← Chapters

လမ်းခြောက်သွယ်၏ လျှို့ဝှက်ဆန်းကြယ်မှု

Vol. 178 Ch. 2668

လမ်းခြောက်သွယ်၏ လျှို့ဝှက်ဆန်းကြယ်မှု

Vol. 178 Ch. 2668

သိုင်းတာအိုပင်မခန္ဓာသည် ငရဲအရှင် ဆီးနှင်းစိမ့်စမ်း၏ နေရာကို ဂရုမစိုက်ပေ။

သူ့အတွက်တော့ အရေးကြီးဆုံးအရာသည် တံခါးပိတ်ကျင့်ကြံမှုဖြစ်သည်။

ဒုတိယအချက် သူသည် ငရဲကမ္ဘာကနေ ထွက်ခွာပြီး အလယ်အလတ်ကမ္ဘာတစ်ထောင်သို့ ပြန်လည်ရောက်ရှိနိုင်မည့် နည်းလမ်းတစ်ခုကို ရှာဖွေရပေမည်။

သိုင်းတာအိုပင်မခန္ဓာသည် ငရဲအရှင် ဆီးနှင်းစိမ့်စမ်း၏ နေရာကို မပြောနှင့်၊ ငရဲကိုးခုစလုံး၏ ငရဲအရှင်ဖြစ်လာမည်ဆိုလျှင်တောင် သူက ဤနေရာကနေ ထွက်သွားဖို့ကို ဝန်လေးနေလိမ့်မည် မဟုတ်ပေ။

တကယ်တော့ သူ့မှာ ငရဲကမ္ဘာနှင့် ပတ်သက်၍ မေးခွန်းများစွာ ရှိနေဆဲပင်။

ပင်မခန်းမထဲရှိ ကြင်ရာတော်ယုက သူ့ကို အဖြေတချို့ ပေးကောင်းပေးနိုင်ပေမည်။

ထန်ခုံးသည် သိုင်းတာအိုပင်မခန္ဓာ၏ နေရာချစီစဉ်ပေးမှုကို ကြားသိရသောအခါ လုံးဝပျော်ရွှင်မလာခဲ့ပေ။ ထိုအစား သူ့မှာ ခါးသက်သော အမူအရာတစ်ခုရှိနေပြီး ခဏကြာသည်အထိ တွေဝေတုံ့ဆိုင်းပြီးမှ သဘောတူလိုက်၏။

သူ၏ ထင်မြင်ချက်အရ သူသည် သိုင်းတာအိုပင်မခန္ဓာ၏ ရုပ်သေးရုပ်တစ်ရုပ်မျှသာဖြစ်သည်။

ဆီးနှင်းစိမ့်စမ်းငရဲမှ ငရဲသားသက်ရှိများသည် ဆီးနှင်းစိမ့်စမ်းငရဲ၏ အစစ်အမှန်အရှင်သခင် ဘယ်သူလဲဆိုတာကို သိထားကြလေသည်။

ငရဲရှစ်ခုက ဆီးနှင်းစိမ့်စမ်းငရဲကို တိုက်ခိုက်လာမည်ဆိုလျှင် အမည်ခံငရဲအရှင် ဆီးနှင်းစိမ့်စမ်းအနေဖြင့် သူသည် အရင်ဆုံးတာဝန်ခံရလိမ့်မည်ဖြစ်ပြီး သေခြင်းတရားကနေ လွတ်မြောက်နိုင်လိမ့်မည် မဟုတ်ပေ။

“အား…”

ထန်ခုံးက ကြိတ်၍သက်ပြင်းချလိုက်၏။

သူသည် သိုင်းတာအိုပင်မခန္ဓာ၏ စကားကို မငြင်းပယ်နိုင်ပေ။

သိုင်းတာအိုပင်မခန္ဓာကြောင့် မဟုတ်လျှင် သူသည် ယနေ့အထိ ရှင်သန်နိုင်ခဲ့လိမ့်မည် မဟုတ်ပေ။

သူ၏ ထန်မိသားစုသည် သူ၏ မွေးနေ့ဂုဏ်ပြုစားသောက်ပွဲမှာ မင်ဖုန်းနှင့် အခြားသူများ၏ ရှင်းလင်းသုတ်သင်ခြင်းကို ခံရပေလိမ့်မည်။

“ကောင်းပြီလေ”

