← Chapters

ငရဲအရှင်နှင့်တိုက်ခိုက်ခြင်း

Vol. 178 Ch. 2664

ငရဲအရှင်နှင့်တိုက်ခိုက်ခြင်း

Vol. 178 Ch. 2664

“မင်းဘယ်လိုတောင် အတင့်ရဲတာလဲ”

ခန်းမထဲရှိ ဧကရာဇ်နန်းတော်ခေါင်းဆောင်တပ်မှူးက ဒေါသချောင်းချောင်းထွက်သွားပြီး အော်ငေါက်လိုက်၏။

“မင်းက ဆီးနှင်းစိမ့်စမ်းဧကရာဇ်နန်းတော်မှာ တစ်ယောက်ယောက်ကို ဘယ်လိုတောင်သတ်ဖြတ်ရဲတာလဲ... သေစမ်း”

ထိုစဥ်မှာပင် ငရဲအရှင်ဆီးနှင်းစိမ့်စမ်းက သူ၏ လက်ကို အနည်းငယ်မြှောက်ကာ ဧကရာဇ်နန်းတော်ခေါင်းဆောင်တပ်မှူးကို တားဆီးလိုက်၏။

ငရဲအရှင်ဆီးနှင်းစိမ့်စမ်းသည် သိုင်းတာအိုပင်မခန္ဓာကို အလွယ်တကူမသတ်ဖြတ်ချင်ပေ။

သူ၏ မျက်လုံးထဲမှာ သိုင်းတာအိုပင်မခန္ဓာသည် ဧရာမရတနာတစ်ခုဖြစ်သည်။

ပုံမှန်အခြေအနေအောက်မှာဆိုလျှင် အလယ်အလတ်ကမ္ဘာတစ်ထောင်လောကမှ သက်ရှိများသည် ငရဲကမ္ဘာသို့ ရောက်လာဖို့က မဖြစ်နိုင်ပေ။ ခရမ်းရောင်ဝတ်အမျိုးသားကတော့ ဤနေရာသို့ ရောက်ရှိလာနိုင်ပြီး သူနှင့်ပတ်သက်သည့် ထူးခြားမှုတစ်စုံတစ်ရာရှိနေရပေမည်။

ငရဲကမ္ဘာက ဓမ္မအဆုံးသတ်ခေတ်သို့ ကျဆင်းသွားခဲ့ပြီး ဧကရာဇ်နယ်ပယ်ပညာရှင်တစ်ဦးကို မွေးထုတ်မပေးနိုင်တော့မှာ နှစ်ပေါင်းများစွာကြာသွားခဲ့ပြီဖြစ်သည်။

ငရဲအရှင်ဆီးနှင်းစိမ့်စမ်းသည် သိုင်းတာအိုပင်မခန္ဓာထံမှ အခွင့်အရေးတစ်ရပ်ကို ခပ်ရေးရေးအာရုံခံမိနေ၏။

သူသည် ခရမ်းရောင်ဝတ်အမျိုးသားထံမှ ဧကရာဇ်နယ်ပယ်သို့ တက်လှမ်းနိုင်မည့် ဓမ္မအစီအရင်တစ်ခုကို ရှာတွေ့နိုင်ကောင်းရှာတွေ့နိုင်ပေလိမ့်မည်။

သူသည် ဧကရာဇ်နယ်ပယ်သို့ တက်လှမ်းနိုင်ပြီး ငရဲကမ္ဘာ၏ တစ်ဦးတည်းသော ဧကရာဇ်ပညာရှင်ဖြစ်လာမည်ဆိုလျှင် သူသည် ငရဲကိုးခု၏ ကြည်ညိုလေးစားခံရပြီး ငရဲကမ္ဘာ၏ ငရဲအရှင်ဖြစ်လာပေလိမ့်မည်။

ငရဲအရှင်ဆီးနှင်းစိမ့်စမ်း၏ အမိန့်မရှိဘဲ အခြားသူများအနေဖြင့် တိုက်ခိုက်ဖို့က မသင့်လျော်ပေ။

လူတိုင်း၏ ရှေ့မှောက်မှာ သိုင်းတာအိုပင်မခန္ဓာသည် မြွေနဂါးကိုးကောင်ရထားလုံးရှေ့သို့ ရောက်ရှိလာခဲ့သည်။

“မင်းက အလယ်အလတ်ကမ္ဘာတစ်ထောင်လောကကနေ လာတာလား”

