Chapter 87
Vol. 9 Ch. 87
ရေချိုးသန့်စင်ပြီးနောက် ယန်ရှီနှင့် ကျုံချင်းယွီသည် အောက်ထပ်သို့ ဆင်းလာခဲ့ကြသည်။
Queens Townသည် အတူခရီးသွားကြစို့ ရိုက်ကူးရေး၏ နောက်ဆုံးမြို့ဖြစ်ပြီး ယနေ့သည် ရိုက်ကူးရေးနောက်ဆုံးနေ့ဖြစ်သည်။ တိုက်ရိုက်ထုတ်လွှင့်မှု ပြီးဆုံးသည်နှင့် ရိုက်ကူးရေးတစ်ဖွဲ့လုံး အလုပ်ပြီးမြောက်ပြီဖြစ်သည်။
သူတို့သည် ထမင်းစားခန့်သို့ရောက်သည့်အချိန် ပေယွဲ့ပိုင်သည် စားပွဲ၌ကြိုတင်စောင့်ဆိုင်းနေသည်။
ထိုနေ့မှ အဖြစ်အပျက်သည် သူ့အပေါ် မည်သည့်သက်ရောက်မှုမျှမရှိဟု ထင်ရသည်။ပုံမှန်အတိုင်းပင် သူသည် ကျုံချင်းယွီအတွက် မနက်စာပြင်ပေးနေသည်။သူမသည် သူ့အား အနည်းငယ်ရှုပ်ထွေးနေသည့်ပုံစံဖြင့်ကြည့်လိုက်သည်။သူမ၏လက်မောင်းကြောင့်သာ မဟုတ်လျှင် ချောက်တွင်းခုန်ချသည့်ဖြစ်ရပ်သည် အိပ်မက်တစ်ခုမှလွဲ၍ ဘာမှမဖြစ်နိုင်ဟု သူမ ထင်ကောင်းထင်နိုင်သည်။
မနက်စာသည် ယခင်နှစ်ပတ်ကဲ့သို့ပင် အတူတူဖြစ်သည်။ ကိုယ်အလေးချိန်ထိန်းနေသည့် ကျုံချင်းယွီသည် အရသာပေါ့သည့်အရွက်သုပ်ကိုသာစားသည်။တစ်ဖက်တွင်ယန်ရှီသည် X နိုင်ငံ၏ ဒေသထွက်အစားအစာများဖြစ်သည့် ငါးအသားပြားနှင့် Oatmeal Porridge တို့ကို စားသောက်နေခဲ့သည်။
သူတို့ထိုင်လိုက်ပြီးနောက် ပေဟန်လီနှင့် ကျုံယန်စီတို့သည် အပေါ်ထပ်မှဆင်းလာသည်။ ထိုနှစ်ယောက်သည် ခရီးစဉ်၌ လုပ်ဖော်ကိုင်ဖက်များဖြစ်ကြပြီး ကျုံချင်းယွီကဲ့သို့ပင် ကျွမ်းကျင်သည့် ခရီးသွားအတိုင်ပင်ခံအား ငှားရမ်း၍ အရာအားလုံးစီစဉ်ခိုင်းရန် စဉ်းစားထားကြသည်။
ယခုတွင် ကျုံချင်းယွီသည် အသီးအရွက်များအား စားသောက်နေပြီး ယန်ရှီသည် ငါးအအသားပြားကို တမြုံမြုံဝါးနေသည်။နှစ်ယောက်လုံးသည် စားဖိုမှုးမှ ကျုံယန်စီနှင့်ပေဟန်လီ၏စားပွဲပေါ်သို့ ချပေးသည့် ဟင်းပွဲများကိုငေးနေကြသည်။
များပြားသောဟင်းပွဲများအား သူတို့၏ရှေ့၌ ဖွင့်ပြနေသည်။၎င်းတို့မှာ truffle-topped eggs Benedict sandwiches, herb-butter roasted lobster, pan-seared venison, creamy black abalone grills နှင့် အခြားဟင်းပွဲများဖြစ်သည်။
[N/ မှိုတစ်မျိုးတင်ထားသော ကြက်ဥပေါက်မုန့်ညှပ်၊ ဟင်းခတ်အမွှေးအကြိုင်ထည့်ထားသည့် ထောပတ်ဖြင့် ဖုတ်ထားသော ပုစွန်ထုပ်၊ ဒယ်အိုပြားပေါ်တွင် ကင်ထားသော သမင်အသား၊ ခရင်မ်အနှစ်ပါသည့် ခရုတုပ်လက်။ ကိုယ်လည်း မသိလို့ ဂလူးဂလူးမှာ ခေါက်ခဲ့တာ( ・ั﹏・ั) ]
ကျုံချင်းယွီ ခက်ခဲစွာ တံတွေးမြိုချလိုက်သည်။ သူမ၏ အရွက်သုပ်သည် အတော်ပင်အရသာမရှိသည်ကို ခံစားလိုက်ရသည်။
ပေဟန်လီ၏ ဟင်းပွဲကိုလက်ညိုးထိုးပြ၍ သူမ ပြောလာသည်။
“ပေယွဲ့ပိုင်၊ ကျွန်မ အရွက်သုပ်စားပြီးပြီ၊ ဟိုဟာစားချင်တယ်”
ပေယွဲ့ပိုင်သည် ခပ်မဲ့မဲ့ပြုံးလိုက်သည်။
“ကိုယ်မှာပေးမယ်”
သူသည် စားဖိုမှုးအား ဟင်းပွဲမှာရန် မီးဖိုချောင်ထဲသို့ ပြေးဝင်သွားသည်။ သို့သော် မှာပြီးသားဟင်းလျာများကိုကြည့်၍ စားဖိုမှူးသည် ခေါင်းခါသည်
“အဲဒါတွေက အထူးစားအစာတွေ၊ မင်းအလွယ်တကူ မှာယူလို့ရတယ်ဟာတွေ မဟုတ်ဘူး”
“ကျွန်တော် ငွေပိုပေးမယ်”
ပေယွဲ့ပိုင်သည် မရမကတောင်းဆိုသည်။
“ငွေနဲ့မဆိုင်ဘူး”
စားဖိုမှူးသည် သက်ပြင်းချ၍ ပြောလာသည်။
“တကယ်လို့ ငါတို့တွေ ပါဝင်ပစ္စည်းတွေရခဲ့ရင်တောင် ချက်ပြုတ်ချိန်ကြာဦးမှာ၊ မင်းစောင့်နိုင်တယ်ဆိုရင်တော့ အဆင်ပြေတယ်”
သို့သော် ကျုံချင်းယွီသည် ရိုက်ကွင်းရှိသေးသည်။ သူမသည် စောင့်ရန်မဖြစ်နိုင်ချေ။
