← Chapters

Chapter 81

Vol. 9 Ch. 81

Chapter 81

Vol. 9 Ch. 81

နာရီဝက်အလိုတွင်။

ဧည့်ခန်းထဲတွင် ပေဟန်လီသည် မီးခြစ်နှင့် ဆော့ကာ အချိန်းဖြုန်းနေချိန်၌ သူ၏လက်ထောက်သည် laptop နှင့် အကြံပြုချက်ကို ပြင်ဆင်နေခဲ့သည်။

ဒါရိုက်တာယွီသည် ဒယ်အိုးအပူပေါ်တွင် ပြေးနေသည့် ပုရွက်ဆိတ်တစ်ကောင်ကဲ့သို့ ခေါက်တုံ့ခေါက်ပြန် လျှောက်နေခဲ့သည်။

“ မစ္စတာပေ ဒါက ခရီးသွား ရသစုံရှိုးပါ၊ အဓိကအချက်ကတော့ ခရီးသွားပါတနာနှစ်ယောက်ရဲ့ ဆက်ဆံရေးကိုကြည့်ဖို့ပါပဲ၊ ပါတနာလဲတာက သိပ်ပြီး မသင့်လျော်ပါဘူး”

ပေဟန်လီသည် ဒါရိုက်တာခုံပေါ်၍ ဇိမ်ခံ၍ သက်တောင့်သက်သာ‌ထိုင်နေခဲ့ပြီး သူ၏မျက်လုံးများကိုလှန်၍ ဒါရိုက်တာယွီကို စိုက်ကြည့်ခဲ့သည်။

“ ရှီကွား ဗီဒီယိုရဲ့ CEOက ပေလုပ်ငန်းစုနဲ့ပူးပေါင်းဖို့ အရမ်းစိတ်အားထက်သန်နေတာနော်၊ တကယ်လို့ ဒီ ပူးပေါင်းဆောင်ရွက်ဝာာ အောင်မြင်တယ်ဆိုရင် ရသစုံရှိုးတစ်ခုလောက်ကို အစားထိုးတာက သိပ်မခက်ခဲမယ် မထင်ဘူး”

ဒါရိုက်တာယွီ : !

သူ အခုလို အာဏာရှိသူဌေးမျိူးတွေကို အရမ်းမုန်းတာပဲ။

အရင်ရက်တွေတုန်းကလည်း ပေဟန်လီက ဒီတူညီတဲ့ အကြောင်းပြချက်ကိုသုံးပြီး ရှိုးမှာပါဝင်လာတာ ပြီးတော့ အခုလည်း ဒါကို ထပ်ပြောနေပြန်ပြီ။

မည်သည့်ကိစ္စများမှ ဝင်မစွက်ဖက်တက်သည့် ရင်းနှီးမြုပ်နှံသူကျုံချင်းယွီနှင့် နှိုင်းယှဉ်လျှင် ဒါရိုက်တာယွီသည် သူမအား နတ်သမီးတစ်ပါးလိုပင် မြင်‌ခဲ့သည်။

ရွေးချယ်စရာမရှိသောကြောင့် ဒါရိုက်တာယွီသည် သက်ပြင်းချခဲ့သည်။

“ ကောင်းပါပြီ၊ မစ္စတာပေ ဘယ်သူနဲ့ အဖွဲ့ဖွဲ့သင့်တယ်လို့ထင်ပါသလဲ”

ပေဟန်လီ: “ ကျွန်တော် ကျုံချင်းယွီနဲ့ အဖွဲ့ဖွဲ့ချင်တယ်၊ ကျန်တာကတော့ ခင်‌ဗျားပဲ ဆုံးဖြတ်လိုက်ပါ”

ဧည့်ခန်းထဲတွင် ဒါရိုက်ဝာာယွီသည် ပါတနာပြောင်းလဲလိုက်ကြောင်း ကြေညာလိုက်သည့်အခါ၌ သရုပ်ဆောင်များအားလုံး အံ့ဩသင့်သွားခဲ့သည်။

တိုက်ရိုက်ထုတ်လွှင်မှုတွင်လည်း ပေါက်ကွဲနေခဲ့ကြသည်။

[ မဖြစ်ဘူး ငါက သခင်မလေးနဲ့ယန်ရှီကိုပဲ အတူတူမြင်ချင်တာ၊ ဒါရိုက်ဝာာယွီ ဘယ်လိုစိတ်နဲ့ ငါ့ရဲ့ ship လေးကို ခွဲရက်တာလဲ]

[ တကယ်ကြီးလား ပါတနာတွေက အဲလိုမျိုး လဲလို့ရတာလား]

[ ငါကတော့ သခင်မလေးကို သူ့အစ်ကိုနဲ့ပဲ အဖွဲ့ဖွဲ့စေချင်တာ၊ ကောလဟာလတွေထွက်နေကြတာတော့ သူတို့အချင်းချင်း အဆင်မပြေကြဘူးတဲ့ ]

[ သခင်မလေးနဲ့ရဲ့လော့ယီ ပြီးတော့ ခရီးသွားအကြံပေး ပေယွဲ့ပိုင် တို့ကို စိတ်ကူးယဉ်ကြည့်လိုက်စမ်းပါ၊ ဒါဆိုရင် အရမ်းကို စိတ်ဝင်စားစရာကောင်းမှာပဲ]

တစ်ချို့သည် ပါတနာ ပေါင်းလဲခြင်းကို သဘောတူကြသော်လည်း တစ်ချို့သည် ပြင်းပြင်းထန်ထန်ဆန့်ကျင့်ခဲ့ကြသည်။

ပေဟန်လီသည် ဒါရိုက်တာယွီအား ပြုံး၍ မေးလာခဲ့သည်။

“ ဒါရိုက်တာ ပါတနာအသစ်တွေကို ဘယ်လိုဆုံးဖြတ်မှာလဲ”

အာဏာရှိသည့် အကြီးအကဲကိုယ်တိုင်ပင် စပြောလာခြင်းကြောင့် ဒါရိုက်တာယွီ လုပ်ဆောင်ရသည်မှာ ပိုမို လွယ်ကူခဲ့သည်။

“ ဒါက ရိုးရှင်းပါတယ်၊ ကျွန်တော်တို့မှာ မိန်းကလေး ဧည့်သည် လေးယောက်နဲ့ ယောကျာ်းလေးဧည့်သည်သုံးယောက်ရှိပါတယ်၊ မိန်ကလေးတွေက ဘယ်သူနဲ့တွဲရမလဲဆိုတာ ကို မဲနှိုက်ရပါ့မယ်၊ သူတို့ထဲက တစ်ယောက်ယောက်ကတော့ ယောင်ကျူနဲ့တွဲရမှာပါ”

ကျုံချင်းယွီသည် မျက်မှောင်ကြုတ်သွားခဲ့သည်။

“ ဒါက ပါတနာလဲတာပဲမလား၊ ဘာလို့ ယောကျာ်းလေးနဲ့မိန်းကလေးအတွဲတွေ ဖြစ်ရမှာလဲ”

သူမသည် ယန်ရှီနှင့် ကျုံယန်စီကို စိုက်ကြည့်ခဲ့သည်။

အကယ်၍ ယန်ရှီသည် ကျုံယန်စီ၏နာမည်ကို မဲနှိုက်မိရင် မည်သို့ဖြစ်မည်နည်း။

ဒီလိမ်လည်လှည့်စားတဲ့အဘိုးကြီးက ယန်ရှီကြောင့်မလို့ ဒီရှိုးကို ပါတယ်ဆိုတာ သိသာလွန်းတယ်။

ဒါရိုက်တာယွီသည် သူ၏နဖူးမှ ချွေးများကိုသုတ်ကာ အားတင်း၍ ရီနေသည်။

“ ခင်ဗျားတို့လည်းသိပါတယ်၊ ယောကျာ်းလေးနဲ့မိန်းကလေး တူတူအလုပ်လုပ်တာက ပိုပြီး အသက်ဝင်တယ်လေ”

မကျေမနပ်ဖြစ်ကြသူများရှိပေမယ့်လည်း အစီအစဉ်သည် တရားဝင်လှုပ်ရှားမှုဖြစ်သောကြောင့် လူတိုင်းလိုက်နာရမည်ဖြစ်သည်။

ကျုံချင်းယွီသည် စဉ်းစားလိုက်၏။ ရွေးချယ်စရာသည် လေးခုရှိသောကြောင့် ယန်ရှီသည် ကျုံယန်စီနှင့် တွဲမိရန်အတွက် ¼ အခွင့်အရေးသာရှိသည်။

သူမသည် ထိုမျှကံဆိုးလောက်မည် မဟုတ်လော။

အဖွဲ့သားများသည် မဲနှိုက်ရန်အတွက် သေတ္တာတစ်လုံးကိုယူလာခဲ့ပြီးနောက် ခေါက်ထားသည့် စာရွက်များကို မိန်းကလေးဧည့်သည်များက ယူကြသည်။

ကျုံချင်းယွီသည် ပထမဆုံးပင်ယူကာ သူမ၏ခေါက်ထားသောစာရွက်ကို ကင်မရာရှေ့တွင် ဖွင့်ပြလိုက်သည်။

“ ကျွန်မရဲ့ ပါတနာကတော့”

