သိုင်းတာအိုစိတ်စွမ်းအား
Vol. 178 Ch. 2666
မီးတောက်နှစ်ခုဖြစ်သော အနီရောင်ကြာပန်းကြမ္မာမီးနှင့် ငရဲမီးတို့က ငရဲ၏ မဲမဲလှုပ်နေသောသက်ရှိများထံ ပစ်ဝင်သွားပြီး အလွန်တရာကြောက်စရာကောင်းသော သေစေနိုင်စွမ်းအားကို ထွက်ပေါ်လာစေသည်။
ငရဲမီးသည် အဝီစိကနေလာပြီး ဘီလီယံနှင့်ချီသောသက်ရှိများ၏ နာကျင်မှုနှင့် အစစ်အမှန် စိတ်ဆန္ဒတို့ ပါဝင်လေသည်။
ငရဲသက်ရှိများသည် အပြင်းအထန်နာကျင်နေပြီး ငရဲမီးမှာ ဆိုးဆိုးဝါးဝါးရှုံးနိမ့်နေရ၏။
ကောင်းကင်လိုဏ်ဂူအကြီးများကို စုဖွဲ့ထားသည့် ငရဲဘုရင်များနှင့် တမလွန်ဘုရင်ပညာရှင်များပင်လျှင် တောင့်ခံဖို့အတွက် ရုန်းကန်နေရ၏။
သိုင်းတာအိုပင်မခန္ဓာကို အံ့အားသင့်သွားစေသည့်အရာမှာ ငရဲသက်ရှိများကို အမှန်တကယ်ပျက်စီးထိခိုက်စေသည့်အရာသည် ငရဲမီးမဟုတ်ဘဲ အနီရောင်ကြာပန်းကြမ္မာမီးဖြစ်သည်။
အနီရောင်ကြာပန်းကြမ္မာမီးသည် အကုသိုလ်ကမ္မကို လောင်ကျွမ်းစေပြီး နတ်ဘုရားစွမ်းအားများကိုပ င်သန့်စင်နိုင်သည်။
ကမ္ဘာငယ်တစ်ထောင်လောကနှင့် အလယ်အလတ်ကမ္ဘာတစ်ထောင်လောကမှာ ၎င်းသည် ဤကဲ့သို့ကြောက်စရာကောင်းသောစွမ်းပကားကိုမထုတ်ဖော်နိုင်ပေ။
(ဤနေရာတွင် ပြောစရာရှိသည်မှာ ကမ္ဘာတစ်ထောင်လောကသည် ကမ္ဘာတစ်ထောင်အတိအကျကို ရည်ညွှန်းခြင်း မဟုတ်ဘဲ တစ်ထောင်ဆကို အခြေခံ၍ ရေတွက်ခြင်းစနစ်တစ်ခု ဖြစ်ပါသည်။)
ယခု အနီရောင်ကြာပန်းကြမ္မာမီးကို ဆီးနှင်းစိမ့်စမ်းငရဲမှာ ထုတ်ဖော်လိုက်ပြီးနောက် ၎င်းသည် ဘေးပတ်ဝန်းကျင်ရှိ တမလွန်ချီကိုအာရုံခံမိသွားပြီး မီးတောက်များက ပြင်းထန်ကြမ်းတမ်းလာကာ ၎င်း၏ စွမ်းပကားကို တိုးလာစေသည်။
ငရဲဘုရင်ပညာရှင်သိန်းချီသည် အနီရောင်ကြာပန်းကြမ္မာမီးဖြင့် လောင်ကျွမ်းပြာကျသွားပြီး သူတို့၏ အမြုတေစိတ်ဝိညာဥ်များနှင့် ကိုယ်ကာယများက ဖျက်ဆီးခံလိုက်ရသည်။
စိတ်ဝိညာဥ်ချီနှင့် ကောင်းကင်နှင့်မြေကြီးအမြုတေချီသည် အနီရောင်ကြာပန်းကြမ္မာမီး၏ အစစ်အမှန်စွမ်းအားကို ထုတ်ဖော်ဖို့ မလုံလောက်သည့်အလားပင်။
တမလွန်ချီကသာလျှင် အနီရောင်ကြာပန်းကြမ္မာမီး၏ စွမ်းပကားကို ၎င်း၏ အကန့်အသတ်ထိ မြင့်တက်လာစေသည်။
အနီရောင်ကြာပန်းကြမ္မာမီး၏ မူလဇာစ်မြစ်သည် ကရဲကမ္ဘာကနေဆင်းသက်လာခြင်းဖြစ်နိုင်မလား။
သိုင်းတာအိုပင်မခန္ဓာ၏ စိတ်ထဲသို့ မေးခွန်းတစ်ခု ဖျတ်ခနဲပေါ်ထွက်လာ၏။
သို့သော်လည်း တိုက်ပွဲက အရှိန်အဟုန်မြင့်တက်နေပြီး သူက စိတ်အာရုံပျက်ယွင်းဖို့ အချိန်မရပေ။
“အား... အား...”
