အခွင့်အရေး
Vol. 178 Ch. 2661
ထန်ချင်အာက ပြောလိုက်သည်။
“ကျွန်မသိရသလောက်ဆိုရင် ငရဲအရှင်ဆီးနှင်းစိမ့်စမ်းက ဒီအမျိုးသမီးအတွက် ကြင်ယာတော်တင်မြှောက်အခမ်းအနားကို အထူးတလည်ကျင်းပပေးလိမ့်မယ်”
“ဟမ့်...”
ထန်ခုန်းက မကျေမနပ်ဖြစ်သွားသည်။
“ငရဲအရှင်ဆီးနှင်းစိမ့်စမ်းက ညှို့ငင်ဖမ်းစားခံလိုက်ရတာဖြစ်မယ်... အဲဒါက မိန်းမတစ်ယောက်ပဲကို... ဒီလောက်လူတွေအများကြီးကို ဆော်ဩစည်းရုံးထားရအောင် သူကဘယ်လောက်ချောမောလှပနေလို့လဲ”
ထိုစကားကိုကြားရသောအခါ ထန်ချင်အာ၏ အမူအရာက တွေဝေရှုပ်ထွေးပြီး နှုတ်ဆိတ်သွားသည်။
ခဏနေပြီးနောက် သူမကပြောလိုက်သည်။
“ဒီငရဲကြင်ယာတော်ရဲ့ ချောမောလှပမှုက တကယ်ကိုရက်ရက်စက်စက် ညှို့ငင်ဖမ်းစားနိုင်ပြီး အံ့အားသင့်မှင်တက်စရာကောင်းတယ်လို့ဆိုရမယ်... ကျွန်မသာ အမျိုးသားတစ်ယောက်ဖြစ်မယ်ဆိုရင် ကျွန်မက သူ့ရဲ့ညှို့ငင်ဖမ်းစားခံရပြီး သူ့အတွက် ဘယ်အရာကိုမဆို လုပ်ပေးမိမှာပဲ”
ဤအကဲဖြတ်တန်ဖိုးက အရမ်းကို မြင့်မားလေသည်။
ထိုစကားကို အခြားတစ်ယောက်ယောက်က ပြောမည်ဆိုလျှင် ထန်ခုန်းမှာ သံသယတချို့ရှိနေပေဦးမည်။ သို့သော်လည်း ထန်ချင်အာက သူ၏သမီးဖြစ်သည်။
ဒါ့အပြင် ထန်ချင်အာသည် အစကတည်းက ထိပ်တန်းအချောအလှတစ်ဦးဖြစ်သည်။
ဤနေရာမှာ သူမသည် အခြားသူများနှင့် သေချာပေါက်ကောင်းကောင်းယှဉ်နိုင်ပေလိမ့်မည်။
သို့သော်လည်း ထန်ချင်အာပင်လျှင် သူမက ဤငရဲကြင်ယာတော်ထက် များစွာနိမ့်ကျသည်ဟု ဝန်ခံထားရသည်။
ထန်ချင်အာက ဆက်ပြောလိုက်၏။
“ငရဲကြင်ယာတော်က ငရဲဆီးနှင်းစိမ့်စမ်းကနေ မွေးဖွားပေါ်ထွက်လာတဲ့အခါ စိမ့်စမ်းဘေးမှာရှိတဲ့ပန်းပင်တွေက သူတို့ရဲ့နိမ့်ကျမှုကိုရှက်ရွံ့ပြီး သူမကို ရှောင်ကွင်းပြီး ပန်းပွင့်တွေက ပြန်လည်ပိတ်ဆို့သွားတယ်လို့ ပြောကြတယ်”
“ဒါကတော့ သက်သက်ချဲ့ကားနေတာပဲ”
ထန်ခုန်းက အံ့အားသင့်သွားသည်။
သူသည် နှစ်ရှစ်သိန်းကြာအောင် ရှင်သန်နေထိုင်လာခဲ့ပြီး ဤနယ်ပယ်မှာ အတော်လေးတည်ငြိမ်နေခဲ့ပြီဖြစ်သည်။ သူသည် ဤငရဲကြင်ယာတော်နှင့်ပတ်သက်သည့် အမျိုးမျိုးသောဒဏ္ဍာရီများကို ကြားရသောအခါ သူကလည်း စူးစမ်းလိုစိတ်ဖြစ်ပေါ်လာသည်။
ထန်ချင်အာက ခေါင်းညိတ်ပြလိုက်၏။
