← Chapters

မြောက်ပိုင်းရိုးမ၏ အညံ့ခံမှု

Vol. 178 Ch. 2657

မြောက်ပိုင်းရိုးမ၏ အညံ့ခံမှု

Vol. 178 Ch. 2657

သိုင်းတာအိုပင်မခန္ဓာသည် ဘေးပတ်လည်မှာရှိသော ကောင်းကင်လိုဏ်ဂူများကို ဝါးမျိုနေစဉ် အခြေအနေကို လေ့လာအကဲခတ်နေသည်။

အပြင်ဘက်မှာ ငရဲဘုရင်ပညာရှင် ထောင်ချီရှိနေသေးသော်လည်း သူတို့က ဆက်လက်၍ ခြိမ်းခြောက်မှု မဟုတ်တော့ပေ။

ဤငရဲဘုရင်ပညာရှင်များ၏ ကောင်းကင်လိုဏ်ဂူများက ဆက်လက်၍ တောင့်မခံနိုင်ကြတော့ပေ။

မင်ဖုန့်ကဲ့သို့ တမလွန်ဘုရင်ပညာရှင်တစ်ဦး၏ ကောင်းကင်လိုဏ်ဂူအကြီးပင်လျှင် ရှေးဟောင်းတမလွန်မျိုးနွယ်၏ မျိုးဆက်သွေးနှင့် အမြုတေစိတ်ဝိညာဉ်နှင့်ပင်လျှင် အန္တရာယ်ကျရောက်လာခဲ့ပြီဖြစ်သည်။

ထိုအခိုက်အတန့်မှာ သိုင်းတာအိုပင်မခန္ဓာ၏ စိတ်အာရုံသည် ဘေးပတ်ဝန်းကျင်ရှိ ငရဲဘုရင်ပညာရှင်များအပေါ်မှာ မဟုတ်ပေ။ ထိုအစား သူသည် အမြုတေသိုင်း ကောင်းကင်လိုဏ်ဂူထဲရှိ တမလွန်ဘုံရတနာကြေးမုံကို စိုက်ကြည့်နေ၏။

ဤရှေးဟောင်းကြေးမုံ၏ မူလဇာစ်မြစ်ကို မသိရဘဲ ၎င်းသည် ရက်စက်ကြမ်းတမ်းသည့် ပစ္စည်းတစ်ခုဖြစ်သည်မှာ သိသာနေသည်။ သူသည် အဲဒါနှင့်ပတ်သက်၍ ပေါ့ပေါ့ဆဆ မပြုမူရဲပေ။

သိုင်းတာအိုပင်မခန္ဓာသည် ခဏမျှ လေ့လာအကဲခတ်ပြီးနောက် ခံစားချက်တစ်ခုကို ရရှိလာ၏။

ကောင်းကင်လိုဏ်ဂူများ၏ သိပ်သည်းပြင်းထန်သော စွမ်းအားသည် တမလွန်ဘုံရတနာကြေးမုံကို နိုးထစေရုံမျှသာဖြစ်သည်။ ထိုရှေးဟောင်းကြေးမုံ အမှန်တကယ် လိုအပ်နေသောအရာက သွေးအမြူတေစွမ်းအား၏ ပမာဏများစွာဖြစ်နေ၏။

သိုင်းတာအိုပင်မခန္ဓာသည် ခဏမျှစဉ်းစားတွေးတောပြီး လောလောဆယ်မှာ တမလွန်ဘုံရတနာကြေးမုံကို သီးသန့်ခွဲထုတ်ပြီး အမြုတေသိုင်း ကောင်းကင်လိုဏ်ဂူကို ပိတ်ချဖို့ ဆုံးဖြတ်လိုက်သည်။

တမလွန်ဘုံရတနာကြေးမုံထဲတွင် အလွန်တရာနတ်ဆိုးဆန်၍ ကြောက်စရာကောင်းသော စွမ်းအားတစ်ခု သိသိသာသာပါဝင်နေ၏။

၎င်းနိုးထလာသည်နှင့် သိုင်းတာအိုပင်မခန္ဓာသည် အဲဒါကို မဖိနှိမ်နိုင်ဘဲ တန်ပြန်ရိုက်ခတ်မှုတစ်ခု တွေ့ကြုံခံစားရမည်ကို စိုးရိမ်လာခဲ့သည်။

