အန္တိမကျော်စောမှု
Vol. 178 Ch. 2667
တစ်နေ့နှင့်တစ်ည ကြာမြင့်ခဲ့သောတိုက်ပွဲမှာ သိုင်းတာအိုပင်မခန္ဓာသည် တိုက်ခိုက်နေစဥ် သူ၏ ကိုယ်ကာယနှင့် ဓမ္မတာအိုကို ထုတ်နုတ်နေခဲ့၏။
အနီရောင်ကြာပန်းကြမ္မာမီးနှင့် ငရဲမီးကြောင့်ဖြစ်ပေါ်လာသော ကြီးမားသည့် ကန့်သတ်နယ်မြေကိုကြည့်ရင်း သူသည် တည်ဆောက်သူသစ်ပင်နိုးထလာစဥ်က ၎င်းထုတ်ဖော်ပြသခဲ့သည့်မြင်ကွင်းကို ပြန်လည်အမှတ်ရလာ၏။
တည်ဆောက်သူသစ်ပင်သည် ကီလိုမီတာငါးဆယ်ပတ်လည်အတွင်း အရာရာတိုင်းကို လွမ်းခြုံစေသည့် အစိမ်းရောင်ရောင်လျှံစက်ဝန်းတစ်ခုကို ထုတ်ဖော်ခဲ့၏။
အစိမ်းရောင်ရောင်လျှံစက်ဝန်း၏ လွှမ်းခြုံမှုအောက်မှာ အင်မော်တယ်ဘုရင်ပညာရှင်များအပါအဝင် ကျင့်ကြံသူများအားလုံးသည် ကြီးမားစွာကန့်သတ်ခံထားရပြီး ထွက်ပြေးဖို့အတွက် လေဟာနယ်ကိုပင် မချိုးဖျက်နိုင်ကြပေ။
အစိမ်းရောင်ရောင်လျှံစက်ဝန်း၏ အဝန်းအဝိုင်းအတွင်းမှာ အစိမ်းရောင်ရောင်လျှံစက်ဝန်းက တစ်ဦးတည်းသောနတ်ဘုရားဖြစ်၏။
တည်ဆောက်သူသစ်ပင်ထုတ်ဖော်ခဲ့သည့် အစိမ်းရောင်ရောင်လျှံစက်ဝန်းသည် သိုင်းတာအိုပင်မခန္ဓာ၏ မဟာမီးတောက်နှစ်ခုဖြင့် ဖြစ်ပေါ်လာသော ကန့်သတ်နယ်မြေအဟန့်အတားနှင့် ဆင်တူလေသည်။
သိုင်းတာအိုပင်မခန္ဓာ၏ အနာဂတ်သည် ပို၍ရှင်းလင်းလာပြီး သိုင်းတာအို၏ စိတ်ထဲမှာ တဖြည်းဖြည်းရုပ်လုံးပေါ်လာခဲ့သည်။
သိုင်းတာအိုပင်မခန္ဓာသည် ဤတိုက်ပွဲကို အဆုံးသတ်ပြီး တံခါးပိတ်ကျင့်ကြံလိုလေသည်။ သူသည် သူ၏ ဓမ္မတာအိုကို ထုတ်နုတ်နေရာချပြီး သူ၏ နောက်ဆုံးခြေလှမ်းကို လှမ်းလိုလေသည်။
တိုက်ပွဲ၏ ဤနေရာအရောက်မှာ နှစ်ဖက်စလုံးက သူတို့၏ အကန့်အသတ်ကို ရောက်ရှိနေကြပြီဖြစ်သည်။
သိုင်းတာအိုပင်မခန္ဓာသည် အသက်ပြင်းပြင်းတစ်ချက်ရှိုက်ပြီး ရှေ့ကနေပြေးဝင်လာနေဆဲဖြစ်သော ငရဲသက်ရှိများစွာကို ကြည့်လိုက်၏။ သူသည် သူ၏ စိတ်ဝိညာဥ်အသိစိတ်ကို လှည့်ပတ်ပြီး လက်နှစ်ဖက်ဖြင့် လက်ဟန်ချိပ်သည်းများကို ထပ်တလဲလဲ ဆင့်ခေါ်လိုက်၏။
