← Chapters

Chapter 84

Vol. 9 Ch. 84

Chapter 84

Vol. 9 Ch. 84

Queenstown ရှိ နှင်းမုန်တိုင်းသည် တဖြည်းဖြည်း ငြိမ်သက်လာကာ နှင်းကျခြင်းမှာလည်း ရပ်သွားခဲ့သည်။ အပြင်ဘက်တွင်အေးနေဆဲဖြစ်ကာ ပြင်ပရေပူစမ်းကန်သည် အေးခဲသွားပြီဖြစ်သော်ငြား ဧည့်သည်အများစုသည် ရေပူစမ်းတွင်စိမ်ရန် အပန်းဖြေစခန်းသို့ လာရောက်နေကြဆဲ ဖြစ်သည်။

ပေယွဲ့ပိုင်သည်လည်း ရေပူစမ်းအပန်းဖြေနေရာသို့ ရောက်လာခဲ့သည်။

မကြာသေးမီက ကယ်ဆယ်ရေး မစ်ရှင်အတွင်း ရရှိခဲ့သည့် ဒဏ်ရာအနည်းငယ်ကြောင့် ထော့နဲ့ထော့နဲ့နှင့် လမ်းလျှောက်နေရသည်။ သူသည် ခါးသီးသည့် အအေးဒါဏ်ထဲတွင် နေ့တစ်ဝက်ခန့် ရှာဖွေနေခဲ့ကာ သူ့သွားများသည်ပင် တုန်နေကာ စကားပင်မပြောနိုင်ပေ။ နောက်ဆုံးတွင် သူသည် ယန်ရှီနှင့်ကျုံယန်စီအား ဂူတစ်ဂူအတွင်းတွင် ရှာတွေ့ခဲ့သည်။ ဂူသည် အေးစက်နေသော်ညား ၎င်းတို့အား လေကာပေးထားကာ အပြင်ဘက်လေစိမ်းများထက် ပို၍ကောင်းမွန်လေသည်။ ပေယွဲ့ပိုင်သည် သူ၏မျက်တောင်နှင့်ဆံပင်များပေါ်တွင် ကပ်နေသည့်ရေခဲများအားကြည့်လိုက်ရင်း ယန်ရှီသည် ကျုံယန်စီ၏လက်မောင်းကြားတွင်ကွေးနေသည်ကိုကြည့်လိုက်သည်။ သူသည် သူကိုယ်တိုင်နှင့်သူမ မည်သူက ပို၍ကြည့်ရဆိုးနေသည်ကိုပင် မဆုံးဖြတ်နိုင်တော့ပေ။

သူသည် ယန်ရှီအားရှာဖွေတွေ့ရှိမှုသည် ကျုံချင်းယွီ၏အသိအမှတ်ပြုမှုအား ရမည်ဟု ထင်ပါသော်ညား သူတို့ဗီလာသို့ပြန်ရောက်ချိန်တွင် ကျုံချင်းယွီသည် ယန်ရှီတစ်ဦးတည်းကိုသာမြင်ကာ သူအားအကြည့်တစ်ချက်ပင်မပေးခဲ့ပေ။

ပေယွဲ့ပိုင် သည်သူ၏ကြိုးစားအားထုတ်မှုများသည် အရာမထင်ဟုခံစားလိုက်ရသည်။

သို့ပေမဲ့ ကျုံချင်းယွီနှင့် ယန်ရှီရေပူစမ်းအပန်းဖြေနေရာတွင်ရှိနေသေးသည်ကို သိရှိပြီးနောက် ပေယွဲ့ပိုင်စိတ်အားထက်သန်စွာနှင့်လိုက်လာလေသည်။ သူသည် သူ့လက်ထောက် သေသေချာချာပြင်ဆင်ထားသည့် ခရီးသွားလမ်းညွှန်စာအုပ်ကို ယူလာကာ ကျုံချင်းယွီအားပြလေသည်။

“ချင်းယွီ မနက်ဖြန်ကအားလပ်ရက်ပဲ မင်းဘယ်သွားချင်လဲ၊ ဒါက Queenstown ရဲ့နာမည်အကြီးဆုံးနေရာတွေပဲ မင်းဘယ်ဟာကိုသဘောကျလဲ ကြည့်ကြည့်ပါဦး”

သူ၏လက်ထောက်သည် ကျုံချင်းယွီအဆင်ပြေစေရန်အတွက် ဒေသရှိနေရာများအားစုစည်း စာအုပ်လေးအဖြစ် ထူးချွန်သည့်အလုပ်အားလုပ်ခဲ့လေသည်။

“ပေယွဲ့ပိုင် ရှင်က တော်တော်တွေးပေးတတ်တာပဲ”

ကျုံချင်းယွံ ချီးကျူးလိုက်သည်။

ပေယွဲ့ပိုင်သည် တောက်ပစွာပြုံးလိုက်ကာ

“မင်းကြိုက်ရင် ပြီးတာပါပဲကွာ”

ရေပူစမ်းထဲတ့င် တစ်ခဏမျှစိမ်ပြီးနောက် ကျုံချင်းယွီသည် အပူဒါဏ်ကြောင့်ပေါ့ပါးသွားသကဲ့သို့ခံစားလိုက်ရကာ ကန်ထဲမှထွက်လိုက်ပြီး အနီးအနားရှိ ကုလားထိုင်ပေါ်တွင် အေးအေးဆေးဆေးလှဲလိုက်သည်။ သူမ၏ဖြူဖွေးသောအသားအရည်သည် ကျောက်စိမ်းတုံးကဲ့သို့တောက်ပြောင်နေကာ သူမ၏ပြီးပြည့်စုံသည့် ကိုယ်လုံးကိုယ်ပေါက်သည် ဝတ်ထားသည့်ဘီကီနီကြောင့်ပေါ်လွင်နေသည်ဖြစ်ရာ လူတိုင်းအားသွေးခုန်နှုန်းမြန်သွားစေနိုင်လေသည်။

ပေယွဲ့ပိုင်သည် သူ့ခေါင်းပေါ်သို့သွေးဆောင့်တက်လာသည်ကို ခံစားလိုက်ရကာ အကြည့်အားအမြန်လွဲလိုက်ရလေသည်။

သတိမထားမိသည့် ကျုံချင်းယွီသည် ယန်ရှီအားခေါ်လိုက်ကာ

“ရှီအာ တစ်ချက်လာကြည့်ကြည့်ပါဦး”

ယန်ရှီသည် သူမကိုယ်သူမပဝါဖြင့်ပတ်လိုက်ကာ ကျုံချင်းယွီအနားလာလိုက်ပြီး ကျုံချင်းယွီ၏ပုခုံးပေါ်သို့ ပဝါတစ်ခုအားတင်ပေးလိုက်သည်။

စာအုပ်ထဲတွင် များပြားလှသည့်နေရာများအား ဖော်ပြထား၍ ကျုံချင်းယွီမှာဆုံးဖြတ်ချက်မချနိုင်တော့ပေ။

ပေယွဲ့ပိုင်သည် ယန်ရှီအားတစ်ချက်ကြည့်လိုက်ရင်း ထစ်ငေါ့စွာဖြင့် မှတ်ချက်ပြုလေသည်။

“ယန်ရှီက ရေပူစမ်းမှာစိမ်ရတာကို ပျော်ပြီး အဆင်ပြေနေတဲ့ပုံပါပဲ”

သူမနှင့်မတူစွာဖြင့် ပေယွဲ့ပိုင်သည်ရေပင်မစိမ်နိုင်ပေ။ ရေစိမ်လိုက်လျှင် သူ၏နှင်းကိုက်ထားသည့်အသားအရည်မှာနာကျင်လေသည်။

ယန်ရှီသည် အဓိပ္ပါယ်နှစ်ခွနှင့်ပြန်ဖြေလေသည်။

“အကုန်လုံးရှင့်ကျေးဇူးတွေပါပဲ ဒုတိယသခင်လေးပေ”

ပေယွဲ့ပိုင်နင်သွားကာ သူ့အမူအယာမှာရှုပ်ထွေးသွားပြီး သူမအကြည့်အား ရှောင်လိုက်လေသည်။