ကျုံချင်းယွီ နာမည်ပြောတော့မည့်အချိန်တွင် ပေဟန်လီသည် ဘဝင်ခိုက်နေသည့် ပုံစံဖြင့် ရှေ့သို့ လှမ်းလာခဲ့သည်။

“ ယောင်ကျူပါ”

ပေဟန်လီသည် ခြေချော်သွားခဲ့ပြီး လဲကျလုနီးနီးပင် ဖြစ်သွားသည်။

ကျုံချင်းယွီသည် သူ့အား တစ်ချက်ကြည့်လိုက်သည်။

“ ပေဟန်လီ ရှင့်ခြေထောက်က ဘာဖြစ်တာလဲ၊ ကောင်းကောင်းတောင် မရပ်နိုင်တော့ဘူးလား”

ပေဟန်လီသည် မှင်သက်သွားခဲ့သည်။

သူသည် ချက်ချင်းပင် ဒါရိုက်တာယွီကို ကြည့်လိုက်သည့်အခါ၌ ဒါရိုက်တာယွီမှာ သူ၏လက်ထောက်နောက်တွင် ပုန်းနေခဲ့သည်။

ကျုံချင်းယွီသည် ဆောင့်ကြောင့်လေးထိုင်လိုက်ကာ ယောင်ကျူ၏ နူးညံ့သောအမွှေးများကို ပွတ်ပေးလိုက်သည်။

“ ဒါဆို နင်က ငါ့ရဲ့ပါတနာပေါ့၊ နောက်ကျ အပြင်တူတူသွားရင် လိမ်လိမ်မာမာနေနော် ဟုတ်ပြီလား”

ထိုအဖြူရောင် နှင်းခွေးလေးသည် စကားကို နားမလည်သော်လည်း စွန့်စားမှုတစ်ခုလုပ်ရမည်ဖြစ်သောကြောင့် စိတ်လှုပ်ရှားစွာဖြင့် အမြီးကိုယမ်းနေခဲ့သည်။

“ ဝုတ်! ဝုတ်!”

နောက်တစ်ယောက်မှာ ဆုလင်းလင်းအလှည့်ဖြစ်ပြီး သူမစာရွက်ကို ဖြန့်လိုက်သည့်အခါ၌ “လုပေယွီ” ဟု ပေါ်လာခဲ့သည်။

“ လုပေယွီ ကျွန်မဘယ်လို နှင်းလျှောစီးရမလဲဆိုတာ မသိဘူး၊ ရှင် ကျွန်မကို သင်ပြပေးပါဦး”

သူမနှင့် ဆက်ဆံရေးကောင်းသည့် လုပေယွီသည် ခေါင်းငြိမ့်ကာ “ ကိစ္စမရှိပါဘူး” ဟု ပြောလာခဲ့သည်။

နောက်ဆုံးတွင် ယန်ရှီနှင့် ရဲ့လော့ယီတို့သာ ကျန်ရှိခဲ့တော့သည်။

ကျုံချင်းယွီသည် စိတ်မပူဘဲ မနေနိုင်ပေ။ မဲသည် နှစ်ခုသာကျန်ရှိတော့သောကြောင့် ယန်ရှီသည် ထိုမျှ ကံဆိုးလောက်မည် မဟုတ်လော။

သို့သော် ကံကြမ္မာ၏ သဘောအ‌ရ ယန်ရှီသည် စာရွက်ကိုဖြန့်လိုက်သည့်အခါ၌ စာရွက်အပေါ်တွင် ကျုံယန်စီနာမည်အား ရေးထားခြင်းဖြစ်သည်။

ကျုံယန်စီသည် သူမအား ပြုံးပြခဲ့သည်။

“ တွေ့လား ကျွန်တော်တို့က ရေစက်ပါတာပဲ”

ယန်ရှီ: "..."

ထိုအရာသည် တကယ်ရေစက် ဖြစ်ပါသလော။

သူမသည် ထိုမဲနှိုက်ခြင်းမှာ အကွက်ဆင်ထားခြင်းမဟုတ်သည်ကို မယုံနိုင်ဖြစ်နေခဲ့သည်။

ကျုံချင်းယွီသည် အလွန်ပင် ဒေါသထွက်နေခဲ့သည်။ သူမသည် ယန်ရှီအား ကျုံယန်စီထက် ပေဟန်လီနှင့် ပိုတွဲစေချင်ခဲ့သည်။

“ ကျုံယန်စီ နင်နဲ့ငါနဲ့ နေရာလဲမယ်”

ကျုံယန်စီသည် သူမအား မကြည့်ခဲ့ပေ။

“ စည်းကမ်းက ယောကျာ်းလေးနဲ့မိန်းကလေးအတွဲဖြစ်ရမှာတဲ့၊ ငါတို့လဲလို့မရဘူး မင်း ယန်ရှီနဲ့တော့ လဲလို့ရတယ်၊ ပြီးတော့ ငါနဲ့တွဲရမှာနော်”

ကျုံချင်းယွီသည် အံကြိတ်ကာ သူမသည် အလွန်ကြီးမားသော စွန့်လွှတ်မှုတစ်ခုလုပ်တော့မည့်ပုံပင်ဖြစ်နေသည်။

“ ရတယ် ငါနင်နဲ့တွဲမယ်”

ကျုံယန်စီသည် အေးစက်စွာဖြင့် ပြန်ဖြေလာခဲ့သည်။

“ ဒါပေမယ့် မင်းကို မလိုချင်ဘူး”

ကျုံချင်းယွီသည် မှင်သက်သွားခဲ့သည်။

“နင် ငါ့ကို ငြင်းလိုက်တာလား”

ကျုံယန်စီသည် စိတ်မပါသည့်ပုံစံဖြင့်ပြောလာခဲ့သည်။

“ နားမလည်သေးဘူးလား”

ကျန်ရှိနေသည့်သူများမှာ အသက်ရှူပင် အောင့်ထားကြတော့သည်။ ဤရှိုးတွင် ကျုံချင်းယွီအား မကြိုက်ကြောင်း ပွင့်ပွင့်လင်းလင်း ပြောရဲသည်မှာ ကျုံယန်စီ တစ်ယောက်သာရှိသည်။

ထို့နောက် သူသည် ထပ်ပြောလာခဲ့သည်။

“မင်းလည်း ငါနဲ့ အတူတူမတွဲချင်ဘူး မဟုတ်လား”

ကျူံချင်းယွီသည် ဒေါသထွက်လွန်း၍ ပေါက်ကွဲတော့မည့်အတိုင်းပင် ဖြစ်နေခဲ့သည်။ သူပြောသည့် ဒုတိယအချက်မှာ မလွဲမသွေ မှန်နေခဲ့သည် သူတို့နှစ်ယောက်တစ်ဖွဲ့တည်းဖြစ်သွားပါက ပျက်စီးဆုံးရှုံးမှုများ ဖြစ်မည်ပင်။

ဒါပေမယ့် ကျုံယန်စီကို ယန်ရှီနဲ့တွဲခိုင်းလိုက်တာက သူ့ရဲ့အဖိုးတန်ဂေါ်ဖီထုပ်လေးကို ရိုင်းစိုင်းတဲ့ တောဝက်ကြီးဆီ ထည့်ပေးလိုက်တာနဲ့ အတူတူပဲ။

“ မဖြစ်ဘူး ယန်ရှီက ပေဟန်လီနဲ့ပဲ အဖွဲ့ဖွဲ့သင့်တာ”

ကျုံယန်စီသည် ကြားဖြတ်ပြောလာခဲ့သည်။

“ ကျုံချင်းယွီ မင်းက ယန်ရှီကို စိတ်ဆိုးရမှာမဟုတ်ဘူးလား၊ ဘာလို့ သူ့ကို အဲလောက်ဂရုစိုက်နေတာလဲ၊ ဘာလဲ သူ့ကို ခွင့်လွှတ်ပေးလိုက်ပြီလား”

ယန်ရှီ၏ မျက်လုံးများမှာ ချက်ချင်းပင် အရောင်တောက်လာခဲ့ပြီး ကျုံချင်းယွီအား မျှော်လင့်ချက် အပြည့်ဖြင့် ကြည့်လိုက်သည်။

ကျုံချင်းယွီ၏ ခန္ဓာကိုယ်မှာ အေးခဲသွားသလိုပင် ဖြစ်သွားသည်။

“ မ.. မဟုတ်ဘူး!”

