← Chapters

ကြင်ယာတော်တင်မြှောက်အခမ်းအနား

Vol. 178 Ch. 2660

ကြင်ယာတော်တင်မြှောက်အခမ်းအနား

Vol. 178 Ch. 2660

ထန်ခုန်းသည် သူက အဲဒါကို မရှောင်လွှဲနိုင်တော့ဘူးဆိုတာ သိလိုက်ရပြီး ပြောလိုက်လေသည်။

“အရှင်အထီးကျန်သိုင်းသခင်.... ခဏစောင့်ပါဦး ကျုပ်.. ကျုပ်ကလန်သားတွေအတွက် စီစဥ်စရာရှိတာ သွားစီစဥ်ပေးလိုက်ပါဦးမယ်”

သိုင်းတာအိုပင်မခန္ဓာက ခေါင်းညိတ်ပြလိုက်၏။

ထန်ခုန်းသည် ဘေးတစ်ဘက်သို့သွားပြီး ထန်မိသားစုမှ ကလန်သားများစွာကို ခေါ်ယူစုဝေးစေလိုက်၏။

သူက သူတို့ကို အဖွဲ့ငယ်များခွဲပြီး မြောက်ပိုင်းရိုးမကနေ တတ်နိုင်သမျှမြန်မြန်ထွက်ခွာသွားစေသည်။

သူသည် ဤတစ်ခေါက် ဗဟိချက်မြို့တော်ကနေ ပြန်ရောက်မလာနိုင်လောက်တော့ဘူးဆိုတာကို သိရှိထားပြီး သူ့ကလန်သားများ၏ မျိုးဆက်သွေးကို ထိန်းသိမ်းဖို့အတွက် အတတ်နိုင်ဆုံးကြိုးစားပေးရပေမည်။

“အဖေ... ရှင်တို့်ဘယ်သွားမလို့လဲ”

ထန်ချင်အာက မေးလိုက်၏။

ထန်ခုန်းက ကြိတ်၍သက်ပြင်းချပြီး တစ်စုံတစ်ရာကို ဖုံးကွယ်ထားခြင်းမရှိပေ။

“အထီးကျန်သိုင်းသခင်က ဗဟိုချက်မြို့တော်ကိုသွားဖို့အတွက် လမ်းပြဖို့တစ်ယောက်ယောက်ကို လိုအပ်နေတယ်... ငါသူနဲ့ အဖော်လိုက်သွားရမယ်”

“အဲဒါဆို ကျွန်မလည်း လိုက်မယ်”

ထန်ချင်အာ၏ မျက်လုံးက ဝင်းလက်သွား၏။

“အဓိပ္ပါယ်မရှိတာ... နင်ဘာလိုက်လုပ်မှာလဲ”

ထန်ခုန်းက ထန်ချင်အာကို ခပ်စိမ်းစိမ်းစိုက်ကြည့်လိုက်၏။

ထန်ချင်အာက သိုင်းတာအိုပင်မခန္ဓာကို တစ်ချက်လှမ်းကြည့်လိုက်သည်။

“ကျွန်မက ဗဟိုချက်မြို့တော်မှာ ဒီနှစ်တွေထဲကျင့်ကြံနေခဲ့တာ အဲဒီနေရာကိုပိုပြီးတော့ ကောင်းကောင်းသိတယ်... ကျွန်မပါလာရင် ပိုပြီးသော အကူအညီဖြစ်မှာပဲ”

ထန်ခုန်းက မျက်မှောင်ကြုတ်လိုက်၏။

“အရှင်အထီးကျန်သိုင်းသခင်က ဗဟိုချက်မြို့တော်ကိုသွားချင်တယ်ဆိုတာ သူက ဆီးနှင်းစိမ့်စမ်းငရဲကနေ ထွက်ခွာဖို့အတွက် ပို့ဆောင်ရေးဝင်္ကပါကို အသုံးချချင်လို့ပဲ... ပို့ဆောင်ရေးဝင်္ကပါက ဗဟိုချက်မြို့တော်ရဲ့ ဧကရာဇ်နန်းတော်ထဲမှာရှိတယ်... အဲဒီနေရာကို မရေမတွက်န်ိုင်တဲ့ ပညာရှင်တွေစောင့်ကြပ်နေကြတယ်... နင်က ဘာအကူအညီပေးနိုင်မှာလဲ”

