← Chapters

အခန်း (၇၂၃)

Vol. 49 Ch. 723

အခန်း (၇၂၃)

Vol. 49 Ch. 723

ထျန်းမင်တောင်သခင်နှင့် လျှိုချင်းယုတို့သည် တစ်ယောက်နှင့်တစ်ယောက် ကြည့်လိုက်ကြ၏။ လောကအထက် နတ်ဆိုးအရှင်အား သူတို့ မရင်းနှီးသော်လည်း နန်းကုန်းယွင်ဟူသည့် စကားလုံးကိုတော့ သူတို့ တော်တော် ရင်းနှီးသည်။

နတ်ဘုရားလောကကြီး၏ အင်မော်တယ်ဘုရင်များထဲတွင် အားအကောင်းဆုံးသော လက်ရှိ အသက်ရှင် ကျန်ရစ်သည့် ကျင့်ကြံသူတစ်ယောက်ဖြစ်၏။ ငရဲလောကနှင့် တိုက်ပွဲတွင် အသက်ရှင် ကျန်ရစ်သည် သာမက ၎င်း၏ အားအင်အဆင့်ကိုလည်း ကောင်းကောင်းမွန်မွန် ထုတ်ဖော် ပြသခဲ့သည့် လူတစ်ယောက်ဖြစ်၏။

ယခင်တုန်းက နတ်ဘုရားလောကထဲတွင် ၎င်းသည် အချိန်ကာလတစ်ခုအထိ လုဝူတောက်နှင့် ယှဉ်ပြိုင် တိုက်ခိုက်နိုင်သည့် တစ်ဦးတည်းသော လူ ဖြစ်ခဲ့၏။ လုဝူတောက် ငရဲလောက၏ နောက်ခံကို ပိုင်ဆိုင်သွားချိန်မှာတော့ နန်းကုန်းယွင်သည် နတ်ဘုရားအင်ပါယာ၏ နောက်ခံကို ပိုင်ဆိုင်ခဲ့၏။ နတ်ဘုရားအင်ပါယာ တည်ထောင်ခဲ့သည့် နတ်ဘုရားအဖွဲ့အစည်းထဲသို့ ဝင်ရောက်ပြီးသည့်နောက် နန်းကုန်းယွင်၏ အားအင်အဆင့်သည် ကျိန်းသေပေါက် တိုးတက်လာခဲ့သည်။

“နေအုံး”

ထျန်းမင်တောင်သခင်သည် တစ်စုံတစ်ခုကို နားလည်သွားပုံပေါ်၏။ သူ၏မျက်လုံးများက ကျဉ်းမြောင်း သွားခဲ့၏။ ပြီးသည့်နောက် လျှိုချင်းယုကို လှမ်းကြည့်ကာဖြင့် လေးလေးနက်နက် မေးမြန်းလိုက်၏။ “ဒီတစ်ကြိမ်မှာ ဖြစ်နိုင်တာက ..... အခုထုတ်ဖော်ပြသခဲ့တာက အားအကောင်းဆုံးသော အင်မော်တယ်ဘုရင်အဆင့် စာရင်းတင် မဟုတ်ဘူး။ လက်ရှိ အချိန်ရှိ အသက်ရှင် ရပ်တည်ခဲ့တဲ့ လူတွေထဲမှာ အားအကောင်းဆုံးသော လူတွေလို့ ပြောချင်တာလား”

“မဖြစ်နိုင်ဘူး။ ဒါ လုံးဝ မဖြစ်နိုင်ဘူး” လျှိုချင်းယုက တုံ့ပြန်လိုက်၏။ သူ၏ အမူအရာ တစ်ခုလုံးက တုန်ယင်လျက် ရှိနေ၏။ နားထောင်ရသည်ပင်လျှင် ကြက်သီးထချင်စရာ ကောင်း၏။ အင်မော်တယ်ဘုရင်အဆင့်၏ ထိပ်ဆုံး ဆယ်ယောက်စာရင်းသည် သေဆုံးသွားခဲ့သည်ဟု အားလုံးသောသူများက အတည်ပြုခဲ့ပြီးသားဖြစ်သည်။