ဒါ့အပြင် သူသည် သူ၏ အမြုတေသိုင်း ကောင်းကင်လိုဏ်ဂူကို ထုတ်ဖော်ပြီးနောက် သူ၏ ရင်ထဲမှာ ရစ်ဝဲနေသော အန္တရာယ်အငွေ့အသက်က ပျက်ပြယ်မသွားပေ။ သူက အမြဲတမ်း စိုးရိမ်ပူပန်နေရသည်။

ဘေးပတ်ဝန်းကျင်မှာရှိသော ငရဲဘုရင်များက သူ့အပေါ်မှာ ခြိမ်းခြောက်မှုများစွာ မရှိတော့ပေ။

ဒါ့အပြင် ဤတိုက်ပွဲမှာ အမြုတေသိုင်း ကောင်းကင်လိုဏ်ဂူသည် လုံလောက်သည့် ကောင်းကင်လိုဏ်ဂူစွမ်းအားများကို ဝါးမျိုထားခဲ့ပြီး ၎င်းက သူတို့အားလုံးကို ချေဖျက်နိုင်ပြီဆိုလျှင် ၎င်းသည် အမြုတေသိုင်း ကောင်းကင်လိုဏ်ဂူကို နောက်တစ်ဆင့်ထိ မြှင့်တင်ဖို့ လုံလောက်ပေလိမ့်မည်။

ထိုသို့အတွေးဖြင့် သိုင်းတာအိုပင်မခန္ဓာ၏ ပုံရိပ်က ပြန်လည်ပေါ်ထွက်လာပြီး မှောင်မည်း၍ နက်ရှိုင်းနေသော ဧရာမကောင်းကင်လိုဏ်ဂူက တိုက်ပွဲနယ်မြေကနေ ပျောက်ကွယ်သွား၏။

အမြုတေသိုင်း ကောင်းကင်လိုဏ်ဂူ ပျောက်ကွယ်သွားခြင်းနှင့်အတူ ကျန်ရှိနေသော ကောင်းကင်ဘုရင်ပညာရှင်များသည် ငရဲဂိတ်တံခါးကနေ လွတ်မြောက်လာသည့်အလား စိတ်သက်သာရာရသွားကြ၏။

ငရဲဘုရင်ပညာရှင်များစွာသည် စိတ်ပိုင်းဆိုင်ရာ ထိုးနှက်ချက်တစ်ခုနှင့် တွေ့ကြုံခံစားထားရသည်။ သူတို့၏ ကောင်းကင်လိုဏ်ဂူများက ကြေမွသွားပြီး သူတို့၏ အမြုတေချီက အပြင်းအထန် ဒဏ်ရာရရှိသွားခြင်းနှင့်အတူ သူတို့သည် ဆက်လက်၍ တောင့်မခံနိုင်တော့ဘဲ တစ်ယောက်ပြီးတစ်ယောက် နောက်သို့ဆုတ်ခွာသွားကြ၏။

“သူဆက်ပြီး တောင့်မခံနိုင်တော့ဘူး”

သိုင်းတာအိုပင်မခန္ဓာက အမြုတေသိုင်း ကောင်းကင်လိုဏ်ဂူကို ရုပ်သိမ်းလိုက်သည်ကို မင်ဖုန့်တွေ့မြင်သောအခါ သူသည် နောက်ဆုံးမျှော်လင့်ချက် အလင်းရောင်မှိန်မှိန်တစ်ခုကို တွေ့မြင်သွားပြီး စိတ်အားမာန်တက်ကြွလာ၏။ သူက အော်ပြောလိုက်သည်။

“အားလုံးပဲ ငါ့နောက်ကိုလိုက်ပြီး ဒီလူ့ကို သတ်ဖို့ ပူးပေါင်းကြ”

မင်ဖုန့်နှင့် အခြားသော ရှေးဟောင်းတမလွန်မျိုးနွယ်ပညာရှင်များမှာ ထွက်လမ်းမရှိတော့ပေ။ သူတို့ အသက်ရှင်နိုင်ဖို့ တစ်ခုတည်းသောနည်းလမ်းမှာ ကျန်ရှိနေသော ငရဲဘုရင်ပညာရှင်များနှင့်အတူပူးပေါင်းပြီး သိုင်းတာအိုပင်မခန္ဓာကို သတ်ဖြတ်ဖို့ဖြစ်သည်။

“ဟမ့်”

ဖျတ်ခနဲဆို သိုင်းတာအိုပင်မခန္ဓာက မင်ဖုန့်နှင့် အခြားသူများရှေ့သို့ ရောက်ရှိလာပြီး ပစ်ထိုးလိုက်၏။

