← Chapters

အခန်း (၁၁၈)

Vol. 12 Ch. 118

အခန်း (၁၁၈)

Vol. 12 Ch. 118

ကျီဖေး၊ မားမားချင်တို့နှင့် ချင်ရုန်တို့သည် ယုရို့ရင်၏ အခြေအနေကို စာနာခဲ့ကြသည်။

သို့သော် အွန်လိုင်းပေါ်တွင် ရို့ရင်အပေါ် လူအများ၏ သဘောထားများ အား ကြည့်လျှင် အလွန်ရှုပ်ထွေးပြီး ထိုလူများ၏အမြင်အတိုင်း လိုက်လျောကာ ဦးနှောက် ဆေးခံရလွယ်ကြောင်းတွေ့ ရသည်။

အမျိုးသားများက သူမ၏ဆွဲဆောင်မှုရှိသော ကိုယ်ခန္ဓာနှင့် မျက်နှာ အကြောင်း ညစ်ညမ်းစွာ commentများရေးကြပြီး ဆယ်ခုအနက် ရှစ်ခု မှာ ရိုင်းစိုင်းသောဟာသများဖြစ်နေသည်။ သို့သော် သူတို့က ယင်းကို ရှုတ်ချခြင်းမဟုတ်ဘဲ အမျိုးသားများ၏ ချီးမွမ်းမှုအဖြစ် ပြောဆိုကြပြီး ရို့ရင်အတွက် ဂုဏ်ယူစရာဟုထင်မြင်နေကြသည်။

သူတို့သည် အခြားအမျိုးသမီးများနှင့်ပင် ရို့ရင်အ ကြောင်း အငြင်းပွားကာ ကျား-မ တိုက်ပွဲများဖြစ်အောင် လုပ်နေကြသော်လည်း ဤကဲ့သို့ ကာကွယ်ပေးမှုမျိုးက သက်သောင့်သက်သာ မရှိစေပေ။

အမျိုးသမီးများမှာလည်း နှစ်ဖွဲ့ကွဲနေသည်။ တစ်ဖွဲ့ မှာ မဒမ်ကျုံးနှင့် သူ့ မိတ်ဆွေများကဲ့သို့ ရို့ရင်အားလှောင် ပြောင်ပြစ်တင်ရှုတ်ချကြပြီး သူမသည် အမျိုးသားများအား းဖြားယောင်းသည်ဟု ကိုယ်တိုင်မြင်ဖူးသလိုမျိုး ပြောဆိုနေကြသည်။ သူတို့၏ အိုင်ဒေါ်လ်များကို ဤ

“ညစ်ပတ်သောအရာ” ဖြင့် ညစ်ညမ်းမည်ကို စိုးရိမ်နေကြသည်။ အခြားတစ်ဖွဲ့ မှာ တကယ့်ကို အငယ်အနှောင်းများဖြစ်ပြီး ရို့ရင်၏အခြေအနေကိုမနာလိုဖြစ်ကာ သူ့အား စံနမူနာအဖြစ်မြင်ကြသည်။ ထိုသူများကို ရို့ရင်ကဲ့သို့ပင် တန်ဖိုးမရှိသော ဦးနှောက်ဆေးခံပရိသတ်များဟုခေါ်ကြ သည်။

အလွန်နည်းပါးသောလူနည်းစုကသာ ရို့ရင်၏အလှတရားအား အမှန်တကယ်ချီးမွမ်းပြီး သူ၏ သရုပ်ဆောင်စွမ်းရည်ကိုအသိအမှတ်ပြုကြ သည်။

ဤကဲ့သို့ အကျင့်ပျက်ချစားမှုဖြင့် ကျော်ကြားနေသော အခြေအနေတွင် ကျီဖေးသည်ပင် မခံနိုင်ဖြစ်ခဲ့သည်။ ယခင်က ချစ်စရာကောင်းပြီး ရယ်စရာကောင်းသည်ဟု ထင်ခဲ့သော အွန်လိုင်းပရိသတ်များသည် ယခု အခါတအားကြောက်စရာကောင်းနေသည်။

