အခန်း (၇၂၇)
Vol. 49 Ch. 727
လျှိုကလန်သည် ရှိရှိသမျှသော ဝှက်ဖဲများအားလုံးကို ကိုင်ဆောင်ထားသည်ဟု ယုံကြည်ထားခဲ့၏။ သို့ပေမဲ့ ထိုအရာများအားလုံးသည် သူ၏မျက်စိရှေ့တွင် ရှိနေသလိုပင်။ သူ့အနေနှင့် လျှိုချင်းဟုန်နှင့် လျှိုကလန်၏ ဒုတိယဘိုးဘေးတို့ကို လွယ်လွယ်ကူကူ ဖိနှိပ်တိုက်ခိုက်နိုင်စွမ်း ရှိ၏။
သို့ပေမဲ့ သူသည် ထိုကဲ့သို့သော ပြုလုပ်ချင်စိတ်ကို ထိန်းသိမ်းထားခဲ့၏။ အဘယ်ကြောင့်ဆိုသော် လျှိုကလန်၏ ဘုရင်များသည် ဆန်းကြယ်သည့် ကောင်းကင်လျှို့ဝှက်နန်းဆောင်သခင်ဆီမှ သတင်းအချက်အလက်များကို သွားရောက်ကာ မေးမြန်းနေသည် မဟုတ်ပါလား။
ပိုမို၍ အရေးကြီးမားသည်မှာ ထိုသုံးယောက်တို့သည် ကောင်းကင်လျှို့ဝှက်နန်းဆောင်သခင် အပေါ်တွင် တကယ် ကြီးမားသည့် မျှော်လင့်ချက်များ ပုံအပ်ထား၏။ ထို့ကြောင့် အသင်္ချေ များပြားသည့် လောကထဲတွင် ရှိနေသည့် တခြားသော ကွာစီအင်မော်တယ် အင်ပါယာ၏ အကြောင်းကို သူက သိရှိချင်နေမိသည်။
..............
တော်ဝင်သဲကန္တာရမြို့
လျှိုကလန်၏ ဘုရင်သုံးပါးတို့သည် မကြာခင် ရောက်ရှိလာခဲ့၏။
“မြို့ထဲမှာ တကယ်ကို အားကောင်းတဲ့ ကျင့်ကြံသူတွေ အများကြီး ရောက်နေတာပဲ”
လျှိုရွှမ်ချမ်က မှတ်ချက်ပြု လိုက်၏။ သူ၏ မျက်လုံးများသည် လေးနက်လျက် ရှိနေပြီး ပတ်ဝန်းကျင် တစ်ခုလုံးကို လိုက်လံကာ ကြည့်ရှုနေ၏။ ပြီးနောက် လေးလေးနက်နက် ပြောလိုက်သည်။ “နောက်ဆုံးအကြိမ် လာတာနဲ့ နှိုင်းယှဉ်ရမယ်ဆိုရင် အများကြီး တိုးလာခဲ့တာပဲ။ ဒီအထဲမှာ အင်မော်တယ်ဘုရင်တွေတောင် ပါနေတာပဲ”
သူ၏အကြည့်သည် မြင့်မားလွန်းသည့် နန်းဆောင်ကြီးဆီသို့ လှမ်းကာ ကြည့်ရှုနေ၏။ ထိုအရာသည် ကျောက်စိမ်းဖြူကဲ့သို့ ဖြူဖွေးသည့် ကိုးထပ် အဆောက်အအုံကြီးဖြစ်ပြီး တိမ်များက ရစ်သိုင်းလျက် ရှိနေ၏။ တကယ့်ကို နတ်ဘုံနတ်နန်းကြီးကဲ့သို့ တည်ဆောက်ထားခဲ့သည့် အဆောက်အအုံကြီး ကဲ့သို့ပင်။ ထိုအရာ၏ ထိပ်ပေါ်တွင်တော့ လူနှစ်ယောက်က မျက်နှာချင်းဆိုင် ထိုင်ကာ စကားပြောဆိုနေ၏။
