← Chapters

အခန်း (၇၁၉)

Vol. 49 Ch. 719

အခန်း (၇၁၉)

Vol. 49 Ch. 719

ဒုတိယမြောက်လူ၏ နာမည်သည် သက်တန့်ရောင် နတ်ဘုရား ကျောက်တုံးပေါ်တွင် ပေါ်ပေါက်လာခဲ့၏။

[ဒုတိယနေရာ - လုဝူတောက်]

“သူက သေသွားခဲ့တာ ကြာပြီ မဟုတ်ဘူးလား။ ဘယ်လိုဖြစ်ပြီး အသက်ရှင်လျက် ရှိနေတာလဲ။ ကောင်းကင်လျှို့ဝှက်နန်းဆောင်သခင် ထုတ်ဖော်လိုက်တဲ့ စာရင်းထဲမှာ သေပြီးသားလူတွေ ပါလာတာမျိုးတော့ မဖြစ်နိုင်ဘူးမလား” အင်မော်တယ်ရှေးလမ်းစဉ်၏ တာအိုအရှင်သည် လေးလေးနက်နက် လေသံဖြင့် ပြောဆိုလိုက်သည်။

သူ့အနေနှင့် ပထမနေရာ၌ ရှိနေသည့် ကျိုးချီကို မသိရှိသလို ဒုတိယနေရာမြောက်တွင် ရှိနေသည့် လုဝူတောက်ကလည်း သေဆုံးခဲ့ပြီးသား လူဖြစ်ကြောင်း သိရှိပြီးဖြစ်လေ၏။ ဟုတ်ပေ၏။ ငရဲလောက၏ တိုက်ပွဲအတွင်း ၎င်းသည် ငရဲလောက၏ အင်မော်တယ်ဘုရင်များကြားတွင် အားအကောင်းဆုံးသော လူတစ်ယောက်ဖြစ်ခဲ့၏။

ထို့အပြင် အင်မော်တယ် အင်ပါယာ ယွမ်ဟောင်နှင့် တူညီသည့် ခေတ်ကာလကို ဖြတ်သန်းခဲ့ရသူ တစ်ယောက် ဖြစ်ပြီး အင်မော်တယ် အင်ပါယာ ယွမ်ဟောင်နှင့်ပင် တိုက်ခိုက်ခဲ့ဖူးသည့် လူတစ်ယောက်ဖြစ်၏။ အနည်းငယ် အသာစီးမှပင် တိုက်ခိုက်နိုင်ခဲ့သေးသည်။

အင်မော်တယ် အင်ပါယာ ယွမ်ဟောင်အနေနှင့် အနည်းငယ် ကံကောင်းခြင်းကြောင့်သာလျှင် လုဝူတောက် ထက်အရင် ကွာစီအင်မော်တယ် အင်ပါယာအဆင့်သို့ လှမ်းဝင်နိုင်ခဲ့ခြင်း ဖြစ်၏။ သို့ပေမဲ့ အင်မော်တယ် အင်ပါယာ ယွမ်ဟောင်သည် ကွာစီအင်မော်တယ် အင်ပါယာ တစ်ယောက်ဖြစ်ခဲ့သည်ဆိုလျှင်တောင်မှ လုဝူတောက်ကို အချိန်အတိုင်းအတာတိုအတွင်း ဖိနှိပ်နိုင်လိမ့်မည် မဟုတ်ချေ။

လုဝူတောက်သည် ခန့်မှန်း၍ မရနိုင်အောင် အားကောင်းသည့် အားအင်အဆင့်ကို ပိုင်ဆိုင်သည့်အပြင် ကွာစီအင်မော်တယ် အင်ပါယာအဆင့် လက်နက်နှစ်ခုကိုလည်း ကိုင်စွဲထားခဲ့သေး၏။ ဤလက်နက်နှစ်ခု၏ အားအင်ထောက်ပံ့ပေးမှုနှင့်အတူ ၎င်းသည် အချိန်ကာလတစ်ခုအတွင်း ကွာစီအင်မော်တယ် အင်ပါယာများ ကိုပင် ယှဉ်ပြိုင်တိုက်ခိုက်နိုင်စွမ်း ရှိနေ၏။ ကြောက်မက်ဖွယ်ရာ ကောင်းသည့် စွမ်းဆောင်ရည်မြင့် ကျင့်ကြံသူတစ်ယောက်ပင်။

