← Chapters

အငမ်းမရလုယက်ခြင်း

Vol. 178 Ch. 2656

အငမ်းမရလုယက်ခြင်း

Vol. 178 Ch. 2656

၎င်းသည် အပြင်ဘက်မှုရှိသော ကောင်းကင်လိုဏ်ဂူထောင်ချီ၏ အော်ရာကို အာရုံခံမိသွားသည့်အလား တမလွန်ဘုံရတနာကြေးမုံ၏ မျက်နှာပြင်ပေါ်မှာ လျှို့ဝှက်ဆန်းကြယ်သော စွမ်းအားတစ်ခုစီးဆင်းလာပုံရပြီး မီးခိုးရောင်ဝဲကတော့တစ်ခုကို တဖြည်းဖြည်းဖြစ်ပေါ်လာစေသည်။

ထို့နောက်ချက်ချင်းပင် စွမ်းအားကြီးမားသော ဝါးမျိုစွမ်းအားတစ်ခုက တမလွန်ဘုံရတနာကြေးမုံကနေ ပေါက်ကွဲထွက်ပေါ်လာ၏။

အမြုတေသိုင်းကောင်းကင်လိုဏ်ဂူ ချက်ချင်းမချေဖျက်နိုင်သည့် ကောင်းကင်လိုဏ်ဂူစွမ်းအားများကို တမလွန်ဘုံရတနာကြေးမုံက ဝါးမျိုနေပြီး သိုင်းတာအိုပင်မခန္ဓာပေါ် ဖိအားကလျော့ကျလာခဲ့၏။

ထိုအပြောင်းအလဲက အမြုတေသိုင်းကောင်းကင်လိုဏ်ဂူထဲမှာ ဖြစ်ပွားနေသည်။

မင်ဖုန့်နှင့် အခြားသော တမလွန်ဘုရင်ပညာရှင်များနှင့် ငရဲဘုရင်ပညာရှင်များ၏ စိတ်ဝိညာဥ်အသိစိတ်များက အမြုတေသိုင်းကောင်းကင်လိုဏ်ဂူထဲသို့ မဝင်ရောက်နိုင်ဘဲ သူတို့က ဖြစ်ပျက်နေသည့်အရာကို မသိရှိကြပေ။

အစကတော့ သိုင်းတာအိုပင်မခန္ဓာ၏ အမြုတေသိုင်းကောင်းကင်လိုဏ်ဂူက တဖြည်းဖြည်းလည်ပတ်မှု ရပ်တန့်သွားခဲ့ပြီဖြစ်သည်။

ထိုအခိုက်အတန့်မှာ အမြုတေသိုင်းကောင်းကင်လိုဏ်ဂူက နောက်တစ်ဖန်လည်ပတ်လာပြီး ပို၍ပင်ကြမ်းကြုတ်ခက်ထန်လာကာ စွမ်းအားကြီးမားသော ဝါးမျိုစွမ်းအားက ပေါက်ကွဲထွက်ပေါ်လာ၏။

အမြုတေသိုင်းကောင်းကင်လိုဏ်ဂူ၏ အဝန်းအဝိုင်းကလည်း ရုတ်တရက်ပြန့်ကားလာခဲ့သည်။

မင်ဖုန့်နှင့် ပိုင်နက်အရှင်ဆယ်ပါး၏ အမူအရာများက ရုတ်ချည်းပြောင်းလဲသွားကြသည်။

သူတို့သည် အလွန်တရာလျင်မြန်စွာတုံ့ပြန်ပြီး နောက်သို့ အလောတကြီးဆုတ်ခွာလိုက်ကြ၏။

သို့သော်လည်း သူတို့၏ နောက်ဘက်မှာရှိသော ငရဲဘုရင်ပညာရှင်အုပ်စုက အချိန်မီမရှောင်တိမ်းနိုင်ဘဲ အမြူတေသိုင်းကောင်းကင်လိုဏ်ဂူဖြင့် ဝါးမျိုခြင်းခံလိုက်ရသည်။ သူတို့က စူးစူးဝါးဝါးမအော်ဟစ်နိုင်ခင်မှာပင် ပျောက်ကွယ်သွားကြ၏။

