← Chapters

အခန်း (၇၂၆)

Vol. 49 Ch. 726

အခန်း (၇၂၆)

Vol. 49 Ch. 726

“သတ္တမ... သတ္တမဘိုးဘေး” လျှိုရွှမ်ချမ်က ပြောဆိုလိုက်၏။

“စကားမပြောနဲ့အုံး”

သတ္တမဘိုးဘေးသည် အေးစက်စက်ဖြင့် အသာထကာ ပြောဆိုလိုက်၏။ သူသည် တော်ဝင် သဲကန္တာရမြို့ တည်ရှိရာ တည်နေရာဆီသို့ လှမ်းကာ စူးစိုက်ကြည့်ရှုရင်း တီးတိုးရေရွတ်လိုက်သည်။ “လုဝူတောက်၊ လွင့်မျောမြို့ရဲ့ အရင်အရှင်၊ ရှီယွင်၊ ထျန်းကျီ၊ လီချန်းဖန်... ဒီလူတွေအားလုံးက သေသွားပြီ မဟုတ်ဘူးလား။ ဘယ်လိုဖြစ်နိုင်မှာလဲ။ ဘယ်လိုဖြစ်ပြီး ဒီလို ဖြစ်ရတာလဲ။ စီနီယာ နန်းဆောင်သခင်က ဘာလုပ်ချင်တာလဲ”

အင်မော်တယ်ဘုရင်စာရင်း၏ အော်ရာများသည် တခြားသော စာရင်းများနှင့် မတူဘဲ ပြိုင်စံရှားလို့ နေခဲ့၏။ နက်နဲလျှို့ဝှက်နယ်မြေထဲတွင် မတ်မတ်ရပ်လျက် ရှိနေသည်ဆိုလျှင်တောင်မှ အင်မော်တယ်ဘုရင်အဆင့် စာရင်းသည် ဖုံးကွယ်ထား၍ မဖြစ်နိုင်သည့် အရာမျိုး ဖြစ်လာခဲ့၏။

နတ်ဘုရားအသိစိတ်များကို ဖြန့်ကျက်ကာ ကြည့်ရှုပြီးသည့်နောက် သက်တန့်ရောင်စဉ် တောက်ပလျက် ရှိနေသည့် နတ်ဘုရားကျောက်ပြားပေါ်တွင် ရှိနေသည့် အကြောင်းအရာများကို သူက လွယ်လွယ်ကူကူနှင့် မြင်နေရသည်။

“အမ်”

လျှိုရွှမ်ချမ်နှင့် လျှိုချင်းကျီတို့သည် ချက်ချင်းပဲ တစ်စုံတစ်ခု လွဲမှားနေသည်ကို အာရုံခံမိ၏။ တစ်ယောက်နှင့် တစ်ယောက် ကြည့်ရှုပြီးသည့်နောက် သတ္တမဘိုးဘေး၏ အကြည့်အတိုင်း လှမ်းကာကြည့်ရှုလိုက်သည်။ တစ်ချက် ကြည့်ရှုလိုက်သည်နှင့်တပြိုင်နက် သူတို့ နှစ်ယောက်လုံးက ဆွံ့အသွားခဲ့၏။

“ဘာတွေဖြစ်နေတာလဲ”

“ကျုပ်တို့ ထွက်လာတဲ့အချိန် ကောင်းကင်လျှို့ဝှက်နန်းဆောင်ရဲ့ အထက်မှာ အင်မော်တယ်ဘုရင်အဆင့် စာရင်းက မပေါ်ပေါက်သေးဘူးမို့လား။ ဘယ်လိုဖြစ်ပြီး ဒီစာရင်းက ရုတ်တရက် ပေါ်ပေါက်လာခဲ့တာလဲ”

“နာမည်တွေကို ကြည့်ရမယ်ဆိုရင် တစ်ခါမှ မကြားဖူးတဲ့ လူတွေတောင် ပါတယ်။ ပြီးတော့ နောက်ဆုံးအဆင့်မှာ ရှိနေတဲ့ ထျန်းရှောင်ချန်ကလည်း သာမန်လူ မဟုတ်ဘူး။ တကယ့်ကို ဆန်းကြယ်လှပါတဲ့ဆိုတဲ့ ထျန်းမင်တောင် သခင်တောင်မှပဲ ကိုးဆယ့်လေးယောက်မြောက် နေရာမှာပဲ ရှိတယ်”