ဝုန်း…

ထိုထိုးချက်က ကြောက်စရာကောင်းသော အော်ရာတစ်ခုနှင့်အတူ မီးတောင်တစ်ခုကဲ့သို့ ပေါက်ကွဲထွက်ပေါ်လာပြီး တားဆီး၍မရနိုင်ပေ။ ၎င်းသည် မင်ဖုန့်နှင့် ကျန်ရှိနေသော ရှေးဟောင်းတမလွန်မျိုးနွယ်ပညာရှင်များကို လွှမ်းခြုံသွားသည်။

စောစောက တိုက်ခိုက်ဖလှယ်မှုအပြီး၌ သိုင်းတာအိုပင်မခန္ဓာသည် အားအင်လုံးဝကုန်ဆုံးခြင်း မရှိရုံသာမက သူသည် ကြီးမားသော အားဖြည့်ထောက်ပံ့မှုကိုပင် ရရှိခဲ့ပြီး သူ့၏ ခွန်အားက တိုးလာခဲ့သည်။

မင်ဖုန့်နှင့် အခြားသူများကတော့ သူတို့သည် အလွန်တရာအားနည်းနေပြီး သူတို့၏ ကောင်းကင်လိုဏ်ဂူများကပင် ယိမ်းထိုးနေပြီဖြစ်သည်။

သိုင်းတာအို၏ ဓမ္မတာဝန်နှင့် စိတ်စွမ်းအားတို့ ပါဝင်နေသော သိုင်းတာအိုပင်မခန္ဓာ၏ ထိုးချက်နှင့် ရင်ဆိုင်ရချိန်မှာ သူတို့သည် အဲဒါကို မည်သို့မှ မခုခံနိုင်တော့ပေ။

သိုင်းတာအိုပင်မခန္ဓာသည် တစ်ချက်တည်းနှင့် သတ်ဖြတ်ပြီး မင်ဖုန့်နှင့် အခြားသူများကို မည်သည့်အသက်ရှူခွင့်မှ မပေးပေ။

မင်ဖုန့်နှင့် အခြားသူများ၏ နောက်ဘက်မှာရှိသော ကောင်းကင်လိုဏ်ဂူများက ချက်ချင်းပင် ပြိုကျသွား၏။

ကောင်းကင်လိုဏ်ဂူအကြီးများ၏ ကာကွယ်မှုမရှိဘဲ မင်ဖုန့်နှင့် အခြားသူများသည် သိုင်းတာအိုပင်မခန္ဓာ၏ လက်သီးထိုးချက်နှင့် တိုက်ရိုက်ထိတွေ့မိသွားကြသည်။

ဖောင်း… ဖောင်း… ဖောင်း…

မင်ဖုန့်အပါအဝင် ရှေးဟောင်းတမလွန်မျိုးနွယ်၏ ပညာရှင်များသည် သိုင်းတာအိုပင်မခန္ဓာထံမှ ထိုးချက်တစ်ချက်ဖြင့် စိစိညက်ညက် ကြေမွသွားပြီး သွေးမြူခိုးလုံးများအဖြစ် ပြောင်းလဲသွားသည်။ သူတို့၏ အမြုတေစိတ်ဝိညာဉ်နှင့် ကိုယ်ကာယတို့က ဖျက်ဆီးခံရပြီး အလောင်းများပင် မကျန်ခဲ့ပေ။

တိုက်ပွဲ၏ ဤနေရာအရောက်မှာ ရှေးဟောင်းတမလွန်မျိုးနွယ်ရှိ ဆယ်ဦးကျော်က သေဆုံးသွားပြီး မည်သူကမှ ချမ်းသာမရပေ။

ထိုသည်ကို တွေ့မြင်သောအခါ ငရဲဘုရင်ပညာရှင် ထောင်ချီရှိနေသေးသော်လည်း သူတို့သည် လိပ်ပြာလွင့်မတတ် ကြောက်လန့်လာပြီး သူတို့၏ တိုက်ပွဲဝင်စိတ်ဝိညာဉ်ကို ဆုံးရှုံးရကာ တိုက်ခိုက်ဖို့ စိတ်အာရုံမရတော့ပေ။

ငရဲဘုရင်ပညာရှင်ထောင်ချီသည် လုံးလုံးလျားလျား လဲပြိုကျသွားပြီး မည်သူကမှ နေရာမှာပင် ရပ်မနေရဲတော့ဘဲ ခြေဦးတည့်ရာ လှည့်ထွက်ပြေးလိုက်ကြ၏။