ထန်ချင်အာက ပြောလိုက်သည်။

“ကျွန်မက ဗဟိုချက်မြို့တော်ထဲက ဧကရာဇ်နန်းတော်ထဲကို နှစ်ခေါက်သုံးခေါက်ရောက်ဖူးတယ်... ကျွန်မက အဲဒီထဲမှာရှိတဲ့ မြေပြင်အနေအထားနဲ့ပတ်သက်ပြီး နားလည်ထားတာတချို့ရှိတယ်”

“ကျွန်မတို့တွေက ဆီးနှင်းစိမ့်စမ်းငရဲရဲ့ ပို့ဆောင်ရေးဝင်္ကပါကို အသုံးပြုမယ်ဆိုရင် အဲဒါကို အင်အားနဲ့အတင်းအကျပ်ပြုလုပ်လို့မရဘူး... ကျွန်မတို့တွေက သေသေချာချာအစီအစဥ်ချပြီး သင့်လျော်တဲ့အခွင့်အရေးတစ်ခုကို ရှာဖွေရမယ်”

ထန်ခုန်းက ခဏမျှစဥ်းစားတွေးတောလိုက်သည်။

“ကောင်းပြီလေ... နင့်ကိုပါခေါ်သွားမယ်”

ထန်ခုန်းက ထန်ချင်အာကို သိုင်းတာအိုပင်မခန္ဓာ၏ ဘေးသို့ခေါ်လာပြီး ရှင်းပြလိုက်သည်။

“ချင်အာက ဗဟိုချက်မြို့တော်နဲ့ ပိုပြီးတော့ရင်းနှီးမှုရှိတယ်... သူပါလာရင် ကျုပ်တို့အတွက် ပိုပြီးတော့အဆင်ပြေပါလိမ့်မယ်”

သိုင်းတာအိုပင်မခန္ဓာက ထိုအချက်ကို လုံးဝဂရုမစိုက်ပေ။

ထန်ချင်အာ ပါလာသည်ဖြစ်စေ မပါလာသည်ဖြစ်စေ ကိစ္စမရှိပေ။

တကယ်တမ်းမှာ သူ၏ အမြုတေသိုင်းကောင်းကင်လိုဏ်ဂူသည် မကြာသေးခင်ကမှ ကောင်းကင်လိုဏ်ဂူစွမ်းအားများစွာကို ဝါးမျိုထားပြီး အဲဒါကို ချေဖျက်စုပ်ယူဖို့အတွက် အတော်အတန်ကြာသည့် အချိန်တစ်ခု လိုအပ်နေ၏။

သို့သော်လည်း ထန်ခုန်းပြောသည့်အတိုင်းပင် မြောက်ပိုင်းရိုးမမှာ ဖြစ်ပွားခဲ့သောတိုက်ပွဲက ဗဟိုချက်မြို့တော်သို့ မကြာခင်ပျံ့နှံ့သွားပေလိမ့်မည်။

ထိုအချိန်ကျလျှင် ငရဲအရှင်ဆီးနှင်းစိမ့်စမ်းက သူ၏ ငရဲစစ်တပ်ကို ဦးဆောင်လာမည်ဖြစ်ပြီး သူ့မှာ ကျင့်ကြံဖို့အတွက် အချိန်များစွာရမည် မဟုတ်ပေ။

ငရဲအရှင်ဆီးနှင်းစိမ့်စမ်း တိုက်ခိုက်လာမည်ကို စောင့်ဆိုင်းရမည့်အစား သူက ဗဟိုချက်မြို့တော်သို့ အရင်သွားရောက်ပြီး ဤကိစ္စကို ​ဖြေရှင်းသည်က ပိုကောင်းပေလိမ့်မည်။

သိုင်းတာအိုပင်မခန္ဓာသည် လက်ရှိသူ၏တိုက်ခိုက်ရည်ခွန်အားအရ ငရဲအရှင်ဆီးနှင်းစိမ့်စမ်းကို ယှဥ်နိုင်ချင်မှယှဥ်နိုင်ပေလိမ့်မည်။

သို့သော်လည်း သူ့မှာ ငရဲဖိနှိမ်မီးဖို၊ တမလွန်ဘုံရတနာကြေးမုံနှင့် ဝိညာဥ်မီးအိမ်တို့ရှိနေပြီး သူတို့ထဲက မည်သည့်တစ်ခုမဆို အခြေအနေကို ပြောင်းလဲပစ်ဖို့ လုံလောက်လေသည်။

