အစုလိုက်အပြုံလိုက်သတ်ဖြတ်ခြင်း
Vol. 178 Ch. 2665
ဝုန်း...
ငရဲအရှင်ဆီးနှင်းစိမ့်စမ်းသည် လောလောဆယ်မှာ သူ၏ မျိုးဆက်သွေးနယ်မြေကို မထုတ်ဖော်နိုင်ဘဲ သူ၏ ပကတိကောင်းကင်လိုဏ်ဂူကိုသာ အရင်ဆုံးမြှောက်တင်ပြီး အထွတ်အမြတ်တောကောင်လေးကောင်ကို ဝါးမျိုလိုလေသည်။
ထိုစဥ်မှာပင် သိုင်းတာအိုပင်မခန္ဓာက ငရဲဖိနှိမ်မီးဖိုကို ကိုင်ဆွဲပြီး ငရဲအရှင်ဆီးနှင်းစိမ့်စမ်း၏ ပကတိကောင်းကင်လိုဏ်ဂူကို ပြင်းထန်စွာ ပစ်ရိုက်ချလိုက်၏။
ဘုန်း...
အဲဒီမှာ ကျယ်လောင်သောမြည်သံတစ်သံ ထွက်ပေါ်လာ၏။
ငရဲအရှင်ဆီးနှင်းစိမ့်စမ်း၏ ပကတိကောင်းကင်လိုဏ်ဂူက ပြင်းထန်စွာယိမ်းထိုးသွားပြီး ခပ်ဖျော့ဖျော့အက်ကွဲသံများ ထွက်ပေါ်လာ၏။
သိုင်းတာအိုပင်မခန္ဓာ၏ ခန္ဓာကိုယ်ထဲရှိသွေးချီက တလိပ်လိပ်ထိုးတက်လာပြီး သူ၏ မျက်လုံးနှစ်လုံးက ခရမ်းရောင်မီးတောက်များဖြင့် လောင်ကျွမ်းလာခဲ့သည်။ သူ၏ ခန္ဓာကိုယ်က ဒေါသူပုန်ထနေသော မီးတောက်များဖြင့် ပြည့်နှက်နေသော မီးဖိုတစ်လုံးအဖြစ် အသွင်ပြောင်းလဲသွားပုံရပြီး နီရဲနေသောအပူလှိုင်းတစ်ခုနှင့်အတူ ကောင်းကင်ထက်ကနေ ဆင်းသက်လာ၏။
ဘုန်း... ဘုန်း... ဘုန်း...
သိုင်းတာအိုပင်မခန္ဓာသည် ကောင်းကင်နှင့်မြေကြီးမီးဖိုအဖြစ် အသွင်ပြောင်းလဲပြီး ၎င်းကို ငရဲဖိနှိမ်မီးဖိုနှင့်အတူ ပေါင်းစည်းလိုက်၏။ သူက အမြုတေသိုင်းကောင်းကင်လိုဏ်ဂူကိုပင် ဖွင့်လှစ်ပြီး ငရဲအရှင်ဆီးနှင်းစိမ့်စမ်းကို အသက်ရှုခွင့်ပင် မပေးဘဲ ငရဲဖိနှိမ်မီးဖို့ဖြင့် တစ်ချက်ပြီးတစ်ချက် ပစ်ရိုက်ချလိုက်၏။
အထွတ်အမြတ်တောကောင်လေးကောင်၏ ဝိုင်းပတ်ပိတ်ဆို့တိုက်ခိုက်မှုမှာ ငရဲအရှင်ဆီးနှင်းစိမ့်စမ်းသည် တိုက်ပွဲနယ်မြေကနေ ဆုတ်ခွာဖို့ကို အခွင့်အရေး ရှာမရတော့ပေ။
သိုင်းတာအိုပင်မခန္ဓာ၏ တိုက်ခိုက်မှုများက အရမ်းကို ကြမ်းကြုတ်ခက်ထန်လွန်းသည်။
ထိုတိုက်ခိုက်မှုသည် သူ၏ ဝှက်ဖဲများအားလုံးနီးပါးဖြစ်သည်။
သူ၏ မျိုးဆက်သွေးနယ်မြေ၊ အမြုတေသိုင်းကောင်းကင်လိုဏ်ဂူနှင့် ဧကရာဇ်လက်နက်ငရဲဖိနှိမ်မီးဖိုပင် ပါဝင်လာခဲ့သည်။
သူ၏ ဘေးပတ်လည်မှာ ငရဲဘုရင်ပညာရှင်သောင်းချီရှိနေဆဲဖြစ်သည်။ သိုင်းတာအိုပင်မခန္ဓာသည် အခြေအနေကို ထိန်းချုပ်ဖို့အတွက် ငရဲအရှင်ဆီးနှင်းစိမ့်စမ်းကို ချက်ချင်းပင်သတ်ဖြတ်ပြီး ဤအကြီးမားဆုံးခြိမ်းခြောက်မှုကို ရှင်းထုတ်ပစ်ရပေမည်။
ဖြောက်... ဖြောက်...