ရှုံးနိမ့်စွာဖြင့် ပေယွဲ့ပိုင်သည် ထမင်းစားခန်းထဲသို့ သတင်းဆိုးပိုက်၍ ပြန်ရောက်လာသည်။ သူရှာနေသည့် ကျုံချင်းယွီနှင့်ယန်ရှီတို့သည် ပေဟန်လီနှင့်ကျုံယန်စီတို့ဘေး၌ ထိုင်၍ ပျော်ရွင်စွာ ဝင်ရောက်စားသောက်နေကြသည်။
“မစ္စကျုံ ဒီကျောက်ပုစွန်က ကောင်းတယ်၊ အသားဓါတ်လည်းပြည့်ဝတယ် ဝိတ်တက်ဖို့လည်း မစိုးရိမ်ရဘူး”
“မင်း ဒီ Langoustine လေး စားကြည့်ပါလား ၊အဖြူရောင်အသားက ခန္ဓာကိုယ်ဘေးက ကြွက်သားတွေအတွက်ကောင်းတယ်”
ပေဟန်လီသည် ကျုံချင်းယွီအား ပြုစုပေးနေရသည်ကို ပြုံးရွင်နေသည်။သူသည် တူကိုကိုင်၍ ဟင်းလျာတစ်ခုချင်းစီကို သူမ၏ပန်းကန်ထဲသို့ ထည့်ပေးနေသည်မှာ CEO တစ်ယောက်ဟု ထင်ချင်စဖွယ်မရှိချေ။
“ကျွန်မ မစားသင့်တော့ဘူး”
ကျုံချင်းယွီသည် စိတ်မပြတ်နိုင်စွာဖြင့် ငြင်းဆိုသည်။
“ပင်လယ်စာလည်း များများစားရင် အဆီတက်တာပဲလေ”
“စိတ်မပူပါနဲ့”
ပေဟန်လီသည် စိတ်သက်သာရာရစေရန် ပြောကြားသည်။
“တကယ်လို့မင်းကုန်အောင် မစားနိုင်ရင် ကိုယ်ကျန်တာ တာဝန်ယူလိုက်ပါ့မယ်၊ မင်းကြိုက်တာသာ မြည်းလိုက်၊ ဘာမှမဖြစ်ဘူး”
ကျုံချင်းယွီသည် အားပါးတရပြုံးလိုက်သည်။
“ပေဟန်လီ၊ ရှင်သဘောပေါက်တယ် ဟုတ်တယ်မလား”
သူသည် အနုပညာရှင်တစ်ယောက်ဖြစ်သည့် သူမ၏ အစားအသောက်လျော့ချမှုကို နားလည်သည်။ထို့ကြောင့် ပင်လယ်စာများကို အလေးပေးစားခိုင်းခြင်းဖြစ်သည်။သူသည် သူမ၏ အလွန်အကျွံမစားပဲနှင့် မြည်းစမ်းချင်သည့်ဆန္ဒကို သတိပြုမိပြီး သူမစားပြီးသည့် အစားအသောက်အကျန်များကိုပင် ဖြေရှင်းပေးဦးမည်ဖြစ်သည်။
“ရှင်သာ ကျွန်မရဲ့အိမ်တော်ထိန်းလုပ်ရင် ကျွန်မကျေကျေနပ်နပ်ကြီးကို ငှားမှာ”
ပေဟန်လီသည် မျက်လွှာချ၍ သူ၏မြေခွေးပုံစံမျက်လုံးထဲရှိ အကြည့်များကို ဖုံးကွယ်ထားသည်။ထို နက်နဲသည့်အကြည့်များထဲတွင် တစ်စုံတစ်ခုသည် တောက်လောင်နေသကဲ့သို့ ဖြစ်သည်။
“မစ္စကျုံ ကိုယ်က မင်းကိုအမြဲတမ်းပြုစုနေမှာပါ၊ မင်းသာ ကိုယ့်ကိုသဘောကျရင်ပေါ့”
[အား ၊ငါအခု CEO ပေနဲ့ တွဲပေးမိနေပြီ]
[အဲလို အာရုံစိုက်ပြီး ပြုစုဂရုစိုက်ပေးတဲ့သူကို ဘယ်မှာရှာလို့ရမလဲဟင်]
[နှင်းလျှောစီးအပန်းဖြေစခန်းမှာတည်းက သိသာနေတာ ၊ပေဟန်လီက ကျုံချင်းယွီကို သဘောကျနေတာပဲ]
[သူက ဘာလိုဖြစ်ဖြစ် ပေယွဲ့ပိုင်ထက်ပိုကောင်းတယ်၊ ပေဟန်လီအကြောင်း တစ်ခါမျှ ရှုပ်ရှုပ်ရှက်ရှက် မကြားဖူးဘူး]
[အမျိုးသားတွေက ဘယ်လိုဆက်ဆံရမလဲဆိုတာသိတယ်၊ ကစားတက်တဲ့ကောင်လေးတွေ လစ်လိုက်တော့]
ကျုံချင်းယွီသည် ပေဟန်လီအား အတော်သဘောတွေ့မိသည်။အနည်းဆုံးတော့ သူသည် သူမကို သက်တောင့်သက်တာဖြစ်စေသည်။
သူမသည် ကျုံယန်စီဘက်သို့ စနောက်သည့်အပြုံးဖြင့် လှည့်ကြည့်လိုက်သည်
“ပေဟန်လီတောင် မနက်စာဘယ်လိုကျွေးရမလဲသိတယ်၊ နင်ရော ယန်ရှီကို တစ်ခုခုမလုပ်ပေးဘူးလား”
ကျုံယန်စီသည် မော့မကြည့်ခင် သူ၏အသားကင်အား စနစ်တကျလှီးဖြတ်နေသည်။
“ပေလုပ်ငန်းစုက X နိုင်ငံမှာ ဘာစီမံကိန်းမှရှိတာမဟုတ်ဘူး၊ အဲလိုယုံကြည်စိတ်ချရတဲ့ စားဖိုမှူးရှာပေးတာ ငါမှမဟုတ်ရင် ဘယ်သူရှိမှာလဲ”
ထို့နောက် သူသည် လှီးပြီးသားအသားများကို ယန်ရှီအားပေးသည်။
ယန်ရှီသည် မျက်တောင်ခတ်လိုက်သည်။
“ကျွန်မဘာသာ လှီးတက်ပါတယ်”
“မင်းမနေ့ညက ဝိုင်တွေသောက်ပြီး ခေါင်းကိုက်နေတယ်မလား”
သူမ၏ပါးများသည် နီရဲလာသည်။
“မကိုက်တော့ဘူး”
ကျုံချင်းယွီသည် သူမ၏မေးစေ့အား ဂုဏ်ယူစွာမြှောက်ပင့်လိုက်သည်။
“ဒါက ငါဂရုစိုက်ပေးလို့လေ ပြီးတော့ ယန်ရှီဘယ်သူ့ကိုကြိုက်နေလဲဆိုတာ ငါသိတယ်”
