အခန်း (၁၂၀)
Vol. 12 Ch. 120
မဒမ်ကျုံးမှာအေးခဲသွားကာ သူ့မျက်နှာသည်လည်း ချက်ချင်းဆိုသလိုဖြူဖျော့သွားလေသည်။
ချင်ရှန့်သည်ခက်ထန်စူးရှသည့်အကြည့်ဖြင့် "ကျီလောင်ရှစ်က သူ့ဘဝကိုသူ့စိတ်ကြိုက်နေနိုင်တယ်..မှားလား ? မှန်လား ? ဆိုတာ အပြင်လူတွေ ဝင်ဆုံးဖြတ်ပေးစရာမလိုဘူး.”
ထိုနေရာရှိဘုတ်ဒါရိုက်တာသည်အလွန်ကြောက်ရွံ့သွားရသည်။သူ သေချာပေါက်ပြောနိုင်သည်မှာ ချင်ရှန့်အမှန်တကယ် ဒေါသထွက်နေချေပြီ။
“မယားငယ်ကိုကာကွယ်ပေးတယ်လို့ တစ်စုံတစ်ယောက်ကိုပေါ့ပေါ့တန်တန်စွပ်စွဲလိုက်တာက ကျီလောင်ရှစ်ရဲ့ဂုဏ်သတင်းကိုဘယ်လောက်အထိ ထိခိုက်သွားစေနိုင်လဲဆိုတာ ခင်ဗျားသဘောပေါက်သင့်တယ်…ကျွန်တော်တို့ရဲ့ရှေ့နေတွေ မဒမ်ကျုံးနဲ့ လေးလေးနက်နက်စကား ပြောဖို့လိုနေပြီထင်တယ်။ ပြီးတော့ ကျီလောင်ရှစ်က မယားငယ်ကိုအမှန်တကယ် ကူညီပေးခဲ့တယ်ဆိုတာကို မဒမ်ကျုံးဖက်က ခိုင်လုံတဲ့သက်သေအထောက်အထားထုတ်ပြနိုင်ဖို့မျှော်လင့်တယ်။”
နောက်ဆုံးစာကြောင်းသည် သူမအားလဲကျလုနီးပါးဖြစ်စေခဲ့ရာ ဘုတ်ဒါရိုက်တာမှသူမကိုတည်ငြိမ်အောင်ထိန်းကိုင်ပေးလိုက်ရသည်။
ဤအခြေအနေသည် သူမစိတ်ကူးထားသလိုမဟုတ်ပေ။သူတွေးထားသည်ကား ကျီဖေးမှမယားငယ်ကိုကာကွယ် ပေးနေကြောင်းဖော်ထုတ်လိုက်ပါက အနည်းဆုံးအနေနှင့် မာစတာချင်မှ ထိုအခြေအနေကိုစုံစမ်းမေးမြန်းပြီး ကျီဖေးအား ပြင်းပြင်းထန်ထန်အပြစ်ဖော်ဆုံးမမည်ဟုပင်။မာစတာချင်မှ ဤကဲ့သို့တုံ့ပြန်လိမ့်မည်ဟု သူ လုံးဝမမျှော်လင့်ထားခဲ့ပေ။
ထို့အပြင်ထိုစုံတွဲ၏ပြောဆိုပုံမှာလည်း အတော်လေးကို တူညီသည်။ ကျီဖေးသည်လည်း သူမအား ယုရို့ရင်မှ မယားငယ်ဖြစ်ကြောင်း အထောက်အထားတောင်းခဲ့သေးသည်။
အဝေးတစ်နေရာမှ ချီရုန်သည် “ဝိုး….ဒါ ဒုတိယအကိုတစ်ယောက်ယောက်ကိုအရှက်ခွဲနေတာ ပထမဆုံးကြားဖူးတာပဲ” ဟု အံ့ဩတကြီးပြောလိုက်သည်။
မားမားချင်သည် တစ်ခဏမျှထိတ်လန့်သွားခဲ့သော် လည်း မပြုံးမိဘဲ မနေနိုင်ချေ။
“ဘာလဲ မား”ချင်ရုန် သူ့မားကို ဇဝေါဖြင့်ကြည့်လိုက်သည်။
ချင်မားမားမှ “မင်းရဲ့အာ့ကော နည်းနည်းပြောင်းလဲသွားတယ်လို့ခံစားမိတယ်..ဖေးဖေး ဒီအခြေအနေကိုအေး အေးဆေးဆေးကိုင်တွယ်ပြီး သူ့ ဘာသာပြန်တုံ့ပြန်နိုင်ခဲ့တယ်။ ဒီလိုအခြေအနေမျိိုုးမှာ မင်းရဲ့အာ့ကော ဝင်ပါလေ့မရှိဘူး။ ဒီတစ်ကြိမ်တော့ ……သူ မတည်ငြိမ်နိုင်တော့တဲ့ပုံပဲ။”