သို့သော်လည်း ဘေးပတ်ဝန်းကျင် လေဟာနယ်ကို မင်ဖုန့်နှင့်အခြားသူများက ချိပ်ပိတ်ထားခဲ့ပြီဖြစ်သည်။ ငရဲဘုရင်ပညာရှင်များသည် လောလောဆယ်မှာ အဲဒါကို မဖွင့်လှစ်နိုင်ပေ။

သိုင်းတာအိုပင်မခန္ဓာက သူတို့၏ နောက်ဘက်ကနေ ရောက်ရှိလာခဲ့ပြီဖြစ်သည်။

သိုင်းတာအိုပင်မခန္ဓာသည် ရှေ့သို့ပြေးလိုက်ပြီး ပိုင်နက်အရှင်ဆယ်ပါးကို ချက်ချင်းပင် တိုက်ခိုက်လိုက်၏။

သူတို့ကြားမှာ မည်သည့်ညှိနှိုင်းဆွေးနွေးမှုမှ မရှိတော့ပေ။ ဒါ့အပြင် ဤနေရာက ငရဲဖြစ်ပြီး အကျိုးသင့်အကြောင်းသင့် ပြောဆိုစရာအကြောင်းမရှိပေ။ အရာရာတိုင်းကို သွေးနှင့်သတ်ဖြတ်ခြင်းနှင့်အတူ လမ်းဖောက်ရလေသည်။

ဘန်း… ဘန်း…

ငရဲတောင်ကြော၏ ပိုင်နက်ရှင်တချို့ကို သိုင်းတာအိုပင်မခန္ဓာက လိုက်မီသွားပြီး သူက သူတို့ကို တစ်ယောက်ပြီးတစ်ယောက် သတ်ဖြတ်လိုက်သည်။

သိုင်းတာအိုပင်မခန္ဓာသည် ငရဲဘုရင်ပညာရှင်ထောင်ချီကို တွန်းဖယ်ဖြတ်ကျော်ပြီး မည်သူကမှ သူ၏ ထက်ရှမှုကို မခုခံနိုင်ပေ။ အဲဒါက ပကတိဖိနှိမ်ခြင်းဖြစ်သည်။

တစ်ခဏချင်းမှာပင် မဟာငရဲတောင်ကြောရိုး ဆယ်ခု၏ ပိုင်နက်ရှင်များက သေဆုံးသွားကြသည်။

ဤခြိမ်းခြောက်မှု၊ ကြောက်မက်ဖွယ်ရာ နည်းလမ်းများနှင့် ပကတိစိုးမိုးခြယ်လှယ်ခြင်းသည် ကျန်ရှိနေသော ငရဲဘုရင်ပညာရှင်များအပေါ် ကြီးမားသည့် စိတ်ပိုင်းဆိုင်ရာ ထိုးနှက်ချက်ဖြစ်လာခဲ့သည်။

ငရဲဘုရင်ပညာရှင်များသည် ငရဲအရှင် ဆီးနှင်းစိမ့်စမ်းအပေါ် ကြည်ညိုလေးစားမှုကိုသာ ခံစားရ၏။

သို့သော်လည်း ထိုအခိုက်အတန့် သိုင်းတာအိုပင်မခန္ဓာနှင့် ရင်ဆိုင်ရချိန်မှာ သူတို့က ကြီးမားသော အကြောက်တရားကို တွေ့ကြုံခံစားလာရသည်။

မြောက်ပိုင်းရိုးမမြို့တော်မှာရှိသော ငရဲသက်ရှိများသည် သူတို့ရှေ့မှမြင်ကွင်းမှာ တုန်လှုပ်နေကြ၏။

ရှေးဟောင်းတမလွန်မျိုးနွယ်၏ မြင့်မြတ်၍ စွမ်းအားကြီးမားသော တမလွန်ဘုရင်များအားလုံးက သေဆုံးသွားကြသည်။

မဟာငရဲတောင်ကြောရိုး ဆယ်ခု၏ ပိုင်နက်ရှင်များကလည်း နေရာမှာပင် သေဆုံးသွားကြသည်။

ပုံမှန်အားဖြင့် သူတို့ မော့ကြည့်ရုံသာ တတ်နိုင်သော စွမ်းအားကြီးမားသည့် ထိုပုဂ္ဂိုလ်များသည် ခရမ်းရောင်ဝတ်ကျင့်ကြံသူ၏ လက်ထဲမှာ ပုရွက်ဆိတ်များကဲ့သို့ အားနည်းနေသည်။