သူမသည် ယန်ရှီဘက်သို့ လှည့်လိုက်သည်။

“ ငါနင့်ကို ခွင့်မလွှတ်ဘူးနော်၊ ငါ့ကို အဲလိုမျိုး လာမကြည့်နဲ့”

ယန်ရှီသည် နှုတ်ခမ်းလေးဆူလိုက်ကာ “ အို…” ဟု ပြောလာခဲ့သည်။

ကျုံယန်စီသည် ဓားဖြင့် ပိုမိုးနက်ရှိုင်းစွာ ထိုးလိုက်သလိုပင် ထပ်ပြောလာခဲ့သည်။

“ မင်း သူ့ကို ခွင့်မလွှတ်သေးဘူးဆိုရင် ဘာမှ ဝင်မစွက်ဖက်နဲ့တော့”

ကျုံချင်းယွီသည် အလွန်ပင် ဒေါသထွက်နေတော့သည်။

ယခင်က ယန်ရှီ၏ အချစ်ဆုံး သူငယ်ချင်းတစ်ယောက်မနေနှင့် သူမသည် ကျုံယန်စီအား အဝေးသို့ တွန်းထုတ်နိုင်စွမ်းရှိခဲ့သည်။

သို့သော် ယခုတွင် သူတို့သည် ရန်ဖြစ်ထားကြသောကြောင့် သူမသည် ဝင်ရောက်စွက်ဖက်ရန် အခွင့်အရေးမရှိတော့ပေ။

လူယုတ်မာကောင် ကျုံယန်စီ။

သူများတွေ စိတ်ဝမ်းကွဲနေကြတဲ့အချိန်မှာ အခွင့်ကောင်းယူနေတယ်။

“ ချင်းယွီ ကိုယ်တို့ ရှိုးရဲ့စည်းကမ်းတွေကို လိုက်နာသင့်တယ်၊ ပြီးတော့ ဒါက တိုက်ရိုက်ထုတ်လွှင့်နေတာပဲလေ၊ ကျုံယန်စီက ဘာမှမဟုတ်တာ မလုပ်လောက်ပါဘူး” ဟု ပေယွဲ့ပိုင်မှ ဝင်ပြောလာခဲ့သည်။

သူသည် ထိုသို့ပြောနေခဲ့သော်လည်း သူ၏ စိတ်ထဲတွင် အလွန်ပျော်မြူးနေခဲ့သည်။

ယန်ရှီနှင့် ပေဟန်လီတို့သည် အဖွဲ့ထဲတွင် မပါရှ်ိခြင်းကြောင့် ကျုံချင်းယွီ၏ အဖွဲ့ထဲတွင် ခွေးတစ်ကောင်သာ ပါရှိတော့သည်။

ဒါက သူ့မှာ ကျုံချင်းယွီကိုပြန်ရဖို့အတွက် ရွှေလိုအဖိုးတန်တဲ့အခွင့်အရေးကို ရသွားတာပဲ။

သူမ၏ ဘေးတွင်ရှိသော ချောမောလှသည့်ယောကျာ်းတစ်ယောက်မှာ ထိုခွေးထက်ပို၍ တောက်ပနေမည် မဟုတ်လော။

အချိန်အတော်ကြာစိတ်ကောက်ပြီးနောက် ကျုံချင်းယွီသည် နောက်ဆုံးတွင် အလျှော့ပေးလိုက်ကာ အတွဲများကို အတည်ပြုလိုက်တော့သည်။

နေ့လည်စာ စားပြီးနောက် ဧည့်သည်များသည် အနားယူပြီးနောက် နှင်းလျှောက်စီးရန်အပန်းဖြေနေရာသို့ ဦးတည်သွားကြတော့သည်။

ပါတနာပြောင်းလဲခြင်းအတွက် အချိန်အကန့်အသတ်မရှိခဲ့ပေ။

အဖွဲ့အသစ်များသည် နှင်းလျှောစီးခြင်းကို သင်ယူရမည်ဖြစ်ပြီး ရှိုး၏ သတ်မှတ်ထားသည့်လမ်းကြောင်းကို ပြီးမြောက်အောင် လုပ်ဆောင်ရမည်ဖြစ်သည်။

အနှေးဆုံးအတွဲသည် Weiboပေါ်တွင် ရှက်စရာကောင်းသည့် ပုံများကို တင်ရမည်ဖြစ်သည်။

နှင်းလျှောစီးသည့်အပန်းဖြေစခန်းတွင် ယန်ရှီသည် သူမ၏ အားကစားပစ္စည်းများကို အပြည့်အစုံ ဝတ်ဆင်လိုက်သည်။

သူမသည် နှင်းလျှောစီးစကိတ်ဘုတ်ကို ရွေးမည့်အစား skisကို ရွေးလိုက်သည်။

(T/N - skisဆိုတာက စကိတ်ဘုတ်ကိုမှ ဘေးမှာ ကိုင်ဖို့ တုတ်နှစ်ချောင်းပါတဲ့ဟာပါ)

သူမသည် tutorial ဗီဒီယိုများမှ နည်းများကို မှတ်ထားသော်လည်း ခြေလှမ်းနှစ်လှမ်း မလှမ်းရသေးခင်ပင် နှင်းတွေပေါ်သို့ မှောက်လျက် လဲကျသွားသည်။

ကျုံယန်စီသည် သူမအား ဆွဲထူလိုက်သည်။

“ မင်း အဲလောက်တောင် နှင်းလျှောစီးတာ ညံ့တာလား”

“ အဲတာက skisတွေကြောင့်ပဲ၊ သူတို့က ကျွန်မစကားကိုနား‌မထောင်ဘူး”

ယန်ရှီမှ ငြီးတွား၍ ပြောဆိုလိုက်သည်။

ကျုံယန်စီသည် တခစ်ခစ်ပင် ရယ်မောနေခဲ့ပြီး သူမ၏ပါးပြင်ပေါ်မှ နှင်းအမှုန်များကို ညင်သာစွာဖြင့် ဖယ်ပေးနေလေသည်။

အစပိုင်းတွင် ပါတနာလဲလှယ်သည့်ကိစ္စအား များပြားစွာဆွေးနွေးနေကြသည့် မှတ်ချက်များသည် ယခုတွင် ထိုမြင်ကွင်းကိုမြင်လိုက်ရသည့်အခါ၌ ထပ်မံ၍ စိတ်လှုပ်ရှားသွားကြသည်။

[ အရမ်းချိုတာပဲ ငါတော့ သူတို့ကို shipပြီဟေ့ ]

[ ချောတဲ့ကောင်လေးနဲ့လှပတဲ့ကောင်မလေးတို့ အတူတူရှိနေကြတာပဲ ဘယ်လိုလုပ် မချိုမြန်ဘဲနေမှာလဲ]

[ Blue studio မှာကတည်းက အဲကောင်လေးကို အတော်ချောတယ်လို့ တွေးနေခဲ့တာ၊ ပြီးတော့ သူက ယန်ရှီနဲ့ ဟိုဘက်ကမ်းလွန်တဲ့အထိကို လိုက်ဖက်နေတာပဲ]

[ သခင်မလေးကတော့ ဒါကိုမြင်ပြီး ဒေါသထွက်နေမှာ သေချာပေါက်ပဲ]

[ ဒါပေမယ့် ကိုယ်အချစ်ဆုံး သူငယ်ချင်းက ကိုယ့်ရဲ့ ယောင်းမဖြစ်လာတာ မကောင်းဘူးလား၊ နှစ်ဆ ပိုရင်းနှီးသွားတာပေါ့ ဟီးဟီး ]

ယန်ရှီသည် ထို များပြားသည့်မှတ်ချက်များကို မမြင်နိုင်ပေ။

ထို့နောက် သူမသည် ကျုံယန်စီအနားသို့ကပ်ကာ ရုတ်တရက်ပင် သူတို့၏ microphone များကို ပိတ်လိုက်သည်။

“ ကျွန်မကို အမှန်အတိုင်းပြောပြ၊ ပါတနာလဲတဲ့ကိစ္စကို စီစဉ်တာ ရှင် မလား”

ယန်ရှီသည် တိုက်ဆိုင်မှုတစ်ခုဆိုတာကို မယုံခဲ့ပေ။ ဒီလောကတွင် ထိုမျှလောက် တိုက်ဆိုင်မှုရှိတာ မဖြစ်နိုင်ပေ။

“ ပေဟန်လီက ပါတနာလဲဖို့ တောင်းဆိုတာလေ” ဟု ကျုံယန်စီ မှ တည်ငြိမ်စွာဖြင့် ပြောလာသည်။

“ ကိုယ်က အတွဲအသစ်တွေကို ပြန်စီစဉ်လိုက်ရုံပါပဲ”

ပေဟန်လီသည် ဒါရိုက်တာယွီကို ရှီကွား videoနှင့် ခြိမ်းခြောက်နိုင်ပါသော်လည်း Starlight အနုပညာကုမ္ပဏီသည် Journey ၏ အကြီး‌ဆုံး ရင်းနှီးမြုပ်နှံသူဖြစ်သည်။ တစ်ခြားနည်းဖြင့် ပြောရမည်ဆိုလျှင် ကျုံယန်စီသည် ဒါရိုက်တာယွီ၏ သူဌေးအစစ်ပင် ဖြစ်သည်။

ယန်ရှီသည် နောက်ဆုံးတွင် နားလည်သွားခဲ့သည်။

“ ဒါဆို ရှင်က ချင်းယွီနဲ့ ယောင်ကျူကိုတွဲပေးခဲ့တာလား၊ ဘာလို့ လုပေယွီနဲ့မတွဲပေးတာလဲ”

ပေယွဲ့ပိုင်သည် ကျုံချင်းယွီအနားမှာပင် ရှိနေဆဲ ဖြစ်သည်။

ယောင်ကျူသည် ဘာမှမသိသည့် ကြောင်တောင်တောင် Samoyed ခွေးတစ်ကောင်သာဖြစ်သည် သူသည် မည်သည့်အရာများ လုပ်နိုင်မည်နည်း။