လက်ရှိအချိန်မှာတော့ တချို့သော ကျင့်ကြံသူများသည် အသက်ရှင်လျက် ရှိနေသေးသည်ဟု ထျန်းမင်တောင် သခင်က ခံစားမိ၏။ ဤအရာမှာ မယုံကြည်နိုင်ဖွယ်ရာပင်။ ပထမတစ်ယောက်ဖြစ်သော ကျိုးချီကို ဖယ်ထားဦး။ လုဝူတောက် တစ်ယောက်တည်းကပင်လျှင် အားလုံးသော သူတို့ကို အသက်ရှုကြပ်အောင် ပြုလုပ်နေပြီ ဖြစ်၏။

ရှေးယခင်တုန်းကတည်းက အသင်္ချေ များပြားလှသည့် လောကကြီးများကို လွှမ်းမိုးခဲ့သူ တစ်ယောက်ဖြစ်ပြီး ပြိုင်ဘက် အသီးသီးတို့ကို အနိုင်ယူ တိုက်ခိုက်ခဲ့သူ တစ်ယောက်ဖြစ်၏။ ယခုအချိန်အထိ အသက်ရှင် ရပ်တည်နေ သေးသည်ဆိုပါက အခြေအနေသည် ခန့်မှန်း၍ မရနိုင်အောင် ဖြစ်လာမှာ သေချာသည်။

ကွာစီအင်မော်တယ် အင်ပါယာအဆင့် အောက်တွင်သာမက ကွာစီအင်မော်တယ် အင်ပါယာများကိုပင် ဖိနှိပ်နိုင်စွမ်း ရှိကောင်း ရှိပေလိမ့်မည်။ ထို့အပြင် ထိုကဲ့သို့သောသူများသည် နှစ်ပေါင်းများစွာအတွင်း ငြိမ်ငြိမ်သက်သက်နှင့် နေထိုင်နေခဲ့ကြပုံပေါ်၏။

“ဒီလို မဟုတ်ဖို့ မျှော်လင့်မိတယ်။ ဒါပေမဲ့ ကျုပ် အလိုလို သိနေတယ်” ထျန်းမင်တောင်သခင်က လေးလေးနက်နက် ပြောဆိုလိုက်သည်။

ဤစာရင်း၏ အချိန်ကိုက် ပေါ်ပေါက်လာမှုသည် တိုက်ဆိုင်လွန်းနေသည်။ ကွာစီ အင်မော်တယ် အင်ပါယာအဆင့် အခွင့်အရေး ပေါ်ပေါက်မလာခင် ထွက်ပေါ်ပေါက်လာသောကြောင့် စီနီယာ နန်းဆောင်သခင် ဘာတွေ လုပ်ချင်နေသနည်း။

သေဆုံးသွားခဲ့သည့် အင်မော်တယ်ဘုရင်စာရင်းသာ ဆိုပါက စီနီယာအနေနှင့် တကူးတက ထုတ်ဖော်ရန် လိုအပ်လိမ့်မည် မဟုတ်ချေ။ လက်ရှိ ထုတ်ဖော်ခဲ့ခြင်မှာ တိုက်ဆိုင်မှု မဟုတ်နိုင်ချေ။ ကောင်းကင်လျှို့ဝှက် နန်းဆောင် ထုတ်ဖော်လိုက်သည့် စာရင်းထဲတွင် နက်နဲလှသည့် အဓိပ္ပာယ်များ ပါဝင်နေမှာ သေချာလေ၏။

“အားလုံးသောသူတွေသာ အသက်ရှင်နေမယ်ဆိုရင် လောကကြီး တစ်ခုလုံးက ကြောက်မက်ဖွယ်ရာကောင်းတဲ့ အခြေအနေတွေ ဖြစ်လာပြီပဲ” လျှိုချင်းယုသည် အလျင်အမြန်ဖြင့် ဝင်ရောက်ကာ ပြောဆိုလိုက်သည်။

