← Chapters

အခန်း (၇၂၈)

Vol. 49 Ch. 728

အခန်း (၇၂၈)

Vol. 49 Ch. 728

“ကောင်းကင်လျှို့ဝှက်နန်းဆောင်က ကျုပ်တို့ရခဲ့တဲ့ သတင်းအချက်အလက်တွေကို ခင်ဗျား မေ့သွားပြီလား”

အင်မော်တယ်ဘုရင် ရွှမ်ယွမ်သည် ခေါင်းကို မော့လိုက်တောာ့ ၎င်း၏ ရေခဲပြာရောင်ရှိသည့် မျက်လုံးများထဲတွင် အလင်းတန်းများ ထွန်းတောက်လာခဲ့၏။ သူ၏အကြည့်သည် တစ်ဖက်လူများ၏ ကျောရိုးမကြီးများကို စိမ့်တက်စေ၏။ သူသည် လေးနက်တည်ကြည်စွာ ပြောဆိုလိုက်၏။ “ငရဲလောကကြီးက ကျုပ်တို့ ထင်မှတ်ထား သလောက် အားမနည်းဘူး”

အတိတ်တုန်းက သူတို့အနေနှင့် ငရဲလောကကြီး ပျောက်ကွယ်သွားပြီဟု တွေးကောင်း တွေးပေလိမ့်မည်။ သို့ပေမဲ့ လက်ရှိ ကောင်းကင်လျှို့ဝှက်နန်းဆောင်သခင် ထုတ်ဖော်လိုက်သည့် သတင်းကို ကြည့်ရှုရမည်ဆိုလျှင် သူတို့သည် တကယ်ပင် စိုးရွံ့နေမိသည်။

ကောင်းကင်လျှို့ဝှက် နန်းဆောင်သခင်သည် အင်မော်တယ်ဘုရင် အဆင့်စာရင်းတွင် ရှိနေသည့် လူများကို ထုတ်ဖော် ပြောဆိုသည့်နေရာတွင် လက်ရှိ အသက်ရှင်နေသည့် စွမ်းအားမြင့်ကျင့်ကြံသူများကို သုံးသပ်ထားခဲ့ခြင်း ဖြစ်ကြောင်း ကိုယ်တိုင်ကိုယ်ကျ ထုတ်ဖော်ပြောဆိုခဲ့ပြီးပြီ ဖြစ်၏။ ထိုအရာသည် ဘာကို ဆိုလိုသနည်း။

လွင့်မျောမြို့၏ အရှင်သခင်ဟောင်း၊ လုဝူတောက်၊ ဆန်းကြယ်လှပါသည်ဆိုသော ကျိုးချီ၊ ထိုသူများအားလုံးသည် အသက်ရှင်လျက် ကောင်းကောင်းမွန်မွန် တည်ရှိနေခြင်းပင်။ အင်မော်တယ်ဘုရင်အဆင့် စာရင်း၏ ထိပ်ဆုံး သုံးယောက်သည် ကွာစီအင်မော်တယ် အင်ပါယာအဆင့်များ မဟုတ်ကြသေးသော်လည်း အဆင့်တူ အချင်းချင်းတွင် တိုက်ခိုက်အနိုင်ယူနိုင်သည့် လူများပင် ဖြစ်၏။

ထို့အပြင် ဒုတိယနေရာတွင် ရှိနေသည့် လုဝူတောက်သည် လွန်ခဲ့သည့် နှစ်ပေါင်းများစွာအကြာတည်းက ကွာစီအင်မော်တယ် အင်ပါယာ နှင့် ယှဉ်ပြိုင်တိုက်ခိုက်နိုင်သည့် စွမ်းရည်ကို ပိုင်ဆိုင်ခဲ့သူ ဖြစ်၏။ ၎င်း၏ ပါရမီကို သုံးသပ်ရမည်ဆိုလျှင် ကျိန်းသေပေါက် ကျင့်ကြံခြင်းအဆင့်သည် ငြိမ်သက်နေလိမ့်မည် မဟုတ်ချေ။ အဆင့်ချိုးဖြတ်နိုင်ခြင်း မရှိဘူး ဆိုလျှင်တောင်မှ အင်မော်တယ်ဘုရင်အဆင့်ထက် ပိုမိုကာ သာလွန်သည့် စွမ်းဆောင်ရည်ကို ပိုင်ဆိုင်မှာ သေချာသည်။