ရှေးဟောင်းတမလွန်မျိုးနွယ်၏ တမလွန်ဘုရင်များသည် အနီရောင်ကြာပန်းကြမ္မာမီး၏ လောင်မြိုက်စွမ်းအားကို တဖြည်းဖြည်းခံနိုင်ရည် မရှိတော့ပေ။
ကောင်းကင်လိုဏ်ဂူအကြီးများကို စုဖွဲ့ထားသည့် တမလွန်ဘုရင်ပညာရှင်များက အသည်းအသန်တောင့်ခံထားရသည်။
သို့သော်လည်း အနီရောင်ကြာပန်းကြမ္မာမီးက ကောင်းကင်လိုဏ်ဂူအသေးနှင့် တမလွန်ဘုရင်အချို့၏ ခန္ဓာကိုယ်များထဲကနေ လျှံထွက်လာခဲ့သည်။ သူတို့၏ မျိုးဆက်သွေးများကပင် အဲဒါကို မဖိနှိမ်နိုင်ပေ။
ထိုမျှသာမက သူတို့က သူတို့၏ မျိုးဆက်သွေးနယ်မြေများကို ထုတ်ဖော်သည့်အခါ အနီရောင်ကြာပန်းကြမ္မာမီးက သူတို့၏ ခန္ဓာကိုယ်ထဲမှာ ပိုမိုပြင်းထန်ကြမ်းတမ်းစွာ လောင်ကျွမ်းလာသည်။
သိုင်းတာအိုပင်မခန္ဓာသည် သူ၏ မျိုးဆက်သွေးကို လှည့်ပတ်ပြီး ချစ်ချစ်တောက်အပူလှိုင်းတစ်ခုကို ထုတ်ဖော်ကာ လောင်ကျွမ်းနီရဲနေသော ဧရာမမီးဖိုတစ်လုံးကဲ့သို့ လူအုပ်ကြားထဲ ပစ်ဝင်သွားသည်။
ဘုန်း... ဘုန်း... ဘုန်း...
အနီရောင်ကြာပန်းကြမ္မာမီးနှင့် ငရဲမီး၏ လောင်ကျွမ်းမှုအောက်မှာ ငရဲသက်ရှိများသည် သေသူသေ အပြင်းအထန်ဒဏ်ရာရသူရ ဖြစ်ကုန်ကြသည်။
ဤအခြေအနေမှာ သိုင်းတာအိုပင်မခန္ဓာ၏ ခြေလှမ်းများကို မည်သူကမှ မတားဆီးနိုင်ကြပေ။
ဝုန်း...
သိုင်းတာအိုပင်မခန္ဓာသည် ရှေ့သို့ ပစ်ထိုးလိုက်ပြီး ငရဲဘုရင်ပညာရှင်တချို့၏ ခန္ဓာကိုယ်များကို ပေါက်ကွဲထွက်သွားစေသည်။
သူက တားဆီးမရနိုင်သော စွမ်းပကားတစ်ခုနှင့်အတူ ရှေ့သို့တက်လှမ်းလာသည်။
ငရဲဘုရင်ပညာရှင်သောင်းချီနှင့် ရှေးဟောင်းတမလွန်မျိုးနွယ်မှ ပညာရှင်များသည် သိုင်းတာအိုပင်မခန္ဓာ၏ တိုက်ခိုက်မှုမှာ အရေးနိမ့်လာရသည်။ သူတို့က ညည်းတွားအော်ဟစ်ပြီး သွေးများက မြစ်များကဲ့သို့ စီးဆင်းနေသည်။
ဝုန်း.... ဝုန်း...