တမလွန်ဘုံရတနာကြေးမုံ၏ ရုန်းကန်ပေါက်ကွဲအားကြောင့် အမြုတေသိုင်းကောင်းကင်လိုဏ်ဂူသည် ဘေးပတ်လည်မှာရှိသော ကောင်းကင်လိုဏ်ဂူများကို ဝါးမျိုရုံသာမဟုတ်ဘဲ ငရဲဘုရင်ပညာရှင်တစ်ရာကျော်ကိုပါ ဝါးမျိုလိုက်သည်။

ထိုမြင်ကွင်းသည် ငရဲဘုရင်ပညာရှင်များ၏ မျက်လုံးထဲတွင် ထိတ်လန့်တကြားဖြစ်လာစေသည်။

နက်မှောင်နေသော ကောင်းကင်လိုဏ်ဂူသည် ကြေမွမသွားရုံသာမက ၎င်းသည် သူတို့၏ ကောင်းကင်လိုဏ်ဂူများနှင့်အတူ ငရဲဘုရင်ပညာရှင်တစ်ရာကျော်ကိုပါ ဝါးမျိုလိုက်လေသည်။

ဤကဲ့သို့ထူးဆန်း၍ ကြောက်စရာကောင်းသောမြင်ကွင်းမှာ ဘယ်သူက မထိတ်လန့်ဘဲနေမှာလဲ။

သိုင်းတာအိုပင်မခန္ဓာကလည်း ဤနေရာမှာရှိသော ရုတ်ရုတ်သဲသဲအခြေအနေကို လေ့လာစောင့်ကြည့်နေ၏။

သူ၏ အမြုတေသိုင်းကောင်းကင်လိုဏ်ဂူသည် ယခုအချိန်ထိ ထိုအဆင့်ကို မရောက်ရှိသေးပေ။

ဤကဲ့သို့သောစွမ်းပကားကို ထုတ်ဖော်လိုက်သည့်အရာသည် အမြုတေသိုင်းကောင်းကင်လိုဏ်ဂူမဟုတ်ဘဲ ၎င်း၏ အနက်ပိုင်းထဲမှ တမလွန်ဘုံရတနာကြေးမုံဖြစ်လေသည်။

တမလွန်ဘုံရတနာကြေးမုံမှ ကောင်းကင်လိုဏ်ဂူများကိုဝါးမျိုပြီး ငရဲဘုရင်ပညာရှင်များ၏ အသွေးအသားများကိုပင် ဝါးမျိုလိုသော သန်မာသည့် စိဆ်ဆန္ဒတစ်ခုရှိနေသည်ကို အမြုတေသိုင်းကောင်းကင်လိုဏ်ဂူက ရှင်းလင်းစွာအာရုံခံမိနိုင်၏။

တမလွန်ဘုံရတနာကြေးမုံသည် အလွန်တရာဆာလောင်နေသော ကြမ်းကြုတ်တောကောင်တစ်ကောင်ကဲ့သို့ ကောင်းကင်လိုဏ်ဂူများ၏ စွမ်းအားကို အငမ်းမရဝါးမျိုနေ၏။

ဤခံစားချက်သည် အရင်တုန်းက ငရဲဖိနှိမ်မီးဖိုနှင့် အနည်းငယ်ဆင်တူနေသည်။ သူ့ကိုယ်သူပြန်လည်ပြင်ဆင်ဖို့အတွက် ၎င်းသည် နတ်ဘုရားလက်နက်များနှင့် ဓမ္မရတနာများစွာကို ဝါးမျိုသန့်စင်ခဲ့လေသည်။