[တကယ်ကို၊ အကျင့်ပျက်ချစားမှုတွေနဲ့ ဖျော်ဖြေရေးလောကမှာ အသက်ရှင် ရပ်တည်နိုင်တဲ့သူတွေကစိတ် ဓာတ်ခိုင်မာကြတာပဲ။]

ကျီဖေးသည် အခြားသူများ၏ ကိုယ်ရေးကိုယ်တာကိစ္စများအား အလွန်အကျွံ စူးစမ်းရန် ရည်ရွယ်ချက်မရှိဘဲ အများဆုံး ကောလာဟလ များကို နားထောင်ရင်းသာ ပျော်ရွှင်နေခဲ့သည်။

သူသည် ဤအဆင့်တွင် ဖတ်ရှုခြင်းအား ရပ်တန့်လိုက်သည်။

ခေါင်းမော့ကြည့်လိုက်သောအခါ အမျိုးသမီးအုပ်စုက သူ့အား စူးစိုက်ကြည့်နေဆဲဖြစ်ပြီး အဖြေစောင့်နေကြကြောင်းတွေ့ ရသည်။

[ အမျိုးသမီးတွေက အခြားအမျိုးသမီးတွေရဲ့ အခက်အ ခဲကို ပိုပြီး နားလည်သဘောပေါက်သင့်တယ်။ ဒါပေမဲ့ အချို့ အမျိုးသမီးတွေက အခြားအမျိုးသမီးတွေကို ညှဉ်းပန်းနှိပ်စက်တဲ့နေရာမှာ အမျိုးသားတွေ နဲ့ ပူးပေါင်းပါဝင်သူတွေဖြစ်လာကြတယ်။]

"အခု ရှင်းရှင်းလင်းလင်း မြင်ပြီလား? သူ ဘယ်လိုလူမျိုးဆိုတာ သိပြီလား?"

ကျီဖေး လျင်မြန်စွာခေါင်းညိတ်ကာ အလွန်ရှင်းလင်းစွာ နားလည်ကြောင်းဖော်ပြခဲ့သည်။

မဒမ်ကျုံးက ကျီဖေးသဘောတူသည်ဟု ထင်မှတ်ကာ တရားမျှတစွာကြေညာခဲ့သည်။

"ငါတို့ သူ့ကို ရှင်းထုတ်ပစ်ရမယ်၊ ဖျော်ဖြေရေး လောကကို သန့်ရှင်းအောင်လုပ်ရမယ်၊"

ကျီဖေး ခဏစဉ်းစားပြီး မေးခွန်းထုတ်ခဲ့သည်။

“မဒမ်ကျုံး၊ ဒါက မစ္စတာကျုံးကိုထိခိုက်စေမှာမကြောက်ဘူးလား? အရင်တုန်းက ကျွန်မတို့.. အပြီးတိုင် ဖျက်ဆီးခဲ့တယ်လေ။"

မဒမ်ကျုံး၏ မျက်နှာအမူအရာသည် ချက်ချင်းပြောင်း လဲသွားပြီး ပြောလိုက်သည်။

"မဖြစ်နိုင်ဘူး။ ငါက ငါ့ယောက်ျားကို ဒီခွေးမရဲ့ အစစ်အ မှန်မျက်နှာကို မြင်အောင်လုပ်မယ်။ သူက ငါ့ယောက်ျားကိုဖြားယောင်းခဲ့တာ၊ ဒါပေမယ့် ငါ့ယောက်ျားက သူ့အခြေခံကျင့်ဝတ်တွေကို မြဲမြဲ လိုက်နာမှာပါ၊"

ကျီဖေး မပြုံးပဲမနေနိုင်ပေ။

" တစ်ယောက်ယောက်ကိုလက်ထပ်ဖို့ အတွက် ရှင့်ကို ကွာရှင်းချင်နေတဲ့ ယောက်ျားတစ်ယောက်က စိတ် ပြောင်းသွားပြီလို့ မဆိုနိုင်ဘူးလား ? ရှင် သူ့ကို ဆက်လိုချင်နေသေးတာလား?"