ထန်ခုံးက ခေါင်းထောင်လိုက်ပြီး သူ၏ ဆိုးဆိုးဝါးဝါးအခြေအနေကနေ ပျော်စရာကို ရှာဖွေဖို့ ကြိုးစားလိုက်၏။ သူက ကြိုးစား၍ ပြုံးပြပြီး သူ့ဘာသာသူ တွေးလိုက်သည်။

“ငါမသေခင် ငရဲအရှင် ဆီးနှင်းစိမ့်စမ်းရဲ့ ပလ္လင်ပေါ်ကို တက်လှမ်းနိုင်မယ်ဆိုတော့ ငါ့ဘဝက အချည်းနှီတော့ မဖြစ်တော့ပါဘူးလေ”

သိုင်းတာအိုပင်မခန္ဓာသည် ထန်ခုံး၏ တွေဝေရှုပ်ထွေးသော အတွေးများကို မသိရှိပေ။ သူသည် ဤကဲ့သို့သော အသေးအဖွဲ့ကိစ္စများကို ထန်ခုံးကို လွှဲအပ်ပေးပြီးနောက် သူက ခန်းမထဲသို့ ပြန်လည်ဝင်ရောက်လာခဲ့သည်။

ကြင်ရာတော်ယုက အထဲမှာ မတ်တတ်ရပ်နေပြီး သူတို့က မျက်လုံးအကြည့်ချင်းဆုံသွားကြ၏။

သူမ၏ လှပသော မျက်လုံးများက မျက်တောင်တစ်ချက်မခတ်ဘဲ သူမရှေ့မှ အမျိုးသားကို မမှိတ်မသုန်စိုက်ကြည့်နေပြီး သူမ၏ ရင်ထဲရှိ ရောထွေးနေသော စိတ်ခံစားချက်များနှင့်အတူ သူမမှာ တွေဝေရှုပ်ထွေးသော အမူအရာတစ်ခု ရှိနေ၏။

ထိုအခိုက်အတန့်မှာ သူမသည် အတိတ်ကာလက အရာများစွာနှင့် မဟာချွမ်အပျက်အစီးနယ်မြေ၏ မြေအောက်အနက်ပိုင်းထဲမှာ ကြော့ရှင်းသန့်ပြန့်သော စာပေသမားနှင့် သူမ ပထမဆုံးဆုံတွေ့ခဲ့ပုံကို ပြန်လည်အမှတ်ရလာ၏။

ထျန်ဟွမ်ကုန်းမြေတိုက်မှာတုန်းက ယန်တိုင်းပြည်၏ မြို့တော်ဟောင်းမှာ သူမရှေ့မှ အမျိုးသားက ဘယ်လောက်တောင် အားနည်းခဲ့ပြီး သူ့ကို ကယ်တင်ဖို့ သူမ၏ အကူအညီကိုပင် လိုအပ်ခဲ့ပုံကို သူမက ပြန်လည်အမှတ်ရလာ၏။

သို့သော်လည်း ဤအားနည်း၍ ကြော့ရှင်းသန့်ပြန့်သော စာပေသမားက အရမ်းကို လျင်မြန်စွာ ကြီးပြင်းလာခဲ့သည်။

မျိုးနွယ်စုတစ်သောင်းစုဝေးပွဲမှာတုန်းက သူသည် သူမကို လိုက်မီလုနီးပါးဖြစ်လာခဲ့လေသည်။

နောက်ပိုင်းမှာ ဤလူသည် သိုင်းတာအိုကို တည်ထောင်ပြီး သက်ရှိများအားလုံးကို သိုင်းပညာသင်ကြားပေးခဲ့သည်။ သူက ကမ္ဘာဦးမျိုးနွယ်များ၏ ပုန်ကန်ထကြွမှုကို နှိမ်နင်းပြီး သွေးမိစ္ဆာကပ်ဘေးကို ဖိနှိမ်ခဲ့သည်။ နောက်ဆုံးမှာ သူသည် ထိပ်ဆုံးသို့ တက်လှမ်းပြီး ထာဝရသိုင်းဧကရာဇ်ဘွဲ့ကို ခံယူနိုင်ခဲ့သည်။