ယန်ရှီ၏မျက်လုံးများသည် အနည်းငယ်မှိန်သွားသည်။ ကျုံချင်းယွီသည် နောက်နေ့အတွက် ၎င်းတို့၏အစီစဥ်များအား စီစဥ်နေသေးချိန်တွင် သူမ system အားခေါ်လိုက်သည်။

“ system လင်းကျီကိုဆက်သွယ်ပေးပါ၊ သူမကိုပေယွဲ့ပိုင်ကို ဖုန်းနံပါတ်စိမ်းတစ်ခုနဲ့မက်ဆေ့ချ်ပို့ခိုင်းလိုက်”

[ဘာမက်ဆေ့ချ်မျိုးလဲ]

“သူ့ကို “လက်ထောက်လျူ ရဲ့ စကားပြောစက် ကို မင်းရေချိုးခန်းထဲမှာ ပြန်ဖြေခဲ့တာငါသိတယ်၊ မှတ်တမ်းတွေကမလိမ်ဘူး”

System ၏မျက်လုံးများသည် နားလည်သွားကာဝိုင်းစက်သွားသည်။

[ ဝိုး Host က ပေယွဲ့ပိုင်ကို လှည့်ဖြားဖို့လုပ်နေတာပဲ]

[ဒါပေမဲ့ ဒါရိုက်တာယွီရဲ့ စကားပြောစက်က နောက်ဆုံးပေါ်မဟုတ်ဘူးလေ၊ အဲတာတွေကမှတ်တမ်းမှမသိမ်းတာ]

ယန်ရှီပုခုံးတွန့်လိုက်ကာ

“သေချာတာပေါ့၊ တကယ်လို့ပါသိမ်းတယ်ဆိုရင် ပေယွဲ့ပိုင်ဒီလိုမျိုးလျှောက်သွားနေဦးမယ်လို့ ထင်လို့လား”

The Journey ၏တိုက်ရိုက်ထုတ်လွှင့်မှုသည် ပြီးသွားပြီဖြစ်သော်ညား ဟိုင်ချန်သို့ပြန်ရောက်ချိန်မှာ ညနေခင်းပင်ဖြစ်သည်။ ယန်ရှီ၏ ညွှန်ကြားချက်အားရပြီးနောက် လင်းကျီသည် ဝူလျောင်အားခြေရာခံမရနိုင်သည့်ဖုန်းနံပါတ်စိမ်းတစ်ခုရယူခိုင်းကာ ပေယွဲ့ပိုင်အားမက်ဆေ့ချ်ပို့ခဲ့သည်။

ထိုအချိန်တွင် သမုဒ္ဒရာတစ်ဖက်တွင်ရှိနေသည့် ပေယွဲ့ပိုင်သည် ကျုံချင်းယွီနှင့်မနက်ဖြန်အစီအစဥ်အားစိတ်အားထက်သန်စွာဆွေးနွေးနေရင်း သူ၏ဖုန်းစခရင်မှာလင်းလာလေသည်။ သူသည်ဖုန်းစခရင်အားအမှတ်တမဲ့ကြည့်လိုက်မိကာ သူ၏မျက်နှာသည်ချက်ချင်းပင် ဖြူဖျော့သွားခဲ့သည်။ သူသည်ဖုန်းစခရင်အားချက်ချင်းပင်ပိတ်ချလိုက်သည်။

ကျုံချင်းယွီသည် သူအားမော့ကြည့်ကာ ပုံမှန်အတိုင်းမေးလိုက်သည်။

“ဘာဖြစ်လို့လဲ”

ပေယွဲ့ပိုင်၏မျက်လုံးထဲတွင် ထိတ်လန့်မှုများ ဖြစ်သွားကာ

“ဘာမှမဟုတ်ပါဘူး”

ကျုံချင်းယွီသည်ဆက်မမေးတော့ပဲ ယန်ရှီဘက်သို့လှည့်လိုက်ကာ

“skydiving ကိုဘယ်လိုထင်လဲ၊ လုံးဝစိတ်လှုပ်ရှားစရာကြီးပဲမလား ဟုတ်တယ်မလား”

ယန်ရှီသည် တုန့်ဆိုင်းသွားကာ

“အဲတာကြီးကတော့ လွန်လွန်းပါတယ်”

ကျုံချင်းယွီစနောက်လိုက်သည်။

“ကြောက်လို့လား”

ယန်ရှီသည် နောက်သို့ဆုတ်သွားကာ

“လုံးဝကြောက်စရာကြီးပဲလေ bungee ခုန်တာကတောင် အတော်မြင့်နေတာကို skydiving ဆိုရင်လည်း အမြင့်ကြီးပဲလေ”

“အဲတာဆိုလည်း ကောင်းပြီလေ”

ကျုံချင်းယွီသည် အတင်းဖိအားမပေးပေ။

“Navis canyon မှာ bungee ခုန်တာရှိတယ် ငါတို့အဲဒီကိုမနက်ဖြန်သွားလို့ရတာပဲ”

နောက်တစ်နေ့တွင် ယန်ရှီနှင့်ကျုံချင်းယွီသည် အိပ်နေကြဆဲဖြစ်သည်။

Navis bungee သည် ညနေနှစ်နာရီလေးဆယ်မိနစ်မှာ ဖွင့်သည်ဖြစ်၍ အလျင်လိုနေစရာမလိုပေ။

ယနေ့သည် ပါဝင်သူများအတွက် အားလပ်ရက်ဖြစ်လေသည်။ ရဲ့လော့ယီနှင့်ဆုလင်းလင်းသည် စူးစမ်းလေ့လာရန် ထွက်ခွာသွားကြပြီဖြစ်ပြီး လုပေယွီသည်ယောင်ကျူအား လမ်းလျှောက်ထွက်ပေးနေသည်။ ယန်ရှီနှင့်ကျုံယန်စီတို့အဖွဲ့သည်သာ ဗီလာတွင်ကျန်နေကာ ယန်ရှီတို့သည်အိပ်နေကြသည်ဖြစ်ပြီး ကျုံယန်စီနှင့်ပေဟန်လီမှာမူ အလုပ်ရှုပ်နေကြခြင်းဖြစ်လေသည်။

ဥက္ကဋ္ဌနှစ်ဦးသည် အလုပ်များနေကြကာ တစ်ဦးသည် အစည်းအဝေးခန်းထဲတွင် မီတင်လုပ်နေပြီး အခြားတစ်ဦးမှာမူ Queenstown Royal ဟိုတယ်၏လုပ်ငန်းဆောင်တာများအား စစ်ဆေးနေလေသည်။ ဒါရိုက်တာယွီသည် ၎င်းတို့နှစ်ဦး၏အလုပ်လုပ်ချိန်များအား CEO တစ်ယောက်၏တစ်နေ့တာဘဝ ဟူသည့်ခေါင်းစဥ်အောက်တွင် ရိုက်ကူးခဲ့ကာ အံ့ဩစွာဖြင့် ထိုတိုက်ရိုက်ထုတ်လွှင့်မှုသည် ပရိတ်သတ်များစွာကိုဆွဲဆောင်နိုင်ခဲ့သည်။

ကျုံချင်းယွီသည် ပန်းဂေါ်ဖီစိမ်းအား စားလိုက်ကာ ရှုံ့ချလိုက်သည်။

“ကျုံယန်စီရဲ့ အချိန်ဇယားကိုကြည့်ပါလိုက်ပါဦး ပျင်းစရာကောင်းလိုက်တာ၊ သူ့လိုလူမျိုးနဲ့အတူရှိရမှာကတော့ ပိုတောင်ဆိုးဦးမယ်”

ယန်ရှီသည် တိတ်တဆိတ်ခေါင်းငြိမ့်လိုက်ကာ ထပ်ဖြည့်ပြောလိုက်သည်။

“ပေဟန်လီကလည်း ဘာမှ မကွာဘူး”

ကျုံချင်းယွီသည် ဒေါသတစ်ချက်ထွက်သွားကာ တိတ်ဆိတ်သွားခဲ့သည်။

ပေယွဲ့ပိုင်သည် ၎င်းတို့၏ခရီးစဥ်အားစီစဥ်ပြီးဖြစ်သည်။ သို့မဟုတ် သူ၏လက်ထောက်သည်တစ်ညလုံးပြင်ဆင်ပေးခဲ့ရသည်ဟု ပြောရပေမည်။ ပထမဆုံးမှတ်တိုင်မှာ Navis ချောက်ဖြစ်သည်။

