← Chapters

အခန်း (၇၂၀)

Vol. 49 Ch. 720

အခန်း (၇၂၀)

Vol. 49 Ch. 720

“လိုရင်းကို ပြန်သွားရမယ်ဆိုရင် လွင့်မျောမြို့ရဲ့ ယခင်အရှင်က ခန့်မှန်းထားတဲ့ အတိုင်းပဲ အချိန်ရဲ့ မြစ်ရေစီးကြောင်းတလျှောက်မှာ ထိပ်တန်းသုံးယောက်စာရင်း ဝင်နေတာပဲ” အင်မော်တယ်ရှေးလမ်းစဉ်၏ တာအိုအရှင်က တီးတိုးရေရွတ်လိုက်၏။

အားကောင်းလွန်းခဲ့သော ပါရမီရှင်တစ်ယောက်သည် နှစ်ပေါင်းများစွာ အသက်ရှင်နေထိုင်ခဲ့ပြီးသည့်နောက် ကျိန်းသေပေါက် ကွာစီအင်ပါယာတချို့နှင့် နှိုင်းယှဉ်၍ ရနေသည့် လူမျိုး ဖြစ်လာပေလိမ့်မည်။ ၎င်းသည် အင်မော်တယ် ဘုရင်စာရင်းတွင် ပါဝင်နေခြင်းမှာ ဖြစ်သင့်သည့် ကိစ္စရပ်မျိုးပင် မဟုတ်ပါလား။

လက်ရှိ တတိယမြောက်စာရင်းတွင် တော်တော်များများက မသိရှိကြသလို ပထမနေရာရှိ ကျိုးချီကိုလည်း မကြားဖူးကြချေ။ ဒုတိယမြောက် လုအိုတောက်သည် ငရဲလောက၏ တိုက်ပွဲကြားတွင် ထွန်းတောက်ခဲ့သည့် လူတစ်ယောက် ဖြစ်၏။ ဤသုံးယောက်ကြားထဲ၌ တစ်ယောက်နှင့်တစ်ယောက် ယှဉ်ပြိုင်တိုက်ခိုက်ဖူးခြင်းလည်း မရှိကြချေ။

“တတိယနေရာပဲလား” လွင့်မျောမြို့၏ တည်နေရာတစ်ခုတွင် အမဲရောင်ဝတ်စုံကို ဝတ်ဆင်ထားသည့်လူက မတ်မတ်ရပ်လျက် ရှိနေ၏။ ၎င်း၏ ခန္ဓာကိုယ်တွင် မြူများ ရစ်သိုင်းလျက် ရှိနေပြီး ၎င်းသည် အားလုံးသောသူတို့ တုန်လှုပ်ရမည့် အော်ရာများကို ထုတ်ဖော်လျက် ရှိနေ၏။

လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားပြီးနောက် တော်ဝင်သဲကန္တာရမြို့ တစ်ခုလုံးကို ဖျက်ဆီးချင်သည့် စိတ်ဆန္ဒများ ကို မနည်းထိန်းချုပ်ထားရ၏။ ၎င်းသည်သာ စွမ်းအင်အဆင့်ကို ထုတ်ဖော်လိုက်မည်ဆိုပါက ကောင်းကင်မူလလောကကြီး တစ်ခုလုံးသည်ပင်လျှင် ပျက်စီးသွားပေလိမ့်မည်။

“ငါက ဘယ်လိုဖြစ်ပြီး တတိယနေရာမှာ ရှိရတာလဲ။ ငါက ကွာစီအင်မော်တယ် အင်ပါယာလေ။ ဘယ်လို ဖြစ်ပြီးတော့ မတူညီတဲ့အဆင့်မှာတောင် နံပါတ်သုံးနေရာမှာပဲ ရှိနေရတာလဲ။ ကောင်းကင်လျှို့ဝှက ်နန်းဆောင်သခင်က အင်မော်တယ်ဘုရင်အဆင့်စာရင်းကို ထုတ်ဖော်ထားတာ မဟုတ်လား။ ဘာလို့လဲ။ ငါက တစ်ကြိမ်သေခဲ့ပြီးလို့လား။ ဒါကြောင့် ငါ့ကို လူလို့မသတ်မှတ်ဘဲ တန်းတူ မဆက်ဆံတာလား”