လျှိုရွှမ်ချမ်သည် တိတ်ဆိတ်ငြိမ်သက်လျက် ရှိနေ၏။ ငရဲလောက၏ တိုက်ပွဲကြားတွင် အတွေ့အကြုံ ရရှိခဲ့သည့် အင်မော်တယ်ဘုရင်နှစ်ယောက် သည် သူတို့၏ ကလန်တွင် တည်ရှိခဲ့၏။ သတ္တမ ဘိုးဘေးကြီးနှင့် ဒုတိယဘိုးဘေးကြီးတို့သည် ထိုစာရင်းထဲတွင် ပါဝင်ခြင်း မရှိခဲ့ချေ။ ထို့ကြောင့် ထိုအရာကို လက်ခံရန် ခက်ခဲလို့ နေခဲ့သည်။

ထို့အပြင် ထျန်းမင်တောင်သခင်သည် စည်းခတ်ခြင်းကို မခံခဲ့ရပါက လက်ရှိ ၎င်း၏ အားအင်အဆင့်သည် မည်မျှအထိ ရှိနေမည်နည်း။

“အမ်” လျှိုချင်းကျီ၏ အမူအရာ တစ်ခုလုံးက ပြောင်းလဲသွားခဲ့၏။ ၎င်း၏ ခန္ဓာကိုယ် တစ်ခုလုံးသည် စိတ်လှုပ်ရှားမှု များကြောင့် တုန်ခါလျက် ရှိနေ၏။ မယုံကြည်ရသည့် အရာတစ်ခုကို မြင်နေရသကဲ့သို့ပင်။ ၎င်းသည် လက်ကို မြှောက်ပြီးသည့်နောက် သက်တန့်ရောင်စဉ်များ တောက်ပလျက် ရှိနေသည့် နတ်ဘုရားကျောက်ပြားကြီးကို လက်ညှိုးညွှန်ကာ ပြောဆိုလိုက်၏။ “ချင်းဟုန်ကတောင် စာရင်းထဲမှာ ပါတယ်”

လျှိုချင်းဟုန်သည် သူ၏ ဂျူနီယာတစ်ယောက်ဖြစ်ပြီး သူတို့သုံးယောက်ဆီမှ လမ်းညွှန်ပြသမှုကို ရရှိခဲ့သူဖြစ်၏။ ယနေ့အချိန်မှာတော့ သက်တန့်ရောင်စဉ်များ ထွက်ပေါ်နေသည့် နတ်ဘုရားကျောက်ပြားပေါ်ရှိ ရင်းနှီးနေသည့် နာမည်ကို မြင်ရသည့် အချိန်မှာတော့ စိတ်လှုပ်ရှားမှုများနှင့် ပြည့်နှက်သွားခဲ့သည်။

လျှိုကလန်တွင် များပြားလှသည့် အင်မော်တယ်ဘုရင်များ တည်ရှိခဲ့လျှင်တောင်မှ စာရင်းထဲတွင် ချင်းဟုန် တစ်ယောက်တည်းသာ ပါဝင်နိုင်၏။ အဘယ်သို့ ဖြစ်ရသနည်း။ ပြောရမည်ဆိုလျှင် ချင်းဟုန်သည် လျှိုကလန် ထဲတွင် ကြီးမားသည့် ဂုဏ်သိက္ခာကို ပိုင်ဆိုင်နိုင်မည့် တစ်ဦးတည်းသောသူဟုပင် သတ်မှတ်ရပေမည်။

“အဆင့် ငါးဆယ့်သုံး၊ ဒီနေရာက တော်တော်မြင့်တယ်လို့ ပြောရမယ်” တခြားသောသူများနှင့် မတူညီစွာဘဲ သတ္တမ ဘိုးဘေးကြီးသည် ချင်းဟုန်၏ အောင်မြင်မှုနှင့်ပတ်သက်၍ သဘောတွေ့လျက် ရှိနေ၏။

သက်တန့်ရောင် တောက်လျက်ရှိနေသည့် နတ်ဘုရားကျောက်ပြားကြီးကို သေသေချာချာ ကြည့်ရှုပြီးသည့်နောက် တစ်ယောက်ချင်းစီတိုင်းသည် သာမန်ထက်ပိုကာ သာလွန်လျက်ရှိနေသည့် ပါရမီကို ပိုင်ဆိုင်သည့်လူများ ဖြစ်ကြောင်း သူက သိရှိခဲ့၏။ သို့ပေမဲ့ လက်ရှိခေတ်၏ ကျင့်ကြံသူတစ်ယောက်ဖြစ်သော လျှိုချင်းဟုန်သည် တခြား သက်တမ်းရင့် ကျင့်ကြံသူများနှင့်အတူ ထိုစာရင်းထဲတွင် ပါဝင်လျက် ရှိနေသည် ဆိုခြင်းမှာ အံ့ချီးစရာပင်။