မထွက်ခွာခင် PDသည် ရိုက်ကူးရေးအဖွဲ့သားများအား ရိုက်ကူးရေးပစ္စည်းများအားထုတ်ပိုးခဲ့ရန်ပြောခဲ့သည်။ နှင်းမုန်တိုင်းကြောင့် ယမန်နေ့ရိုက်ကူးရေးမြင်ကွင်းမှာမှုန်ဝါးသွားသဖြင့် ယနေ့တွင် ၎င်းတို့သည်ပို၍စိတ်လှုပ်ရှားဖွယ် အကြောင်းအရာများအား ရိုက်ကူးရန်လိုလေသည်။

ဒါရိုက်တာယွီသည် ပျက်စီးနေသည့် စကားပြောစက်များအား မြေပြင်ပေါ်သို့ပစ်ချကာကျိန်ဆဲလိုက်သည်။

“အကုန်လုံးရေတွေဝင်နေပြီ၊ ရှောင်ကျန်း မင်းမနေ့ညက ပစ္စည်းတွေကိုဘယ်လိုထားခဲ့တာလဲ”

အစောပိုင်း ရဲ့လော့ယီနှင့်လုပေယွီတို့အဖွဲ ထွက်သွားချိန်တွင် တစ်ခုခုမှားနေသည်ကို ဒါရိုက်တာယွီသတိပြုလိုက်မိသည်။ ယခုအနီးကပ်စစ်ဆေးကြည့်ချိန်တွင်မူ စကားပြောစက်များပျက်စီး သွားသည်ကို သူသိရှိသွားခဲ့သည်။

ရှောင်ကျန်းသည် သနားစဖွယ်ဖြစ်နေကာ

“ဒါရိုက်တာယွီ ကျွန်တော်မသိပါဘူး ကျွန်တော်မနေ့ညတုန်းက အားလုံးကိုသေချာသိမ်းခဲ့တာပါ၊ ဖြစ်နိုင်တာ ဗီလာကများ မုန်တိုင်းဖြစ်တုန်းကမိုးယိုတာတွေဘာတွေဖြစ်တာလားမသိဘူး”

ဒါရိုက်တာယွီသည် သက်ပြင်းတစ်ချက်ချလိုက်ကာ

“ဖြစ်နိုင်တယ်”

ကံကောင်းစွာဖြင့် ပါဝင်သူအားလုံးသည် ယနေ့တွင်မြို့ထဲတွင်သာရှိကြမည်ဖြစ်ပြီး နှင်းမုန်တိုင်းပြီးနောက် ၎င်းတို့၏ဖုန်းလိုင်းများသည်လည်း ပြန်ရပြီဖြစ်သည်။

ယန်ရှီသည် ကားလမ်းဘေးတွင်ထိုင်ကာ ပျက်စီးသွားသည့် စကားပြောစက်များအားကြည့်ရင်း တိတ်တဆိတ်လှောင်ပြောင်လိုက်လေသည်။

Nevis ချောက် သည် Royal ဟိုတယ်မှ နှစ်ဆယ်ကီလိုမီတာခန့်ဝေးကာ နာရီဝက်ခန့်ကားမောင်းပြီးနောက် သူမတို့ရောက်ရှိခဲ့လေသည်။

ရာသီဥတုသည် အလွန်ကောင်းလေသည်။ ၎င်းတို့၏အဖွဲအပါအဝင် အခြားခရီးသွားများသည်လည်း bungee ခုန်ရန်လာကြသည်။ ထိုထဲတွင် ရဲ့လော့ယီနှင့် ဆုလင်းလင်းလည်း ပါလေသည်။

အဖွဲ့နှစ်ခုဆုံချိန်တွင် နှစ်ဖွဲ့လုံးအံ့ဩသွားခဲ့သည်။

ဆုလင်းလင်းသည် သူမ၏ လက်များအား သူမ ခါးပေါ်တွင် တင်လိုက်ကာ

“ကျုံချင်းယွီ နင်ဒီကိုဘာလာလုပ်တာလဲ၊ နင်တို့တွေငါတို့ခရီးစဥ်ကိုလိုက်တုနေတာလား”

ကျုံချင်းယွီသည် မျက်ခုံးပင့်လိုက်ကာ

“ငါကပဲ နင့်ကိုလိုက်တုချင်ရဦးမယ်လို့ ထင်လို့လား”

ရဲ့လော့ယီသည် ဆုလင်းလင်းအားအနောက်သို့ညင်သာစွာပို့လိုက်သည်။

“Queenstown ကသိပ်မကြီးဘူးလေ ပြီးတော့လည်စရာနေရာတွေများတယ်လေ၊ အဲတော့တစ်ယောက်နဲ့တစ်ယောက်ဆုံကြတာ ပုံမှန်ပါပဲ၊ ငါတို့တွေအကုန်လုံးကရှိုးတစ်ခုထဲကပဲကို ဘာလို့တူတူမပျော်ကြရမှာလဲ”

ယန်ရှီသည် ရဲ့လော့ယီအား ဂရုစိုက်ကြည့်လိုက်သည်။ လွန်ခဲ့သည့်ခရီးစဥ်နှစ်ခုတွင် ရဲ့လော့ယီသည် စိတ်မရှည်ပဲ သူမကိုယ်သူမသက်သေပြချင်စိတ်ပြင်းထန်နေကာ ယခုတွင်မူသူမသည် မတုန်မလှုပ်ငြိမ်သက်နေကာ သူမ၏ “ဂန္ဓမာပန်းကဲ့သို့ ဣန္ဒြေရှိသည့်သူ” ပုံစံနှင့်ပို၍လိုက်ဖက်ညီနေလေသည်။ ထိုပုံရိပ်အား ပရိတ်သတ်များသည်ကြိုက်နှစ်သက်နေကြကာ သူမ၏တိုက်ရိုက်ထုတ်လွှင့်မှု ကြည့်ရှူသူများသည်လည်း သိသိသာသာတိုးလာခဲ့သည်။

ယန်ရှီသည် သူမအားကြည့်နေချိန်တွင် ရဲ့လော့ယီ၏ နူးညံ့သော အကြည့်နှင့်အကြည့်ချင်းဆုံသွားခဲ့သည်။

ထိုအချိန်တွင် ချောက်ကမ်းပါး bungee ခုန်သည့်နေရာ၏ ဝန်ထမ်းသည် ရဲ့လော့ယီ၏အတိအကျပုံတူဖြစ်သည့် လက်တွေ့ဘဝနှင့်အရွယ်တူဖြစ်သည့် stand တစ်ခုအားယူဆောင်လာခဲ့သည်။

ဝန်ထမ်းတစ်ဦးသည် ရဲ့လော့ယီအား အင်္ဂလိပ်လိုပြောပေးခဲ့သည်။

“မစ္စယဲ့ရဲ့ ပုံတူရပါပြီ ကျွန်တော်တို့ရဲ့ ချောက်ကမ်းပါး bungee jump ကိုအားပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်၊ ကျွန်တော်တို့အားလုံးက မင်းဇာတ်ကားရဲ့ပရိတ်သတ်တွေပါ”

ရဲ့လော့ယီသည် နွေးထွေးစွာပြုံးလိုက်ကာ

“ရှင်တို့ရဲ့အားပေးမှုအတွက် ကျေးဇူးတင်ပါတယ်”

[ဝိုး လော့ယီရဲ့နိုင်ငံခြားမှာ အောင်မြင်မှုကတော်ရုံမဟုတ်ဘူးပဲ]

[သူပါဝင်ခဲ့တဲ့ မြို့ပြဒရမ်မာကိုမှတ်မိသေးလား၊ အဲတာကနိုင်ငံခြားမှာ top 10 ဝင်နေတာကြာလှပြီ]

[လော့ယီက သူမရဲ့အလုပ်နဲ့ရှိုးအပေါ်မှာပဲ အာရုံစိုက်ထားပြီး တခြားဟာတွေကို လျစ်လျူရှူထားတာပဲ၊ သူမကအတော်ဆုံးပဲ]