ယန်ရှီသည် ချက်ချင်းပင် ကျုံချင်းယွီ၏ပါးစပ်ကိုပိတ်လိုက်ပြီး သူမ၏ခေါင်းအား ကသုတ်ကရက် ခါရမ်းနေသည်။
ကျုံယန်စီသည် ဓါးအားတင်းကြပ်စွာဆုပ်ကိုင်ထားသည်။
“ဘယ်သူလဲ”
ကျုံချင်းယွီသည် သွားများပင်ပေါ်အောင် ရယ်လိုက်သည်။
“ဒါဆို ငါ့ကို ခရမ်းရောင်ဉယျာဉ်စီမံကိန်းမှာ ပါဝင်ခွင့်ပေး၊ အဲလိုဆို ငါပြောပြမယ်”
“ကောင်းပြီ”
ထိုသို့ချက်ချင်းလက်ခံလိုက်ခြင်းသည် ကျုံချင်းယွီအား လန့်သွားစေသည်။သူမသည် နွားနို့သီးတော့မလိုပင် ဖြစ်သွားသည်။သူမ ချောင်းဆိုးလိုက်သည်နှင့် ယန်ရှီသည် သူမ၏ကျောအား ပွတ်ပေးနေသည်။
“တကယ်ကြီးလား”
ကျုံချင်းယွီသည် မယုံနိုင်စဖွယ်ပြောလာသည်။
ခရမ်းရောင်ဉယျာဉ်စီမံကိန်းသည် ပြီးလုနီးပါးပင်ဖြစ်နေပြီ ဖြစ်သည်။ တည်ဆောက်ရေး၊ အတွင်းဒီဇိုင်း ၊အရောင်း စသည့် ကျန်ရှိနေသည့်အရာများသည် အမြတ်ရမည့်နေရာများဖြစ်သည်။သူမအား ယခုဝင်ပါခိုင်းလိုက်လျှင် ကျုံယန်စီသည် သူမအား ဒုတိယဥက္ကဌနေရာပေးရမည်ဖြစ်ပြီး အမြတ်ငွေ ဘီလီယမ်နီးပါးခွဲပေးရမည်ဖြစ်သည်။
“ဘယ်သူလဲ”
ကျုံယန်စီသည် ထပ်မေးသည်။
ယန်ရှီအား ကျုံချင်းယွီအား မပြောပြရန်လက်ဟန်ခြေဟန် ပြလာသည်။
ကျုံချင်းယွီသည် ထပ်၍ပြောသည်။
“အဲတာက တစ်ရာဘီလီယမ်တောင်တန်တာနော်”
ယန်ရှီ၏မျက်လုံးများသည် အထိတ်တလန့်ဖြစ်သွားသည်။အကယ်၍ကျုံချင်းယွီသာ ယခုထုတ်ပြောလိုက်လျှင် သူမသည် လေထဲ၌သာ ပျောက်ကွယ်သွားချင်မိသည်။
သို့သော် ကျုံချင်းယွီသည် ရယ်မောလိုက်ပြီး သူမ၏ဆံပင်အားဆော့ကစားလာသည်
“နင်တကယ်သိချင်တာလား ဆိုးတာပဲ၊ ငါပြောပြမှာမဟုတ်ဘူး”
ကျုံယန်စီသည် ဘာမျှပြန်မပြောတော့ပဲနှင့် သူ၏အသားကင်ကိုသာ အနေတော်အတုံးလေးများအဖြစ် လှီးဖြတ်နေသည်။
တစ်ဖက်တွင် ပေယွဲ့ပိုင်သည် ဘေး၌ ငြိမ်သက်စွာကြည့်နေသည်။
သူသည် ပေဟန်လီအား မနက်စာစားရာတွင် ရှုံးနိမ့်ခဲ့ပြီမှန်း သိလိုက်သည်။ပေဟန်လီသည် ကျုံချင်းယွီအား အဘယ့်ကြောင့် အမှန်တကယ်ဂရုစိုက်နေသည်ကိုပင် သူ မသိတော့ချေ။သူမ၏ရုပ်ရှည်မှအပ စိတ်ကြီးသည့်၊စိုးမိုးအနိုင်ယူလွန်းသည့်၊ကိုယ့်ကိုကိုယ်သာဂရုစိုက်လွန်းသည့် သူမသည် မည်သည်မှာ ချစ်ချင်စဖွယ်ရှိသနည်း။
မဟုတ်ပေ။ပေယွဲ့ပိုင်သည် ပေဟန်လီ၏ဝင်ရောက်စွပ်ဖက်မှုများသည် သူ့အား ပေမိသားစု၏ရှယ်ယာများ မရရန် ပိတ်ဆို့မှုတစ်ခုဖြစ်မည်ဟု ထင်သည်။အကယ်၍ ပေဟန်လီသာ ကျုံချင်းယွီ၏သဘောကျမှုကို ရရှိမည်ဆိုလျှင် အဖိုး၏ လက်ဖွဲ့ဖြစ်သည့် ရှယ်ယာ သုံးရာခိုင်နှုန်းသည် သူ့ထံသို့ရောက်သွားမည်ဖြစ်သည်။
လက်သီးကိုတင်းကြပ်စွာဆုပ်၍ ပေယွဲ့ပိုင်သည် ကျုံချင်းယွီစားသောက်ပြီးသည်နှင့် ခရီးသွားလမ်းညွှန်အား တင်ပြရန် သူမထံ ချဉ်းကပ်သွားလိုက်သည်။
“ချင်းယွီ၊ဒီနေ့က ကိုယ်တို့ရဲ့နောက်ဆုံးနေ့နော်၊ ဘာလုပ်ချင်လဲ”
သူမသည် ထိုလမ်းညွှန်စာရွက်များအား အကြောင်းမဲ့ပစ်ထုတ်လိုက်သည်။အအေးဓာတ်သည် ရွေးချယ်စရာအများစုအတွက် စိတ်အားထက်သန်မှုကို လျော့ပါးစေခဲ့သည်။
“ယန်ရှီ”
သူမသည် ယန်ရှီအားခေါ်လိုက်သည်။
“နင်ဘာလုပ်ချင်လဲ”
ယန်ရှီသည် ခရီးသွားလမ်းညွှန်အား လျင်မြန်စွာဖတ်လိုက်သည်။သို့သော် ဖတ်ချင်စဖွယ်မရှိချေ။
Queens Town ၏ အဓိကဆွဲဆောင်မှုသည် နှင်းနှင့်ပတ်သတ်သည့်အရာများဖြစ်သည်။သို့သော် နှင်းမုန်တိုင်းဖြစ်ပြီးသည့်နောက်တွင် ယန်ရှီသည် ဆောင်းရာသီအားကစားများအား မလုပ်ရဲတော့ပေ။
ပေဟန်လီသည် အကြံပြုလိုက်သည်။
“မစ္စကျုံ၊ ဒီမှာ အမဲလိုက်လို့ရတယ်၊ အမဲလိုက်တမ်းဆော့ရင်ရော ဘယ်လိုလဲ”
“သေနတ်အစစ်တွေနဲ့လား”
သူမ၏ မျက်လုံးများ ပင့်သွားသည်။