“ငရဲအရှင်ဆီးနှင်းစိမ့်စမ်းက သူ့ကို အတော်လေး ကောင်းကောင်းမွန်မွန်ပြုမူဆက်ဆံပြီး နှစ်ပေါင်းထောင်ချီကြာအောင် လိုက်လံပိုးပန်းခဲ့တယ်လို့ပြောတယ်... ဒီငရဲကြင်ယာတော်က ငရဲအရှင်ဆီးနှင်းစိမ့်စမ်းရဲ့ တောင်းဆိုမှုကို ဘယ်တုန်းကမှ လက်မခံခဲ့ဘူး”
“ဘာမှန်းမသိရတဲ့အကြောင်းအရင်းတချို့ကြောင့် မကြာသေးခင်ကမှ ငရဲအရှင်ဆီးနှင်းစိမ့်စမ်းက ကြင်ယာတော်တစ်ဦးကို တင်မြှောက်တော့မယ်လို့ ရုတ်တရက်ထုတ်ဖော်ကြေညာခဲ့တယ်... ဒီငရဲကြင်ယာတော်က နောက်ဆုံးမှာ သူ့ရဲ့စိတ်ရင်းမှန်ကန်မှုမှာ ကြွေသွားတာဖြစ်ရမယ်”
ထန်ချင်အာ၏ အကြည့်က သိုင်းတာအိုပင်မခန္ဓာဘက်သို့ ရောက်ရှိသွားလေသည်။
သိုင်းတာအိုပင်မခန္ဓာက တစ်ချိန်လုံးနှုတ်ဆိတ်နေပြီး အဝေးတစ်နေရာကို ငေးကြည့်နေ၏။ သူ့စိတ်ထဲမှာ တစ်ခုခုရှိနေသည့်အလား သူစဥ်းစားတွေးတောနေသည့်အရာကို မသိရပေ။
သိုင်းတာအိုပင်မခန္ဓာသည် ငရဲကြင်ယာတော်ဟူသော စကားကိုကြားရချိန်မှာ မိတ်ဆွေဟောင်းတစ်ယောက်ကို တွေးမိသွားလေသည်။
ဤမိတ်ဆွေဟောင်းသည် ထျန်ဟွမ်ကုန်းမြေတိုက်မှာ သူနှင့် မမေ့ဖျောက်နိုင်သောအတိတ်ကာလတချို့ ရှိခဲ့၏။
ဤမိတ်ဆွေဟောင်းသည် အရင်က သူ့အသက်ကို ကယ်တင်ပေးခဲ့ဖူးသည်။
မဟာချန်အင်ပါယာ၏ ကြင်ယာတော်ယု...။
တကယ်တော့ သိုင်းတာအိုပင်မခန္ဓာသည် ထန်ချင်အာရည်ညွှန်းပြောဆိုနေသည့် ငရဲကြင်ယာတော်နှင့် ကြင်ယာတော်ယုက မတူနိုင်ကြောင်းကို သိရှိထားလေသည်။
သို့သော်လည်း သူတို့နှစ်ခုက အသံထွက်တူညီနေပြီး အနှိုင်းမဲ့အချောအလှများဖြစ်ကြသည်။ ထိုသို့ဖြင့် သူသည် အတိတ်ကာလက သူ၏ ဤမိတ်ဆွေဟောင်းကို ပြန်လည်စဥ်းစားမိသွားသည်။
အရင်တုန်းက ကြင်ယာတော်ယုသည် ထျန်ဟွမ်ကုန်းမြေတိုက်မှာ ကပ်ဘေးဆင်းသက်ခြင်းကိုခံယူပြီး တက်လှမ်းသွားခဲ့သည်။
သိုင်းတာအိုပင်မခန္ဓာက ပေါ်ထွက်မလာခဲ့သော်လည်း သူက ထိုကပ်ဘေးဆင်းသက်ခြင်းကို တစ်ချိန်လုံးအာရုံစိုက်ထားခဲ့၏။ ကံကောင်းထောက်မစွာဖြင့် မည်သည့်အန္တရာယ်မှ ရှိမလာခဲ့ပေ။
ဤနှစ်များမှာ သိုင်းတာအိုပင်မခန္ဓာသည် ထျန်ဟွမ်ကုန်းမြေတိုက်မှ တက်လှမ်းလာသော မိတ်ဆွေဟောင်းများကြားတွင် ယန်ပေးချန်၊ မင်းကျန်၊ နတ်ဆိုးမကျိနှင့် ထောင်ယောင်တို့ကိုသာ ရှာတွေ့ခဲ့သည်။ အခြားသူများ၏ မည်သည့်သတင်းမှ ရောက်ရှိမလာခဲ့ပေ။
“အရှင်အထီးကျန်သိုင်းသခင်...”