ဆုလင်းလင်းသည် ရဲ့လော့ယီကိုယ်တိုင်ထက်ပင်ပို၍ ပျော်ရွှင်နေပုံရသည်။ ပြည်တွင်း၍ပျံ့နှံ့နေသည့် မကောင်းသဘောဆောင်သည့် ကောလဟာလများအား နိုင်ငံခြားပရိတ်သတ်များကမသိကြသေးပုံပေါ်ကာ ရဲ့လော့ယီ၏နိုင်ငံခြားပရိတ်သတ်များသည် အခိုင်အမာရှိနေဆဲဖြစ်သည်။

မာနကြီးသည့်အပြုံးနှင့် ဆုလင်းလင်းသည်ပြောလိုက်သည်။

“ဒီ bungee jump ရဲ့ပိုင်ရှင်က လော့ယီရဲ့ပရိတ်သတ်အကြီးစားကြီးလေ သူတို့တွေကသူမအတွက်ပုံတူကို အထူးလုပ်ပေးထားကြတာ၊ ကျုံချင်းယွီ နင်ဆိုရင်ဒီလိုဆက်ဆံမှုမျိုးကို အိမ်မက်တောင်မက်ဖူးပါ့မလား”

အမှန်ပြောရလျှင် ကျုံချင်းယွီသည် အလွန်ပင်မနာလိုနေလေသည်။

သို့ပေမဲ့ သူမသည်ပုံတူအား လှောင်ပြောင်လိုက်ကာ

“ကြည့်ရဆိုးလိုက်တာ ငါကတော့အလကားပေးမယ်ဆိုရင်တော့ အဲတာမျိုးကိုမလိုချင်ပါဘူး”

ထိုအချိန်တွင် ပေယွဲ့ပိုင်သည် bungee ခုန်ရန်ပြင်ဆင်ပြီးနောက် လက်ထဲတွင်လက်မှတ်များကိုင်ကာပြန်လာခဲ့သည်။ စောင့်ဆိုင်းသည့်နေရာတွင် ရဲ့လော့ယီအား သူတွေ့လိုက်ရချိန်တွင် သူခေတ္တမျှအေးခဲသွားခဲ့သည်။

သို့ပေမဲ့ သူကိုယ်သူအလျင်အမြန်ပဲထိန်းလိုက်နိုင်ကာ သူမအားလျစ်လျူရှူလိုက်ပြီး ကျုံချင်းယွီထံ လက်မှတ်များလှမ်းပေးလိုက်သည်။

“ချင်းယွီ အားလုံးစီစဥ်ပြီးသွားပြီ မင်းက VIP လိုင်းကိုယူလိုက် စောင့်စရာမလိုဘူး၊ မင်းအဆင်သင့်ဖြစ်ပြီလို့ ထင်တာနဲ့ခုန်လိုက်လို့ရတယ်”

ယန်ရှီ စနောက်လိုက်သည်။

“အမြဲတမ်းလိုလို မြန်ဆန်နေတာပါပဲ သခင်လေးပေ ဆရာမရဲ့ကိုမနှုတ်ဆက်တော့ဘူးလား၊ ဘယ်လိုပဲဖြစ်ဖြစ် ရှင်တို့က ကုမ္ပဏီတစ်ခုတည်းကပဲလေ”

ပေယွဲ့ပိုင်၏ ခန္ဓာကိုယ်သည်မတ်သွားကာ သူ၏လေသံသည် ယဥ်ကျေးလာလေသည်။

“အခုလောလောဆယ်မှာ ကျွန်တော်က ချင်းယွီရဲ့ခရီးသွားအကြံပေးပါ၊ သူမကိုအမြဲဦးစားပေးတာက ပုံမှန်ပါပဲ”

ပြီးနောက် သူသည်ရဲ့လော့ယီဘကိသို့လှည့်လိုက်ကာ သူ၏လေသံသည် ကျွမ်းကျင်သည့်သူပုံစံမျိုးပေါက်နေသည်။

“အကောင်းဆုံးလုပ်ပါ”

ရဲ့လော့ယီသည် ခေါင်းအနည်းငယ်ငြိမ့်ပြလိုက်လေသည်။

“နားလည်ပါပြီ ဒုဥက္ကဌပေ”

၎င်းတို့၏ အေးစက်သည့်ဆက်ဆံရေးသည် တိုက်ရိုက်ထုတ်လွှင့်မှုထဲ၍ အသေးငယ်ဆုံးသောရိုမန့်တစ်ဆန်သည့်အရာလေးကိုပင် ငြိမ်းသွားစေသည်။

[ကောင်းပြီ သူတို့ကိုကြည့်ရတာ ဘာမှဖြစ်နေကြတဲ့ပုံမပေါက်ဘူး]

[ပေယွဲ့ပိုင်ရဲ့ ဆက်ဆံပုံကအရမ်းအေးစက်လွန်းနေတယ်၊ သူတို့နှစ်ယောက်ကြားမှာ တစ်ခုခုမရှိခဲ့ဘူးဆိုတာ မဖြစ်နိုင်ဘူး]

[အဲတာက PR ကြောင့်ပါလို့ပြောခဲ့သားပဲ၊ သူတို့နှစ်ယောက်ကသေချာပေါက် လုပ်ဖော်ကိုင်ဖက်တွေပဲ]

[ငါရဲ့ချစ်လှစွာသော အဖြူရောင်အတွဲလေး RIP ပါ၊ သူတို့တွေအရမ်းချိုမြိန်ခဲ့ကြဖူးတာကို]

သူမကအစောကရန်စမှုမှာမအောင်မြင်သောကြောင့် ယန်ရှီသည်ပို၍ တိတိကျကျပြောကာ ထပ်လုပ်လေသည်။

“ဒါနဲ့ ချင်းယွီရဲ့ ဆရာမရဲ့ နှစ်ယောက်စလုံးကသရုပ်ဆောင်တွေလေ တစ်ယောက်ကရှင်ရဲ့ချစ်ရတဲ့သူ၊ တစ်ယောက်က ရှင့်ကုမ္ပဏီကအနုပညာရှင် ဒုတိယသခင်လေးပေ ရှင်ဘယ်သူ့ကိုပိုပြီးအောင်မြင်စေချင်တာလဲ”

ပေယွဲ့ပိုင်သည် ချက်ချင်းပင်

“သေချာပေါက်ချင်းယွီပေါ့ ချစ်သူကောင်မလေးကသေချာပေါက်အလုပ်ထက်အရေးကြီးတာပေါ့၊ ငါလော့ယီကိုလည်း အောင်မြင်စေချင်ပါတယ် ဒါပေမဲ့ ချင်းယွီရဲ့ပျော်ရွှင်မှုကအဓိကပဲလေ”

ရဲ့လော့ယီသည် မကျေမနပ်ဖြစ်ကာ

“ယန်ရှီ ချင်းယွီကနင့်ရဲ့အချစ်ဆုံးသူငယ်ချင်းဆိုသိပါတယ်၊ ဒါပေမဲ့ နင်ပြဿနာရှာစရာမလိုဘူးလေ ငါတို့နှစ်ယောက်ကြားမှာဘာမှမရှိပါဘူး”

[ယန်ရှီကလုံးဝသွေးထိုးနေတာပဲ]

[အဲတာကအလုပ်မဖြစ်သွားတာ ဆိုးတာပဲ]

[ပေယွဲ့ပိုင်နဲ့ ရဲ့လော့ယီ ဆက်ဆံတဲ့ပုံက တကယ်ပဲ ဖြူစင်တဲ့ဆက်ဆံရေးလိုပါပဲ]

[တကယ်လို့ သူတို့နှစ်ယောက်သာအဆက်ဟောင်းတွေဆိုရင် သူတို့တွေဒီလောက်ထိအေးဆေးနေဖို့ဆိုတာမဖြစ်နိုင်ဘူး၊ တကယ်လို့ဖြစ်ခဲ့ရင်တော့ သူတို့နှစ်ယောက်လုံးကို အော်စကာဆုသာပေးလိုက်သင့်တယ်]