လျှိုရွှမ်ချမ်၏ အကြည့်ကို သတိပြုမိသည့်အချိန်မှာတော့ အသာလှမ်းကာ ကြည့်ရှုလိုက်၏။ ထိုသူတို့၏ မျက်လုံးထဲတွင် အံ့အားသင့်မှုများ ပေါ်ပေါက်လာ၏။ သို့ပေမဲ့ သူတို့သည် ခေါင်းညိတ်ကာဖြင့် အသိအမှတ် ပြုလိုက်သည်။
လျှိုရွှမ်ချမ်သည်လည်း ခေါင်းညိတ်ကာ ပြန်လည် ပြောဆိုလိုက်၏။ ဤအရာသည် အချင်းချင်း နားလည်မှု၏ သဘောသဘာဝပင်ဖြစ်၏။ သူ့အနေနှင့် တစ်ဖက်လူများကို သွားရောက် ဂါရဝပြုရန် ရည်ရွယ်ချက် မရှိပေ။
ထို့အပြင် ၎င်းတို့၏ ပတ်သက်ဆက်နွယ်မှုသည် ခေါင်းညိတ်ကာ အသိအမှတ်ပြုရုံလောက်သာလျှင်ရှိ၏။ အရမ်းကြီး ရင်းနှီးသည့် ဆက်ဆံရေ’မျိုး မဟုတ်ချေ။ ကွာစီအင်မော်တယ် အင်ပါယာအဆင့် အခွင့်အရေး ပေါ်ပေါက်လာသည့် အချိန်တွင် ၎င်းတို့သည် အချင်းချင်း ပြန်လည်တိုက်ခိုက်ရမည့် အခြေအနေမျိုးကိုပင် ရောက်ရှိသွားနိုင်၏။
“အင်မော်တယ်ရှေးလမ်းစဉ်ရဲ့ အရှင်ပဲ။ အံ့အားသင့်စရာကောင်းလောက်အောင် သူလည်း ဒီရောက်နေတာကိုး”
လျှိုချင်းကျီက ကြည့်ရှုလိုက်၏။ နန်းဆောင်အထက်တွင် ရှိနေသည့် လူနှစ်ယောက်ကို မြင်ရပြီးကတည်းက သူက ပြောလိုက်သည်။ “ဒါပေမဲ့ သူနဲ့မျက်နှာချင်းဆိုင်မှာ ရှိနေတဲ့ လူတစ်ယောက်က ဘယ်သူလဲ”
အင်မော်တယ်ရှေးလမ်းစဉ်အရှင်၏ မျက်နှာချင်းဆိုင်တွင် ရှိနေသည့်လူသည် တကယ့်ကို ဆန်းကြယ်လွန်းလှသည့် ရေခဲပြာ သတ္တဝါကြီး တစ်ကောင်ဖြစ်၏။ ၎င်းသည် အေးစက်လွန်းသည့် အော်ရာများကို ထုတ်ဖော်လျက်ရှိနေပြီး အနီးအနားရှိ စကြဝဠာ တည်နေရာကြီး တစ်ခုလုံးပင်လျှင် အေးခဲလုမတတ် ဖြစ်နေ၏။
ဟန်ပန် အမူအရာကို ကြည့်ရှုရသည်မှာ တကယ့်ကို အေးစက်လွန်း၏။ လျှိုကလန်၏ ဘုရင်သုံးကို လှမ်းကာ ကြည့်ရှုလိုက်သည့် အချိန်၌လည်း ၎င်း၏ အေးစက်လွန်းသည့် အော်ရာကို တစ်ချက်ကလေးမှ မဖုံးကွယ်ထားချေ။
“အင်မော်တယ်ဘုရင် ရွှမ်ယွမ်လား” သတ္တမဘိုးဘေးကြီးက လေးနက်စွာ ပြောလိုက်သည်။
“အင်မော်တယ်ဘုရင်စာရင်းရဲ့ ရှစ်ဆယ့်နှစ်ယောက်မှာ ရှိတာလား” လျှိုရွှမ်ချမ်နှင့် လျှိုချင်းကျီတို့သည် သက်ပြင်းကို ချလိုက်မိ၏။ ၎င်းတို့၏ အမူအရာများသည် ပိုမိုကာ လေးနက်လာခဲ့၏။