သက်တမ်းတလျှောက်လုံးတွင် ခန့်မှန်း၍ မရနိုင်သည့် အားအင်အဆင့်ကို ပိုင်ဆိုင်ခဲ့သော လူများနှင့် ရင်ဆိုင်ရမည် ဆိူပါက သူ့အနေနှင့် ယုံကြည်ချက် မရှိချေ။ သူ၏ အားအင်အဆင့်သည် ငရဲလောက၏ တိုက်ပွဲအတွင်း ဝင်ရောက် တိုက်ခိုက်နိုင်ခြင်း မရှိသည့် အခြေအနေမျိုးပင်။

ကြမ်းတမ်းသည့် တိုက်ပွဲကြားထဲ ဝင်ရောက်တိုက်ခိုက်မည်ဆိုပါက ကျိန်းသေပေါက် သေဆုံးသွားမည့် ကျင့်ကြံခြင်း အဆင့်ကိုသာ သူ ပိုင်ဆိုင်၏။ အင်မော်တယ်ဘုရင်အဆင့် စာရင်းတွင် ပါဝင်သည့် ကျင့်ကြံသူများသည် တကယ့်ကို ကြောက်မက်ဖွယ်ရာကောင်သည့်လူများ ဖြစ်ပြီး လောကအသီးသီး တိုက်ပွဲကြီးကို ဝင်ရောက် တိုက်ခိုက်ခဲ့သည့် လူများ ဖြစ်၏။ သေချာသုံးသပ်ကြည့်ရမည်ဆိုလျှင် စာရင်းထဲတွင် ပါဝင်ခြင်းမရှိသည့် ထျန်းမင်တောင် သခင်ပင်လျှင် အားကောင်းလွန်းသည် မဟုတ်ပါလား။

“ကျုပ်ရဲ့ မှတ်ဉာဏ်တွေကသာ မှန်မယ်ဆိုရင် နတ်ဘုရားအဖွဲ့အစည်းထဲမှာ စွမ်းအားမြင့် ကျင့်ကြံသူတွေ အများကြီးရှိတယ်။ အင်မော်တယ်ဘုရင်အဆင့်အထက်မှာ ထိုက်တန်တဲ့ ပြိုင်ဘက်တွေကို ရှာဖွေတွေ့ရှိဖို့ဆိုတာ ရှားပါးတယ် ဆိုရင်တောင်မှ နန်းကုန်းယွင်နဲ့ နှိုင်းယှဉ်လို့ရတဲ့ ကျင့်ကြံသူတွေ အများကြီး ရှိမနေတာတော့ ကျုပ်သိတယ်” ထျန်းမင်တောင်သခင်သည် တွေးတွေးဆဆဖြင့် မှတ်ချက်ပြုလိုက်၏။

ပြန်လည်ကာ စဉ်းစားနေရင်းမှာပဲ ကောင်းကင်မူလလောကကြီး တည်ရှိရာနေရာဆီသို့ လှမ်းမျှော်ကာ ကြည့်ရှုလိုက်၏။ နတ်ဘုရားကျောက်ပြားသည် လေဟာနယ်ထဲတွင် တောက်ပလျက် ရှိနေသေးသည်။

နတ်ဘုရားအဖွဲ့အစည်းမှ အဖွဲ့ဝင်များ အားလုံးသည် ပျောက်ကွယ်သွားခဲ့ပြီဖြစ်၏။ သို့ပေမဲ့ ငရဲလောကတွင် ရှိနေသည့် လူများကလည်း အသက်ရှင်လျက် ရှိနေသေးသည်လား။ အားလုံး တွေဝေငေးငိုင်လျက် ရှိနေ၏။ ငရဲလောကကြီး ရှုံးနိမ့်သွားသည့်အချိန်တွင် နတ်ဘုရားအဖွဲ့အစည်းသည် အောင်မြင်မှုများကို ပိုင်ဆိုင်ခဲ့၏။ သို့ပေမဲ့ ထိပ်ဆုံးဆယ်ယောက် စာရင်းသည် ငရဲလောကမှ လူများ ဦးဆောင်နေ၏။