ချင်ရုန် တစ်ခဏမျှစဉ်းစားပြီးမေးလိုက်သည် “အာ့ကောက အာ့စောင်ကို အမြဲတမ်းကာကွယ်ပေးခဲ့တာမဟုတ်ဘူးလား။”
မားမားချင် ပြုံးလိုက်ပြီး ဘာမှတော့မပြောပေ။ ချင်ရှန့်သည် ယခင်က တာဝန်တစ်ခုအနေနှင့်ကာကွယ်ခဲ့တာဖြစ်သည်။ ယခုမူ ယခင်အကြိမ်များနှင့်မတူပါချေ။ သူတစ်ခါမှ ဤမျှလောက်မြန်မြန်ဆန်ဆန်မတုံပြန်ဖူးပေ။တစ်ဖက်သူမှ ကျီဖေးအရှေ့နောက်တစ်ကြိမ်ပေါ်လာနိုင်မည့်အခွင့်အရေးလုံးဝမပေးဘဲ ချက်ချင်းပြန်တုံ့ပြန်ကာ ပြင်းထန်သည့်ထိုးနှက်ချက်တစ်ခုပို့ပေးလိုက်သည်။
ထို့သို့သောကာကွယ်မှုမျိုးသည်ကား တာဝန်အရတုံပြန်မှုမျိုးမဟုတ်ဘဲ နှလုံးသားထဲမှထွက်ပေါ်လာသည့်ကာကွယ်လိုခြင်းမျိုးဖြစ်သည်။
ချင်မားမားတို့တင်မဟုတ် ချင်ရှန့်ဘေးတွင်အမြဲရှိနေခဲ့သည့် အထူးလက်ထောက်သည်ပင် အတော်လေးအံ့အား သင့်သွားရသည်။
မာစတာချင် ပြတ်ပြတ်သားသားပြောပြီးသည့်နောက် ရူးနေသူ သို့မဟုတ် ငတုံးတစ်ယောက်ဖြစ်နေမှသာပြန်ငြင်း ခုံဝံ့ပေမည်။
မဒမ်ကျုံးသည် မတရားခံနေရသလို ခံစားရပြီး မလိုလားသော်လည်း ဤအခြေအနေကိုလက်ခံရပေမည်။ အဆုံးတွင် ဘုတ်ဒါရိုက်တာသည် သူမနှင့်အတူ သူတို့၏မသင့် လျော်သော နှုတ်ထွက်စကားများအတွက် ရိုးသားစွာတောင်းပန်ခဲ့ရလေသည်။
သို့သော်လည်း ချင်ရှန့်သည်သူတို့ကို ကျေနပ်ပုံမပေါ်ဘဲ တိုက်ရိုက်ပြောလိုက်သည်။
"အကယ်၍အနာဂတ်မှာ ဒီကောလဟလလိုမျိုးအတင်း အဖျင်းတွေ ထပ်ပျံ့လာပြီး ကျီလောင်ရှစ်အပေါ်သက် ရောက်စေခဲ့ရင် ငါ အဲ့တာကိုအဆုံးထိလိုက်ဖော်ထုတ်ရလိမ့်မယ်”
ထိုစကားနှင်ပတ်သက်၍ နောက်ထပ်ဆွေးနွေးစရာမလိုပေ။ ချင်ရှန့်သည် ကျီဖေးဘက်လှည့်ကာ ငြင်သာသောအသံဖြင့်မေးလိုက်သည်။
"ကိုယ်တို့ သွားကြမလား"
ကျီဖေး ချင်ရှန့်အားစိုက်ကြည့်နေလေရာ သူမ၏ကြည် လင်သောမျက်ဝန်းများအတွင်း၌ ချင်ရှန့်၏ပုံရိပ်ထင် ဟပ်နေလေသည်။
ချင်ရှန့်သည်နားမလည်နိုင်ဖြစ်နေရာမှ ကျီဖေး၏စိတ်အတွင်းမှအော်ဟစ်သံကိုကြားလိုက်ရသည်
"သေစမ်း…ငါကြွေပြီ! အဲ့ဒီစီအီးအို ပုံစံစကားတွေက အရမ်းမိုက်တာပဲ !! သူ စမတ်ကျလွန်းတယ်!!!”