မဒမ်ကျုံး မျက်မှောင်ကျုံ့ကာ " မင်းလို ကောင်မလေး တစ်ယောက်က ဘာသိမှာလဲ? ငါနဲ့ ငါ့ယောက်ျားနဲ့က နှစ်ပေါင်းများစွာ အတူရှိခဲ့တဲ့နက်ရှိုင်းတဲ့ ဆက်ဆံရေးရှိတယ်။ သူ ခဏတာပြုစားခံနေရတာကြောင့်နဲ့ သူ့ကို စွန့်လွှတ်လိုက်လို့မဖြစ်ဘူး။ သူ့ကို ကယ်တင်ဖို့လိုတယ်။ မင်းက ဒီကိစ္စမှာဝင်မစွက်ဖက်နဲ့၊ ငါတို့မှာလုပ်ခိုင်းတဲ့အတိုင်း လုပ်ပေးရုံပဲ။"

ကျီဖေး ပခုံးတွန့်ကာ ပြုံးရယ်ပြီးပြောလိုက်သည်။

" ကျွန်မ ငြင်းတယ်။"

"ဘာ?"

မဒမ်ကျုံးသည် သူတို့ဆွေးနွေးပြီးနောက် ဤဖျော်ဖြေရေးလောကမှတရားသူကြီးဟု ဆိုကြသော သူက ငြင်းလိမ့်မည်ဟု မမျှော်လင့်ခဲ့ပေ။

အခြားအမျိုးသမီးများလည်း ချက်ချင်းပင် ဒေါသထွက်လာကြသည်။

"ငါတို့ကို ငြင်းတဲ့အခါ ဘာတွေဖြစ်လာနိုင်မလဲဆိုတာ မင်း စဉ်းစားဖူးလား ?"

"မင်းက တကယ်ပဲအရေးကြီးတယ်လို့ ထင်နေတာလား? ငါတို့က တကယ်ပဲ မင်းကိုတောင်းပန်နေတယ်လို့ ထင်နေတာလား?"

"မင်းက မိုက်မဲတဲ့ ကလေးမလေးပဲ၊ ဖျော်ဖြေရေးလော ကမှာ အနာဂတ်မရှိချင်တော့ဘူးလား?"

"သူနဲ့ အချိန်ဖြုန်းမနေနဲ့တော့။ သူ့ နောက်က ယောက်ျားနဲ့ စကားပြောကြတာပေါ့။ သူက အိမ်ထောင်ရှင်မတစ်ယောက်ပဲဟာ"

မဒမ်ကျုံးလည်း ကျီဖေးအားကြည့်ကာပြောလိုက်သည်။

“မင်းရဲ့လူက ချင်အဖွဲ့ အစည်းရဲ့အထက်တန်းအမှု ဆောင်အဖွဲ့ မှာ ရှိတယ်မလား? ငါ့ ဝမ်းကွဲက ချင်အဖွဲ့ အစည်းက ဒါရိုက်တာတစ်ယောက်ပဲ။ အရင်တုန်း က တော့ မင်းရဲ့လူနဲ့တိုက်ရိုက်တွေ့ ပြီး မင်းကို ဘာလုပ်ရမယ်ဆိုတာပြောခိုင်းဖို့ စီစဉ်ထားတာ။ မင်းက ကျေးဇူးမသိတဲ့သူ ဖြစ်မယ်လို့မထင်ခဲ့ဘူး။ ဒီလောကမှာ မင်းလိုမျိုး မိန်းမတွေအများကြီးရှိတယ်။ မင်းရဲ့လူအတွက် အသစ်တစ်ယောက်ရှာပေးဖို့ ငါ စိတ်မရှိဘူးနော်။”

ကျီဖေး ... Pfft! မရယ်နဲ့၊ အောင့်ထား။

အဝေးမှ မားမားချင်နှင့် ချင်ရုန်တို့သည် စားပွဲပေါ်သို့ ကိုင်းညွှတ်ကာ ခန္ဓာကိုယ်များတုန်ရီနေကြသည်။

"အိုး၊ ဒါဆို ရှင်တို့က ချင်ကျောက်ကို မချဉ်းကပ်ရဲတာက သူ့ အဆင့်အတန်းကိုသိပြီး သူ့ကို အမိန့်ပေးလို့မရနိုင်လို့၊ ဒါကြောင့် ကျွန်မဆီ လာခဲ့ကြတာလား ?"