ထိုအချိန်တုန်းက ဤလူသည် သူမကို လုံးဝကျော်တက်သွားခဲ့ပြီဖြစ်သည်။

ကြင်ရာတော်ယုမှာ သူမ၏ မာန်မာနနှင့်သူမ ရှိလေသည်။

သူမသည် တစ်ခါက မြေခွေးလေးနှင့်သူ့ကို တစ်ချက်သွားကြည့်ဖို့ တွေးမိခဲ့သည်။

သို့သော်လည်း ထိုနေ့မှာ သွေးနီရောင်ဝတ်ရုံကို ဝတ်ဆင်ထားသည့် အနှိုင်းမဲ့အမျိုးသမီးတစ်ဦးက သူ့ဘေးမှာ ရုတ်တရက်ပေါ်ထွက်လာခဲ့၏။ ထိုသို့ဖြင့် သူမက ထိုအတွေးကို လက်လျှော့ခဲ့လေသည်။

သွေးနီရောင်ဝတ်အမျိုးသမီးသည် လက်ဝါးရိုက်ချက်တစ်ချက်နှင့်အတူ ထျန်ဟွမ်ကုန်းမြေတိုက်မှ စုန်းမျိုးနွယ်ကို သတ်ဖြတ်ခဲ့လေသည်။ သူမ၏ လက်တစ်ချက်ကို ဝှေ့ယမ်းပြီး အထက်ဘုံမှ သက်ရှိများကို သတ်ဖြတ်သုတ်သင်ကာ သည်းမခံနိုင်လောက်အောင် မောက်မာဝင့်ကြွားသော ပုံစံဖြင့် သက်ရှိများအားလုံးကို အထက်စီးကနေ ငုံ့ကြည့်ခဲ့သည်။

ယခုအချိန်မှာပင် ကြင်ရာတော်ယုသည် ထိုစဉ်တုန်းက တုန်လှုပ်စရာကောင်းသည့် မြင်ကွင်းကို မမေ့ဖျောက်နိုင်ပေ။

သူမ၏ မာန်မာနနှင့်ပင်လျှင် သူမသည် သွေးနီရောင်ဝတ်အမျိုးသမီး၏ ရှေ့မှာ နိမ့်ကျမှုကို ခံစားရသည်။

ကြင်ရာတော်ယု၏ ချောမောလှပမှုသည် တစ်လောကလုံး၏ ချီးကျူးမှုကို ရရှိဖို့ ထိုက်တန်လေသည်။ အဲဒါသည် မြို့တစ်မြို့ကို ကျဆုံးစေပြီး သက်ရှိများအားလုံးကို လဲပြိုကျဆင်းသွားစေဖို့ လုံလောက်လေသည်။

သွေးနီရောင်ဝတ်အမျိုးသမီးသည်ပင် သူမ၏ ချောမောလှပမှုနှင့်ယှဉ်လျှင် နိမ့်ကျမည်ဟု ထင်ရသည်။

သို့သော်လည်း သူတို့နှစ်ယောက်က အတူတကွ မတ်တတ်ရပ်နေမည်ဆိုလျှင် သွေးနီရောင်ဝတ်အမျိုးသမီးသည် သူမ၏ ကိုယ်ပေါ်မှ အရောင်အဝါများအားလုံးကို လုယူသွားနိုင်လေသည်။

သွေးနီရောင်ဝတ်အမျိုးသမီးနှင့် ပခုံးချင်းယှဉ်ရပ်သော မည်သူမဆို မှေးမှိန်သွားရပေမည်။

သွေးနီရောင်ဝတ်အမျိုးသမီးက ဆူဇီမို၏ လက်ကို ဆုပ်ကိုင်ထားသည်ကို ကြင်ရာတော်ယု တွေ့မြင်ခဲ့သောအခါ သူမသည် သူမ၏ ပျံ့လွင့်နေသော အတွေးများကို ရုပ်သိမ်းပြီး ထိုဖြစ်ရပ်အပြီး၌ ဆူဇီမိုကို ဘယ်တော့မှ သွားမရှာတော့ပေ။

သို့သော်လည်း သူတို့နှစ်ယောက်သည် ယနေ့မှာ ဆီးနှင်းစိမ့်စမ်းငရဲတွင် ပြန်လည်ဆုံတွေ့ရလိမ့်မည်ဟု ထင်မှတ်မထားခဲ့ပေ။

ဒါ့အပြင် ဤလူသည် ဤမျှအတိုင်းအတာထိ ကြီးပြင်းလာခဲ့ပြီဖြစ်ပြီး ဆီးနှင်းစိမ့်စမ်းငရဲတစ်ခုလုံးကိုပင် တစ်ယောက်တည်း ဖိနှိမ်ခဲ့လေသည်။