အမဲရောင်ဝတ်စုံကို ဝတ်ဆင်ထားသည့်လူသည် မယုံကြည်နိုင်မှု၊ ဂုဏ်သိက္ခာမဲ့မှုများကို ခံစားနေရ၏။ ဤလူသည် လွင့်မျောမြို့၏ ယခင်အရှင်မှလွဲလျှင် တခြား မဟုတ်ချေ။ သူသည် နက်နဲမီးတောက်လောကကြီးဆီသို့ လျှိုကျန်းရန် နှင့်အတူ အချိန်အတူတူ ရောက်ရှိလာခဲ့ခြင်းဖြစ်၏။

ထျန်းမင်တောင်သခင်နှင့် လျှိုချင်းယုတို့ ပြောဆိုနေသည့် စကားလုံးများကို ကြားခဲ့ပြီးသည့်နောက် သူသည် အလောတကြီးနှင့် ကောင်းကင်မူလလောကကြီးဆီသို့ ရောက်ရှိခဲ့၏။ ရောက်ရောက်ချင်းမှာပဲ ကောင်းကင်လျှို့ဝှက် နန်းဆောင်သခင်၏ ထူးခြားသည့် အခြေအနေတစ်ခုကို ရှာဖွေတွေ့ရှိခဲ့သည်။

အထူးသဖြင့် နတ်ဘုရားခံစားချက်များပင် ဖြစ်၏။ ထို့ကြောင့် သူသည် စိတ်ဝင်တစားဖြင့် ဖြစ်လို့နေ၏။ မူလအားဖြင့် ကောင်းကင်လျှို့ဝှက်နန်းဆောင်ထဲသို့ ဝင်ရောက်ပြီး သတင်းအချက်အလက်များကို ရယူရန် စိတ်ဆန္ဒ ရှိခဲ့၏။ သို့ပေမဲ့ တချို့သော အကြောင်းအရာများနှင့် နန်းဆောင်သခင်၏ သဘောသဘာဝများကို သေချာ မသိရှိသောကြောင့် သူသည် အဆင်အခြင်မဲ့ မပြုလုပ်မိရန် ဂရုစိုက် ထိန်းချုပ်ခဲ့ရ၏။

ထိုကဲ့သို့ တွေးတောလျက် ရှိနေတုန်းမှာပဲ အင်မော်တယ်ဘုရင်အဆင့်စာရင်းက ထွက်ပေါ်လာခဲ့၏။ သူ၏ အားအင်အဆင့်သည် ထိုကဲ့သို့သော စာရင်းမျိုးတွင် ပါဝင်နေလိမ့်မည်ဟု မထင်မှတ်ခဲ့ချေ။ ပေါ်ပေါက်လာသည့် အချိန်တွင်လည်း ထိပ်ဆုံး၌ ရှိသင့်၏။ သို့သော်ငြား သူ၏ ထင်မှတ်ထားမှုနှင့် ခြားနားစွာဘဲ စာရင်းထဲတွင် ပါဝင်လာသည်သာမက သူသည် ပထမ၊ ဒုတိယနေရာ မဟုတ်ဘဲ တတိယ နေရာသို့ ရောက်ရှိနေသည်။

ဤအရာသည် သူ့ကို ကျိန်းသေပေါက် အရှက်ခွဲခြင်းပင် ဖြစ်၏။ လွင့်မျောမြို့၏ ယခင်အရှင် တစ်ယောက်အနေနှင့် အတိတ်တုန်းက ဤကဲ့သို့သော အခြေအနေမျိုးကို သည်းခံကောင်း သည်းခံပေလိမ့်မည်။ သို့ပေမဲ့ လက်ရှိ အခြေအနေမှာတော့ အလုံးစုံ ပြောင်းလဲသွားခဲ့ပြီ ဖြစ်လ၏။ လွင့်မျောမြို့တွင် ရှိနေသည့် မြို့သူမြို့သားများအတွက် သူ၏ ဂုဏ်သိက္ခာကို သူအဘယ်သို့ ဖိနှိပ်ခံမည်နည်း။