သိုင်းတာအိုပင်မခန္ဓာသည် လေဟာနယ်ကို သာမန်ကာလျှံကာဆုတ်ဖြဲပြီး ထန်ခုန်းနှင့် ထန်ချင်အာကို အာကာသဥမင်ထဲသို့ ခေါ်ဆောင်ကာ မြောက်ပိုင်းရိုးမ၏ အပျက်အစီးပုံများအထက်ကနေ ပျောက်ကွယ်သွားသည်။

ထန်မိသားစုမှ ကလန်သားများစွာသ​ည် သူတို့သုံးယောက်ထွက်ခွာသွားသည်ကိုတွေ့မြင်သောအခါ သူတို့က သူတို့ခေါင်းဆောင်ထန်ခုန်း၏ အမိန့်ကိုနာခံပြီး အဖွဲ့တချို့ခွဲကာ မြောက်ရိုးမကနေ လျင်မြန်စွာထွက်ခွာသွားကြသည်။

မြောက်ရိုးမမြို့တော်မှာ ငရဲသက်ရှိများစွာသည် ထိုသည်ကိုတွေ့မြင်သောအခါ နေရာမှာပင်မှင်တက်နေကြသည်။ သို့သော်လည်း သူတို့က ဒူးထောက်ထားဆဲဖြစ်ပြီး ချက်ချင်းမတုံ့ပြန်နိုင်ကြပေ။

“သူက ဒီတိုင်းပဲ ထွက်ခွာသွားတာလား”

“ဘုရင်မြောက်ရိုးမအသစ်က ဘယ်ကိုသွားတာလဲ”

“အဲဒါက သိသာထင်ရှားတယ် မဟုတ်ဘူးလား... သူက နေရာတစ်နေရာရှာပြီး ဇာတ်မြှုပ်နေဖို့အတွက် မြောက်ရိုးမကနေ ထွက်ခွာသွားတာနေမှာပေါ့”

“အမှန်ပဲ... ဒီနေ့တိုက်ပွဲသတင်းက ဗဟိုချက်မြို့တော်ကို မြန်မြန်ဆန်ဆန်ရောက်ရှိသွားလိမ့်မယ်... သူက ဒီနေရာမှာဆက်နေမယ်ဆိုရင် ဘုရင်မြောက်ရိုးမဆိုတဲ့ သူ့ရဲရာထူးကို ထိန်းထားနိုင်မှာ မဟုတ်ဘူး... သူက ငရဲအရှင်ဆီးနှင်းစိမ့်စမ်းရဲ့ အညှာအတာမဲ့ သတ်ဖြတ်ခြင်းခံရလိမ့်မယ်”

“မြောက်ပိုင်းရိုးမရဲ့ ထန်မိသားစုက ကလန်သားတွေကလည်း စောစောက ထွက်ပြေးကုန်ကြပြီ... သူတို့တွေကလည်း ပုန်းကွယ်ဖို့နေရာတစ်ခုကို သွားရှာကြတာဖြစ်မယ်”

သူတို့၏ ဘေးပတ်လည်မှ ဆွေးနွေးပြောဆိုသံများကို နားထောင်ရင်း ငရဲသက်ရှိများစွာက နားလည်သဘောပေါက်လာကာ တစ်ယောက်ပြီးတစ်ယောက် မတ်တတ်ထရပ်လိုက်ကြ၏။

ငရဲဘုရင်ပညာရှင်ထောင်ချီကလည်း တွေဝေရှုပ်ထွေးသောအမူအရာများနှင့်အတူ မတ်တတ်ထရပ်လိုက်ကြ၏။

သူတို့က အသက်ရှင်နိုင်ခဲ့သော်လည်း သူတို့၏ အသက်ဓာတ်အားက ပြင်းထန်စွာပျက်စီးထိခိုက်ခဲ့သည်။

တကယ်ဆို... ငရဲဘုရင်ပညာရှင်တချို့၏ ကောင်းကင်လိုဏ်ဂူများက လုံးလုံးလျားလျားဝါးမျိုခံခဲ့ရပြီး သူတို့၏ နှစ်ပေါင်းသိန်းချီကျင့်ကြံမှုက လုယူခံခဲ့ရ၏။