ထန်ခုန်းက ဘေးကနေညင်သာစွာမေးလိုက်သည်။
“အခုနေထွက်သွားမယ်ဆိုရင် နောက်မကျသေးဘူး... မြောက်ရိုးမရဲ့တိုက်ပွဲသတင်းက ဗဟိုချက်မြို့တော်ကို အခုချိန်ထိ မရောက်လောက်သေးဘူး”
သိုင်းတာအိုပင်ခန္ဓာက နှုတ်ဆိတ်နေသည်ကို ထန်ခုန်းတွေ့မြင်သောအခါ ထိုသူသည် ဆီးနှင်းစိမ့်စမ်းမြို့တော်၏ အခြေခံအုတ်မြစ်ကို တွေ့မြင်ရပြီးနောက် နောင်တရနေခြင်းဖြစ်မည်ဟု သူက တွေးမိလိုက်၏။
“ဆီးနှင်းစိမ့်စမ်းဧကရာဇ်နန်းတော်ကို သွားကြတာပေါ့”
သိုင်းတာအိုပင်မခန္ဓာက သူ၏ အတွေးများကို လောလောဆယ်မှာ ဘေးဖယ်ထားပြီး ပြောလိုက်၏။
ဆီးနှင်းစိမ့်စမ်းငရဲမှာ ဧကရာဇ်နယ်ပယ်ပညာရှင်တစ်ယောက်မရှိတော့သည်မှာ နှစ်ပေါင်းများစွာကြာသွားခဲ့ပြီဖြစ်သော်လည်း ငရဲအရှင်ဆီးနှင်းစိမ့်စမ်း၏ နန်းတော်ကို ဧကရာဇ်နန်းတော်ဟု ယခင်အတိုင်းဆက်လက်၍ခေါ်ဆိုကြဆဲဖြစ်သည်။
'ကျုပ်တို့က သွားကြဦးမှာလား'
ထန်ခုန်းက ကူကယ်ရာမဲ့စွာခံစားလိုက်ရပြီး စိတ်ထဲကနေစောဒကတက်လိုက်မိသည်။
ထန်ချင်အာက ရင်တစ်ချက်ထိတ်သွားပြီး ရုတ်တရက်ပြောလိုက်သည်။
“အဖေ... စီနီယာအထီးကျန်သိုင်းသခင်... ဒီကြင်ယာတော်တင်မြှောက်အခမ်းအနားက ကျွန်မတို့အတွက် ရှားရှားပါးပါးအခွင့်အရေးတစ်ခုဖြစ်လာနိုင်တယ်”
“ဟမ်...”
