင်း လိုက်လုပ်ကာမြေခွေးမ၏ အမှားများအားရှာဖွေပြီး စင်ပေါ်မှာတင် သေသည်အထိထိုးနှက်မည်မှာသေချာသည်။
ကျီဖေးအားလိုအပ်ခြင်းမှာ မြေခွေးမက လူများအား ဆွဲဆောင်ရာတွင် တော်လွန်းသောကြောင့်ဖြစ်သည်။ တစ်ခု ခုဖြစ်သည့်အခါတိုင်း သူ ခဏလောက် နှိမ့်ချပြီးနေပေမယ့် ပြန်လာဖို့နည်းလမ်းကိုအမြဲရှာခဲ့သည်။
ထို့ကြောင့် ဒီတစ်ခေါက် ပြဿနာအားဖယ်ရှားဖို့ပူးပေါင်း ဆောင်ရွက်ရန် ကြိုးပမ်းလာခဲ့ကြခြင်းဖြစ်သည်။
"ကျီလောင်ရှီးက ပူးပေါင်းဆောင်ရွက်ဖို့ ဆန္ဒရှိနေသရွေ့ ကျမတို့အားလုံး စီစဉ်ပေးမှာပါ”
မဒမ်ကျုံး ပြောပြီးသွားသည်နှင့် သူ၏ဩဇာအာဏာ ရှိသောအကြည့်များဖြင့် ကျီဖေးအား စိုက်ကြည့်နေသည်။
ကျီဖေး စိတ်ဝင်တစား မေးလိုက်သည် " ရှင် ဘယ်လိုစီစဉ်ထားလဲ ?"
မဒမ်ကျုံးသည် ကျီဖေး၏အလေးအနက်မထားသော သဘောထားအား မကျေမနပ်ဖြစ်ကာအနည်းငယ်မျက် မှောင်ကြုတ်လိုက်သည်။
"PK က မဲနှိုက်ပြီး ဆုံးဖြတ်ပေမယ့်၊ ငါတို့ငါးယောက်ရဲ့ ဖိအားတွေနဲ့ တွဲလုပ်လိုက်ရင်တော့ ဒါရိုက်တာအဖွဲ့ က မင်းတို့အဖွဲ့ နှစ်ဖွဲ့ကို အရင်ဦးဆုံး ရင်ဆိုင်ခွင့်ပေးမှာပါ"
" ခေါင်းစဉ်ကို ငါ အကြံပေးမယ်။ အဲဒါကို 'Beauty' ဆိုပြီး သတ်မှတ်လိုက်ရအောင်။"
" 'confidante beauty' အကြောင်း ဇာတ်ညွှန်းရေးဖို့ ငါ့ယောက်ျားအတွက် အလုပ်လုပ်ပေးနေတဲ့ ဇာတ်ညွှန်း ရေးဆရာတွေကို အရိပ်အမြွက်ပေးလိုက်မယ်။ ပြီးတော့ မင်းက 'confidante beauty' လို့ ခေါ်တဲ့ အရှက်မဲ့ပြီး သူတပါးခင်ပွန်းတွေကို ဖြားယောင်းသွေးဆောင်တဲ့ သူအ ဖြစ်ပုံဖော်ဖို့လိုတယ်။ ဒီခွေးမတွေ လှပဖို့အတွက် 'confidante beauty'ကို မသုံးနဲ့။ မိသားစုဘဝတွေကို ဖျက်စီးတဲ့သူတွေက ကံကြမ္မာရဲ့ ဒဏ်ခတ်ခြင်းကို ခံရသင့်တယ်ဆိုတာကိုပြလိုက်။”
"အဲဒီအချိန်မှာ ငါတို့ သတင်းအချက်အလက်တွေကို အွန်လိုင်းပေါ် ဖြန့်လိုက်မယ်၊ တုန်လှုပ်ချောက်ချားမှုတွေ ဖန်တီးပြီး သူ့ကို လုံးဝပုပ်ပွပြီး နံစော်နေအောင်လုပ်ပစ်မယ်၊"
မဒမ်ကျုံး၏လေသံမှာ သည်းမခံနိုင်တော့သလို ငြူစူမုန်းတီးမှုများနှင့် ပြည့်နေသည်။ အခြားသူများမှာလည်း သူတို့၏မျက်နှာပေါ်တွင် ရက်စက်ကြမ်းကြုတ်သောအကြည့်များ ရှိနေကြသည်။
မားမားချင်နှင့် ချင်ရုန်တို့သည် အချင်းချင်း တီးတိုးမပြောပဲမနေနိုင်ကာအံ့အားသင့်သွားကြသည်။ အဲ့လောက်ကြီးတဲ့ အစီအစဉ်လား ?
