← Chapters

အခန်း (၁၄၂၀-၁၄၂၂)

Vol. 95 Ch. 1420-1422

အခန်း (၁၄၂၀-၁၄၂၂)

Vol. 95 Ch. 1420-1422

အခန်း(၁၄၂၀)

တည်နေရာရွှေ့ပြောင်းခြင်း အစီအရင်ကနေ သွေးရောင်ပုံရိပ်လေးခုကို မြင်လိုက်ရလျှင် ယဲ့ထျန်းကျီနှင့် တခြားသူများ၏ အမူအရာသည် ချက်ချင်းဆိုသလို အလွန်တရာ လေးနက်လာခဲ့သည်။

သွေးဝိညာဥ်မျိုးနွယ်စုမှ ကျင့်ကြံသူ လေးယောက်သည် တည်နေရာ ရွှေ့ပြောင်းခြင်း အစီအရင်မှ တစ်ဆင့် ရှန်းဝူတိုက်၏နယ်နမိတ်ကို ဖြတ်ကျော်လာကြပြီ ဖြစ်သည်။

သွေးဝိညာဥ် မျိုးနွယ်စုတပ်ဖွဲ့သည် ရှန်းဝူကုန်းမြေသို့ တစ်ဖန်ပြန်လည် ရောက်ရှိနိုင်ပါသလော။

"ဒီလို အရေးကြီးတဲ့အချိန်မှာ သွေးဝိညာဥ်မျိုးနွယ်စုက ကျင့်ကြံသူတွေ ရောက်လာလိမ့်မယ်လို့ မမျှော်လင့်ခဲ့ဘူး"

ရှားကျန့်က တည်နေရာရွှေ့ပြောင်းခြင်း အစီအရင်အနီးရှိ သွေးပုံရိပ်လေးခုကို ကြည့်ကာ အစီအရင် ဖွဲ့စည်းမည့် အစီအစဥ်ကို ယာယီ စွန့်လွှတ်လိုက်သည်။

"သွေးဝိညာဥ်မျိုးနွယ်စုက သူတို့စစ်တပ်ကို မလွှတ်ခဲ့ဘဲ ဒီလေးယောက်ပဲ စေလွှတ်ခဲ့တာ ကံကောင်းတယ်လို့ သဘောထားသင့်တယ်"

သွေးပုံရိပ်လေးခု ပေါ်ထွက်လာပြီးနောက်တွင် ယဲ့ထျန်းကျီသည် တည်နေရာရွှေ့ပြောင်းခြင်း အစီအရင်ကို စေ့စေ့စပ်စပ် အကဲခတ်လိုက်သည်။

သူက တည်နေရာရွှေ့ပြောင်းခြင်း အစီအရင်တွင် မည်သို့သော မူမမှန်သည့် စွမ်းအင်လှိုင်း လှုပ်ရှားမှုမှ မပြသည်ကို မြင်သောအခါမှသာ သက်ပြင်းချလိုက်၏။

"သွေးဝိညာဥ်မျိုးနွယ်စုက လေးယောက်ထဲ စေလွှတ်လိုက်ပေမဲ့ ငါတို့အနေနဲ့ ဒီလေးယောက်ကို ရင်ဆိုင်ဖို့ မလွယ်လောက်ဘူး"

ချင်ထျန်းကျန့်က လေးနက်သော အမူအရာဖြင့် ပြောလိုက်သည်။

"ဒီလေးယောက်ရဲ့ အရှိန်အဝါက အရမ်းကို အားကောင်းတယ် သူတို့အားလုံးက အင်ပါယာတစ်ပိုင်း နယ်ပယ်အဆင့် ကျင့်ကြံသူတွေ ဖြစ်နေမှာကို ငါစိုးရိမ်မိတယ်"

"တိုက်ပွဲအတွက် အသင့်ပြင်ကြ.. ဘယ်လိုပဲဖြစ်ဖြစ် ကျိုးယို မလွတ်မြောက်လာခင် ဒီလေးယောက်ကို ရှင်းပစ်ရမယ်"

ရှားကျန့်က အသက်ကိုခပ်ပြင်းပြင်းရှူရှိုက်၍ ပြောလိုက်သည်။

သူ၏ အိုမင်းသောမျက်ဝန်းတွင် ပြတ်သားသော အရိပ်အယောင်များ ဖြစ်ပေါ်လာခဲ့သည်။

အင်ပါယာတစ်ပိုင်းအဆင့် ကျင့်ကြံသူ လေးယောက် ဆိုသည်မှာ လက်ရှိ ရှန်းဝူကုန်းမြေ အတွက် အလွန် ကြောက်မက်ဖွယ်ရာကောင်းသော အင်အားစုတစ်ခု ဖြစ်သည်။

ဤလေးယောက်ကို အမြန်ဆုံး မဖယ်ရှားနိုင်လျှင် မကြာခင်လွတ်မြောက်တော့မည့် ကျိုးယိုသည် ထိုလေးယောက်နှင့်ပူးပေါင်းကာ ရှန်းဝူကုန်းမြေကို အမှန်တကယ် အနိုင်ယူသွားလိမ့်မည် ဖြစ်သည်။

ရှားကျန့်နှင့် အခြားသူများက ပုံရိပ်လေးခုကို အကဲခတ်ကြည့်နေစဥ်မှာပင် ထိုလေးဦးသည်လည်း ရှားကျန့်နှင့်အခြားသူများ ဤနေရာတွင် ရှိနေသည်ကို သိရှိသွားခဲ့ကြသည်။

"ခေါင်းဆောင်.. ရှန်းဝူကုန်းမြေတိုက်ကို စောင့်ရှောက်နေတဲ့ကျင့်ကြံသူတွေ ရှိနေတယ် ကျွန်တော်တို့ ဘာဆက်လုပ်သင့်လဲ"

သွေးရောင်ဝတ်စုံကို ဝတ်ထားသည့် အရပ်ပုပု လူငယ်တစ်ဦးသည် ရှားကျန့်နှင့် တခြားသူများကို တစ်ချက် ကြည့်လိုက်ပြီးနောက်တွင် ခေါင်းဆောင်ဖြစ်သည့် လူလတ်ပိုင်းအရွယ် အမျိုးသားကို ပြောလိုက်သည်။

"ဒီရှန်းဝူကုန်းမြေတိုက်က ကျင့်ကြံသူတွေက အားမနည်းဘူး သူတို့ထဲမှာ အင်ပါယာတစ်ပိုင်းအဆင့် ကျင့်ကြံသူတွေတောင် ရှိနေတယ်"

လူလတ်ပိုင်းအရွယ် အမျိုးသား၏ မျက်လုံးက တလက်လက် တောက်ပသွားခဲ့သည်။

"သူတို့ကို ဂရုစိုက်မနေနဲ့.. စည်းတံဆိပ်ကိုဖျက်ပြီး ငါတို့ရဲ့တပ်မှုးချုပ်ကို အရင်ဆုံး လွတ်မြောက်အောင် ကူကြရအောင်"

လူလတ်ပိုင်းအရွယ် အမျိုးသား၏ စကား အဆုံးသတ်သည်နှင့် သူ၏အနောက်ဘက်ရှိ သွေးပုံရိပ် သုံးခုသည် ပလ္လင်ကနေ လျှပ်တစ်ပြက် ထွက်လာခဲ့ကြပြီး ပလ္လင်၏ လေးဖက်လေးလံတွင် ရပ်လိုက်ကြသည်။

"သူတို့က ကျိုးယိုကို အစီအရင်ကနေ လွတ်မြောက်အောင် ကူညီချင်နေတာပဲ.. သူတို့ကို ခွင့်ပြုလို့ မဖြစ်ဘူး"

ရှားကျန့်၏ အမူအရာက ပြင်းထန်စွာ ပြောင်းလဲသွားခဲ့သည်။

ချက်ချင်းဆိုသလိုပင် သူ၏ ခန္ဓာကိုယ်ကနေ ကြောက်မက်ဖွယ်အရှိန်အဝါများ ပေါက်ကွဲထွက်လာခဲ့ပြီး လူလတ်ပိုင်းအရွယ် အမျိုးသားဆီသို့ ပြေးဝင်သွားခဲ့သည်။

ယဲ့ထျန်းကျီနှင့် ချင်ထျန်းကျန့်တို့သည်လည်း ဤမြင်ကွင်းကိုမြင်လျှင် လုံးဝ တုံ့ဆိုင်းမနေဘဲ သွေးပုံရိပ် တစ်ခုချင်းစီသို့ လျင်မြန်စွာ ပြေးဝင်သွားကြသည်။