“ကျုပ်ကို အင်မော်တယ်ဘုရင့်အဆင့် စာရင်းထဲကို ထည့်ပြီးတော့ အရှက်ခွဲချင်တယ်ဆိုမှတော့ သနားညှာတာခြင်း မရှိတဲ့အတွက် ကောင်းကင်ကြီးကို အပြစ်မတင်နဲ့တော့” လွင့်မျောမြို့၏ ယခင်အရှင်သည် အေးစက်စက်နှင့် ရယ်မောလိုက်၏။

သူ၏ လက်ဝါးကို ဆန့်ထုတ်ပြီးသည့်နောက် ပိန်ခြောက်လျက် ရှိနေသည့် လက်ဝါးကြီးသည် အမဲရောင်မြူများနှင့် ရစ်သိုင်းလျက် ရှိနေပြီး ကြောက်မက်ဖွယ်ရာ ကောင်းသည့် အော်ရာများ ထွက်ပေါ်လာ၏။ လောကကြီး တစ်ခုလုံးကို ဖျက်ဆီးနိုင်လောက်သည့် အော်ရာများသည် လေဟာနယ်တစ်ခုလုံး၌ ပေါ်ပေါက်လာသည်။

“မင်း... ကောင်းကင်လျှို့ဝှက်နန်းဆောင်သခင်၊ မင်းရဲ့ နတ်ဘုရားတွက်ချက်မှုတွေကို အားကိုးပြီးတော့ ကြီးကြီးကျယ်ကျယ် နေထိုင်နေတယ် မဟုတ်လား။ တော်ဝင်သဲကန္တာရမြို့ တစ်ခုလုံး ပျက်စီးသွားမှာကို မင်း ကြိုပြီး မြင်ရဲ့လား”

ကောင်းကင်လျှို့ဝှက်နန်းဆောင်သခင်သည် ဖြစ်ပေါ်လာခဲ့သည့် အန္တရာယ်ကပ်ဘေးများကြားထဲ ဝင်ရောက်ခြင်း မရှိသည်ကို ကြည့်ရှုမည်ဆိုပါက ကျိန်းသေပေါက် တိုက်ခိုက်ရေးစွမ်းအင်၌ အားနည်းမှာ သေချာ၏။ တော်ဝင်သဲကန္တာရမြို့ကြီး ဖျက်ဆီးခံရမှုကို ကြိုတင် မသိရှိသည်ဆိုပါက ၎င်း၏ နတ်ဘုရားတွက်ချက်မှု စွမ်းရည်သည် သာမန်အဆင့်၏ အောက်သို့ ရောက်ရှိနေကြောင်း အားလုံးသောသူတို့က သိရှိသွားပေလိမ့်မည်။ ထိုသို့ဆိုလျှင် သူ၏ ဂုဏ်သိက္ခာတရားများကို ပြန်လည်ကာ ရရှိပေလိမ့်မည်။

လောကကြီးတစ်ခုလုံး တုန်ခါပြီး လေဟာနယ် တစ်ခုလုံးကလည်း လှုပ်ခါသွားခဲ့၏။ ဒီရေလှိုင်းများကဲ့သို့ပင် စွမ်းအင်လှိုင်းများသည် တည်နေရာအနှံ့ဆီသို့ ပျံ့နှံ့သွားခဲ့၏။ မြူများသည် တဖြည်းဖြည်း ကျယ်ပြန့်လာခဲ့ပြီး ရှေ့တွင်ရှိနေသည့် အရာအားလုံးကို ဖုံးလွှမ်းလာခဲ့၏။

“ဟမ့်.. ကောင်းကင်လျှို့ဝှက်နန်းဆောင်ဆိုတာ ဘာမှမဟုတ်ဘူး” လွင့်မျောမြို့၏ ယခင်အရှင်သည် နှာခေါင်းရှုံ့ လိုက်၏။ သို့ပေမဲ့ သူ၏ ရယ်သံမဆုံးသေးခင်မှာဘဲ သူ၏ အပြုံးများက အေးခဲသွား၏။ သူ ထုတ်လွှတ် လိုက်သည့်မြူများသည် ပိုမိုမြန်ဆန်သည့် နှုန်းထားဖြင့် သူ့ဆီသို့ ပြန်လည်ရောက်ရှိလာသည်ကို သတိပြုမိ၏။ ထိုအရာ ဖြတ်သွားသည့် တည်နေရာတွင် ရှိနေသည့် လေဟာနယ်များသည် အက်ကွဲလာခဲ့ပြီး သူ၏ အရှေ့တွင် ရှိနေသည့် လေဟာနယ်ကြီးသည်လည်း မှန်တစ်ခုကဲ့သို့ပင် ကွဲအက်လာခဲ့သည်။