ချင်ရှန့်၏မျက်နှာပေါ်ရှိအေးခဲမှု အစအနလေးများက ချက်ခြင်းအရည်ပျော်သွားရပြီး သူ့ပါးပြင်မှာလည်းရုတ်ချည်းပူလောင်လာရသည်။
ပြီးပြည့်စုံသည့်ပုံမှန်အခြေအနေဖြစ်နေရာမှ ကျီဖေး၏ အတွင်းစိတ်မှတ်ချက်များကြောင့် ရှက်ရွံ့ဖွယ်ရာဖြစ်လာခဲ့သည်။
မျှော်လင့်ထားသည့်အတိုင်းပင် စိတ်အခြေအနေဖျက်ဆီးသည့်နေရာတွင် ကျီဖေးသည်ဆရာတစ်ဆူဖြစ်သည်။
ချင်ရှန့်က ကျီဖေး၏ပခုံးကိုညင်ညင်သာသာပုတ်လိုက်သည့်အခါမှ သူမထရပ်လာသည်။ ချင်ရှန့်သည် သူ့အ ထူးလက်ထောက်အား သူတို့လက်ခံထားသည့် တောင်း ပန်လက်ဆောင်များကို ကူညီသယ်ပေးရန်တောင်းဆိုလိုက်သည်။
နောက်ဆုံးတော့ ထိုပစ္စည်းများသည် ကျီဖေးမမျှော်လင့်ဘဲပွပေါက်တိုးလာသည်များဖြစ်လေရာ မချန်ထားခဲ့နိုင်ပေ။
သူတို့သည်ချင်ရှန့်၏အရှိန်အဝါများဖြင့်ခြိမ်းခြောက်ခံထားသဖြင့်မလှုပ်ရှားရဲဘဲ တောင့်တင်းနေသည့် လူတစ်စုကိုချန်ထားလျက်ထွက်လာခဲ့ကြသည်။ တံခါးနားရောက်လုနီးနီးတွင် ချင်ရှန့်ရပ်လိုက်ပြီး အနီးရှိကိုယ်ပိုင်တဲဟု အမည်တပ်ထားသည့်နေရာကိုကြည့်ကာ
"မား...မေ့မေ့”
ချင်မားမားနှင့်ချင်ရုန်သည်သူတို့ကိုချင်ရှန့်သတိမပြုမိဟု ထင်ထားခဲ့သည်။ ထိုနှစ်ဦးသည်ကိုးရိုးကားယားနိုင်စွာဖြင့် သူမတို့၏နေကာမျက်မှန်များကိုဖယ်ရှားလိုက်ပြီး သူ့ကိုနှုတ်ဆက်လိုက်ကြသည်။
အခြားတစ်ဖက်ရှိကျီဖေးသည် သူတို့ထိုနေရာတွင်ရှိနေသည်ကိုလုံးဝသတိမထားမိသဖြင့်အတော်လေး အံ့ဩသွားခဲ့ရသည်။
ထိုပေါ်ထွက်လာမှုသည် အခြားသူများကိုပင်တုန်လှုပ်စေခဲ့သည်။အမျိုးသမီးများအဖွဲ့ဝင်များသည် စီအီးအို၏အမေနှင့်ညီမရောက်လာသည်ကိုမသိလိုက်ကြပေ။သို့သော် ချင်ရှန့်ထက်စောပြီးရောက်လာသည်မှာသေချာသဖြင့် သူမတို့ ကျီဖေးအပေါ်မနှစ်မြို့ဖွယ်ရာစကားများပြောခဲ့ကြသည်ကို သေချာပေါက်ကြားသွားပေလိမ့်မည်။
ဤသည်ကားမကောင်းမှုလုပ်နေချိန်ဖမ်းမိခံလိုက်ရသလိုပင် ကောလာဟလထက်ပင်ပို၍ နေမထိထိုင်မသာဖြစ်စေသည်။