သို့သော်လည်း မင်ဖုန်နှင့် အခြားသူများနှင့် မဟာငရဲတောင်ကြောရိုးဆယ်ခုမှ ပိုင်နက်အရှင်များနှင့်နှိုင်းစာလျှင် သူတို့ကအသက်ရှင်နိုင်ခဲ့သည်မှာ ကံကောင်းသည်ဟုဆိုရမည်။

“သွားကြတာပေါ့”

ငရဲဘုရင်တစ်ပါးက သက်ပြင်းချလိုက်သည်။

“နောက်နှစ်ရက်လောက်နေရင် တမလွန်ဘုရင်ပညာရှင်တွေက ဗဟိုချက်မြို့တော်ကနေ မြောက်ပိုင်းရိုးမကို ဆင်းသက်လာငြလိမ့်မယ်... ခရမ်းရောင်ဝတ်အမျိုးသားနဲ့ ထန်မိသားစု အသက်ရှင်နိုင်ပါ့မလားဆိုတာကတော့ သူတို့ရဲ့ကံကြမ္မာပေါ် မူတည်လိမ့်မယ်”

ငရဲဘုရင်ထောင်ချီက ထွက်ခွာ၍ သူတို့၏ ပိုင်နက်နယ်မြေများသို့ ပြန်ရောက်လာကြသည်။ သူတို့သည် ဗဟိုချက်မြို့တော်မှသတင်းကို စောင့်ဆိုင်းရင်း တံခါးပိတ်ကျင့်ကြံနေကြသည်။

အာကာသဥမင်ထဲမှာ သိုင်းတာအိုပင်မခန္ဓာသည် ထန်ခုန်းနှင့် သူ့သမီးကို ခေါ်ဆောင်သွားလေသည်။

သိပ်မကြာခင် ထန်ခုန်း၏ အမူအရာက ပြောင်းလဲသွားပြီး အာကာသဆုံမှတ်တစ်ခုကို လက်ညှိုးထိုးပြလိုက်သည်။

“ဒီနေရာကနေထွက်ခွာမယ်ဆိုရင် ကျုပ်တို့တွေက ဗဟိုချက်မြို့တော်မှာရှိတဲ့ ဆီးနှင်းစိမ့်စမ်းမြို့ကို ရောက်လိမ့်မယ်”

သိုင်းတာအိုပင်မခန္ဓာက တွေဝေတုံ့ဆိုင်းခြင်းမရှိဘဲ ထန်ခုန်းနှင့် သူ့သမီးနှင့်အတူ အာကာသဆုံမှတ်ကို ချိုးဖျက်ကာ အာကာသဥမင်ထဲကနေ ထွက်ခွာလိုက်သည်။

သူတို့သုံးယောက်ဆင်းသက်ရာနေရာက ဆီးနှင်းစိမ့်စမ်းမြို့နှင့် သိပ်မကွာဝေးပေ။

သူ၏ မြင်ကွင်းထဲ ဝင်ရောက်လာသည်မှာ ခံ့ညားထည်ဝါ၍ အလွန်ကြီးမားသည့် ရှေးဟောင်းမြို့ကြီးတစ်မြို့ဖြစ်သည်။

၎င်းကို ရေခဲများဖြင့်ပြုလုပ်ထားသည့်အလား မြို့က နှင်းဖြူရောင်ကဲ့သို့ဖြူဖွေးနေ၏။ ၎င်းသည် မှောင်မိုက်၍ မကောင်းဆိုးဝါးဆန်းသောလောကမှာ အလွန်တရာထင်ရှားပေါ်လွင်နေသည်။

နှင်းဖြူရောင်မြို့ရိုးများက ဘေးတစ်ဘက်တစ်ချက်စီသို့ အဆက်မပြတ်ဆန့်တန်းသွားလေသည်။ သိုင်းတာအိုပင်မခန္ဓာ၏ အမြင်အာရုံနှင့်ပင်လျှင် သူသည် မြို့ရိုးများ၏ အစွန်းနှစ်ဘက်ကို မတွေ့မြင်ရပေ။

ရှေးဟောင်းမြို့တစ်မြို့လုံးက အေးစက်နေသောလေများနှင့် ဖြူဖွေးနေသောမြူခိုးများကို ထုတ်ဖော်ပေးနေ၏။