“လူငယ်မျိုးဆက်တွေ၊ ချင်းဟုန်က လူငယ်မျိုးဆက်တွေကို ကိုယ်စားပြုတာ။ ကျုပ်တို့ကို သာလွန်သွားပြီပဲ။ လျှိုကလန်ရဲ့ အနာဂတ်က သူ့အပေါ် မူတည်သွားခဲ့ပြီ” သတ္တမဘိုးဘေးကြီးသည် ကြင်နာစွာ ပြုံးလိုက်၏။ ချင်းဟုန်၏ အလားအလာကို ကြည့်ရှုရမည်ဆိုလျှင် အနာဂတ်တွင် ခြေလှမ်းကျဲကြီးများဖြင့် လှမ်းနိုင်သည့် လူတစ်ယောက် ဖြစ်ပုံပေါ်သည်။

အဆင့် ငါးဆယ့်သုံး နေရာတွင် တည်ရှိနေသည်ဆိုသော်လည်း အခွင့်အရေး တစ်ခုသာ ရရှိပါက ထိပ်ပိုင်း သုံးဆယ်ထဲသို့ ဝင်သွားဖို့ ဆိုသည်မှာ ခက်ခဲမည် မဟုတ်ချေ။ ထိပ်ဆုံးနှစ်ဆယ်စာရင်းသို့ပင် ဝင်ရောက်ဖို့ပင် ဖြစ်နိုင်ဖွယ်ရာ ရှိ၏။ သို့ပေမဲ့ ထိပ်ဆုံးဆယ်ယောက်စာရင်းထဲ ဝင်ဖို့ဆိုသည်မှာတော့ စိန်ခေါ်စရာပင်။

ထိပ်တန်းဆယ်ယောက်ထဲတွင် ရှိနေသည့် ကျင့်ကြံသူများသည် ၎င်းတို့၏ အသီးသီးသော ခေတ်ကာလများတွင် ကြီးကျယ်ခမ်းနားသည့် အရာများကို ပြုလုပ်ခဲ့သူများဖြစ်ပြီး ကွာစီအင်မော်တယ် အင်ပါယာ တစ်ယောက်ပင်လျှင် ၎င်းတို့၏ တောက်ပမှုကို အနည်းငယ်သာလျှင် မှေးမှိန်အောင် ပြုလုပ်နိုင်စွမ်း ရှိပေလိမ့်မည်။ အဆင့်တူထဲတွင် ရှိနေသည့် ကျင့်ကြံသူများသည် ၎င်းတို့ကို ရင်ဆိုင် ယှဉ်ပြိုင်ဖို့ ဆိုသည်မှာ မဖြစ်နိုင်ချေ။

“ဟုတ်တယ်။ ချင်းဟုန်က မွန်းစတားအိုကြီးတွေ ကြားထဲမှာ နေရာတစ်ခု ရလိမ့်မယ်လို့ ဘယ်သူက ထင်မှတ်မိမှာလဲ” လျှိုချင်းကျီသည် အံ့အားသင့်စွာဖြင့် သက်ပြင်းချလိုက်၏။ ထိုစကားကို ထုတ်ပြောလိုက်ပြီးနောက် သူသည် အမှားတစ်ခုပြုလုပ်လိုက်မိပြီဖြစ်ကြောင်း သတိရသွား၏။

သူ၏ အမြင်အရဆိုလျှင် ဘေးတစ်ဖက်၌ သတ္တမဘိုးဘေးကြီးက ရပ်တန့်လျက် ရှိနေ၏။ သတ္တမဘိုးဘေးကြီး သည်လည်း ယခင်ခေတ်က မွန်းစတားအိုကြီးပင် ဖြစ်၏။ ငရဲလောကကြီး၏ ကြီးမားသည့် တိုက်ပွဲကြီးကိုပင် ရင်ဆိုင်တိုက်ခိုက်ခဲ့သူတစ်ယောက် ဖြစ်သောကြောင့် ၎င်းသည် ကျိန်းသေပေါက် စွမ်းအားမြင့် ကျင့်ကြံသူ တစ်ယောက်ပင်။ သို့ပေမဲ့ ထိုကျင့်ကြံသူများထက် ကျော်သွားခဲ့ပြီဟု သူက ပါးစပ်ထဲမှ ထုတ်ဖော်ပြောဆိုမိခဲ့သည်။