"ဒီ show ကြောင့် အင်တာနက်သုံးစွဲသူတွေ စိုးရိမ်နေတဲ့အရာတွေက တကယ်ဖြစ်လာပြီလား ?” ချင်ရုန်က ထိတ်လန့်စွာပြောသည်။
"မဒမ်ကျုံးနဲ့ ယုလောင်ရှီးက အရင်က အဆင်ပြေခဲ့တယ် မဟုတ်ဘူးလား ? ရုတ်တရက် ဘယ်လိုဖြစ်တာလဲ..."
မားမားချင်သည် မကြာသေးမီက အတင်းအဖျင်းပြော ဆိုမှုများကြောင့် ကျုံးချွမ်နှင့် ယုရို့ရင်အကြားအခြေအ နေအနည်းငယ်ကို သူ သိထားပြီးဖြစ်သည်။
တော်ဝင်ကြင်ယာတော်ယန်အကြောင်း တီဗီဒရာမာကြောင့် ထန်ဘုရင်ရွမ်ကျုံးအဖြစ် သရုပ်ဆောင်ခဲ့သည့် ကျုံးချွမ်နှင့် တော်ဝင်ကြင်ယာတော်ယန်အဖြစ် သရုပ် ဆောင်ခဲ့သည့် ယုရို့ရင်တို့သည် တစ်ချိန်က အင်တာနက်သုံးစွဲသူများအကြား ဆွေးနွေးမှုများတွင် ရေပန်းစားလာခဲ့သည်။
ချစ်စဖွယ် ခင်ပွန်းကောင်းပုံရိပ်ကြောင့် နာမည်ကြီးသည့် ကျုံးလောင်ရှစ်သည် ယုရို့ရင်နှင့်တွဲလုပ်ဖူးသော အခြားအမျိုးသားများကဲ့သို့ ကောလဟာလများဖြင့်အဆုံးသတ် မည်လားဟု လူတိုင်းခန့်မှန်းနေကြသည်။
တကယ်တော့၊ တီဗီဒရာမာရိုက်ကူးမှုများ ပြီးဆုံးချိန်အထိ အရာအားလုံးအဆင်ပြေခဲ့ပြီး သံသယဖြစ်ဖွယ်မြင်ကွင်းများ ထွက်ပေါ်လာခြင်းမရှိခဲ့ပေ။
"မဒမ်ကျုံးရဲ့ စိတ်နေသဘောထား ရုတ်တရတ်ပြောင်း လဲသွားတာကို ကြည့်ရတာတစ်ခုခုတော့ဖြစ်သွားလို့ နေမှာပေါ့ " မားမားချင် မျက်မှောင်ကြုတ်လိုက်သည်။
"ဒါဆို… ယုလောင်ရှီးက မစ္စတာကျုံးကို တကယ်မြူစွယ်ခဲ့ပြီး မဒမ်ကျုံးက ရှာတွေ့ ခဲ့လို့လား?" ချင်ရုန် အံ့သြတကြီးမေးလိုက်သည်။
[ အမလေး၊ ရက်စက်လိုက်တာ။ အခြေအနေကို မသိတဲ့သူတိုင်းက ယုလောင်ရှီးက နင့်ယောက်ျားကိုတကယ်မြူဆွယ်ခဲ့တယ်လို့ ထင်နေကြလိမ့်မယ်။]
မားမားချင်နှင့် ချင်ရုန်: အဲ့လိုမဟုတ်ဘူးလား ? ဒါဆို မဒမ်ကျုံးက ဘာလို့ ရုတ်တရက်ကြီး ပေါက်ကွဲရတာလဲ?