ပေဟန်လီသည် ခေါင်းငြိမ့်ပြသည်။
“သူက စာရင်းသွင်းဖို့တော့လိုတယ်၊ ဒါပေမဲ့ သေနတ်အစစ်တွေသုံးလို့ရတယ်၊ ယန်စီနဲ့ကိုယ်တောင် ဒီနေ့သွားကစားဖို့ စီစဉ်ထားတာ”
သူပြောပြီးသည်နှင့် သူသည် ကျုံယန်စီ၏ပခုံးပေါ်သို့ ဘော်ဒါစိတ်ဖြင့် လက်လှမ်းတင်လေသည်။
သို့သော်လည်း ကျုံယန်စီသည် စိတ်မဝင်စားသောကြောင့် သူ၏လက်အား စိတ်မရှည်စွာ ပခုံးတွန့်၍ ခါချလိုက်သည်။
ကျုံချင်းယွီသည် ထိုကိစ္စအား အလွန်စိတ်ဝင်စားနေသည်။ လက်နက်များကိုင်ဆောင်ခြင်းသည် တရုတ်တွင် တားမြစ်ထားသော်လည်း တစ်ချို့နိုင်ငံရပ်ခြားဒေသများတွင် သေနတ်ကိုင်ဆောင်ခွင့်သည် တရားဝင်သည်။ သူမသည် သေနတ်ကိုင်ရန် ရှားရှားပါးပါးအခွင့်အရေးရခဲ့ပြီဖြစ်ပြီး ထိုစိတ်ကူးသည် သူမအား အမှန်ပင်စိတ်လှုပ်ရှားစေသည်။
ယန်ရှီသည်လည်း သိလိုစိတ်ပြင်းပြသွားသည်။သူမသည် သေနတ်အစစ်အား စစ်ဘက်ဆိုင်ရာလေ့ကျင့်ရေးတွင် ကိုင်ဆောင်ခဲ့ဖူးသည်။ သေနတ်မောင်းတင်လိုက်ခြင်းကြောင့် သူမ၏ပခုံးထိခိုက်ခဲ့ဖူးသော်လည်း ၎င်းသည် သူမ၏ စိတ်အားထက်သန်မှုကို မတားနိုင်ချေ။
ကျုံချင်းယွီသည် ပေယွဲ့ပိုင်ကို အမိန့်ပေးခဲ့သည်။
“ပေယွဲ့ပိုင် ကျွန်မ အမဲလိုက်သွားချင်တယ်၊ မြန်မြန်စီစဉ်ပေး”
သခင်မလေးသည် တစ်ခုခုကို လိုချင်သည့်အခါတိုင်း အမြဲတမ်း ရခဲ့သည်။ ၎င်းသည် ခရီးသွားလမ်းညွှန်တစ်ယောက်၏ တာဝန်မဟုတ်ပေသလော။
ကျုံချင်းယွီသည် ဇိမ်ခံရွက်လှေတစ်စင်းကို လိုချင်ပါက လူးဝစ်သည် မိနစ်ပိုင်းအတွင်း တစ်စီးကို ရရှိအောင် ဆောင်ရွက်ပေးနိုင်သည်။ အကယ်၍ သူမသည် ဖျော်ဖြေပွဲတစ်ခုပြုလုပ်ချင်လျှင် ပြောင်ပေါင်ယွမ်သည် နာရီအနည်းငယ်အတွင်း အရည်အသွေးမြင့် ဖျော်ဖြေမှုကို စီစဉ်ပေးနိုင်လေသည်။
ကျုံချင်းယွီ၏အမြင်တွင် အမဲလိုက်ခရီးတစ်ခုစီစဉ်ခြင်းသည် ရွက်လှေဝယ်ယူခြင်း သို့မဟုတ် ဖျော်ဖြေပွဲတစ်ခုပြုလုပ်ခြင်းထက်ပင် ပိုမို၍လွယ်ကူပေသည်။ ကျွမ်းကျင်သော ခရီးသွားလမ်းညွှန်တစ်ဦးသည် ၎င်းအား တာဝန်ယူနိုင်ရပေမည်။
သို့သော် လူးဝစ်နှင့် ပြောင်ပေါင်ယွမ်တို့သည် American Express နှင့် ၎င်း၏ ကြီးမားသော အရင်းအမြစ်ကွန်ရက်မှ ကျောထောက်နောက်ခံပြုထားသော ပရော်ဖက်ရှင်နယ်များဖြစ်သည်။ တစ်ဖက်တွင်မူ ပေယွဲ့ပိုင်သည် အတွေ့အကြုံမရှိချေ။
အမဲလိုက်အသင်းများနှင့် ဆက်သွယ်ခြင်း၊ ရဟတ်ယာဉ်ငှားခြင်း၊ လက်နက်လျှောက်ထားခြင်း၊ အမဲလိုက်ကိရိယာများ မှာယူခြင်း ထိုအရာအားလုံးတို့သည် အချိန်ယူခဲ့ရသည်။ကျုံချင်းယွီနှင့်ယန်ရှီတို့ မနက်စာစားပြီးသောအခါ ပေယွဲ့ပိုင်သည် အမဲလိုက်အသင်းသို့ တန်းသွားနိုင်ရန်စီစဉ်ရပေမည်။
ကျုံချင်းယွီသည် မျက်မှောင်ကြုတ်လိုက်သည်။
"ဒီနှုန်းနဲ့ဆို တစ်သက်လုံးစောင့်နေရတော့မှာပဲ"
ပေယွဲ့ပိုင်သည် စိတ်ထဲမှ ကျိန်ဆဲလိုက်သည်။သူမ လိုချင်သည်များအားပြောကြားနေသည်နှင့်ပင် ဆယ်မိနစ်ကုန်လွန်သွားပြီ ဖြစ်သည်။ သူသည် စူပါမန်းမဟုတ်ချေ။ အကယ်၍ သူမသည် သူ့အား အချိန်ပိုပေးခဲ့လျှင် သူသေချာ ကိုင်တွယ်နိုင်ပေသည်။
ပျာယာခတ်နေပြီး အမဲလိုက်အသင်းနှင့် ဖုန်းဖြင့် ညှိနှိုင်းဆက်သွယ်ရန် ဗြာများနေသည်။ သူ၏အင်္ဂလိပ်စကားသည် ကျွမ်းကျင်သော်လည်း သိရန်လိုအပ်သော အသေးစိတ်အချက်များ များပြားလွန်းသဖြင့် သူ့ကို အလွန်ပင် ပင်ပန်းစေသည်။
ဗီလာ၏အဝင်ဝတွင် ကျုံချင်းယွီသည် စိတ်မရှည်သည့်ပုံစံဖြင့် လက်ပိုက်၍ရပ်နေလေသည်။
"နှေးလိုက်တာ၊ ဒီလိုရိုးရှင်းတဲ့ အရာတစ်ခုကိုတောင် မကိုင်တွယ်နိုင်ဘူးလား၊ ပေယွဲ့ပိုင် ရှင်က အသုံးမကျလိုက်တာ"