ငရဲလောကအရှင်၏ တိုက်ရိုက်လမ်းညွှန်မှုကို ရရှိခဲ့သည်ဟုလည်း ပြောဆိုရပေမည်။ ကျင့်ကြံခြင်းအဆင့်သည် ကျိန်းသေပေါက် ခန့်မှန်း၍ မရနိုင်သည့် အခြေအနေဆီသို့ ရောက်ရှိလာခဲ့ပြီး ကွာစီအင်မော်တယ် အင်ပါယာ မဖြစ်သေးသော်လည်း ၎င်း၏အားအင်အဆင့်သည် အင်မော်တယ်ဘုရင်ထက်တော့ သာလွန်လျက်ရှိနေ၏။

ကံမကောင်းစွာဖြင့် ငရဲလောကကြီးနှင့် တိုက်ပွဲပြီးသည့်နောက် လုဝူတောက်သည် အားလုံးသောသူတို့၏ ပစ်မှတ်ထားစရာ လူတစ်ယောက်ဖြစ်လာခဲ့၏။ တစ်နေ့မှာ‌‌တော့ ကွာစီအင်မော်တယ် အင်ပါယာ နှစ်ယောက်တို့သည် ၎င်းကို ရင်ဆိုင်တိုက်ခိုက်ပြီး သတ်ဖြတ်ပစ်ခဲ့၏။ ၎င်း၏ ဝိညာဉ်ပင်လျှင် ပျက်စီးသွားခဲ့သည်။

လူပေါင်းများစွာတို့သည် စိတ်သက်သာရာရရှိခဲ့၏။ လုဝူတောက်သာ အသက်ရှင်နေသည်ဆိုပါက ကျိန်းသေပေါက် ကွာစီအင်မော်တယ် အင်ပါယာတစ်ယောက် ဖြစ်လာမည်ဆိုသည်မှာ သံသယရှိစရာ မလိုပေ။ ၎င်းသည် ၎င်းနှင့် တူညီသည့်အဆင့်တွင် ရှိနေသည့် လူများအားလုံးထဲတွင် အားအကောင်းဆုံး လူတစ်ယောက်ဖြစ်မှာ သေချာ၏။

သို့ပေမဲ့ ဘယ်သူမှ ထင်မှတ်မထားလောက်အောင်ဘဲ နှစ်ပေါင်းများစွာ ကြာမြင့်ပြီးသည့်နောက် အင်မော်တယ် ဘုရင်အဆင့်စာရင်းတွင် ၎င်း၏နာမည်က ပြန်လည်ကာ ပေါ်ပေါက်လာခဲ့၏။ ဤအရာသည် မည်သူမှ စိတ်ကူး မိမည့် အကြောင်းအရာမျိုး မဟုတ်ချေ။

အင်မော်တယ်ဘုရင်အဆင့်စာရင်း - လက်ရှိခေတ်၏ အားအကောင်းဆုံးသော အင်မော်တယ်ဘုရင်များကို ထုတ်ဖော်ပြောဆိုထားသည့် အရာဖြစ်ပြီး သမိုင်းမှတ်တမ်း တစ်ခုလုံးတွင် အားအကောင်းဆုံးသော အင်မော်တယ်ဘုရင်များဟု သတ်မှတ်ရပေမည်။ သို့ပေမဲ့ သေဆုံးသွားသည့်လူများကိုပါ ထည့်သွင်း တွက်ချက် ထားလေသည်လား။

သေဆုံးသွားခဲ့သည့် လူများသည်လည်း စာရင်းထဲတွင် ပါဝင်နေသည်ဆိုပါက လုဝူတောက် ပေါ်ပေါက် လာခဲ့ခြင်းသည် လူပေါင်းများစွာတို့ကို သိသိသာသာ စိတ်လှုပ်ရှားစေလိမ့်မည်မဟုတ်ချေ။ သို့ပေမဲ့ အသက်ရှင်လျက် ရှိနေသည့် အင်မော်တယ်ဘုရင်အဆင့် စာရင်းကို ထုတ်ဖော် ပြသထားသည် ဆိုပါက ကျိန်းသေပေါက် လုဝူတောက်သည် အသက်ရှင်လျက် ရှိနေပြီဖြစ်၏။