ခြွင်းချက်ဟူ၍ အနည်းငယ်သာလျှင် ရှိ၏။ လွင့်မျောမြို့၏ ယခင်အရှင်၊ လီချန်းဖန်တို့သည် အသင်္ချေ များပြားသည့် လောကကြီးဘက်တွင် ရပ်တည်ခဲ့သည့် လူများသာလျှင်ဖြစ်၏။ သို့ပေမဲ့ ၎င်းတို့သည် နတ်ဘုရားအဖွဲ့အစည်းသို့ ပူးပေါင်း ဝင်ရောက်ခဲ့ခြင်း မရှိခဲ့ကြချေ။

“ကျုပ်က ဒီတိုက်ပွဲရဲ့ အစိတ်အပိုင်းတစ်ခု မဟုတ်ခဲ့ဘူး ဆိုပေမဲ့ နတ်ဘုရားအင်ပါယာရဲ့ အောင်ပွဲပြီးတဲ့နောက်မှာ နတ်ဘုရားအင်ပါယာက သေဆုံးသွားခဲ့တာ ဒါမှမဟုတ် ဒီလောကကြီးက ထွက်ခွာသွားခဲ့တာ ဖြစ်နိုင်တယ်။ နတ်ဘုရားအင်ပါယာက အသင်္ချေများပြားတဲ့ လောကကြီးထဲမှာ မရှိတော့ဘူး။ ဒါကြောင့် နတ်ဘုရား အဖွဲ့အစည်းမှာ စွမ်းအားမြင့် ကျင့်ကြံသူတွေ မရှိတော့ဘူးလို့ သုံးသပ်လို့ရတယ် မဟုတ်လား” လျှိုချင်းယုက လှမ်းကာ ပြောဆိုလိုက်သည်။

ဤအခြေအနေသည် မသေချာ၊ မရေရာမှုများနှင့် ပြည့်နှက်လျက် ရှိနေ၏။ လျှိုချင်းယုသည် နဝေတိမ်တောင် ဖြစ်လို့နေ၏။ စိတ်ကျေနပ်လောက်စရာ အဖြေကို မည်သို့မှ တွေးတော၍ မရနိုင်ခဲ့ချေ။

“ဘယ်လိုပဲဖြစ်ဖြစ် လက်ရှိအခြေအနေကို ကြည့်ရမယ်ဆိုရင် အတိတ်တုန်းက ငရဲလောကရဲ့ လွှမ်းမိုးနိုင်မှုကို သက်သေပြခဲ့ပြီးပြီ။ ဒါတောင်မှ အပေါ်ယံ အစိတ်အပိုင်းသာသာပဲ ရှိသေးတယ်” လျှိုချင်းယုသည် ပြုံးကာ ပြောလိုက်၏။

ငရဲလောကကြီးသို့ သူ ပူးပေါင်းရသည့် ပထမဦးဆုံး အကြောင်းအရင်းသည် ဤအကြောင်းကြောင့်ပင် ဖြစ်၏။ ငရဲ လောကကြီးသည် ကျိန်းသေပေါက် အမွေအနှစ်များ ပေါကြွယ်ပြီး ထိုအထဲမှ အမွေအနှစ် တစ်ခုကို ရရှိမည် ဆိုလျှင်ပင် ဘဝတစ်သက်တာလုံး ကြီးမားသည့် အကျိုးကျေးဇူးကို ရမှာဖြစ်၏။ ငရဲအရှင်၏ အမွေအနှစ် သို့မဟုတ် ကွာစီအင်မော်တယ် အင်ပါယာ ချန်ခဲ့သည့် အမွေအနှစ်တစ်ခုခုကို ရရှိမည်ဆိုပါက ကျိန်းသေပေါက် တန်ဖိုးကြီးမားသည့် အရာမျိုးပင်။