ငရဲဘုရင်ပညာရှင်များသည် အမြုတေသိုင်းကောင်းကင်လိုဏ်ဂူထဲသို့ ဝင်ရောက်လာပြီးနောက် သေဆုံးမသွားပေ။ သူတို့က သူတို့၏ ကောင်းကင်လိုဏ်ဂူများကို ထုတ်ဖော်ပြီး သူတို့၏ အစွမ်းကုန်ဖြင့် တောင့်ခံထားကြ၏။

သူတို့၏ အမြုတေစိတ်ဝိညာဥ်၊ အသားများနှင့်အသွေးတို့တည်ရှိနေပြီး သူတို့၏ ကောင်းကင်လိုဏ်ဂူများမှာ သူတို့၏ စွမ်းအားကြီးမားသော စိတ်စွမ်းအားများလည်းပါဝင်နေ၏။

အမြုတေသိုင်းကောင်းကင်လိုဏ်ဂူသည် သူတို့ကို ဝါးမျိုခဲ့သော်လည်း ၎င်းသည် အချိန်တိုအတွင်းမှာ ငရဲဘုရင်တစ်ရာကျော်ကို သန့်စင်မွမ်းမံဖို့က မဖြစ်နိုင်ပေ။

“ငါတို့တွေက တောင့်ခံထားပြီး အပြင်ဘက်က ငရဲဘုရင်ပညာရှင်တွေနဲ့ပူးပေါင်းနိုင်တာနဲ့ ငါတို့က ဒီကောင်းကင်လိုဏ်ဂူကို သေချာပေါက်ဖျက်ဆီးနိုင်လိမ့်မယ်”

“အဲဒါအမှန်ပဲ”

ငရဲဘုရင်ပညာရှင်များက အပြန်အလှန်ဆက်သွယ်ပြောဆိုပြီး အမြုတေသိုင်းကောင်းကင်လိုဏ်ဂူထဲမှာ အတတ်နိုင်ဆုံးထိန်းထားဖို့ကြိုးစားနေကြ၏။

ထိုစဥ်မှာပင် ရှေးဟောင်းကြေးမုံတစ်ချပ်က အမြုတေသိုင်း ကောင်းကင်လိုဏ်ဂူ၏ အနက်ပိုင်းထဲမှာ တဖြည်းဖြည်းပေါ်ထွက်လာ၏။

မီးခိုးရောင်ကြေးမုံပေါ်မှာ ခပ်ဖျော့ဖျော့သွေးရောင်အလင်းတစ်ခုရှိနေ၏။

အမြုတေသိုင်းကောင်းကင်လိုဏ်ဂူ၏ အနက်ပိုင်းထဲမှာ ၎င်းသည် မျှော်လင့်စောင့်စားနေသော အလင်းရောင်တစ်ခုဖြင့်တောက်ပနေသည့် တစ်ဖက်တည်းသောမျက်လုံးနှင့်တူလေသည်။ ၎င်းသည် မကောင်းဆိုးဝါးဆန်ပြီး တစ်မူထူးခြားစွာ ကြောက်စရာကောင်းနေ၏။

ငရဲဘုရင်ပညာရှင်တစ်ရာကျော်ကျော်သည် ထိုမျက်လုံးဖြင့် ပစ်မှတ်ထားခံရပြီးနောက် လုံးဝမလှုပ်ရှားရဲတော့ဘဲ သူတို့၏ သွေးများအေးစက်လာသည်ဟု ခံစားရသည်။

ဖော်မပြတတ်သောအကြောက်တရားက သူတို့၏ ရင်ထဲမှာ လှိုက်တက်လာကြ၏။

ထိုအကြောက်တရားသည် သူတို့၏ ဝိညာဥ်နှင့် မျိုးဆက်သွေးများ၏ အနက်ပိုင်းထဲကနေလာခြင်း ဖြစ်ပုံရလေသည်။

သူတို့မွေးဖွားလာကတည်းက ဤတစ်ဖက်တည်းသောမျက်လုံးအပေါ် သူတို့၏ အကြောက်တရားက တည်ရှိလာခဲ့သည့်အလားပင်။