အနက်ရောင်ချီဖြင့် လွှမ်းခြုံထားသော ဧရာမတံခါးတစ်ချပ်က သူ၏ နောက်ဘက်မှာ ပေါ်ထွက်လာ၏။
တံခါးသည် နက်မှောင်နေသော အသူတရာချောက်နက်တစ်ခုလို ၎င်း၏ သွေးသံရဲရဲပါးစပ်ဖြင့် အရာရာတိုင်းကို ဝါးမျိုနိုင်သည့် ရှေးဟောင်းသတ္တဝါကြီးတစ်ကောင်လိုဖြစ်သည်။
သိုင်းတာအိုပင်မခန္ဓာသည် ငရဲဖိနှိမ်မီးဖိုကို ထိန်းချုပ်ပြီးနောက် သူသည် တစ်ခါက အန္တိမဓမ္မတာအိုတစ်ခုကို အသုံးချကာ ငရဲဂိတ်တံခါးကို ဖန်တီးခဲ့သည်။
သိုင်းတာအိုပင်မခန္ဓာသည် ကပ်ဘေးဆင်းသက်ခြင်းကို ဖြတ်ကျော်ခဲ့စဥ်က သူသည် ဤလျှို့ဝှက်အတတ်ကို လုံးလုံးလျားလျား မထိန်းချုပ်နိုင်သေးပေ။
၎င်းမှာ ကောင်းကင်လိုဏ်ဂူစွမ်းအားတစ်စွန်းတစ်စ ပါဝင်ရုံသာဖြစ်ခဲ့သည်။ ထိုစဥ်တုန်းက စုဖွဲ့ခဲ့သော ငရဲဂိတ်တံခါးသည် ကောင်းကင်လိုဏ်ဂူတစ်ခု၏ ပုံသဏ္ဌာန်မှာသာရှိပြီး ကောင်းကင်လိုဏ်ဂူတစ်ခု၏ စိတ်စွမ်းအား မပါဝင်ခဲ့ပေ။
ထိုသို့ဆိုလျှင်တောင် သူသည် ထိုငရဲဂိတ်တံခါး၏ အကူအညီနှင့်အတူ ဒသမမြောက်ကောင်းကင်ဘုံကပ်ဘေးကို ခုခံဆန့်ကျင်နိုင်ခဲ့၏။
သို့သော်ယခု... သိုင်းတာအိုပင်မခန္ဓာသည် ကောင်းကင်လိုဏ်ဂူ၏ စွမ်းအားကို လုံးလုံးလျားလျားထိန်းချုပ်လာနိုင်ခဲ့ပြီဖြစ်သည်။ ငရဲဂိတ်တံခါးသည် နောက်တစ်ဖန်ဆင့်ကဲပြောင်းလဲပြီး အဝီစိဂိတ်တံခါးအဖြစ် အသွင်ပြောင်းလဲကာ နောက်ထပ်အဆင့်တစ်ခုထိ တက်လှမ်းလာခဲ့သည်။
ဂိတ်တံခါးကို အနက်ရောင်ချီက လွှမ်းခြုံထားပြီး မဟာအဝီစိ၏ ငရဲဂိတ်တံခါးနှင့် အတော်လေးဆင်တူနေသည်။
တကယ်ဆို အဆုံးမဲ့အဝီစိချီက ၎င်းကနေ တလိပ်လိပ်ထိုးထွက်နေပြီး ဘီလီယံနှင့်ချီသော သက်ရှိများ၏ အစစ်အမှန်နာကျင်မှုစိတ်ဆန္ဒနှင့် ပြည့်နှက်နေကာ ကြီးမားသည့်ငရဲစစ်တပ်ထံသို့ ရွေ့လျားသွားလေသည်။
သိုင်းတာအိုပင်မခန္ဓာသည် ငရဲစစ်တပ်ကို တားဆီးရန် သူ၏ ရှေ့မှာ အဝီစိဂိတ်တံခါးကို ထောင်မတ်ထားလိုက်သည်။
ငရဲစစ်တပ်၏ အတောမသတ်နိုင်သော စစ်သည်တော်များက အဝီစိဂိတ်တံခါးဖြင့် ဝါးမျိုခြင်းခံရပြီး လုံးလုံးလျားလျားပျောက်ကွယ်ကာ ဖိနှိမ်ခံလိုက်ရသည်။