“စိတ်မပူနဲ့”

သတ္တမဘိုးဘေးကြီးသည် လက်ကို ယမ်းခါကာ ပြောလိုက်၏။ “ချင်းဟုန်နဲ့ နှိုင်းယှဉ်ရမယ်ဆိုရင် ငါ တကယ့်ကို အိုနေပါပြီ။ သွားကြရအောင်။ အင်မော်တယ်ဘုရင်အဆင့် စာရင်းကို ကြည့်ရှုပြီးပြီဆိုတော့ ကောင်းကင် လျှို့ဝှက်နန်းဆောင်ကို သွားဖို့ အချိန်ကျပြီ”

သူက ဆက်လက်ကာ ပြောဆိုရင်း အရှေ့သို့ လှမ်းတက်လိုက်သည်။ “နည်းနည်းလေး နှောင့်နှေးသွားမယ်ဆိုရင် ကောင်းကင်လျှို့ဝှက်နန်းဆောင်ထဲကို ဝင်ဖို့အတွက် ကျုပ်တို့ အခွင့်အရေးတောင် ရမှာ မဟုတ်တော့ဘူး”

သတ္တမဘိုးဘေးကြီးသည် ဖြစ်လာမည့် အဖြစ်အပျက်များအတွက် တကယ်ပင် စိတ်ဝင်စားလျက် ရှိနေ၏။ အင်မော်တယ်ဘုရင်အဆင့်စာရင်း ထွက်ပေါ်လာခဲ့ပြီးသည့်နောက် ကွာစီအင်မော်တယ် အင်ပါယာအဆင့် အခွင့်အရေးကို လိုက်လံရယူချင်သည့် လူများသည် ကျိန်းသေပေါက် တိုးလာမှာ သေချာ၏။

ရှုပ်ထွေးလှသည့် အခြေအနေ တစ်ခုက ဖြစ်ပေါ်လာမှာ သေချာ၏။ စွမ်းအားမြင့် ကျင့်ကြံသူများသည် ထိုအရာကို ရရှိရန်အတွက် အလုံးအရင်းနှင့် ကြိုးစားကြပေလိမ့်မည်။ ထိပ်ဆုံးဆယ်ယောက်ထဲတွင် ရှိနေသည့် လူများသာမက နောက်ဘက်တွင် ရှိနေသည့် အင်မော်တယ်ဘုရင် ကိုးဆယ်လုံးကလည်း ထိုအရာကို အလျော့ပေးလိမ့်မည် မဟုတ်ချေ။ ချင်းဟုန်သည်သာ ထိုကဲ့သို့သော အခွင့်အရေးကို ရရှိမည်ဆိုပါက ကျိန်းသေပေါက် အကောင်းဆုံး အခြေအနေကို ပိုင်ဆိုင်ပေလိမ့်မည်။

..............

ဤအတောအတွင်း နတ်ဆိုးလောက၊ ကျယ်ပြောပြီး မှောင်မဲလွန်းသည် ဟောခန်းကြီး အတွင်းမှာတော့ မျက်လုံး တစ်စုံက ပွင့်လာခဲ့၏။ ၎င်း၏ မျက်လုံးများသည် နေနှင့်လကဲ့သို့ စူးရှတောက်ပလျက် ရှိနေပြီး လောက၏ အဆုံးဘက်ထိ ခြောက်ခြားဖွယ်ရာ အော်ရာမျိုးဖြင့် ဖိနှိပ်ထားသည်။

ဝိညာဉ်နတ်ဆိုးတောအုပ်၏ အရှင်သည် မျက်လုံးကို အသာပင့်ပြီးသည့်နောက် ကောင်းကင်လျှို့ဝှက်နန်းဆောင် တည်ရှိရာ နေရာဆီသို့ လှမ်းကြည့်၏။ သူ၏ နှုတ်ခမ်းထက်တွင် အပြုံးပါးတစ်ခုက ဖြစ်တည်လာခဲ့၏။

“ကြည့်ရတာ နည်းနည်း မလိုအပ်တဲ့ အရာတွေကို လက်လွှတ်ပေးရမယ့်ပုံပဲ” သူက မှတ်ချက်ပြုလိုက်၏။ သူသည် လျှိုချင်းကျီနှင့် တခြားသောသူများအတွက် အစီအစဉ်တစ်ခု တည်ရှိနေသည် ဆိုသော်လည်း ယခုရက်ပိုင်းအတွင်း အခြေအနေများကို သုံးသပ်ကြည့်မည်ဆိုပါက ဤသုံးယောက်တို့သည် နတ်ဘုရားလောကဆီသို့ ပြန်သွားခဲ့ခြင်း မဟုတ်ကြောင်း သူ သိရှိလိုက်ရသည်။