ထို့အပြင် ငရဲလောကကြီး၏ ပြိုင်စံရှားသည့် စွမ်းအားမြင့်ကျင့်ကြံသူ တစ်ယောက်လည်းဖြစ်၏။ ၎င်းသာ ထွက်ပေါ်လာသည်ဆိုပါက ကျိန်းသေပေါက် ငရဲလောက၏ အမွေအနှစ်ဆက်ခံသူတစ်ယောက် ပေါ်ပေါက် လာခဲ့ခြင်းထက်ပင် ပိုမိုကာ ကြောက်မက်ဖွယ်ရာ ကောင်း၏။ အသင်္ချေ များပြားသည့် လောက အသီးသီးတွင် ၎င်းနှင့် ယှဉ်ပြိုင်တိုက်ခိုက်နိုင်မည့်သူဟူ၍ မည်သူရှိသနည်း။

ကွာစီအင်မော်တယ် အင်ပါယာတစ်ယောက် ရှေ့သို့မလှမ်းတက်မချင်း လုဝူတောက်သည် အားအကောင်းဆုံး ကျင့်ကြံသူ ဖြစ်နေပေလိမ့်မည်။ ဆန်းကြယ်လွန်းသည့် ကျိုးချီသည် ၎င်းတို့ကို မေးခွန်းပေါင်းများစွာ ဖြစ်စေခဲ့၏။ မည်သူမျှသည် ‘ကျိုး’ အမည်ရှိသောလူကို တစ်ခါမှ မကြားဖူးသောကြောင့်ပင်။

“ကြည့်ရတာ စာရင်းထဲမှာ သေဆုံးပြီးတဲ့ အင်မော်တယ်ဘုရင်တွေတောင် ပါလာတာပဲဖြစ်မယ်။ မဟုတ်ရင် လုဝူ​တောက်က ဒုတိယနေရာမှာ ရှိနေမှာမဟုတ်ဘူး” အင်မော်တယ်ရှေးလမ်းစဉ်၏ တာအိုအရှင်က စဉ်းစားလိုက်၏။ သူ၏နှလုံးသားထဲတွင် ခဲဆွဲထားသလိုပင် လေးလံလျက် ရှိနေ၏။ ၎င်းသည် အခြားသော တစ်ဖက်ခြမ်းတွင် မတ်မတ်ရပ်လျက် ရှိနေသည်ဆိုလျှင်တောင်မှ လုဝူ​တောက်နှင့် ရင်ဆိုင်ရမည်ဆိုပါက စွမ်းအင်ကင်းမဲ့သလို ခံစားမိ၏။

ရှေးမှတ်တမ်းများထဲရှိ အချက်အလက်များအရဆိုလျှင် လုဝူတောက်သည် ကျိန်းသေပေါက် ကြောက်မက်ဖွယ်ရာကောင်းသည့် ကျင့်ကြံသူတစ်ယောက်ဖြစ်၏။ ကွာစီအင်မော်တယ် အင်ပါယာ အဆင့်တွင် ရှိနေသည့် ကျင့်ကြံသူ မဟုတ်ပါက လုဝူတောက်ကို အနိုင်ယူရရှိဖို့ ဆိုသည်မှာ မလွယ်ကူချေ။

အထူးသဖြင့် ၎င်းသည် ကွာစီအင်မော်တယ် အင်ပါယာ တစ်ယောက်နှင့် တိုက်ခိုက်ခဲ့ဖူးသည့် လူတစ်ယောက် ဖြစ်ပြီး သိသိသာသာ ရှုံးနိမ့်ခဲ့သူ တစ်ယောက်လည်း မဟုတ်ချေ။ ကြောက်မက်ဖွယ်ရာ ကောင်းလွန်း လှချေ၏။ လုဝူတောက်၏ အောင်မြင်မှုများသည် ၎င်း၏ နာမည်နှင့်အတူ ခန့်မှန်း၍မရနိုင်အောင် ကျော်ကြားလွန်းခဲ့သည်။