ကျီဖေးက ရယ်ချင်တာကို အောင့်ထားရင်းပြောလိုက်သည်။

အမျိုးသမီးများ၏မျက်နှာအမူအရာများ ခဏတာရှုပ် ထွေးသွားခဲ့ သည်။

တစ်ယောက်က ရုတ်တရက်စကားပြောလာခဲ့သည်။

“စဉ်းစားကြည့် လိုက်တော့၊ မင်းနဲ့ ချင်ကျောက်တို့က အဲဒီရှိုးပွဲမှာ အတော်ကို နီးနီးစပ်စပ်ရှိနေတယ်။ ငါတို့သာ ဗီဒီယိုတွေ၊ ဓာတ်ပုံတွေကို စုပြီး မင်းရဲ့လူကိုပြလိုက်မယ်ဆိုရင်..."

ကျီဖေး တဒင်္ဂလောက် တုံ့ဆိုင်းသွားခဲ့သည်။

[ဟားဟားဟားဟားဟား... သူ ငါ့ကိုခြိမ်းခြောက်နေတာလား၊ ချင်ကျောက်ကို သုံးပြီး ငါ့ကို ခြိမ်းခြောက်နေတာလား၊ ဟားဟားဟားဟား ဟား၊ ပါရမီရှင်၊ တကယ့်ကို ပါရမီရှင်ပဲ။]

မားမားချင်နှင့် ချင်ရုံတို့လည်း အံ့အားသင့်သွားကြပြီး သူတို့ ကိုင်းညွှတ်ကာမှီနေသော စားပွဲသည် ပိုတုန်ရီလာခဲ့သည်။

ထိုအချိန်တွင် မဒမ်ကျုံးသည် သူ၏ဖုန်းအား ထုတ်ယူလိုက်ကာ ဖုန်းဆက်မည့်ပုံပေါက်နေသည်။

"ဦးနှောက်ရှိတဲ့သူတွေ အခြေအနေနဲ့ လိုက်လျောညီထွေဖြစ်အောင်နေတတ်တယ်။ ငါသာ ငါ့ဝမ်းကွဲကိုဆက်သွယ်လိုက်မယ်ဆိုရင် အကုန်လုံးရှုပ်ထွေးကုန်လိမ့်မယ်။ ငါတို့ ဒီလို တွေ့ ခွင့်ရတာကကံကြမ္မာပဲ။ ပြီးတော့ ကောင်းတဲ့ကိစ္စဆိုလည်း ဟုတ်တယ်။ မစ္စကျီ နောက်တစ်ခါငြင်းလောက်မှာ မဟုတ်ဘူးလို့ထင်တယ်၊ ဟုတ်တယ်မလား?"