ငရဲအရှင်ဆီးနှင်းစိမ့်စမ်း၏ ပကတိကောင်းကင်လိုဏ်ဂူက ပေါ်ထွက်လာသည့်ခဏမှာပင် ၎င်းသည် သိုင်းတာအိုပင်မခန္ဓာ၏ အဆက်မပြတ်တိုက်ခိုက်မှုမှာ ကြေမွသွားပြီး နေရာမှာပင် ပေါက်ကွဲထွက်သွား၏။
ထိုအခိုက်အတန့်မှာ ငရဲဖိနှိမ်မီးဖိုက ငရဲအရှင်ဆီးနှင်းစိမ့်စမ်း၏ ဦးခေါင်းထက်မှာ လွင့်မျောလာပြီး ၎င်းထံကနေ ဂါထာမန္တန်ရွတ်ဖတ်သံများက ခံ့ညားထည်ဝါသောပုံစံဖြင့် အဆက်မပြတ်ထွက်ပေါ်လာ၏။
ငရဲအရှင်ဆီးနှင်းစိမ့်စမ်း၏ ဘေးမှာ အထွတ်အမြတ်တောကောင်လေးကောင်က ဗုဒ္ဓများ၏ ပုံရိပ်များနှင့် နဂါးနှင့်ဆင်တို့၏ အော်ဟစ်သံများကို ထုတ်ဖော်လိုက်၏။
သိုင်းတာအိုပင်မခန္ဓာ၏ လက်ထဲမှာ ငရဲဖိနှိမ်မီးဖိုသည် နောက်ဆုံးမှာ ဧကရာဇ်လက်နက်တစ်ခု၏ စွမ်းအားကို ထုတ်ဖော်ပြသလာပြီး တစ်ယောက်ယောက်ကိုပစ်ပါက်ခြင်းကဲ့သို့ ရိုးရှင်းသောတိုက်ခိုက်မှုများသာလျှင် မဟုတ်တော့ပေ။
“ဖွီ...”
ငရဲအရှင်ဆီးနှင်းစိမ့်စမ်းက သွေးများကို ထွေးထုတ်ပြီး သူ၏ မျက်နှာက ပို၍ဖြူဖျော့သွားခဲ့သည်။
သိုင်းတာအိုပင်မခန္ဓာ၏ တိုက်ခိုက်မှုများက အရမ်းကို ကြမ်းကြုတ်ခက်ထန်လွန်းသည်။
သူ့ပကတိကောင်းကင်လိုဏ်ဂူ၏ ကာကွယ်မှုမရှိဘဲ သူသည် ကောင်းကင်နှင့်မြေကြီးမီးဖိုနှင့် ငရဲဖိနှိမ်မီးဖို၏ အဆက်မပြတ်တိုက်ခိုက်မှုများကို မခုခံနိုင်တော့ပေ။
လူတိုင်း၏ ရှေ့မှောက်မှာပင် ငရဲအရှင်ဆီးနှင်းစိမ့်စမ်းသည် အလျှံညီးညီးမီးဖိုနှင့် အထွတ်အမြတ်တောကောင်လေးကောင်ဖြင့် ဝါးမျိုခြင်းခံလိုက်ရသည်။ ကျိန်းစပ်နေသောရွှေရောင်အလင်းဖြင့် တောက်ပနေသောကြေးမီးဖိုက သူ့ကို အပိုင်းပိုင်းကြေမွသွားအောင် ပစ်ရိုက်ချလိုက်၏။
ငရဲအရှင်ဆီးနှင်းစိမ့်စမ်း၏ အမြုတေစိတ်ဝိညာဥ်က ထွက်မပြေးနိုင်ခင်မှာပင် ၎င်းကို သိုင်းတာအိုပင်မခန္ဓာ၏ ကောင်းကင်နှင့်မြေကြီးမီးဖိုက ဝါးမျိုလိုက်ပြီး ချက်ချင်းပင်လောင်ကျွမ်းပြာကျသွားသည်။