ပေယွဲ့ပိုင်၏အမူအရာသည် မည်းမှောင်သွားသော်လည်း သူ့တွင် ရွေးချယ်စရာမရှိတော့ပေ။
“သခင်မလေးက သွားချင်တယ် ဆိုရင် ဘာလို့ ကိုယ်တို့နဲ့ အတူမလိုက်ရတာလဲ”
ပေဟန်လီသည် ရှေ့သို့ တိုးလာသည်။
ကျုံယန်စီသည် သူ့အနားသို့ လိုက်သွားပြီး နှစ်ယောက်စလုံးသည် ၎င်းတို့၏ ကျယ်ဝန်းသော ပခုံးနှင့် တောင့်တင်းသော ကိုယ်လုံးကိုယ်ထည်အား ပေါ်လွင်စေသော ရုပ်ဖျက်ဝတ်စုံကို ဝတ်ဆင်ထားသည်။
ကျုံယန်စီ၏ ယူနီဖောင်းသည် သပ်ရပ်နေသည်။ ကြယ်သီးများအားလုံးကိုတပ်ဆင်ထားပြီး လေဝင်လေထွက်ကောင်းစေသည်။ ပေဟန်လီသည် အင်္ကျီလက်ကို ခေါက်တင်ထားပြီး သူ၏လက်ဖျံရှိ ကြွက်သားများကို ဖော်ထုတ်ပြထားသည်။
[သူတို့နှစ်ယောက်က အတူတူပွဲဦးထွက်သင့်တယ်၊ အခု သူတို့က ဝတ္ထုထဲက CEO တွေ ကျနေတာပဲ]
[လက်တွေ့ဘဝက သူဌေးကြီးများနှင့် ဒရာမာများထဲမှ အတုအယောင်များ။ ယှဉ်စရာတောင်မလိုဘူး]
[မျှမျှတတလုပ်စမ်းပါ၊ ပေယွဲ့ပိုင်လည်း ထျန်းဟွေ့ရဲ့ CEOပဲလေ]
[ ပေယွဲ့ပိုင်ကို သွားမပြောနဲ့၊ အခုအချိန်မှာ သူခေါင်းမပါတဲ့ ကြက်တစ်ကောင်လို ပြေးနေရတယ်]
ပေဟန်လီသည် ကျုံချင်းယွီထံသို့ ချဉ်းကပ်လာသည်။ အဝင်ဝရှိ နှင်းခဲများသည် သူမ၏ဖိနပ်ပေါ်တွင် ရှိနေခဲ့ပြီး တုံ့ဆိုင်းခြင်းမရှိပဲနှင့် သူသည် သန့်ရှင်းပေးလိုက်သည်။
သူသည် သူမထက်အရပ်ရှည်သော်လည်း သူသည် သူမအား မော့ကြည့်လိုက်သည်။
“သခင်မလေး၊ အတူတူသွားကြမလား”
အရပ် 173စင်တီမီတာရှည်သည့် ကျုံချင်းယွီသည် အရပ်ရှည်သောအမျိုးသမီးတစ်ယောက်ဖြစ်သော်လည်း ကျုံယန်စီဘေး သို့မဟုတ် ပေယွဲ့ပိုင်ဘေးတွင် သူမ၏လည်ပင်းအား အမြဲဆန့်ထုတ်နေရသည်။သို့သော်လည်း ပေဟန်လီ၏အရပ်သည် အနေတော်သာဖြစ်ပြီး သူမအတွက် အဆင်ပြေသည်။
လိမ္မာသည့်ကြောင်ကလေးအလား သူမသည်စိတ်ကျေနပ်သည်နှင့် ပို၍လက်ခံချင်လာသည်။
“ဒါပေါ့”
ပေဟန်လီသည် ကြိုတင်ချိန်းဆိုမှုပင် ပြုလုပ်ပြီးဖြစ်သည်။ လက်နက်များမှာယူခြင်း၊ရဟတ်ယာဉ်ငှားခြင်းများပြုလုပ်ပြီးနောက် ဗီလာ၏အပြင်ဘက်တွင် ပလာဇာဖွင့်ရန် စောင့်ဆိုင်းနေသည်။
သူသည် ရပ်နေပြီး လက်ခုပ်တီးလိုက်သည်။ကြီးမားသော သယ်ယူပို့ဆောင်ရေး ထရပ်ကားတစ်စီးသည် မောင်းနှင်လာပြီး ဗီလာရှေ့တွင် ရပ်လိုက်သည်။
ထရပ်ကား၏နောက်ခန်းတံခါးများပွင့်လာကာ သပ်ရပ်စွာဝတ်စားထားသော ဝန်ထမ်းအဖွဲ့တစ်ဖွဲ့ ထွက်လာသည်။ မှောင်မှိုင်းသောသိုလှောင်ခန်းသည် အမဲလိုက်ကိရိယာများ၊ ပုံဖျက်ထားသော ၀တ်စုံများ၊ လေကာအင်္ကျီများ၊ အမျိုးသမီးများအတွက် အံဝင်ခွင်ကျဖြစ်စေသော အမဲလိုက်ကိရိယာများကို အလန်းစားပြကွက်များဖြင့် ပြသထားသည်။
"သခင်မလေး၊ သယ်ပေးရမလား"
ပေဟန်လီသည် နှစ်လိုဖွယ်ပုံစံဖြင့် လက်ဟန်ပြသည်။
ကျုံချင်းယွီသည် သူ့အား စိုက်ကြည့်နေသည်။
“ရှင်က အဆင်သင့်ပြင်ထားပြီးသားပဲ၊ တကယ်လို့ ကျွန်မ မသွားချင်တော့ရင် ဘယ်လိုလုပ်မလဲ”
"အမြဲတမ်း Plan Bဆိုတာ ရှိတယ်၊ သခင်မလေးကို မစောင့်ခိုင်းနိုင်ပါဘူး"
ပေယွဲ့ပိုင်သည် အမြန်ပြန်လာခဲ့သည်။
"ချင်းယွီ၊ ကိုယ် အမဲလိုက်ကလပ်ကို ဆက်သွယ်ပြီးပြီ၊ခဏနေ ပြန်ဆက်သွယ်လာလိမ့်မယ်.."
သူသည် ရဟတ်ယာဉ်နှင့် ဂီယာအပြည့်ရှိသော ထရပ်ကားကို မြင်သည့်အခါ အေးခဲရပ်ဆိုင်းသွားသည်။
ကျုံချင်းယွီသည် ချိုသာစွာ ပြုံးလိုက်သည်။
“ပေယွဲ့ပိုင်၊ဘာဖြစ်လို့လဲ”
ပေယွဲ့ပိုင်သည် ဆို့နင့်သွားသည်။ ပေဟန်လီ၏ ချို့ယွင်းချက်မရှိသော ပြင်ဆင်မှုများနှင့် နှိုင်းယှဉ်ပါက သူ၏ နောက်ဆုံးမိနစ် အစီအစဉ်များသည် ဟာသတစ်ခုကဲ့သို့ ဖြစ်နေသည်။