ရှားယွင်ချုံး၊ မုန့်ချင်းရွှယ်နှင့် အခြားသူများကမူ ကျင့်ကြံသူများစွာကို ဦးဆောင်ကာ သွေးရောင်ဝတ်စုံ ဝတ်ဆင်ထားသော အရပ်ပုပု လူငယ်ကို ဝိုင်းရံတိုက်ခိုက်ခဲ့ကြသည်။

"ဒီတစ်ကြိမ် ငါတို့ရောက်လာတာက ငါတို့ရဲ့ တပ်မှုးချုပ်ကို ရွှယ်လင်ကုန်းမြေတိုက်ဆီ ပြန်ခေါ်သွားဖို့ အတွက်ပဲ.. မင်းတို့နဲ့ တိုက်ပွဲ မဖြစ်ချင်ဘူး"

လူလတ်ပိုင်းအရွယ် အမျိုးသားက ရှားကျန့်၏ ပြင်းထန်သော တိုက်ခိုက်မှုကို တားဆီးရင်း လက်ကာပြ၍ ပြောလိုက်သည်။

"မင်းတကယ် တိုက်ခိုက်ရင်တော့ ငါညှာနေမှာ မဟုတ်ဘူး"

"ဟမ့် ကျိုးယိုက မင်းတို့ သွေးဝိညာဥ်မျိုးနွယ်စုကို ဦးဆောင်ပြီး ရှန်းဝူကုန်းမြေတိုက်ကို ကျူးကျော်ခဲ့တယ်.. ငါတို့ ရှန်းဝူကုန်းမြေတိုက်က အင်ပါယာတွေသာ အသက်စွန့်ပြီး မတိုက်ခိုက်ခဲ့ရင် ရှန်းဝူကုန်းမြေတိုက်က မင်းတို့ သွေးဝိညာဥ်မျိုးနွယ်စုကြောင့် ပျက်စီးသွားလောက်ပြီ.. ဒီနေ့တော့ မင်းတို့က ကျိုးယိုကို ကယ်တင်ဖို့ ရောက်လာကြတယ်.. ငါတို့က မင်းတို့ကို ခွင့်ပြုမယ်ထင်နေလား"

ရှားကျန့်က အေးစက်စက် ပြောဆိုလိုက်ပြီး မိုးကြိုးဥပဒေသကို ထုတ်သုံးကာ လူလတ်ပိုင်းအရွယ် အမျိုးသားကို တိုက်ခိုက်လိုက်သည်။

"ငါ့ကို တားဆီးတဲ့သူတွေ သေရမယ်"

လူလတ်ပိုင်းအရွယ်အမျိုးသားက ဒေါသတကြီး ကြုံးဝါးလိုက်ပြီး ကြောက်မက်ဖွယ်ကောင်းသော သွေးစွမ်းအားကို ထုတ်ဖော်ကာ ရှားကျန့်၏ မိုးကြိုးဥပဒေသကို ရင်ဆိုင်လိုက်သည်။

ရှားကျန့်နှင့် လူလတ်ပိုင်းအရွယ် အမျိုးသားတို့ တိုက်ခိုက်နေသော အချိန်တွင် ယဲ့ထျန်းကျီနှင့် အခြားသူများသည်လည်း သွေးဝိညာဥ် မျိုးနွယ်စုမှ အခြားသော ကျင့်ကြံသူသုံးဦးနှင့် တိုက်ခိုက်ခဲ့ကြသည်။

"ဝုန်း.. ဝုန်း.. ဝုန်း.."

ကောင်းကင်ကိုပင် တုန်လှုပ်စေသော စွမ်းအင် ပေါက်ကွဲသံများသည် လေထုထဲတွင် အဆက်မပြတ် ပဲ့တင်ထပ်နေခဲ့ပြီး ကြောက်မက်ဖွယ်ကောင်းသော စွမ်းအင်မုန်တိုင်းသည် ကောင်းကင်နှင့်မြေကြီး တစ်ခွင် တိုက်ခတ်ကာ အင်ပါယာမြှုပ်နှံခြင်းချောက်နက်အတွင်းရှိ နေရာတစ်ခုလုံးကို တုန်ခါစေခဲ့သည်။

၎င်းက ပလ္လင်ပေါ်ရှိ ငါးရောင်ခြယ် နတ်အလင်းကိုပင် သက်ရောက်မှုရှိခဲ့ပြီး ငါးရောင်ခြယ် နတ်အလင်းသည် မျက်စိဖြင့်မြင်နိုင်သော အရှိန်အဟုန်ဖြင့် လျင်မြန်စွာ ပျက်သုဥ်းသွားခဲ့သည်။

"မကောင်းတော့ဘူး တိုက်ပွဲမှာ ပေါက်ကွဲထွက်သွားတဲ့ စွမ်းအင်မုန်တိုင်းက ပလ္လင်ပေါ်က ရွှမ်းဝူကောင်းကင် အစီအရင်ကို သက်ရောက်မှုရှိနေတယ်.. ဒီအတိုင်းဆိုရင် ရွှမ်းဝူကောင်းကင် အစီအရင်က စောစောစီးစီး ပျက်စီးသွားလိမ့်မယ်"

ပလ္လင်ပေါ်မှ အပြောင်းအလဲများကို စောင့်ကြည့်နေသော ယဲ့ထျန်းကျီ၏ အမူအရာသည် ရုတ်တရက် ပြောင်းလဲသွားခဲ့သည်။

သူက ရှားကျန့်နှင့် အခြားသူများကို သတိပေးရန် ပြင်လိုက်စဥ်မှာပင် ကြောက်မက်ဖွယ်ကောင်းသော သွေးအရှိန်အဝါများပါဝင်နေသည့် ရုန့်ရင်းသော ရယ်သံတစ်သံသည် အင်ပါယာမြှုပ်နှံခြင်းချောက်နက် အတွင်း တိုက်ရိုက်ပင် ပဲ့တင်ထပ်လာခဲ့သည်။

"ဟားဟား.. ဒီနေ့တော့ ငါကျိုးယို ကမ္ဘာကြီးဆီ ပြန်ရောက်လာပြီ.. ဖျက်ဆီးပစ်လိုက်စမ်း"

ရယ်သံက ကမ္ဘာတစ်ဝန်းလုံးကို ပဲ့တင်ထပ်လာသည်နှင့် အမျှ ပလ္လင်အောက်ရှိ သွေးအလင်း၏ အရှိန်အဝါသည် အဆများစွာ မြင့်တက်လာခဲ့ပြီး ပလ္လင်ပေါ်မှ ငါးရောင်ခြယ် နတ်အလင်းကို တစ်ခဏအတွင်း လျင်မြန်စွာ ပျက်သုဥ်းသွားစေခဲ့သည်။

ဤသို့ဖြင့် ငါး‌ရောင်ခြယ် နတ်အလင်းက ပြိုကွဲသွားခဲ့ပြီး အင်ပါယာမြှုပ်နှံခြင်း ချောက်နက်တစ်ခုလုံးသည် ပြင်းထန်စွာ တုန်ခါသွားခဲ့သည်။

နောက်ထပ်တစ်ခဏမှာပင် ကြောက်မက်ဖွယ်ရာ ကောင်းသော စိတ်ဆန္ဒများဖြင့် ပြည့်နှက်နေသည့် သွေးအလင်းသည် ပလ္လင်အောက်ကနေ ကောင်းကင်ပေါ်သို့ ထိုးတက်သွားခဲ့ပြီး အဆုံးသတ်တွင် သွေးတိမ်တိုက် အဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။

ထိုသွေးတိမ်တိုက်၏ အထက်တွင် ဆံပင်ဖရိုဖရဲ ဖြစ်နေသော ပုံရိပ်တစ်ခုသည် ဝင့်ကြွားစွာ ရပ်နေခဲ့ပြီး ကောင်းကင်နှင့်မြေကြီးကို လွှမ်းခြုံထားသော သွေးဖိအားသည် အင်ပါယာမြှုပ်နှံခြင်း ချောက်နက်၏ ကောင်းကင်ယံ တစ်ခုလုံးတွင် ပြည့်နှက်နေခဲ့သည်။

ဤသွေးဖိအား၏ အောက်တွင် အားအနည်းဆုံး နတ်သန္ဓေအင်ပါယာနယ်ပယ် အဆင့် ကျင့်ကြံသူအချို့၏ မျက်နှာများသည် ချက်ချင်းပင် ဖြူဖျော့သွားကြသည်။