သူတို့က လုပေယွီနဲ့တွဲပေးသင့်တယ် သူက တတိယလူအနေနဲ့ ဝင်ရှုပ်ဖို့ အရမ်းသင့်တော်တဲ့ သူတစ်ယောက်ပဲလေ။

ယခုတွင် အကြံအစည်များစွာရှိသည့် ပေယွဲ့ပိုင်သည် ကျုံချင်းယွီဘေးနားတွင် ရှိနေလေသည်။ သူသည် မည်သည့်ကိစ္စများလုပ်မည်ကို မည်သူသိနိုင်မည်နည်း။

“ မဖြစ်ဘူး၊ ကျွန်မ ချင်းယွီကို သွားကြည့်ဖို့လိုတယ်”

ယန်ရှီသည် အလွန်ပင် စိုးရိမ်နေခဲ့သည်။ ကျုံချင်းယွီသည် ဇာတ်ညွှန်းထိန်းချုပ်မှုမှ လွတ်မြောက်သွားခဲ့သော်လည်း ကြိုတင်ကာကွယ်ခြင်းက ပို၍ လုံခြုံလေသည်။

လွန်ခဲ့သည့်တစ်ခေါက်၌ ပေယွဲ့ပိုင်သည် ယန်ရှီ၏ လိမ်ညာမှုအကြောင်းကို ဖော်ထုတ်၍ သူတို့နှစ်ယောက်ကြား ဆက်ဆံရေးကွဲကွာစေရန် ကြိုးစားခဲ့လေသည်။

သူသည် ယခုတစ်ခေါက်တွင် မည့်သည့်အရာများ ထပ်၍ ပြုလုပ်အုံးမည်နည်း။

ကျုံယန်စီသည် သက်ပြင်းချလိုက်သည်။

“ သူက အရွယ်ရောက်နေပြီပဲ …”

“ ကျုံယန်စီ အချိန်ဖြုန်းမနေနဲ့၊ လာ သွားမယ်”

ကျုံယန်စီ :“…”

သူတို့အားလုံးသည် နှင်းလျှောစီးသည့် အပန်းဖြေစခန်းတစ်ခုထဲတွင် ရှိနေသော်လည်း ဒါရိုက်တာယွီသည် ထိုအတွဲလေးတွဲကို မတူညီသည့်နေရာများတွင် ခွဲထားခဲ့သည်မှာ ပေဟန်လီ၏ မူလအစ တောင်းဆိုချက်ဖြစ်ပြီး သူနှင့် ကျုံချင်းယွီ အတူရှိနေချိန်တွင် မည်သူမျှ မနှောက်ယှက်စေချင်လို့ပင် ဖြစ်သည်။

ထို့ကြောင့်ပင် ကျုံချင်းယွီသည် သူမ၏ သတ်မှတ်ထားသော နေရာရောက်သည့်အခါ၌ ယန်ရှီအား လုံးဝ မတွေ့ရတော့သည်ကို သိလိုက်ရသည်။

သူမသည် အလွန်ပင်ဒေါသထွက်တာ ခြေထောက် ဆောင့်လိုက်သည်။

“ အားး တော်တော်ကံဆိုးတာပဲ၊ ယန်ရှီက အဲလူလိမ်အဘိုးကြီးနဲ့ တူတူကျရတယ်လို့”

ယောင်ကျူသည် မည်သည့်အရာမှ နားမလည်သော်လည်း စိတ်လှုပ်ရှားစွာဖြင့် သူ၏အမြှီးကို ယမ်းနေခဲ့သည်။

ယခင်က ပေယွဲ့ပိုင်သည် ယန်ရှီ၏ “အသည်းကွဲ‌နေခြင်း” မှာ ကျုံချင်းယွီအား လိမ်ညာခဲ့ခြင်းဖြစ်ကြောင်း ဖော်ထုတ်ခဲ့သော်လည်း အကြီးအကျယ်ကျရှုံးခဲ့သည်။

သို့သော် X နိုင်ငံသို့ ရောက်ပြီးနောက်ပိုင်းတွင် ကျုံချင်းယွီသည် ထိုကိစ္စအား စိတ်ထဲမထားဘူးဟု ပြောဆိုခဲ့သော်လည်း သူမနှင့် ယန်ရှီတို့၏ ဆက်ဆံရေးသည် သိသိသာသာအေးစက်နေသည်ကို ပေယွဲ့ပိုင်မှ သတိထားမိခဲ့သည်။ သူမသည် စိတ်ဆိုးနေဆဲဖြစ်သည်မှာ သိသိသာသာပင် ဖြစ်သည်။

သူ၏ ကြိုးစားမှုများသည် အချည်းနှီးမဖြစ်ခဲ့ပေ။

ထို့ကြောင့် ပေယွဲ့ပိုင်သည် မီးလောင်ရာ လေပင့်ရန်ထပ်ပြောလာခဲ့သည်။

“ ချင်းယွီ၊ ယန်ရှီက မင်းကောင်းဖို့အတွက် လိမ်ညာခဲ့တယ်ဆိုပေမယ့် သူက ကျုံယန်စီကို စိတ်မဝင်စားဘူးလို့တော့ ပြောမရဘူး၊ ဒါက မတူညီတဲ့ အရာနှစ်ခုပဲလေ”

“ အခုတော့ ယန်ရှီက ကျုံယန်စီနဲ့ တွဲရလို့ အတော်ပျော်နေလောက်ပြီ”

ထိုစကားကိုကြားလိုက်ရသည့်အခါ၌ ကျုံချင်းယွီမှာ ပို၍ စိတ်ရှုပ်သွားခဲ့သည်။

“ အဲ ကတုံးဒါရိုက်ဝာာယွီက ပါတနာနှစ်ယောက်လုံး နှင်းလျှောစီးတာ သင်ပြီးသွားရင် challenge ပြီးပြီလို့ ပြောခဲ့တယ်မလား”

ပေယွဲ့ပိုင် : “ဟုတ်တယ်”

“ မင်း နှင်းလျှောဘယ်လိုစီးရလဲ မသိဘူးမလား၊ ကိုယ်သင်ပေးမယ်လေ”

ထိုအရာသည် သူလိုချင်သည့် အဓိကအချက်ပင်ဖြစ်သည် ကျုံချင်းယွီသည် beginner တစ်ယောက်ဖြစ်ခြင်းကြောင့် သူသည်ထင်ပေါ်စေဖို့ အခွင့်အရေးတစ်ခုရမည်ဖြစ်သည်။

ကျုံချင်းယွီသည် လှောင်သလိုလိုဖြင့်ရယ်လိုက်သည်။

သူမသည် နှင်းလျှောစီးသည့် တုတ်တံများကို ကိုင်ဆွဲ၍ ရှေ့သို့ ပေါ့ပေါ့ပါးပါးဖြင့်လျှောဆင်းသွားခဲ့သည်။ ယန်ရှီသည် skisများကို ထိန်းချုပ်ရန် အလွန်ရုန်းကန်နေရချိန်တွင် ကျုံချင်းယွီသည် ကလေးစရာလိုပင် ဖြစ်နေခဲ့သည်။

သူမသည် နှင်းတွေစုပုံထားသည့် ပေါ်သို့ အလွယ်တကူပင် ကျော်သွားကာ လေပေါ်မြှောက်သွားခဲ့သည်။

သူက လေပေါ်မှာ တစ်ပတ်လည်လိုက်ပြီး အောက်ကို အရှ်ိန်နဲ့ ပြန်ဆင်းလာတော့ နှင်းမှုန်တွေက ပေယွဲ့ပိုင်ပေါ်ကို စင်သွားတယ်။

“ အားးး!”

ပေယွဲ့ပိုင်သည် သူ၏မျက်နှာအား ရေခဲနှင်းမှုန်များနှင့်ပတ်ခံလိုက်ရသလိုဖြစ်ကာ တုံ့ပြန်ချိန်တောင် မရခဲ့ပေ။

[ အားးးး သခင်မလေးက အရမ်းမိမိုက်နေတာပဲ]

[ သူကအရမ်းအံ့ဩဖို့ကောင်းတာပဲ ရွက်လှေစီးတဲ့နေရာမှာလည်း မယုံနိုင်လောက်အောင် အံ့ဩဖို့ကောင်းခဲ့တာ၊ အခု နှင်းလျှောစီးတဲ့နေရာမှာလည်း တော်နေပြန်ပြီလား]

[ အရမ်းကို လန်ထွက်နေဝာာပဲ၊ မိန်းကလေးတွေက နှင်းလျှောမစီးနိုင်ဘူးလို့ ဘယ်သူပြောလဲ]

[ အရမ်းရယ်ရတာပဲ ဒီအချိန်မှာ ယန်ရှီကတော့ မှောက်ရက်ပစ်လဲနေတုန်းပဲ၊ သခင်မလေးရဲ့ အရည်အချင်းတွေက levelတစ်ခုကို ရောက်နေပြီပဲ]

ပေယွဲ့ပိုင်သည် သူ၏မျက်နှာတွင် ပေနေသည့် နှင်းမှုန်များကို အလျင်အမြန်ပင်သုတ်ကာ ကျုံချင်းယွီ၏ နှင်းလျှောစီးနေသည်ကိုကြည့်နေခဲ့ပြီး အရမ်းမိုက်ကြောင်း အင်တင်တင်ဖြင့် ဝန်ခံခဲ့သည်။