ကျီဖေး နှုတ်ခမ်းအားဖိကိုက်ထားပြီး စိတ်ညစ်နေပုံပေါ် သည်။

[ ဘာလုပ်ရမလဲ? ဒါက အားနည်းဟန်ဆောင်ပြီးနောက် ဆုံးမှာ အနိုင်ရသွားတဲ့ ဂန္တဝင်ဇာတ်လမ်းကြီးပဲ၊ ငါ မျက် နှာဖြတ်တဲ့ဇာတ်လမ်းကို ကပြဖို့ အဆင်သင့်ဖြစ်နေပြီ၊ စိတ်လှုပ်ရှားစရာပဲ၊ ဘယ်လိုသရုပ်ဆောင်ရမလဲ? အနားကစားပွဲထိုးက ငါ့ အဆင့်အတန်းကိုသိတယ်၊ သူ့ကို လာပြီး ကူညီခိုင်းလိုက်ရမလား ? ဒါမှမဟုတ် မဒမ်ကျုံးကိုပဲ သူ့ဝမ်းကွဲကို ဖုန်းဆက်ခိုင်းလိုက်မလား၊ ဒါရိုက်တာတွေအားလုံး ငါ့ကိုသိတာကြောင့်၊ ပြီးရင် အားလုံးကိုအံ့အား သင့်သွားအောင်လုပ်လိုက်ရမလား? အာား... ငါ ဘယ်လိုစရမလဲ ? ဒါက တကယ်စိတ်ရှုပ်စရာပဲ၊]

ကျီဖေး၏အတွင်းစကားများအား ကြားနေရသော မားမားချင်နှင့် ချင် ရုန်တို့သည်လည်း စိတ်လှုပ်ရှားလာကြသည်။ သူတို့ထွက်လာပြီး တိုက်ရိုက်ကူညီကာ သူတို့၏ အဆင့်အတန်းကိုဖော်ပြလိုက်မည်။ ဤ အမျိုးသမီးများမှ မယုံကြည်ဘဲဆက်လက်ပြီး သူတို့ကို စော်ကားမိလျှင် ပိုကောင်းလိမ့်မည်။

ထိုသို့ဆိုလျှင် သူတို့သည် လူကြွယ်မိသားစု၏မိခင်နှင့် ညီမအဖြစ် မာန်မာနထောင်လွှားကာ အာဏာပြသည့်ဇာတ်ကောင်များ ဖြစ်လာမည်... စဉ်းစားရုံနှင့်ပင် စိတ်လှုပ်ရှားစရာဖြစ်နေသည်။

သူတို့သုံးဦးသည် အမျိုးမျိုးသောရှုထောင့်များမှအင် အားများအားပြသရန် ပြင်ဆင်နေကြသည်။

သို့သော် ရုတ်တရက်တစ်စုံတစ်ယောက်က တံခါးတွန်းဖွင့်ကာဝင်လာခဲ့သည်။

"ရှောင်မေ့မေ့၊ ဒီမှာ ဘာလုပ်နေတာလဲ ?"

"ဝမ်းကွဲ၊ ရှင့်ကို ရှာဖို့လာတာ ?"

မဒမ်ကျုံးသည် တံခါးဘက်သို့ အံ့အားသင့်စွာကြည့်ကာ လက်ပြလိုက်ပြီး ကျီဖေးအား မဲ့ပြုံးပြုံးလိုက်သည်။

"ကြည့်ရတာ မင်းရဲ့ကံကောင်းခြင်းတွေ ကုန်သွားပြီထင်တယ်။ ငါ အခွင့်အရေးပေးခဲ့တယ်နော်၊ ဒါပေမယ့် မင်းကမျက်နှာသာမပေးတာ ? ကလေးမလေး၊ မင်းရဲ့ သင် ခန်းစာတွေကို ခက်ခဲတဲ့နည်းလမ်းနဲ့ သင်ယူဖို့လိုတယ်။*

"ငါ့ကိုရှာနေတာလား? ဘာလို့ တစ်ယောက်ယောက်ကို ကျိန်ဆဲနေတာလဲ ? သူက ငါတို့ကုမ္ပဏီက အလုပ်သမားလား ? သူက အမှားတစ်ခုခုလုပ်ခဲ့ပြီး မင်းကို စိတ်ဆိုးမိစေလို့လား ?"