ရှားကျန့်နှင့်အခြားသူများသည် ဤမြင်ကွင်းကိုမြင်လျှင် တိုက်ခိုက်နေရာကနေ နောက်ဆုတ်ကာ တစ်နေရာတည်းတွင် အတူတကွ စုဝေးလိုက်ကြသည်။

၎င်းတို့က သွေးတိမ်တိုက် အထက်တွင် ကြောက်မက်ဖွယ်ကောင်းသော သွေးဖိအားကို ထုတ်လွှတ်နေသည့် သွေးပုံရိပ်ကို စူးစိုက် ကြည့်နေခဲ့ကြသည်။

ဤအချိန်တွင် သူတို့၏ အမူအရာများသည် အလွန်တရာပင် လေးနက်နေခဲ့သည်။

လွန်ခဲ့သော နှစ်ပေါင်း(၁၀၀၀၀)က သွေးဝိညာဥ် မျိုးနွယ်စုကိုဦးဆောင်ပြီး ရှန်းဝူကုန်းမြေတိုက်ကို တိုက်ခိုက်ခဲ့သော အစွမ်းထက် ကျင့်ကြံသူသည် အဆုံးသတ်တွင် လွတ်မြောက်လာခဲ့ပြီ ဖြစ်သည်။

"ငါတို့ သွေးဝိညာဥ်မျိုးနွယ်စုရဲ့ တပ်မှုးချုပ် နောက်ဆုံးတော့ လွတ်မြောက်လာခဲ့ပြီ"

သွေးဝိညာဥ်မျိုးနွယ်စု၏ အင်ပါယာတစ်ပိုင်းအဆင့် ကျင့်ကြံသူ လေးဦးသည် လေထုထဲရှိ ကျိုးယိုကို ကြည့်ကာ ရုတ်တရက် ပျော်ရွှင်သော အမူအရာများ ဖြစ်ပေါ်လာကြသည်။

မကြာမီမှာပင် သူတို့ လေးဦးစလုံးသည် ကျိုးယို၏ ရှေ့သို့ ရောက်လာကာ တလေးတစား ဦးညွှတ်ခဲ့ကြသည်။

"တပ်မှုးချုပ် လွတ်မြောက်လာတာကို ကြိုဆိုပါတယ်"

"တပ်မှုးချုပ် လွတ်မြောက်လာတာကို ကြိုဆိုပါတယ်"

"............"

ကျိုးယိုက သွေးတိမ်တိုက်ပေါ်တွင် ဝင့်ကြွားစွာ ရပ်နေခဲ့၏။

သူ၏ ရှည်လျားသော သွေးရောင်ဆံပင်သည် သူ၏ ကျောဘက်တွင် လေနှင့်အတူ လွင့်နေခဲ့သည်။

သူက နီရဲနေသော မျက်ဝန်းတစ်စုံဖြင့် ရှားကျန့်နှင့် အခြားသူများကို တိုက်ရိုက်ပင် စိုက်ကြည့်လိုက်သည်။

ဤလူများထံမှ ကျိုးယိုသည် ရင်းနှီးသော သွေးအရှိန်အဝါများကို ခံစားခဲ့ရသည်။

ယခု ဤနေရာတွင် စုဝေးနေကြသော ကျင့်ကြံသူများသည် လွန်ခဲ့သော နှစ်ပေါင်း(၁၀၀၀၀)က ရှန်းဝူကုန်းမြေတိုက်၏ အင်ပါယာများထံမှ ဆင်းသက်လာသော မျိုးဆက်များ ဖြစ်နေသည်မှာ ရှင်းလင်းနေ၏။

သူတို့၏ ဘိုးဘေးများနှင့် နှိုင်းယှဥ်လျှင် ဤလူများသည် အလွန်တရာပင် နိမ့်ကျလွန်းနေပြီး ကျိုးယို၏ မျက်လုံးထဲကို လုံးဝပင် ဝင်ရောက်နိုင်ခြင်း မရှိပေ။

"ဟားဟား အင်ပါယာဟောင်ထျန်း.. မင်းနောက်ဆုံးတော့ ရှုံးနိမ့်သွားရပြီ.. မင်းက ရှန်းဝူကုန်းမြေတိုက်ရဲ့ မူလစွမ်းအားကို ဖြတ်တောက်ပြီး ငါ့ကို နှစ်ပေါင်း(၁၀၀၀၀)ကြာ ဖိနှိပ်ခဲ့တယ် ဒါပေမဲ့ ဒီရလဒ်အဖြစ် ရှန်းဝူကုန်းမြေတိုက်မှာ အင်ပါယာတွေ ထပ်ပြီး ထွက်ပေါ်မလာတော့ဘူး.. အခု ရှန်းဝူကုန်းမြေတိုက်မှာ ဘယ်သူက ငါ့ကို တားဆီးနိုင်ဦးမှာလဲ"

ကျိုးယိုက အားပါးတရ ရယ်မောလိုက်ပြီး သူ၏ ရယ်သံသည် ကမ္ဘာတစ်ဝန်းလုံးကိုပင် ပဲ့တင်ထပ်နေခဲ့သည်။

"ဟမ့် ကျိုးယို မင်းသိပ်ပြီး အပျော်မစောနဲ့ဦး"

ကျိုးယို၏ စကားကို ကြားလျှင် ရှားကျန့်သည် အေးစက်စက် အော်ဟစ်လိုက်သည်။

"လွန်ခဲ့တဲ့နှစ်ပေါင်း(၁၀၀၀၀)က ငါတို့ရဲ့ ဘိုးဘေးတွေက မင်းကို တားဆီးနိုင်ခဲ့တယ်.. ဒီနေ့ ငါတို့တွေ ဒီနေရာမှာ စောင့်ကြပ်နေတယ်.. ငါတို့တွေ မသေသရွေ့ မင်း ရှန်းဝူကုန်းမြေတိုက်ကို မသိမ်းပိုက်နိုင်စေရဘူး"

အခန်း(၁၄၂၀)ပြီး၏။

အခန်း(၁၄၂၁)

ကျိုးယိုက မထီမဲ့မြင် ပြုံးလိုက်ပြီး ကောင်းကင်နှင့်မြေကြီးကို အုပ်စိုးသူသဖွယ် အောက်ဘက်ရှိ ရှားကျန့်နှင့် အခြားသူများကို အထင်သေးစွာ ကြည့်ရှုလိုက်သည်။

"ငါက အခုမှ လွတ်မြောက်လာတာ ဆိုတော့ ငါ့ရဲ့အထွတ်အထိပ် ကာလက အခြေအနေထက် အများကြီး လိုပါသေးတယ်.. ဒါပေမဲ့ မင်းတို့လို အင်ပါယာတစ်ပိုင်း အဆင့်နဲ့ နတ်သန္ဓေအင်ပါယာအဆင့် ပုရွက်ဆိတ် အုပ်စုလောက်နဲ့တော့ ငါ့ကို တားဆီးဖို့ အရည်အချင်း မရှိသေးဘူး"

ကျိုးယို၏ သွေးစွမ်းအားများ ပါဝင်သော စကားသံက အင်ပါယာမြှုပ်နှံခြင်း ချောက်နက်တွင် ပဲ့တင်ထပ်လာသည်နှင့်အမျှ နတ်သန္ဓေအင်ပါယာ နယ်ပယ်အဆင့် ကျင့်ကြံသူများ၏ မျက်နှာများသည် ပို၍ပင် ဖြူဖျော့လာခဲ့ကြသည်။

နတ်သန္ဓေအင်ပါယာ နယ်ပယ် အစောပိုင်းအဆင့် ကျင့်ကြံသူများထဲတွင် အားနည်းသော ကျင့်ကြံသူအချို့သည် သွေးများကိုပင် အန်ထုတ်လိုက်ရသည်။

"တပ်မှုးချုပ် မကြာသေးခင်ကပဲ လူသားဧကရာဇ် ကျန်းဝူရက ရွှယ်လင်ကုန်းမြေတိုက်ဆီကို ပြန်ရောက်လာခဲ့တယ်.. ဒါကြောင့် ကျွန်တော်တို့ သွေးဝိညာဥ် မျိုးနွယ်စုက လူသားဧကရာဇ်မျိုးနွယ်စုနဲ့ တိုက်ပွဲမှာ အကြိမ်ကြိမ် အခက်အခဲ တွေ့ခဲ့ရတယ်.. ဒါကြောင့် သွေးအင်ပါယာက တပ်မှုးချုပ်ကို သွေးဝိညာဥ်မျိုးနွယ်စုဆီ အမြန် ပြန်ခေါ်လာဖို့ ကျွန်တော့်ကို အမိန့်ပေးထားတယ်"