'ဒါပေမယ့် ခုနတုန်းက ကျီဖေးကိုကာကွယ်ဖို့ သူတို့မထွက်လာကတည်းက ဒီယောက္ခမ၊ ယောင်းမနဲ့ ချွေးမကြားကဆက်ဆံရေးက မကောင်းဘူးလို့ဆိုလိုတာမဟုတ်လား..ဒါဆို သူတို့ကျီဖေးကို မကောင်းပြောထားတာတွေ သူတို့မေ့ကောင်းမေ့သွားနိုင်တာပဲ'
သူတို့တွေမလွယ်ကူဘူးဟု ခံစားနေရချိန်မှာပဲ ချင်မားမားနှင့်ချင်ရုန်တို့သည် ယာယီနားနေခန်းမှစိတ်လှုပ်ရှားစွာပြေးထွက်လာသည်ကိုတွေ့လိုက်ရသည်။ ချင်ရှန့်မှအလိုအလျောက်လမ်းဖယ်ပေးလိုက်ရာ ချင်မားမားနှင့်ချင်ရုန်တို့သည် ကျီဖေး၏လက်မောင်းကိုတစ်ဖက်စီမှ ချက်ခြင်းလှမ်းချိတ်လိုက်ကြသည်။
“ဘယ်တုန်းက ရောက်နေတာလဲ ? ဘာလို့လှမ်းမခေါ်လိုက်တာလဲ”
“ငါတို့ရှိုးကြည့်ဖို့ ကွက်တိရောက်လာခဲ့တာ ငါတို့ရဲ့ဖေးဖေးကို အမိန့်ပေးဖို့ ဘယ်သူကများဩဇာအရှိန်အဝါကြီးမားသလဲဆိုတာကို တအားစပ်စုချင်နေခဲ့တာလေ။”
“အာ့စောင်…အာ့စောင် ညီမတို့က ခမ်းခမ်းနားနားထွက်လာမလို့လုပ်နေတာ၊ အာ့ကော ဖျက်ဆီးပစ်လိုက်တာ”
“ဘာ ? နင်တို့လည်း ဒီရှိုးကိုခိုးဖို့စီစဉ်နေတာလား”
စီအီးအိုချင်က ကျိုးနွံစွာဖြင့်တံခါးဖွင့်ရန်ကူညီပေးပြီး လမ်းပြနေစဉ်တွင် အမျိုးသမီးသုံးဦးတို့သည်စကားပြောနေကြပြီး အဆက်မပြတ်ရယ်မောနေခဲ့ကြသည်။
နားနေခန်းတွင်ကျန်နေခဲ့သူများသည် မျက်နှာများဖြူ ဖျော့လျက်ရှိသည်။ သူမတို့ပေးလိုက်သည့်လက်ဆောင်များသည် တစ်ဖက်သူအတွက် လုံလုံလောက်လောက်ကောင်းမွန်နေဖို့သာ ဆုတောင်းရတော့မည်ဖြစ်သည်။
ဘုတ်အဖွဲ့ဒါရိုက်တာသည် မဒမ်ကျုံးကိုမျက်နှာသာမပေးဘဲ ချက်ခြင်းမောင်းထုတ်လိုက်သည်။
အခြားအမျိုးသမီးလေးဦးသည်လည်း အတော်လေးကိုရှက်ရွံစွာဖြင့်ထွက်လာကြသည်။အဓိကခန်းမထဲသို့ရောက်ချိန်တွင် မနေနိုင်ဘဲ မဒမ်ကျုံးကိုစပြီးအပြစ်တင်ကြတော့သည်။
“လုံလောက်ပြီ၊ ဒါ မတော်တဆလေးတစ်ခုပဲ... သူတို့လက်စားခြေချင်ရင်တောင် ငါနင်တို့အတွက်ဖြေရှင်းပေးမယ်။ အခုဘာအကြောင်းငြင်းနေကြတာလဲ ငါတို့ ယုရို့ရင်ကိုထပ်ပြီး boycott ကြဦးမလား”