ကျုံချင်းယွီသည် တိတ်ဆိတ်နေကာ သူမသည်၎င်းတို့အားလိုက်ကြည့်နေလေသည်။

ယခင်တွင် ပေယွဲ့ပိုင်၏အဖြေသည်သူမအား စိတ်လှုပ်ရှားစေမည်ဖြစ်သည်။ ယခုတွင်တော့ သူမသည် စိတ်ပါဝင်စားစရာကိစ္စကိုသာစောင့်နေသော်ညား ရှိုးသည်မစခင်မှာပင်ပြီးဆုံးသွားခဲ့လေသည်။

စိတ်ရှုပ်သွားသည့် ကျုံချင်းယွီသည် ယန်ရှီအားဘေးသို့ဆွဲခေါ်သွားကာ တီးတိုးပြောလိုက်သည်။

“နင်လုပ်တာတွေကပျော့လွန်းတယ် နင်တကယ်တိုက်ဖို့ဆုံးဖြတ်ထားတယ်ဆိုရင် ထိအောင်တိုက်၊ ဒီလိုပျော့ပျော့လေးလုပ်နေရင်ဘာရမှာလဲ”

ယန်ရှီသည်ပုခုံးတွန့်လိုက်ကာ

“ငါဘာထပ်လုပ်နိုင်သေးလို့လဲ”

ပေယွဲ့ပိုင်သည် အမျိုးသမီးနှစ်ဦးအကြားညှိနှိုင်းရေးတွင်ဆရာတစ်ဆူဖြစ်ကာ ရဲ့လော့ယီ၏သရုပ်ဆောင်မှုမှာလည်း ကောင်းမွန်လွန်းသဖြင့် system ပင်လျှင်ချီးကျူးခဲ့လေသည်။ ဝတ္ထု၏အဆုံးသတ်တွင် ရဲ့လော့ယီသည် အဓိကရုပ်ရှင်ဆု သုံးဆုလုံးအားသိမ်းယူကာ သူမအသက်မွေးဝမ်းကြောင်း၏ အထွတ်အထိပ်သို့ရောက်မည်ဖြစ်သည်။

ကျုံချင်းယွီသည် မဲ့ပြုံးပြုံးလိုက်ကာ

“ကြည့်ပြီး သင်ယူလိုက်”

သူမသည်မိုက်အားပြန်ဖွင့်လိုက်ကာ ပေယွဲ့ပိုင်ဘက်သို့လှည့်လိုက်သည်။

“ပေယွဲ့ပိုင် ရှင် ကျွန်မကိုပြန်ရဖို့အတွက် ဘာမဆိုလုပ်မယ်လို့ပြောခဲ့ဖူးတာလေ အဲတာအခုထိအကျုံးဝင်သေးလား”

ပေယွဲ့ပိုင်လန့်သွားခဲ့သည်။ သူမနှင့်ပြန်တွဲနိုင်ရန်အတွက် သူသည်မရေတွက်နိုင်သည်အထိ ချိုမြိန်သည့်အရာများအားပြောခဲ့ဖူးသည်။ သူအမှန်တကယ်ထိုအရာအားပြောခဲ့မပြောခဲ့သည်ကိုမသိသော်ညား ထိုအရာမှာအလုပ်ဖြစ်မည်ဆိုလျှင် သူသည်ထိုအခွင့်အရေးအား အမိအရဆုပ်ကိုင်လိုက်မည်ဖြစ်သည်။

“သေချာတာပေါ့”

“ကောင်းပြီလေ”

ကျုံချင်းယွီ၏အပြုံးသည် ထက်ရှလာကာ သူမ၏မျက်လုံးများသည်စိန်ခေါ်ချင်စိတ်ဖြင့်တောက်ပလာလေသည်။

“အဲတာဆိုရင် ရဲ့လော့ယီကိုပါးရိုက်လိုက်”

ပေယွဲ့ပိုင်ဖြူဖျော့သွားခဲ့သည်။

လူတိုင်းသည် အံ့အားသင့်ကာတိတ်ဆိတ်သွားခဲ့သည်။ တိုက်ရိုက်ထုတ်လွှင့်မှု၏ မှတ်ချက်ရေးသည့်နေရာပင် တစ်ခဏမျှရပ်တန့်သွားခဲ့သည်။

ပြီးနောက် ရေစီးကြောင်းကဲ့သို့အလုံးအရင်းဝင်လာခဲ့လေသည်။

[သေလိုက်စမ်း မစ္စကျုံကလုံးဝသည်းမခံနေဘူး]

[ဒါကမှ တကယ့်ဒရမ်မာပဲ၊ ယန်ရှီရဲ့ကစားကွက်တွေကဒါနဲ့ယှဥ်ရင် ကလေးသာသာလေးတွေပဲ]

[ဒါပေမဲ့ အဲတာကလွန်လွန်းတယ်မဟုတ်ဘူးလား]

[ဆိုးတဲ့ပြန်ဖြေကြားမှု - ပေယွဲ့ပိုင်ကငြင်းလိုက်လို့ရတယ်]

[ပိုဆိုးတဲ့ပြန်ဖြေကြားမှု - သူသာ သူမကိုတကယ်ရိုက်မယ်ဆိုရင် ရဲ့လော့ယီကသူ့ကိုစွဲချက်တင်လို့ရတယ်]

[ငါကတော့သူဘယ်လိုရွေးမလဲဆိုတာကိုပဲ သိချင်တယ်]

ပေယွဲ့ပိုင်သည် နှစ်စက္ကန်ခန့်အေးခဲသွားပြီးနောက် အသံထွက်ကာ သူ၏လေသံမှာခိုင်မာနေလေသည်။

“ချင်းယွီ အဲတာကတော့လက်မခံနိုင်စရာပဲ”

ကျုံချင်းယွီသည် လက်ရန်းအားပျင်းရိစွာမှီလိုက်ကာ လက်ပိုက်လိုက်ပြီး သူမ၏အပြုံးမှာသနားညာတာမှုကင်းမဲ့စွာနှင့် တောက်ပနေလေသည်။

“ပေယွဲ့ပိုင် ဒါကရှင့်ရဲ့နောက်ဆုံးအခွင့်အရေးနော် သူမကိုပါးရိုက်လိုက်တာနဲ့ ကျွန်မတို့နှစ်ယောက်ရဲ့စေ့စပ်ပွဲကပြန်ဖြစ်ပြီပဲ၊ ငြင်းမယ်ဆိုရင်တော့ ကျွန်မတို့နှစ်ယောက်ကတစ်သက်လုံးစာအတွက်ပြီးသွားပြီ ရှင်အခုပဲ အိမ်ကိုပြန်လိုက်လို့ရပြီ”

ဤသည်မှာ နောက်ဆုံးရာဇသံဖြစ်သည်။

သူမ၏စကားလုံးများသည် ပေယွဲ့ပိုင်အားမီးတောက်ထဲသို့ တွန်းပို့နေလေသည်။ အေးခဲနေသည့်ရာသီဥတု၌ သူ၏နဖူးတွင် ချွေးများအလုံးအရင်းထွက်လာလေသည်။

လူတိုင်း၏ သွေးခုန်နှုန်းမှာမြန်လာကာ တင်းမာမူသည်ပို၍တင်းမာလာလေသည်။

ရဲ့လော့ယီ၏ တည်ငြိမ်မှုပင်လျှင်ပျက်စီးသွားလေသည်။ သရုပ်ဆောင်ခြင်းပင်လျှင် သူမ၏တည်ငြိမ်မှုအားမည်သို့မျှထိန်းထားနိုင်တော့မည်မဟုတ်ပေ။ သူမ၏လက်သည်းများသည် လက်ဖဝါးထဲသို့စိုက်ဝင်နေကာ သွေးများထွက်လှမတတ်စိုက်ဝင်နေလေသည်။

ကျုံချင်းယွီသည် လက်တစ်ဖက်အားထောင်လိုက်ကာ

“ကျွန်မစိတ်မရှည်တော့ဘူး ရှင့်မှာငါးစက္ကန့်အချိန်ရမယ်”

“ငါး”

ပေယွဲ့ပိုင်၏မျက်နှာတွင်အရောင်များမရှိတော့ပေ။

“လေး”

သူ၏အသက်ရှူသံများပြင်းလာသည်။

“သုံး”