ထန်ခုန်း၏ မျက်လုံးက ဝင်းလက်သွားပြီး သူက ချက်ချင်းပင် နားလည်သဘောပေါက်သွား၏။
ဤတစ်ခေါက် ကြင်ယာတော်တင်မြှောက်အခမ်းအနားက အရမ်းကိုကြီးမားခမ်းနားလွန်းလေသည်။ ဆီးနှင်းစိမ့်စမ်းမြို့တော်မှာ အဆင့်အတန်းနှင့် နာမည်ဂုဏ်သတင်းတချို့ရှိသော မည်သည့်ပညာရှင်မဆို အခမ်းအနားကို စောင့်ကြည့်ဖို့အတွက် ဆီးနှင်းစိမ့်စမ်းဧကရာဇ်နန်းတော်သို့ သွားရောက်ကြပေလိမ့်မည်။
ဆီးနှင်းစိမ့်စမ်းဧကရာဇ်နန်းတော်၏ အစောင့်တပ်သားများကတော့ သူတို့သည် ကြင်ယာတော်တင်မြှောက်အခမ်းအနားကို အာရုံစိုက်ထားကြပေလိမ့်မည်။
ထိုသို့ဖြင့် ပို့ဆောင်ရေးဝင်္ကပါကို စောင့်ကြပ်နေသည့်အင်အားက သေချာပေါက်လျော့ကျသွားလိမ့်မည်ဖြစ်ပြီး သူတို့၏ အောင်မြင်ဖို့ အခွင့်အရေးကို ပိုတိုးလာပေလိမ့်မည်။
ထန်ချင်အာက ဆက်ပြောလိုက်သည်။
“ဒါပေမဲ့... ပို့ဆောင်ရေးဝင်္ကပါက ဧကရာဇ်နန်းတော်ရဲ့ အလယ်ဗဟိုဧရိယာမှာရှိတယ်... အဲဒါက ကြင်ယာတော်တင်မြှောက်အခမ်းအနားနဲ့ သိပ်မဝေးဘူး”
“ကျွန်မတို့တွေက အခွင့်အရေးရမယ်ဆိုရင် အဲဒါကို မြန်မြန်ဆန်ဆန်လှုပ်ရှားပြီး ပို့ဆောင်ရေးဝင်္ကပါကို ချက်ချင်းအသက်သွင်းရမယ်”
“ဆီးနှင်းစိမ့်စမ်းမြို့တော်က ပညာရှင်တွေ တုံ့ပြန်လာတဲ့အချိန်ကျရင် ကျွန်မတို့က သေချာပေါက်သေရလိမ့်မယ်”
ထန်ခုန်းက ခေါင်းညိတ်ပြပြီး သူ၏ မျက်လုံးထဲတွင် မျှော်လင့်ချက်တစ်စွန်းတစ်စ ပြန်လည်ရရှိလာ၏။
မည်သို့ပင်ဆိုစေ ထန်ချင်အာ၏ အစီအစဥ်က ဧကရာဇ်နန်းတော်နှင့် ထိပ်တိုက်ရင်ဆိုင်ခြင်းထက် များစွာပိုမိုဘေးကင်းလုံခြုံပေလိမ့်မည်။
သူတို့၏ လုပ်ဆောင်ချက်က ချောချောမွေ့မွေ့ပြီးဆုံးသွားမည်ဆိုလျှင် သူတို့သုံးယောက်သည် အသက်ရှင်ဖို့ အခွင့်အရေးတစ်ခုကို တကယ်ပင်ရရှိလာပေလိမ့်မည်။
“အရှင်အထီးကျန်သိုင်းသခင် ခင်ဗျားဘယ်လိုသဘောရလဲ”
ထန်ခုန်းက တစ်ဘက်ကိုလှည့်ပြီးမေးလိုက်၏။
“ငါတို့တွေ့ကြရမှာပေါ့”
သိုင်းတာအိုပင်မခန္ဓာက သာမန်ကာလျှံကာပြန်ဖြေပြီး ဆီးနှင်းစိမ့်စမ်းဧကရာဇ်နန်းတော်ရှိရာသို့ ဆက်လက်၍လျှောက်သွားလိုက်၏။
သူတို့သုံးယောက်က ရှေ့သိုတက်လှမ်းလာပြီး သိပ်မကြာခင် ဆီးနှင်းစိမ့်စမ်းဧကရာဇ်နန်းတော်သို့ ရောက်ရှိလာကြသည်။
ဆီးနှင်းစိမ့်စမ်းမြို့တော်၏ အခြားသောနေရာများမှာ သူတို့က လေထဲကနေပျံသန်းနိုင်ကြသည်။ သို့သော်လည်း ဆီးနှင်းစိမ့်စမ်းဧကရာဇ်နန်းတော်မှာ ငရဲအရှင်ဆီးနှင်းစိမ့်စမ်းကလွဲလျှင် အခြားသော သက်ရှိများအားလုံးက မြေပြင်ထက်သို့ ဆင်းသက်ရပေမည်။
သူ့ရှေ့မှ ဧကရာဇ်နန်းတော်၏ ဝင်ပေါက်ဝကိုကြည့်ပြီး ထန်ခုန်းက အသက်ပြင်းပြင်းတစ်ချက်ရှိုက်လိုက်သည်။
“အရှင်အထီးကျန်သိုင်းသခင်... ခင်ဗျားက ဆီးနှင်းစိမ့်စမ်းဧကရာဇ်နန်းတော်ထဲကို ဝင်ရောက်မယ်ဆိုရင် ထွက်လမ်းရှိမှာမဟုတ်ဘူးတော့ဘူး... ခင်ဗျားက...”