ကျောက်စိမ်းဖြူကဲ့သို့သော လက်တစ်ဖက်သည် မြူများကြားထဲ၌ ပေါ်ပေါက်လာ၏။ ထိုလက်၏ လက်ချောင်းများ ကြားထဲတွင် ဖန်တီးခြင်းနှင့် ပျက်စီးခြင်း၏ အော်ရာများ တည်ရှိနေပြီး အရာအားလုံးသောသူတို့ကို ဖိနှိပ်နေနိုင်၏။

လှုပ်ရှားမှုသည် နှေးကွေးသည် ဆိုသော်လည်း တကယ့်ကို ကြီးမားပြင်းထန်လွန်းသည့် အရှိန်အဟုန်များ ပါဝင်လျက် ရှိနေ၏။ လက်၏ ပိုင်ရှင်သည် အသာပုတ်လိုက်သည်ဆိုသော်လည်း လွင့်မျောမြို့၏ ယခင်အရှင်မှာ မည်မျှပင် ပုန်းရှောင်ရန် ကြိုးစားသည်ဖြစ်ဖြစ် ရိုက်နှက်ခြင်းကို ခံလိုက်ရသည်။

“မဟုတ်ဘူး”

လွင့်မျောမြို့၏ ယခင်အရှင်သည် အော်ဟစ်လိုက်၏။ သူသည် ထွက်ပြေးရန် ကြိုးစားခဲ့၏။ သို့ပေမဲ့ သူ၏ အနားပတ်ဝန်းကျင်တွင် ရှိနေသည့် လေဟာနယ် တစ်ခုလုံးသည် သူ့ကို စည်းခတ်ထားသကဲ့သို့ပင်။ ကွာစီအင်မော်တယ် အင်ပါယာအဆင့်ဆီသို့ ခြေလှမ်းဝင်ရောက်လျက် ရှိနေသည့် တစ်စုံတစ်ယောက်ပင်လျှင် လွတ်မြောက်နိုင်ခြင်း မရှိခဲ့ချေ။ တစ်ဖက်လူ၏ ရိုက်နှက်မှုကို အတိုင်းသား ထိုင်ကြည့်နေရ၏။

“ကွာစီအင်မော်တယ် အင်ပါယာ” လွင့်မျောမြို့ ယခင်အရှင်၏ မျက်လုံးထဲတွင် စိတ်ပျက်မှုများ ဖြစ်တည်လာခဲ့၏။ သူနှင့် ကွာစီအင်မော်တယ် အင်ပါယာကြားတွင် ကွာခြားချက် ရှိကြောင်း သိရှိခဲ့ရပြီး ဖြစ်လေ၏။ အထူးသဖြင့် သူနှင့် ကောင်းကင်လျှို့ဝှက်နန်းဆောင်သခင်တို့ပင်။

တခြားသော ကွာစီအင်မော်တယ် အင်ပါယာများနှင့် ရင်ဆိုင်ရသည်ဆိုပါက သူ့အနေနှင့် ဤသို့ဖြစ်လိမ့်မည် မထင်ချေေ။ သို့ပေမဲ့ ကောင်းကင်လျှို့ဝှက်နန်းဆောင်သခင်နှင့် ရင်ဆိုင်ရသည့် အချိန်မှာတော့ အရာအားလုံးတို့သည် ခြားနားခဲ့၏။ သူသည် သတ်ဖြတ်သူ၏ လက်မှ ညှာတာပေးပါရန် တောင်းဆိုနေရသည့် အကူအညီမဲ့သော ပုရွက်ဆိတ်လေးတစ်ကောင်နှင့် ဘာမှ မခြားနားချေ။