“နင် ဘာအကြံပြုချင်လဲ နင့်ရဲ့အစီအစဉ်က အခုအလုပ်မဖြစ်တာသိသာတယ် ပြီးတော့ သူတို့ကိုထပ်ပြီး သွားမဆွရဲဘူးလေ”
မဒမ်ကျုံး၏အကြည့်များ စူးရှလာလျက်”ငါတို့သူတို့ကိုမလိုဘူး၊ ဒီမြေခွေးမကို ပရိတ်သတ်တွေဆီက ကဲ့ရဲ့ခံရအောင်လောက်တော့ ငါ လုပ်နိုင်သေးတယ်”
တစ်ချိန်တည်းတွင် ကျီဖေးနှင့်ပတ်သက်သောအလုပ် များကိုလွှဲပြောင်းယူနေသည့်ဖေးမင်ရွှမ်သည် အမည်မသိဖုန်းကောတစ်ခုကိုလက်ခံရရှိခဲ့သည်။
သူမ တအံ့တဩဖြင့် မျက်ခုံးပင့်လျက် “ယုလောင်ရှစ်၊ ရှင် ကျွန်မကိုအကူအညီတောင်းနေတာလား၊ ရှင် ကျွန်မတို့စတူဒီယိုကို ဝင်လာချင်တယ် ? ရှင့် အခုလက်ရှိအ ခြေအနေကို……ရှင် လည်းသိမှာပါ ဆိုးကျိုးတွေချည်းပဲဆိုတာကို..”
အခြားတစ်ဖက်တွင် ကျီဖေးနှင့်အခြားသူများသည် စီအီးအိုချင်၏ရုံးခန်းသို့အတူတကွပြန်လာခဲ့ကြသည်။ရုံးဆင်းချိန်နီးနေပြီဖြစ်သဖြင့် အတူတကွအိမ်ပြန်ဖို့ရာ ချင်ရှန့်၏ အချို့အလုပ်များလက်စသတ်နေသည်ကိုစောင့်ရန်ဆုံးဖြတ်လိုက်ကြသည်။
ထို့ကြောင့်အမျိုးသမီးသုံးဦးသည်ရုံးခန်းအတွင်းရှိဆိုဖာရှည်ပေါ်တွင်ထိုင်ကာ တောင်းပန်လက်ဆောင်များကိုဖွင့်ဖောက်နေရင်းဖြင့် မကြာသေးမီက အတင်းအဖျင်းကို အားရပါးရဆွေးနွေးလျက်ရှိသည်။
ချင်မိသားစုဝင်များသည်ပိုက်ဆံမပြတ်လပ်ကြသော် လည်း လက်ဆောင်ထုပ်ဖွင့်ဖောက်ခြင်းဖြင့် မမျှော်လင့်ထားသည့်ပျော်ရွှင်မှုကိုတွေ့ရှိသွားကြရာ အလွန်စိတ်လှုပ်ရှားနေခဲ့ကြသည်။
ချင်ရှန့်သည်သူ၏အလုပ်စားပွဲဆီသို့သွားပြီးထိုင်လိုက်သည်။တစ်ချိန်တည်းမှာပဲ မောက်စ်ကိုထိပြီးကွန်ပြူတာစခရင်ကိုဖွင့်လိုက်သည်။
လက်ဝတ်ရတနာများကိုကိုင်ထားပြီး ချင်မား ချင်ရုန်တို့နှင့်အတူ ဈေးနှုန်းခန့်မှန်းသည့်ဂိမ်းကစားနေသည့် ကျီဖေးဆီလှမ်းမကြည့်မီ ကွန်ပြူတာကိုဖျပ်ကနဲကြည့်ရာမှ ပြန်ပြီးစူးစိုက်ကြည့်မိသည်။
“ကျီဖေး…ဒီကို လာပါဦး”
ချင်ရှန့် တည်ငြိမ်စွာခေါ်လိုက်သည်။
သူမ အကူညီကိုလိုအပ်နေသည်ဟုထင်သဖြင့် ကျီဖေးပျော်ရွှင်စွာခုန်ပေါက်လာခဲ့သည်။
“ဘာလဲ..”