အဝီစိဂိတ်တံခါးနှင့်အတူ မီးတောက်များ၏ ကန့်သတ်နယ်မြေက အဆုံးမဲ့ငရဲစစ်တပ်အပေါ် အလွန်ကြီးမားသည့် ပျက်စီးထိခိုက်မှုကို ဖြစ်လာစေသည်။
ရှေ့တည့်တည့်ရှိ မီးတောက်နယ်မြေထဲမှာ အဆုံးမဲ့အသူတရာချောက်နက်ကို အနက်ရောင်ချီများက လွှမ်းခြုံထားပြီး အဲဒါသည် ဖြတ်ကျော်လာမည့်မည်သူ့ကိုမဆို သတ်ဖြတ်နိုင်သည့် မကျော်လွှားနိုင်သော အဟန့်အတားတစ်ခုနှင့် တူလာခဲ့သည်။
တိုက်ပွဲသည် တစ်ရက်တစ်ညကြာမြင့်ခဲ့ပြီးနောက် ငရဲသက်ရှိစစ်တပ်၏ စိတ်ဝိညာဥ်က သူတို့၏ အကန့်အသတ်ကို ရောက်ရှိလာခဲ့ပြီဖြစ်သည်။
အဝီစိဂိတ်တံခါးဆင်းသက်လာခြင်းသည် ငရဲသက်ရှိများစွာ၏ နောက်ဆုံးကောက်ရိုးတစ်မျှင်ကို ခြေမွှပစ်လိုက်လေသည်။
ငရဲသက်ရှိများသည် ကြမ်းကြုတ်ခက်ထန်ပြီး သွေးဆာရက်စက်ကြသည်။
သို့သော်လည်း သူတို့သည် သေချာပေါက်သေရတော့မည်ဖြစ်ပြီး အသက်ရှင်ဖို့အတွက် မည်သည့်မျှော်လင့်ချက်မှမရှိတော့သည်ကို တွေ့မြင်လာရသောအခါ ငရဲသက်ရှိများစွာသည် အကြောက်တရားကို စတင်၍ခံစားလာရသည်။
ဆီးနှင်းစိမ့်စမ်းငရဲမှာရှိသော မရေမတွက်နိုင်သည့်သက်ရှိများစွာက ဤတိုက်ပွဲတွင် သေဆုံးခဲ့ရသည်။
အလောင်းများက ဧကရာဇ်နန်းတော်၏ ပင်မခန်းမထဲမှာ ပုံထပ်နေပြီး အလောင်းတောင်များ၏ ခြေရင်းမှာ သွေးမြစ်များက စီးဆင်းနေသည်။ ထိုအရာများသည် မျက်စိဖြင့်မြင်နိုင်သော အလောင်းများသာဖြစ်သည်။ အဲဒီမှာ သိုင်းတာအိုပင်မခန္ဓာ၏ မီးတောက်များဖြင့်လောင်ကျွမ်းခံခဲ့ရသော သက်ရှိများက မရေမတွက်နိုင်အောင်ရှိနေသည်။
ငရဲကမ္ဘာ၏ နောက်ဆုံးမျိုးဆက်များသည် ဤတိုက်ပွဲမှာ ငရဲဘုရင်ပညာရှင်များချည်းသက်သက် နှစ်သောင်းကျော်သေဆုံးကုန်သည်ဟု တွက်ချက်ခဲ့ကြ၏။
ငရဲမှာအခြားသက်ရှိများအပါအဝင် ခန့်မှန်းတွက်ချက်မှုတစ်ခုသည် ဤတိုက်ပွဲမှာ သက်ရှိပေါင်းသန်းတစ်ရာကျော် သေဆုံးခဲ့သည်ဟု ဆိုလေသည်။ ဆီးနှင်းစိမ့်စမ်းဧကရာဇ်နန်းတော်သည် နေရာတိုင်းမှာ တောက်လောင်နေသော စစ်မီးတောက်များနှင့်အတူ မီးငရဲတစ်ခုအဖြစ် ပြောင်းလဲသွားခဲ့ပြီဖြစ်သည်။