အစကတော့ သူတို့၏ မဆုတ်မနှစ်ကြိုးပမ်းမှုမှာ သူတို့သည် သူတို့၏ အမြုတေစိတ်ဝိညာဥ်များကို အဆက်မပြတ်လှည့်ပတ်ခြင်းဖြင့် သူတို့၏ ကောင်းကင်လိုဏ်ဂူများကို ထိန်းသိမ်းထားနိုင်ကြဆဲဖြစ်၏။

သို့သော်လည်း ထိုမျက်လုံးဖြင့် ပစ်မှတ်ထားခံရသောအခါ ကောင်းကင်လိုဏ်ဂူတစ်ရာကျော်ကျော်သည် စတင်၍ယိမ်းထိုးကာ လဲပြိုကျတော့မည့်လက္ခဏာများပြသလာ၏။

ရုတ်တရက်ဆိုသလို...။

ရှေးဟောင်းကြေးမုံက မီးခိုးရောင်အလင်းတန်းတစ်ခုအသွင်ပြောင်းလဲပြီး သူတို့၏ ဘေးပတ်လည်မှာ လှည့်ပတ်လာခဲ့၏။

ဝုန်း... ဝုန်း... ဝုန်း...

ကောင်းကင်လိုဏ်ဂူတစ်ရာကျော်က လဲပြိုကျသွားသည်။

ငရဲဘုရင်ပညာရှင်များ၏ ခန္ဓာကိုယ်များကလည်း မီးခိုးရောင်အလင်းဖြင့် နှစ်ပိုင်းလှီးဖြတ်ခံလိုက်ရပြီး လတ်ဆတ်သော သွေးများက စီးကျလာကာ အမြုတေသိုင်းကောင်းကင်လိုဏ်ဂူ၏ ကြီးမားသော ဧရိယာထဲတွင် သွေးမြူခိုးတစ်ခုက နီရဲကာ ပေါ်ထွက်လာ၏။

တမလွန်ဘုံရတနာကြေးမုံကတော့ ၎င်းသည် ထိုမြင်ကွင်းမှာ အလွန်တရာစိတ်လှုပ်ရှားနေပုံရပြီး သွေးမြူခိုးများထဲသို့ ပြေးဝင်သွား၏။

တမလွန်ဘုံရတနာကြေးမုံသည် ရှေးကျသောသတ္တဝါတစ်ကောင်ကဲ့သို့ ဘေးပတ်လည်မှာရှိသော ကောင်းကင်လိုဏ်ဂူများကို အငမ်းမရဝါးမျိုနေ၏။ တကယ်ဆို ၎င်းသည် ငရဲဘုရင်တစ်ရာကျော်၏ အသားများကိုပင် ဝါးမျိုနေ၏။

အသက်ရှူချိန်အနည်းငယ်အတွင်းမှာ အမြုတေသိုင်းကောင်းကင်လိုဏ်ဂူထဲတွင် မည်သည့်သွေးမှ ဆက်လက်၍မကျန်ရှိတော့ပေ။

ထိုကဲ့သို့ပင် ငရဲဘုရင်တစ်ရာကျော်သည် အလောင်းများပင်မကျန်ဘဲ တမလွန်ဘုံရတနာကြေးမုံ၏ ဝါးမျိုခြင်း ခံလိုက်ရ၏။

ကောင်းကင်လိုဏ်ဂူထဲမှာ လွင့်မျောနေသော သိုလှောင်အိတ်တစ်ရာကျော်ကျော်သာလျှင် ကျန်ရစ်ခဲ့လေသည်။

သိုင်းတာအိုပင်မခန္ဓာက တိတ်တဆိတ်ထိတ်လန့်သွား၏။

ဤတမလွန်ဘုံရတနာကြေးမုံက အရမ်းကိုနတ်ဆိုးဆန်ပြီး ကြမ်းကြုတ်ရက်စက်လွန်းလေသည်။ ၎င်းသည် မဟာအဝီစိမှာ နှစ်ပေါင်းမရေမတွက်နိုင်လောက်အောင် ငြိမ်သက်လာခဲ့ပြီးနောက် ယခု... အမျိုးမျိုးသော ငရဲဘုရင်များ၏ ကောင်းကင်လိုဏ်ဂူများကို ဝါးမျိုပြီး နိုးထလာခဲ့သည်။ ယခု... ၎င်းက ပြန်လည်အားဖြည့်နေလေသည်။