သူ့အနေနှင့် အဆင့်တူခြင်းတွင် ရှိနေသည့် အင်မော်တယ်လောကကြီး၏ အင်မော်တယ်ဘုရင်ပေါင်း မြောက်များစွာကို အနိုင်ယူ တိုက်ခိုက်ခဲ့၏။ နတ်ဘုရားလောကထဲသို့ ဝင်ရောက် တိုက်ခိုက်သည့် အချိန်တွင်လည်း ကျိန်းသေပေါက် အားလုံးသောသူတို့ကို ရှုံးနိမ့်အောင် တိုက်ခိုက်ခဲ့သေး၏။

အင်မော်တယ်ရှေးလမ်းစဉ်၏ တာအိုအရှင်သည် ဤအချက်အလက်များ အကြောင်းကို ကောင်းကောင်း သိရှိပြီးသား ဖြစ်၏။ ရှေးမှတ်တမ်းများအရဆိုလျှင် အင်မော်တယ်လောကတွင် ရှိနေသည့် လျှို့ဝှက်ချက် များကိုလည်း သူကသိရှိ၏။ လုဝူတောက် တိုးတက်လာရသည့် သမိုင်းကြောင်းများကိုလည်း သူကသိရှိပြီး ဖြစ်သည်။

အင်မော်တယ်ရှေးလမ်းစဉ်၏ တာအိုအရှင်သည် အသာ သက်ပြင်းချကာဖြင့် တီးတိုး ရေရွတ်လိုက်၏။ “သေဆုံးသွားတဲ့ အင်မော်တယ်ဘုရင်တွေတောင် စာရင်းထဲမှာ ပါတယ်ဆိုရင် ငါရဲ့အားအင်အဆင့်က ဘယ်နေရာမှာရှိမလဲတောင် သေချာသိမှာ မဟုတ်တော့ဘူး”

လက်ရှိခေတ်ကာလကြီးတွင် အင်မော်တယ်ဘုရင်များ အားလုံးထဲတွင် သူသည် ထိပ်ဆုံးဆယ်ယောက် စာရင်းထဲ ဝင်ရောက်လိမ့်မည်ဟု သူသည် ယုံကြည်ချက်ရှိ၏။ သို့ပေမဲ့ ကျယ်ပြောလွန်းလှသည့် သမိုင်းကြောင်း အစဉ်အဆက်တွင် တည်ရှိခဲ့သည့် လူများကို ထည့်သွင်းကာ တွက်ချက်မည်ဆိုပါက သူသည် ထိပ်ဆုံးတစ်ရာ စာရင်းသို့ ဝင်ရန်ပင်လျှင် အခက်အခဲရှိပေလိမ့်မည်။

“အင်း.. စာရင်းရဲ့ တတိယလူက ဘယ်သူဖြစ်မလဲ သိချင်တယ်။ ဒီလူက ဘယ်သမိုင်းမှတ်တမ်းကို ကိုယ်စားပြုမယ့် လူမျိုးလဲ” အင်မော်တယ်ရှေးလမ်းစဉ်၏ တာအိုအရှင်က အသာပြောဆိုလိုက်၏။

သူ၏ နှလုံးသား အတွင်းထဲမှာတော့ အတိတ်က သေဆုံးသွားခဲ့ပြီဖြစ်သော အင်မော်တယ်ဘုရင်များ ပါဝင် လာလိမ့်မည်ဟုပင် ယုံကြည်နေမိ၏။ ဤအရာကို လက်ခံရန် သူနှောင့်နှေးလို့ နေ၏။ ထို့အပြင် လုဝူတောက် အသက်ရှင်လျက် ရှိမနေဖို့လည်း မျှော်လင့်နေမိပြန်သည်။

ထိုစကားများကို တီးတိုးရွတ်ဆိုနေတုန်းမှာပဲ သက်တန့်ရောင်စဉ်ကဲ့သို့သော နတ်ဘုရားကျောက်တုံးပြားသည် လင်းလက်တောက်ပလာခဲ့၏။ ထို့အပြင် ဤတစ်ကြိမ်မှာတော တောက်ပမှုသည် ခြောက်ခြားဖွယ်ရာ တိတ်ဆိတ်ငြိမ်သက်မှုကို ကိုယ်စားပြုနေ၏။ ငရဲလောကကြီးထဲသို့ ဝင်သွားရသကဲ့သို့ပင် ခံစားရစေ၏။