သူတို့နှစ်ယောက်သည် အတန်ကြာသည်အထိ တိတ်ဆိတ်ငြိမ်သက်နေကြ၏။ သိုင်းတာအိုပင်မခန္ဓာက အရင်စပြီး စကားပြောလိုက်၏။

“ထျန်ဟွမ်ကုန်းမြေတိုက်မှာတုန်းက မင်း ကောင်းကင်ဘုံကပ်ဘေးကို ဖြတ်ကျော်ပြီး တက်လှမ်းသွားတာကို ငါမြင်ခဲ့တယ်… မင်း ဒီကို ဘယ်လိုရောက်လာတာလဲ”

လက်စသတ်တော့ သူက ထျန်ဟွမ်ကုန်းမြေတိုက်မှာတုန်းက ငါ့ကို အာရုံစိုက်ခဲ့သေးတာပဲ…။

ကြင်ရာတော်ယု၏ စိတ်ထဲတွင် အတွေးတစ်ခု ဖျတ်ခနဲပေါ်ထွက်လာ၏။

သူမက သူမ၏ ခေါင်းကို ညင်သာစွာ ခါပြလိုက်၏။

“အဲဒီအချိန်တုန်းက ငါက ကောင်းကင်ဘုံကပ်ဘေးကို ဖြတ်ကျော်ပြီး တကယ်ပဲ တက်လှမ်းခဲ့တယ်… ဒါပေမဲ့ တက်လှမ်းခြင်းဖြစ်စဉ်အတွင်းမှာ ငါက ကြယ်တာရာကောင်းကင်ရဲ့ ပြင်းထန်တဲ့လှိုင်းနဲ့ ရိုက်ခတ်မိပြီး နေရာမှာတင် သေဆုံးသွားခဲ့တယ်”

“မင်းက သေသွားတာလား”

သိုင်းတာအိုပင်မခန္ဓာက မျက်မှောင်အနည်းငယ်ကြုတ်ပြီး မေးလိုက်၏။

“မင်းက သေပြီးသွားပြီလား”

“ဟုတ်တယ်”

ကြင်ရာတော်ယုက ခါးသက်စွာ ပြုံးပြလိုက်၏။

“ငါ မသေသေးဘူးဆိုရင် ငါက ငရဲကမ္ဘာကို ဘယ်လိုလုပ် ရောက်လာမှာလဲ… ငါက ဆီးနှင်းစိမ့်စမ်းငရဲမှာ ရှေးဟောင်းတမလွန်မျိုးနွယ်အဖြစ် ဘယ်လိုလုပ် အသွင်ပြောင်းလဲလာမှာလဲ”

သိုင်းတာအိုပင်မခန္ဓာသည် ထိုစကားကို ကြားသောအခါ ပို၍ပင်ရှုပ်ထွေးသွား၏။

သိုင်းတာအိုပင်မခန္ဓာ၏ ရင်ထဲရှိ ရှုပ်ထွေးမှုကို ဖတ်မိနိုင်သည့်အလား ကြင်ရာတော်ယုက ရှင်းပြလိုက်သည်။

“ယေဘုယျအားဖြင့်ဆိုရင် သက်ရှိတွေအားလုံး သေဆုံးသွားတဲ့အခါ သူတို့ရဲ့ဝိညာဉ်တွေက တမလွန်ဘုံကို ဝင်ရောက်ရလိမ့်မယ်”

“တမလွန်ဘုံမှာ အဝါရောင်စိမ့်စမ်းရေရဲ့ ဆေးကြောသန့်စင်မှုကို ခံယူပြီးတဲ့နောက် သူတို့က သူတို့ရဲ့ ယခင်ဘဝမှတ်ဉာဏ်တွေကို ဆုံးရှုံးရလိမ့်မယ်… အဲဒါပြီးရင် တမလွန်ဘုံက သက်ရှိတွေရဲ့ လမ်းညွှန်မှုအောက်မှာ အဲဒီသက်ရှိတွေအားလုံးရဲ့ ဝိညာဉ်တွေက လမ်းခြောက်သွယ်ထဲကို ပို့ဆောင်ခံရလိမ့်မယ်”

“ငရဲကမ္ဘာက လမ်းခြောက်သွယ်ထဲက တစ်ခုလား”