ကံကောင်းစွာဖြင့် ထိုသူတို့ကို လွှတ်လိုက်ခြင်းသည် အံ့အားသင့်စရာ အကြောင်းအရာ ဖြစ်လာခဲ့၏။ ပထမဦးဆုံး ၎င်းတို့၏ ပါးစပ်ဆီမှ အသင်္ချေ များပြားသည့် လောကအသီးသီးတွင် ကွာစီအင်မော်တယ် အင်ပါယာ တစ်ယောက် ရှိနေသည်ကို သိရှိခဲ့ရ၏။ ထိုသူသည် ကောင်းကင်လျှို့ဝှက်နန်းဆောင်သခင်ပင် ဖြစ်၏။ ပြောရမည်ဆိုလျှင် ကံကြမ္မာဖတ်ခြင်း အတတ်ပညာကို တတ်ကျွမ်းပြီး အင်မော်တယ်ဘုရင်အဆင့် ထိပ်ဆုံးတစ်ရာ စာရင်းကိုပင် ထုတ်ဖော်ခဲ့၏။ ၎င်းသည် ပြစ်ချက်ကင်းလွန်းလှ၏။

“တစ်ခါတစ်ရံမှာ ကံဆိုးခြင်းတွေကလည်း ကံကောင်းခြင်း ဖြစ်ခဲ့တာပဲ”

ဝိညာဉ်နှင့်နတ်ဆိုးတောအုပ် ဌာနေအရှင်က ပြောလိုက်သည်။ “မီးတောက်ဘုရင်”

“ကျုပ်.. ဌာနေအရှင်ကို ဂါရဝပြုပါတယ်”

ရုတ်တရက် မီးတောက်ဘုရင်က ရောက်ရှိလာခဲ့လေ၏။ ၎င်းသည် ဟောခန်း၏ အရှေ့တွင် ရောက်ချိန်မှာတော့ အသာဦးညွတ်ကာဖြင့် မေးမြန်းလိုက်၏။ “ဘာ အမိန့်ပေးချင်ပါသလဲ ဌာနေအရှင်”

“အင်း.. နတ်ဆိုးလောကကြီးရဲ့ အရှေ့ဘက်ဆုံးကိုသွား။ ပြီးတော့ သေသေချာချာ စုံစမ်းခဲ့။ သံသယရှိစရာလူတွေ ပေါ်လာမယ်ဆိုရင် အသာပုန်းကွယ်ပြီးတော့ သူတို့ မတွေ့အောင် သတိထား စောင့်ကြည့်ထား” ဝိညာဉ်နှင့်နတ်ဆိုးတောအုပ် ဌာနေအရှင်က ညွှန်ကြားလိုက်သည်။

“ဟမ်”

မီးတောက်ဘုရင်သည် ဇဝေဇဝါ ဖြစ်သွားမိ၏။ ပြီးနောက် မေးလိုက်၏။ “ဌာနေအရှင် တစ်ခုခုများ သိထားလို့လား”

“ဟုတ်တယ်.. စိတ်ဝင်စားစရာကောင်းတဲ့ ကိစ္စတစ်ခုကို ကျုပ်သိခဲ့တယ်။ သွားပြီးတော့ ဒီကိစ္စကို ကိုင်တွယ်ထား။ လျှိုကလန်မှာရှိတဲ့ လူတွေကိုလည်း သေသေချာချာ ဂရုစိုက်။ သူတို့က ကျုပ်တို့ကို အံ့အားသင့်စရာတွေ ယူလာ ပေးလိမ့်မယ်”

“ကောင်းပါပြီ။ ဒါဆိုရင် ကျုပ် ချက်ချင်းလုပ်လိုက်ပါ့မယ်” မီးတောက်ဘုရင်သည် တစ်ချက်ကလေးမှ တွန့်ဆုတ် မနေဘဲ အသာလှည့်ကာ ထွက်ခွာသွားခဲ့သည်။

“အင်း.. စိတ်ဝင်စားစရာတော့ ကောင်းလာပြီ” ဝိညာဉ်နှင့်နတ်ဆိုးတောအုပ်၏ ဌာနေအရှင်သည် အသာပင် ပြောဆိုလိုက်၏။

All Chapters