← Chapters

နားငြီးလွန်းတယ်

Vol. 178 Ch. 2658

နားငြီးလွန်းတယ်

Vol. 178 Ch. 2658

ဤတိုက်ပွဲ၏ လှုပ်ခတ်မှုက ငြိမ်သက်သွားခဲ့ပြီ ဖြစ်သည်။

ငရဲဘုရင်ပညာရှင်ထောင်ချီနှင့် အရွယ်အစားအမျိုးမျိုး ကောင်းကင်လိုဏ်ဂူထောင်ချီ၏ ထိတွေ့တိုက်ခတ်မှုတိုက်ပွဲသည် မြောက်ရိုးမနန်းတော်၏ ကြီးမားသော အစိတ်အပိုင်းတစ်ခုကို အပျက်အစီးပုံအဖြစ် ပြောင်းလဲသွားစေသည်။

မြောက်ရိုးမမြို့တော်သည် ပြင်းထန်စွာ လှုပ်ခါ၍ မြို့ရိုးများက အက်ကွဲသွားခဲ့သည်။

ထိုအခိုက်အတန့်မှာ မြောက်ရိုးမနန်းတော်၏ အပျက်အစီးပုံများအထက် လေထဲတွင် မတ်တတ်ရပ်နေသောသူတစ်ယောက်တည်းသာလျှင် ရှိလေသည်။ သူသည် ခရမ်းရောင်ဝတ်ရုံကို ဝတ်ဆင်ထားပြီး ငွေရောင်မျက်နှာဖုံးတစ်ခုကို တပ်ထား၏။ သူသည် မည်သည့်စိတ်ခံစားချက်ကိုမှ ထုတ်ဖော်ခြင်းမရှိဘဲ တစ်မူထူးခြားစွာ အေးစက်သည့်ပုံပေါ်နေ၏။

ထိုသူသည် တမလွန်ဘုရင် ဆယ်ပါးကျော်နှင့် မဟာငရဲတောင်ကြောရိုး ဆယ်ခု၏ ပိုင်နက်အရှင်များကို သတ်ဖြတ်ခဲ့သည့် ခရမ်းရောင်ဝတ်အမျိုးသားဖြစ်သည်။

ယနေ့အပြီး၌ မြောက်ရိုးမတောင်ကြောရိုးတစ်ခုလုံး၏ စွမ်းအားကို ပြန်လည်တည်ဆောက်ရပေတော့မည်။

ရှင်သန်ကျန်ရစ်ခဲ့သော ငရဲဘုရင်ပညာရှင်များထဲ မည်သူကမှ သိုင်းတာအိုပင်မခန္ဓာနှင့် တစ်တန်းတည်း လေထဲမှာ ရပ်မနေရဲကြပေ။ သူတို့အားလုံးက မြေပြင်ပေါ်သို့ ဆင်းသက်ပြီး ဦးညွှတ်နေကြ၏။

“မြောက်ရိုးမက ပြောင်းလဲသွားပြီ”

ငရဲမှ သက်ရှိတစ်ဦးက စိတ်ခံစားချက်များဖြင့် ပြည့်နှက်နေ၏။

ယနေ့တိုက်ပွဲအပြီး၌ ဘုရင်မြောက်ရိုးမအသစ်တစ်ပါး မွေးဖွားပေါ်ထွက်လာပြီကို လူတိုင်းက နားလည်သိရှိလိုက်ကြ၏။

မရေမတွက်နိုင်သော ပညာရှင်များက ရှေးဟောင်းခေတ်ဆက်ဆက်မှစ၍ ဘုရင်မြောက်ရိုးမ၏ ပလ္လင်ပေါ်တွင် ပြောင်းလဲကာ ထိုင်ခဲ့ကြ၏။

သို့သော်လည်း မည်သည့်ပညာရှင်ကမှ ပကတိမြင့်မြတ်သာလွန်မှုကို ဖန်တီးဖို့အတွက် ပကတိခွန်အားနှင့်အတူ ငရဲဘုရင်ထောင်ချီကို ဖိနှိမ်ပြီး မြောက်ရိုးမကို တစ်ယောက်တည်း အုပ်စိုးနိုင်ခဲ့ကြခြင်း မရှိပေ။