ဤအချိန်တွင် သွေးဝိညာဥ်မျိုးနွယ်စုမှ လူလတ်ပိုင်း အရွယ် အမျိုးသားသည် ကျိုးယိုကို တလေးတစားကြည့်ကာ ပြောလိုက်သည်။

"သွေးဝိညာဥ်မျိုးနွယ်စုဆီ ပြန်ဖို့ လောနေစရာ မလိုပါဘူး.. ဒီနေ့ ရှန်းဝူ ကုန်းမြေတိုက်မှာ ငါ့ကို ခြိမ်းခြောက်နိုင်မဲ့သူ မရှိတော့ဘူး.. ဒီအချိန်မှာ ငါ့အတွက် ရှန်းဝူကုန်းမြေတိုက်ကို တိုက်ခိုက်ဖို့က အရမ်း လွယ်ကူတဲ့ကိစ္စပဲ.. ငါ ရှန်းဝူကုန်းမြေတိုက်ကို သိမ်းပိုက်ပြီးတာနဲ့ သွေးဝိညာဥ် မျိုးနွယ်စုဆီကို ပြန်ကြမယ်"

ကျိုးယို၏ မျက်လုံးများက အနည်းငယ် တောက်ပနေခဲ့သည်။

အင်ပါယာဟောင်ထျန်းနှင့် တိုက်ပွဲတွင် ကျိုးယိုသည် အပြင်းအထန် ဒဏ်ရာရရှိခဲ့ပြီး နှစ်ပေါင်း ထောင်ချီကြာအောင် ရွှမ်းဝူကောင်းကင် အစီအရင်ဖြင့် ဖိနှိပ်ခံခဲ့ရသည်။

ယခုအခါတွင် သူ၏ စွမ်းအားသည် သူအထွတ်အထိပ်ကာလက စွမ်းအား၏ ဆယ်ပုံတစ်ပုံအောက်သာ ရှိနေခဲ့သည်။

သို့တိုင် သူ၏ လက်ရှိစွမ်းအားသည် သာမန် အင်ပါယာ နယ်ပယ်အဆင့် ကျင့်ကြံသူများထက် အနည်းငယ် ပိုမို၍ အားကောင်း၏။

ဤအခြေအနေတွင် ကျိုးယိုသည် သွေးဝိညာဥ် မျိုးနွယ်စုသို့ အလောတကြီး ပြန်မသွားချင်ခဲ့ပေ။

သူက ရှန်းဝူကုန်းမြေတိုက်ကို သိမ်းပိုက်ကာ ရှန်းဝူကုန်းမြေရှိ သန်းပေါင်းများစွာသော သတ္တဝါများ၏သွေးကို အသုံးပြု၍ အထွတ်အထိပ် ကာလက အခြေအနေသို့ ပြန်လည် ရောက်ရှိရန် ကျင့်ကြံချင်ခဲ့သည်။

လွန်ခဲ့သော နှစ်ပေါင်း(၁၀၀၀၀)က တိုက်ပွဲတွင် ရှုံးနိမ့်ခဲ့သည့်အချိန်မှစ၍ ကျိုးယိုသည် ရှန်းဝူကုန်းမြေတိုက်ကို သိမ်းပိုက်ရန် အမြဲတစေ ဆန္ဒရှိခဲ့သည်။

ယခု ရှန်းဝူကုန်းမြေတိုက်တွင် အင်ပါယာအဆင့် ကျင့်ကြံသူ မရှိသောကြောင့် သူ့အနေဖြင့် ရှန်းဝူကုန်းမြေတိုက်ကို သိမ်းပိုက်ရန် အကောင်းဆုံး အချိန်အခါပင် မဟုတ်ပါ‌လား။

သို့ဖြစ်ရာ ဤကဲ့သို့ အခွင့်အရေးကို ကျိုးယိုသည် အဘယ်ကြောင့် အလွယ်တကူ လက်လွှတ်ခံနိုင်ပါမည်နည်း။

"အစီအရင်ကို တည်‌ဆောက်ကြ.. ဘယ်လောက်ပဲ ပေးဆပ်ရပါစေ ကျိုးယိုကို အင်ပါယာမြှုပ်နှံခြင်း ချောက်နက်ရဲ့ အပြင်ဘက်ကို ထွက်သွားခွင့်ပြုလို့ မဖြစ်ဘူး"

ရှားကျန့်က အသက်ကိုခပ်ပြင်းပြင်းရှူကာ အမိန့်ပေးလိုက်ပြီး ဟောင်ထျန်းသူတော်စင်နယ်မြေမှ ကျင့်ကြံသူများနှင့်အတူ အစီအရင်ကို ခပ်မြန်မြန် တည်ဆောက်လိုက်သည်။

တစ်ခဏအကြာမှာပင် ရွှေရောင်အစီအရင် တစ်ခုသည် ရှန်းဝူတိုက်မှ ကျင့်ကြံသူ အားလုံးကို တိုက်ရိုက်ပင် လွှမ်းခြုံသွားခဲ့သည်။

ထို့နောက် ရှားကျန့်သည် ကျင့်ကြံသူများကို မျက်လုံးဝေ့၍ ကြည့်လိုက်ပြီး လေးနက်သော အသံဖြင့် ပြောလိုက်သည်။

"အားလုံးပဲ အသက်စွမ်းအင်တွေကို အစီအရင်ထဲ ထည့်သွင်းကြပါ"

ထိုစကားကို ကြားသည်နှင့် ယဲ့ထျန်းကျီနှင့် အခြားသူများသည် တုံ့ဆိုင်းမနေကြဘဲ ၎င်းတို့၏ ခန္ဓာကိုယ်ထဲရှိ အသက်စွမ်းအင်အဆီအနှစ်များကို အပြည့်အဝ လှုံ့ဆော်ကာ ရွှေရောင်အစီအရင်ထဲကို ထည့်သွင်းခဲ့ကြသည်။

"ပုရွက်ဆိတ်လေးတွေကများ ငါနဲ့ယှဥ်ပြိုင်ရဲတယ်"

ကျိုးယိုက မထီမဲ့မြင် ရေရွတ်လိုက်ပြီး ချက်ချင်းဆိုသလို သူ၏ လက်ဝါးကို အသာအယာ ဆန့်ထုတ်လိုက်ကာ အောက်ဘက်ရှိ ရွှေရောင် အစီအရင်ကို ရိုက်ချလိုက်သည်။

တစ်ခဏအတွင်းမှာပင် သွေးစွမ်းအားများ ပါဝင်နေသော ရိုက်ချက်သည် ပေထောင်ချီ ကွာဝေးသော လေထုကို ထိုးဖောက်သွားခဲ့သည်။

ထိုသွေးစွမ်းအား ဖြတ်သန်းသွားသော နေရာတိုင်းသည် အာကာပြင်များ အက်ကွဲသွားခဲ့ပြီး အာကာပြင် အက်ကြောင်းများအဖြစ် ပြောင်းလဲသွားခဲ့သည်။

သွေးစွမ်းအားသည် ရှားကျန့်နှင့် အခြားသူများ စုဖွဲ့ထားသော ရွှေရောင်အစီအရင် ပေါ်သို့ မျက်တောင်တစ်ခတ်အတွင်း ကျရောက်သွားခဲ့ပြီးနောက်တွင် ရွှေရောင် အစီအရင်သည် တစ်ခါတည်း ပေါက်ကွဲထွက်သွားခဲ့သည်။

ကျိုးယို၏ လှုပ်ရှားမှုတစ်ခုလေးသည်ကပင် ရှန်းဝူကုန်းမြေရှိ အင်အားကြီးမားသော ကျင့်ကြံသူများစွာ စုဖွဲ့ထားသော အစီအရင်ကို လုံးဝ ပျောက်ကွယ်သွားစေခဲ့သည် ဆိုလည်းမမှားပေ။

အစီအရင်က ချက်ချင်းဆိုသလို ဖြိုခွင်းခံလိုက်ရသည်ကို မြင်လျှင် ရှားကျန့်နှင့် အခြားသူများသည် ချက်ချင်းဆိုသလို မျက်စိမျက်နှာ ပျက်သွားကြ၏။

အင်ပါယာနယ်ပယ်အဆင့်က အလွန်တရာအားကောင်းကြောင်း သူတို့ သိထားသော်လည်း ကျိုးယိုက ဤမျှအထိ အစွမ်းထက်နေလိမ့်မည်ဟု မထင်ထားခဲ့ကြပေ။