တိတ်တိတ်ဆိတ်ဆိတ်ပင် လက်သီးဆုပ်များကို ဆုပ်ထားရင်း လက်သည်းများက သူ့လက်ဖဝါးထဲသို့ ထိုးစိုက်နေသည်။
သူ၏အတ္တများသည် မြေပေါ်သို့ ကျဆင်းသွားသည်။
[ပေယွဲ့ပိုင်က ခရီးသွားလမ်းညွှန်အစစ်ကော ဟုတ်လို့လား၊ သူရဲ့စီစဉ်ပုံက ဆိုးရွားလိုက်တာ]
[အား၊သူက စိတ်ပျက်ဖို့ကောင်းလိုက်တာ၊ ငါ လူးဝစ်နဲ့ပြောင်ပေါင်ယွမ်ကိုလွမ်းတယ်၊ သူတို့ဆို အကုန်လုံး လုပ်နိုင်တယ်]
[ပေဟန်လီက သိပ်တော့မဆိုးပါဘူး]
[သဘောတူတယ်၊ သူက သခင်မလေးရဲ့လမ်းညွှန်ဖြစ်သင့်တယ်လို့ ခံစားရတယ်]
ကျုံချင်းယွီသည် ပေယွဲ့ပိုင်၏မာနကျိုးပဲ့သွားသည်ကို ဂရုမစိုက်ချေ။ ပျော်ရွင်စွာဖြင့် သူမသည် ယန်ရှီအား လှမ်းဖက်လိုက်သည်။
“လာ အင်္ကျီသွားလဲရအောင်”
သူတို့နှစ်ယောက်သည် ရုပ်ဖျက်အင်္ကျီများဝတ်ဆင်လိုက်ပြီး စစ်တပ်သုံးဘွတ်ဖိနပ်အား ဝတ်ဆင်လိုက်ကာ ဆံပင်အားခပ်မြင့်မြင့်စီးလိုက်သည်။
သူတို့ထွက်လာသည့်အချိန်တွင် ရဟတ်ယာဉ်သည် သူတို့အား တောထဲသို့ခေါ်ဆောင်သွားရန် အဆင်သင့်စောင့်နေခဲ့သည်။
ပေဟန်လီသည် ကျုံချင်းယွီအတွက် ရဟတ်ယာဉ်တံခါးဖွင့်ပေးလိုက်သည်။ သူမ တက်သွားသည့်နောက်တွင် ပေဟန်လီလည်း လိုက်တက်သွားပြီး သူမ၏ဘေး၌ထိုင်လိုက်သည်။
ကျုံယန်စီသည် သူ့၏ကော်လံအား နောက်မှလှမ်းဆွဲလိုက်သည်။
“ထားလိုက်”
ကျုံချင်းယွီသည် ပေဟန်လီအပေါ်စိတ်ဝင်စားမှုမရှိဘဲ ယန်ရှီ၏လက်အား ဆွဲလိုက်သည်။
“ရှီအာ၊ တက်လာလေ”
ယန်ရှီသည် ရေဘူးအားပိုက်၍ သူမ၏လက်ကိုပျော်ရွင်စွာ ပြန်ဆွဲလိုက်သည်
“လာပြီ”
ပေဟန်လီသည် ကျုံယန်စီအား မျက်စောင်းထိုးလိုက်သည်။
“ယန်စီ အရမ်းဖြစ်ပျက်မနေပါနဲ့၊ ငါက သူ့ဘေးမှာထိုင်ချင်ရုံပဲ”
ကျုံယန်စီ၏ပုံစံသည် အေးစက်နေသည်။
“အဲဒါကြောင့် မင်းကို ထားလိုက်တော့လို့ပြောတာ”
ပေဟန်လီသည် မဲ့ပြုံးပြုံးလိုက်သည်။
“ငါက မင်းတို့မောင်နှမနှစ်ယောက်ကို မတည့်ဘူးထင်နေတာ”
“သူက ငါ့ညီမဖြစ်နေတုန်းပဲ”
ကျုံယန်စီသည် အေးစက်နေပြီး သူ့အားကြည့်လိုက်သည်။
“ပြီးတော့မင်းကရော မင်းဘာဆက်လုပ်မယ်ဆိုတာ ငါမသိဘူးမထင်နဲ့”
ကျုံချင်းယွီရဲ့ခရီးသွားလမ်းညွှန်လား ။အဆင်ပြေသေးတယ်။
သူမရဲ့ ကောင်လေးလား။ မဖြစ်နိုင်ချေ။
အလုပ်သဘောနှင့်ပတ်သက်နေသလား။ လက်ခံနိုင်သည်။
အရမ်းနီးကပ်နေသလား။ အမှန်ပင်မဖြစ်နိုင်ချေ။
[ဟားဟား၊ အစ်ကိုတွေက သူ့ညီမကိုကြိုက်နေတဲ့သူတွေကို တန်းသိတယ်]
[အတင်းသတင်းတွေက သူတို့ကိုမတည့်ဘူးလို့ပြောတာပဲ၊ ဒါပေမဲ့ ကြည့်ရသလောက်တော့ အဆင်ပြေပါတယ်၊ မတည့်တာက ပျော်စရာကောင်းတယ်လေ]
[အိမ်မှာ မတည့်ဘူးဆိုပေမယ့် အပြင်လူပါလာရင် စည်းလုံးတယ်]
[ငါ့အစ်ကိုလည်း အတူတူပဲ ငါ့ကိုအမြဲစနေတာ၊ ဒါပေမဲ့ ငါယောကျာ်းလေးအကြောင်းပြောတာနဲ့ သူက အူတိုတော့တာပဲ]
ယန်ရှီသည် မျက်လုံးကျယ်ကြီးများဖြင့် ရဟတ်ယာဉ်၏အပြင်ဘက်ကို ကြည့်လိုက်သည်။
ထို့ပြင် ပေဟန်လီသည် ဝတ္ထုထဲတွင်အဓိကရန်ဘက်ဖြစ်သည်။ ကျုံယန်စီသည် သူ၏ကော်လံအားဆွဲလိုက်သည့်အချိန်တွင် သူ၏ ဗီလိန်၏ဂုဏ်သိက္ခာအား မည်သည့်နေရာ၌ ထားခဲ့သနည်း။
ယခုထိ ပေဟန်လီသည် ဒေါသထွက်ဟန်မပြဘဲ သူ၏မျက်နှာသည် မယုံကြည်နိုင်သော အပြုံးများကို တပ်ဆင်ထားသည်။
“ယောက်ဖ၊ငါ့ကိုယုံစမ်းပါကွာ၊ ငါ မစ္စကျုံကို ကောင်းကောင်းထားပါ့မယ်”
ကျုံယန်စီ:???
သူသည် မျက်မှောင်ကြုတ်လိုက်သည်။
“မင်းငါ့ကိုဘယ်လို ခေါ်လိုက်တာ”
“ ယောက်ဖ”
လက်တွေ့တွင် ပေဟန်လီသည် ဘာမှ မဟုတ်ချေ။
“မင်းကမစ္စကျုံရဲ့အစ်ကိုလေ အဲတော့ ငါ့အစ်ကိုပဲပေါ့၊ အကြီးကိုလေးစားရတယ်တဲ့၊ ငါက အမြဲတမ်းယဉ်ကျေးပါတယ်”
ကျုံယန်စီ: “...”