ဧကရာဇ်နန်းတော်၏ အပြင်ဘက်ကနေပင်လျှင် သူတို့သည် အလောင်းများဖြင့်ပုံထပ်နေသည့် သွေးနီရောင်တောင်ထွတ်များကို တွေ့မြင်နေရသည်။
အဲဒါက တုန်လှုပ်စရာကောင်းသော မြင်ကွင်းတစ်ခုဖြစ်သည်။
ဤတိုက်ပွဲသည် ဆီးနှင်းစိမ့်စမ်းငရဲကို အပြင်းအထန်ပျက်စီးထိခိုက်စေပြီး ၎င်းကို နှစ်ပေါင်းများစွာကြာအောင် ငြိမ်သက်သွားသွားစေခဲ့သည်။
သိုင်းတာအိုပင်မခန္ဓာသည် အကြောက်တရားဖြင့် နှုတ်ဆိတ်သွားစေဖို့အတွက် ဆီးနှင်းစိမ့်စမ်းငရဲမှ ငရဲဘုရင်ပညာရှင်များကို တစ်ယောက်တည်း အစုလိုက်အပြုံလိုက်သတ်ဖြတ်ခဲ့သည်။ ငရဲမှ မရေမတွက်နိုင်သော သက်ရှိများသည် သူ့ကိုဦးညွှတ်လာရပြီး သူ၏ အန္တိမကျော်စောမှုကို တည်ဆောက်လိုက်လေသည်။
ဤတိုက်ပွဲမှာပါဝင်သော ငရဲသက်ရှိများအားလုံးသည် ကံကောင်း၍အသက်ရှင်နိုင်ခဲ့သည်ဆိုလျှင်တောင် သူတို့၏ ရင်ထဲမှာ ကြောက်စရာကောင်းသောအရိပ်တစ်ခုက လွှမ်းခြုံလာခဲ့ပြီဖြစ်၏။
တကယ်ဆို အထီးကျန်သိုင်းသခင်၏ နာမည်သည် ဆီးနှင်းစိမ့်စမ်းငရဲမှာ တဗူးတစ်ခုဖြစ်လာခဲ့လေပြီ။
ငရဲမှသက်ရှိများသည် သူ၏ အမည်ကို ထုတ်ဖော်ပြောဆိုရဲခြင်းပင် မရှိတော့ပေ။
တိုက်ပွဲက အဆုံးသတ်လာခဲ့၏။
ငရဲ၏ မရေမတွက်နိုင်သောသက်ရှိများသည် ဆီးနှင်းစိမ့်စမ်းငရဲကနေ ထွက်ပြေးသွားကြပြီး ကျန်ရှိနေသောငရဲသက်ရှိများက မြေပြင်ပေါ်မှာ တစ်ယောက်ပြီးတစ်ယောက်ဒူးထောက်ချကာ ခုခံဆန့်ကျင်ရဲခြင်းမရှိတော့ဘဲ ဦးညွှတ်လိုက်ကြ၏။
ဆီးနှင်းစိမ့်စမ်းငရဲက ပိုင်ရှင်ပြောင်းလဲသွားခဲ့လေပြီ။
မရေမတွက်နိုင်သော ငရဲသက်ရှိများသည် သူတို့၏ ခေါင်းများကိုမော့ပြီး မီးတောက်များကြားမှ ပုဂ္ဂိုလ်ကိုကြည့်လိုက်ကြ၏။
သူ၏ ခရမ်းရောင်ဝတ်ရုံက သွေးများဖြင့်စိုရွှဲနေပြီး သူ၏ အေးစက်နေသောငွေရောင်မျက်နှာဖုံးက အဆုံးမဲ့အကြောက်တရားကို ဖြစ်ပေါ်စေသည်။
ဆီးနှင်းစိမ့်စမ်းငရဲ၏ ယခင်ငရဲအရှင်နှင့် ရင်ဆိုင်ရလျှင်ပင် ငရဲသက်ရှိများသည် ဤကဲ့သို့ ခံစားရလိမ့်မည် မဟုတ်ပေ။