သူ့ကိုယ်သူ ပြန်လည်မွန်းမံပြင်ဆင်ဖို့အတွက် ၎င်းဝါးမျိုလိုသောစွမ်းအားသည် ကောင်းကင်လိုဏ်ဂူ အကြီးအသေးများသာလျှင်မဟုတ်ဘဲ ငရဲဘုရင်များ၏ အသွေးအသားများပါ ပါဝင်လေသည်။

သိုင်းတာအိုပင်မခန္ဓာသည် တမလွန်ဘုံရတနာကြေးမုံထဲမှာ စွမ်းအားကြီးမား၍ ကြောက်စရာကောင်းသော စွမ်းအားတစ်ခု တဖြည်းဖြည်းနိုးထလာနေသည်ကို ရှင်လင်းစွာအာရုံခံမိနိုင်၏။

တကယ်ဆို ၎င်းသည် ယခုတင် ကောင်းကင်လိုဏ်ဂူများစွာ၏ စွမ်းအားကို စုပ်ယူပြီး ငရဲဘုရင်တစ်ရာကျော်၏ အသွေးအသားကို ဝါးမျိုခဲ့ပြီးတာတောင် ၎င်းက လုံလောက်ဖို့အတွက် ဝေးကွာလွန်းသေးလေသည်။

တိုက်ပွဲနယ်မြေမှာ...။

မင်ဖုန့်နှင့် အခြားသူများသည် အမြုတေသိုင်းကောင်းကင်လိုဏ်ဂူထဲမှာ ဖြစ်ပျက်နေသည့်အရာကို မသိရှိကြပေ။

သို့သော်လည်း တိုက်ပွဲနယ်မြေ၏ အလယ်မှာ ကောင်းကင်လိုဏ်ဂူ၏ အနက်ပိုင်းထဲတွင် ကြောက်စရာကောင်းသောတည်ရှိမှုတစ်ခု နိုးထလာသည့်လား ၎င်းက ပို၍ပင်ကြောက်စရာကောင်းလာသည်ကို သူတို့က အာရုံခံမိနိုင်ကြ၏။

အမြုတေသိုင်းကောင်းကင်လိုဏ်ဂူ၏ ဝါးမျိုခြင်းအဝန်းအဝိုင်းက အဆက်မပြတ်ဖြန့်ကျက်လာပြီး ဝါးမျိုစွမ်းအားက ပို၍ပင်သန်မာလာခဲ့သည်။

ငရဲဘုရင်ထောင်ချီသည် အရွယ်အစားအမျိုးမျိုးကောင်းကင်လိုဏ်ဂူများကို ဆင့်ခေါ်ပြီး သိုင်းတာအိုပင်မခန္ဓာကို ဖိနှိမ်လိုခဲ့ကြ၏။

သို့သော်ယခု သိုင်းတာအိုပင်မခန္ဓာက မသေရုံသာမက အမြုတေသိုင်းကောင်းကင်လိုဏ်ဂူသည် တမလွန်ဘုံရတနာကြေးမုံ၏ အကူအညီကိုရရှိပြီး ပို၍ပို၍ဝါးမျိုကာ ပို၍ပင်သန်မာလာခဲ့သည်။