လေဟာနယ်ထဲတွင် ငြိမ်ငြိမ်သက်သက် လဲလျောင်းလျက် ရှိနေသည့် အသက်မဲ့ခန္ဓာကိုယ်တစ်ခု တည်ရှိနေသကဲ့သို့ပင်။ ၎င်း၏ ခန္ဓာကိုယ်ဆီမှ အားလုံးသောသူတို့ကို တုန်လှုပ်ခြောက်ခြားစေနိုင်သည့် ဖိအားများ ပေါ်ပေါက်လာခဲ့၏။ ထိုအလောင်းကောင်ကြီး ပေါ်ပေါက်လာသည့်အချိန်မှာတော့ ကောင်းကင်မူလလောကကြီး တစ်ခုလုံးသည် အရောင်အဆင်း ကင်းမဲ့သွားသကဲ့သို့ပင်။

“လူသေကြီးလား”

သက်တန့်ရောင် နတ်ဘုရားကျောက်ပြားပေါ်တွင် နာမည် ထွက်ပေါ်လာခြင်း မရှိချေ။ ပုံရိပ်ယောက်မြင်ကွင်းတစ်ခုက အရင်ဆုံ‌ ပေါ်ပေါက်လာသည်။

သို့ပေမဲ့ ဤမြင်ကွင်းကို ကြည့်ရှုနေသည့် အင်မော်တယ်ရှေးလမ်းစဉ်၏ တာအိုအရှင်သည် ရုတ်တရက် တုန်လှုပ်သွားမိ၏။ ဤတစ်ကြိမ်မှာတော့ သူသည် သေချာသိရှိ၏။ ကောင်းကင်လျှို့ဝှက်နန်းဆောင်သခင် ထုတ်ဖော်လိုက်သည့် အင်မော်တယ်ဘုရင်စာရင်းတွင် လူသေများ ပါဝင်နေသည်မှာ သေချာပြီဖြစ်သည်။ မဟုတ်ပါက တတိယနေရာမြောက်သည် အဘယ့်ကြောင့် အလောင်းကြီးတစ်လောင်း၏ ပုံပန်းသွင်ပြင်မျိုး ပေါ်ပေါက် လာမည်နည်း။

သက်ရှိနှင့် သေဆုံးခြင်းကြားတွင် ကွာခြားချက်များ တည်ရှိနေ၏။ အသက်မဲ့သည့် ခန္ဓာကိုယ်တစ်ခု ပေါ်ပေါက်လာပြီးသည့်နောက် ကောင်းကင်လျှို့ဝှက်နန်းဆောင်သခင်သည် သေဆုံးခဲ့ပြီးသား အင်မော်တယ် ဘုရင်များကို ထည့်တွက်ထားခြင်းက ကျိန်းသေပေါက် ဖြစ်ပေလိမ့်မည်။

“ကျုပ်စဉ်းစားနေတာ သမိုင်းမှတ်တမ်းထဲက ဒီအင်မော်တယ်ဘုရင်က ဘယ်သူလဲ” တာအိုအရှင်သည် စဉ်းစားလျက် ရှိနေ၏။ သို့ပေမဲ့ သူ ကြာကြာမစောင့်ချင်ပေ။ သက်တန့်ရောင် ရောင်စဉ်ထဲတွင် စာသားများက ဖြည်းညှင်းစွာပေါ်ပေါက်ခဲ့သောကြောင့်ပင်။

[တတိယနေရာ - လီဖူရှန်]

“လီဖူရှန် ဟုတ်လား။ လီဖူရှန် လီဖူရှန်” အင်မော်တယ်ရှေးလမ်းစဉ်၏ တာအိုအရှင်သည် တီးတိုး ရေရွတ်လိုက်၏။ ခဏလောက်ကြာပြီးသည့်နောက် ဤနာမည်ကို သူမရင်းနှီးသလိုပင်။ သို့ပေမဲ့ အချိန်အတော်ကြာ စဉ်းစားပြီးသည့်နောက် သူ၏စိတ်ထဲတွင် လူတစ်‌ယောက်၏ ပုံပန်းသွင်ပြင်က ရှင်းရှင်းလင်းလင်း ဖြစ်တည်လာခဲ့၏။ အင်‌မော်တယ်ဘုရင်အဆင့်၏ တတိယနေရာမြောက်တွင်ရှိနေသည့် လီဖူရှန် သူ ဤလူကို မှတ်မိသွားခဲ့ပြီဖြစ်၏။