အလှမ်းမကမ်းမှာ မိုးကြိုးထစ်ချုန်းသံကဲ့သို့ သံမဏိမြင်းခွာသံများက ထွက်ပေါ်လာပြီး ကြီးမားသောတိမ်စိုင်တစ်ခုက တလိပ်လိပ်ထိုးတက်လာ၏။ အောင်လံတခွန်များကို လွှင့်ထူထားပြီး အေးစက်နေသော ချပ်ဝတ်တန်ဆာများက တောက်ပနေ၏။ ငရဲစစ်တပ်မှ မရေမတွက်နိုင်သော စစ်သည်တော်များက ချီတက်လာကြလေပြီ။
ထန်ခုန်းနှင့် ထန်ချင်အာသည် တိုက်ပွဲနယ်မြေ၏ အပြင်ဘက်မှာ ပုန်းကွယ်နေကြပြီဖြစ်သည်။ သူတို့က အဝေးကနေ ဤမြင်ကွင်းကိုကြည့်ပြီး တုန်လှုပ်နေကြသည်။
“သူ..သူက... ဆီးနှင်းစိမ့်စမ်းငရဲတစ်ခုလုံးကို တစ်ယောက်တည်း ဆန့်ကျင်တော့မလို့လား”
ထန်ချင်အာက မယုံကြည်နိုင်စွာမေးလိုက်၏။
ထန်ခုန်းက တံတွေးကို အလျင်စလိုမျိုချပြီး သူ၏ ရင်ထဲရှိ တုန်လှုပ်မှုကိုဖိနှိမ်ဖို့ အတတ်နိုင်ဆုံးကြိုးစားကာ ဖြည်းဖြည်းချင်းပြောလိုက်၏။
“သူက ဆန့်ကျင်မှာ မဟုတ်ဘူး... သူက ဆီးနှင်းစိမ့်စမ်းငရဲကို ဖိနှိမ်တော့မှာထင်တယ်”
ထန်ချင်အာက တုန်လှုပ်ချောက်ချားသွားပြီး တီးတိုးရေရွတ်လိုက်၏။
“အဲဒါက ဖြစ်နိုင်လို့လား”
ဆီးနှင်းစိမ့်စမ်းငရဲသည် မည်သို့ပင်ဆိုစေ ငရဲကိုးခုထဲမှတစ်ခုဖြစ်သည်။ ငရဲမှာ မရေမတွက်နိုင်သောသက်ရှိများက ရှိနေကြလေသည်။ အပြင်လူတစ်ယောက်က သူတို့အားလုံးကို ဖိနှိမ်နိုင်မှာလား။
“မဖြစ်နိုင်တာ ဘာမှမမရှိဘူး”
ထန်ခုန်းက ပြောလိုက်သည်။
“ဆီးနှင်းစိမ့်စမ်းငရဲမှာ အထွတ်အထိပ်ကို ရောက်နိုင်ဖို့ တစ်ခုတည်းသောနည်းလမ်းက သူတို့ရဲ့သွေးဆာရက်စက်မှုနဲ့ ပြင်းထန်ကြမ်းတမ်းမှုကို တူညီတဲ့သွေးဆာရက်သက်မှု၊ ပြင်းထန်ကြမ်းတမ်းမှုနဲ့ ယှဥ်နိုင်ဖို့ပဲ”
ငရဲသက်ရှိများနှင့် ရှေးဟောင်းတမလွန်မျိုးနွယ်မှပညာရှင်များပင်လျှင် ဆီးနှင်းစိမ့်စမ်းငရဲမှာ မြင့်မားတိုးတက်ဖို့အတွက် တစ်မူထူးခြားဆန်းပြားသောနည်းလမ်းများကို အသုံးပြုကြရသည်။ သူတို့သည် သွေးထွက်သံယိုနှင့် အဆုံးမဲ့အလောင်းများကို နင်းတက်လာရသည်။
ဒါ့အပြင် သိုင်းတာအိုပင်မခန္ဓာသည် အလယ်အလတ်ကမ္ဘာတစ်ထောင်လောကကနေ ရောက်ရှိလာခဲ့သည်။