ဤအချက်အလက်သည် အင်မော်တယ်ရှေးလမ်းစဉ် တာအိုအရှင် ကျောင်းကျွင်းဟန်ကိုပင်လျှင် တွန့်ဆုတ်စေ ခဲ့၏။ ထျန်းမင်တောင်သခင်နှင့် ရင်ဆိုင်ရသည်မှာ ရိုးရှင်း၏။ သို့ပေမဲ့ ယခု သူတို့သည် အသစ်နားလည်မှု တစ်ခုကို ရရှိခဲ့၏။ အကြောင်းအရာသည်လည်း ရှုပ်ထွေးလွန်းလှချေ၏။

သူသည်သာ အင်မော်တယ်ဘုရင် ရွှမ်ယွင်၊ လျှိုကလန်၏ ဘုရင်သုံးပါးတို့နှင့် ပူးပေါင်းပြီး ထျန်းမင်တောင်သခင်ကို တိုက်ခိုက်သည် ဆိုပါက ကြက်ကလေး၊ ငှက်ကလေး သတ်သလိုပင် သတ်ဖြတ်နိုင်စွမ်း ရှိ၏။ သို့ပေမဲ့ လျှိုချင်းယု ကလည်း တည်ရှိနေသေး၏။ လျှိုချင်းယု ဝင်ရောက်လာမည်ဆိုပါက အနည်းငယ် ခက်ခဲနိုင်သည်။

ထိုသို့ဆိုလျှင်တောင်မှ သူတို့သည် လုဝူတောက်ကို စိုးရိမ်ရသည်။ လုဝူတောက်သာ ရောက်ရှိလာသည် ဆိုပါက ကျိန်းသေပေါက် ထျန်းမင်တောင်သခင်နှင့် လျှိုချင်းယုတို့ကို ကယ်တင်သွားနိုင်၏။ လုဝူတောက် မရှိဘူး ဆိုလျှင်တောင်မှ နတ်ဆိုးလောကကြီး တည်ရှိနေသေး၏။ ၎င်းတို့အထဲတွင် များပြားလွန်းသည့် စွမ်းအားမြင့် ကျင့်ကြံသူများ ရှိနေ၏။

“ဖြစ်နိုင်တာက လျှိုကလန်က ဒီကိစ္စကို လွယ်လွယ်ကူကူနဲ့ လက်လွှတ်ပေးမှာ မဟုတ်ဘူးထင်တယ်” အင်မော်တယ်ရှေးလမ်းစဉ် အရှင်သည် အောက်တွင်ရှိနေသည့် အင်မော်တယ်ဘုရင် သုံးယောက်တို့ကို လှမ်းကာ ကြည့်ရှုလိုက်၏။ သူ မှတ်သားထားသည်သာ မှန်သည်ဆိုပါက ဤသုံးယောက်သည် ထျန်းမင်တောင်သခင် နှင့် တိုက်ခိုက်ခဲ့ဖူး၏။ ကျိန်းသေပေါက် ငြိမ်းငြိမ်းချမ်းချမ်းနှင့် အတူယှဉ်တွဲ နေထိုင်၍ ရမည့်သူများ မဟုတ်ကြချေ။

.............