ချင်ရှန့်က စခရင်ကိုညွှန်ပြလိုက်သည်။ ကျီဖေး ခေါင်းကိုလှည့်လိုက်သည်။ ထို့နောက် သူမ၏အပြုံးသည်အေးခဲသွားသည်။
“ချီး၊ ငါ ဒါကိုလုံးဝမေ့နေတာ”
ချင်ရှန့်၏နှုတ်ခမ်းထောင့်များတွန့်သွားကာ သူ့မျက်ဝန်းများကလည်းအနည်းငယ်မှိန်ဖျော့သွားလျက် “စာပြန်လိုက်..”
ကျီဖေး လုံးဝကိုဇဝေဇဝါဖြစ်သွားပုံဖြင့
“ဟမ် ?”
[သူ ငါ့ကို စာပြန်စေချင်တယ်တဲ့လား..ဘာစာပြန်ရမလဲ…ဒီအီးမေးလ်က သူ့ရဲ့ရည်းစားဟောင်းဆီကဆိုတာ သူ မသိဘူးလား…သူ သိနေသင့်တယ်လေ ဟုတ်တယ်မလား.. အချိန်နဲ့ မေးလ်လိပ်စာက ရှင်းရှင်းလင်းလင်းကြီးဖော်ပြထားတာပဲကို…]
လက်ဆောင်ထုပ်များဖောက်နေသည့်ချင်မားမားနှင့်ချင်ရုန်:!!!!!!!!!!!!
ဘာတွေလဲ ? ရည်းစားဟောင်း ? အီးမေးလ်?
ချင်မိသားစုသည် အမှန်တကယ်ကို ယုကျစ်အကြောင်းသိပ်မသိကြပေ။ သူတို့၏သား တက္ကသိုလ်တက်နေစဉ် ဆက်ဆံရေးတစ်ခုရှိခဲ့ကြောင်းကိုသာ သိထားကြသည်။သို့သော်လည်း ချင်ရှန့်သည်သူ၏ချစ်သူမိန်းကလေးကို တစ်ခါမှအိမ်ပြန်ခေါ်မလာဖူးပါချေ။ ချင်ရှန့်၏ပါးစပ်မှသူမနာမည်ထုတ်ပြောသည်ကိုပင် ကြားရခဲပြီး ချင်ရှန့်ထူးထူးဆန်းဆန်းပြုမူပုံ သို့မဟုတ် အချစ်ကြောင့်ရှုပ် ထွေးသွားပုံမျိုးကို သူတို့တစ်ခါမှမမြင်ဖူးကြပေ။ သူမ၏ တည်ရှိမှုသည် အခြားတက္ကသိုလ်ရှိသူငယ်ချင်းများနှင့်အတူတူဟုပင်ထင်ရသည်။
သူတို့သည်ချင်ရှန့်နှင့်ပတ်သက်၍ အမြဲစိတ်သက်သာရာရသောကြောင့် သူ့အချစ်နှင့်ပတ်သက်ပြီးအာရုံသိပ်မစိုက်မိကြပေ။ သူတို့ပြန်ကြားချိန်မှာတော့ ထိုဆက်ဆံရေးကအဆုံးသတ်သွားပြီဖြစ်သည်။ ချင်ရှန့်ကိုကြည့်ရသည်မှာလည်း စိတ်ပျက်နေပုံမပေါ်သဖြင့် သူတို့နှစ်သိမ့်စရာလည်းမလို့ခဲ့ပေ။ ထိုကိစ္စသည် ဝေဝေဝါးဝါးဖြင့်သာအဆုံးသတ်သွားခဲ့သည်။
မကြာသေးမီ အတွင်းရေးမှူးကျင်းနှင့်ပတ်သက်ပြီးတစ် စုံတစ်ရာရှိသည်ဟု သူတို့ကြားခဲ့ရသည်။
မည်သို့ပင်ဆိုစေကာမူ တစ်ဖက်သူသည် ချင်ရှန့်လက် ထပ်ထားပြီဖြစ်ကြောင်းသိနေသင့်သော်လည်း အီးမေးလ်တစ်စောင်ပို့လာနေဆဲဖြစ်သည်။ ကျီဖေးကလည်း ထိုအီးမေးလ်ကိုမြင်သွားသေးသည်။ ဤကိစ္စကြောင့် သူတို့အိမ်ထောင်ရေးတွင် ပြဿနာဖြစ်လာနိုင်ချေရှိသည်။