သူတို့အားလုံး စုပေါင်း၍ ဖော်ထုတ်လိုက်သော စွမ်းအားသည်ပင် ကျိုးယို၏ ရှေ့တွင် အသေးအမွှားကဲ့သို့ ဖြစ်နေခဲ့၏။

"ဒါက အင်ပါယာနယ်ပယ်အဆင့်ရဲ့ စွမ်းအားလား"

ရှားကျန့်နှင့် အခြားသူများသည် လေထုထဲရှိ ကျိုးယိုကို ကြည့်ကာ သူတို့၏ အားနည်းမှုကို မခံစားမိဘဲ မနေနိုင်ခဲ့ပေ။

အင်ပါယာ တစ်ပိုင်းအဆင့်နှင့် အင်ပါယာတို့ အကြားတွင် စကားလုံး တစ်လုံးမျှသာ ကွာခြားသော်လည်း ကမ္ဘာတစ်ခုနှင့်တစ်ခု ကွာခြားသကဲ့သို့ပင် အလွန်တရာ ကွာခြားသည်။

အင်ပါယာတစ်ပိုင်းအဆင့် ကျင့်ကြံသူ အရေအတွက် များပြားနေလျှင်ပင် အင်ပါယာနယ်ပယ်အဆင့် ကျင့်ကြံသူတစ်ဦးကို တားဆီးနိုင်မည် မဟုတ်လောက်ပေ။

"ဟားဟား မင်းတို့ရဲ့ ပုရွက်ဆိတ်အုပ်စုက မင်းတို့ရဲ့ ဘိုးဘေးဆီက အမွေအနှစ်ကို ဆက်ခံလိုက်တာနဲ့ ရှန်းဝူကုန်းမြေရဲ့ ကယ်တင်ရှင် ဖြစ်နိုင်မယ်လို့ ထင်နေကြတာလား.. အရာအားလုံးက ဒီမှာပဲ အဆုံးသတ်သွားပြီ"

သူက မထီမဲ့မြင် ရေရွတ်လိုက်ပြီးနောက်တွင် သူ၏ လက်ချောင်းကနေ သွေးစွမ်းအားဖြင့် ရှားကျန့်ကို ပစ်ခတ်လိုက်သည်။

အဆုံးမဲ့ ကြောက်မက်ဖွယ်ကောင်းသော သွေးစွမ်းအားသည် ကျိုးယို၏ လက်ချောင်းထဲကနေ ထွက်ပေါ်ကာ လေထုကို ထိုးဖောက်သွားခဲ့ပြီး သွေးဓား အဖြစ်သို့ ပြောင်းလဲကာ ရှားကျန့်၏ ဦးခေါင်းဆီသို့ ရောက်ရှိလာခဲ့သည်။

ကျိုးယို၏ တိုက်ခိုက်မှုကို မြင်လျှင် ရှားကျန့်၏ အမူအရာသည် ပြင်းထန်စွာ ပြောင်းသွားလဲသွားခဲ့သည်။

သူက ခန္ဓာကိုယ်ထဲရှိ သွေးစွမ်းအားနှင့် အသက်စွမ်းအားများကို အစွမ်းကုန် ထုတ်ဖော်လိုက်ပြီး မိုးကြိုးဥပဒေသနှင့်ပေါင်းစပ်ကာ သူ၏ အားအကိုးရဆုံး တိုက်ကွက်ကို ထုတ်ဖော်ရန် ပြင်ဆင်လိုက်သည်။

ထိုအချိန်မှာပင် ကျိုးယိုသည် ကောက်ကျစ်စွာ ပြုံးလိုက်ပြီး စကားလုံးတစ်လုံးကို ရေရွတ်လိုက်သည်။

"တားမြစ်စမ်း"

ထိုစကားသံ လေထုထဲတွင် ထွက်ပေါ်လာသည်နှင့်အမျှ ရှားကျန့်သည် မိုးကြိုး ဥပဒေသကို စုစည်းရန် မတတ်နိုင်တော့ကြောင်း ထိတ်လန့်တကြား တွေ့ရှိခဲ့သည်။

"စစ်မှန်တဲ့ အင်ပါယာနယ်ပယ်အဆင့် ကျင့်ကြံသူရဲ့ ရှေ့မှာ မင်းရဲ့ အင်ပါယာ တစ်ပိုင်းစွမ်းအားကို ထုတ်ဖော်ချင်တာက ရူးသွပ်တဲ့လုပ်ရပ်ပဲ"

ထိုအချိန်မှာပင် ကျိုးယို၏ သွေးဓားအလင်းသည် ရှားကျန့်ထံသို့ ရောက်ရှိလာခဲ့သည်။

"ဟောင်ထျန်းနတ်လက်နက်"

ရှားကျန့်က ချက်ချင်းပင် သူ၏ လက်တစ်ဖက်ကို လှုပ်ရှားလိုက်ရာ ထူးဆန်းသော အလင်းရောင်ကို ထုတ်လွှတ်နေသောရိုးရှင်းသည့် မှန်တစ်ချပ်သည် ကောင်းကင်ပေါ်သို့ ပျံသန်းသွားခဲ့ပြီး တောက်ပသော ရွှေရောင်အလင်းများကို ထုတ်လွှတ်လိုက်ကာ ကျိုးယို၏ သွေးဓားအလင်းကို ရင်ဆိုင်လိုက်သည်။

"အင်ပါယာဟောင်ထျန်းရဲ့ လက်နက်ပါလား.. အင်ပါယာဟောင်ထျန်းက သူ့ရဲ့ အထွတ်အထိပ်အချိန်မှာ ဒီလက်နက်ကို အသုံးပြုပြီးတိုက်ခိုက်တာတောင် ငါ့ကို မသတ်ဖြတ်နိုင်ခဲ့ဘူး.. မင်းကတော့ ဒီလက်နက်ရဲ့ စွမ်းအားကို ထုတ်ဖော်ဖို့ အရမ်းကို အလှမ်းဝေးလွန်းသေးတယ်.. ဒီလက်နက်က မင်းနဲ့ လုံးဝမထိုက်တန်ဘူး.. ပျက်စီးလိုက်စမ်း"

"ပျက်စီးစမ်း"ဟူသော စကားလုံး ထွက်ပေါ်လာသည်နှင့်အမျှ သွေးအလင်းတန်း တစ်ခုသည် ကောင်းကင်ကနေ ကျရောက်လာခဲ့ပြီး ရွှေရောင်အလင်းများ ထုတ်လွှတ်နေသော မှန်ကို တိုက်ရိုက်ပင် ထိမှန်သွားခဲ့သည်။

"ဝုန်း.."

သွေးအလင်းတန်း၏ ပေါက်ကွဲမှုအောက်တွင် ကြေးမုံမှန်သည် လေထဲကနေ ပြုတ်ကျသွားခဲ့သည်။

ထို့အတူ ရှားကျန့်၏ ခန္ဓာကိုယ်သည်လည်း တုန်ယင်သွားခဲ့ပြီး တစ်ကိုယ်လုံးသည် လေထဲတွင် ပေရာချီ အကွာအဝေးအထိ နောက်ပြန် လွင့်စင်သွားခဲ့ကာ သွေးတစ်ပွက်ကို အန်ထုတ်လိုက်ရသည်။

"အင်ပါယာ နယ်ပယ်အဆင့်က တကယ်ကို ကြောက်စရာကောင်းတာပဲ"

သူက အင်ပါယာဟောင်ထျန်း၏ နတ်လက်နက်ကို အသုံးပြုခဲ့သည့်တိုင် ကျိုးယိုက သူ့ကို အလွယ်တကူပင် ဒဏ်ရာရရှိစေခဲ့သည်။

ရှားကျန့် အရေးနိမ့်နေသည်ကိုမြင်လျှင် ချင်ထျန်းကျန့်၏ မျက်နှာထက်တွင် ခါးသီးသော အပြုံးတစ်ခု ဖြစ်ပေါ်လာခဲ့၏။

သူတို့၏ရှေ့မှ ကျိုးယိုသည် သူတို့လူစု တားဆီးနိုင်သော သူ မဟုတ်ပေ။

"ဘယ်လိုပဲဖြစ်ဖြစ် အသေခံ တိုက်ခိုက်ဖို့က လွဲပြီး ငါတို့မှာ ရွေးချယ်စရာ မရှိတော့ဘူး"