သူသည် ရဲ့လော့ယီအားနာကျင်သည့်မျက်လုံးများနှင့်ကြည့်လိုက်သည်။

“နှစ်”

သူ၏လက်ချောင်းများတုန်လာသည်။

“တစ်”

ထိုနောက်ဆုံးစက္ကန့်တွင် မျက်လုံးများသည် ပေယွဲ့ပိုင်ကိုသာကြည့်နေကြသည်။ တိုက်ရိုက်ထုတ်လွှင့်မှုကင်မရာအားလုံးသည် မြင်ကွင်းချဲ့ထားကာ သူ၏ရွေးချယ်မှုအားမှတ်တမ်းတင်ရန်စောင့်နေကြသည်။

ဆုလင်းလင်းသည် ရုတ်တရက်အရှေ့သို့ထွက်လာကာ ကျုံချင်းယွီအားတွန်းလိုက်သည်။

“ကျုံချင်းယွီ နင်ဘယ်လိုတောင်လုပ်ရဲရတာလဲ နင်ဘာလို့လော့ယီကိုဆွဲထည့်တာလဲ”

ကျုံချင်းယွီသည် ယိုင်သွားကာ ယန်ရှီသာသူမအားမဖမ်းလိုက်လျှင် လဲသွားမည်ဖြစ်သည်။

ကျုံချင်းယွီသည် ဆုလင်းလင်းအားကြည့်ရန် ခေါင်းအားလှည့်လိုက်ကာ

“ဆုလင်းလင်း နင်ကတအားစိတ်ရှုပ်စရာကောင်းတာပဲ”

“နင်ကသာစိတ်ရှုပ်စရာကောင်းတာ”

ဆုလင်းလင်းသည် ရဲ့လော့ယီအားသူမ၏အနောက်တွင် ကာကွယ်နေရင်း ပြန်ပြောလိုက်သည်။

ကျူံချင်းယွီ၏မျက်လုံးများမှာနီရဲနေကာ ဒေါသများကြောင့် မျက်လုံးထဲတွင်မျက်ရည်စများရှိနေလေသည်။

ဆုလင်းလင်းသည် သူမ၏လေသံအားမြှင့်လိုက်ကာ

“လော့ယီကအသက်ရှိတဲ့လူတစ်ယောက်ပါ ဘာဖြစ်လို့သူမကို နင့်ရဲ့ကစားပွဲထဲကိုဆွဲထည့်နေရတာလဲ၊ ကျုံချင်းယွီ နင့်မှာအသိတရားရှိရဲ့လား”

ကျုံချင်းယွီသည် ပျက်ရယ်ပြုလိုက်ကာ သူမအဝတ်ပေါ်ရှိ မရှိသည့်ဖုန်မှုန့်များအားခါရင်းပြောလိုက်သည်။

“ဆုလင်းလင်း နင်ကငတုံးလား ငါရဲ့လော့ယီကိုကြိုးချည်ထားလို့လား၊ ငါသူမရဲ့လွတ်လပ်ခွင့်ကိုပိတ်ပင်နေလို့လား ငါကပေယွဲ့ပိုင်ကို သူမကိုရိုက်ဖို့ပြောလိုက်တာကို သူမကဒီတိုင်းမတ်တပ်ရပ်ပြီးအရိုက်ခံမှာလား၊ သူမကဒီတိုင်းလိုက်နာလိုက်မှာလား၊ သူမဒီတိုင်းရှောင်လိုက်လို့မရဘူးလား”

လျင်မြန်သည့်မေးခွန်းများသည် ဆုလင်းလင်းအားတခဏမျှရပ်တန့်သွားစေခဲ့သည်။ ခေတ္တရပ်တန့်သွားပြီးနောက် သူမသည် သူမ၏နဖူးအားရိုက်လိုက်ကာ

“အို ဟုတ်သားပဲ လော့ယီနင်သူတို့ကိုဒီတိုင်းလျစ်လျူရှူထားလိုက်လို့ရတာပဲ”

ကျုံချင်းယွီသည် မဲ့ပြုံးပြုံးလိုက်ကာ

“ငတုံး”

ပြီးပြည့်စုံသည့် ဇာတ်ဝင်ခန်းတစ်ခုသည် ဆုလင်းလင်း၏ ဝင်ရောက်မှုကြောင့် ပျက်စီးသွားခဲ့သည်။ ယခုတွင် ၎င်းတို့သည် ထိုအရာမည်သို့အဆုံးသတ်သွားမည်ကို ဘယ်သောအခါမှမသိနိုင်တော့ပေ။

အမှန်ပြောရလျှင် ကျုံချင်းယွီသည် ပေယွဲ့ပိုင်၏ရွေးချယ်မှုအားစိတ်မဝင်စားပေ။ သူမ သည် သူတုန်လှုပ်နေသည်ကိုသာမြင်ချင်ရုံဖြစ်သည်။

သို့ပေမဲ့ အခြားတစ်ယောက်သာ ရလာဒ်နေနှင့် အမှန်တကယ်ကြောက်လန့်နေခဲ့သည်။ ၎င်းတို့မည်မျှပင် ကောင်းမွန်စွာသရုပ်ဆောင်နေပါစေ အသေးငယ်ဆုံးသော တုန့်ဆိုင်းမှုလေးသည် ၎င်းတို့၏စစ်မှန်သည့် ခံစားမှုများအား ဖော်ပြလိုက်မည်ဖြစ်သည်။

“ဟင်း”

ကျုံချင်းယွီသက်ပြင်းချလိုက်သည်။

“နင်တို့တွေအကုန်လုံး နည်းနည်းပျော်တာကိုတောင်မခံနိုင်ကြဘူးပဲ”

သူမသည် ယန်ရှီဘက်သို့လှည့်လိုက်ကာ

“ငါ့ရဲ့မေးခွန်းတွေက နင့်မေးခွန်းတွေထက်ပိုပြီး ပြင်းထန်တယ်မလား၊ ဟုတ်တယ်မလား”

ယန်ရှီသည် သစ်တောက်ငှက်တစ်ကောင်ကဲ့သို့ ခေါင်းငြိမ့်လိုက်သည်။ ပြင်းထန်သည်ထက်ပင်ပိုကာ တိုက်ရိုက်ထုတ်လွှင့်မှုသည် ပေါက်ကွဲသွားမလိုပင်ဖြစ်သည်။ ပရိတ်သတ်များသည် ပေယွဲ့ပိုင်ရွေးမည့်အရာအား တစ်ပိုင်းသေမတတ်သိချင်နေကြလေသည်။ ဆိုးရွားသည်မှာ ၎င်းတို့မသိနိုင်တော့ပေ။

“ပေယွဲ့ပိုင် ရဲ့လော့ယီကို ရိုက်လိမ့်မယ်လို့ နင်ထင်လား”

ကျူံချင်းယွီ ရုတ်တရက်မေးလိုက်သည်။

“သေချာပေါက် မရိုက်ဘူး”

ယန်ရှီပြောလိုက်သည်။ ဤသည်မှာ အချစ်ဝတ္ထုဖြစ်ကာ အမျိုးသားဇာတ်ဆောင်သည် အမျိုးသမီးဇာတ်ဆောင်အား ဘယ်သောအခါမှ လွှမ်းမိုးနိုင်မည်မဟုတ်ပေ။

သို့ပေမဲ့ သူမတုန်ဆိုင်းသွားကာ

“ဒါပေမဲ့ ဘယ်သူသိနိုင်ပါ့မလဲ”

ဖြစ်နိုင်တာ ဒါက angsty (ခွေးသွေး အလောင်) ဒရမ်မာများလား။ အမျိုးသားဇာတ်ဆောင်ကအမျိုးသမီးဇာတ်ဆောင်ကို သူရဲ့အသက်မွေးဝမ်းကြောင်းအတွက် ထိခိုက်စေပြီး နောင်တရသည့်အချိန်မှ သူမအားပြန်လိုက်မည်လား ထူးဆန့်သည့်အရာများဖြစ်ပျက်နေလေသည်။