ကျီဖေး မျက်နှာမလှည့်ဘဲ နောက်ကျောကိုသာပြသထားသောကြောင့် အသစ်ဝင်လာသူက သူ့အားမမှတ်မိခဲ့ပေ။

Stage သည် အဆင်သင့်ဖြစ်နေပြီဖြစ်သောကြောင့် ကျီဖေး သူ၏အကောင်းဆုံးအချိန်အားစောင့်မျှော်နေခဲ့သည်။

"တကယ်ပါပဲ။ တချို့ငယ်ရွယ်တဲ့မိန်းကလေးတွေက တန်ဖိုးထားမှုနဲ့ပတ်သက်ပြီး မေးခွန်းထုတ်စရာတွေရှိတယ်။ သူတို့က လက်ရှိမှာအချစ်ခံနေရတာကြောင့် ဘယ်သူ့ကိုမှ ကြောက်စရာမလိုဘူးလို့ ထင်နေကြတ။။ သူတို့ရဲ့အကြီးအကဲတွေအပေါ် လေးစားမှုမရှိဘူး။ ဝမ်း ကွဲ၊ ဒီမိန်းကလေးက ဘယ်သူ့ဟာလေးလဲဆိုတာကြည့်ပေးပါဦး၊ ဒါဆိုရင် ငါတို့ သူတို့ဆီကိုပြန်ခေါ်သွားပြီး သူ့ကိုသင်ခန်းစာပေးဖို့ ပြောရမယ်။"

ဒါရိုက်တာက ရယ်မောပြီး ချက်ချင်းနားလည်သွားကာ သူ ဘယ်သူ့လက်ထောက်လဲဆိုတာကို မေးမြန်းဖို့ရှေ့တိုးလာခဲ့သည်။

မားမားချင်နှင့် ချင်ရုန်က စိတ်လှုပ်ရှားနေခဲ့ပြီး ထကာဖြေကြားရန် အဆင်သင့်ဖြစ်နေသည်၊

ကျီဖေးသည်လည်း ပျော်ရွှင်နေပြီး ထပြီးအားလုံးကို အံ့အားသင့်စေရန် အဆင်သင့်ဖြစ်နေသည်။

ထိုအချိန်တွင် တက်ကြွမှုမရှိသော အေးစက်သည့်အသံတစ်ခုသည် တံခါးဝမှပျံ့လွင့်လာခဲ့သည်။

"သူက ငါ့ဟာ၊ ပြဿနာရှိလို့လား ?”

ချက်ချင်းဆိုသလို အားလုံး တံခါးဘက်သို့ကြည့်လိုက်ကြသည်။ အစည်းအဝေးအပြီး အနည်းငယ်နောက်ကျပြီးမှဝင်လာသူသည် ဒါရိုက်တာ၏နောက်တွင် တစ်လှမ်းအကွာမှဝင်လာခဲ့သည်။

ဒါရိုက်တာက အံ့အားသင့်သွားသည်။ မစ္စတာချင် ?

ဘာဖြစ်နေတာလဲ ? ချင်ရှန့်မှာအငယ်အနှောင်းမရှိပါဘူး၊ လက်ရှိ သူ့အနားမှာထားတဲ့ တစ်ယောက်တည်းသော သူက… အိုး… ဒါ မကောင်းတော့ဘူး။

ဒါရိုက်တာသည် အမူအရာမဲ့စွာအေးခဲသွားသည်။

မဒမ်ကျုံးသည် သူ့ဝမ်းကွဲ ဤနေရာတွင် ဒါရိုက်တာဖြစ်နေသောကြောင့် ချင်ရှန့်အား အကြိမ်အနည်းငယ်တွေ့ ဖူးခဲ့သည်။ ချင်ရှန်မျက်နှာသည် တစ်ခါမြင်ပြီးလျှင် ဘယ် တော့မှမေ့မရနိုင်ပေ။

တဒင်္ဂလောက် မဒမ်ကျုံး၏ဦးနှောက်သည် ဓာတ်လိုက်သကဲ့သို့ဖြစ်သွားခဲ့ပြီး ချင်ရှန့် ပြောခဲ့သည့် စကားအား နားမလည်နိုင်ခဲ့ပေ။

ချင်ရှန်မှ သူတို့၏နေရာသို့လျှောက်လာပြီး ကျီဖေး၏ ဘေးတွင် ရပ်လိုက်မှသာ သူနားလည်သွားခဲ့သည်။

တစ်စုံတစ်ယောက်က မဒမ်ကျုံးအား တိတ်တဆိတ်မေးလိုက်သည်။

"အဲ့တာ ဘယ်သူလဲ... ?"