“တကယ်ပဲသူကိုး”

အင်မော်တယ်ရှေးလမ်းစဉ်၏ တာအိုအရှင်က မျက်မှောင်ကုတ်လိုက်၏။ သူသည် မယုံကြည်နိုင်လောက်အောင်ပဲ တုန်လှုပ်နေမိ၏။ လီဖူရှန်ဟူသည့် စကားလုံးကို ပြောဆိုသည့်အချိန်တွင် အင်မော်တယ်လောက၊ နတ်ဆိုးလောက (သို့မဟုတ်) နတ်ဘုရားလောက မည်သည့်နေရာပဲ ရှိနေသည့်‌ လောကသားများမဆို ရင်းနှီးကြလိမ့်မည် မဟုတ်ချေ။ သို့ပေမဲ့ သူသည် ထိုနာမည်ကို ကြားရသည့် အချိန်မှာတော့ မိုးကြိုးပစ်ချခံလိုက်ရသကဲ့သို့ပင် တုန်လှုပ်နေမိသည်။

အထူးသဖြင့် ငရဲလောက၏ တိုက်ပွဲအတွင်းတွင် ဤနာမည်သည် အလုံးစုံ တောက်ပခဲ့သည့် နာမည်ဖြစ်ပြီး ရေတွက်၍မရ‌အောင် လူပေါင်းများစွာတို့၏ အာရုံစူးစိုက်စရာ ဖြစ်ခဲ့၏။ ဤလူသည် လွင့်မျောမြို့၏ ယခင် အရှင် ဖြစ်နေသောကြောင့်ပင်။ ဤလူ၏ အားအင်အဆင့်သည် လုဝူတောက်ထက် မည်သို့မျှ အားနည်းလိမ့်မည် မဟုတ်ဟု လူပေါင်းများစွာတို့က တွက်ချက်ခဲ့၏။ ကံဆိုးစွာဖြင့် ၎င်းသည် လူမြင်ကွင်းသို့ ထွက်သည်မှာ ရှားပါးလွန်းလှ၏။

ငရဲလောက၏ အင်မော်တယ်ဘုရင် ငါးယောက်တို့ကို ဖိနှိပ်အနိုင်ယူပြီးသည့်နောက် မြန်မြန်ဆန်ဆန် ဆိုသလိုပဲ ပြန်ထွက်သွားခဲ့၏။ ထို့ကြောင့် မြန်မြန်ရောက်ရှိလာပြီး မြန်မြန်တိုက်ခိုက်ကာ မြန်မြန်ထွက်ခွာ သွားခဲ့ခြင်းဟု ပြောဆိုရပေမည်။

တိုက်ပွဲတည်နေရာတွင် ရှိနေသည့်လူများ တုံ့ပြန်မှုမရခင်မှာပဲ ၎င်းသည် တိုက်ပွဲတည်နေရာထဲမှ ထွက်ခွာ သွားခဲ့ခြင်းဖြစ်၏။ ဤကဲ့သို့သော တိုတောင်းသည့် အခြေအနေအတွင်းမှာပဲ ၎င်းသည် ဂုဏ်သိက္ခာ ထွန်းတောက်ရလောက်သည့် ၎င်း၏ စွမ်းအင်အဆင့်ကို ထုတ်ဖော်ပြသခဲ့သည်။

ထိုအကြောင်းအရာကို စဉ်းစားရမည်ဆိုလျှင် ငရဲလောကကြီး၏ အင်မော်တယ်ဘုရင်ငါးယောက်ရှိခဲ့၏။ အားလုံးသောသူတို့သည် မျက်စိတစ်မှိတ် အတွင်းမှာပဲ သုတ်သင်ခြင်းကို ခံခဲ့ရ၏။