ငရဲမှသက်ရှိများသည် အလယ်အလတ်ကမ္ဘာတစ်ထောင်လောကမှ လူများအပေါ် မုန်းတီးစိတ်ဖြင့် မွေးဖွားလာကြသည်။ ငရဲမှသက်ရှိများကို အညံ့ခံသေဖို့အတွက် တစ်ခုတည်းသောနည်းလမ်းမှာ သွေးနှင့်သတ်ဖြတ်ခြင်း၏ ဆေးကြောသန့်စင်မှုကနေတစ်ဆင့်သာဖြစ်ပေမည်။
သိုင်းတာအိုပင်မခန္ဓာမှာ နောက်ထပ်ရတနာတစ်ခု တမလွန်ဘုံရတနာကြေးမုံရှိနေသည်။
တမလွန်ဘုံရတနာကြေးမုံ၏ သေစေနိုင်စွမ်းအားက အလွန်တရာကြောက်စရာကောင်းလေသည်။ သို့သော်လည်း ထိုရတနာကိုယ်တိုင်ကကို နတ်ဆိုးဆန်သောအော်ရာတစ်ခုကို ထုတ်ဖော်ထားသည်။
၎င်းကို မြောက်ပိုင်းရိုးမမှာ တစ်ခါအသုံးပြုခဲ့ပြီး သိုင်းတာအိုပင်မခန္ဓာပင် အဲဒါကို စိုးရိမ်ပူပန်ရလေသည်။
သူသည် မည်သည့်ရွေးချယ်စရာမှမရှိသရွေ့ တမလွန်ဘုံရတနာကြေးမုံကို ဆင့်ခေါ်ဖို့ စိတ်ကူးမရှိပေ။
ချီတက်လာသော ငရဲစစ်တပ်နှင့် ရင်ဆိုင်ရချိန်မှာ သိုင်းတာအိုပင်မခန္ဓာက အကြောက်အလန့်မရှိပေ။ သူက သူ၏ အမြုတေစိတ်ဝိညာဥ်ကို လှည့်ပတ်ပြီး ငရဲမီးနှင့် အနီရောင်ကြာပန်းကြမ္မာမီး၏ သက်ရောက်မှုအဝန်းဝိုင်းကို ဆွဲချုံ့ကာ သူ၏ ဘေးပတ်လည်တွင် ကန့်သတ်ဇုံ အကာအရံအလွှာတစ်ခုကို ဖြစ်ပေါ်လာစေသည်။
ဤကန့်သတ်နယ်မြေထဲသို့ ဝင်ရောက်လာသောမည်သည့်ငရဲသက်ရှိမဆို မီးတောက်နှစ်ခု၏ လောင်မြိုက်ခြင်းခံရပေလိမ့်မည်။
သိုင်းတာအိုပင်မခန္ဓာသည် တိုက်ပွဲက ရှည်ကြာတော့မည်ဆိုတာကို နားလည်သဘောပေါက်လိုက်သည်။
ဆီးနှင်းစိမ့်စမ်းငရဲမှာ ငရဲသက်ရှိများသည် သေချာပေါက် အလွယ်တကူအညံ့ခံလိမ့်မည်မဟုတ်ပေ။
ဘီလီယံနှင့်ချီသော ငရဲသက်ရှိများဖြင့်ဖွဲ့စည်းထားသည့်စစ်တပ်က မီးတောက်များ၏ ကန့်သတ်နယ်မြေကို ထပ်ဖန်တလဲလဲတိုက်ခိုက်နေကြပြီး မရေမတွက်နိုင်သောအလောင်းများနှင့် ပြာမှုန်များကို ကျန်ရစ်ခဲ့စေ၏။
သိုင်းတာအိုပင်မခန္ဓာသည် ငရဲထိနှိမ်မီးဖိုကို ကိုင်ဆွဲထားပြီး သူ့ကို အထွတ်အမြတ်ဝိညာဥ်လေးခုက ဝန်းရံထားလေသည်။ သူက သတ်ဖြတ်ခြင်းစက်တစ်လုံးကဲ့သို့ဖြစ်ပြီး ပြိုင်ဘက်ကင်းနေ၏။
“သတ်... သတ်... သတ်...”