ငရဲအရှင်ဆီးနှင်းစိမ့်စမ်းက သိုင်းတာအိုပင်မခန္ဓာကို စိုက်ကြည့်ပြီး သူ၏ ခြေရင်းရှိ အေးစက်နေသောဧရာမဓားကိုမှီကာ ဖြည်းဖြည်းချင်းမေးလိုက်သည်။

သိုင်းတာအိုပင်မခန္ဓာက ငရဲအရှင်ဆီးနှင်းစိမ့်စမ်းကို ကြည့်ပင်မကြည့်ပေ။ သူက ရထားလုံးထဲရှိ ချောမောလှပသောအမျိုးသမီးကိုကြည့်ပြီး ညင်သာစွာမေးလိုက်သည်။

“အစစ်အမှန်ကျောက်စိမ်းလား”

ထျန်ဟွမ်ကုန်းမြေတိုက်မှာတုန်းက ကြင်ယာတော်ယု၏ အမည်က အစစ်အမှန်ကျောက်စိမ်းဖြစ်ခဲ့သည်။

သို့သော်လည်း ထိုအကြောင်းနှင့်ပတ်သက်၍ သိရှိသောသူ များစွာမရှိခဲ့ပေ။

ဒါ့အပြင် ဤတစ်ခေါက်မှာ သိုင်းတာအိုပင်မခန္ဓာသည် သူ၏ လေသံကို ဖုံးကွယ်မထားခဲ့ပေ။

ထိုနာမည်ကိုကြားသောအခါ အမျိုးသမီး၏ မျက်လုံးထဲတွင် ခံစားချက်အတက်အကျတစ်ခု ဖျတ်ခနဲပေါ်ထွက်လာ၏။ သူမက အိုးတိုးအမ်းတမ်းအမူအရာဖြင့် သိုင်းတာအိုပင်မခန္ဓာကို ကြည့်လိုက်သည်။

ထိုအသံက ရင်းနှီးနေပုံရသည်။

သို့သော်လည်း သူမသည် မသေချာသေးဘဲ အဲဒါကို မယုံကြည်နိုင်ဖြစ်နေသည်။

အမျိုးသမီးက မလှုပ်မယှက်ရှိနေပြီး အသံတိတ်နေ၏။

“မင်းတို့က တစ်ယောက်နဲ့တစ်ယောက် သိကြတာလား”

ငရဲအရှင်ဆီးနှင်းစိမ့်စမ်းက မျက်မှောင်ကြုတ်လိုက်သည်။

သိုင်းတာအိုပင်မခန္ဓာက သူ့ကို လျစ်လျူရှုပြီး မာရ်နတ်မျက်နှာဖုံးကိုဖယ်ကာ ကြော့ရှင်းသန့်ပြန့်သောမျက်နှာကို ပေါ်ထွက်လာစေသည်။

အမျိုးသမီး၏ မျက်လုံးများက အံ့အားသင့်မှုနှင့် မယုံကြည်နိုင်မှုနှင့်အတူ ပြူးကျယ်သွားသည်။

သို့သော်လည်း သူမသည် သူမ၏ ပါးစပ်ကို အတတ်နိုင်ဆုံးဖွင့်ဖို့ကြိုးစားနေသော်လည်း သူမထံမှ အသံထွက်မလာနိုင်ခဲ့ပေ။

အမျိုးသမီး၏ တုံ့ပြန်မှုကို တွေ့မြင်သောအခါ သိုင်းတာအိုပင်မခန္ဓာက ဆက်လက်၍သံသယမရှိတော့ပေ။

သူ့ရှေ့မှအမျိုးသမီးက ကြင်ယာတော်ယုဖြစ်သည်။

ကြင်ယာတော်ယုသည် စကားမပြောလိုသောကြောင့်မဟုတ်ဘဲ ကန့်သတ်မှုတချို့က သူမကို တုပ်နှောင်ထားပြီး သူမက လှုပ်ရှားခြင်း သို့မဟုတ် အသံထွက်​၍ပြောနိုင်ခြင်း မရှိပေ။

သိုင်းတာအိုပင်မခန္ဓာတွင် ကြင်ယာတော်ယုနှင့်ပတ်သက်သည့် မေးခွန်းများစွာရှိနေ၏။ သို့သော်လည်း ယခုအချိန်က မေးမြန်းဖို့ အချိန်မဟုတ်ပေ။