ကျုံချင်းယွီသည် ရီမောလိုက်ကာ

“သေချာပေါက်ပဲ ဘယ်သူမှအဖြေကိုမသိကြဘူး၊ အဲတာကပဲစိတ်လှုပ်ရှားစရာကောင်းတာပဲ”

ဆုလင်းလင်း၏ ဝင်ရောက်စွက်ဖက်မှုကြောင့် ထိပ်တိုက်တွေ့ကြမည့်ကိစ္စသည် လွဲချော်သွားခဲ့ကာ ရွေးချယ်မှုမှာ မရွေးချယ်လိုက်ရပေ။

ပေယွဲ့ပိုင်၏ရှပ်အင်္ကျီသည် ချွေးအေးများနှင့်ရွှဲနှစ်နေလေသည်။ ယခုတစ်ကြိမ်တွင်တော့ သူသည် ဆုလင်းလင်း၏ဝင်ရောက်စွက်ဖက်မှုအား ကျေးဇူးတင်မိကာ သူမ၏ရုတ်တရက်ပေါက်ကွဲသံသည် တင်းမာမှုအားဖြိုခွဲလိုက်လေသည်။ မဟုတ်လျှင် သူဘာလုပ်ရမည်ကို မသိတော့ပေ။

အနားယူသည့်နေရာတွင် အချိန်များစွာဖြုန်းပြီးနောက် ကျုံချင်းယွီသည် bungee ခုန်ရန်အတွက် သွားခဲ့ကာ ယန်ရှီသည်သန့်စင်ခန်းသွားရန်ပြောပြီး ကျုံချင်းယွီအား bungee ခုန်မည့်နေရာသို့အရင်သွားနှင့်ရန် ပြောလေသည်။

Navis ချောက်တွင်နှစ်ယောက်အတူခုန်ခြင်းအား ခွင့်ပြုလေသည်။ ကျုံချင်းယွီသည် ကျွမ်းကျင်bungee ဂီယာအားတတ်ဆင်လိုက်ကာ ခုန်သည့်အချိန်အားမှတ်တမ်းတင်ရန်အတွက် GoPro ကင်မရာအားတတ်ဆင်လိုက်သည်။ မြင့်မားသည့်ရုပ်ရှင်အရည်အသွေးအားရရန်အတွက် ထုတ်လုပ်ရေးအဖွဲ့သည် ခုန်သည်အား အပေါ်ယံမှရိုက်ကူးရန် ဟယ်လီကော်ပတာကိုပင်ငှားရမ်းခဲ့သည်။

ပါဝင်သူအဖွဲနှစ်ဖွဲ့ အလှည့်ကျခုန်ကြမည်ဖြစ်၍ ဟယ်လီကော်ပတာငှားရမ်းမှုသည် တန်လေသည်။

Bungee ခုန်မည့်နေရာတွင် ရပ်နေရင်း ကျုံချင်းယွီသည် အဆုံးမရှိသည့်ပုံပေါက်သည့် ချောက်ကမ်းပါးအား ငုံ့ကြည့်လိုက်သည်။ လေများသည် သူမနားနားမှဖြတ်တိုက်သွားကာ ဝေးကွာသောတောင်တန်းများသည် ကောင်းကင်ပြာပြာအောက်တွင်အဆုံးမရှိသကဲ့သို့မြင်နေရပြီး ချောက်ကမ်းပါးသည် ကမ္ဘာမြေ၏ ကြီးမားသည့်အမာရွတ်ကဲ့သို့ကွာဟနေကာ ရေစီးသံသည် သဘောကျချင်စရာကောင်းကာ ကြောက်စရာလည်းကောင်းနေလေသည်။

သူမသည် ယခုထက်ပိုမြင့်သည့် skydiving အားလုပ်ဖူးလေသည်။

သို့ပေမဲ့ နှစ်ပေါင်းများစွာကြာပြီးနောက် ထိုမြင့်မားသည့်နေရာတွင်မတ်တပ်ရပ်နေရပြီး မီတာရာနှင့်ချီမြင့်သည့်လေထဲတွင်ရှိနေချိန်တွင် သူမပင်လျှင် အကြောက်တရားများဝင်လာသည်ကိုမတားဆီးနိုင်ပေ။

ပေယွဲ့ပိုင်သည်သူမဘေးတွင်ရပ်နေကာ ရိုက်ကူးရေးပစ္စည်းများအား ကူညီတပ်ဆင်ပေးနေသည်။

သူသည်အစောပိုင်းက သူ၏တုန့်ဆိုင်းမှုမား ကျုံချင်းယွီမနှစ်ခြိုက်မည်ကိုသိကာ ယခုအချိန်တွင်မူ သူ၏ဆွဲဆောင်မှာများအားချပြလေသည်။

“ချင်းယွီမကြောက်ပါနဲ့ ကိုယ်မင်းနဲ့အတူဒီမှာရှိနေပါတယ်၊ တကယ်လို့မင်းကြောက်နေတယ်ဆိုရင် ကိုယ်မင်းနဲ့အတူခုန်ပေးမယ်လေ”

ကျုံချင်းယွီသည် အစွန်းဘက်သို့အနည်းငယ်တိုးသွားသည်။ သို့ပေမဲ့ အောက်တွင် ခရီးသွားတစ်ဦးသည် ပလတ်စတစ်ရေဘူးတစ်ဘူးအား မတော်တဆလွတ်ကျသွားလေသည်။ ၎င်းသည်အလျင်အမြန်ပြုတ်ကျလာကာ လေထုထဲသို့အရှိန်အဟုန်ဖြင့်ပျောက်ကွယ်သွားပြီး ကွဲသွားခဲ့သည်။

သူမသည် အသက်ပြင်းတစ်ချက်ရှူလိုက်သည်။

ပေယွဲ့ပိုင်ပင်လျှင် တုန်လှုပ်ခြောက်ခြားသွားခဲ့သည်။

ကျုံချင်းယွီသည် bungee ဂီယာအပြည့်အစုံဝတ်ဆင်ထားသော်ညား သူမှာမူသူမအားအထင်ကြီးစေရန်အတွက် ဘေးကင်းရေးအကာအကွယ်များမပါဝင်ပဲ တက်လာခဲ့လေသည်။

ပေယွဲ့ပိုင်သည် ပို၍ဖိအားပေးလိုက်ကာ

“ချင်းယွီ ကိုယ့်ကိုမင်းနဲ့အတူ ခုန်ခွင့်ပြုပါ”

ယန်ရှီ၏ bungee ဂီယာများမှာ ထိုနေရာတွင်ပင်ဖြစ်သည်။ အကယ်၍သူမသာအချိန်မှီ ပြန်မလာနိုင်ခဲ့လျှင် သူသည် သူမ၏နေရာအားအလွယ်တကူယူလိုက်လို့ရလေသည်။

ကျုံချင်းယွီသည် ပြတ်ပြတ်သားသားငြင်းဆိုလိုက်သည်။

“မလိုပါဘူး ယန်ရှီကဘယ်မှာလဲ”

လက်ထောက်တစ်ဦးသည် ပြန်လည်ဖြေကြားခဲ့သည်။

“မစ္စယန်က သန့်စင်ခန်းသွားနေတာပါ သူမကိုယ်ကြည့်ရတာ အစာအိမ်နာနေတဲ့ပုံရတယ်၊ အချိန်တော့နည်းနည်းကြာမယ်ထင်ပါတယ်”

“အဲတာဆိုရင် ငါတို့စောင့်ကြမယ်”

ကျုံချင်းယွီသည် စိတ်မသက်မသာနှင့်ပြောလိုက်သည်။

ဟယ်လီကော်ပတာသည် bungee ခုန်သည့်နေရာနှင့်အမြင့်အတူတူတွင် ပျံဝဲနေသည်။ အချိန်ဆွဲရန်အတွက် ကျုံချင်းယွီသည် တိုက်ရိုက်ထုတ်လွှင့်မှုအားကြည့်နေသည့် ပရိတ်သတ်များအား လက်ပြနှုတ်ဆက်လိုက်သည်။

“ရှင်းအောင်ပြောရဦးမယ် ငါမကြောက်နေပါဘူးနော်၊ ငါရဲ့ခြေထောက်တွေကသူ့ဘာသာသူတုန်နေကြတာပါ”