[ နင့်ယောက်ျားက နင့်ကို ကွာရှင်းချင်နေတာကြောင့်မဟုတ်ဘူးလား ?]
မားမားချင်နှင့် ချင်ရုန် သူတကယ်ပဲ သူ့ကို ကွာရှင်းချင်တာလား? မဆန်းပါဘူး...
[သူ့ရဲ့ အခုလက်ရှိအခြေအနေတွေက နင့်ကြောင့် ဆိုတာ နင် မေ့သွားပြီလား ?]
မားမားချင်နှင့် ချင်ရုန် မျက်လုံးများပြူးကျယ်သွားသည်။ ဒီလို ဝါရင့်သရုပ်ဆောင်တစ်ယောက်တောင် သူ့ဇနီးကိုအားကိုးပြီး ကျော်ကြားလာခဲ့ပြီးမှ အခုချိန်မှာ သူ့ကိုကျေးဇူးမတင်တဲ့အပြင်ကွာရှင်းချင်နေသေးတာလား?
[နင် သူ့ကိုလက်မလွှတ်နိုင်ရင် နင့်ယောက်ျားကို နာမည် ပျက်စာရင်းသွင်းပြီး နာခံမှုအပြည့်နဲ့ ပြန်လာအောင်လုပ်သင့်တာ။]
မားမားချင်နှင့် ချင်ရုန်က ရယ်မောလုနီးပါးဖြစ်ပြီး အမြန်ဖိနှိပ်ထားသော်လည်း ကျီဖေးအား လက်မ မထောင်ပဲမနေနိုင်ပေ။
[ ဘာလို့ မိန်းမတွေက ဒီလိုအခြေအနေမျိုးတွေနဲ့ ကြုံလာတဲ့အခါ ကိုယ့်ယောက်ျားနဲ့ကိုယ်ဖြေရှင်းရမဲ့အစားအခြား မိန်းမတွေနဲ့ အရင်ဖြေရှင်းနေကြတာလဲ? နင် ပြဿနာကို အမြစ်ကနေ ဆွဲနှုတ်သင့်တယ် ကျဲရေ ]
ဖေးဖေးပြောတာ မှန်သည်ဟုသဘောတူပြီး မားမားချင်နှင့် ချင်ရုန် တို့သည် ခေါင်းမညိတ်ပဲမနေနိုင်ကြပေ။
ကျီဖေး စိတ်ထဲမှ ဒေါသများထွက်ပြီးနောက် တစ်ဖက်က စကားဆက်လာသည်။
"ဒါက မင်းအတွက် ရိုးရိုးရှင်းရှင်းလေးပါပဲ ၊ ပထမအဖွဲ့ ရဲ့အခြေအနေနဲ့ အတူတူပဲဟာ” မဒမ်ကျုံး အေးစက်စွာပြောသည်။
ကျီဖေးမှ မဒမ်ကျုံးအား သနားစရာဟုထင်ပြီး မျက်ခုံးပင့်ကာ ပြောလိုက်သည်။
"ကျွန်မတို့ အဲဒီလိုမလုပ်ခင်ကတည်းက ပထမအဖွဲ့ ရဲ့ အခြေအနေအမှန်ကို ကျွန်မတို့သိတယ်၊ ဒါပေမယ့် အခုကျ… ဘာတွေဖြစ်ခဲ့လည်း ကျွန်မ အကုန်မသိဘူး။ မဒမ်ကျုံးက ယုရို့ရင်ကို အငယ်အနှောင်းလို့ပြောတယ်နော်၊ ရှင့်မှာ သက်သေရှိလား?”
[လာပါ၊ ကျဲရေ စဉ်းစားကြည့်ပါ။ နင့်မှာ အထောက်အ ထားရှိရဲ့လား? နင်က တစ်ယောက်ယောက်ကို ဒီလိုနည်းနဲ့ ဖြေရှင်းမလို့လား? အရမ်းမာန်တက်မနေနဲ့၊ အိုခေ ?]