သိုင်းတာအိုပင်မခန္ဓာမျက်နှာက အေးစက်လာပြီး မာရ်နတ်မျက်နှာဖုံးကို တစ်ဖန်ပြန်တပ်လိုက်၏။

သူ၏ အကြည့်က နောက်ဆုံးမှာ ဘေးတစ်ဘက်မှာရှိသော ငရဲအရှင်ဆီးနှင်းစိမ့်စမ်းထံသို့ ရောက်ရှိသွားလေသည်။

“မင်းရဲ့ ကြင်ယာတော်တင်မြှောက်အခမ်းအနားက သူ့ကို ကန့်သတ်မှုတချို့နဲ့ ချုပ်နှောင်ပြီး မငြင်းဆန်နိုင်အောင် တားဆီးထားတာလား”

သိုင်းတာအိုပင်မခန္ဓာက တည်ငြိမ်သောအသံဖြင့် မေးလိုက်၏။

သိုင်းတာအိုပင်မခန္ဓာသည် ငရဲအရှင်ဆီးနှင်းစိမ့်စမ်းကို ယခင်က နှစ်ကြိမ်လျစ်လျူရှုထားခဲ့သည်။

ထိုသူက ဒေါသထွက်နေပုံမရဘဲ သူ့မျက်နှာပေါ်တွင် မကောင်းဆိုးဝါးဆန်ဆန်အပြုံးတစ်ခုသာရှိနေ၏။

“အဲလိုဆိုတော့ရောဘာဖြစ်လဲ”

ငရဲအရှင်ဆီးနှင်းစိမ့်စမ်းက လှောင်ပြောင်သရော်လိုသောအမူအရာနှင့်အတူ မျက်ခုံးအနည်းငယ်ပင့်ပြီး မေးလိုက်၏။

“ဘာလဲ... မင်းက တရာမျှတမှုကို ဆောင်ရွက်ပေးချင်လို့လား... ဒါမှမဟုတ် မင်းက ငါ့ကို စိန်ခေါ်ချင်တာလား”

“ဟားဟားဟားဟား”

“ကြည့်စမ်းပါဦး... အလယ်အလတ်ကမ္ဘာတစ်ထောင်လောကက ဒီကျင့်ကြံသူက တရားမျှတမှုအတွက် တိုက်ခိုက်ဖို့ ငါတို့ရဲ့ဆီးနှင်းစိမ့်စမ်းငရဲကို ရောက်လာတာတဲ့”

“တရားမျှတမှုအတွက်တိုက်ခိုက်ဖို့ဆိုတာ ဘာအဓိပ္ပါယ်လဲ... သူက ငရဲကြင်ယာတော်ရဲ့ ညှို့ငင်ဖမ်းစားခံရပြီး စိတ်လွတ်သွားတာပဲ... သူက ငရဲအရှင်ရှေ့မှာသွားပြီးတော့ ဟိတ်ဟန်ထုတ်နေတာပဲ”

ရယ်မောသံများက ရင်ပြင်ထက်ကနေထွက်ပေါ်လာ၏။

“ကောင်းပြီလေ”

သိုင်းတာအိုပင်မခန္ဓာက ခေါင်းညိတ်လိုက်၏။

“မင်းက အဲဒါကို ဝန်ခံလိုက်ပြီဆိုမှတော့... ငါမင်းကို သေအောင်ရိုက်ပေးရမှာပေါ့”

သူ့စကားမဆုံးသေးခင်မှာပင် သိုင်းတာအိုပင်မခန္ဓာက ရှေ့သို့တက်လှမ်းပြီး သူ၏ နှာရောင်ကနေ ရှေးကျသောစတုရန်းကြေးမီးဖိုတစ်လုံးက ရုတ်တရက် လွင့်ပျံထွက်လာ၏။ ၎င်းက ချက်ချင်းပင်ပြန့်ကားပြီး သူ၏ လက်ဖဝါးထဲသို့ ဆင်းသက်လာခဲ့သည်။

ဧကရာဇ်လက်နက် ငရဲဖိနှိမ်မီးဖို...။

သိုင်းတာအိုပင်မခန္ဓာသည် ငရဲဖိနှိမ်မီးဖိုကို ကိုင်ဆောင်ပြီး ငရဲအရှင်ဆီးနှင်းစိမ့်စမ်း၏ ဦးခေါင်းကို ပစ်ရိုက်ချလိုက်၏။

ဤတစ်ခေါက်မှာ သိုင်းတာအိုပင်မခန္ဓာသည် အမြုတေသိုင်းကောင်းကင်လိုဏ်ဂူကို မထုတ်ဖော်ပေ။