သတ်ဖြတ်ဖို့အော်ဟစ်သံများနှင့် စစ်ခရာသံများက ငရဲစစ်တပ်ကနေ ထွက်ပေါ်လာ၏။
“သူက လူတစ်ယောက်တည်းပဲ... ငါတို့က အဆက်မပြတ်တိုက်ခိုက်နေမယ်တိုရင် သူက နောက်ဆုံးမှာခြေကုန်လက်ပန်းကျသွားရလိမ့်မယ်”
“အပြင်လူတွေက ဆီးနှင်းစိမ့်စမ်းငရဲကို ဘယ်လိုလုပ်သိမ်းပိုက်နိုင်မှာလဲ”
“ငရဲရဲ့စိတ်စွမ်းအားကို အနိုင်ကျင့်စော်ကားလို့ မရဘူး”
ငရဲသက်ရှိများစွာက ဟိန်းဟောက်လိုက်ကြ၏။
တိုက်ပွဲသည် မနက်ပိုင်း ကြင်ယာတော်တင်မြှောက်အခမ်းအနားကနေ စတင်လာခဲ့ပြီး ညနေစောင်းသည်အထိ ကြာရှည်လာခဲ့သည်။
ငရဲစစ်တပ်မှ တိုက်ခိုက်မှုများက အနည်းငယ်အားပျော့လာသော်လည်း သူတို့က ရပ်တန့်မသွားပေ။
သိုင်းတာအိုပင်မခန္ဓာသည် ဆီးနှင်းစိမ့်စမ်းငရဲမှ သက်ရှိတစ်ဦးဖြစ်မည်ဆိုလျှင် ငရဲသက်ရှိများက အညံ့ခံသွားခဲ့သည်မှာ ကြာနေလောက်လေပြီ။
သို့သော်လည်း သိုင်းတာအိုပင်မခန္ဓာသည် ငရဲမှသက်ရှိတစ်ဦး မဟုတ်ပေ။
ထိုအချက်သည် ငရဲသက်ရှိများ လုံးဝလက်မခံနိုင်သည့်အချက်ဖြစ်သည်။
စစ်မီးတောက်များက အဆက်မပြတ်ဖြန့်ကြက်လာပြီး ဆီးနှင်းစိမ့်စမ်းဧကရာဇ်နန်းတော်တစ်ခုလုံးက မီးတောက်များဖြင့် လွှမ်းခြုံခံလိုက်ရသည်။ မီးခိုးများက အူထွက်နေပြီး သေးချီက တလိပ်လိပ်ထိုးတက်ကာ အလောင်းများက မြေပြင်မှာပြန့်ကျဲကျဆင်းနေ၏။
သိုင်းတာအိုပင်မခန္ဓာသည် ဆီးနှင်းစိမ့်စမ်းဧကရာဇ်နန်းတော်ကို အလျှံညီးညီးငရဲခန်းတစ်ခုအဖြစ် ပြောင်းလဲပစ်လိုက်သည်။
ဤတိုက်ပွဲသည် တစ်နေ့နှင့်တစ်ညလုံးလုံးကြာမြင့်ခဲ့၏။
မည်သည့်ဘက်ကမှ နောက်မဆုတ်ကြပေ။
ထန်ခုန်းနှင့် ထန်ချင်အာသည် တိုက်ပွဲ၏ အပြင်ဘက်မှာ မတ်တတ်ရပ်ပြီး ထွက်ခွာခြင်းမရှိဘဲ ချောက်ချားစရာကောင်းသော တိုက်ပွဲကို စောင့်ကြည့်နေကြ၏။
တိုက်ပွဲ၏ ဤနေရာအရောက်မှာ အဲဒါသည် ခွန်းအားချင်းယှဥ်ပြိုင်သည့် ရိုးရှင်းသောတိုက်ပွဲတစ်ခု ဆက်လက်၍မဟုတ်တော့ပေ။
ဤသည်က စိတ်စွမ်းအားချင်းယှဥ်ပြိုင်နေသော တိုက်ပွဲတစ်ခုဖြစ်သည်။
သိုင်းတာအိုပင်မခန္ဓာသည် ဆီးနှင်းစိမ့်စမ်းငရဲမှ ဘီလီယံနှင့်ချီသော သက်ရှိများ၏ စိတ်စွမ်းအားကို ခုခံဆန့်ကျင်နေရသည်။