"ကျီလောင်ရှစ်က ငါတို့ကို ငြင်းနေတာလား? မင်း အဲ့ဒီ မြေခွေးမကို ကူညီချင်လို့လား?”
မဒမ်ကျုံး ချက်ချင်းပင် တင်းမာစွာပြောသည်။
ကျီဖေး ပြုံးပြီးပြောလိုက်သည်။
" ပြောရရင်တော့ မဒမ်ကျုံးပြောတဲ့ စကားတစ်ခွန်းကိုပဲနားထောင်ပြီး ကျွန်မအနေနဲ့ တစ်ယောက်ယောက်ကို ရန်စလို့မရဘူးလေ ဟုတ်တယ်မလား?'
[ ဟာသပဲ၊ နင် ငါ့ကို လက်နက်အဖြစ် သုံးချင်နေတာလား? ငါက နင့်အတွက် လက်နက်တစ်ခုနဲ့ တူနေလို့လား? ဘာ သက်သေပြစရာ အထောက်အထားမှမရှိဘဲ၊ အင်တာနက်သုံးစွဲသူတွေက အခု ငါ့ကို ဖျော်ဖြေရေးနယ်ပယ်ကတရားသူကြီးလို့ခေါ်နေကြတာနဲ့ပဲ ငါက အထောက်အ ထားမလိုပဲ လမ်းညွှန်မှုအနည်းငယ်လေးနဲ့တင် အခြားတစ်ယောက်ရဲ့ဘဝကို ဖျက်စီးနိုင်တယ်လို့ ထင်နေတာလား။ ဒီလိုကံကြမ္မာမျိုးကို ငါ ပေါ့ပေါ့တန်တန်ခံယူမှာ မဟုတ်ဘူး။]
၎င်းအားကြားတော့ မားမားချင်နှင့် ချင်ရုန်တို့ မကျေမနပ်ဖြစ်သွားသည်။
သူတို့၏ဖေးဖေးသည် လက်နက်တစ်ခုမဟုတ်ပေ။ ဒီမိန်းမတွေက နောက်ကွယ်မှနေ၍ လှလှပပဖုံးကွယ်ချင်ပေမယ့် ယုရို့ရင်သည် သူ၏ အပြစ်ကင်းစင်မှုအား သက်သေပြပြီး စားပွဲတွေကိုလှန်ပစ်နိုင်ခဲ့ရင် ဘာတွေဖြစ်ကုန်မလဲ ? ဖေးဖေး၏နာမည်အား ပျက်စီးစေမည် မဟုတ်ပါလား?
ကျီဖေး၏တောင်းဆိုမှုသည် ကျိုးကြောင်းဆီလျော်သော် လည်း မဒမ်ကျုံးကို ဒေါသထွက်စေခဲ့သည်။
“သူက ခွေးမတစ်ကောင်ပဲ၊ ငါ့ယောက်ျားကိုကွာရှင်းဖို့ သွေးထိုး လှုံ့ဆော်ခဲ့တာ။ ဒါနဲ့တင် မလုံလောက်သေးဘူးလား ? အကျင့်စာရိတ္တပျက်ပြားနေပြီး သူ့ဘဝသူ မကျေ နပ်တဲ့ မိန်းမတစ်ယောက်က ယောက်ျားတွေကိုနေရာတ ကာမှာ ဖြားယောင်းသွေးဆောင်ပြီး ဖျော်ဖြေရေးနယ် ပယ်မှာ ဆက်ရှိနေတာက အန္တရာယ်တစ်ခုပဲ၊ နောက်ထပ် ဘာအထောက်အထားတွေ လိုသေးလို့လဲ?"
မဒမ်ကျုံးသည် ကျီဖေးအား လူဆိုးများကိုမျက်နှာသာ ပေးသည့် ယုတ္တိမရှိသူဟူသောအကြည့်ဖြင့် ကြည့်နေ သည်။
သနားစရာကောင်းသည့် မူလဇနီးသည်တစ်ယောက်အနေနှင့် လူတိုင်း သူ့ဘက်တွင် ရပ်တည်ပြီး မယားငယ်မကို ရိုက်နှက်ဆုံးမဖို့ ကူညီသင့်သည်မဟုတ်လား?