ကောင်းကင်လျှို့ဝှက်နန်းဆောင်၏ အရှေ့တွင် လျှိုကလန်၏ ဘုရင်သုံးပါးတို့က ထပ်မံကာ ရောက်ရှိလာခဲ့ပြီး ၎င်းတို့၏ နှလုံးသားထဲတွင် ခံစားချက်များနှင့် ပြည့်နှက်လျက် ရှိနေ၏။ နောက်ဆုံးအကြိမ် လာရောက်ခဲ့သည့်မှာ မကြာသေးသော်လည်း နတ်ဆိုးလောကကြီးထဲ၌ ကွာစီအင်မော်တယ် အင်ပါယာ တစ်ယောက်နှင့် တွေ့ခဲ့ရခြင်းသည် ၎င်းတို့၏ စိတ်နှလုံးသားများကို လှုပ်ရှားစေခဲ့၏။

“ချင်းကျီ... ကောင်းကင်လျှို့ဝှက်နန်းဆောင်သခင်နဲ့ တွေ့တဲ့အချိန်ကျရင် သူ့ရဲ့အကူအညီအတွက် ကျေးဇူးတင်ဖို့ သတိမမေ့နဲ့။ စီနီယာနန်းဆောင်သခင်ရဲ့ လမ်းညွှန်ပြသမှုသာ မရှိဘူးဆိုရင် ငါတို့ ဒီလို လုပ်နိုင်မှာ မဟုတ်ဘူး”

သတ္တမဘိုးဘေးကြီးသည် စတင်ကာ သတိလိုက်၏။ ပြီးနောက် ထွေထွေထူးထူး ဆက်မပြောခဲ့ချေ။

အဘယ်ကြောင့်ဆိုသော် ကောင်းကင်လျှို့ဝှက်နန်းဆောင်ထဲမှ လူနှစ်ယောက် ဘေးချင်းယှဉ်ကာ ထွက်ခွာလာသောကြောင့်ပင်။ တခြားသော လူနှစ်ယောက်ဆိုလျှင် ကိစ္စမရှိပေ။ သို့ပေမဲ့ ဤလူနှစ်ယောက်တို့သည် ပြာဖြစ်သွားလျှင်ပင် သတ္တမ ဘိုးဘေးကြီးတစ်ယောက် ကျိန်းသေပေါက် မေ့လျော့သွားမည့် လူမျိုးမဟုတ်ချေ။

“ဖန်းရှန်” သတ္တမဘိုးဘေးကြီးသည် တင်းမာခက်ထန်စွာ ခေါ်လိုက်၏။ ၎င်း၏ အသံများတွင် အေးစက်သည့် အော်ရာများ ပါဝင်လျက်ရှိ၏။ ကောင်းကင်လျှို့ဝှက်နန်းဆောင်အတွင်းတွင် ရှိနေသည့် စီနီယာကြောင့်သာ မဟုတ်ပါက သူ သည်းခံနိုင်လိမ့်မည် မဟုတ်ချေ။ ကျိန်းသေပေါက် ထကာ တိုက်ခိုက်မိပေလိမ့်မည်။

အင်မော်တယ်ဘုရင်အဆင့်၏ စွမ်းအားမြင့် ကျင့်ကြံသူတစ်ယောက်နှင့် ရင်ဆိုင်ရမည် ဆိုလျှင်တောင်မှ ၎င်းတို့သည် ကြောက်လန့်မှု လုံးဝမရှိချေ။ သုံးယောက် - နှစ်ယောက် တိုက်ခိုက်ခြင်း၊ ဤအရာသည် အနိုင်ရရှိရန် အခွင့်အရေးပင် ဖြစ်၏။

ပိုမို၍ အရေးကြီးမားသည်မှာ လျှိုချင်းကျီသည် အနည်းငယ် ပိုမို တိုးတက်လာခဲ့ပြီဖြစ်၏။ ၎င်းသည် ကွာစီအင်မော်တယ် အင်ပါယာအဆင့်ဆီသို့ ဝင်ရောက်နိုင်ခြင်း မရှိဘူး ဆိုလျှင်တောင်မှ ကွာခြားချက်က သိပ်ပြီး ကြီးမားလိမ့်မည် မဟုတ်ချေ။

“ခင်ဗျားတို့လည်း ရောက်လာတာလား”

ထျန်းမင်တောင်သခင်သည် တွန့်ကနဲ ဖြစ်သွား၏။ သို့ပေမဲ့ အမူအရာက အေးစက်လို့ နေ၏။ အသာ ရယ်မောပြီးသည့်နောက် လက်သီးကို ဆုပ်ကာ ပြောလိုက်၏။ “မထင်မှတ်ထားလောက်အောင်ဘဲ ခွဲခွာခဲ့တာ ရက်အနည်းငယ်ပဲ ရှိသေးတယ်။ ပိုပြီးတော့ ကြည့်ကောင်းနေပါ့လား။ ဒီလို ဆိုရင်တောင်မှ ....”