ဘန်း

ခန္ဓာကိုယ်ပေါ်သို့ လက်ဝါးရိုက်ချက်ကြီး ကျဆင်းပြီးသည့်နောက် ၎င်းသည် အမြှောက်ဆန် တစ်ခုကဲ့သို့ပင် အဝေးဆီသို့ လွင့်စင်သွားခဲ့၏။ မိုင်သန်းနှင့်ချီသည့် အကွာအဝေးဆီသို့ ရောက်ရှိပြီး မြေပေါ်သို့ တည့်တည့် ပြုတ်ကျ၏။ တိုက်ရိုက်ဆိုသလိုပဲ အေးစက်စက် အသံတစ်ခုသည် နားထဲ၌ ပေါ်ပေါက်လာခဲ့၏။ “သွားစမ်း”

ထိုစကားစုတစ်ခုသည် မိုးခြိမ်းသံကဲ့သို့ပင် သူ၏နားထဲသို့ ဝင်ရောက်လာခဲ့ပြီး သူ့နားစည်များ လှုပ်ခါသွားစေခဲ့သည်။

ဘုန်း ....။

ခရမ်းရောင်နက်နဲလောကကြီး အတွင်းမှာတော့ တောင်တစ်ခုသည် တစ်ခါတည်း အမှုန့်အဖြစ်သို့ ပြောင်းလဲ သွားလေ၏။ တစ်ကိုယ်လုံး စုတ်ပြတ်သတ်ကာဖြင့် သွေးများ ဖုံးလွှမ်းလျက် ရှိနေသည့် လူတစ်ယောက်သည် ခွေခွေလေး လဲလျက်ရှိနေ၏။ ၎င်းသည် ဖြည်းညှင်းစွာ မတ်တပ်ထရပ်ပြီးသည့်နောက် သွေးတစ်လုတ်ကို အန်ထုတ်လိုက်၏။ ခန္ဓာကိုယ်တစ်ခုလုံးသည် အသက်ဓာတ်များ ယုတ်လျော့သွားသကဲ့သို့ပင်။

............

ကောင်းကင်လျှို့ဝှက်နန်းဆောင် အတွင်းမှာတော့ လီယွင်၏ အမူအရာသည် ထူးမခြားနားသကဲ့သို့ပင်။ လက်ကို အသာပြန်ရုတ်ပြီးသည့်နောက် ခရမ်းရောင်နက်နဲလောကထဲတွင် တည်ရှိနေသည့် အရာအားလုံးကို လှမ်းကာ ကြည့်ရှုလိုက်၏။ ပြီးနောက် သူသည် အေးစက်စက် နှာခေါင်းရှုံ့လိုက်သည်။ “အင်မော်တယ်ဘုရင်အဆင့်စာရင်းကို အခုမှ ထုတ်ဖော်ထားတာ မဟုတ်ဘူးဆိုရင် ကျုပ် ခင်ဗျားကို လွယ်လွယ်နဲ့ ချမ်းသာပေးမှာ မဟုတ်ဘူး”

ထို့အပြင် လွင့်မျောမြို့၏ ယခင်အရှင်သည် တတိယနေရာမြောက်တွင် ရှိနေသည့် လူတစ်ယောက် ဖြစ်၏။ လီယွင်အနေနှင့် ချက်ချင်းဆိုသလိုပဲ ဖိနှိပ်နိုင်စွမ်း ရှိနေသည်။ သို့ပေမဲ့ ၎င်းအား အသက်ရှင်လျက် ထားရှိခြင်းသည် ပို၍ အသုံးတည့်ပေလိမ့်မည်။ မဝေးတော့သည့် အနာဂတ်တွင် တစ်ဖက်လူကို သူ ကောင်းကောင်းအသုံးပြု၍ ရ၏။

“စနစ်”

လီယွင်သည် လက်ကို ပြန်ရုတ်ပြီးနောက် ဘေးတစ်ဖက်တွင် ရှိနေသည့် ရေနွေးခွက်ကို ကောက်ယူလိုက်၏။ ရေနွေးကို အသာကောက်မော့ပြီးသည့်နောက် ဖြည်းညှင်းစွာ ပြောလိုက်၏။ “စတုတ္ထနဲ့ ပဉ္စမ နေရာကို ဆက်ထုတ်အုံး”

All Chapters