← Chapters

အခန်း (၇၃၁)

Vol. 49 Ch. 731

အခန်း (၇၃၁)

Vol. 49 Ch. 731

“ဪ”

သတ္တမဘိုးဘေးကြီးသည် အလစ်အငိုက်မိသွားခဲ့၏။ သူ ခန့်မှန်းတာ မှန်မည်ဆိုပါက ကွာစီအင်မော်တယ် အင်ပါယာအဆင့် အခွင့်အရေးသည် ဝိညာဉ်နတ်ဆိုးတောအုပ် ဌာနေအရှင်၏ အစီအစဉ်နှင့် ပတ်သက် ဆက်နွယ်လျက် ရှိနေလေ၏။

ထျန်းမင်တောင်သခင်နှင့် တခြားသောသူများသည် ရည်ရွယ်ချက်မရှိဘဲ ထိုအဖြစ်အပျက်ထဲသို့ ဝင်ရောက်မိခဲ့ခြင်းပင်။

ဝိညာဉ်နတ်ဆိုးတောအုပ် ဌာနေအရှင်သည် တစ်ခါမှ အပြင်ဘက်သို့ မထွက်ခဲ့ချေ။ ထျန်းမင်တောင်သခင်နှင့် တခြားသောသူများသည် ကွာစီအင်မော်တယ် အင်ပါယာဖြစ်ရန်သာ စိတ်ဝင်စားလျက် ရှိနေ၏။ ဤရည်မှန်းချက် နှစ်ခုသည် အဘယ့်ကြောင့် လာရောက်ကာ တိုက်ဆိုင် နေရသနည်း။

ဝိညာဉ်နတ်ဆိုးတောအုပ် ဌာနေအရှင်သည် သံသယရှိစရာ မလိုပါဘဲ ၎င်း၏အစီအစဉ်အတိုင်း ပြုမူ ဆောင်ရွက်နေခြင်းသာ ဖြစ်ပေလိမ့်မည်။

ကွာစီအင်မော်တယ် အင်ပါယာအဆင့် အခွင့်အရေးသည် နတ်ဆိုးလောက ၏ ထောင့်တစ်နေရာတွင် ပေါ်ပေါက်လာခဲ့သည် ဆိုသော သတင်းသည် တည်နေရာအနှံ့သို့ ပျံ့နှံ့သွားခဲ့ပြီးဖြစ်၏။ ထိုသတင်းအချက်အလက်သည် ဖိနှိပ်၍ မရနိုင်တော့ချေ။ ပိုမို၍ မဆိုးရွားစေရန်အတွက် ၎င်းတို့၏ နတ်ဆိုးလောကတွင် ရှိနေသည့် စွမ်းအားမြင့်ကျင့်ကြံသူများသည် ကွာစီအင်မော်တယ် အင်ပါယာအဆင့် အခွင့်အရေးနှင့်ပတ်သက်၍ ကျိန်းသေပေါက် စောင့်ကြည့်ရပေတော့မည်။

“စီနီယာ.. ဒီဂျူနီယာဆီမှာ အကြံအစည်တစ်ခုရှိပါတယ်။ နားထောင်ချင်လား” လျှိုရွှမ်ချမ်က မေးမြန်း လိုက်၏။

လီယွင်သည် တစ်ဖက်လူကို လှမ်းကြည့်ရှုကာဖြင့် စဉ်းစားလိုက်သည်။ “ဆက်ပြော”

“စီနီယာ.. ခုဏတုန်းက ကွာစီအင်မော်တယ် အင်ပါယာအဆင့် အခွင့်အရေးနဲ့ ဝိညာဉ်နတ်ဆိုးတောအုပ် ဌာနေအရှင်တို့ရဲ့ အစီအစဉ်တွေက ပတ်သက်ဆက်နွယ်လျက် ရှိနေတယ်လို့ ပြောခဲ့တယ်လေ။ ဒီလိုဆိုရင်”

လျှိုရွှမ်ချွမ်သည် သူ၏လက်များကို အသာပွတ်သပ်ကာဖြင့် အကြံပြုလိုက်၏။

“ဝိညာဉ်နတ်ဆိုးတောအုပ် ဌာနေအရှင်ရဲ့ ထူးခြားတဲ့အကြံအစည်ကို ကျုပ်တို့မသိဘူး ဆိုရင်တောင်မှ ကျုပ်တို့အနေနဲ့ ကွာစီအင်မော်တယ် အင်ပါယာ အခွင့်အရေးထဲမှာ ရှိနေတဲ့ သူ့ရဲ့ရည်ရွယ်ချက်ကို နားလည်ရင် ရပြီ။ အဲလောက်ဆိုရင် ကျုပ်တို့အတွက် လုံလောက်ပြီ။ ကျုပ်တို့ အရင်းအမြစ် ဘယ်လောက် လိုအပ်လိမ့်မလဲ”