ဤနေရာသည် ဗဟိုချက်မြို့တော်၏ ဆီးနှင်းစိမ့်စမ်းမြို့ဖြစ်သည်။

သိုင်းတာအိုပင်မခန္ဓာက မြောက်ရိုးမမြို့တော်ကို မကြာသေးခင်ကမှ မြင်တွေ့ထားခဲ့၏။

သို့သော်လည်း သူ၏ ရှေ့မှ ဤရှေးဟောင်းမြို့တော်နှင့်နှိုင်းစာလျှင် ယခင်မြို့သည် အရှိန်အဝါနှင့် အတိုင်းအတာမှာ များစွာပိုမိုနိမ့်ကျနေလေသည်။

ထိုအခိုက်အတန့်မှာ သိုင်းတာအိုပင်မခန္ဓာနှင့် အခြားနှစ်ယောက်သည် လေထုကို ဆုတ်ဖြဲပြီး ဆီးနှင်းစိမ့်စမ်းမြို့၏ အပြင်ဘက်မှာ ရုတ်တရက်ပေါ်ထွက်လာကြသည်။

ဝင်ထွက်သွားလာနေသော ငရဲသက်ရှိတချို့က သူတို့ကို သတိထားမိသော်လည်း သူတို့က အံ့အားသင့်သွားကြခြင်း မရှိပေ။

ဆီးနှင်းစိမ့်စမ်းမြို့သည် ဆီးနှင်းစိမ့်စမ်းငရဲတစ်ခုလုံး၏ အလယ်​ဗဟိုဖြစ်လေသည်။ သူတို့အနေဖြင့် ရှေးဟောင်းမြို့၏ အနားတစ်ဝိုက်မှာ ငရဲဘုရင်ပညာရှင်များနှင့် ကြုံတွေ့ရသည်မှာ အံ့အားသင့်စရာမရှိပေ။

အစောင့်တပ်သားများစွာက ရှေးဟောင်းမြို့၏ ဝင်ပေါက်ဝကိုစောင့်ကြပ်နေကြပြီး ဝင်ထွက်သွားလာနေသောငရဲသက်ရှိများကို စစ်ဆေးနေကြ၏။

ထန်ချင်အာက ပြောလိုက်သည်။

“ငရဲဘုရင်ပညာရှင်တွေက သူတို့ကို ဂရုစိုက်စရာမလိုဘူး... သူတို့က ရှေးဟောင်းမြို့ရဲ့လေထဲကနေ ပျံသန်းလို့ရတယ်... အစောင့်တပ်သားတွေက သူတို့ကို စစ်ဆေးမေးမြန်းမှာ မဟုတ်ဘူး”

သိုင်းတာအိုပင်မခန္ဓာက မြို့ထဲသို့ ဝင်ရောက်တော့မည့်ဆဲဆဲမှာပင် ထန်ခုန်းက ရုတ်တရက် ပြောလိုက်သည်။

“အရှင်... ခဏနေပါဦး ခင်ဗျားရဲ့အဝတ်အစားတွေနဲ့ ပုံပန်းသဏ္ဌာန်က နဲနဲထူးခြားနေတယ်... အဲဒါက မှတ်မိဖို့အရမ်းလွယ်တယ်... ကျုပ်တို့တွေက ရုပ်ဖျက်လိုက်ရင်ကောင်းမလား”

မြောက်ရိုးမမှာဖြစ်ပွားခဲ့သောတိုက်ပွဲသတင်းက ဗဟိုချက်မြို့တော်သို့ပျံ့နှံ့သွားသည်နှင့် သိုင်းတာအိုပင်မခန္ဓာ၏ ခရမ်းရောင်ဝတ်ရုံနှင့် ငွေရောင်မျက်နှာဖုံးက ရှာဖွေရလွယ်ကူနေပေလိမ့်မည်။

“မလိုပါဘူး”

သိုင်းတာအိုပင်မခန္ဓာက မှင်သေသေဖြင့်ပြောလိုက်၏။

ထန်ခုန်းက ကြိတ်၍သက်ပြင်းချပြီး မည်သည့်စကားမှ ထပ်မံ၍မပြောဆိုရဲတော့ပေ။ သူက သိုင်းတာအိုပင်မခန္ဓာ၏ နောက်ဘက်မှာ နာခံစွာလိုက်ပါပြီး ဆီးနှင်းစိမ့်စမ်းမြို့ထဲသို့ ဝင်ရောက်လာကြ၏။