ငရဲအရှင်ဆီးနှင်းစိမ့်စမ်းက သေဆုံးသွားခဲ့ပြီဖြစ်သည်။
ဖြစ်စဥ်တစ်ခုလုံးက အရမ်းကိုလျင်မြန်စွာဖြစ်သွားခဲ့ပြီး ငရဲဘုရင်များစွာက နေရာမှာပင် မှင်တက်နေဆဲဖြစ်သည်။ သူတို့၏ မျက်လုံးများက တုန်လှုပ်မှုနှင့် မယုံကြည်နိုင်မှုနှင့်အတူ ပြူးကျယ်နေကြ၏။
ဤနေရာမှာ ငရဲဘုရင်ပညာရှင်များစွာရှိသော်လည်း ငရဲအရှင်ဆီးနှင်းစိမ့်စမ်းသည် အသက်ရှုချိန်အနည်းငယ်အတွင်းမှာပင် သိုင်းတာအိုပင်မခန္ဓာ၏ သတ်ဖြတ်ခြင်းခံရလိမ့်မည်ဟု မည်သူကမှ ထင်မှတ်မထားခဲ့ကြပေ။
ဧကရာဇ်နန်းတော်၏ အစောင့်တပ်သားများပင်လျှင် အချိန်မီ မတိုက်ခိုက်နိုင်ကြပေ။
စောစောက သူတို့သည် သိုင်းတာအိုပင်မခန္ဓာကို တိုက်ခိုက်လိုသော်လည်း သူတို့ကို ငရဲအရှင်ဆီးနှင်းစိမ့်စမ်းက တားဆီးခဲ့သောကြောင့်ဖြစ်သည်။
ငရဲအရှင်မှာ တခြားသောအကြံအစည်များ သေချာပေါက်ရှိနေမည်ဟု လူတိုင်းက မှတ်ယူခဲ့ကြသည်။
သို့သော်လည်း ငရဲအရှင်ဆီးနှင်းစိမ့်စမ်းသည် တစ်ခဏချင်းမှာပင် သေဆုံးသွားရလေသည်။
“ဒါက...”
ရင်ပြင်၏ နောက်ဘက်မှာ ထန်ခုန်းက ထိုသည်ကိုတွေ့မြင်သောအခါ ဗလုံးဗထွေး ရေရွတ်ပြောဆိုလိုက်၏။
“သူ..သူက ငရဲအရှင်ကို... တကယ်သတ်ပစ်လိုက်တာပဲ”
ငရဲအရှင်ဆီးနှင်းစိမ့်စမ်း၏ သေဆုံးမှုသည် သူနှင့် ထန်မိသားစုအတွက် ကောင်းသောအချက်ဖြစ်လေသည်။
ငရဲအရှင်ဆီးနှင်းစိမ့်စမ်း သေဆုံးသွားသောကြောင့် ဆီးနှင်းစိမ့်စမ်းငရဲတစ်ခုလုံးက ခေါင်းဆောင်မဲ့သွားပြီး ပညာရှင်များစွာသည် ငရဲအရှင်ရာထူးအတွက် ယှဥ်ပြိုင်တိုက်ခိုက်ကြလိမ့်မည်ဖြစ်ပြီး သေချာပေါက်ဗြောင်းဆန်လာပေလိမ့်မည််။
ထိုအချိန်ကျလျှင် သူ့ကို အမဲလိုက်ဖို့အတွက် ကြီးမားသောအင်အားတစ်ရပ်ကို မည်သူကမှ စုဖွဲ့နိုင်တော့မည် မဟုတ်ပေ။
“သူက ငရဲကြင်ယာတော်နဲ့ မိတ်ဆွေဟောင်းတွေဖြစ်ကြတဲ့ပုံပဲ... ငရဲအရှင်က ငရဲကြင်ယာတော်ကို ဖမ်းဆီးထားလို့ သူက ဒေါသထွက်ပြီး သူက...”