ယဲ့ထျန်းကျီက လေးနက်သော အမူအရာဖြင့် ပြောလိုက်သည်။

"အချိန်ကို တတ်နိုင်သမျှ ဆွဲနိုင်အောင် ကြိုးစားပါ.. သခင်လေးကျန်း တံခါးပိတ် ကျင့်ကြံရာကနေ ထွက်လာတာနဲ့ အခြေအနေကို ပြောင်းပြန်လှန်နိုင်မှာ အသေအချာပဲ"

ယခုအခါတွင် ယဲ့ထျန်းကျီသည် ကျန်းချန်က အင်ပါယာနယ်ပယ်အဆင့်ကို အောင်မြင်စွာ ထိုးဖောက်နိုင်ပါစေဟု ဆုတောင်းရုံသာ တတ်နိုင်ခဲ့သည်။

သို့မဟုတ်လျှင် ရှန်းဝူကုန်းမြေတိုက်၌ ကျိုးယိုကို မည်သူမျှ တားဆီးနိုင်တော့မည် မဟုတ်ပေ။

"ငါ မင်းတို့နဲ့ကစားရတာ ပျင်းလာပြီ.. အားလုံးပဲ သေလိုက်ကြတော့"

ကျိုးယိုက အောက်ဘက်ရှိ ယဲ့ထျန်းကျီနှင့် အခြားသူများကို ကြည့်လိုက်ပြီးနောက်တွင် ချက်ချင်းဆိုသလို သူ၏ လက်ဝါးကို မြှောက်လိုက်သည်။

လေထုထဲတွင် သွေးတိမ်တိုက်များသည် ချက်ချင်းဆိုသလို စုစည်းသွားခဲ့သည်။

ထိုသွေးတိမ်တိုက်များ စုစည်းနေသော အချိန်မှာပင် အနက်ရောင် အရိပ်တစ်ခုသည် လေထုထဲတွင် ပေါ်ထွက်လာခဲ့ပြီး သွေးတိမ်တိုက်များကို တိုက်ရိုက်ပင် ချေမှုန်းပစ်လိုက်သည်။

ရုတ်တရက် ပေါ်ထွက်လာသော အနက်ရောင်ပုံရိပ်ကို မြင်လျှင် ယဲ့ထျန်းကျီနှင့် အခြားသူများ၏ မျက်နှာထက်တွင် ပျော်ရွှင်သော အမူအရာများ ဖြစ်ပေါ်လာကြ၏။

အခန်း(၁၄၂၁)ပြီး၏။

အခန်း(၁၄၂၂)

ကောင်းကင်ကနေ ဆင်းသက်လာသော ကျန်းချန်ကို ကြည့်ကာ ယဲ့ထျန်းကျီက သက်ပြင်းချလိုက်သည်။

"ဒါက အင်ပါယာ အရှိန်အဝါပဲ.. ဒီကောင်လေးဘတကယ်ပဲ ထိုးဖောက်နိုင်ခဲ့ပြီလား"

ရှားကျန့်က ကျန်းချန်ထံမှ ထွက်ပေါ်လာသော အရှိန်အဝါကို ခံစားရလျှင် မယုံကြည်နိုင်လောက်အောင် ထိတ်လန့်သွားခဲ့သည်။

ကျန်းချန်သည် တစ်လအတွင်း နတ်အသွင်ပြောင်း ဒယ်စောက်အိုးကို အသုံးပြုကာ အင်ပါယာ နယ်ပယ်အဆင့်ကို အမှန်တကယ် ထိုးဖောက်နိုင်လိမ့်မည်ဟု သူ မထင်ခဲ့ပေ။

"အင်ပါယာ နယ်ပယ်အဆင့်ပါလား ဒါဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ"

ကျိုးယိုက ရုတ်တရက် ထွက်ပေါ်လာသော ကျန်းချန်ကို မြင်လျှင် ရုတ်တရက် မျက်မှောင်ကြုတ်သွားခဲ့သည်။

သူ၏ မယုံကြည်နိုင်စွာ ရေရွတ်လိုက်သော အသံသည် အင်ပါယာမြှုပ်နှံခြင်း ချောက်နက်ထဲတွင် ဖြည်းညင်းစွာ ပဲ့တင်ထပ်နေခဲ့၏။

ဤကဲ့သို့ မယုံကြည်နိုင်စရာ ရေရွတ်မှုအတွက် ကျိုးယိုကို အပြစ်တင်စရာ မရှိပေ။

အင်ပါယာဟောင်ထျန်းသည် သွေးဝိညာဥ်မျိုးနွယ်စု၏ တပ်မှုးချုပ် ဖြစ်သော ကျိုးယိုကို ဖိနှိပ်ရန် ဤနေရာတွင် ရွှမ်းဝူကောင်းကင် အစီအရင်ကို စီရင်ခဲ့ပြီး ရှန်းဝူကုန်းမြေတိုက်၏ မူလစွမ်းအားကိုပါ အသုံးပြုထားခဲ့သည်။

မူလစွမ်းအားဆိုသည်မှာ ဂြိုဟ်တစ်ခု၏ အဓိကစွမ်းအား ဖြစ်သည်။

ရှန်းဝူကုန်းမြေသည် မူလစွမ်းအားကို ဖြတ်တောက်ခံထားရ၍ ကျင့်ကြံသူများသည် အင်ပါယာကပ်ဘေးကို ဖြတ်ကျော်၍ အင်ပါယာနယ်ပယ်အဆင့်ကို တက်လှမ်းရန် မဖြစ်နိုင်ပေ။

ထို့အပြင် သူ၏ရှေ့မှ အနက်ရောင်ဝတ်စုံ ဝတ်ဆင်ထားသော လူငယ်သည် အသက်(၃၀)အောက်သာ ရှိပုံရ၏။

အသက်(၃၀)အောက်တွင် အင်ပါယာ နယ်ပယ်အဆင့်ကို ထိုးဖောက်နိုင်ခြင်းသည် ရွှယ်လင်ကုန်းမြေတိုက်မှာပင် ရှားပါးသည်။

မူလစွမ်းအားကို နှစ်ပေါင်း ထောင်ချီကြာအောင် ပိတ်ဆို့ထားသည့် ရှန်းဝူကုန်းမြေတွင် အင်ပါယာအဆင့် ကျင့်ကြံသူတစ်ယောက် မွေးဖွားလာလိမ့်မည်ဟု ကျိုးယို တစ်ခါမှ မတွေးမိခဲ့ပေ။

"ကျိုးယို မင်းရှန်းဝူကုန်းမြေကို သိမ်းပိုက်ချင်တယ်ဆိုရင် ငါခွင့်ပြုလား ဆိုတာ အရင်ဆုံး မေးမြန်းရမယ်"

ကျန်းချန်က လက်နှစ်ဖက်ကို နောက်ပစ်ကာ လေထုထဲတွင် ဝင့်ကြွားစွာ ရပ်နေခဲ့သည်။

သူ၏ မျက်လုံးများတွင် အေးစက်သော အလင်းများ လင်းလက်နေခဲ့၏။

"ဟမ့်.. အင်ပါယာ နယ်ပယ်အဆင့်ကို အခုမှ ထိုးဖောက်ဝင်ရောက်လာတဲ့ ကောင်လေးတစ်ယောက်ကများ ငါ့ရဲ့ရှေ့မှ လေလုံးထွားရဲတယ်"

ကျိုးယိုက သူ၏ သွေးကဲ့သို့ နီရဲသော မျက်လုံးများဖြင့် ကျန်းချန်ကို စိုက်ကြည့်ကာ မထီမဲ့မြင် ပြုံး၍ ပြောလိုက်သည်။

"ငါရှန်းဝူကုန်းမြေတိုက်ကို သိမ်းပိုက်ချင်ရင် ဘယ်သူမှ ငါ့ကိုတားဆီးနိုင်မှာ မဟုတ်ဘူး"

သွေးဝိညာဥ်မျိုးနွယ်စု၏ တပ်မှုးချုပ် ဖြစ်သည့် ကျိုးယို၏ တစ်ချိန်က ကျင့်ကြံခြင်းအဆင့်သည် အင်ပါယာနယ်ပယ် အထွတ်အထိပ်သို့ပင် ရောက်ရှိနေခဲ့ပြီး နတ်ဘုရားအဆင့်နဲ့ ခြေတစ်လှမ်းမျှသာ ကွာဝေးတော့သည်။

လွန်ခဲ့သောနှစ်ပေါင်းထောင်ချီက မဟာအင်ပါယာတစ်ပါး ဖြစ်သော အင်ပါယာဟောင်ထျန်းပင်လျှင် သူ့ကို အသေမသတ်နိုင်ခဲ့ပေ။