ဆီးနှင်းစိမ့်စမ်းမြို့သည် ကြီးမားသော်လည်း မြေပြင်ပေါ်မှာ ငရဲသက်ရှိများစွာက ကြိတ်ကြိတ်တိုးနေသည်။

လေထဲမှာရှိသောနေရာလွတ်က အတော်လေးကျယ်ဝန်းပြီး အဟန့်အတားများစွာမရှိပေ။

“ထူးဆန်းတယ်”

အောက်ဘက်ရှိလူအုပ်ကြီးကို ငေးကြည့်ရင်း ထန်ချင်အာက မျက်မှောင်အနည်းငယ်ကြုတ်လိုက်၏။

“ခါတိုင်းလိုဆို ဆီးနှင်းစိမ့်စမ်းမြို့မှာ လူအဲလောက် မများပါဘူး”

လမ်းတစ်လျှောက်မှာ သူတို့သုံးယောက်သည် လေထဲတွင် ငရဲဘုရင်ပညာရှင်များစွာနှင့် ​ကြုံတွေ့ခဲ့ရ၏။

ထန်ခုန်းက ခဏမျှလေ့လာအကဲခတ်ကြည့်လိုက်၏။

“ဆီးနှင်းစိမ့်စမ်းမြို့မှာ အရေးကြီးတာတစ်ခုခု ဖြစ်နေတာလား”

ထန်ချင်အာက ခဏမျှစဥ်းစားတွေးတောပြီးနောက် နားလည်သဘောပေါက်သွားသည့် အကြည့်နှင့်အတူ ပြောလိုက်လေသည်။

“ကျွန်မအခုမှတ်မိပြီ... နေ့ရက်အချိန်အခါအရဆိုရင် ဒီနေ့က ငရဲအရှင်ဆီးနှင်းစိမ့်စမ်းရဲ့ ကြင်ယာတော်တင်​မြှောက်အခမ်းအနား ကျင်းပမယ့်နေ့ဖြစ်လောက်တယ်”

“ကြင်ယာတော်တင်မြှောက် အခမ်းအနားလား”

ထန်ခုန်းက မေးလိုက်၏။

ထျန်ချင်အာက ရှင်းပြလိုက်သည်။

“လွန်ခဲ့တဲ့နှစ်အနည်းငယ်တုန်းက ရှေးဟောင်းတမလွန်မျိုးနွယ်မှာ ချောမောလှပတဲ့ အမျိုးသမီးတစ်ဦး မွေးဖွားပေါ်ထွက်လာခဲ့တယ်... ငရဲအရှင်ဆီးနှင်းစိမ့်စမ်းက အဲဒီအမျိုးသမီးကို မြင်တွေ့တဲ့အချိန်မှာ တုန်လှုပ်သွားခဲ့တယ်... သူက နဂိုမူလငရဲကြင်ယာတော်ကို ရုပ်သိမ်းပြီး အဲဒီအမျိုးသမီးကို ငရဲကြင်ယာတော်အသစ်အဖြစ် တင်မြှောက်ဖို့ဆုံးဖြတ်ခဲ့တယ်”

“ငရဲအရှင်ဆီးနှင်းစိမ့်စမ်းက အဲဒီအမျိုးသမီးရဲ့ ရုပ်ပုံကို သုံးရက်ကြာပျက်ပြယ်ခြင်းမရှိဘဲ ဆီးနှင်းစိမ့်စမ်းမြို့ထက်မှာ ပြသထားဖို့အတွက် ဓမ္မတာအိုတစ်ခုကိုတောင်မှ အသုံးပြုခဲ့တယ်... ဆီးနှင်းစိမ့်စမ်းအကျဥ်းထောင်မှာရှိတဲ့ သက်ရှိတွေတောင်မှ သူမရဲ့မျက်နှာကို မြင်တွေ့ခွင့်ရစေခဲ့တယ်”

ထန်ခုန်းက လှောင်ရယ်လိုက်သည်။

ထိုအပြုအမူသည် ငရဲအရှင်ဆီးနှင်းစိမ့်စမ်းက သူ၏ ကြင်ယာတော်က ဘယ်လောက်ချောမောလှပကြောင်း ဆီးနှင်းစိမ့်စမ်းငရဲမှ သက်ရှိများအားလုံးကို မြင်တွေ့ခွင့်ရစေပြီး ဂုဏ်ယူဝင့်ကြွားပြခြင်းထက် မပိုပေ။

All Chapters