ထန်ခုန်းနှင့် ထန်ချင်အာသည် ဧကရာဇ်နန်းတော်၏ အပြင်ဘက်မှာ မတ်တတ်ရပ်ပြီး တိုက်ပွဲတစ်ခုလုံးကို မြင်တွေ့နေခဲ့ရသည်။ ယခုအချိန်မှာပင် သူတို့သည် အိပ်မက်တစ်ခုလို ခံစားနေရ၏။
အထီးကျန်သိုင်းသခင်က အနိုင်ရသွားပြီလား။
သူသည် မရေမတွက်နိုင်သော ငရဲသက်ရှိများကိုဖိနှိမ်ပြီး ဆီးနှင်းစိမ့်စမ်းငရဲတစ်ခုလုံးကို သူ၏ ခြေဖဝါးအောက်မှာ နင်းခြေခဲ့လေသည်။
ထန်ခုန်းသည် တွေဝေရှုပ်ထွေးသောအမူအရာနှင့်အတူ သက်ပြင်းရှည်တစ်ချက်ကိုမှုတ်ထုတ်ပြီး သူ၏ မျက်လုံးများက ဝမ်းသာမှုနှင့် စိုးရိမ်ပူပန်မှုဖြင့် ပြည့်နှက်နေ၏။
တစ်ဘက်မှာ သိုင်းတာအိုပင်မခန္ဓာသည် ဆီးနှင်းစိမ့်စမ်းငရဲကို သိမ်းပိုက်၍ ငရဲအရှင်ဆီးနှင်းစိမ့်စမ်းအသစ် ဖြစ်လာပြီးနောက် သူတို့သည် နောက်ပိုင်း နေရာတိုင်းမှာ လိုက်လံပုန်းကွယ်နေစရာ မလိုတော့ပေ။
တစ်ဘက်မှာတော့ ဆီးနှင်းစိမ့်စမ်းငရဲသည် အတန်ကြာသည့်အထိ ဖရိုဖရဲဖြစ်လာပေလိမ့်မည်။
ဆီးနှင်းစိမ့်စမ်းငရဲက အရမ်းကိုကြီးမားလွန်းသည်။
အရှေ့ပိုင်းလွင်ပြင်၊ တောင်ပိုင်းတောအုပ်၊ အနောက်ပိုင်းရွှံ့ညွန်တော၊ မြောက်ပိုင်းရိုးမနှင့် ဗဟိုချက်မြို့တော်ပင်အပါအဝင် သိုင်းတာအိုပင်မခန္ဓာကို တော်လှန်ပုန်ကန်မည့် ပညာရှင်များနှင့် အဖွဲ့အစည်းတချို့က သေချာပေါက်ပေါ်ထွက်လာပေလိမ့်မည်။
တကယ်တော့ သိုင်းတာအိုပင်မခန္ဓာထုတ်ဖော်ပြသခဲ့သောနည်းလမ်းများအရ ဤပညာရှင်များနှင့် အဖွဲ့အစည်းများကို ကြောက်စရာဘာမှမရှိပေ။
သိုင်းတာအိုပင်မခန္ဓာအတွက် တကယ်တမ်းအစစ်အမှန်ခြိမ်းခြောက်မှုမှာ အခြားသောငရဲရှစ်ခုဖြစ်နေဆဲပင်။
သိပ်မကြာခင် ယနေ့တိုက်ပွဲသည် အခြားသောငရဲရှစ်ခုသို့ ပျံ့နှံ့သွားပေလိမ့်မည်။
ငရဲကမ္ဘာသည် တစ်ခါက အပြင်းအထန်ပျက်စီးထိခိုက်ခဲ့ပြီး အုပ်စိုးမည့်ငရဲအရှင်တစ်ပါးမရှိဘဲ ဓမ္မအဆုံးသတ်ခေတ်သို့ ကျဆင်းလာခဲ့သော်လည်း ငရဲကိုးခုက သေချာရပ်တည်နေကြဆဲပင်။
ငရဲရှစ်ခုသည် ဆီးနှင်းစိမ့်စမ်းငရဲက ပိုင်ရှင်ပြောင်းလဲသွားမည်ဆိုလျှင်တောင် ဂရုစိုက်လိမ့်မည် မဟုတ်ပေ။
သို့သော်လည်း သိုင်းတာအိုပင်မခန္ဓာသည် မည်သို့ပင်ဆိုစေ အပြင်လူတစ်ယောက်ဖြစ်သည်။