ယခုအခါတွင် သူ၏ စွမ်းအားသည် အထွတ်အထိပ်ကာလက အခြေအနေနှင့် ယှဥ်လျှင် အတော်လေး အားနည်းနေသော်လည်း အင်ပါယာ နယ်ပယ်အဆင့်သို့ ထိုးဖောက်လာသော မလောက်လေး မလောက်စား ကောင်လေးတစ်ယောက်ကို ဖြေရှင်းရန် လုံလောက်သည်ထက်ပင် ပိုနေပါသေးသည်။

"ခင်ဗျားရဲ့ အထွတ်အထိပ်ကာလ ခွန်အားနဲ့ဆိုရင် ကျွန်တော်ခင်ဗျားကို တကယ် မယှဥ်နိုင်ဘူး.. ဒါပေမဲ့ ခင်ဗျားက ရွှမ်းဝူကောင်းကင် အစီအရင်ရဲ့ ဖိနှိပ်မှုအောက်မှာ နှစ်ပေါင်းထောင်ချီနေထိုင်ခဲ့ရတယ်.. လက်ရှိအချိန်မှာ ခင်ဗျားရဲ့ စွမ်းအားက အထွတ်အထိပ် ကာလက စွမ်းအားထက် ဆယ်ပုံတစ်ပုံအောက်ပဲ ရှိတော့တယ်.. အခုချိန်မှာ ခင်ဗျားက သွားဆွဲနှုတ်ခံထားရတဲ့ စက္ကူကျားတစ်ကောင်လို ဖြစ်နေခဲ့ပြီ"

ကျန်းချန်က ကျိုးယိုကို တည်ငြိမ်စွာ စိုက်ကြည့်နေခဲ့သည်။

"လွန်ခဲ့တဲ့နှစ်ပေါင်း (၁၀၀၀၀)က အင်ပါယာ ဟောင်ထျန်းနဲ့ တခြားသော အင်ပါယာတွေက ခင်ဗျားကို မသတ်ဖြတ်နိုင်ခဲ့ဘူး.. ဒီနေ့တော့ ခင်ဗျားကို ကျွန်တော် အဆုံးသတ်ပေးမယ်"

"ဟားဟား မင်းင့ါကို အဆုံးသတ်မယ်ဆိုရင် မင်းမှာ အဲဒီစွမ်းရည်ရှိမရှိဆိုတာ ကြည့်ရသေးတာပေါ့"

ကျိုးယိုက ခပ်ထေ့ထေ့ ရယ်မောလိုက်သည်။

ထို့နောက်တွင် သူ၏ခန္ဓာကိုယ်မှ ကြောက်မက်ဖွယ်ကောင်းသော သွေးစွမ်းအားများ ထွက်ပေါ်လာခဲ့ပြီး တစ်ခဏအတွင်းမှာပင် အဆုံးမဲ့ သွေးပင်လယ် အဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။

ထိုသွေးပင်လယ်နှင့် ပျံ့နှံ့နေသော သွေးစွမ်းအားသည် ကမ္ဘာကြီး၏ အရောင်ကိုပင် ပြောင်းလဲစေခဲ့သည်။

"ကောင်လေး မင်းငါ့လက်ကနေ ဘယ်လို အသက်ရှင်နိုင်မလဲဆိုတာ ငါကြည့်ချင်သေးတယ်"

ကျိုးယိုက ကျယ်လောင်စွာ ကြုံးဝါးလိုက်သည်။

ဤအင်ပါယာ အရှိန်အဝါသည် ကမ္ဘာကြီးကိုပင် လွှမ်းခြုံထားခဲ့သည်။

မကြာခင်မှာပင် သူ၏ ပတ်ပတ်လည်ရှိ ကောင်းကင်ယံသည် ပြင်းထန်စွာ တုန်ခါလာခဲ့သည်။

ထို့နောက်တွင် ကောင်းကင်တစ်ခွင် ပြည့်နှက်နေသော သွေးပင်လယ်သည် စွမ်းအားများ အရူးအမူး တိုးမြှင့်လာခဲ့ပြီး ကျန်းချန် ဆီသို့ ဝင်ရောက်လာခဲ့သည်။

ကြောက်မက်ဖွယ် သွေးလှိုင်းလုံးများနှင့် ယှဥ်လျှင် ကျန်းချန်၏ ပုံရိပ်သည် ပင်လယ်ထဲမှ ရေစက်တစ်စက် ကဲ့သို့ အလွန်ပင် သေးငယ်နေခဲ့၏။

"အားလုံးပဲ နောက်ဆုတ်ကြ"

ကျိုးယို၏ တိုက်ခိုက်မှုကို မြင်လျှင် ယဲ့ထျန်းကျီနှင့် အခြားသူများ၏ မျက်နှာအမူအရာသည် ရုတ်တရက် ပြောင်းလဲသွားခဲ့ပြီး သူတို့ အားလုံးသည် ပေတစ်ထောင် အကွာအဝေးသို့ အလျင်အမြန်ပင် ဆုတ်ခွာလိုက်ကြသည်။

ကျိုးယို၏ တိုက်ခိုက်မှုသည် အလွန်တရာပင် ကြောက်မက်ဖွယ်ကောင်း၏။

သွေးစွမ်းအားလှိုင်းတွင် ပါဝင်သော စွမ်းအားသည် အင်ပါယာတစ်ပိုင်း ပုဂ္ဂိုလ်ကိုပင် အလွယ်တကူ ဖျက်ဆီးနိုင်၍ သူတို့အနေဖြင့် ခံနိုင်ရည်ရှိသည့်အရာ မဟုတ်ပေ။

ကျန်းချန်က သွေးလှိုင်းများ သူ့ဆီသို့ ဝင်ရောက်လာသည်ကိုတည်ငြိမ်စွာ ကြည့်လိုက်ပြီးနောက်တွင် ကြောက်မက်ဖွယ် ဓားစွမ်းအင် တစ်ခုသည် သူ၏ ခန္ဓာကိုယ်ကနေ ရုတ်တရက်ပေါက်ကွဲထွက်လာခဲ့သည်။

"ဓား.. ထွက်လာစမ်း"

ကျန်းချန်က ခံစားချက်ကင်းမဲ့သော အမူအရာဖြင့် သူ၏လက်ဝါးကို အင်ပါယာမြှုပ်နှံခြင်း ချောက်နက်၏ အောက်ခြေသို့ ညင်သာစွာ ဝှေ့ယမ်းလိုက်သည်။

"ဝုန်း.."

ထိုအချိန်တွင် အင်ပါယာမြှုပ်နှံခြင်း ချောက်နက်တစ်ခုလုံးသည် အပြင်းအထန် တုန်ခါသွားခဲ့သည်။

ချက်ချင်းဆိုသလိုပင် အင်ပါယာမြှုပ်နှံခြင်းချောက်နက်အောက်ခြေကနေ ဓားစွမ်းအင်များသည် ဆက်တိုက်ဆိုသလို ထွက်ပေါ်လာခဲ့သည်။

ထိုဓားစွမ်းအင်များသည် မြေကြီးထဲကနေ ထွက်ပေါ်လာသည့် ဓား ၁၀၀၀၀ ကဲ့သို့ ကောင်းကင်ပေါ်သို့ ထိုးထွက်လာခဲ့ပြီးနောက်တွင် အဆုံးသတ်၌ ပေထောင်ချီ ရှည်လျားသော ဓားတစ်လက် အဖြစ်သို့ ပြောင်းလဲကာ သွေးလှိုင်းများကို ခုတ်ချလိုက်သည်။

အင်ပါယာနယ်ပယ်အဆင့်သို့ ဝင်ရောက်လာပြီးနောက်တွင် ကျန်းချန်သည် ဓားဥပဒေသကို အပြည့်အဝ ကျွမ်းကျင်လာခဲ့ပြီး ကမ္ဘာပေါ်ရှိ အရာအားလုံးကို ဓားတစ်လက်အဖြစ် အသုံးချလာ နိုင်ခဲ့သည်။

ဆိုရလျှင် ကျန်းချန်၏ ဓားသည် ဓားဥပဒေသများဖြင့် ဖန်တီးထားသော ဓားတစ်လက် ဖြစ်၏။

"ဝုန်း.."