ဤအတောအတွင်း သူတို့သည် စာရင်းထဲတွင် ရှိနေသည့် အင်မော်တယ်ဘုရင်များမှာ သာမန်လူများ မဟုတ်ကြောင်း ကောင်းကောင်း နားလည်ပြီးသားဖြစ်၏။ တခြားသော အင်မော်တယ်ဘုရင်များကို လွယ်လွယ်ကူကူဖြင့် ဖိနှိပ်နိုင်သူများ ဖြစ်ကြသည်။
ထို့အပြင် ဤလူသည် ထျန်းမင်တောင်သခင်ထက်ပင် ပိုမိုကာ အဆင့်မြင့်မားသည့်နေရာတွင် တည်ရှိနေ၏။ ထို့ကြောင့် ထျန်းမင်တောင်သခင်ကို အနိုင်ယူနိုင်သည့် လူပင် ဖြစ်ပေလိမ့်မည်။
“အင်မော်တယ်ရှေးလမ်းစဉ်၏ အရှင်က ဘယ်လိုဖြစ်ပြီးတော့ ဒီလောကက လူတွေနဲ့ ဆက်စပ်နေရတာလဲ” လျှိုချင်းကျီသည် ဇဝေဇဝါဖြင့် မေးခွန်းထုတ်လိုက်၏။
အင်မော်တယ်ဘုရင်ရွှမ်ယွမ် - သူအစပိုင်းတုန်းက မရင်းနှီးခဲ့ချေ။ သို့ပေမဲ့ နာမည်ကိုတော့ ကောင်းကောင်း ကြားဖူး၏။ တစ်ဖက်လူသည် ငှက်မွေးလောကကြီး တစ်ခုဆီမှ ရောက်ရှိလာခဲ့ခြင်းဖြစ်ပြီး ထိုလောကကြီးသည် နတ်ဘုရားလောကကြီးနှင့် နှိုင်းယှဉ်၍ ရနိုင်သည့် လောကကြီးပင် ဖြစ်၏။ အင်မော်တယ်လောကကြီးနှင့် နှိုင်းယှဉ်၍ မရသည်ဆိုလျှင်တောင်မှ ငှက်မွေးလောကကြီး၌ အင်မော်တယ်ဘုရင်များစွာ တည်ရှိနေ၏။ အင်မော်တယ်ဘုရင် ရွှမ်ယွမ်ကဲ့သို့သော ထိပ်တန်း စွမ်းအားမြင့် ကျင့်ကြံသူပင်လျှင် တည်ရှိနေသေး၏။ လျှိုကလန် အနေနှင့် ထိုကဲ့သို့သော လူများကို လွယ်လွယ်ကူကူ အထင်သေး၍ မရနိုင်ချေ။
“အင်မော်တယ်ရှေးလမ်းစဉ် အရှင်က အင်မော်တယ်လောကကနေ နတ်ဘုရားလောကကို ရွှေ့ပြောင်းလာတဲ့ လူတွေပဲလေ။ ယုတ္တိဗေဒအရ ပြောရမယ်ဆိုရင် သူတို့က ငှက်မွှေးလောကနဲ့ ပတ်သက်မှု လုံးဝ မရှိကြဘူး။ ဒါပေမဲ့ ဒီလောကကြီးထဲမှာ မဖြစ်ဘူးဆိုတာ မရှိဘူး”
လျှိုရွှမ်ချမ်သည် တီးတိုးရှင်းပြလိုက်သည်။ “ဖြစ်နိုင်တာက ရှေးတုန်းကတည်းက အင်မော်တယ်ရှေးလမ်းစဉ် အရှင်နဲ့ ငှက်မွေးလောကတို့က ဆက်စပ်မှု တစ်ခုခု ရှိနေတာပဲဖြစ်မယ်”