ဤတိုက်ပွဲက ကြီးမားသော တိုက်ပွဲတစ်ခုပင် မဟုတ်ခဲ့ပေ။

ဒါက ပကတိအစုလိုက်အပြုံလိုက် သတ်ဖြတ်ခြင်းတစ်ခုသာဖြစ်သည်။

ဘုရင်မြောက်ရိုးမ၊ ထန်ချင်အာနှင့် ထန်မိသားစုမှ အခြားသော မိသားစုဝင်များက ကြက်သေသေနေကြ၏။

သူမနှင့် အမှတ်မထင် ဆုံတွေ့ခဲ့သည့် ဤလူသည် မြောက်ပိုင်းရိုးမတောင်ကြောရိုးတစ်ခုလုံးကို သူ၏ ခြေရင်းမှာ နင်းချေဖျက်ဆီးနိုင်သည့်အထိ စွမ်းအားကြီးမားနေလိမ့်မည်ဟု ထန်ချင်အာက အိပ်မက်ထဲမှာပင် ထည့်မမက်ဖူးခဲ့ပေ။

ဒါ့အပြင် နောက်ဆုံးမှာ ထန်မိသားစုသည် သူတို့၏ အမွေအနှစ်ကို ထိန်းသိမ်းပြီး သူတို့၏ မျိုးဆက်သွေးကို ဆက်လက်ပျံ့ပွားဖို့အတွက် ကောင်းကင်ဘုံကမ္ဘာမှ အပြင်လူတစ်ယောက်အပေါ် မှီခိုရလိမ့်မည်ဟု သူမက ထင်မှတ်မထားခဲ့ပေ။

ဘုရင်မြောက်ရိုးမတွင် တွေဝေရှုပ်ထွေးသော အမူအရာတစ်ခုရှိနေ၏။

သူသည် လွန်ခဲ့သည့်ရက်အနည်းငယ်က သူ့အခန်းထဲမှာ ဤလူငယ်အမျိုးသားကို ပြစ်တင်ဆုံးမခဲ့သည့် မြင်ကွင်းကို ပြန်လည်အမှတ်ရသွားပြီး ရင်တထိတ်ထိတ် ခံစားလာရ၏။

ထိုအချိန်တုန်းက ဤလူငယ်အမျိုးသားက သူ့ကို ဗွေယူခဲ့မည်ဆိုလျှင် သူသည် သူ၏ မွေးနေ့ဂုဏ်ပြုပွဲသို့ မရောက်ခင်မှာပင် သေခဲ့ရပေလိမ့်မည်။

တောင်ပိုင်းတောအုပ်သခင်လေး၏ မျက်နှာက ဖြူဖပ်ဖြူရော်ဖြစ်နေပြီး သူက ကြောက်ရွံ့မှုဖြင့် တဆတ်ဆတ်တုန်ယင်နေ၏။

ယခုအခါမှာမှသာ စောစောက သူသည် ဘယ်လောက်တောင် ရက်စက်ကြမ်းတမ်းသည့်ပုဂ္ဂိုလ်ကို ရန်စမိခဲ့သလဲ နားလည်သဘောပေါက်လိုက်၏။

ဤလူသည် သူ့ကို ပုရွက်ဆိတ်တစ်ကောင်ကို ဖိခြေသကဲ့သို့ ရိုးရှင်းစွာ သတ်ဖြတ်နိုင်ပေသည်။

“တောင်.. တောင်ပိုင်းအမြုတေ… ငါ… ငါ့ကို ဒီနေရာကနေ မြန်မြန်ထုတ်သွားပေး”

တောင်ပိုင်းတောအုပ်သခင်လေးက တုန်ယင်နေသော အသံဖြင့် ပြောလိုက်၏။ သူ၏ရင်ထဲရှိ အကြောက်တရားက ထင်ရှားပေါ်လွင်နေသည်။

ငရဲဘုရင် တောင်ပိုင်းအမြုတေက အသံနိမ့်၍ ခါးသက်စွာ ပြောလိုက်၏။

“ဘေးပတ်ဝန်းကျင် လေဟာနယ်ကို ချိပ်ပိတ်ထားတယ်… ကျုပ်တို့တွေက လောလောဆယ်မှာ အဲဒါကို မဖွင့်လှစ်နိုင်ဘူး… ကျုပ်တို့ကို ဘယ်လိုလုပ် ထွက်ခွာသွားနိုင်မှာလဲ”