အကြောင်းမှာ သူတို့သည် လေထုပြောင်းလဲမှုကို သတိ ပြုမိသွားကြသောကြောင့်ဖြစ်သည်။

"မစ္စတာချင် ၊ သူ... သူက ရှင့်ဟာလား... " မဒမ်ကျုံး၏ မျက်လုံးများသည် ကျီဖေးနှင့် ချင်ရှန့် တို့ကြားလှုပ်ရှားနေခဲ့သည်။

ချင်ရှန် ကျီဖေး၏ပခုံးအား ဖက်ကာ နူးညံ့သောအသံဖြင့်

“ဘာဖြစ်သွားတာလဲ ?"

ကျီဖေး ခေါင်းမော့ပြီး မကျေမနပ်ဖြစ်နေသည့် မျက်နှာဖြင့် ချင်ရှန့်အားကြည့်လိုက်သည်။

ချင်ရှန် : ?

[ ငါ့ရဲ့ show ၊ ငါ့ရဲ့ ပေါ်ထွက်လာမှု၊ ပျော့ညံ့ဟန်ဆောင်ပြီး စားပွဲတွေကိုလှန်ပစ်မလို့ကို... ချင်ရှန့်၊ ရှင် ဘယ်လိုလုပ်လိုက်တာလဲ... ဝူးဝူးဝူးးး။ စိတ်ကျေနပ်မှုမရှိတော့ဘူး၊ ဒါ အမှိုက်ပုံးကိုယူပြီး တစ်ဝက်တစ်ပျက်မှာတင် ရပ်တန့်သွားတာနဲ့ ဘယ်ကွာတော့မလဲ။]

ချင်ရှန့် နေဦး၊ ငါတို့ ဒီအကြောင်းပြောလို့ရတယ်၊ ဒါက ဘယ်လိုဖော်ပြချက်မျိုးလဲ၊?

ရုတ်တရက် ကျီဖေးသည် သူ၏မျက်လုံးများအားကျဉ်း မြောင်းကာ ရုတ်တရက်ခေါင်းလှည့်ပြီး ချင်ရှန့်၏ခါးအား တင်းတင်းကြပ်ကြပ်ပွေ့ဖက်ကာ အင်္ကျီပေါ်မှပင် ခံစားနိုင်သည့် တင်းမာသောဗိုက်သားများကို အရူးအမူးပွတ်တိုက်လိုက်သည်။

ချင်ရှန့်၏ခန္ဓာကိုယ်တောင့်တင်းသွားသည်။

"ဝူးဝူးဝူးးး အချစ်လေး၊ ကျွန်မ ကြောက်တယ်။ ကျွန်မက သူတို့ကို တစ်ခုခုလုပ်ပေးဖို့ငြင်းဆိုခဲ့လို သူတို့က ရှင့် အ တွက်အစားထိုးဖို့ မိန်းမရှာပေးမယ်လို့ ပြောနေကြတယ်။ စန်းတိနဲ့ ငါ့ရဲ့ဆက်ဆံရေးကိုတောင် ခြိမ်းခြောက်ချင်နေကြတယ်။ ဝူးဝူးဝူးးး ငါ မှားသွားတယ်၊“

ချင်ရှန် :

[ ငါ့ show ပွဲကို ဘယ်သူမှခိုးလို့မရဘူး... အိုး ဟို Abs တွေ ~ ဒါက… ရည်ရွယ်ချက်ရှိရှိတော့ မဟုတ်ဘူး... ဟီးဟီး တောင့်လိုက်တာ၊ ငါ့မျက်နှာကို နည်းနည်းလောက်ကြာအောင်မြုပ်ထားခွင့်ပြုပါ။]

ချင်ရှန့်...

အမျိုးသမီးအုပ်စုသည် ကျောက်တုံးများအဖြစ်သို့ ပြောင်းလဲသွားသည်။

All Chapters