ကျီဖေး အတော်လေး စကားမပြောနိုင်တော့ပေ။ ထို ‘သူ့ကိုယ်သူ သွေးထိုးနေတာကြားလား' ဟူသည့်စကားသည် သူ့လျှာဖျားပေါ် တွင် တစ်နေပြီး အပြင်သို့ကျယ်လောင်စွာမပြောနိုင်ပေ၊ အကယ်၍ သူသာ ပြောလိုက်မိပါက ရုန်းရင်းဆန်ခတ် ဖြစ်သွားမည်မှာသေချာသည်။
နောက်ဆုံးတော့၊ မဒမ်ကျုံးက ကျီဖေးမှ အတင်းအဖျင်းအချက်အလက် အားလုံးအားရယူနိုင်ခဲ့မှန်း မသိခဲ့ချေ။
[တကယ်တော့ နင့်ယောက်ျားကသာ သူ့ကိုလိုချင်နေတာ။ ယုလောင်ရှီးက တိုက်ရိုက်ထုတ်လွှင့်မှုကို ဆက်လုပ်ဖို့ ဖိအားပေးခံနေရပြီး PK အတွက် သူ့အဖွဲ့ ကို အားကိုးပြီးတော့ "ကျွန်မက မယားငယ်မဟုတ်ပါဘူး” လို့ ပြောချင်နေတာ ဘာလို့လဲဆိုတော့ နင့်ယောက်ျားက နင့်ကြောင့် အောင်မြင်လာခဲ့တာမို့လို့ သူ နင့်ကို ထားမသွားလောက်ပါဘူးဆိုပြီးတွေးနေတာလေ။ ဒါပေမယ့် နင့်ရဲ့ ခင်ပွန်းက စွဲလန်းလာပြီး သူ နင့်ကို ကွာရှင်းပြီးတော့ နက်ရှိုင်းတဲ့ ရိုမန့်တစ်ဆန်ဆန် အချစ်တစ်ခုနဲ့ ယုလောင်ရှစ်ကို သင့်တင့်တဲ့ အဆင့်အတန်းတစ်ခုပေးချင်နေတာ။]
၎င်းအားကြားတော့ မားမားချင်နှင့် ချင်ရုန်တစ်ချို့အရာများအားနားလည်သွားသည်။
ယုရို့ရင်က ဒီကိစ္စမှာ အပြစ်ရှိ၊ မရှိမသေချာပေမယ့် အဓိကအမှားကတော့ အဲဒီလူဆိုတာသေချာသည်။ သူ့ကိုယ်သူ မထိန်းနိုင်ဘဲ သူ့မူလဇနီးသည်အား သစ္စာ ဖောက်ခဲ့သူဖြစ်သည်။
မဒမ်ကျုံး၏စိတ်နေသဘောထားကို ကြည့်ပြီး သူသည် အမှားအမှန်ကို ခွဲခြမ်းစိတ်ဖြာနိုင်မည် မဟုတ်ပေ။ ကျုံးချွမ်သည် ယုရို့ရင်အတွက် ကွာရှင်းလိုသရွေ့ ယုရို့ရင်ကသာ ၎င်းတို့အားလမ်းခွဲရန် လှည့်ကွက် များကို အသုံးပြုခဲ့သည်ဟု အခိုင်အမာ ယုံကြည်နေမည်ဖြစ်သည်။
ယုရို့ရင်သည် တစ်ဦးတည်းသော ဗီလိန်ဖြစ်ပြီး သူ၏ ခင်ပွန်းသည် ဖြူစင်ပြီး အပြစ်ကင်းစင်ကာလှည့်ဖြားမှုများကြောင့် ရိုးရှင်းစွာ စိတ်ရှုပ်ထွေးနေသူဖြစ်သည်။
ကျီဖေးမှ သိပ်ပူးပေါင်းဆောင်ရွက်မှုမရှိသည်ကိုတွေ့ တော့ တခြားမိန်းမများလည်း ထိုင်မနေနိုင်ကျတော့ချေ။
“ယုရို့ရင်က လုံးဝကိုအငယ်အနှောင်းပဲဟာ၊ ဘာမေးစရာလိုသေးလို့လဲ ?"