ထန်ချင်အာ၏ အမူအရာက တွေဝေရှုပ်ထွေးနေပြီး သူမက အားကျမှုနှင့်ကြောက်ရွံမှု နှစ်မျိုးစလုံးကို ခံစားနေရ၏။
ယခုအခါမှသာ သူမနှင့် အမှတ်မထင်ဆုံတွေ့ခဲ့သည့် အလယ်အလတ်ကမ္ဘာတစ်ထောင်လောကမှ ဤကျင့်ကြံသူက ဘယ်လောက်တောင်ကြောက်စရာကောင်းသလဲ နားလည်သဘောပေါက်လိုက်၏။
လက်ရှိအခြေအနေအရ မြောက်ပိုင်းရိုးမကို မပြောနှင့် ဆီးနှင်းစိမ့်စမ်းငရဲတစ်ခုလုံးကပင် သူ့ကို ဖိနှိမ်နိုင်ချင်မှ ဖိနှိမ်နိုင်ပေလိမ့်မည်။
“သူ့ကိုသတ်ပြီး ငရဲအရှင်အတွက် လက်စားချေကြ”
ဧကရာဇ်နန်းတော်၏ ခေါင်းဆောင်တပ်မှူးက ဦးဆောင်ကာ ချက်ချင်းပင်တုံ့ပြန်ပြီး သူ၏ လက်ကို ဝေ့ယမ်းပြလိုက်၏။
တစ်ချိန်တည်းမှာပင် သူသည် သူ၏ သိုလှောင်အိတ်ထဲကနေ ပို့ဆောင်ရေးအဆောင်တစ်ခုကို ထုတ်ယူပြီး ဆီးနှင်းစိမ့်စမ်းဧကရာဇ်နန်းတော်၏ အင်ပါယာစစ်တပ်ကို ခေါ်ယူစုဝေးဖို့ အဲဒါကို ထုတ်လွှတ်လိုက်၏။
“အဲဒီလူကို သတ်နိုင်တဲ့ဘယ်သူမဆို ငရဲအရှင်ဆီးနှင်းစိမ့်စမ်းအသစ် ဖြစ်လာလိမ့်မယ်”
လူအုပ်ကြားထဲမှာ တစ်ယောက်ယောက်က အော်ပြောလိုက်၏။
ထိုအသံသည် လှိုင်းဂယက်တစ်ထောင်ကို ဖြစ်ပေါ်သွားစေသည့်ပုံပင်။ ရင်ပြင်ပေါ်မှ ငရဲဘုရင်ပညာရှင်များစွာက ခန်းမထဲရှိ သိုင်းတာအိုပင်မခန္ဓာကို သတ်လိုဖြတ်လိုသော အော်ရာများဖြင့် စိုက်ကြည့်လိုက်ကြ၏။
လူတိုင်းသည် ငရဲအရှင်ဆီးနှင်းစိမ့်စမ်းကို ကြောက်ရွံ့ကြပြီး သူ့အမိန့်ကို မနာခံဘဲ မနေရဲကြပေ။
အဲဒါက ငရဲအရှင်ဆီးနှင်းစိမ့်စမ်းသည် အစကတည်းက စွမ်းအားကြီးမားသောကြောင့်သာလျှင်မဟုတ်ဘဲ သူ၏ လက်အောက်မှာ စည်းရုံးထားသော ငရဲဘုရင်များနှင့် တမလွန်ဘုရင်ပညာရှင်များ၏ အရေအတွက်က များပြားလွန်းသောကြောင့်ဖြစ်သည်။
ဒါ့အပြင် ငရဲအရှင်ဆီးနှင်းစိမ့်စမ်းမှာ သူ့ကိုနောက်ခံပေးထားသည့် ဆီးနှင်းစိမ့်စမ်းငရဲ၏ ရှေးဟောင်းတမလွန်မျိုးနွယ်ရှိလေသည်။
ရှေးဟောင်းတမလွန်မျိုးနွယ်မှ အခြားသောတမလွန်ဘုရင်များကလွဲလျှင် ငရဲအရှင်ဆီးနှင်းစိမ့်စမ်းအဖြစ် သူ၏ အဆင့်အတန်းကို ဘယ်သူကမှ စိန်ခေါ်နိုင်ကြလိမ့်မည် မဟုတ်ပေ။