ထျန်းမင်တောင်သခင်က ခဏ ရပ်တန့်လိုက်၏။ သူ၏အကြည့်သည် ဘေးတစ်ဖက်တွင် ရှိနေသည့် လျှိုချင်းကျီဆီသို့ ရောက်ရှိသွား၏။ ပြီးသည့်နောက် တည်ငြိမ်စွာ ပြောလိုက်သည်။ “သူ့ရဲ့ဒဏ်ရာတွေ ပြန်ပြီး ကောင်းသွားပြီ ဆိုရင်တောင်မှ ပေးလိုက်ရတဲ့ ကုန်ကျစရိတ်က တကယ့်ကို များမယ်နဲ့တူတယ်”

“ခင်ဗျား... ဖန်းရှန် .... သိပ်ပြီး ဂုဏ်ယူနေဖို့ မလိုပါဘူး။ ခင်ဗျားနဲ့ ကျုပ်တို့ လျှိုကလန်ရဲ့ သစ္စာဖောက်တို့က ပူးပေါင်းသွားပြီလေ။ ဒါပေမဲ့ အနာဂတ်မှာ သေလမ်းကနေ ရှောင်ပြေးလို့ ရမှာမဟုတ်ဘူး” သတ္တမ ဘိုးဘေးကြီး သည် တိကျခိုင်မာစွာ ပြောဆိုလိုက်၏။

“ကြည့်ရတာ ခင်ဗျားတို့က တော်တော်ကြီး ယုံကြည်ချက် ရှိနေတာပဲ။ ဘာလို့လဲ။ လျှိုချင်းဟုန်ကြောင့်လား” ထျန်းမင်တောင်သခင်နှင့် လျှိုချင်းယုတို့သည် တစ်ယောက်နှင့်တစ်ယောက် ကြည့်ရှုပြီး အသာရယ်မောလိုက် ကြ၏။ သူတို့အနေနှင့် ကောင်းကင်လျှို့ဝှက်နန်းဆောင်ထဲသို့ မဝင်ရသေးပါက ကျိန်းသေပေါက် လျှိုချင်းဟုန်နှင့် ပတ်သက်၍ စိုးရိမ်ပူပန်မိမှာ သေချာ၏။ သို့ပေမဲ့ လက်ရှိအချိန်မှာတော့ ၎င်းတို့သည် ကြောက်လန့်မှုဟူ၍ မရှိတော့ချေ။

လျှိုချင်းဟုန်သည် ခန့်မှန်း၍ မရနိုင်အောင် အားကောင်းသော်လည်း အင်မော်တယ်ဘုရင်အဆင့် စာရင်း၏ ထိပ်ဆုံးငါးဆယ် အနောက်တွင် တည်ရှိနေသည့် လူတစ်ယောက်ဖြစ်၏။ ထိပ်ဆုံးဆယ်ယောက်စာရင်းနှင့် နှိုင်းယှဉ်ရမည်ဆိုလျှင် မိုးနှင့်မြေလို ကွာခြားသည်။ ထို့အပြင် ထျန်းမင်တောင်သခင်သည် ငရဲလောက၏ နောက်ခံကို ပိုင်ဆိုင်၏။ လောကအသီးသီးတွင် ကောင်းကင်လျှို့ဝှက်နန်းဆောင် သခင်မှလွဲ၍ ၎င်းကို လွှမ်းမိုးနိုင်သည့်လူ ဟူ၍ မည်သူ ရှိသနည်း။