ပြောနေစရာပင် မလိုအပ်ချေ။ ကွာစီအင်မော်တယ် အင်ပါယာ အခွင့်အရေး တည်ရှိနေသည့် အချိန်မှာတော့ အင်မော်တယ်ဘုရင်အားလုံးတို့သည် အလောသုံးဆယ်နှင့် ခံစားလျက် ရှိနေ၏။ တစ်ယောက်ချင်း ရပ်တည် နေရခြင်းထက် သူငယ်ချင်းမိတ်ဆွေ ပိုမိုများပြားခြင်းက သူတို့အတွက် ကောင်းမွန်သည်ဟု ခံစားမိကြ၏။ စာရင်းထဲတွင် ပါဝင်သည့် အင်မော်တယ်ဘုရင် တစ်ယောက် ဆိုလျှင်ပင် တစ်ယောက်တည်း နေထိုင်ကာ မောက်မာစွာဖြင့် ပြုမူဆောင်ရွက် မရဲကြချေ။
ဘာမှန်းမသိသည့် အင်မော်တယ်ဘုရင်များ စုပေါင်းလာခြင်းသည် ကျိန်းသေပေါက် ခြောက်ခြားစရာ ကိစ္စရပ် ဖြစ်၏။ ထိပ်ဆုံးဆယ်ယောက်စာရင်းရှိ အင်မော်တယ်ဘုရင်ဆိုလျှင်တောင်မှ အင်မော်တယ်ဘုရင် မြောက်မြားစွာ ၏ ဝိုင်းဝန်းတိုက်ခိုက်ခြင်းကို ခံရသည်ဆိုပါက မေးခွန်းထုတ်စရာ မလိုဘဲ သေဆုံးမှာ သေချာ၏။
“စီနီယာနန်းဆောင်သခင်က လက်ရှိအချိန်မှာ အင်မော်တယ်ဘုရင်အဆင့် စာရင်းကို ထုတ်ဖော်ထားတယ်။ ဒီတော့ တခြားကိစ္စတွေ တစ်ခုခု လုပ်စရာရှိလို့ နေလိမ့်မယ်” သတ္တမဘိုးဘေးက ပြောဆိုလိုက်သည်။
အင်မော်တယ်ရှေးလမ်းစဉ်အရှင်၏ မောက်မာလှသည့် အရှိန်အဝါများကို ကြည့်ရှုရမည်ဆိုလျှင် အင်မော်တယ် ဘုရင်အဆင့် စာရင်းသည် ကျိန်းသေပေါက် ပြိုင်စံရှား ဖြစ်ပေလိမ့်မည်။ ထို့အပြင် ကောင်းကင်လျှို့ဝှက် နန်းဆောင်သခင်သည် ထိုလူတို့၏ အားအင်အဆင့်ကို အသိအမှတ်ပြုပြီးသားဖြစ်၏။ အဘယ်သို့ ထိုသူများကို လျစ်လျှူရှုရတော့မည်နည်း။
လျှိုကလန်ထဲတွင် လျှိုချန်းဟုန်မှလွဲ၍ တခြားသော သူများသည် အင်မော်တယ်ဘုရင်အဆင့် စာရင်း၌ ပါဝင်ခြင်း မရှိကြချေ။ လျှိုချန်းဟုန်သာ မရှိပါက ၎င်းတို့အနေနှင့် အဆင့်မြင့် အင်မော်တယ်ဘုရင်များနှင့် မိတ်ဆွေဖွဲ့ဖို့ ဆိုသည်မှာ ခက်ခဲပေလိမ့်မည်။
“လျှိုကလန်က လူတွေက ထွက်လာပြီကိုး”
အင်မော်တယ်ရှေးလမ်းစဉ် အရှင်ဖြစ်သည့် ကျောင်းကျွင်းဟန်သည် တည်ငြိမ်သည့် ဟန်ပန်မျိုးဖြင့် ရေနွေးခွက်ကို မြှောက်ကာ မှတ်ချက်ပြုလိုက်၏။ “တကယ့်ကို ပွဲကြီးပွဲကောင်း ကြည့်ရလိမ့်မယ်”
“ခင်ဗျားပြောတာ ထျန်းမင်တောင်သခင်နဲ့ လျှိုချင်းယုတို့လား” အင်မော်တယ်ဘုရင် ရွှမ်ယွမ်သည် ပြန်လည် မေးမြန်းလိုက်သည်။