သို့သော် သူမသည် အရမ်းတော်နေခဲ့ပါလျှင် သူ့အတွက် မည်သည့်အရာ ကျန်ရှိတော့မည်နည်း။

သူမအား ပြန်ရရှိရန်အတွက် ပို၍ပင် ခက်ခဲသွားခဲ့သည်။

ထို့နောက် ကျုံချင်းယွီသည် သူ့အား လှမ်းခေါ်လိုက်သည်။

“ ပေယွဲ့ပိုင် ဒီကိုလာခဲ့”

ပေယွဲ့ပိုင်မှာ ရင်ခုန်သွားခဲ့သည်။

သူသည် စိတ်အားထက်သန်စွာဖြင့် မြန်မြန်လာခဲ့လေသည်။

“ ချင်းယွီ မင်း ကိုယ်နဲ့ မခွဲနိုင်ဘူးဆိုတာ ကိုယ်သိပါတယ်”

ကျုံချင်းယွီသည် နှင်းလျှောစီးသည့်တုတ်တံကို သူ၏ရင်ဘတ်သို့ ထောက်ကာ နီးကပ်မလာစေရန် တားဆီးလိုက်သဘ်။

“ ဘယ်သူက မခွဲနိုင်ဘူးလို့ပြောလို့လဲ ကိုယ့်ကိုကိုယ် အရမ်းအထင်ကြီးမနေနဲ့”

သူမသည် ယောင်ကျူကို လက်ညိုးထိုးပြလိုက်သည်။

“ ဒီရှိုးမှာ ပါတနာ နှစ်ယောက်လုံးက နှင်းလျှောစီးသင်ဖို့လိုတယ်၊ အဲတော့ ရှင့်ရဲ့အလုပ်က သူ့ကိုသင်ပေးဖို့ပဲ နားလည်လား”

ပေယွဲ့ပိုင်မှာ မျက်လုံးပြူးသွားခဲ့သည်။ “ ခွေးတစ်ကောင်ကို သင်ခိုင်းစေချင်တာလား”

ကျုံချင်းယွီသည် မျက်ခုံး ပင့်လိုက်သည်။

“ မလုပ်နိုင်ဘူးလား ကောင်းပြီလေ American Express က ကျွန်မအတွက် ခရီးသွား အကြံပေးတစ်ယောက်ကိုရှာပေးထားတယ်တဲ့ တကယ်လို့ ရှင်စိတ်မဝင်စားဘူးဆိုရင်လည်း—”

“ ကိုယ်လုပ်ပါ့မယ်” ဟု ပေယွဲ့ပိုင်သည် မည်သည်မျှမစဉ်းစားတော့ပဲ ပြောလိုက်သည်။

အကယ်၍ သူသည် ထိုအခွင့်အရေးကို လက်လွှတ်ခံလိုက်ပါက တရုတ်နိုင်ငံကို ပြန်သွားရမည်ဖြစ်ပြီး ကျုံချင်းယွီ၏ဘေးနားတွင် နေဖို့အခွင့်အရေးလည်း ဆုံးရှုံးသွားမည်ပင်ဖြစ်သည်။

ယခုတစ်ခါ၌ ကျုံချင်းယွီသည် သူ့အား ခရီးသွားအကြံပေးအဖြစ် ခွင့်ပြုပေးထားခြင်းဖြစ်၍ နှစ်ယောက်သား အချိန်အတူတူကုန်ဆုံးရန် ရခဲ့ပြီဖြစ်သည်။

သူအချိန်ဖြုန်းနေလို့မဖြစ်ဘူး။

ပေယွဲ့ပိုင်သည် မကျေမနပ်ဖြင့် ယောင်ကျူထံသို့ တစ်လှမ်းချင်းလှမ်းသွားခဲ့သည်။

အဖွဲ့သားများသည် ယောင်ကျူအတွက် အထူး နှင်းလျှောစီး စကိတ်ဘုတ်များကို စီစဉ်ပေးထားပြီး လုံခြုံရေးကြိုးများဖြင့် ချည်ထားပေးကာ ထိုင်ခိုင်းထားလေသည်။

အခြားတစ်ယောက်သည် သူ့အား ဆွဲခေါ်၍ နှင်းလျှောက်စီးလို့ရမည်ဖြစ်သည်။

ကျုံချင်းယွီသည် ထိုဆွဲခေါ်သည့်အလုပ်သည် စိတ်အနှောက်အယှက်ဖြစ်ခြင်းကြောင့် ပေယွဲ့ပိုင်ကို အလုပ်ပေးလိုက်ခြင်းဖြစ်သည်။

“ ပေယွဲ့ပိုင် ကြိုးစားထား၊ ယောင်ကျူကို သတ်မှတ်ထားတဲ့ လမ်းအတိုင်း ဆွဲခေါ်ခဲ့ရုံပဲ၊ ဒါဆို ကျွန်မ ယန်ရှီကို သွားရှာလို့ရပြီ”

ပေယွဲ့ပိုင်သည် ယောင်ကျူကို ချော့၍ နှင်းလျှောစီးသည့် စကိတ်ဘုတ်ပေါ်သို့ ကြိုးဖြင့်‌ဆွဲတင်ရုံမှလွဲ၍ ရွေးချယ်စရာ မရှိပေ။

သို့သော် ယောင်ကျူသည် ပျင်းရိနေခဲ့သည်။

မည်သည့်ခွေးသည် နှင်းလျှောစီးစကိတ်ဘုတ်ပေါ်တွင် ထိုင်နေချင်ပါသနည်း။

နှင်းတွေပေါ်မှာ လွတ်လွတ်လပ်လပ်လှိမ့်ပြီးကစားနေတာက ပိုပျော်ဖို့ကောင်းတယ်လေ။

ထို့အပြင် အနားတွင် လုပေယွီ မရှိခြင်းကြောင့် ပေယွဲ့ပိုင်သည် ထိုခွေးအား ထိန်းလို့မရပေ။ မိနစ်အနည်းငယ်အတွင်းမှာပင် ယောင်ကျူသည် ကြိုးထဲမှ ရုန်းထွက်သွားပြီး နှင်းတွေထဲတွင် ပြေး၍ ဆော့ကစားနေတော့သည်။

“ ယောင်ကျူ ယောင်ကျူ”

ပေယွဲ့ပိုင်သည် ထိုခွေးအားလိုက်ဖမ်း၍ စကိတ်ဘုတ်ပေါ်သို့ အတင်း ဖမ်းတင်လိုက်သည်။

ထိုခွေးသည် သူ့အား စိတ်ဆိုးသည့်ပုံဖြင့် ကြည့်နေခဲ့သည်။

ပေယွဲ့ပိုင်သည်လည်း စိတ်မပျော်တော့ပေ။ ယခင်တစ်ခေါက်က ကျုံချင်းယွီသည် သူမ၏ ခြေထောက်ကို နှိပ်ခိုင်းခြင်းဖြစ်သည်။ ယခုတွင်လည်း တိရစ္ဆာန်တစ်ကောင်၏ ကျွန်လိုပင် ဖြစ်နေခဲ့ပြီး နောက်ထပ်မည်သည့်အရာများထပ်လုပ်ရဦးမည်နည်း။

မှတ်ချက်များတွင် သူ့အားလှောင်ပြောင်နေကြမည်ကို သိနေသောကြောင့် တိုက်ရိုက်ထုတ်လွှင့်မှုကိုတောင် မကြည့်ရဲတော့ပေ။

ပေယွဲ့ပိုင်သည် ကြိုးကို တင်းတင်းဆွဲလိုက်သောကြောင့် ယောင်ကျူမှာ နာကျင်သွားတော့သည်။

ယောင်ကျူက အူပြီး ချက်ချင်းထပ်လွတ်သွားပြန်ပြီ။

“ရပ်လိုက်စမ်း ခွေးကောင်”

ပေယွဲ့ပိုင်သည် အလွန်ပင် ဒေါသထွက်ကာ ခွေးကို အရှိန်ဖြင့် လှမ်းဖမ်းလိုက်သည်။

သို့သော် ယောင်ကျူသည် သူ့ထက် ပိုမြန်လေသည်။ ယောင်ကျူသည် တောင်စောင်းအစွန်းထိ ပြေးသွားခဲ့ပြီး ပေယွဲ့ပိုင် သူ့နားသို့ ရောက်တော့မည့်အချိန်တွင် သူ၏ နောက်ခြေထောက်ကိုမြှောက်လိုက်ကာ ရွေရောင်အရည်များသည် လေထဲသို့ ပန်းထွက်လာခဲ့ပြီး ပေယွဲ့ပိုင်၏ခေါင်းပေါ်သို့ တည့်တည့်ပင် ကျသွားခဲ့သည်။

【!!!】

[ဘုရားရေ— ဒါက အရမ်းရိုင်းစိုင်းတာပဲ]

[ အရမ်းရယ်ရတာပဲ ငါအသက်တောင်မရှူနိုင်တော့ဘူး၊ ပေယွဲ့ပိုင်နဲ့ခွေးသေးတွေ ဒီထက်ပိုမိုက်တဲ့အတွဲရှိရင် နာမည်ပြောစမ်းပါ]