ငရဲအရှင်ဆီးနှင်းစိမ့်စမ်း၏ ကောင်းကင်လိုဏ်ဂူသည် ပကတိအဆင့်ထိ ရောက်ရှိနေခဲ့ပြီဖြစ်ပြီး သူ၏ အမြုတေသိုင်းကောင်းကင်လိုဏ်ဂူက အဲဒါကို ခုခံနိုင်ချင်မှ ခုခံ​နိုင်ပေလိမ့်မည်။

ပုံမှန်အခြေအနေအောက်မှာဆိုလျှင် သိုင်းတာအိုပင်မခန္ဓာသည် တိုက်ခိုက်သတ်ဖြတ်ရာမှာ လက်နက်များကို အသုံးပြုလေ့မရှိပေ။

သို့သော်ယခု... သူသည် ဧကရာဇ်လက်နက်ငရဲဖိနှိမ်မီးဖိုကို ဆင့်ခေါ်ထုတ်လိုက်သည်မှာ သူသည် ငရဲအရှင်ဆီးနှင်းစိမ့်စမ်းကို ချက်ချင်းပင်သတ်ဖြတ်လိုသောကြောင့်ဖြစ်သည်။

အကြီးမားဆုံးခြိမ်းခြောက်မှု ငရဲအရှင်ဆီးနှင်းစိမ့်စမ်းကို ရှင်းထုတ်ပြီးလျှင် ဘေးပတ်လည်မှ ငရဲဘုရင်သောင်းချီက ရှိနေဆဲဖြစ်သော်လည်း သူတို့သည် ဖရိုဖရဲဖြစ်သွားပြီး ခြိမ်းခြောက်နိုင်စွမ်းရှိတော့မည် မဟုတ်ပေ။

“မင်းဘယ်လိုတောင်လုပ်ရဲတာလဲ”

ငရဲအရှင်ဆီးနှင်းစိမ့်စမ်းက ဒေါသချောင်းချောင်း ထွက်သွား၏။

သူသည် ငရဲအရှင်ဆီးနှင်းစိမ့်စမ်းဖြစ်လာပြီး ငရဲကို အုပ်စိုးလာခဲ့ကတည်းက တစ်ယောက်ယောက်က သူ့ရှေ့တွင် လက်နက်များကို အသုံးမပြုရဲသည်မှာ နှစ်ပေါင်းများစွာ ကြာခဲ့ပြီဖြစ်သည်။

ယခု... အောက်ဘက်မှာ ငရဲဘုရင်ပညာရှင်သောင်းချီရှိနေတာတောင် အလယ်အလတ်ကမ္ဘာတစ်ထောင်လောကမှ အပြင်လူတစ်ယောက်သည် သူ့ကို အမှန်တကယ်တိုက်ခိုက်ရဲလာခဲ့သည်။

ငရဲအရှင်ဆီးနှင်းစိမ့်စမ်း၏ တုံ့ပြန်မှုကလည်း အရမ်းကို မြန်ဆန်လေသည်။ သိုင်းတာအိုပင်မခန္ဓာက ရှေ့သို့ပြေးဝင်လာသည့်ခဏမှာပင် သူက သူ့လက်ထဲရှိ ဆီးနှင်းစိမ့်စမ်းငရဲဓားကို ကိုင်မြှောက်ပြီး ငရဲဖိနှိမ်မီးဖိုကို ခုတ်ပိုင်းချလိုက်၏။

“ပျက်စမ်း”

ငရဲအရှင်ဆီးနှင်းစိမ့်စမ်းက အော်ငေါက်လိုက်၏။

ဆီးနှင်းစိမ့်စမ်းငရဲဓားကို တစ်နှစ်ပတ်လုံး ငရဲဆီးနှင်းစိမ့်စမ်းထဲမှာ အားဖြည့်၍ မီးဆေးထားလေသည်။

ကျင့်ကြံမှုနယ်ပယ်တူမှာ ကောင်းကင်လိုဏ်ဂူစိတ်ဝိညာဥ်ရတနာသည် သူ၏ ဆီးနှင်းစိမ့်စမ်းငရဲဓား၏ ထက်ရှမှုကို ခုခံနိုင်လိမ့်မည် မဟုတ်ပေ။