“ဪ”

လီယွင်သည် မျက်ခုံးကိုပင့်လိုက်၏။ သူသည် ရှင်းလင်းစွာဖြင့် လျှိုရွှမ်ချမ်၏ ရည်ရွယ်ချက်ကို သိရှိသည်။ ထို့ကြောင့် တည်ငြိမ်စွာပင် ပြောဆိုလိုက်သည်။ “တချို့ကိစ္စတွေက မသိတာထက် သိတာပိုပြီး ခက်တယ်”

“ဒါ.. ဒါကို ဂျူနီယာ နားလည်ပါတယ်” လျှိုရွှမ်ချမ်က ခေါင်းညိတ်လိုက်၏။ အသင်္ချေ များပြားသည့် လောကအသီးသီးတွင် တစ်စုံတစ်ယောက်သည် အနှိုင်းမဲ့သည့် ရည်မှန်းချက်ကို ပိုင်ဆိုင်သည်ဆိုပါက ကျိန်းသေပေါက် ၎င်း၏အစီအစဉ် တစ်ခုလုံးသည် ဆိုးရွားသည့်အကြောင်းအရာသာ ဖြစ်ပေလိမ့်မည်။

“ကျုပ်တို့ ဂျူနီယာတွေအနေနဲ့ သေရမယ်ဆိုရင်တောင်မှ ဘာကြောင့်မှန်းမသိဘဲ သေဆုံးသွားတာမျိုးကို မလိုချင်ဘူးလေ” ထိုအချိန်မှာတော့ လျှိုချင်းကျီက ဝင်ရောက်ကာ ပြောဆိုလိုက်၏။

ကောင်းကင်လျှို့ဝှက် နန်းဆောင်သခင် အစောတုန်းက သတိပေးခဲ့သည့်အတိုင်း သူသည် အဆိုးဆုံးကို ကြိုတင် ပြင်ဆင်စဉ်းစားခဲ့ပြီးသား ဖြစ်၏။ ဝိညာဉ်နတ်ဆိုးတောအုပ် ဌာနေအရှင်၏ စီစဉ်မှုများသည် သက်ရှိ သတ္တဝါ အားလုံးတို့အတွက် ဘေးအန္တရာယ်ကြီး တစ်ခုဖြစ်ပြီး ၎င်းတို့အင်မော်တယ်ဘုရင်သုံးပါးအနေနှင့် ထိုအရာကို နားလည်နိုင်ရန် အရည်အချင်း ရှိချင်မှရှိပေလိမ့်မည်။

သူတို့အနေနှင့် ထိုကဲ့သို့သော အကြောင်းအရာကို ပြောင်းလဲနိုင်ခွင့် မရှိဘူးဆိုလျှင်တောင်မှ တစ်စုံတစ်ခုတော့ ပြုလုပ်၍ ရနိုင်သေး၏။ အလကား ထိုင်နေ၍ မဖြစ်ချေ။

“အင်မော်တယ်ဘုရင်အဆင့် ပစ္စည်းသုံးခု” လီယွင်သည် လက်သုံးချောင်းကို ထောင်ပြီး ပြောလိုက်သည်။

သူ့အနေနှင့် ဘာကို ပြောဆိုရမည် ဆိုသည်ကို အစောကြီးထဲက သိရှိပြီးသားဖြစ်၏။ တစ်ဖက်လူများအနေနှင့် အနည်းငယ် ပိုမိုကာ စုံစမ်းစစ်ဆေးချင်သည်ဆိုမှတော့ ကျိန်းသေပေါက် ထိုအရာများကို ဖုံးကွယ်ထားရန် ရည်ရွယ်ချက် မရှိတော့ချေ။