[ခုနတုန်းက ပေယွဲ့ပိုင် ယောင်ကျူ့ပေါင်ကို ဆွဲဆိတ်လိုက်တာ ငါမြင်လိုက်တယ်၊ ဒါကြောင့်မလို့ ခွေးက ပြန်ပြီး လက်စားချေတာနေမှာ]

[ ပေယွဲ့ပိုင် နင်ဘယ်လိုတောင်လုပ်ရက်တာလဲ၊ ယောင်ကျူက ခွေးတစ်ကောင်လေ သူဘယ်လိုလုပ်သိမှာလဲ]

[ ဒီလိုခံရတာ ကောင်းတယ် ပေယွဲ့ပိုင်အတွက် ခွေးသေးနည်းနည်းပဲပန်းခံရတာက နည်းတောင်နည်းနေသေးတယ်]

ပေယွဲ့ပိုင်သည် ဒေါသအလွန်ထွက်ကာ တုန်ရီနေခဲ့သည်။

ဒါက ဒုတိယအကြိမ်ပဲ။

အရင်တစ်ခေါက်က ဆုလင်းလင်းသူ့ကို ခွေးသေးခံနဲ့ ပစ်ခဲ့ဖူးတာအပါအဝင် ဒါက ဒုတိယအကြိမ်အရှက်ခွဲခံရတာပဲ။

သူက ဒီအရိုင်းအစိုင်းခွေးကို သတ်ပစ်ချင်နေပြီ။

ယောင်ကျူသည် သူအမှားလုပ်လိုက်သည်ကို သိသွားပုံရ၍ ကျုံချင်းယွီ၏နောက်သို့ အလျင်အမြန်ပင် ပြေးကာ ပုန်းနေလိုက်ပြီး သူ၏အမြီးကို ခြေထောက်ကြားထဲညှပ်ထားကာ မည်သည့်အသံမှ မထွက်ရဲတော့ပေ။

ကျုံချင်းယွီသည် ခွေးကို ကာကွယ်ပေးခဲ့သည်။

“ ပေယွဲ့ပိုင် ရှင်ဘာလို့ ခွေးကိုအနိုင်ကျင့်နေရတာလဲ”

ပေယွဲ့ပိုင်၏ မျက်လုံးများမှာ ဒေါသမီးများနှင့် တောက်လောင်နေ၍ နီရဲနေခဲ့သည်။

“ ကျုံချင်းယွီ ဖယ်လိုက်၊ ကိုယ် ဒီနေ့သူ့ကို သင်ခန်းစာပေးမှရတော့မယ်”

“ရှင်က တိရစ္ဆာန်ညှင်းပန်းနှိပ်စက်မှူနဲ့ ရေပန်းစားချင်နေတာလား”

ကျုံချင်းယွီသည် လှောင်ပြောင်လိုက်သည်။

ပေယွဲ့ပိုင်သည် မှင်သက်သွားကာ စူးရှထက်မြက် သောထိုစကားသည် သူ၏ဒေါသများကို ဖြတ်တောက် လိုက်လေသည်။

တိုက်ရိုက်ထုတ်လွှင့်မှု ကင်မရာများသည် ဆက်လက်ရိုက်ကူးနေဆဲပင်ဖြစ်သည်။ အကယ်၍ သူသည် ယောင်ကျူကို လက်ပါလိုက်ပါက လုဝမ်နင်းသည် သူ့နောက်ကို လိုက်လာရုံသာမက ကြည့်ရှုသူများသည်လည်း သူ့ကို အလွတ်ပေးမည် မဟုတ်ပေ။

သူ၏ဒေါသကြောင့် အသိစိတ်ပျောက်သွားခဲ့သည်။

သူသည် လူအများ၏အမြင်ကို မှီခိုစရာမလိုသော်လည်း ထျန်းဟွေ့သည် လိုအပ်လေသည်။သူသည် စည်းကျော်လို့မဖြစ်ပေ။

ပေယွဲ့ပိုင်သည် သူ၏ဒေါသများကို မြိုသိပ်ကာ အေးစက်စွာဖြင့်ပြောလာခဲ့သည်။

“ကိုယ် ရေသွားချိုးတော့မယ်”

သူမထွက်သွားခင်၌ ယောင်ကျူအား ကြောက်စရာကောင်းသည့် အကြည့်ဖြင့် စိုက်ကြည့်သွားခဲ့သည်။

အနီအနားတွင်ရှိသော ပွဲကြည့်ပရိတ်သတ်နေရာတွင် ယန်ရှီနှင့်ကျုံယန်စီတို့သည် ထိုအဖြစ်အပျက်ကို ကြည့်နေခဲ့ကြသည်။

ယန်ရှီသည် ခါးကိုညွှတ်တော့မည့်နီးနီးပင် ကုန်းရယ်နေလေသည်။

“ ဟားဟားဟား ယောင်ကျူက အပြတ်အသတ်ကို ချပြစ်တာပဲ”

ဒီတစ်ခေါက် ခွေးလေးအတွက် မုန့်တစ်ချို့ယူလာတာ တန်သွားပြီ ဘယ်လောက်တောင် တော်တဲ့ခွေးကလေးလဲ။

ကျုံယန်စီသည် ဤကဲ့သို့အဖြစ်အပျက်မျိုးကို မျှော်လင့်မထားသောကြောင့် ပြောစရာစကားများ ပျောက်ဆုံးနေသည်။

ကျုံချင်းယွီသည် နှင်းလျှောစီးကျွမ်းကျင်သူဖြစ်သောကြောင့် ဒါရိုက်တာယွီသည် သူမအား အဆင့်မြင့် တောင်စောင်းကို စီစဉ်ပေးခဲ့ပြီး ထိုနေရာတွင် နှင်းခဲများ ၊ ချောက်ကမ်းပါးများနှင့် တောင်ကြားများဖြင့် ပြည့်နေခဲ့သည်။

ထိုသို့မှမဟုတ်လျှင် ခွေးတစ်ကောင်သည် လူတစ်ယောက်၏ ခေါင်းပေါ်သို့ သေးပန်းနိုင်ဖို့ အခွင့်အရေးမရှိနိုင်ပေ။

သို့သော် အံ့ဩသင့်စရာကောင်းတာတစ်ခုမှာ ကျုံချင်းယွီသည် ပေယွဲ့ပိုင်အား အရှက်ကွဲအောင်လုပ်ခဲ့သည့် ယောင်ကျူကို တစ်စက်မှ မဆူခဲ့ပေ။

“ ချင်းယွီ သူပြောင်းလဲသွားပြီ”

ကျုံယန်စီသည် ရုတ်တရက် တိုးတိုးလေးကပ်ပြောလာခဲ့သည်။

ယန်ရှီသည် တုံ့ဆိုင်းနေခဲ့ပြီး မည်သို့ ပြန်ပြောရမည်ကို မသိတော့ပေ။

သူမအတွက်တော့ ပေယွဲ့ပိုင်အပေါ် ကျုံချင်းယွီ၏မျက်စိစုံမှိတ်၍နားလည်ပေးခြင်းများ ရုတ်တရက်ကင်းမဲ့သွားကြောင်းမှာ သိသာထင်ရှားနေသည်။

သို့သော် ကျုံယန်စီမှလွဲ၍ မည်သူမှ သတိထားမိပုံမရပေ။

ကျုံချင်းယွီသည် အချစ်ရေးကိစ္စများနှင့်ပတ်သတ်၍ အတွေ့အကြုံများစွာရှိသည်။

သူမ၏ ဆွဲဆောင်မှုရှိသည့် အလှအပကြောင့် ယောကျာ်းလေးများအားလုံးသည် သူ၏ခြေရင်းတွင် ခစားကြရသည်။ သူသည် အပျော်သာတွဲခဲ့၍ စိတ်လှုပ်ရှားမှုများကို ကြိုက်နှစ်သက်သော်လညိး သံယောဇဉ် တွဲသည်မှာ ရှားသည်။

ပေယွဲ့ပိုင်သည် ပထမဦးဆုံး ချွင်းချက်တစ်ခုဖြစ်ခဲ့သည်။

ကျုံယန်စီသည် ထိုအရာကို လုံးဝနားမလည်ခဲ့ပေ။ ပေယွဲ့ပိုင်တွင် ချောမောခြင်းနှင့် ချမ်းသာခြင်းများရှိသည်မှာ မှန်သော်လည်း ထိုအရာလောက်နှင့် ကျုံချင်းယွီအား မည်သို့ ဆွဲဆောင်နိုင်မည်နည်း။

သို့သော်လည်း သူမသည် 2နှစ်ကျော်ထိ စွဲလမ်းနေခဲ့သည်။

သူတို့ပါးပါး၏ တောင်းဆိုချက်များသည်ကိုလည်း နားမဝင်ခဲ့သည့်အပြင် ကျုံယန်စီ ရှင်းပြသည့် အကြောင်းပြချက်များသည်လည်း အချည်းနှီးပင် ဖြစ်ခဲ့ပြီး သူတို့၏ဆက်ဆံရေးမှာ ခိုင်မာနေခဲ့သည်။

သို့သော် လွန်ခဲ့သည့် နှစ်ပတ်ကတည်းကပင် ကျံယန်စီသည် သူသိသည့် ကျုံချင်းယွီပုံစံ ပြန်ရောက်လာခဲ့ပြီဟု ခံစားနေခဲ့ရသည်။