လျှိုကလန်ထဲတွင် နေထိုင်မည်ဆိုပါက ထိုအရာများကို ရရှိလိမ့်မည် မဟုတ်ချေ။ လျှိုကလန်သည် အင်မော်တယ် အင်ပါယာ ယွမ်ဟောင် ချန်ထားခဲ့သည့် ရှေးကျမ်းစာ တချို့၏ လွှမ်းမိုးမှုအောက်တွင် နေထိုင်နေရသည့် လူများသာ ဖြစ်သည်မဟုတ်ပါလား။

“အင်း…သုံးဆယ့်လေးယောက်မြောက်နေရာ - ခွေ့”

ထျန်းမင်တောင်သခင်သည် သက်တန့်ရောင် နတ်ဘုရား ကျောက်တုံးကို လှမ်းကြည့်ကာ တီးတိုးရေရွတ်လိုက်၏။ “ထင်မှတ်ထားတဲ့အတိုင်းဆိုရင် ဒီလူက နတ်ဆိုးလောကရဲ့ မီးတောက်ဘုရင်ပဲ ဖြစ်ရမယ်”

“ငရဲလောကရဲ့ နောက်ထပ် အင်မော်တယ်ဘုရင်လား” လျှိုချင်းယုသည် ဝင်ရောက်ကာ သုံးသပ်လိုက်၏။ ထိပ်ဆုံး ဆယ်ယောက်၏ အင်မော်တယ်ဘုရင်စာရင်းနှင့် နှိုင်းယှဉ်ရမည်ဆိုလျှင် မီးတောက်ဘုရင်၏ တောက်ပမှုသည် အနည်းငယ်တော့ မှေးမှိန်လျက် ရှိနေ၏။ သို့ပေမဲ့ သာမန်ကျင့်ကြံသူများထက် သာလွန်သည်ဆိုသည်မှာတော့ သေချာ၏။ ထျန်းမင်တောင်သခင်ပင်လျှင် ထိုသူအား ကြီးကြီးမားမား ချီးကျူးရသည်။

“ကျုပ် အရင်တုန်းက သူနဲ့အတူ ဘေးချင်းယှဉ်ပြီး တိုက်ခိုက်ခဲ့ဖူးတယ်” ထျန်းမင်တောင်သခင်သည် နာနာကျင်ကျင်ဖြင့် ပြုံးလိုက်၏။

ငရဲလောက၏ တိုက်ပွဲအတွင်း သူနှင့် မီးတောက်ဘုရင်တို့သည် တကယ့်ကို လက်ရည်ညီစွာဖြင့် တစ်ဖက်လူများကို တိုက်ခိုက်နိုင်ခဲ့၏။ တကယ်တမ်း တိုက်ခိုက်ရမည်ဆိုလျှင် သူသည် မီးတောက်ဘုရင်ကို အနိုင်ယူနိုင်လိမ့်မည် မဟုတ်ကြောင်း သိရှိနားလည်၏။ ထိုသူပင်လျှင် သုံးဆယ့်လေးယောက် မြောက်နေရာတွင် ရှိနေသောကြောင့် ထျန်းမင်တောင်သခင်သည် စာရင်းထဲတွင် မဝင်နိုင်ချေ။

“ဪ”

လျှိုချင်းယုသည် မျက်ခုံးကို ပင့်လိုက်၏။ အခွင့်အရေးကို သူ အာရုံခံမိ၏။ “တကယ်လို့ နတ်ဆိုးလောကရဲ့ အင်မော်တယ်ဘုရင် တော်တော်များများရဲ့ အကူအညီကို ကျုပ်တို့သာ ရမယ်ဆိုရင် ကျုပ်တို့ရဲ့ အစီအစဉ် အောင်မြင်မှုနှုန်းက ပိုပြီးတော့ တိုးလာမှာ မဟုတ်လား”

All Chapters