ငရဲစစ်တပ်၏ တိုက်ခိုက်မှုများက ရပ်တန့်မသွားသေးသော်လည်း ငရဲသက်ရှိများစွာ၏ ရင်ထဲမှာ အကြောက်တရားမျိုးစေ့က ပေါက်ဖွားလာခဲ့ပြီဖြစ်သည်။
မီးတောက်များကြားမှာတိုက်ခိုက်နေသော ပုဂ္ဂိုလ်သည် အရပ်မျက်နှာပေါင်းစုံမှာ တိုက်ခိုက်သတ်ဖြတ်နိုင်သည့် မမောမပန်းနိုင်သော စစ်နတ်ဘုရားတစ်ပါးနှင့်တူနေသည်။
ငရဲသက်ရှိတိုင်းက ကူကယ်ရာမဲ့သောခံစားချက်ကို ရရှိလာကြသည်။
ထိုပုဂ္ဂိုလ်သည် ခုခံဆန့်ကျင်၍မရနိုင်သော သို့မဟုတ် အနိုင်ယူ၍မရနိုင်သော တည်ရှိမှုတစ်ခုဖြစ်နေပုံရသည်။
ငရဲမှ ဘီလီယံနှင့်ချီသောသက်ရှိများက သူတို့၏ စိတ်စွမ်းအားကို စုဖွဲ့ပြီးတာတောင် သူတို့သည် ထိုပုဂ္ဂိုလ်ကို မကိုင်လှုပ်နိုင်သေးပေ။
တကယ်တမ်းမှာတော့...။
သိုင်းတာအိုပင်မခန္ဓာဘက်တွင် သက်လုံအားဖြစ်စေ၊ သွေးချီ သို့မဟုတ် အမြုတေစိတ်ဝိညာဥ်ဖြစ်စေ သူတို့သည် သူတို့၏ အကန့်အသတ်ထိ ရောက်ရှိနေခဲ့ပြီဖြစ်သည်။
သူသည် ဤနှစ်များအားလုံးမှာ ဓမ္မပညာရပ်များကို အရည်ဖျော်ချရန် ကောင်းကင်နှင့်မြေကြီးမီးဖိုကို အသုံးပြုခဲ့ခြင်း၊ သူ၏ ခန္ဓာကိုယ်ကို မီးဆေးထားခြင်းနှင့် ပကတိအစစ်အမှန်သိုင်းတာအိုခန္ဓာကို စုဖွဲ့ထားခြင်းကြောင့်မဟုတ်လျှင် သူသည် ယခုအချိန်ထိ သေချာပေါက်တောင်ခံနိုင်လိမ့်မည် မဟုတ်ပေ။
နှစ်ဘက်စလုံးက သူတို့၏ အကန့်အသတ်ထိ ရောက်ရှိလာကြပြီဖြစ်သည်။
မည်သည့်ပြင်ပအားတစ်စုံတစ်ရာမဆို အခြေအနေတစ်ရပ်လုံးကို ပြောင်းလဲပစ်နိုင်သည်။
တစ်နေ့နှင့်တစ်ည တိုက်ခိုက်ပြီးနောက် သိုင်းတာအိုပင်မခန္ဓာ၏ သက်လုံအားက သူ၏ အကန့်အသတ်ထိ ရောက်ရှိလာခဲ့ပြီဖြစ်သော်လည်း သူ၏ စိတ်စွမ်းအားကို ကိုင်လှုပ်၍မရနိုင်သေးပေ။
သူက တစ်ယောက်တည်းဖြစ်သည့်ပုံပေါ်သော်လည်း သူသည် တစ်ခါက သိုင်းတာအိုကို တည်ထောင်ခဲ့ပြီး သက်ရှိများအားလုံးကို သိုင်းပညာသင်ကြားပေးခဲ့သည်။
သူကိုယ်စားပြုသောသိုင်းတာအိုမှာ သိုင်းတာအိုကိုကျင့်ကြံသော မရေမတွက်နိုင်သောသက်ရှိများ၏ သစ္စာတရားနှင့်စိတ်စွမ်းအား၊ မရေမတွက်နိုင်သော သာမန်ကျင့်ကြံသူများ၏ မျှော်လင့်ချက်တို့ပါဝင်နေသည်။
ထိုသစ္စာတရား၊ မျှော်လင့်ချက်နှင့် စိတ်စွမ်းအားတို့သည် ဖျောက်ဖျက်၍မရနိုင်ဘဲ ထာဝရတည်မြဲနေသည်။