ယခု ငရဲဘုရင်ပညာရှင်များပင်လျှင် တစ်ယောက်ပြီးတစ်ယောက် ဦးညွှတ်နေရပြီး မြောက်ရိုးမမြို့တော်၏ အတွင်းအပြင်မှာရှိသော သက်ရှိများစွာသည် ခုခံဆန့်ကျင်ရဲခြင်းမရှိဘဲ အညံ့ခံဖို့သာ ရွေးချယ်လိုက်ကြ၏။

တကယ်တော့ ယနေ့ကိစ္စက မပြီးဆုံးသေးကြောင်း ငရဲဘုရင်ပညာရှင်များစွာက သူတို့ရင်ထဲမှာ သိရှိထားကြ၏။

ခရမ်းရောင်ဝတ်အမျိုးသားသည် တမလွန်ဘုရင် ဆယ်ပါးကျော်နှင့် ငရဲအရှင် ဆီးနှင်းစိမ့်စမ်း၏ အမိန့်ပြန်တမ်းကို ကိုင်ဆောင်ထားသည့် ရှေးဟောင်းတမလွန်မျိုးနွယ် သံတမန်တစ်ဦးကိုပင် သတ်ဖြတ်ခဲ့လေသည်။ ဤလုပ်ရပ်သည် ငရဲအရှင် ဆီးနှင်းစိမ့်စမ်းကို စစ်ကြေညာလိုက်ခြင်းနှင့် တူလေသည်။

ငရဲအရှင် ဆီးနှင်းစိမ့်စမ်းသည် ဤလူကို ဘုရင်မြောက်ရိုးမအဖြစ် သေချာပေါက် အသိအမှတ်ပြုလိမ့်မည် မဟုတ်ပေ။

မြောက်ပိုင်းရိုးမ၏ တိုက်ပွဲသတင်းက ဗဟိုချက်မြို့တော်သို့ ပျံ့နှံ့သွားသည်နှင့် ငရဲအရှင် ဆီးနှင်းစိမ့်စမ်းသည် အဲဒါကို သေချာပေါက် လျစ်လျူရှုထားလိမ့်မည် မဟုတ်ပေ။ သူသည် ငရဲစစ်တပ်တစ်တပ်ကိုပင် ကိုယ်တိုင်ဦးဆောင်လာနိုင်သည်။

သို့သော်လည်း လက်ရှိအခြေအနေအရ လူတိုင်းသည် အသက်ရှင်သန်ဖို့အတွက် အညံ့ခံရန်သာ တတ်နိုင်ကြလေသည်။

ငရဲမှ သက်ရှိများစွာသည် တစ်ယောက်ပြီးတစ်ယောက် ဒူးထောက်ချလိုက်၏။ အစက လူအုပ်ကြီးနှင့် ရောနှော၍ ရုန်းရင်းဆန်ခတ် အခြေအနေကို အခွင့်ကောင်းယူကာ မြောက်ရိုးမမြို့တော်ကနေ ထွက်ပြေးဖို့ ကြံစည်နေသော တောင်ပိုင်းတောအုပ်သခင်လေးနှင့် ငရဲအရှင် တောင်ပိုင်းအမြုတေက နေရာမှာပင် ဒူးထောက်လိုက်ရ၏။

သူတို့နှစ်ယောက်သည် တိုက်ပွဲက ဤမျှအထိ လျင်မြန်စွာ အဆုံးသတ်သွားလိမ့်မည်ဟု ထင်မှတ်မထားခဲ့ပေ။ ငရဲဘုရင် ပညာရှင်ထောင်ချီက သိုင်းတာအိုပင်မခန္ဓာ၏ ဆိုးဆိုးဝါးဝါး ခြိမ်းခြောက်ခြင်း ခံလိုက်ရပြီး ခုခံဆန့်ကျင်ရဲခြင်း မရှိတော့ပေ။

တောင်ပိုင်းတောအုပ်သခင်လေးသည် စိတ်ထဲက ကျိန်ဆဲလိုက်သော်လည်း သူ၏ ခေါင်းကို ငုံ့ထားပြီး သိုင်းတာအိုပင်မခန္ဓာကို မော့ကြည့်ရဲခြင်း မရှိပေ။ သူ၏ အကြည့်က ထိုသူ၏ စိတ်အာရုံကို ဆွဲဆောင်မိသွားမည်ကို သူက စိုးရိမ်နေသည်။