တချို့သောသူများသည် ၎င်းအား လုဝူတောက်နှင့်ပင် ယှဉ်ပြိုင်၍ ရနိုင်သည့်လူဟု သတ်မှတ်ခဲ့ကြ၏။ လုဝူတောက်သည် မည်မျှအချိန် ကြာမြင့်အောင် ကျင့်ကြံခဲ့သနည်း။ ပြောရမည်ဆိုရင် သေသေချာချာ မသိရှိနိုင်ချေ။

ကွာစီအင်မော်တယ် အင်ပါယာ ဖြစ်လာခဲ့သည့် အင်မော်တယ် အင်ပါယာ ယွမ်ဟောင်ပင်လျှင် ၎င်း၏ တောက်ပမှုကို မလွှမ်းခြုံနိုင်ခဲ့ချေ။ တခြားသော တစ်ဖက်ခြမ်းတွင်ရှိနေသည့် လွင့်မျောမြို့၏ယခင်အရှင်သည် ရှေးမကောင်းဆိုးဝါးကောင်ကြီးဟုပင် သတ်မှတ်ခဲ့ကြ၏။ အလွန်ဝေးကွာသည့် အတိတ်ကာလတည်းက အင်မော်တယ်ဘုရင် ဖြစ်လာခဲ့သူဖြစ်ပြီး ကွာစီအင်မော်တယ် အင်ပါယာ သုံးယောက်တို့၏ အခွင့်အရေးများကို ရရှိခဲ့သည့်လူဟု ပြောဆိုခဲ့ကြ၏။

နတ်ဘုရားလောကကို မေ့ထားဦး။ ၎င်းအနေနှင့် အသင်္ချေ များပြားသည့် လောကများထဲသို့ သွားရောက်မည်ဆိုလျှင်တောင်မှ ကျိန်းသေပေါက် ၎င်းထက်ပိုမိုကာ အသက်ရှင် နေထိုင်နိုင်သည့်သူဟူ၍ ရှားပါးပေလိမ့်မည်။

သက်တမ်းရှည်ကြာစွာ နေထိုင်လာခဲ့ပါသည်ဆိုသော ကျင့်ကြံသူများသည် ၎င်းနှင့်နှိုင်းယှဉ်မည်ဆိုပါက ဒဏ္ဍာရီလာ သက်ရှိလူသားတစ်ယောက်နှင့် ဝက်တစ်ကောင်တို့၏ သက်တမ်းကို နှိုင်းယှဉ်သလို ဖြစ်နေပေမည်။

ထို့ကြောင့် လူပေါင်းများစွာတို့သည် လွင့်မျောမြို့နှင့် ယခင်အရှင်များ အကြောင်းကို လေးလေးနက်‌နက် တွေးတောခဲ့ခြင်း ဖြစ်၏။ ၎င်း၏အားအင်အဆင့်သည် ခန့်မှန်း၍ မရနိုင်သလို လှုပ်ရှားတိုက်ခိုက်မှုပြီးသည့် နောက်တွင် မြန်မြန်ဆန်ဆန် ထွက်ခွာသွားခဲ့ခြင်းမှာ သေဆုံးသွားမည်ကို ကြောက်ရွံ့သောကြောင့်လည်း ဖြစ်နိုင်သည်ကို တွေးတောမိကြ၏။

ဤအဘိုးကြီးသည် များပြားလွန်းသည့် အတွေ့အကြုံများကို ပိုင်ဆိုင်ခဲ့သည့် လူတစ်ယောက်ဖြစ်သောကြောင့် ကျိန်းသေပေါက် မိမိကိုယ်ကို ထိန်းချုပ်နိုင်စွမ်းကလည်း မြင့်မားမှာ သေချာသည်။

တချို့သောလူများ ပြောဆိုကြသည်မှာ လွင့်မျောမြို့၏ ယခင်အရှင်သည် သေဆုံးကာနီး အခြေအနေဆီသို့ ရောက်ရှိခဲ့သည် ဖြစ်သောကြောင့် ဤကဲ့သို့ အခြေအနေထိသာ ထုတ်ဖော်တိုက်ခိုက်နိုင်ခဲ့ခြင်း ဖြစ်သည်ဟုပင်။