အစကတော့ နှစ်ဖက်စလုံးသည် မျှခြေတစ်ခုမှာ ထိန်းထားနိုင်ကြဆဲဖြစ်သည်။

သို့သော်လည်း အချိန်ကြာလာသည်နှင့်အမျှ တမလွန်ဘုံရတနာကြေးမုံ၏ စွမ်းအားက ပို၍ပို၍ သန်မာလာခဲ့သည်။ အမြုတေသိုင်းကောင်းကင်လိုဏ်ဂူကလည်း တဖြည်းဖြည်းပို၍ကြီးမားလာပြီး ငရဲဘုရင်ပညာရှင်ထောင်ချီ၏ ကောင်းကင်လိုဏ်ဂူစွမ်းအားများက လျင်မြန်စွာလျော့ကျလာနေ၏။

ကောင်းကင်လိုဏ်ဂူအသေးနှင့် သာမန်ငရဲဘုရင်များက ဆက်လက်၍တောင့်မခံနိုင်တော့ပေ။

ကောင်းကင်လိုဏ်ဂူများက ကြေမွသွားပြီး ကောင်းကင်လိုဏ်ဂူအပိုင်းအစများကပင် အမြုတေသိုင်းကောင်းကင်လိုဏ်ဂူ၏ ဝါးမျိုခြင်းခံလိုက်ရသည်။ သူတို့၏ နှစ်ပေါင်းသိန်းချီကျင့်ကြ့မှုက တစ်ခဏချင်းမှာပင် ဖျက်ဆီးခံလိုက်ရလေသည်။

ကောင်းကင်လိုဏ်ဂူများမရှိဘဲ ငရဲဘုရင်ပညာရှင်များသည် သူတို့၏ အကြီးမားဆုံး မှီခိုအားထားရာကို ဆုံးရှုံးသွားပြီး သူတို့မှာ အသားများနှင့် အမြုတေစိတ်ဝိညာဥ်များသာကျန်ရစ်ခဲ့သည်။

ဤသည်က ဝါးမျိုခြင်းမဟုတ်တော့ဘဲ အငမ်းမရလုယက်ခြင်းဖြစ်လာခဲ့သည်။

မရေမတွက်နိုင်သောကျင့်ကြံသူများ၏ ရှေ့မှာပင် ပုံရိပ်များက လေထဲကနေ တစ်ခုပြီးတစ်ခုပြုတ်ကျလာခဲ့၏။

ငရဲမှသက်ရှိများစွာက တုန်လှုပ်သွားကြသည်။

ကျဆင်းလာသောပုံရိပ်များအားလုံးသည် နယ်မြေဒေသတစ်ခုကို စိုးမိုးခြယ်လှယ်သော ငရဲဘုရင်ပညာရှင်များဖြစ်ပြီး ငရဲကမ္ဘာ၏ အထွတ်အထိပ်နီးပါး တိုက်ခိုက်ရည်ခွန်အားကို ပိုင်ဆိုင်ထားကြသည်။

သို့သော် ယခု သူတို့သည် ဒဏ်ရာအပြင်းအထန်ရရှိသွားသည့်အလား သူတို့၏ နောက်မှာရှိသော ကောင်းကင်လိုဏ်ဂူများက ကြေမွသွားပြီး သူတို့၏ အမြုတေချီများက ကြီးမားစွာပျက်စီးထိခိုက်လာခဲ့သည်။ သူတို့သည် အားနည်းသောအော်ရာများနှင့်အတူ အောက်ဘက်ရှိအပျက်အစီးပုံထဲသို့ ကျဆင်းလာကြ၏။

မင်ဖုန့်၏ မျက်နှာက ဖြူဖပ်ဖြူရော်ဖြစ်နေပြီး သူ၏ မျက်လုံးထဲတွင် အကြောက်တရားတစ်ခုက နောက်ဆုံးပေါ်ထွက်လာ၏။

ကောင်းကင်ဘုံကမ္ဘာမှ ဤကျင့်ကြံသူသည် မည်ကဲ့သို့သော ပြန်ဝင်စားမွန်းစတားမျိုးပါလိမ့်။

ငရဲဘုရင်ပညာရှင်ထောင်ချီက ပူးပေါင်းတိုက်ခိုက်တာတောင် သူတို့က သူ့ကို မဖိနှိမ်နိုင်ကြပေ။

All Chapters