အင်ပါယာနယ်ပယ်အဆင့် ကျင့်ကြံသူနှစ်ဦး၏ စွမ်းအားသည် လေထဲတွင် ထိပ်တိုက်ဆုံမိပြီးနောက်တွင် ကြောက်မက်ဖွယ်ကောင်းသော စွမ်းအင်လှိုင်းများသည် ပတ်ဝန်းကျင် မီတာတစ်သောင်းကိုပင် ရိုက်ခတ်သွားခဲ့သည်။

"ကောင်လေး ဒီနေရာက တိုက်ခိုက်ဖို့ မသင့်တော်ဘူး.. ငါတို့ အပြင်ဘက်မှာ တိုက်ခိုက်ကြရအောင်"

ကျိုးယိုက ကျန်းချန်ကို အေးစက်စက်ကြည့်ကာ ပြောလိုက်ပြီးနောက်တွင် ချက်ချင်းဆိုသလို သွေးအလင်း အဖြစ်သို့‌ ပြောင်းလဲကာ ကောင်းကင်ယံသို့ ပျံသန်းသွားခဲ့သည်။

အင်ပါယာမြှုပ်နှံခြင်း ချောက်နက်သည် အင်ပါယာနယ်ပယ်အဆင့် ကျင့်ကြံသူနှစ်ဦးကြားမှ တိုက်ပွဲကို ခံနိုင်ရည် မရှိပုံရသည်။

ဤနေရာတွင်သာ ဆက်လက် တိုက်ခိုက်နေမည်ဆိုလျှင် အင်ပါယာမြှုပ်နှံခြင်းချောက်နက် တစ်ခုလုံးသည် ပြိုကျသွားနိုင်၏။

အင်ပါယာမြှုပ်နှံခြင်းချောက်နက် ပြိုကျသွားသည်နှင့် တစ်ပြိုင်နက် ရွှယ်လင်ကုန်းမြေတိုက်နှင့် ဆက်သွယ်ထားသော တည်နေရာ ရွှေ့ပြောင်းခြင်း အစီအရင်သည်လည်း တစ်ခါတည်း ပျက်စီးသွားနိုင်ဖွယ် ရှိသည် မဟုတ်ပါလား။

ကျိုးယိုက တည်နေရာ ရွှေ့ပြောင်းခြင်းအစီအရင်ကို မပျက်စီးစေချင်ခဲ့ပေ။

ကျန်းချန်က အပိုစကားများကို မပြောဆိုဘဲ ကျိုးယို၏ နောက်သို့ တိုက်ရိုက်ပင် လိုက်ပါလာခဲ့သည်။

"ငါတို့လည်း အပြင်ထွက်ကြမယ်"

ယဲ့ထျန်းကျီတို့သည် အင်ပါယာမြှုပ်နှံခြင်း ချောက်နက်အတွင်းရှိ သွေးဝိညာဥ်မျိုးနွယ်စုမှ အင်ပါယာတစ်ပိုင်း အဆင့် ကျင့်ကြံသူလေးဦးကို လျစ်လျူရှုကာ အင်ပါယာမြှုပ်နှံခြင်းချောက်နက်၏ အပြင်ဘက်ဆီသို့ တိုက်ရိုက်ပင် ထွက်ခွာလာကြသည်။

ဤအချိန်တွင် ယဲ့ထျန်းကျီတို့သည် သူတို့၏ ရှေ့ရှိ သွေးဝိညာဥ်မျိုးနွယ်စုမှ ကျင့်ကြံသူ လေးယောက်နှင့် တိုက်ခိုက်ရန် အတွေးများ မရှိတော့‌ပေ။

ယခုအခါတွင် အရေးအကြီးဆုံးအရာမှာ ကျန်းချန်နှင့် ကျိုးယိုတို့ ကြားရှိ တိုက်ပွဲ ဖြစ်၏။

ကျန်းချန်သာ ကျိုးယိုကို အနိုင်ယူလိုက်သည်နှင့် အင်ပါယာတစ်ပိုင်းအဆင့် သွေးဝိညာဥ်မျိုးနွယ်စုမှ ကျင့်ကြံသူလေးဦးကို စိုးရိမ်စရာ မလိုအပ်တော့ပေ။

"ခေါင်းဆောင် ကျွန်တော်တို့အခု ဘာဆက်လုပ်သင့်လဲ"

သွေးဝိညာဥ်မျိုးနွယ်စုမှ အင်ပါယာတစ်ပိုင်းအဆင့် ကျင့်ကြံသူလေးဦးအနက်မှ တစ်ဦးသည် သူ၏ ရှေ့မှအခြေအနေကိုကြည့်ကာ သူတို့ လူစုကို ဦးဆောင်လာသော လူလတ်ပိုင်းအရွယ် အမျိုးသားကို မေးလိုက်သည်။

"ငါတို့လည်း အပြင်ထွက်ပြီး တိုက်ပွဲကို ကြည့်ရအောင်.. သွေးအင်ပါယာက တပ်မှုးချုပ် ကျိုးယိုကို သွေးဝိညာဥ် မျိုးနွယ်စုဆီ ပြန်ခေါ်လာဖို့ အမိန့်ပေးထားတယ်.. တပ်မှုးချုပ်ကျိုးယို မပါဘဲ ပြန်သွားမယ်ဆိုရင် ငါတို့ အပြစ်ပေးခံရမှာ သေချာတယ်.. ဒါ့အပြင် လက်ရှိအချိန်မှာ ငါတို့ သွေးဝိညာဥ်မျိုးနွယ်စုရဲ့ အဆင့်အတန်းက ကျဆင်းသွားခဲ့ပြီ.. တပ်မှုးချုပ်ကျိုးယိုက ငါတို့နဲ့အတူ လိုက်လာပြီး ငါတို့ သွေးဝိညာဥ်မျိုးနွယ်စုကို ဦးဆောင်ပေးဖို့ လိုအပ်နေတယ်"

လူလတ်ပိုင်းအရွယ် အမျိုးသားက အသက်ကို ခပ်ပြင်းပြင်းရှူလိုက်ပြီးနောက်တွင် ချက်ချင်းဆိုသလို သွေးအလင်း အဖြစ်သို့ ပြောင်းလဲကာ ကောင်းကင်ယံသို့ ပျံသန်းသွားခဲ့သည်။

အင်ပါယာမြှုပ်နှံခြင်း ချောက်နက်၏ အပြင်ဘက်တွင် ကျန်းချန်နှင့် ကျိုးယိုတို့သည် ပေတစ်‌ထောင် အကွာအဝေးတွင် ရပ်နေခဲ့ကြသည်။

"ကောင်လေး မင်းက မူလစွမ်းအား ဖြတ်တောက်ခံထားရတဲ့ ရှန်းဝူကုန်းမြေမှာ အင်ပါယာ နယ်ပယ်အဆင့်ကို ထိုးဖောက်နိုင်ခဲ့တယ် ဆိုတော့ ရှားပါး ပါရမီရှင်တစ်ယောက်ပဲ"

ကျိုးယိုက ကျန်းချန်ကို လေးနက်စွာကြည့်၍ ပြောလိုက်သည်။

"ငါက ဒီကမ္ဘာကြီးထဲကို ပြန်ရောက်လာတာ မကြာသေး‌တော့ နောက်လိုက်နောက်ပါ အနည်းငယ် လိုအပ်နေတယ်.. မင်း ငါ့ကို အညံ့ခံဖို့ ဆန္ဒရှိမယ်ဆိုရင် ငါမင်းအသက်ကို ချမ်းသာပေးဖို့ စဥ်းစားပေးနိုင်တယ်"

ထိုစကားကိုကြားလျှင် ကျန်းချန်က မထီမဲ့မြင် ပြုံးလိုက်သည်။

"မင်းက ငါ့ရဲ့လက်ထဲမှ သေတော့မဲ့ လူတစ်ယောက်ပဲ.. မင်းမှာ ငါ့ကို အစေခံအဖြစ်လက်ခံဖို့ ဘယ်လိုအရည်အချင်းတွေ ရှိနေလို့လဲ"

"ကောင်လေး မင်းဒီလောက်တောင် သေချင်နေမှတော့ ငါမင်းရဲ့ဆန္ဒကို ဖြည့်ဆည်းပေးမယ်"

ကျိုးယိုက ကျယ်လောင်စွာဖြင့် ဒေါသတကြီး ကြုံးဝါးလိုက်သည်။

ကျန်းချန်ကို သတ်ဖြတ်လိုသော စိတ်ဆန္ဒသည် သူ၏ ခန္ဓာကိုယ်အတွင်း လုံးဝကို ပျံ့နှံ့သွားခဲ့သည်။

အခန်း(၁၄၂၂)ပြီး၏။

All Chapters