“ဟမ်”

သတ္တမဘိုးဘေးကြီးက မျက်မှောင်ကုတ်လိုက်၏။ တစ်ဖက်လူနှစ်ယောက်တွင် ရှိနေသည့် ယုံကြည်ချက် များသည် မည်သည့်နေရာက ရရှိလာခြင်း ဖြစ်ကြောင်း သူ သေသေချာချာ မသိရှိချေ။ အင်မော်တယ်ဘုရင် အဆင့် စာရင်းကြောင့်များလား။

အရေးအကြောင်း အခြေအနေမျိုးတွင် ထျန်းမင်တောင်သခင်သည် ကိုးဆယ့်လေးယောက်မြောက် နေရာ၌သာ တည်ရှိ၏။ အလွန်နိမ့်ကျသည့် တည်နေရာ၌ တည်ရှိနေခြင်းပင်။ သို့ပေမဲ့ အဘယ်ကြောင့် ဤမျှ ယုံကြည်ချက် ရှိနေရသနည်း။

“ကောင်းကင်လျှို့ဝှက်နန်းဆောင်ထဲမှာ ခင်ဗျားတို့ သတင်းအချက်အလက်တွေကို စုစည်းခဲ့မိတဲ့ပုံပဲ” သတ္တမ ဘိုးဘေးကြီးက လေးလေးနက်နက် ပြောလိုက်၏။

“ကျုပ်တို့ ဘာလို့ စုစည်းလို့ မရမှာလဲ”

ထျန်းမင်တောင်သခင်က ရယ်မောလိုက်၏။ ပြီးနောက် သူသည် ရှေ့ကို လှမ်းတက်ပြီးသည့်နောက် သတ္တမဘိုးဘေးကြီး၏ ရှေ့တည့်တည့်တွင် ရပ်လိုက်၏။ ပြီးနောက် ခေါင်းငုံ့ကြည့်ရင်း မောက်မာစွာ ပြောလိုက်သည်။ “နတ်ဆိုးလောကအပြင်ဘက်မှာ ခင်ဗျားတို့ လုပ်ခဲ့တဲ့ လုပ်ရပ်သေးသေးလေးတွေကို ဘယ်သူမှ သတိမပြုမိဘူး ထင်လို့လား”

သူ၏ စကားလုံးသည် နွေခေါင်ခေါင်တွင် မိုးကြိုးပစ်ချလိုက်သကဲ့သို့ပင် သတ္တမဘိုးဘေးကြီးအား ကြောင်အသွား စေခဲ့၏။ ၎င်းသည် ကောင်းကင်လျှို့ဝှက်နန်းဆောင်ထဲသို့ လှမ်းကာ ကြည့်ရှုပြီးသည့်နောက် အရှေ့တွင် ရှိနေသည့် ထျန်းမင်တောင်သခင်အား သတ်ဖြတ်လိုခြင်း ဆန္ဒအပြည့်ဖြင့် လှမ်းကာ ကြည့်ရှုလိုက်၏။ သို့ပေမဲ့ သူသည် ချက်ချင်းပဲ ထိုအမူအရာများကို ထိန်းသိမ်းလိုက်၏။ ဤနေရာသည် တော်ဝင်သဲကန္တာရမြို့ ဖြစ်၏။ အင်မော်တယ်ဘုရင် ဖြစ်သည်ဆိုလျှင်တောင်မှ လှုပ်ရှားတိုက်ခိုက်မှုကို တားမြစ်ထား၏။

“ဟား ဟား ဟား ဟား”