“ငါတကယ် မစ္စကျုံအပေါ်ကောင်းပါ့မယ်”
ပေဟန်လီသည် စိတ်အားထက်သန်စွာ ပြန်ပြောသည်။
ကျုံယန်စီသည် သူ့ကိုဘေးသို့တွန်းလိုက်သည်။
“ငါမင်းပြောတာ မယုံဘူး”
ပေဟန်လီသည် လေးယောက်ဆံ့သည့် ရဟတ်ယာဉ် တစ်စီးကို ငှားခဲ့သည်။
ယန်ရှီသည် ဤကိစ္စမှာ တမင်စီစဉ်ထားသည်ကိုသိသည်။ ထိုလူသည် ကျုံချင်းယွီအတွက် ရွေးချယ်ရန် ဒါဇင်နှင့်ချီသော ဝတ်စုံများကို ပြင်ဆင်ထားပြီး ယန်ရှီ၏အဝတ်အစားများကိုပင် ထည့်သွင်း ပေးထားသည်။ ဤမျှ စေ့စေ့စပ်စပ်ရှိသူသည် ရဟတ်ယာဉ်၌ အတူတူ ထိုင်ရမည့် အချက်ကို မည်သို့ လျစ်လျူရှုနိုင်မည်နည်း။
သို့သော် ပေဟန်လီသည် နောက်ဆုံးတွင်ယာဥ် ပေါ်သို့ တက်လာခဲ့သည်။ အခြားလူများ ထိုင်ခုံနေရာယူပြီးနောက် သူသည် ပေယွဲ့ပိုင်ကို မဲ့ပြုံးပြုံးပြပြီး လှည့်ကြည့်လိုက်သည်။
"ချစ်ညီလေး၊ ငါတို့တွေ နေရာ ကျဉ်းနေပုံရတယ်၊ မင်းဘာသာမင်း သွားလိုက်ပါလား "
ပေယွဲ့ပိုင်၏ မျက်နှာသည် မည်းမှောင်သွားပြီးသူ့မေးရိုးကို တင်းထားသည်။
သူသည် ကျုံချင်းယွီကို အသည်းအသန်အော်လိုက်သည်။
“ချင်းယွီ ငါ့ရဟတ်ယာဉ်က ဆယ်မိနစ်အတွင်း ဒီကိုရောက်တော့မှာ၊ ကိုယ့်တို့ဟာပဲစောင့်ပြီး စီးရအောင်"
ကျုံချင်းယွီသည် ယန်ရှီနှင့် အတင်းအဖျင်းပြောလျက် စိတ်အေးစွာ လှမ်းကြည့်လိုက်သည်။
"ပေယွဲ့ပိုင်၊ ကျွန်မအချိန်က အဖိုးတန်တယ်၊ စောင့်ရတာကိုလည်း မုန်းတယ် ရှင့်ဘာသာလိုက်လာခဲ့”
ပေဟန်လီသည် ပေယွဲ့ပိုင်၏ ဒေါသတကြီး မျက်နှာအမူအရာကို တစ်စက္ကန့်မျှ မကြည့်ဘဲ တံခါးကို ဆောင့်ပိတ်ကာ ချောချောမွေ့မွေ့ တက်လာခဲ့သည်။
……
ရဟတ်ယာဉ်သည် ရှေးဟောင်းသစ်တောသို့ တဖြည်းဖြည်း ရောက်လာခဲ့သည်။
Queen's City အနီးရှိ ဆောင်းသစ်တောများသည် တိတ်ဆိတ်ငြိမ်သက်နေသည်။ ရဟတ်ဓါးသွားများ၏ လည်ပတ်သံများဖြင့် လေယာဉ်သည် အဆုံးမရှိသည့် နှင်းများထူထပ်သော သစ်ပင်ကြီးများပေါ်မှ မိုးကုတ်စက်ဝိုင်းကို အရောက်လှမ်းနိုင်ရန် အဖြူရောင်ပင်လယ်ပြင်တစ်ခုကဲ့သို့ ဆန့်ထွက်ကာ ငြိမ်သက်မှုကို ကြေကွဲစေပါသည်။ နေရောင်ခြည်သည် ရွှေမှုန်ကဲ့သို့ ပြန့်ကျဲနေပြီး သစ်ကိုင်းများမှ နှင်းမှုန်များ လှုပ်ယမ်းနေသည်။
သူတို့သည် တောစပ်ရှိ သစ်ပင်များရှင်းလင်းနေသည့် နေရာတွင် ဆင်းသက်ကြသည်။ ရဟတ်ယာဉ်တံခါး ပွင့်သွားပြီးနောက် ပေဟန်လီနှင့် ကျုံယန်စီတို့သည် ဦးစွာ ထွက်လာကြပြီး နောက်တွင် ကျုံချင်းယွီနှင့် ယန်ရှီတို့ထွက်လာကြသည်။
ကျုံချင်းယွီသည် ပေဟန်လီအဖွဲ့သားနှင့် လက်တွဲရန် မကြံစည်ခဲ့ပေ။ ရုပ်ရှင်အဖွဲ့သားများနှင့် ဝန်ထမ်းများဖြင့် အတူအမဲလိုက်ခြင်းသည် လုံးဝမဖြစ်နိုင်ချေ။ ဤနေရာသို့ ရောက်သည်နှင့် ဧည့်သည်များသည် အဖွဲ့နှစ်ဖွဲ့ ခွဲပြီး တောထဲသို့ သီးခြားလမ်းများဖြင့် ဦးဆောင်သွားကြသည်။
ကျုံချင်းယွီသည် ဝမ်းသာအားရဖြင့် ယူဆောင်လာသော ရိုင်ဖယ်သေနတ်ကို ကိုင်လိုက်သည်။
ယန်ရှီသည် လေ့ကျင့်နေစဉ်အတွင်း စစ်ဘက်သုံးရိုင်ဖယ်တစ်လက်၏ မောင်းတင်ပုံကို ကောင်းစွာမှတ်မိသော်လည်း ယန်ရှီသည် ၎င်းအား သတိမဲ့စွာ ခေါက်လိုက်မိသည် ။ ၎င်းသည် CS ကစားခြင်းနှင့် မတူညီချေ။ ပါဝင်ရန်အတွက် သူမသည် ပေါ့ပါးသော မော်ဒယ်ကိုသာ ရွေးချယ်ခဲ့သည်။
အမှန်အတိုင်းပြောရလျှင် ယန်ရှီတစ်ဦးတည်းသာ ပေါ့ပေါ့ပါးပါးဖြစ်နေခြင်းဖြစ်သည်။
နှစ်နာရီအကြာတွင် သူမသည် ကျုံချင်းယွီယူလာသည့် တောဝက်အားကြည့်၍ သူမ အံ့ဩသွားသည်။
"တော်တော်ကြီးတာပဲ"
ကျုံချင်းယွီသည် သူမ၏ဖိနပ်ဖြင့် အသေကောင်ကို ရွှင်မြူးစွာ ပွတ်သပ်လိုက်သည်။
"ငါတို့ ဒီည ဝက်သားစားလို့ရပြီ"
နာရီပေါင်းများစွာ ခြေလျင်ခရီးထွက်ပြီးနောက် ငယ်ရွယ်သည့် မိန်းမပျိုလေးသည်ပင် ပင်ပန်းနွမ်းနယ် နေသည်။
လမ်းညွှန်သည် သူမကို ဆေးဖက်ဝင်အပင်များဖြင့်ပြုလုပ်ထားသော ဟာဘယ်လ်လက်ဖက်ရည်ပူပူ တစ်ခွက်ကမ်းလာသည်။
ကျုံချင်းယွီတစ်ငုံသောက်လိုက်သည်။
"မဆိုးပါဘူး၊ ကလပ်က ဒါကို ပေးတာလား။"