ထို့အပြင် သူ့၌ အရင်းအမြစ်များ လိုအပ်လျက် ရှိနေ၏။ အင်မော်တယ်ဘုရင်ပေါင်း မြောက်များစွာ ရောက်ရှိလာပြီးသည့်နောက် သူသည် အရင်းအမြစ်ပေါင်းများစွာကို ရရှိခဲ့၏။ တွက်ချက်ရမည် ဆိုလျှင် လက်ရှိအဆင့်ကို ချိုးဖြတ်ရန်အတွက် လုံလောက်သည့် အရင်းအမြစ်များကို ရရှိနိုင်လိမ့်မည်ဟုလည်း တွက်ချက်ထားခဲ့ပြီး ဖြစ်၏။ သူသည်သာ အင်မော်တယ် အင်ပါယာဖြစ်လာပါက စကြဝဠာတစ်ခုလုံး ပြောင်းပြန်လန်သွားမည် ဆိုလျှင်တောင်မှ သူ့အား သက်ရောက်လိမ့်မည် မဟုတ်ချေ။

“သဘောတူတယ်” လျှိုရွှမ်ချမ်နှင့် သတ္တမဘိုးဘေးကြီးတို့သည် တစ်ယောက်ကိုတစ်ယောက် ကြည့်ရှုလိုက်၏။ တစ်ချက်ကလေးမှ မတွန့်ဆုတ်ကြချေ။ ကျင့်ကြံခြင်း နည်းစနစ် နှစ်ခုနှင့် စိတ်ဝိညာဉ်ဆေးပင်တစ်ခုကို ထုတ်ယူပြီးသည့်နောက် လီယွင်၏ အရှေ့သို့ အသာချပေးလိုက်၏။

လီယွင်သည် ပစ္စည်းသုံးခုကို လှမ်းကြည့်ပြီးသည့်နောက် လက်ကိုယမ်းခါကာ သိမ်းဆည်းလိုက်၏။ တစ်ဖက်လူ သုံးယောက်၏ မျှော်လင့်တကြီး အကြည့်အောက်မှာပဲ သူက ဖြည်းညှင်းစွာ ပြောလိုက်သည်။

“အချက်အလက်အားဖြင့်ဆိုရင် ခင်ဗျားတို့ နှလုံးသားထဲမှာ တချို့သော ခန့်မှန်းမှုတွေ ရှိနေမယ်လို့ ထင်တယ်။ ဝိညာဉ်နတ်ဆိုးတောအုပ် ဌာနေအရှင်ရဲ့ အစီအစဉ်နဲ့ပတ်သက်ပြီးတော့ ခင်ဗျားတို့ရဲ့ စိတ်ထဲမှာ ရဲရဲကောက်ချက်ချဖို့ ယုံကြည်ချက် မရှိဘူး။ ဒါကြောင့် ကျုပ်ရဲ့အတည်ပြုချက်ကို လိုချင်တာပဲ ဖြစ်လိမ့်မယ်”

လီယွင်၏ စကားလုံးများသည် ထိုလူသုံးယောက်တို့၏ နှလုံးသားများကို အပြင်းအထန် ခုန်သွားစေခဲ့၏။ ဝိညာဉ်နတ်ဆိုးတောအုပ် ဌာနေအရှင်သည် ကျိန်းသေပေါက် ကွာစီအင်မော်တယ် အင်ပါယာ တစ်ယောက် ဖြစ်၏။ ၎င်း၏အစီအစဉ်သည် သေးငယ်လိမ့်မည် မဟုတ်ချေ။ ကွာစီအင်မော်တယ် အင်ပါယာများနှင့် ပတ်သက်၍ လုံလောက်သည့် အစီအစဉ်များကိုပင် ချမှတ်ထားပြီးသား ဖြစ်ပုံပေါ်၏။

ဝိညာဉ်နတ်ဆိုးတောအုပ် ဌာနေအရှင်သည် အင်မော်တယ် အင်ပါယာအဆင့်ကို ချိုးဖြတ်ချင်သည့် စိတ်ဆန္ဒမရှိဘူး ဆိုလျှင်တောင်မှ အင်မော်တယ် အင်ပါယာအဆင့်ဆီသို့ ချိုးဖြတ်ရောက်ရှိနေသည့် တစ်စုံတစ်ယောက်၏ အစီအမံ ဖြစ်ကောင်းဖြစ်နိုင်၏။ ဤလူသည် အတိတ်တုန်းက ငရဲလောက၏ အရှင်ကဲ့သို့ပင် ဆန်းကြယ်သည့်လူပင် ဖြစ်ပေလိမ့်မည်။ အင်မော်တယ် အင်ပါယာများသည် သတ်ဖြတ်ရန် ခက်ခဲပြီး သေဆုံးရန်လည်း ခက်ခဲလွန်းလှ၏။ သေဆုံးသွားသည် ဆိုလျှင်တောင်မှ ဖုံးကွယ်ထားသည့် အချက်အလက်များကို ထားရှိခဲ့နိုင်သည်။