ဥပမာအားဖြင့် ကောင်းကင်လိုဏ်ဂူအသေးတစ်ခုကနေ ပြုစုပျိုးထောင်ထားသည့် ကောင်းကင်လိုဏ်ဂူစိတ်ဝိညာဥ်ရတနာတစ်ခုသည် သူ့ထံမှ ခုတ်ချက်တစ်ချက်ကို ခုခံနိုင်လိမ့်မည် မဟုတ်ပေ။

သိုင်းတာအိုပင်မခန္ဓာသည် အမှန်တကယ်ပင် ကောင်းကင်လိုဏ်ဂူအသေးတစ်ခုကိုသာ ပိုင်ဆိုင်ထားလေသည်။

သို့သော်လည်း ငရဲဖိနှိမ်မီးဖိုက ကောင်းကင်လိုဏ်ဂူအသေးတစ်ခုဖြင့် ပြုစုပျိုးထောင်ထားသော စိတ်ဝိညာဥ်ရတနာတစ်ခု မဟုတ်ပေ။

၎င်းသည် ရှေးဟောင်းခေတ်မှ မဟာဧကရာဇ်လက်နက်တစ်ခုဖြစ်ခဲ့သည်။

ချွမ်း...

ငရဲဖိနှိမ်မီးဖိုက ဆီးနှင်းစိမ့်စမ်းငရဲဓားနှင့် ထိတွေ့ရိုက်ခတ်ပြီး စူးရှသောမြည်သံက ထွက်ပေါ်လာခဲ့၏။

ထို့နောက်ချက်ချင်းပင် ငရဲဖိနှိမ်မီးဖိုကို နှင်းခဲတစ်လွှာက ချက်ချင်းပင်ဖုံးအုပ်သွားပြီး တစ်ခဏချင်းမှာပင် အေးခဲသွားလေသည်။ ၎င်းသည် ရေခဲရုပ်ထုတစ်ခုအဖြစ် ပြောင်းလဲသွားသည့်အလားပင်။

“ဟားဟားဟားဟား...”

ငရဲအရှင်ဆီးနှင်းစိမ့်စမ်းက ဟားတိုက်ရယ်မောလိုက်သည်။

“မင်းက... ချေးတက်နေတဲ့သတ္တုပျက်နဲ့ ငါ့ရှေမှာ ဘယ်လိုတောင် ကြွားလုံးထုတ်ရဲတာလဲ”

သိုင်းတာအိုပင်မခန္ဓာ၏ အမူအရာက တည်ငြိမ်နေပြီး သူ၏ စိတ်ဝိညာဥ်အသိစိတ်ကိုလှည့်ပတ်ကာ ငရဲဖိနှိမ်မီးဖိုထဲရှိ အထွတ်အမြတ်ဝိညာဥ်များကို နှိုးလိုက်လေသည်။

“ဂါး...”

“ဝေါင်း...”

“ရွှီး...”

ရုတ်တရက် ကမ္ဘာတုန်လောက်သော ဟိန်းဟောက်သံလေးသံက ငရဲဖိနှိမ်မီးဖိုထဲကနေထွက်ပေါ်လာ၏။

ထို့နောက်ချက်ချင်းပင် ငရဲဖိနှိမ်မီးဖို၏ မျက်နှာပြင်က ကျိန်းစပ်နေသောအလင်းရောင်တစ်ခုဖြင့် တောက်ပလာခဲ့သည်။

မီးဖို၏ နံရံများပေါ်မှာ ကြောက်စရာကောင်းသော တောကောင်လေးကောင်က အသက်ဝင်လာပြီး ရေခဲအလွှာများကို ချိုးဖျက်လာခဲ့သည်။

“ဟမ့်...”

ငရဲအရှင်ဆီးနှင်းစိမ့်စမ်းက ထိတ်လန့်သွားသည်။

အထွတ်အမြတ်တောကောင်လေးကောင်၏ အော်ရာက အရမ်းကို စွမ်းအားကြီးမားနေ၏။

အထွတ်အမြတ်တောကောင်များကနေ ထုတ်ဖော်ထားသည့် စွမ်းအားကြီးမားသောအရှိန်အဝါသည် ခန်းမထဲသို့ ဆင်းသက်ပျံ့နှံ့လာခဲ့ပြီး ရထားလုံးရှေ့မှ မိုးပျံမြွေနဂါးကိုးကောင်ကို မလှုပ်ရှားရဲအောင် ဖိနှိမ်လိုက်လေသည်။

အထွတ်အမြတ်တောကောင်လေးကောင်က တစ်ချိန်တည်းမှာ နိုးထလာပြီး ငရဲအရှင်ဆီးနှင်းစိမ့်စမ်းဆီသို့ ပြေးဝင်သွားကြသည်။

ဘုန်း... ဘုန်း... ဘုန်း...