အခြားသောငရဲရှစ်ခုသည် အလယ်အလတ်ကမ္ဘာတစ်ထောင်လောကမှ လူတစ်ယောက်ကို ငရဲအရှင်တစ်ပါးအဖြစ် အုပ်စိုးခွင့်ပေးလိမ့်မည် မဟုတ်ပေ။
ငရဲရှစ်ခုက ပူးပေါင်းလာသည်နှင့် သူတို့သည် ဆီးနှင်းစိမ့်စမ်းငရဲထက် များစွာပိုမိုသန်မာလာမည်ဖြစ်ပြီး သူတို့က အလွယ်တကူအညံ့ခံကာ နောက်ဆုတ်ကြလိမ့်မည် မဟုတ်ပေ။
ထန်ခုန်းက ထန်ချင်အာကို ဧကရာဇ်နန်းတော်ထဲသို့ ပြန်ခေါ်လာခဲ့သည်။
ဤတစ်ခေါက်မှာ သိုင်းတာအိုပင်မခန္ဓာကိုကြည့်သော ထန်ချင်အာ၏ ကြည့်ရှုပုံက လုံးလုံးလျားလျားပြောင်းလဲသွားခဲ့ပြီဖြစ်သည်။
သည့်ယခင်က သိုင်းတာအိုပင်မခန္ဓာသည် မြောက်ပိုင်းရိုးမမှာ ငရဲဘုရင်များစွာကို သတ်ဖြတ်ပြီး ငရဲသက်ရှိများစွာကို ဖိနှိမ်ခြင်းဖြင့် သူ၏ စွမ်းပကားကို ထုတ်ဖော်ပြသခဲ့သော်လည်း ထန်ချင်အာသည် သူ့အပေါ် များစွာကြောက်ရွံ့ထိတ်လန့်ခြင်း မရှိခဲ့ပေ။
ဤတိုက်ပွဲအပြီးမှ ထန်ချင်အာသည် သိုင်းတာအိုပင်မခန္ဓာနှင့် အကြည့်ချင်းပင်မဆုံရဲတော့ပေ။
“မင်းရောက်လာပြီ... အချိန်မီပဲ”
သိုင်းတာအိုပင်မခန္ဓာက ထန်ခုန်းပြန်လည်ရောက်ရှိလာသည်ကို တွေ့မြင်သောအခါ ညင်သာစွာ ခေါင်းညိတ်ပြလိုက်၏။
“မြို့ထဲမှာရှိတဲ့ ငရဲသက်ရှိတွေအပါအဝင် ဆီးနှင်းစိမ့်စမ်းဧကရာဇ်နန်းတော်နဲ့ ဆီးနှင်းစိမ့်စမ်းမြို့တော်ကို ပြုပြင်ထိန်းသိမ်းဖို့အတွက် အခုကစပြီး မင်းကိုပဲငါလွှဲပေးရတော့မယ်”
“ဟမ်..”
ထန်ခုန်းက မှင်တက်သွားသည်။
သူ၏ အစွမ်းအစနှင့်အတူ သူ့အနေဖြင့် ဤအရာများကို ကိုင်တွယ်ဖို့က အခက်အခဲသိပ်မရှိပေ။
သို့သော်လည်း မည်သို့ပင်ဆိုစေ သူက ဘုရင်မြောက်ပိုင်းရိုးမသာဖြစ်သည်။
သူသည် ဆီးနှင်းစိမ့်စမ်းငရဲ၏ ငရဲသက်ရှိများကို ဦးဆောင်လိုသည်ဆိုလျှင် သူ့အနေဖြင့် အများသူငှာကို ယုံကြည်လက်ခံစေဖို့ ခက်ခဲပေလိမ်မည်။
ထန်ခုန်း၏ စိုးရိမ်ပူပန်မှုကို ဖတ်မိနိုင်သည့်အလား သိုင်းတာအိုပင်မခန္ဓာက သာမန်ကာလျှံကာ ပြောလိုက်သည်။
“အခုကစပြီး... မင်းက ငရဲအရှင်ဆီးနှင်းစိမ့်စမ်းရဲ့ရာထူးကို ယူရလိမ့်မယ်။”