ထျန်းမင်တောင်သခင်က နှာခေါင်းရှုံ့ကာဖြင့် ထူးမခြားနားသလို ပြောလိုက်သည်။ “လောကအသီးသီးမှာ ခင်ဗျားတို့ လျှိုကလန်က လုပ်ချင်တိုင်း လုပ်လို့ရမယ် ထင်နေတာလား။ ပြောရမယ်ဆိုရင် ဒီတစ်ကြိမ် ကွာစီအင်မော်တယ် အင်ပါယာအဆင့် အခွင့်အရေးက စောစောစီးစီး ထွက်ပေါ်လာခဲ့တာ ခင်ဗျားတို့ လျှိုကလန်ရဲ့ ကူညီပေးမှုကြောင့်ပဲဖြစ်တယ်။ ဒါကြောင့် ကျေးဇူးတင်ပါတယ်။ ခင်ဗျားတို့သာ မရှိဘူးဆိုရင် စွမ်းအားမြင့် ကျင့်ကြံသူတွေက အမှောင်ထဲမှာပဲ ပုန်းအောင်းနေနိုင်တယ်လေ”

“ဖန်းရှန်... အရမ်းကြီး အောင်ပွဲခံမနေပါနဲ့”

ထိုအချိန်မှာတော့ လျှိုရွှမ်ချမ်သည် ရှေ့သို့ လျှောက်ထွက်လိုက်၏။ ၎င်းသည် လျှိုချင်းယုအား ဒေါသတရားများ ပါသည့် အကြည့်ဖြင့် လှမ်းကာ ကြည့်ရှုလိုက်၏။ ပြီးနောက် ထျန်းမင်တောင်သခင်ကို ထပ်မံကြည့်ရှုကာ ပြောဆိုလိုက်၏။

“ကျုပ်တို့ လျှိုကလန်ရဲ့ အစီအစဉ်နဲ့ ပတ်သက်ပြီး ခင်ဗျားသိသွားမယ်ဆိုရင်တောင် ဘာလုပ်နိုင်မှာမလို့လဲ။ မှတ်ထား ခင်ဗျားတို့က ကောင်းကင်လျှို့ဝှက်နန်းဆောင်ထဲက ထွက်ခွာသွားခဲ့ပြီ။ ကျုပ်တို့က အခုမှဝင်မှာ”

ထျန်းမင်တောင်သခင်၏ အပြုံးသည် တန့်သွားခဲ့၏။ သူ၏ အမူအရာသည်လည်း ချက်ချင်းပဲ ပျက်ယွင်းသွားခဲ့သည်။

လျှိုရွှမ်ချမ်က ပြုံးလိုက်၏။ ပြီးနောက် ခပ်ရိရိ ပြောဆိုလိုက်၏။ “ခင်ဗျားက စည်းခတ်ခံထားရတာ အကြာကြီးပဲလေ။ ပြီးတော့ ကျုပ်တို့ လျှိုကလန်ရဲ့ သစ္စာဖောက်တစ်ယောက်နဲ့ ပူးပေါင်းခဲ့တယ်။ ခင်ဗျားတို့ ရနိုင်တဲ့ အရင်းအမြစ်က ဘယ်လောက်ရှိမှာမလို့လဲ။ ကျုပ်တို့ရဲ့နောက်မှာ လျှိုကလန် တစ်ခုလုံးရဲ့ ထောက်ပံ့မှု ရှိနေတယ်”

“ဟမ်” ထျန်းမင်တောင်သခင်၏ အမူအရာက ပျက်ယွင်းသွားခဲ့၏။ သူသည် မနှစ်သက်ဖွယ်သော စကားကို ကြားလိုက်ရသလိုပင်။

လျှိုရွှမ်ချမ် ပြောဆိုခြင်းသည် အမှားအယွင်း မဟုတ်ချေ။ သူနှင့် လျှိုချင်းယုတို့ ပူးပေါင်းထားခဲ့သည့် အရင်းအမြစ်သည် လျှိုကလန်နှင့် နှိုင်းယှဉ်မည် ဆိုပါက ကျိန်းသေပေါက် ကွာခြားချက် ရှိနေ၏။ လျှိုကျန်းရန် သစ္စာဖောက်ပြီး ယူခဲ့သည့် အရင်းအမြစ်များ တည်ရှိနေသည် ဆိုလျှင်တောင်မှ လျှိုကလန် တစ်ခုလုံးကို သက်ရောက်မှု မရှိခဲ့ချေ။

All Chapters