ထိုအခိုက်အတန့်မှာ သူတို့နှစ်ယောက်သည် မတ်တတ်ထရပ်ပြီး ထွက်ပြေးနိုင်ခြင်း မရှိပေ။

ထိုလုပ်ရပ်က အရမ်းကို သိသာထင်ရှားနေပေလိမ့်မည်။

ယခုအချိန်မှာ သူတို့သည် လူအုပ်ကြားထဲမှာ ရောနှောပြီး လောလောဆယ် ပုန်းကွယ်နေရသည်။ တောင်ပိုင်းတောအုပ်သခင်လေးသည် သူ့ကို အထီးကျန်သိုင်းသခင်က မေ့ပျောက်သွားဖို့ မျှော်လင့်နေ၏။

“တောင်ပိုင်းတောအုပ်ရဲ့ သခင်လေး”

ထိုစဉ်မှာပင် လေထဲကနေ သိုင်းတာအိုပင်မခန္ဓာ၏ အသံက ထွက်ပေါ်လာ၏။

ထို့နောက် ချက်ချင်းပင် တောင်ပိုင်းတောအုပ်သခင်လေးသည် သူ့အပေါ်သို့ ဆင်းသက်လာသည့် ကြောက်စရာကောင်းသော အော်ရာတစ်ခုကို အာရုံခံမိလိုက်၏။

တောင်ပိုင်းတောအုပ်သခင်လေးသည် တံတွေးကို အလျင်စလို မျိုချလိုက်၏။ သူက ဖော်ထုတ်ခံလိုက်ရပြီကို သိရှိသွားပြီး သူက အသက်ပြင်းပြင်းတစ်ချက်ရှိုက်ကာ မော့ကြည့်လိုက်၏။

တောင်ပိုင်းတောအုပ်သခင်လေးက သူ၏ ခေါင်းကို မော့လိုက်ပြီး သိုင်းတာအိုပင်မခန္ဓာနှင့် အကြည့်ချင်းဆုံသွား၏။ သူက ကြောက်ရွံ့မှုဖြင့် တုန်ယင်သွားပြီး သူ၏ နှလုံးက သူ၏ ရင်ဘတ်ထဲကနေ ခုန်ထွက်တော့မည်ဟု ထင်ရသည်။

တကယ်ဆို သိုင်းတာအိုပင်မခန္ဓာ၏ မျက်လုံးထဲတွင် မည်သည့်သတ်ဖြတ်လိုစိတ်မှ မရှိပေ။ သူက တောင်ပိုင်းတောအုပ်သခင်လေးကို မှင်သေသေဖြင့်သာ ငုံ့ကြည့်နေခြင်းဖြစ်သည်။

ထိုအကြည့်သည် သူအချိန်မရွေး ဖိခြေသတ်ဖြတ်နိုင်သည့် ပုရွက်ဆိတ်တစ်ကောင်ကို ကြည့်နေသည့်အလားပင်။

“အရှင်… အရှင်အထီးကျန်သိုင်းသခင် ကျုပ်… ကျုပ်က ခင်ဗျားကို အရင်က ဆန့်ကျင်ခဲ့မိတာ မျက်စိကန်းနေလို့ပါ… ကျေးဇူးပြုပြီး သဘောထားကြီးမြတ်စွာနဲ့ ကျုပ်ကို အခွင့်အရေးတစ်ခုပေးပါ”

တောင်ပိုင်းတောအုပ်သခင်လေးသည် သူက အသက်အန္တရာယ်ရှိနေသည်ကို နားလည်သဘောပေါက်ထားသည်။

မည်သို့ပင်ဆိုစေ သူသည် မြောက်ရိုးမခန်းမထဲမှာ အရင်ဆုံး ရှေ့သို့ထွက်ပြီး သိုင်းတာအိုပင်မခန္ဓာကို လက်ညှိုးထိုးကာ ဤတိုက်ပွဲကို ဖြစ်ပေါ်စေလာခဲ့သူဖြစ်သည်။