ငရဲမှာရှိသော အခြားသောသက်ရှိများမှာ ထိုအခွင့်အရေးလုံးဝမရှိပေ။
ယခုအချိန်မှာ သိုင်းတာအိုပင်မခန္ဓာက ငရဲအရှင်ဆီးနှင်းစိမ့်စမ်းကို သတ်ဖြတ်လိုက်သော်လည်း သူက တစ်ယောက်တည်းသာဖြစ်သည်။
ဤနေရာမှာ ငရဲဘုရင်ပညာရှင်သောင်းချီရှိလေသည်။ ထို့နောက် ရှေးဟောင်းတမလွန်မျိုးနွယ်မှ ငရဲဘုရင်ပညာရှင်များက ရောက်ရှိလာကြလိမ့်မည်ဖြစ်ပြီး ဘီလီယံနှင့်ချီသော ငရဲတပ်သားများကလည်း စုဝေးရောက်ရှိလာကြပေလိမ့်မည်။
ငရဲသက်ရှိများစွာ၏ မျက်လုံးထဲမှာ သိုင်းတာအိုပင်မခန္ဓာက တစ်ယောက်တည်းသာဖြစ်ပြီး အားနည်းလေသည်။
သို့သော်လည်း သူတို့မှာ ဆီးနှင်းစိမ့်စမ်းငရဲတစ်ခုလုံးရှိနေသည်။
သိုင်းတာအိုပင်မခန္ဓာက သူ၏ စွမ်းအားကြီးမားသော တိုက်ခိုက်ရည်ခွန်အားကို ယခုတင်ထုတ်ဖော်ပြသထားသည်ဆိုလျှင်တောင် လက်ရှိ ငရဲသက်ရှိများစွာသည် လုံးဝမကြောက်ရွံ့သွားပေ။ ထိုအစား သူတို့က အလွန်တရာစိတ်လှုပ်ရှားလာကြပြီး ရုန်းရင်းဆန်ခတ်အခြေအနေကို အခွင့်ကောင်းယူကာ ဧကရာဇ်နန်းတော်ကို သိမ်းပိုက်ဖို့ ကြိုးစားလာကြပေလိမ့်မည်။
“သတ်”
ငရဲသက်ရှိများစွာက လူအုပ်ကြားထဲကနေ အော်ဟစ်လိုက်ကြ၏။
“ခန်းမဘက်ကို ဆုတ်သွား”
သိုင်းတာအိုပင်မခန္ဓာက ကြင်ယာတော်ယုထံ အသံတစ်ခုကိုပို့လွှတ်လိုက်၏။
ထို့နောက်သူက ခန်းမ၏ ရှေ့မှာရပ်ပြီး တလိပ်လိပ်တိုးဝင်လာသည့် ငရဲသက်ရှိများစွာကို တစ်ယောက်တည်းရင်ဆိုင်ကာ ကမ္ဘာတုန်လောက်သောဟိန်းဟောက်သံကို ထုတ်ဖော်လိုက်၏။
“ဂါး...”
သိုင်းတာအိုပင်မခန္ဓာက သူ၏ ပါးစပ်ကိုဖွင့်ဟပြီး သူ၏ အသံပိုင်းလျှို့ဝှက်အတတ်ကို ထုတ်ဖော်လိုက်၏။
အသင်္ချေသက်ရှိများအသံ...။
ချက်ချင်းပင် ဘီလီယံနှင့်ချီသော သက်ရှိများက သိုင်းတာအိုပင်မခန္ဓာ၏ နောက်ဘက်မှာပေါ်ထွက်လာပြီး အလွန်တရာကျယ်လောင်သောပုံစံဖြင့် သံပြိုင်အော်ဟစ်လိုက်သည့်အလားပင်။
အသင်္ချေသက်ရှိများအသံသည် သိုင်းတာအိုပင်မခန္ဓာ၏ သွေးချီဖြင့် ပေါင်းစည်းထားပြီး သေစေနိုင်စွမ်းအားအလွန်တရာမြင့်မားလေသည်။
ဖောင်း... ဖောင်း... ဖောင်း...