သူ့စကားမဆုံးသေးခင်မှာပင် သိုင်းတာအိုပင်မခန္ဓာက ဧကရာဇ်နန်းတော်ထဲသို့ အရင်ဆုံးဝင်ရောက်သွားပြီဖြစ်သည်။
ထန်ခုန်းသည် ဘာမှမတတ်နိုင်ဘဲ နောက်ကနေအားတင်းကာ လိုက်ပါလာရသည်။
သိုင်းတာအိုပင်မခန္ဓာသည် သူ၏ အသက်သခင်ကျေးဇူးရှင်ဖြစ်လေသည်။
သိုင်းတာအိုပင်မခန္ဓာကြောင့်မဟုတ်လျှင် သူအပါအဝင် မြောက်ပိုင်းရိုးမ၏ ထန်မိသားစုက ဖယ်ရှားရှင်းလင်းသုတ်သင်ခံရပေလိမ့်မည်။
သူ့ရှေ့မှာ ဓားတောင်၊ မီးပင်လယ်နှင့် အဆုံးမဲ့အသူတရာချောက်နက်တို့ရှိနေမည်ဆိုလျှင်တောင် သူသည် သိုင်းတာအိုပင်မခန္ဓာနောက်သို့ လိုက်ပါရပေမည်။
သူတို့က ဧကရဇ်နန်းတော်ထဲသို့ ဝင်ရောက်လာပြီး မကြာခင် နောက်ဘက်ကနေ အော်ခေါ်သံတစ်သံ ရုတ်တရက်ထွက်ပေါ်လာ၏။
“ညီကိုထန်...”
ထိုအသံကိုကြားသောအခါ ထန်ခုန်းက ရင်တစ်ချက်ထိတ်သွားပြီး စိတ်ထဲကနေ ကျိန်ဆဲလိုက်၏။ သူက သူ၏ ခြေလှမ်းကိုရပ်တန့်ပြီး လှည့်ကြည့်လိုက်ရသည်။
မလှမ်းမကမ်းမှာ ငရဲဘုရင်ပညာရှင်ရာချီက လျှောက်လှမ်းလာနေကြသည်။ သူတို့၏ ခေါင်းဆောင်က ကြောက်စရာကောင်းသောအော်ရာတစ်ခုနှင့် ခံ့ညားသောအမူအရာတစ်ခုရှိနေသည်။ သူ၏ အကြည့်က မီးမောင်းတစ်ခုကဲ့သို့ဖြစ်ပြီး သူ၏ မျက်နှာသွင်ပြင်က တောင်ပိုင်းတောအုပ်၏ သေဆုံးသွားသောသခင်လေးနှင့် အတော်လေးဆင်တူနေသည်။
ထိုသူကို တွေ့မြင်သောအခါ ထန်ချင်အာ၏ အမူအရာက ပြောင်းလဲသွားလေသည်။
ထန်ခုန်းက တစ်ဘက်သို့လှည့်ကြည့်လိုက်ချိန်မှာ သူ၏ အမူအရာက ပုံမှန်အတိုင်းပြန်ဖြစ်နေလေပြီ။ သူက ထိုလူကို အပြုံးနှင့်ကြိုဆိုပြီး လက်သီးနှစ်ဖက်ယှက်ပြလိုက်၏။
“ညီကိုရှန်းထူ... ခင်ဗျားဘယ်လိုရှိစ”
ဤလူအုပ်စုသည် တောင်ပိုင်းတောအုပ်မှလာကြခြင်းဖြစ်သည်။
ခေါင်းဆောင်က ဘုရင်တောင်ပိုင်းတောအုပ် ရှန်းထူလန်ဖြစ်သည်။
ရှန်းထူလန်က အနားသို့ချဥ်းကပ်လာခဲ့၏။