“မင်းက တည်နေရာ မခုန်ကူးနိုင်ဘူးဆိုရင်တောင် ငါတို့ ဒီနေရာကနေ ထွက်သွားရမယ်… ငါတို့တွေက ကိုယ့်ခြေထောက်နဲ့ကိုယ် ပြေးသွားရမယ်ဆိုရင်တောင် ငါတို့ ထွက်သွားရမယ်”

တောင်ပိုင်းသခင်လေးက တုန်ယင်နေသော အသံဖြင့် ပြောလိုက်၏။

“ငါ… ငါတို့ အခုနေ မသွားသေးဘူးဆိုရင် နောက်ပြီးကျရင် ငါတို့ သေချာပေါက် သွားနိုင်မှာ မဟုတ်တော့ဘူး”

တောင်ပိုင်းတောအုပ်သခင်လေး ပြောသည်က မှန်ကန်သည်ကို ငရဲဘုရင် တောင်ပိုင်းအမြုတေက သူ၏ ရင်ထဲမှာ သိရှိထား၏။

ဤကဲ့သို့ ကြီးမားသော အပြောင်းအလဲတစ်ရပ်က မြောက်ပိုင်းရိုးမမှာ ဖြစ်ပွားလာခြင်းနှင့်အတူ သူသည် တောင်ပိုင်းတောအုပ်သို့ တတ်နိုင်သမျှ မြန်မြန်ပြန်ပြီး ဤကိစ္စကို အစီရင်ခံတင်ပြရပေမည်။

ဘေးပတ်ဝန်းကျင် လေဟာနယ်အပေါ် ချိပ်စည်းသည် တည်နေရာခုန်ကူးခြင်းကိုသာ ပိတ်ဆို့ထားပြီး ပုံမှန်အတိုင်းထွက်ခွာခြင်းအပေါ် မသက်ရောက်မှုမရှိပေ။

“သွားကြမယ်”

ငရဲဘုရင် တောင်ပိုင်းအမြုတေက အခြေအနေသည် ရုန်းရင်းဆန်ခတ်ဖြစ်နေသည်ကို တွေ့မြင်သောအခါ သူသည် ရုန်းရင်းဆန်ခတ်ဖြစ်မှုကို အကာအကွယ်ယူပြီး ဤနေရာကနေ ထွက်ခွာဖို့ အစီအစဉ်ချလိုက်၏။

တကယ်တော့ သူတို့နှစ်ယောက်သည် မြန်မြန်ဆန်ဆန် ထွက်ခွာသွားရဲခြင်းမရှိပေ။ သိုင်းတာအိုပင်မခန္ဓာက သူတို့ကို သတိထားမိသွားမည်ကို စိုးရိမ်နေကြ၏။

သိပ်မကြာခင် လေထဲမှာရှိသော တိုက်ပွဲက အဆုံးသတ်လာခဲ့ပြီဖြစ်သည်။

မင်ဖုန့်တို့အုပ်စုနှင့် ပိုင်နက်အရှင်ဆယ်ဦး သေဆုံးသွားပြီးနောက် ကျန်ရှိနေသော ငရဲဘုရင်ပညာရှင်များသည် ဆိုးဆိုးဝါးဝါး ရှုံးနိမ့်သွားပြီး သိုင်းတာအိုပင်မခန္ဓာ၏ သတ်ဖြတ်ခြင်းကို ဆက်လက်၍ မခုခံနိုင်တော့ပေ။

သိပ်မကြာခင် ငရဲဘုရင်ပညာရှင်တချို့သည် ဆက်လက်၍ တောင့်မခံနိုင်တော့ဘဲ ဒူးထောက်ချကာ အညံ့ခံလိုက်ကြ၏။

ငရဲကမ္ဘာမှာ သက်ရှိများစွာ ယုံကြည်သည့် တစ်ခုတည်းသောအရာက ခွန်အားသာဖြစ်သည်။

ယခုအချိန်မှာ သိုင်းတာအိုပင်မခန္ဓာသည် မင်ဖုန့်နှင့် မဟာငရဲတောင်ကြောရိုးမှ ပိုင်နက်ရှင်များထက် သာလွန်သော ပကတိခွန်အားကို ထုတ်ဖော်ပြသလိုက်သည်။ ကျန်ရှိနေသော ငရဲဘုရင်ပညာရှင်များက လုံးလုံးလျားလျား ခြိမ်းခြောက်ခံလိုက်ရပြီး ခုခံဆန့်ကျင်ရဲခြင်း မရှိတော့ပေ။

All Chapters