နောက်ဆုံးတွင် အခြားဇနီးသည်က စကားမပြောပဲ မနေနိုင်တော့ပေ။
“သူ ငါ့ယောက်ျားနဲ့သရုပ်ဆောင်တုန်းက၊ ငါ့ယောက်ျားကို ဖမ်းဖို့ အတွက် အစမ်းလေ့ကျင့်မှုဆိုတဲ့ အကြောင်းပြချက်ကို အမြဲသုံးတယ်။”
"ငါ့ယောကျာ်းက သူ့ကို ညွှန်ကြားပေးနေတဲ့အချိန်မှာ သူ ငါ့ ယောက်ျားရဲ့ပေါင်ပေါ် တက်ထိုင်ပြီး ဇာတ်လမ်းကို ရှင်းပြပေးဖို့တောင်းဆိုခဲ့တယ်လေ”
"သူတို့က ဇာတ်ညွှန်းကိုလေ့လာနေတာဆိုပြီး ညလယ်ခေါင်မှာ ငါ့ ယောက်ျားရဲ့ အခန်းထဲဝင်သွားတာကို လက်ပူးလက်ကျပ်မိခဲ့သေး တယ်။
"ငါ့ယောက်ျား သူနဲ့ရိုက်ကူးရေး လုပ်ရတုန်းက သူက ငါ့ယောက်ျားကို တမင်တကာ ပွတ်သီးပွတ်သပ်လုပ်ခဲ့ပြီး ငါ့ယောက်ျားက နေ့တိုင်း ခိုးကြောင်ခိုးဝှက်နဲ့ သူ့ကို ရှောင်နေရတယ်လေ၊”
ယုရို့ရင်အား ဘက်ပေါင်းစုံမှ အပြစ်တင်ပြီး ပြီးပြည့်စုံသည့် နစ်နာသူများ မဟာမိတ်ဖွဲ့ ကာ လူတိုင်း ဒေါသတကြီးဖြစ်နေကြသည်။
[သေချာပြီ၊ သူတို့က အရင်က ယုရို့ရင်ကိုနာမည်ပျက် စာရင်းသွင်းခဲ့တဲ့ ဇနီးသည်အဖွဲ့ ပဲ အခု မဒမ်ကျုံးနဲ့ ပူး ပေါင်းလိုက်ကြပြီ။ ကြည့်ရအောင်...]
ကျီဖေး သူ့ဖုန်းအားထုတ်လိုက်ပြီး လူတိုင်းရှေ့မှာတင် ရှာတော့သည်။
အတင်းအဖျင်းများ နောက်သို့လိုက်ဖို့ သူ့ခြေလှမ်းများအား မည်သည့်အရာကမှ အနှောင့်အယှက်မဖြစ်စေနိုင်ပေ။
“မင်း ဘာလုပ်နေတာလဲ ?"