တောင်ပိုင်းတောအုပ်သခင်လေးသည် သူ၏ ဂုဏ်သိက္ခာကို ဆက်လက်၍ မငဲ့ကွက်နိုင်တော့ပေ။ သူက မြေပြင်ပေါ်မှာ ဒူးထောက်ချပြီး သူ၏ လက်ဖဝါးနှစ်ဖက်ကို ပူးကပ်ကာ တတွတ်တွတ် တောင်းပန်နေ၏။

“အရှင် ဘာမှမပူပါနဲ့… ကျုပ်က ဒီတစ်ခေါက် ပြန်ရောက်သွားတာနဲ့ ကျုပ်က ခင်ဗျားကို တောင်းပန်ဖို့ ရက်ရက်ရောရော လက်ဆောင်တွေအများကြီး သေချာပေါက် ပြင်ဆင်လာပါ့မယ်”

“ကျုပ်က ခင်ဗျားဆီမှာ အညံ့ခံပြီး ခင်ဗျားအမိန့်ကို နာခံဖို့တောင် ကျုပ်အဖေကို ဖျောင်းဖျပေးနိုင်တယ်”

“တောင်ပိုင်းတောအုပ်တစ်ခုလုံးက မြောက်ရိုးမနဲ့ ပေါင်းစည်းပေးနိုင်တယ်… အဖေက ခင်ဗျားရဲ့ နည်းလမ်းတွေကို မြင်တွေ့တာနဲ့ ငရဲအရှင်ရာထူးအတွက် ယှဉ်ပြိုင်တိုက်ခိုက်ဖို့ သူက ခင်ဗျားကို သူ့ရဲ့အစွမ်းကုန်နဲ့ ထောက်ပံ့ပေးလိမ့်မယ်ဆိုတာ ကျုပ်သေချာပြောနိုင်တယ်”

သူတို့သည် ထိုစကားကို ကြားသောအခါ ငရဲမှသက်ရှိများစွာက နှုတ်ခမ်းကိုမဲ့ပြီး စိတ်ထဲကနေ ကျိန်ဆဲလိုက်ကြ၏။

အသက်ရှင်သန်ဖို့အတွက် တောင်ပိုင်းတောအုပ်သခင်လေးက ဤကဲ့သို့သော တစ်စုံတစ်ရာကိုပင် ပြောဆိုရဲလေသည်။

သူသည် တောင်ပိုင်းတောအုပ်၏ သခင်လေးမျှသာဖြစ်သည်။ သူသည် တောင်ပိုင်းတောအုပ်တစ်ခုလုံး၏ ပိုင်ဆိုင်မှုကို ဆုံးဖြတ်ပေးဖို့ ဘယ်လိုလုပ် အဆင့်မီနိုင်ပါ့မလဲ။

သူ၏ ကတိကဝတ်များသည် ခမ်းနားသည်ဟု ထင်ရသော်လည်း သူက လျှာရိုးမရှိ လျှောက်ပြောနေခြင်းမျှသာဖြစ်သည်။

တကယ်တမ်းမှာတော့ တောင်ပိုင်းတောအုပ်သခင်လေး၏ ရည်ရွယ်ချက်ကလည်း သိသာရှင်းလင်းနေသည်။ သူသည် တောင်ပိုင်းတောအုပ်သို့ အသက်ရှင်လျက် ပြန်ရောက်နိုင်သည်နှင့် သူက မည်သည့်အရာကိုမဆို ဂရုမစိုက်ဘဲ ပြုလုပ်နိုင်လေသည်။

သူက တောင်ပိုင်းတောအုပ်သို့ ပြန်ရောက်နိုင်သည်နှင့် မြောက်ရိုးမမှာရှိသော တိုက်ပွဲက ဗဟိုချက်မြို့တော်သို့ ပျံ့နှံ့သွားလိမ့်မည်ဖြစ်သောကြောင့်ပင်။

ထိုအချိန်မှာ သူ့အနေဖြင့် အထီးကျန်သခင်ကို ကိုင်တွယ်ဖို့ ဘာမှပြုလုပ်စရာ မလိုတော့ပေ။