သူ့လက်ဒဏ်ရာရပြီးနောက် ချင်ရှန့်သည် ကျီဖေးနှင့်ပတ်သက်ပြီးတိုးတက်မှု အနည်းငယ်သာရှိလာသေးသည်။
ချင်မားနှင့်ချင်ရုန်တို့နှစ်ယောက်လုံး ချက်ခြင်းတောင့် တင်းသွားကြပြီ နားစွင့်ထားကာခိုးကြည့်လိုက်ကြသည်။
ကျီဖေးသည် ဤအခြေအနေကို ဒရာမာဆန်ဆန်ထိပ် တိုက်တွေ့သည့်ဇာတ်ဝင်ခန်းဟုခံစားနေရသည်။ သူမ ဘယ်လိုတုံ့ပြန်သင့်သလဲ မသိပါချေ။
သူမ ခက်ခက်ခဲခဲတံတွေးမျိုချရင်း သတိတကြီး ပြောလိုက်သည်။
"အိုကေ, ဘာပြောရမလဲဆိုတာ ရှင် ကျွန်မကိုပြောလိုက်.. ကျွန်မ ရှင့်ကိုကူညီပေးမယ်.”
ချင်ရှန့်ကကျီဖေးကို တစ်ချက်ကြည့်လိုက်ပြီး “မင်းငါ့ကိုကူညီစရာမလိုဘူး မင်း ကိုယ်တိုင်စာပြန်သင့်တယ်။”
ကျီဖေး၏သူငယ်အိမ်များ တုန်လှုပ်သွားကြသည်။
[ဒရာမာက ငါ့ ခေါင်းပေါ်ရောက်လာပါလား…ဒါ ဘယ်လိုဂိမ်းမျိုးတုန်း..ကျမရဲ့ CPU လည်း ရှင့်ကြောင့်လောင် းကုန်တော့မယ်..သူက ရှင့်ကိုလဝက်အတွင်းတွေ့ဖို့တောင်းဆိုနေတာကို ကျမက ဘယ်လိုပြန်ဖြေပေးရမလဲ]
“ဘာ….ဖြေရမလဲ ?”
သို့သော် ချင်ရှန့်၏အကြည့်တို့က တင်းမာနေကာ
"ဒီမေးလ်ကို ဘယ်သူပို့လိုက်တာလဲဆိုတာ မင်း မခန့်မှန်းမိဘူးလား..ငါ့ဇနီးတစ်ယောက်အနေနဲ့ မင်းဘယ်လိုစာ ပြန်သင့်သလဲ မသိဘူးလား ?”
ကောင်းကင်တစ်ခွင်မိုးကြိုးများပြည့်နှက်လာသည်။
[ရှင် ကျွန်မကို ရှင့်ရဲ့ဇနီးတစ်ယောက်အနေနဲ့ရှင့်ရဲ့ရည်း စားဟောင်းကိုစာပြန်စေချင်တယ်ပေါ့..ဒါ တကယ်အ ဆင်ပြေရဲ့လားလို့!!!!!]
ကျီဖေး၏ဦးနှောက်မှာလည်း အပူလွန်နေပြီဖြစ်သည်။သူ့စိတ်ထဲတွင်လည်း ချင်ရှန့် ဘာအဓိပ္ပါယ်နဲ့လုပ်ခိုင်းသလဲ ဟူသည့် မေးခွန်းများဖြင့်ပြည့်နှက်နေသည်။
မူလက သူ ထိုမေးလ်ကိုမတော်တဆဖွင့်မိပြီး မမြင်ချင်ယောင်ဆောင်လိုက်ဖို့ရည်ရွယ်ထားခဲ့သည်။ ချင်ရှန့်ကို သူကိုယ်တိုင်ရှာတွေ့စေပြီး တိတ်တဆိတ်ဖြေရှင်းလိုက်ဖို့ရာခွင့်ပြုထားခဲ့သည်။ သို့သော် ချင်ရှန့်သည် ထိုကိစ္စကြောင့် သူမအားအပြစ်တင်သည့်လေသံဖြင့် တိုက်ရိုက်ရင်ဆိုင်လာခဲ့သည်။