ဇနီးသည်အဖွဲ့ သည် ကျီဖေး၏မလိုလားသော သဘော ထားအား ထိတ်လန့်စွာစိုက်ကြည့်ရင်း ပေါက်ကွဲသံများ ထွက်ပေါ်လာသည်။
"အို၊ ကျွန်မ အရင်က အာရုံမစိုက်ခဲ့မိဘူး။ ရှင် ဘာတွေပြောနေတာလဲဆိုတာ ကြည့်နေတာ”
ကျီဖေးက ဒေါသထွက်နေသည့် ဇနီးသည်အဖွဲ့အား ကြည်ကြည်လင်လင်ဖြင့် ချက်ခြင်းပြောလိုက်သည်။
ကျီဖေးအား မောက်မာသည်ဟုခံစားရကာ တစ်ယောက်ကိုတစ်ယောက် နှစ်သိမ့်ခဲ့ကြသည်။ နောက်မှ ကျီဖေး၏ နောက်ကွယ်မှ လူနှင့်တွေ့ လျှင် သူ၏အပြုအမူအား သေချာပေါက်တိုင်မည်ဟု သူတို့တွေးလိုက်ကြ သည်၊
မားမားချင်နှင့် ချင်ရုန်တို့သည်လည်း ဤပေါက်ကွဲမှုများမှ တုန်လှုပ်ခြောက်ခြားစေခဲ့သောကြောင့် ရှာဖွေရန် ၎င်းတို့၏ဖုန်းများအားမထုတ်ပဲမနေနိုင်ခဲ့ပေ။
"မယားငယ်" ဟူသောဘွဲ့သည် ယုရို့ရင်၏ နာမည်နှင့်ခိုင်မြဲစွာယှဥ်တွဲနေပုံရသည်။
ဖျော်ဖြေရေးနယ်ပယ်ထဲ အမြဲလိုလို အမှန်တရားနှင့် အလိမ်အညာများရောထွေးနေသည်။ ယုရို့ရင်၏ သဘောသဘာဝသည် ဆုံးဖြတ်ရခက်သည်။
ကျီဖေးသည် အတင်းအဖျင်းများအား ရှာဖွေရုံမှလွဲလျှင် သူတ ပါး၏အရေးကိစ္စများတွင် ဝင်ရောက်စွက်ဖက်ခြင်းအား ဘယ်တုန်းကမှ မကြိုက်သောကြောင့် ဝင်ရောက်စွက်ဖက်ခြင်း မလုပ်ခဲ့ပေ။ အခြား သူများ၏ ကံကြမ္မာအား လေးစားခြင်းသည် သူ၏ နိယာမဖြစ်ပြီး၊ ယခင်နှစ်ကြိမ်ကဲ့သို့ အတိအကျ အမှန်အမှားအခြေအနေများမဟုတ်ပါ က၊ အချို့သော ကံကြမ္မာများအား စုဆောင်းကာ ကောင်းမှုတစ်ခု ပြုလုပ်နိုင်သည်။
ထို့ကြောင့် ယခုအချိန်တွင် ကျီဖေး၏ စူးစမ်းလိုစိတ် သည် ဖျော်ဖြေရေး နယ်ပယ်၏တရားသူကြီးတစ်ဦးဖြစ်လိုသော ဆန္ဒထက်သာလွန်နေသည်။
[ ဟက်၊ RV ထဲကို ဝင်သွားတယ်ဆိုတာက နင့်ယောက်ျားက ယုရို့ရင်ကို သူနဲ့အတူ အစမ်းလေ့ကျင့်ဖို့ အတင်းအ ကြပ်တောင်းဆိုတာ၊ သူ ယုရို့ရင်ကို လက်ဆွဲပြီး ကုတင်ပေါ်ဆွဲတင်ဖို့တောင် ကြိုးစားခဲ့သေးတယ်။]
[ပေါင်ပေါ်မှာထိုင်နေတဲ့ အဖြစ်အပျက်က နင့်ယောက်ျားက သူ့ကို အတင်းအကြပ်ခိုင်းခဲ့တာ။ သူသာ မလုပ်ဘူးဆိုရင်၊ နင့်ယောက်ျားက သူ့ကိုအချိန်ဖြုန်းတယ်ဆိုပြီး ရည်ရွယ်ချက်ရှိရှိနဲ့ တမင်တကာ အပြစ်တင်အောင်လုပ်လိမ့်မယ်။ သူထွက်သွားဖို့လုပ်တော့ နင့် ယောက်ျားက သူ့ကိုအတင်းဖက်ပြီး မုဒိမ်းကျင့်မလို့တောင် လုပ်ခဲ့သေး တယ်။]