ငရဲအရှင် ဆီးနှင်းစိမ့်စမ်းသည် အထီးကျန်သခင်ကို ရှင်းထုတ်ပစ်ပေလိမ့်မည်။

“တာအိုရောင်းရင်း အထီးကျန်သခင်… သူ့ရဲ့ ပေါက်တတ်ကရ စကားတွေကို နားမယောင်ပါနဲ့”

ထိုစဉ်မှာပင် ထန်ချင်ဟာက ရုတ်တရက် ပြောလိုက်သည်။

“သူက အသက်ရှင်ချင်ရုံသက်သက်နဲ့ ပေါက်တတ်ကရစကားတွေ လျှောက်ပြောနေတာပဲ”

ထန်ချင်ဟာသည် တောင်ပိုင်းတောအုပ်သခင်လေးနှင့် နှစ်ပေါင်းများစွာ သိကျွမ်းလာခဲ့၏။ ယနေ့ဖြစ်ပျက်ခဲ့သော အရာရာတိုင်းနှင့်အတူ သူမသည် သူ၏ သဘောသဘာဝကို ကောင်းကောင်းနားလည်နေပြီဖြစ်သည်။

“ချင်ဟာ…”

ဘုရင်မြောက်ရိုးမက တုန်လှုပ်သွားပြီး အလောတကြီး သတိပေးလိုက်သည်။

“နင် သူ့ကို ဘယ်လိုခေါ်ဝေါ်ရမလဲဆိုတာ သတိကပ်ထားစမ်း… နင် ဘယ်သူ့ကို တာအိုရောင်းရင်းလို့ ခေါ်နေတာလဲ”

သိုင်းတာအိုပင်မခန္ဓာ၏ ယနေ့တိုက်ပွဲသည် နှစ်တစ်သိန်းကျော်ကြာအောင် မြောက်ရိုးမကို အုပ်စိုးလာခဲ့သည့် ထိုပညာရှင်ကို လုံးလုံးလျားလျား မှင်တက်သွားစေခဲ့ပြီဖြစ်သည်။

“ချင်ဟာ… ကျေးဇူးပြုပြီး ငါ့အတွက် ရှင်းပြပေးပါဦး… ငါက စောစောတုန်းက နဝေတိမ်တောင်နဲ့ သတိလွတ်ဖြစ်သွားခဲ့တာ”

တောင်ပိုင်းတောအုပ်သခင်လေးက ထန်ချင်းဟာကို အလောတကြီး လှမ်းပြောလိုက်၏။

သူ့စကားမဆုံးခင်မှာပင် သိုင်းတာအိုပင်မခန္ဓာက လေထဲမှာ သူ၏ လက်ကို ဝှေ့ယမ်းလိုက်၏။

“မင်း တော်တော်နားငြီးတာပဲ”

ဖောင်း…

သူတို့နှစ်ယောက်က အရမ်းကို ဝေးကွာကြလေသည်။

သိုင်းတာအိုပင်မခန္ဓာသည် ခြင်တစ်ကောင်ကို မောင်းထုတ်လိုက်သည့်အလား သူ၏ လက်ကို သာမန်ကာလျှံကာ မြှောက်လိုက်ရုံသာဖြစ်သည်။ ချက်ချင်းပင် တောင်ပိုင်းတောအုပ်သခင်လေး၏ ခန္ဓာကိုယ်က သွေးမြူတစ်ခုအဖြစ် ပေါက်ကွဲထွက်ပြီး သူ၏ အမြုတေစိတ်ဝိညာဉ်က ပျက်စီးသွားသည်။

တောင်ပိုင်းတောအုပ်သခင်လေးက သေဆုံးသွားပြီဖြစ်သည်။

ယခင်က ဘုရင်မြောက်ရိုးမ၏ မွေးနေ့ဂုဏ်ပြုစားသောက်ပွဲမှာ တောင်ပိုင်းတောအုပ်သခင်လေးသည် မင်ဖုန့်နှင့် အခြားသူများ ပေါ်ထွက်မလာခင်မှာပင် သူ့ကို အရင်စပြီး ရန်စစော်ကားခဲ့သည်။

သိုင်းတာအိုပင်မခန္ဓာသည် သူနှင့် တာအိုလက်တွဲဖော်များဖြစ်လာမည့် ထန်ချင်ဟာနှင့် ဘုရင်မြောက်ရိုးမ၏ မွေးနေ့ဂုဏ်ပြုစားသောက်ပွဲကို ထောက်ထားပြီး ဤလူကို လျစ်လျူရှုထားခဲ့သည်။