“ အရမ်းကောင်းတယ်”

သူသည် ရိုးရိုးရှင်းရှင်းဖြင့် ပြောလာခဲ့သည်။ သူမအား ဒီလိုပုံစံဖြင့်‌မြင်နေရသည်မှာ အဆပေါင်းများစွာ ပိုကောင်းလွန်းသည်။

ယန်ရှီသည် သက်ပြင်းချလိုက်သည်။ ကျုံချင်းယွီသည် ဇာတ်ညွှန်း၏ထိန်းချုပ်မှုမှ လွတ်မြောက်သွားသည်မှာ သိသာထင်ရှားခဲ့သည်။

သူသည် ပေယွဲ့ပိုင်နှင့် နှစ်ယောက်တည်းရှိနေရင်တောင်ပင် သူသည် ကျုံချင်းယွီကို လွှမ်းမိုးနိုင်မည်မဟုတ်တော့ပေ။

“ ပြန်ပြီး လေ့ကျင့်ကြမယ်”

ယန်ရှီမှ မတ်တပ်ထကာ ပြောလိုက်သည်။

ကျုံယန်စီ၏ မျက်လုံးများမှာ တောက်ပလာခဲ့သည်။

“ကြည့်လို့ပြီးသွားပြီလား”

သူမသည် လက်သီးဆုပ်၍ ပြောလာသည်။

“ ဟုတ်တယ်လေ၊ နှင်းလျှောစီး မြန်မြန်သင်မှ challenge တွေ ပြီးအောင်လုပ်နိုင်ပြီးတော့ ရှင့်ကိုလည်း အစားထိုးပစ်လို့ရမှာလေ”

ကျုံယန်စီ: "…"

ထိုအရာသည် သူမ၏ moti များလား။ရုတ်တရက်ပင် ကျုံယန်စီသည် သူမအား သင်ကြာပေးရန် စိတ်မပါတော့ပေ။

တစ်ခြားနေရာ၌ ပေဟန်လီနှင့်ရဲ့လော့ယီတို့သည် ကျုံချင်းယွီအဖွဲ့နှင့် သိပ်မဝေးသည့် နှင်းလျှောစီးတောင်ကုန်းတစ်ခုတွင် ရှိနေကြသည်။

ပေဟန်လီသည် နှင်းလျှောစီးတက်သော်လည်း ရဲ့လော့ယီမှာ မစီးတက်ပေ။

သူမ၏ ပါတနာတစ်ယောက်အနေဖြင့် ပေဟန်လီသည် သူမအား သင်ကြားပေးရမည်ဖြစ်သည်။

ပေဟန်လီသည် လုံးဝစိတ်မရှည်ပေ။ သူသည် ကြီးမားလှသည့် သစ်ပင်ပေါ်တွင် ပျင်းရိစွာ မှီထိုင်နေခဲ့ပြီး သူ၏ပါးစပ်ထဲတွင်လည်း ပူရှိန်းတစ်လုံးထည့်ထားလေသည်။

“ မစ္စရဲ့ မြန်မြန်လုပ်ပါ” ဟု ပျင်းရိနေသည့်လေသံဖြင့်ပြောလာခဲ့သည်။

“ မင်း မြန်မြန်မသင်ရင် ကျွန်တော်တို့အကြာကြီး အတူတူတွဲနေရလိမ့်မယ်”

ရဲ့လော့ယီသည် ကြိုးစားနေသော်လည်း ဟန်ချက်ပျက်သွားကာ နှင်းမှုန်ထဲသို့ မှောက်လျက်ကျသွားခဲ့သည်။

သူမလဲကျသွားသည့်နေရာတွင် နှင်းများက နူးညံ့နေသော်လည်း အောက်အလွှာများသည် ရေခဲနေပြီး ချောနေခဲ့သည်။

သူမသည် ထဖို့ ကြိုးစားနေရင်းမှ သူမ၏မျက်ရည်ဝဲနေသည့် မျက်လုံးများဖြင့် ပေဟန်လီကို လှမ်းကြည့်လိုက်သည်။

“ ဥက္ကဌပေ… ကျွန်မကို ကူညီလို့ရမလား”

သူမ၏အသံမှာ တုန်ရီနေ၍ သနားစရာကောင်းလှသည်။

အမျိုးသားများသည် နူးညံ့သိမ်မွေ့သည့် အမျိုးသမီးများကို သဘောကျကြပြီး သူတို့၏ကာကွယ်လိုစိတ်များကို ဖြစ်ပေါ်လာစေသည်။

ပေယွဲ့ပိုင်သည် ထိုထဲတွင် ကျရှုံးခဲ့ခြင်းဖြစ်ပြီး ချင်းလီလည်း ထိုနည်းတူပင်။

ရဲ့လော့ယီသည် ထိုနည်းလမ်းမျိုးမှာ ကျရှုံးမည်မဟုတ်ကြောင်း သိနေခဲ့သည်။

ပေဟန်လီသည် ထိုလှည့်ကွက်ကျရောက်သွားသည့်ပုံပေါ်နေခဲ့သည်။ သူသည် ရဲ့လော့ယီ၏ ဘေးတွင် ဒူးထောက်ထိုင်ချကာ ပါးပြင်ပေါ်တွင်ကျနေသည့် မျက်ရည်များကို ညင်သာစွာသုတ်ပေးလိုက်သည်။

“ နာသွားတာလား”

“ နည်းနည်း… အ့!”

သူ၏ထိတွေ့မှုသည် ကြောက်စရာကောင်းလွန်းသည်— ပေဟန်လီသည်သူမ၏ပါးအား နာကျင်စွာ ဆိတ်လိုက်ခြင်းကြောင့် အနီမှတ်တစ်ခုဖြစ်သွားခဲ့သည်။

ရဲ့လော့ယီသည် အော်လိုက်ပြီး ယခုအခါ၌ အမှန်တကယ် မျက်ရည်များကျလာတော့သည်။

“ ဥက္ကဌပေ!”

သူမသည် ကြောက်သွားကာ ချက်ချင်းပင်နောက်ဆုတ်လိုက်သည်။

ပေဟန်လီသည် တခစ်ခစ်ပင် ရယ်မောလိုက်ပြီး သူမအား အညစ်အကြေးတစ်ခုလိုပင် သဘောထားကာ နှင်းတွေကို ယူလိုက်ပြီး သူ၏လက်ကိုပွတ်တိုက်ကာ သန့်ရှင်းလိုက်သည်။

“ မစ္စရဲ့ ကျွန်တော့်ညီကိုလည်း အဲလို မြူဆွယ်ခဲ့တာလား၊ သူက ဒါမျိုးကို သဘောကျတာပဲ”

ရဲ့လော့ယီသည် မျက်လုံးများပြူးသွားခဲ့သည်။

ပေဟန်လီသည် သူ၏မိုက်ကို ပိတ်မထားပေ။ ဤမှတ်ချက်သည် ကြည့်ရှုသူများထံသို့ တိုက်ရိုက် ရောက်ရှိသွားမည်ဖြစ်၏။

စကားပြောဝိုင်းတွင် ပေါက်ကွဲထွက်သွားကြတော့သည်။

[သေတာပဲ ပေဟန်လီက အမှန်တရားတွေကို ပြောနေတာပဲ]

[ ဒါဆို ရဲ့လော့ယီက ကျုံချင်းယွီနဲ့ပေယွဲ့ပိုင်တို့ရဲ့ ချစ်ခြင်းကို ဝင်ဖျက်ခဲ့တာပေါ့၊ ဟန်ဆောင်သက်သက်ပဲမဟုတ်ဘူးလား]

[ ငါအစကတည်းက သိပြီးသား၊ ဒီသုံးယောက်က အရမ်းရှုပ်ထွေးလွန်းတယ်]

[ ရဲ့စတန်းတွေရေ ဒါကို ဇာတ်ညွှန်းအတိုင်းပြောနေတယ်လို့ပြောကြဦးမှာလား၊ အစ်ကိုကြီးက မလိမ်တက်ဘူးနော်]

“ ဥက္ကဌပေ ဒါက သူများကို အသရေဖျက်နေတာပဲ” ဟု ရဲ့လော့ယီမှ ကန့်ကွက်၍ ပြောဆိုခဲ့သည်။

“ ကျွန်မနဲ့ပေယွဲ့ပိုင်က လုပ်ငန်းသဘောအရပဲ ဆက်ဆံမှုရှိတာ”

ပေဟန်လီသည် သူမ၏လည်ပင်းကို စိုက်ကြည့်လိုက်သည်။

သူသည် ဟန်လုပ်၍ ပြုံးလိုက်သည်။

“ ကိုက်ရာတွေတောင်ရှိနေသေးတာကို ဘာမှမဖြစ်ဘူးပြောနေတာလား”

ရဲ့လော့ယီသည် သူမ၏လည်ပင်းကိုလက်ဖြင့်အုပ်လိုက်ပြီးတော့ မှင်သက်သွားခဲ့သည်။

အမှတ်အသားဟောင်းများသည် ပျောက်သွားခဲ့ပြီဖြစ်သည်။ ထိုနေရာတွင် ဘာမျှ မရှိတော့ပေ။

သို့သော် သူမ၏အမူအရာသည် အရာအားလုံးကို ပြောပြသွားခဲ့သည်။

[ ကိုက်ရာတွေတဲ့လား၊ ပေဟန်လီက အကုန်ထုတ်ပြောနေပြီပဲ]