[LOL မမလေးကအမြင့်ကိုလုံးဝမကြောက်ပါဘူး]

[အဲဒီက ခြေထောက်ရဲ့အပြစ်ပဲ သူတို့ကသာတုန်နေကြတာ]

[မီတာရာကျော်အမြင့်မှာ အဲတာကတကယ် အံ့ဩစရာပဲ၊ ကင်မရာထောင့်ကိုတစ်ချက်ကြည့်လိုက်တာနဲ့တင် ငါ့ကိုတုန်လှုပ်စေတယ်]

[တကယ်လို့ သူသာအဲဒီကနေပြုတ်ကျသွားမယ်ဆိုရင် လုံးဝပွဲချင်းပြီးပဲမလား]

[ချောက် မီတာတစ်ရာငါးဆယ် လောက်နက်တယ်၊ တိုက်ကြီး ငါးဆယ်တိုက်လောက်ကိုထည့်ပြီး မြုပ်သွားစေတယ်လို့တွေးကြည့်လိုက်လေ]

[နိုးပါ ငါရဲ့ဖုန်းမျက်နှာပြင်ကနေပဲ ဘေးကင်းကင်းနဲ့ကြည့်နေပါ့မယ်]

နောက်ထပ် နှစ်မိနစ်ခန့်ကြာပြီးနောက် ကျုံချင်းယွီသည် ယန်ရှီနားသည့်နေရာမှခုန်ပေါက်လာနေသည်ကိုတွေ့သောအခါတွင် သူမအမြင်နှင့်နေသားကျနေပြီဖြစ်ပြီး သူမ၏ဆံပင်များသည် ချောက်ကမ်းပါး၏ လေများကြားထဲတွင် ပြင်းထန်စွာလွင့်နေလေသည်။

ကျုံချင်းယွီသည် သူမအားနှုတ်ဆက်ရန် လက်မြှောက်ဖို့ပြင်လိုက်ချိန်တွင်

နားသည့်နေရာမှ အော်သံတစ်ခုအားကြားလိုက်ရသည်။

ပြီးနောက် ခရီးသွားများနှင့်ဝန်ထမ်းများထံမှ အလန့်တကြားအော်သံအားကြားလိုက်ရသည်။

“အား”

“မစ္စရဲ့”

“မစ္စရဲ့ချောက်ကမ်းပါးပေါ်ကပြုတ်ကျသွားပြီ”

နားသည့်နေရာသည် bungee ခုန်သည့်နေရာနှင့်မီတာအနည်းငယ်ပဲလေသည်။ကျုံချင်းယွီသည် လက်ရန်းအောက်တွင်ထိတ်လန့်တကြားပြေးနေကြသည့် လူအုပ်ကြီးအားမြင်ဖို့ရာ သူမလည်ပင်းအားလှည့်ကာကြည့်နေသည်။

ရဲ့လော့ယီသည် ချောက်ထဲသို့ တန်းတန်းမတ်မတ်ကျဆင်းနေလေသည်။

လူတိုင်းအေးခဲသွားကြသည်။

ဤသည်မှာ တစ်ရာငါးဆယ်မီတာအနက်ဖြစ်ကာ မည်သူမျှမရှင်သန်နိုင်ပေ။

ကျုံချင်းယွီ ဘာဖြစ်နေသည်ကို မစီစစ်နိုင်သေးခင်တွင် မဲနက်သည့်ပုံစံတစ်ခုသည် သူမဘေးမှအလျင်အမြန်ဖြတ်သွားခဲ့သည်။

ပေယွဲ့ပိုင်သည် မဆိုင်းမတွပင် bungee ခုန်သည့်နေရာမှ ခုန်ဆင်းလိုက်သည်။

ဘေးကင်းကိရိယာများအား ကြိုးတပ်ဖို့အချိန်မရှိသဖြင့် သူသည် ယန်ရှီ၏ bungee ကြိုးအားဆွဲကိုင်ကာ ရဲ့လော့ယီ၏နောက်သို့ ခုန်ချသွားလေသည်။

လေများသည် သူ၏နားအတွင်းသို့ဝင်လာကာ သူ၏မျက်လုံးများထဲသို့ပါဝင်လာပြီး အသက်ရှူရပင်ခက်လာသည်။ သူ၏အမြင်များသည် ဝေဝါးလာကာ သူ၏အကြားအာရုံမှာပျောက်သွားပြီး သူ၏တစ်ကမ္ဘာလုံးသည် ရဲ့လော့ယီပြုတ်ကျနေသည့်နေရာတွင်သာဖြစ်သွားလေသည်။

သူသည် သူ့ကိုယ်သူပို၍ အလျင်အမြန်ပြုတ်ကျစေချင်နေသည် မြန်မြန် မြန်မြန်။

သို့ပေမဲ့ ကမ္ဘာမြေဆွဲအားသည် အညှာအတာကင်းမဲ့လေသည်။

ရဲ့လော့ယီသည် မြစ်ထဲသို့အရင်ပြုတ်ကျသွားခဲ့သည်။

ပေယွဲ့ပိုင်၏ဆန့်တန်းထားသောလက်သည် လေထုကိုသာဖမ်းမိလိုက်ကာ သူမ၏ခန္ဓာကိုယ်မှာမူ ရေခဲပြင်နှင့်တိုက်မိသွားခဲ့သည်။

သူသည် လည်ချောင်းသံနှင့်အော်လိုက်ကာ Nevis ချောက်ကမ်းပါးတစ်လျောက်တွင် ပဲ့တင်ထပ်သွားစေသည်။

Bungee ကြိုးသည် တင်းလာလေသည်။

ပေယွဲ့ပိုင်သည် လေထုအလည်တွင်တွဲလောင်းဖြစ်နေကာ သူ၏ကြိုးကိုင်ထားသည့်လက်တွင် သွေးများပင်ထွက်နေပြီဖြစ်သည်။

သူ၏အမြင်အာရုံများကြည်လင်လာချိန်တွင် အပိုင်းအစများမြစ်ထဲတွင်မျောနေသည်ကိုတွေ့လိုက်ရသည်။

သွေးများမရှိပေ။ အသားစများလည်းမရှိနေပေ။

ပြုတ်ကျသွားသည့်အရာမှာ ရဲ့လော့ယီမဟုတ်ပေ။

သူမ၏ပုံတူအရုပ်ပင်ဖြစ်သည်။

ပေယွဲ့ပိုင်၏ဦးနှောက်ထဲတွင် ဗလာဖြစ်သွားကာ အကြားအာရုံချို့တဲ့စေမတတ် အသံကြီးအားကြားနေရလေသည်။

ထိုအချိန်တွင် ရသစုံရှိုးအား ရိုက်ကူးနေသည့် ရဟတ်ယာဉ်သည် သူ့ဘေးတွင် ပျံဆင်းလာပြီး မြင်ကွင်းတစ်ခုလုံးကို အပြည့်အ၀ ရိုက်ကူးနေခဲ့သည်။

Bungee ခုန်သည့်တာဝါအပေါ်တွင် ယန်ရှီသည် ချောက်ကမ်းပါးအောက်တွင်ရှိနေသည့် ပေယွဲ့ပိုင်အား စိတ်အေးလက်အေးငုံ့ကြည့်နေလေသည်။

သေးငယ်ကာတောက်ပနေသည့်အလုံးလေးတစ်လုံးသည် သူမဘေးတွင်ပေါ်လာကာ

[ Host ဒီတစ်ခေါက်ကတော့တကယ် မီးနဲ့ကစားနေတာပဲ]

“ငါကဒီတိုင်း ရဲ့လော့ယီရဲ့ပုံတူကို မတော်တဆလွတ်ချလိုက်မိတာပါ၊ ဒါပေမဲ့ အဓိက ပေယွဲ့ပိုင်ကိုယ်တိုင်ပဲလေ”

“ပြီးတော့ သူမချစ်တဲ့မိန်းမတစ်ယောက်ကို ဘာလို့ချစ်ခင်မြတ်နိုးပေးနေရမှာလဲ၊ လူတိုင်းကသူတို့ရဲ့ ခံစားချက်အစစ်အမှန်တွေကိုထုတ်ပြသင့်တယ်လို့ မထင်ဘူးလား”

All Chapters