“ညီကိုထန်... ဒီနေ့က ခင်ဗျားရဲ့အသက်နှစ်ရှစ်သိန်း မွေးနေ့ဂုဏ်ပြုစားသောက်ပွဲနေ့ပဲ... ငရဲအရှင်ဆီးနှင်းစိမ့်စမ်းရဲ့ ကြင်ယာတော်တင်မြှောက်အခမ်းအနားကြောင့်မဟုတ်ရင် ကျုပ်က ခင်ဗျားရဲ့ ပျော်စရာကောင်းတဲ့မွေးနေ့ပွဲကို ကိုယ်တိုင်တက်ရောက်လာဖြစ်မှာ”
“ရပါတယ်”
ထန်ခုန်း၏ အမူအရာက တည်ငြိမ်နေပြီး လက်ကာပြလိုက်၏။
“ငရဲအရှင်ရဲ့ကြင်ယာတော်တင်မြှောက်အခမ်းအနားနဲ့ယှဥ်ရင် ကျုပ်ရဲ့မွေးနေ့ဂုဏ်ပြုစားသောက်ပွဲက ဘာမှမှမဟုတ်တာ”
ရှန်းထူလန်က ပြုံးပြလိုက်သည်။
“အစကတော့ ခင်ဗျားက မြောက်ပိုင်းရိုးမမှာ ခင်ဗျားရဲ့မွေးနေ့ပွဲကိုပဲ အာရုံစိုက်ထားမယ်လို့ ကျုပ်ကထင်နေတာ... အခုခင်ဗျားကလည်း ကြင်ယာတော်တင်မြှောက်အခမ်းအနားကို အသည်းအသန် ရောက်ချလာတယ်ဆိုတော့”
“စကားမစပ်... ယင်အာက မြောက်ပိုင်းရိုးမကို ရောက်နေလောက်ပြီ... သူက ခင်ဗျားတို့နှစ်ယောက်နဲ့ မတွေ့ဖြစ်ဘူးလား”
ရှန်းထူယင်အကြောင်းပြောဆိုချိန်မှာ ထန်ချင်အာ၏ အမူအရာက အနည်းငယ်ပြောင်းလဲသွားပြီး သူမက မလုံမလဲခံစားလာရ၏။ သူမသည် ရှန်းထူလန်နှင့်အကြည့်ချင်းမဆုံရဲဘဲ တစ်ဘက်သို့ မျက်နှာလွှဲလိုက်၏။
ရှန်းထူယင်က သိုင်းတာအိုပင်မခန္ဓာ၏ သတ်ဖြတ်ခြင်းခံခဲ့ရပြီဖြစ်ပြီး သူ၏ အမြုတေစိတ်ဝိညာဥ်က ပျက်စီးသွားခဲ့ပြီဖြစ်သည်။ သူက သူတို့နောက်သို့ ဘယ်လိုလုပ်လိုက်ပါလာနိုင်ပါ့မလဲ။
ထန်ခုန်းက ပြောလိုက်သည်။
“ခင်ဗျားသားက တကယ့်ကိုရည်မွန်တဲ့လူငယ်လေးပဲ... ဒါပေမဲ့ ကလေးနှစ်ယောက်ကြားမှာ ကတောက်ကဆတ်တချို့ဖြစ်ခဲ့တယ်... သူက အခုငရဲဘုရင်တောင်ပိုင်းအမြုတေနဲ့ ကျန်ခဲ့တယ်... ကျုပ်တို့နဲ့ လိုက်မလာခဲ့ဘူး”
ထိုအခိုက်အတန့်မှာ ထန်ခုန်း၏ အတွေ့အကြုံနှင့် ရင့်ကျက်မှုက စကားပြောလာခဲ့သည်။
ရှန်းထူလန်၏ မေးခွန်းမှာ ထန်ခုန်း၏ အမူအရာက တည်ငြိမ်နေပြီး ရှန်းထူယင်သေဆုံးသွားပြီကို သူက လုံးဝမသိရှိသည့်အလားပင်။
သူ၏ အမူအရာက ကြိုတင်ပြင်ဆင်ထားသည့်အလား ဟာကွက်ကင်းမဲ့နေ၏။ ထိုမျှသာမက ထန်ခုန်း၏ စကားလုံးများသည် ယခုတင် ထုတ်ဖော်ခဲ့မိသော ထန်ချင်အာ၏ မူမမှန်မှုကိုပါ ဖာထေးပြီးသားဖြစ်သွားလေသည်။