“အင်း.. ကျုပ်သာ မမှားဘူးဆိုရင် ထျန်းမင်တောင်သခင်နဲ့ လျှိုချင်းယုတို့က ကောင်းကင်လျှို့ဝှက်နန်းဆောင်ထဲကို ဝင်သွားကြပြီ။ သူတို့က သတင်းအချက်အလက်တွေကို ရယူနေကြပြီ” ကျောင်းကျွင်းဟန်သည် လေးနက်သည့် အကြည့်များဖြင့် လှမ်းကာ ကြည့်ရှုလိုက်၏။
အင်မော်တယ် ရွှမ်ယွမ်က ပြောလိုက်သည်။ “ကျုပ်သိချင်တာ သူတို့ ဘယ်လို သတင်းအချက်အလက်တွေကို စုံစမ်းနေသလဲ ဆိုတာပဲ”
“ရိုးရှင်းပါတယ်။ ကျုပ်က တာအိုရောင်းရင်းရွှမ်ယွမ်နဲ့ ပူးပေါင်းထားတယ်။ လျှိုကလန်ရဲ့ ဘုရင်သုံးပါး အကူအညီနဲ့ ဆိုရင် ထျန်းမင်တောင်သခင်က ကျိန်းသေပေါက် အဆိုးရွားဆုံး အခြေအနေကို ရောက်သွားလိမ့်မယ်” အင်မော်တယ် ရှေးလမ်းစဉ်၏ အရှင်သည် ယုံကြည်ချက်ရှိရှိနှင့် ရယ်မောကာ ပြောဆိုလိုက်၏။
“ပြီးတော့ ငရဲလောကက လူတွေက အသင်္ချေများပြားတဲ့ လောကအသီးသီးရဲ့ ရန်သူတွေ ဖြစ်ပြီးသားလေ။ သူတို့ကို သုတ်သင်ရှင်းလင်းတယ်ဆိုတာ လောကအသီးသီးတို့ရဲ့ ကောင်းကျိုးကို ဆောင်ရွက်တာလို့ ပြောလို့ရတယ် မဟုတ်လား”
“ထျန်းမင်တောင်သခင်က ငရဲလောကရဲ့ တိုက်ပွဲကို ဝင်ရောက်ခဲ့ဖူးတယ်။ သူ့ရဲ့ အားအင်အဆင့်က အထင်သေးလို့ မရဘူး။ ကျုပ်တို့အနေနဲ့ အချိန်အတိုင်းအတာတိုအတွင်း သူတို့ကို အနိုင်ယူလို့ ရမှာမဟုတ်ဘူးနဲ့ တူတယ်” အင်မော်တယ်ရွှမ်ယွမ်က ခေါင်းကို ခါယမ်းလိုက်သည်။
“တာအိုရောင်းရင်း ရွှမ်ယွမ်.. ခင်ဗျားက အင်မော်တယ်ဘုရင်အဆင့် စာရင်းရဲ့ ရှစ်ဆယ့်နှစ်ယောက်မှာ ရှိတယ်။ ထျန်းမင်တောင်သခင်ကတော့ ကိုးဆယ့်လေးယောက်မြောက်မှာပဲရှိတယ်” အင်မော်တယ်ရှေးလမ်းစဉ်၏ တာအိုအရှင်သည် အသာပင် ဆော်ဩလိုက်၏။
ထျန်းမင်တောင်သခင်ကို မြင်ရသည်ဆိုခြင်းမှာ ရှားရှားပါးပါး အခွင့်အရေးသာလျှင်ဖြစ်၏။ တစ်ဖက်လူကိုသာ ဖမ်းဆီးနိုင်သည်ဆိုပါက သူတို့အနေနှင့် သတင်းအချက်အလက် အများအပြားကို ရှာဖွေနိုင်ပေလိမ့်မည်။ အနည်းဆုံး ငရဲလောက၏ အမွေအနှစ်များ ဖြစ်၏။ ငရဲလောက၏ ဂုဏ်သိက္ခာသည် ဆိုးရွားလွန်းသည် ဆိုလျှင်တောင်မှ အားအင်အဆင့် ပိုမိုတိုးတက်နိုင်သည့် ကျင့်ကြံခြင်းပစ္စည်းများကို မလိုချင်သူဟူ၍ မရှိပေ။