ထိုစကားကို ကြားသောအခါ သိုင်းတာအိုပင်မခန္ဓာက ရင်တစ်ချက်ထိတ်သွား၏။ ကြင်ရာတော်ယု၏ စကားတချို့မှာ သတင်းအချက်အလက်များစွာ ပါဝင်နေသည်။

ဒါ့အပြင် ထိုသတင်းအချက်အလက်က အရမ်းကို တုန်လှုပ်စရာကောင်းလေသည်။

ပြန်ဝင်စားခြင်းလမ်းခြောက်သွယ်သည် ကောင်းကင်ဘုံတာအို၊ လူသားတာအို၊ အဆူရာတာအို၊ တောကောင်တာအို၊ ဆာလောင်တစ္ဆေတာအိုနှင့် ငရဲတာအိုတို့ ဖြစ်ကြသည်။

ငရဲတာအိုဟု ခေါ်ဆိုသောအရာက ၎င်းသည် အလယ်အလတ်ကမ္ဘာတစ်ထောင်လောကနှင့် အတူယှဉ်တွဲရပ်တည်နိုင်သည့် ကျယ်ပြောသော လောကတစ်ခု အမှန်တကယ်ဖြစ်နေ၏။

ငရဲတာအိုက လောကတစ်ခုကို ကိုယ်စားပြုသည်ဆိုလျှင် အခြားသော တာအိုငါးခုကလည်း တူညီသောသဘော ရှိနေမည်ဟု အဓိပ္ပာယ်ရသည် မဟုတ်ပါလား။

ပြန်ဝင်စားခြင်းလမ်းခြောက်သွယ်မှာ ပိုမိုနက်ရှိုင်းသော အဓိပ္ပာယ်တစ်ခု ရှိကောင်းရှိနေပေမည်။

ကြင်ရာတော်ယု၏ စကားလုံးများသည် သိုင်းတာအိုပင်မခန္ဓာ၏ ယခင်ခန့်မှန်းချက်များကို အတည်ပြုပေးလိုက်သည်။

ငရဲနှင့်တမလွန်ဘုံသည် မတူညီသောနေရာများ ဖြစ်သော်လည်း သူတို့က ရှင်းမပြတတ်စွာ ချိတ်ဆက်နေကြသည်။

သိုင်းတာအိုပင်မခန္ဓာက မေးလိုက်သည်။

“မင်းရဲ့ဝိညာဉ်က ငရဲကမ္ဘာကို ပို့ဆောင်ခံလိုက်ရတယ်… ဒါဆိုမင်းက ဘာလို့ ဆီးနှင်းစိမ့်စမ်းငရဲမှာ ပြန်လည်မွေးဖွားလာတာလဲ”

ကြင်ရာတော်ယုက ခေါင်းညိတ်ပြလိုက်၏။

“ငရဲကိုးခုရဲ့ ရှေးဟောင်းတမလွန်မျိုးနွယ်ဆိုတာ ကမ္ဘာတစ်ထောင်သုံးဆင့်လောကမှာ ရှိတဲ့ သက်ရှိတွေအားလုံးရဲ့ ဝိညာဉ်တွေပဲ… တမလွန်ဘုံကနေတစ်ဆင့် သူတို့တွေက ပြန်ဝင်စားခြင်းလမ်းခြောက်သွယ်ထဲက ငရဲကမ္ဘာကို ပို့ဆောင်ခံခဲ့ရတယ်… သူတို့တွေက ငရဲရဲ့ စိမ့်စမ်းကိုးခုကနေ မတူညီတဲ့ စွမ်းအားတွေကို ရရှိပြီး စိမ့်စမ်းရေကနေ အသွင်ပြောင်းလဲလာကြတယ်”

“အတိအကျဆိုရရင် အဲဒါကို ပြန်လည်မွေးဖွာခြင်းလို့တောင် မဆိုနိုင်ဘူး”

“ဘာလို့လဲဆိုတော့ အဲဒီဝိညာဉ်တွေမှာ သူတို့ရဲ့ အရင်ဘဝမှတ်ဉာဏ်တွေ မရှိတော့တဲ့အတွက်ပဲ… သူတို့ရဲ့ အရင်ဘဝက အမှတ်အသားတွေအားလုံးက ဖယ်ရှားရှင်းလင်းပစ်ခံရလိမ့်မယ်… သူတို့တွေက ငရဲရဲ့ စိမ့်စမ်းကိုးခုမှာ လုံးဝမတူကွဲပြားတဲ့ ဘဝအသစ်တစ်ခုအဖြစ် မွေးဖွားလာလိမ့်မယ်… အဲဒါက ရှေးဟောင်းတမလွန်မျိုးနွယ်ပဲ”