ထိုကဲ့သို့သောအရာမျိုးကို ဝိညာဉ်နတ်ဆိုးတောအုပ် ဌာနေအရှင်က ရရှိခဲ့ပြီးသည့်နောက် သေချာသည့် အစီအစဉ်များကို ဖန်တီးနိုင်ခဲ့ခြင်းလည်း ဖြစ်ပေလိမ့်မည်။ ဘာတစ်ခုမှတော့ မသေချာလှချေ။ ဤလူသည် ငရဲလောက၏အရှင် ထားရှိခဲ့သည့်အရာ တစ်ခုခု ဖြစ်နေလေသည်လား။ မည်သူသိမည်နည်း။

ကောင်းကင်လျှို့ဝှက်နန်းဆောင်သခင် မပြောခင်တည်းက ဤအတွေးများသည် သူတို့၏ စိတ်ထဲတွင်သာ ရှိခဲ့၏။ မှန်သလား၊ မှားသလား မသိကြချေ။ ထို့အတူ အတည်ပြုရန်လည်း မရဲကြချေ။ သို့ပေမဲ့ လက်ရှိ ကောင်းကင်လျှို့ဝှက်နန်းဆောင်သခင် ပြောလိုက်သည့်အချိန်မှာတော့ သူတို့သုံးယောက်လုံး၏ နှလုံးသားများ က တင်းကြပ်သွားခဲ့၏။

“ခင်ဗျားတို့ ခန့်မှန်းထားတဲ့အတိုင်းပဲ”

လီယွင်၏ နှုတ်ခမ်းထောင့်တွင် အပြုံးတစ်ခုက ပေါ်ပေါက်လာခဲ့သည်။ “သူက အချိန်ရဲ့ မြစ်ရေစီးကြောင်းကနေပြီးတော့ ငရဲလောကရဲ့အရှင်ကို ပြန်ခေါ်ဖို့အတွက် ပြင်ဆင်နေတာပဲ”

“ဘာ”

သူတို့စိတ်ထဲတွင် တွက်ချက်ထားခဲ့သည်ဆိုလျှင်တောင်မှ ဤအရာသည် သေချာသည့် အဖြေတစ်ခု ဖြစ်လာခဲ့၏။ ဤစကားကို ကြားသိသည့်အချိန်မှာတော့ သူတို့သုံးယောက်လုံးသည် ကျိန်းသေပေါက် တုန်လှုပ်သွားကြ၏။ သတင်းသည် တကယ်ကို ကြီးမားလွန်း၏။ အပြင်ဘက်သို့ ပျံ့နှံ့သွားသည် ဆိုပါက အသင်္ချေ များပြားသည့်လောကကြီး အသီးသီးထဲတွင် ဟာရီကိန်းမုန်တိုင်းကဲ့သို့ ပျံ့နှံ့သွားမှာ သေချာ၏။

ငရဲလောက၏ သတ္တဝါများ မဟုတ်ပါက မည်သူမှသည် သေဆုံးပြီးနောက် အခြားသူ တစ်ယောက်၏ ခြယ်လှယ် လွှမ်းမိုးခြင်းကို ခံချင်ကြမည် မဟုတ်ချေ။ သူတို့သည် လွှမ်းမိုးချုပ်ကိုင်ခြင်းကို မခံချင်ကြချေ။

ထို့ကြောင့် ငရဲလောက၏အရှင် ပြန်မလာမှသာ ဖြစ်ပေလိမ့်မည်။ သို့ပေမဲ့ မထင်မှတ်ထား လောက်အောင်ပင် ဝိညာဉ်နတ်ဆိုးတောအုပ်၏ ဌာနေအရှင်သည် ဤကဲ့သို့သော အရာများ ဖြစ်လာရန် တိတ်တဆိတ် ကြိတ်ကာ စီစဉ်လျက် ရှိနေသည်။

သူတို့သည် အဘယ့်ကြောင့် မျက်စိကန်းနေသလို ထိုအရာများကို မမြင်ခဲ့ရသနည်း။

All Chapters