အထွတ်အမြတ်တောကောင်လေးကောင်၏ ထိတွေ့ရိုက်ခတ်မှုမှာ ဧရာမရထားလုံးကလည်း ပြိုကျသွားလေသည်။ ရထားလုံးပေါ်ရှိကန့်သတ်ချုပ်နှောင်မှုများက တိတ်တဆိတ်ပျက်ပြယ်သွားပြီး ကြင်ယာတော်ယုက သူမ၏ လွတ်လပ်မှုကို ပြန်လည်ရရှိလိုက်၏။

သိုင်းတာအိုပင်မခန္ဓာက သူ၏ ဝတ်ရုံစကိုဝေ့ယမ်းပြီး ကြင်ယာတော်ယုကို ရထားလုံးထဲကနေ ဆွဲထုတ်ကာ သူ့နောက်မှာ ထားလိုက်သည်။

ထိုအခိုက်အတန့်မှာ အထွတ်အမြတ်တောကောင်လေးကောင်က ငရဲအရှင်ဆီးနှင်းစိမ့်စမ်းထံသို့ ဝင်ရောက်သွားခဲ့ပြီဖြစ်၏။

မိုးပြာနဂါးက လှည့်ပတ်၍ အဖြူရောင်ကျားက ဟိန်းဟောက်ကာ ဟင်္သပြဒါးငှက်က မီးတောက်များကြားမှာရှိနေပြီး မဟူရာကုန်းလိပ်က ရေလှိုင်းများပေါ် တက်လှမ်းလာခဲ့သည်။

သိုင်းတာအိုပင်မခန္ဓာ၏ ကျင့်ကြံမှုနယ်ပယ်က မြင့်တက်လာသည်နှင့်အမျှ ငရဲဖိနှိမ်မီးဖို၏ ခွန်အားကလည်း သူ့ကောင်းကင်လိုဏ်ဂူအသေး၏ အားဖြည့်မှုအောက်မှာ လျင်မြန်စွာမြင့်တက်လာခဲ့သည်။

ကောင်းကင်ဘုံကပ်ဘေးဆယ်ခု၏ ဆေးကြောသန့်စင်မှုအပြီး၌ အထွတ်အမြတ်တောကောင်လေးကောင်၏ ဝိညာဥ်များသည် ပြန်လည်မွေးဖွားခြင်းနှင့် အသွင်ပြောင်းလဲခြင်းတစ်ရပ်ကို ခံယူပြီး အနန္တခေတ်မှာရှိခဲ့စဥ်ကထက်ပင် ပိုမိုသန်မာလာခဲ့သည်။

ယခုအချိန်မှာ အထွန်အမြတ်တောကောင်လေးကောင်၏ စွမ်းအားသည် ကောင်းကင်လိုဏ်ဂူနယ်ပယ်ကို ရောက်ရှိလာခဲ့ပြီဖြစ်၏။

အထွတ်အမြတ်တောကောင်လေးကောင်၏ တိုက်ခိုက်မှုများနှင့်ရင်ဆိုင်ရချိန်မှာ ငရဲအရှင်ဆီးနှင်းစိမ့်စမ်းသည် သူတို့ကို မခုခံနိုင်ဘဲ သူ၏ ရှေးဟောင်းတမလွန်မျိုးနွယ်၏ မျိုးဆက်သွေးကို လှည့်ပတ်လိုလေသည်။

သို့သော်လည်း အထွတ်အမြတ်ဝိညာဥ်လေးခုက အထွတ်အမြတ်တောကောင်လေးကောင်၏ မျိုးဆက်သွေးအော်ရာများကို ထုတ်ဖော်လိုက်သည်။

အထွတ်အမြတ်တောကောင်လေးကောင်၏ မျိုးဆက်သွေးအော်ရာများ၏ ဖိနှိမ်မှုအောက်မှာ ငရဲအရှင်ဆီးနှင်းစိမ့်စမ်း၏ ရှေးဟောင်းတမလွန်မျိုးဆက်သွေးက ဖိနှိမ်ခံလိုက်ရပြီး ဖြည်းဖြည်းချင်းသာ လည်ပတ်နိုင်တော့သည်။

All Chapters