သိုင်းတာအိုပင်မခန္ဓာက ဟာကွက်တစ်ခုကို ရှာတွေ့သွားပြီး​ မေးလိုက်၏။

“ဒီလိုဆိုရင် မင်းက ဆီးနှင်းစိမ့်စမ်းငရဲမှာ အသွင်ပြောင်းလဲလာတဲ့အခါ မင်းရဲ့ အရင်ဘဝမှတ်ဉာဏ်တွေက ဘာလို့ရှိနေသေးတာလဲ”

ကြင်ရာတော်ယုက ပြောလိုက်သည်။

“ဘာလို့လဲဆိုတော့ ငါက ပါရမီပန်းလို့ခေါ်တဲ့ မှော်ပန်းတစ်ပွင့်ကို အမှတ်မထင် ရရှိထားခဲ့လို့ပဲ… အဲဒါက ထျန်ဟွမ်ကုန်းမြေတိုက်မှာတုန်းက ဘာမှထူးခြားမှု မရှိတဲ့ ပန်းတစ်ပွင့်ပဲ”

“ငါ့ရဲ့ဝိညာဉ်က တမလွန်ဘုံကို ကျဆင်းလာတဲ့အခါ ငါက ပါရမီပန်းကို ယူဆောင်လာခဲ့တယ်… အဲ့ဒီပန်းရဲ့ ကာကွယ်မှုက ငါ့ရဲ့ အရင်ဘဝမှတ်ဉာဏ်တွေကို ထိန်းသိမ်းထားနိုင်အောင် ကူညီပေးခဲ့တယ်”

“နောက်ပိုင်း ငါက ဆီးနှင်းစိမ့်စမ်းမှာ အသွင်ပြောင်းလဲလာခဲ့တယ်… ငါက ဒီခန္ဓာကိုယ်အဖြစ် ပြောင်းလဲပြီး ရှေးဟောင်းတမလွန်မျိုးနွယ်ရဲ့ မျိုးဆက်သွေးကို ပိုင်ဆိုင်လာခဲ့ပေမဲ့ ငါ့မှာ အရင်ဘဝမှတ်ဉာဏ်တွေ ရှိနေတုန်းပဲ”

သိုင်းတာအိုပင်မခန္ဓာက သူ့ဘာသာသူ ခေါင်းညိတ်လိုက်၏။

သူမသည် သူမ၏ ယခင်ဘဝမှတ်ဉာဏ်များကို ပြန်လည်ရရှိထားသည်နှင့်အမျှ တစ်ခုတည်းသော ရှုထောင့်ကနေ ကြည့်မည်ဆိုလျှင် ကြင်ရာတော်ယုက အမှန်တကယ် သေဆုံးခဲ့ခြင်း မဟုတ်ပေ။

အဲဒါထက် ဤဘဝသည် သူမ၏ ပြန်လည်မွေးဖွားခြင်းမျှသာဖြစ်သည်။

ကြင်ရာတော်ယုက သူမ၏ အသိစိတ်ထဲကနေ နီရဲတောက်ပနေသော ပန်းတစ်ပွင့်ကို ထုတ်ယူပြီး တွေဝေရှုပ်ထွေးစွာ ပြောလိုက်သည်။

“ငါက တမလွန်ဘုံရဲ့ အဝါရောင်စိမ့်စမ်းလမ်းရဲ့ တစ်ဖက်တစ်ချက်စီမှာ ပါရမီပန်းတွေကို တွေ့မြင်ခဲ့တယ်”

“ပါရမီပန်းက အဝါရောင်စိမ့်စမ်းလမ်းရဲ့ တစ်ဖက်တစ်ချက်စီမှာပဲ ပေါက်တယ်လို့ ငါကြားထားတယ်… ဒီလိုဆိုရင် အဲဒီထဲက ပန်းတစ်ပွင့်က ထျန်ဟွမ်ကုန်းမြေတိုက်မှာ ဘာကြောင့် ရောက်နေခဲ့တာလဲ။”

All Chapters