[ ဒါဆိုသူတို့က ဟိုဟာဖြစ်ခဲ့ကြလား ကိုက်ရာအမှတ်တွေက ထင်ထင်ရှားရှားဖြစ်နေတာဆိုတော့ မကြာခင်သေးက ဖြစ်ထားတာနေမယ်]

[ နှင်းလျှောစီးတာကြည့်ဖို့အတွက်လာတာကနေ ဇာတ်လမ်းတွဲကြည့်ဖို့ဖြစ်သွားပြီ]

[ ပေဟန်လီ ဆက်ပြောပါ၊ ငါတို့က အဲလို ငယ်ရွယ်ပြီးဆိုးသွမ်းတဲ့ဘုရင်တွေဆို အရမ်းသဘောကျတယ်]

ရဲ့လော့ယီ၏ မျက်နှာမှာ သွေးမရှိတော့သလိုပင် ဖြူဖတ်သွားခဲ့သည်။

ပေဟန်လီသည် ငယ်ငယ်ရွယ်ရွယ်ဖြင့် CEOနေရာကို ရရှိခဲ့သည်မှာ အံ့ဩစရာမရှိတော့ပေ။

ပေယွဲ့ပိုင်သည် ထျန်းဟွေ့ကနေတစ်ဆင့် ကိုယ်ကိုကိုယ့်သက်သေပြပြီး ယှဉ်ပြခဲ့ရသည်မှာ မထူးဆန်းတော့ပေ။ ထိုလူသည် အရမ်းပင် ရိုင်းစိုင်းလွန်းသည်။

သူမသည် သူမကိုယ်ကို ပြန်၍တည်ငြိမ်အောင်လုပ်လိုက်သည်။

“ ဥက္ကဌပေ ဒါက ခြင်ကိုက်ရာတွေပါ၊ ရှင်နဲ့ပေယွဲပိုင်နဲ့က မိသားစုစီးပွားရေးနဲ့ပတ်သတ်ပြီး ရန်ဖြစ်နေကြတယ်ဆိုတာ ကျွန်မသိပါတယ်၊ ဒါပေမဲ့ ကျွန်မက သူ့ရဲ့အနုပညာရှင်တစ်ယောက်ပါပဲ ကျွန်မကို အဲပြသာနာထဲဆွဲမထည့်ပါနဲ့”

ပေဟန်လီသည် မျက်မှောင်ကြုတ်လိုက်သည်။ သူမသည် တော်လွန်းသည်။ ညီအစ်ကိုအချင်းချင်း ပြိုင်ဆိုင်မှုကို ဖော်ထုတ်ခဲ့ပြီး ပေဟန်လီဖော်ထုတ်ခဲ့သည့် သူ့အကြောင်းအား သံသယဝင်သွားစေရန် ပြုလုပ်ခဲ့သည်။

များပြားလှသည့်မှတ်ချက်များသည် ပေဟန်လီ၏စကားများကို မှတ်သားထားလိုက်ပြီး သူတို့အား သံသယဝင်သွားခဲ့ကြသည်။

ထိုအချိန်တွင် သူတို့နှစ်ဦးလုံးသည် အဝေးမှ အော်သံတစ်ခုကို ကြားလိုက်ရသည်။

ပေဟန်လီသည် ထိုအသံမှာ ကျုံချင်းယွီနေရာဘက်မှ လာတာဖြစ်သော်လည်း ယောကျာ်းလေးတစ်ယောက်၏အော်သံဖြစ်နေခဲ့သည်။

သူသည် PDကို မေးလိုက်သည်။

“ ဟိုဘက်က သခင်မလေးက ဘာဖြစ်တာလဲ”

PDသည် walkie-talkie ဘက်မှ သတင်းရပြီးနောက် ကျုံချင်းယွီ၏အခြေအနေကို ပြန်လည်တင်ပြလာခဲ့သည်။

“ ယောင်ကျူက ပေယွဲ့ပေါ်ခေါင်းပေါ်ကို မတော်တဆသေးပန်းလိုက်တာထင်တယ်”

ပေဟန်လီသည် မှင်သက်သွားပြီး ရယ်ချင်စိတ်ကို မနည်းထိန်းလိုက်ရသည်။

ရဲ့လော့ယီသည်း မှင်သက်သွားခဲ့သည်။

သူ၏ခေါင်းပေါ်သို့ ခွေးသေးပန်းခံရသလော။

မည်မျှတောင်ရှက်စရာကောင်းသည့် အခြေအနေဖြစ်သနည်း။ ပေယွဲ့ပိုင်သည် အလွန်ပင် ကံဆိုးလွန်းလှသည်။

သူ၏မျက်လုံးထဲတွင် ရယ်ချင်စိတ်အား မထိန်းနိုင်တော့ပေ ၊ ပေဟန်လီသည် ရုတ်တရက်ပင် သူ၏မိုက်ကိုပိတ်၍ ရဲ့လော့ယီဘက်သို့လှည့်လာခဲ့သည်။

“ မစ္စရဲ့ ကျွန်တော် ကျုံချင်းယွီအဖွဲ့ကိုဝင်ချင်တယ် ကူညီပါဦး”

“ ကျွန်မက ဘယ်လိုလုပ် စီစဉ်နိုင်မှာလဲ”

“ အို ဒါပေမယ့် မင်းလုပ်နိုင်ပါတယ်”

ရဲ့လော့ယီသည် နောက်တစ်ကြိမ်ထပ်၍ ငြင်းရန် ပြင်နေချိန်၌ ပေဟန်လီသည် ဆက်ပြောလာခဲ့သည်။

“ ကျွန်တော်ကြားတာကတော့ မင်းဒီဖျော်ဖြေရေးအနုပညာလောကထဲကို ဝင်လာတာက ရဲ့မိသားစုစီးပွားရေးနဲ့ပတ်သတ်နေတာမလား၊ လွန်ခဲ့တဲ့ ၂နှစ်က ရဲ့လုပ်ငန်းစု ငွေကြေးအခက်အခဲဖြစ်ပြီး ကုမ္ပဏီက ဒေဝါလီခံရတော့မလိုနီးနီး ဖြစ်သွားတာ မဟုတ်လား၊ မင်း ဒီအနုပညာလောကထဲက ရတဲ့ ဝင်ငွေတွေကြောင့်သာ ငွေကြေးလိုအပ်ချက်တွေကို ဖြည့်နိုင်နေတာလေ”

ရဲ့လော့ယီသည် သူ့အား ဆတ်ကနဲလှည့် ကြည့်လိုက်လေသည်။

သူမသည် ထိုအကြောင်းများကို တစ်ခါမှမပြောခဲ့ဖူးပေ။

ထိုအချိန်တုန်းက ရဲ့မိသားစုသည် ဆိုးရွားသည့် ငွေကြေးပြသာနာများကို ရင်ဆိုင်ခဲ့ရသည်။တကယ်လို့ပင် ထိုအရာမဖြစ်ခဲ့ပါက ငယ်ရွယ်သည့်အမွေဆက်ဆံသူတစ်ယောက်သည် မည်သည့်အကူအညီမျှမပါဘဲ ထိုလောကထဲကို မည်သို့ဝင်လာမည်နည်း။

သို့သော် ထိုအသေးစိတ်အကြောင်းအရာကို လူအနည်းစုသာ သိကြသည်။

ရဲ့လော့ယီသည် အံကြိတ်လိုက်ပြီး သူမ၏မိုက်ကို ပိတ်လိုက်သည်။

“ ရှင်ဒါတွေကို ဘယ်လိုသိလာတာလဲ”

“ ကျွန်တော်လို လူက ဒီလိုအချက်အလက်တွေရှာဖွေဖို့အတွက် မခက်ခဲပါဘူး၊ ရဲ့‌မိသားစုက အဲငွေကြေးအကြပ်အတည်းကနေ မင်းရဲ့ ကြိုးစားအားထုတ်မှုတွေကြောင့် ပြန်အသက်ဆက်လာတာလေ၊ မင်းသူတို့ကို အဲလိုအခြေအနေတော့ ပြန်မရောက်စေချင်ဘူး ဟုတ်တယ်မလား”ဟု ပေဟန်လီမှ အေးအေးဆေးဆေးဖြင့် ပြောလာခဲ့သည်။

သူ၏လေသံသည် နူးညံ့၍ သူ၏မျက်လုံးများမှာ ပြုံးနေသည့်ဟန်ရှိသော်လည်း စကားလုံးများမှာ ခြိမ်းခြောက်သည့်စကားများပင်ဖြစ်သည်။

ရဲ့လော့ယီ၏ပုခုံးများမှာ တုန်ရီလာခဲ့သည်။

“ကျွန်မက ဘာလုပ်ဖို့လိုအပ်တာလဲ”

“ သိပ်ပြီး ခက်ခက်ခဲခဲမဟုတ်ပါဘူး”

ပေဟန်လီမှ အနည်းငယ်ရယ်မော၍ ပြောလာသည်။

“ အကူအညီသေးသေးလေးတစ်ခုပါပဲ”

All Chapters