ယခု မွေးနေ့ဂုဏ်ပြုစားသောက်ပွဲသည် သွေးမြစ်များနှင့် အလောင်းများအဖြစ် ပြောင်းလဲသွားခဲ့ပြီဖြစ်သည်။

သိုင်းတာအိုပင်မခန္ဓာက နောက်ထပ်လူတစ်ယောက်ကို သတ်ဖို့ လုံးဝ ဝန်လေးမနေပေ။

တောင်ပိုင်းတောအုပ်သခင်လေး နောက်ဘက်ရှိ ငရဲဘုရင် တောင်ပိုင်းအမြုတေတွေကိုတော့ သိုင်းတာအိုပင်မခန္ဓာက စိတ်ထဲမှာ လုံးဝထည့်ထားခြင်း မရှိပေ။

ငရဲဘုရင် တောင်ပိုင်းအမြုတေသည် သူ၏ ရှေ့မှာ တောင်ပိုင်းတောအုပ်သခင်လေး သေဆုံးသွားသည်ကို တွေ့ရသောအခါ သူ၏ မျက်နှာက ဖြူဖပ်ဖြူရော်ဖြစ်သွားပြီး စိုးရိမ်ပူပန်လာခဲ့သည်။ သို့သော် သူက တစ်စုံတစ်ရာ ပြောဆိုရဲခြင်းနှင့် မကျေနပ်မှု တစ်စုံတစ်ရာကို ထုတ်ဖော်ပြသရဲခြင်းပင် မရှိပေ။

“အရှင်အထီးကျန်သခင်… ကျုပ်အသက်ကို ကယ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်”

ထိုစဉ်မှာပင် ဘုရင်မြောက်ရိုးမက သိုင်းတာအိုပင်မခန္ဓာ၏ စိတ်ဝိညာဉ်အသိစိတ်ထဲသို့ အသံတစ်ခုကို ပို့လွှတ်လိုက်သည်။

ခဏနေပြီးနောက် ဘုရင်မြောက်ရိုးမက ဆက်ပြောလိုက်သည်။

“ဒါပေမဲ့ ဒီနေ့တိုက်ပွဲသတင်းက သိပ်မကြာခင် ဗဟိုချက်မြို့တော်ကို ပျံ့နှံ့သွားလိမ့်မယ်… ငရဲအရှင်ဆီးနှင်းစိမ့်စမ်းက သေချာပေါက် ဒေါသူပုန်ထသွားမှာပဲ”

“အဲဒီအချိန်ကျရင် ခင်ဗျားက ဆီးနှင်းစိမ့်စမ်းငရဲရဲ့ ငရဲစစ်တပ်တစ်တပ်လုံးနှင့် ရင်ဆိုင်ရလိမ့်မယ်… ခင်ဗျားက အဲဒီစွမ်းအားကို တစ်ယောက်တည်းနဲ့ လုံးဝ ရင်ဆိုင်နိုင်မှာ မဟုတ်ဘူး”

“ကျုပ်သိရသလောက်ဆိုရင် ငရဲအရှင်ဆီးနှင်းစိမ့်စမ်း၏ ကျင့်ကြံမှုနယ်ပယ်က ပကတိကောင်းကင်လိုဏ်ဂူတစ်ခုနဲ့အတူ တမလွန်ဘုရင်နယ်ပယ်ရဲ့ အထွတ်အထိပ်ကို ရောက်နေပြီ”

“ရှေးဟောင်းတမလွန်မျိုးနွယ်ရဲ့ စွမ်းအားကြီးမားတဲ့ ကိုယ်ကာယနဲ့ မျိုးဆက်သွေးနဲ့ဆိုရင် သူ့လက်အောက်က ငရဲစစ်တပ်မှာရှိတဲ့ စစ်သည်ပေါင်းသန်းထောင်ချီက မြောက်ပိုင်းရိုးမတစ်ခုလုံးကို အလွယ်တကူ ချေမှုန်းဖျက်ဆီးပစ်နိုင်တယ်။”

All Chapters