[ ညလယ်ကြီး ဇာတ်ညွှန်းဆွေးနွေးမှုကတော့ နင့်ယောက်ျားက သူ့ကိုဇာတ်ညွှန်းပြန်ပြင်ဖို့ဆိုပြီးအကြောင်း ပြချက်နဲ့ ညသန်းခေါင်မှာ ဆွေးနွေးဖို့တောင်းဆိုခဲ့တာ။ သူတို့သာ ချက်ချင်းမရှင်းရင် အလုပ်ကြန့်ကြာလိမ့်မယ်ဆိုပြီးလေ၊ သူက သူ့ကိုတမင်မူးအောင်လုပ်၊ သူ့ ကိုယ်သူ မူးနေဟန်ဆောင် အခွင့်ကောင်းယူပြီး သူ့အဝတ်တွေကို ဆုတ်ဖြဲပစ်ခဲ့တာလေ၊ အဲ့တာက အဲ့ဒီပုံတွေ ဘာလို့ထွက်လာရသလဲဆိုတဲ့ အကြောင်းပြချက်ပဲ။]
[တမင်တကာ ရုပ်ပိုင်းဆိုင်ရာထိတွေ့ မှုကျတော့ နင်ဘာလို့ နင့်ယောက်ျားကိုတပ်မက်ပြီး ၊ ရိုးရှင်းတဲ့ ခပ်ဖွဖွအနမကနေ ရွံဖို့ကောင်းတဲ့ အတင်းအကြပ်အနမ်းအဖြစ် ပြောင်းသွားတာတွေ၊ သူ့ကို လုံးဝကိုဆုပ်ကိုင်ထားတာတွေ သရုပ်ဆောင်မှုသပ်သပ်ကနေ တကယ့် အစစ်အမှန်အဖြစ်ပြောင်းလဲသွားတာတွေကို မဖော်ပြခဲ့တာလဲ။ ရိုက်ဘကူးရေးပြီးသွားတော့ နင့်ယောက်ျားက သူ့ကိုယ်သူမထိန်းနိုင်ဘဲ အပူမိနေတဲ့တိရိစ္ဆာန်လို နေ့တိုင်း သူ့ကိုလိုက်နှောင့်ယှက်နေတယ်လေ။]
[ သောက်ချီး၊ ဖတ်လေဖတ်လေ ပိုဒေါသထွက်လာလေပဲ၊ ယုရို့ရင်ကသာ ပရော်ပရေလုပ်ခဲ့တာလို့ ထင်ခဲ့ဖူးပေမယ့် သူက နောက်ကွယ်မှာ ဒီလိုဘဝမျိုးနဲ့ နေထိုင်နေရတယ်ဆိုတာ ဘယ်တုန်းကမှ စိတ်မကူးမိခဲ့ဖူးဘူး။ နေရာတိုင်းမှာ လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်မှုတွေနဲ့ ဖျော်ဖြေရေးနယ်ပယ်က တကယ့်ကိုမှောင်မိုက်ပြီး ညစ်ပတ်နေတာပဲ ကြောက်စရာကောင်းတယ်။]
[အခု သူက သူတို့ယောက်ျားတွေကို ခုခံကာကွယ်ပြီး အပြင်က မြေခွေးမတစ်ကောင်အပေါ် အရာရာအပြစ် တင်နေတဲ့ ဒီဇနီးသည်တွေနဲ့ ရင်ဆိုင်နေရသေးတယ်။ ယုရို့ရင်အတွက် တကယ်စိတ်မကောင်းဖြစ်မိတယ်။]
မားမားချင်နှင့် ချင်ရုန်က သူတို့ပြောတာကို နားထောင်ရင်း ဒေါသထွက်သွားသည်။ သူတို့ ရှာကြည့်တော့ သူတို့၏ လင်ယောက်ျားများက ယုရို့ရင်ကလွဲလျှင် တခြားမိန်းမများနှင့် ကောလဟာလများ ရှိနေသည်ကိုတွေ့လိုက်ရသည်... ဒီပြဿနာက သူတို့ခင်ပွန်းတွေနဲ့ ပတ်သက်နေ တယ်လို့ ညွှန်ပြနေတာ မဟုတ်ဘူးလား?
ဒီလူယုတ်မာတွေဆီက နှိပ်စက်ညဉ်းပန်းခံနေရတဲ့ ဘဝ က ဘယ်လိုတောင်လဲ !!