ရှေ့သို့ပြေးတက်လာသော ပညာရှင်အများစုက ငရဲဘုရင်များဖြစ်သော်လည်း သူတို့ထဲမှအချို့သည် အားနည်းသောကိုယ်ကာယ၊ သာမန်မျိုးဆက်သွေးနှင့် မလုံလောက်သောကျင့်ကြံမှုနယ်ပယ်များရှိပြီး အသင်္ချေသက်ရှိများအသံ၏ ရိုက်ခတ်မှုဖြင့် နေရာမှာပင် ကြေမွပျက်စီးကာ သွေးမြူများအဖြစ် ပြောင်းလဲသွားကြသည်။
သူတို့၏ အမြုတေစိတ်ဝိညာဥ်များနှင့် ကိုယ်ကာယများက ဖျက်ဆီးခံလိုက်ရသည်။
ငရဲဘုရင်ပညာရှင်တချို့သည် အဲဒါကို ခုခံနိုင်ကြသည်။ သို့သော်လည်း သူတို့သည် ဒဏ်ရာအပြင်းအထန်ရရှိသွားပြီး သူတို့၏ ဒွာရခုနှစ်ပေါက်မှ သွေးများစီးကျလာ၏။
ကောင်းကင်လိုဏ်ဂူအကြီးငရဲဘုရင်များနှင့် တမလွန်ဘုရင်ပညာရှင်များသာလျှင် သူတို့၏ မျိုးဆက်သွေးနယ်မြေများ သို့မဟုတ် သူတို့၏ ကောင်းကင်လိုဏ်ဂူများအကြီးများကို ထုတ်ဖော်ပြီးနောက် သူတို့ကိုယ်သူတို့ ထိန်းညှိကာ ရှင်သန်နိုင်ခဲ့ကြသည်။
ငရဲသက်ရှိများစွာသည် ကြီးမားသော ဒီရေလှိုင်းလုံးများကဲ့သို့ မည်းမည်းလှုပ်ချီတက်လာခဲ့ကြသည်။ သို့သော်လည်း သိုင်းတာအိုပင်မခန္ဓာထံမှ အသင်္ချေသက်ရှိများအသံဖြင့် ဟိန်းဟောက်ခံလိုက်ရပြီးနောက် မဲမဲလှုပ်နေသောလူအုပ်ကြီးက နှေးကွေးသွားပြီး ရပ်တန့်တော့မည့်လက္ခဏာများပင် ပြသလာခဲ့သည်။
သိုင်းတာအိုပင်မခန္ဓာက ငရဲဖိနှိမ်မီးဖိုကို လူအုပ်ကြားထဲသို့ ပစ်ထုတ်လိုက်၏။
အထွတ်ဝိညာဥ်လေးခုက မဲမဲလှုပ်နေသောလူအုပ်ကြားထဲသို့ ဒုန်းစိုင်းပြေးဝင်သွားပြီး အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုတစ်ခုကို စတင်လိုက်လေသည်။
တစ်ချိန်တည်းမှာပင် သိုင်းတာအိုပင်မခန္ဓာသည် သူ၏ အမြူတေစိတ်ဝိညာဥ်ကို လှည့်ပတ်ပြီ ဓမ္မအတတ်များကို အဆက်မပြတ် ထုတ်ဖော်လိုက်သည်။
“အနီရောင်ကြာပန်းကြမ္မာမီး”
ရုတ်တရက်... ငရဲသက်ရှိများ၏ ခန္ဓာကိုယ်များကနေ နီရဲနေသောမီးတောက်များ ပစ်လွင့်ထွက်ပေါ်လာပြီး သူတို့၏ အသားများကို လောင်မြိုက်လာခဲ့သည်။
“အား... အား...”
ငရဲသက်ရှိများက စူးစူးဝါးဝါးအော်ဟစ်လိုက်ကြ၏။
သိုင်းတာအိုပင်မခန္ဓာ၏ တိုက်ခိုက်မှုများ မရပ်တန့်နိုင်ခင်မှာပင် နက်မှောင်နေသော မီးတောက်များက သူ၏ ခြေရင်းကနေ ရုတ်တရက်ဖြန့်ကြက်လာပြီး မည်းမည်းလှုပ်နေသောလူအုပ်ကြီးဆီသို့ လောင်ကျွမ်းလာခဲ့လေသည်။