အန္တိမကျင့်ကြံသူအဆင့်သို့ ရောက်သည်ဆိုပါက သေဆုံးခြင်း မရှိနိုင်သည့် မသေမျိုးအဖြစ်သို့ ရရှိလိမ့်မည် ဖြစ်၏။ အင်မော်တယ်ဘုရင်များအဆင့်သို့ ရောက်ရှိပြီးလျှင် သေဆုံးခြင်း မရှိနိုင်တော့ချေ။ ပြောရမည်ဆိုလျှင် ယခင် လွင့်မျောမြို့၏ သခင်သည် နေနှင့်လတို့၏ စက်ဝိုင်းကိုပင် ကျော်လွန်ကာ အသက်ရှင် နေထိုင်ခဲ့သည့် တကယ့်ကို သက်တမ်းရင့်မာလွန်းငေါ ကျင့်ကြံသူတစ်ယောက်ပင်။

ထို့အပြင် အင်မော်တယ်ဘုရင်ငါးယောက်တို့ကို တိုက်ခိုက်နိုင်ခြင်းကို ကြည့်ရှုလျှင် ၎င်း၏ အားအင်အဆင့်သည် ထိပ်တန်းအဆင့်တွင် ရှိနေကြောင်း သိသာထင်ရှား၏။ အသက်ဓာတ်များ ယုတ်လျော့နေသည်ဆိုပါက အဘယ်သို့ ဤမျှ တိုက်ခိုက်နိုင်မည်နည်း။

ငရဲလောကကြီး၏ တိုက်ပွဲတည်နေရာတွင် တကယ့်ကို ထွန်းပြောင်စွာ တိုက်ခိုက်ခဲ့သည့် လူများသည် များပြားစွာ ပေါ်ပေါက်ခဲ့၏။ အင်မော်တယ်ဘုရင်များ၊ ကွာစီအင်မော်တယ် အင်ပါယာများအပြင် လွင့်မျောမြို့၏ ယခင်အရှင်သည် ထိုကဲ့သို့သော တိုက်ခိုက်ခဲ့သည့် သူများထဲမှ တစ်ဦးပင် ဖြစ်လေသည်။

လွင့်မျောမြို့၏ ယခင်အရှင်သည် လုဝူတောက်ကဲ့သို့သော လူမျိုးနှင့် ရင်ဆိုင်တိုက်ခိုက်ခဲ့ခြင်း မရှိချေ။ မြန်မြန်ဆန်ဆန် နောက်သို့ ဆုတ်ခွာသွားခဲ့သောကြောင့်ပင်။ ထို့ကြောင့် လွင့်မျောမြို့၏ အရှင်သည် ငြိမ်းငြိမ်းချမ်းချမ်းနှင့် တည်ရှိနေထိုင်ရသည်ကို နှစ်သက်သူတစ်ယောက်ဖြစ်ကြောင်း သိသာထင်ရှား၏။

သို့ပေမဲ့ ယနေ့ အင်မော်တယ်ဘုရင်စာရင်းကို ထုတ်ဖော်ပြသလိုက်သည့်အချိန်မှာတော့ လွင့်မျောမြို့၏ ယခင်အရှင်သည် ပြိုင်စံရှားသည့်အားအင်ကို ပိုင်ဆိုင်လျက် ရှိပုံပေါ်သည်။

“အင်း” အင်မော်တယ်ရှေးလမ်းစဉ်၏ တာအိုအရှင်သည် သက်ပြင်းချလိုက်မိ၏။ “လွင့်မျောမြို့ရဲ့ အရင်အရှင်က သူ မယူသင့်တဲ့ လမ်းစဉ်ကို ယူဆောင်ခဲ့တာပဲဖြစ်မယ်။ ဒါကြောင့် သူက သေဆုံးသွားတာ ဖြစ်ရမယ်။ သ ူမရှိဘူးဆိုမှတော့ လွင့်မျောမြို့က လူတွေက ဘယ်လိုဆက်ပြီး အသက်ရှင်ကြမလဲ။ လွင့်မျောမြို့ကြီးက ပျောက်ကွယ်သွားတာမျိုးလည်း ဖြစ်နိုင်တယ် မဟုတ်ဘူးလား”

All Chapters