လမ်းညွှန်- "မဟုတ်ဘူး၊ ဒါကို ဥက္ကဌပေ က စီစဉ်ခဲ့တာပါ၊ မင်းက သူ့အဖွဲ့နဲ့ ခွဲသွားမယ်လို့ တွေးထားတာကြောင့် မင်းအတွက် အကျွေးအမွေးတွေ ပြင်ဆင်ပေးဖို့ တောင်းဆိုထားတာပါ”
"ပေဟန်လီ"
ကျုံချင်းယွီလက်ဖက်ရည် ခွက်ကိုလှည့်လိုက်သည်။
"ဒါကို သူတကယ်ပဲ တွေးပေးတာလား"
[ပေဟန်လီ က မစ္စကျုံ အတွက် အရာအားလုံးကို တကယ်ပဲ စဉ်းစားပေးတာပဲ၊ ခွဲသွားတာတောင် သူမကို ဂရုစိုက်နေတုန်းပဲ]
[ငါသူတို့ကို တွဲပေးနေမိပြီ၊ မိန်းမပျိုလေးက ပေကို အခွင့်အရေးပေးသင့်တယ်၊ဒီလိုမျိုး အာဏာရှိတဲ့စုံတွဲက အကောင်းဆုံးပဲ]
[ ပေက ပေယွဲ့ပိုင်ထက် ပိုကောင်းတယ်၊ အခုပဲ လက်ထပ်လိုက်ပါတော့]
ယန်ရှီ၏ ခေါင်းထဲတွင် အချက်ပေး ခေါင်းလောင်းသံများ ပိုမိုကျယ်လောင်လာသည်။
ပေယွဲ့ပိုင်နဲ့ ယှဉ်လျှင် ပေဟန်လီသည် အရမ်းအဆင်ပြေသည်။
သူမသည် ကျုံချင်းယွီဘေးသို့သွားလိုက်ပြီး တီးတိုးပြောလိုက်သည်
“အဲတော့…နင်ပေဟန်လီကို စဉ်းစားနေတာလား”
ကျုံချင်းယွီသည် စဉ်းစားလျက်ပြောသည်။
“မဆိုးပါဘူး၊ ချောတယ် ရိုးသားပွင့်လင်းတဲ့စရိုက်နဲ့ သူ့နေရာသူသိတယ်”
ယန်ရှီသည် ရင်ထဲတွင် ထိတ်လန့်သွားသည်။ ယခု အချစ်မဆန်သောကျုံချင်းယွီသည် ပေဟန်လီအား အလွန်ချီးကျူးနေခဲ့သည်။
ကျုံချင်းယွီသည် သူမကို စိုက်ကြည့်နေသည်။
"နင် သူ့ကို မကြိုက်ဘူးလား"
သူမသည် ပေဟန်လီနှင့် ဆက်ဆံသည့်အခါတိုင်း ယန်ရှီသည် တင်းမာလာသည်ကို သူမ သတိပြုမိသည်။
ယန်ရှီသည် အားတက်သရော ခေါင်းငြိမ့်ပြသည်။
သူမနှင့် ဘယ်လိုလုပ်ဖြစ်နိုင်မည်နည်း။ ပေဟန်လီသည် ဗီလိန်ဖြစ်သည်။
"သူက ရက်စက်တယ်"
ကျုံချင်းယွီသည် ပြန်ပြောသည်
"ကျုံယန်စီလည်း ရက်စက်တာပဲ မဟုတ်လား"
(လင်းမိသားစု၏ ပိုင်ဆိုင်မှုတစ်ဝက်သည် နေ့ချင်းညချင်း ပျောက်ကွယ်သွားသည်။ မည်သူမျှ ၎င်းအား နူးညံ့သိမ်မွေ့သည်ဟု မထင်ကြချေ။)
"သူက ကြံစည်ပြီး တွက်ချက်တက်တယ်လေ"
"ဒါဆို ကျုံယန်စီက ကောင်းတယ်ပေါ့”
"သူ့မိသားစုက ရှုပ်တယ်၊ ပေမျိုးနွယ်က ပရမ်းပတာတွေ”
"မုန့်မိသားစုက မောင်နှမတွေက သူတို့ရဲ့မြေးတွေကို အာဏာအတွက် ပြိုင်ဆိုင်ခိုင်းဖို့ ပျိုးထောင်ထားတာ ၊အဲလောက်လည်း မရှုပ်ပါဘူး"
“သူက နင့်ရဲ့လမ်းခွဲမှုကို အခွင့်ကောင်းယူပြီး တစ်ရှိန်ထိုးဝင်ရောက်လာခဲ့တာ"
"ကျုံယန်စီကရော ငါတို့ရဲ့ စစ်အေးတိုက်ပွဲကို အသုံးချခဲ့တာမဟုတ်ဘူးလား"
ယန်ရှီသည် ပြန်လည်မငြင်းဆိုနိုင်ခဲ့ချေ။
ကျုံချင်းယွီသည် သူမ၏အမူအရာ ရုတ်ခြည်း ငြိမ်သက်သွားသည်အထိ ကြည့်၍ အောင်ပွဲခံကာ ပြုံးလိုက်သည်။
သူမသည် ယန်ရှီ၏ပါးကို ကိုက်ကာ မျက်လုံးချင်းဆုံအောင် အတင်းဆွဲလိုက်သည်။
“နင် ဖျော်ဖြေပွဲမတိုင်ခင် ငါ့ကိုသတိထားဖို့ ပြောခဲ့တဲ့သူက ပေဟန်လီလား”
ယန်ရှီသည် နီရဲနေသော မျက်နှာဖြင့် ဗလုံးဗထွေး ပြောလာသည်။
“ပြီးတော့ နင်ကလည်း ငါ့ကို သတိထားဖို့ပြောခဲ့တဲ့သူက ကျုံယန်စီလား”
တိတ်ဆိတ်သွားသည်။
တောအုပ်သည် အသက်ရှုရပ်သွားသကဲ့သို့ ခံစားလိုက်ရသည်။
ဤသို့ဖြင့် ယခင်အပတ်အတွင်း သူတို့နှလုံးသားမှ သတိပေးခဲ့သည်များသည် လူံးဝမှားယွင်းနေခဲ့သလော။
နှစ်ယောက်လူံးသည် သက်ပြင်းချလိုက်ပြီး သူတို့၏ဒေါသများကို သိမ်းဆည်းထားလိုက်သည်။
“ဒီကိုကြည့်”
ကျုံချင်းယွီသည် ယန်ရှီ၏မျက်နှာကိုကြည့်၍ ဖြေလိုက်သည်။
“ပေဟန်လီက ပေယွဲ့ပိုင်လိုမဟုတ်ဘူး။ငါဘာလုပ်နေလဲဆိုတာ ငါသိတယ်၊ ပေမိသားစုကငါ့ကိုမထိန်းချုပ်နိုင်ပါဘူး ၊မစိုးရိမ်ပါနဲ့”
ယန်ရှီသည် နောက်သို့အနည်းငယ် ဆုတ်သွားခဲ့သည်။
Systemသည် သူမ၏ပခုံးပေါ်၌ လာနားသည်။
[Host မင်း မစ္စကျူံနဲ့ပေဟန်လီကို ခွဲဖို့လက်လျော့လိုက်တာလား၊ သူက ဗီလိန်နော်]
ယန်ရှီသည် စိတ်ထဲတွင် သက်ပြင်းချလိုက်သည်
“သူက ကြိုက်နေတာပဲ၊ ငါဘာလုပ်နိုင်မှာလဲ”
ရိုးရိုးသားသားပြောရလျှင် ဇာတ်ကွက်ရဲ့ကန့်သတ်ချက်တွေကို ဘေးဖယ်ထားလျှင်တောင် ယန်ရှီသည် ပေဟန်လီကို မကြိုက်ချေ။သူသည် ကျုံချင်းယွီအပေါ် ဆက်ဆံသည်မှာအဆင်ပြေသော်လည်း သူမ ဤမျှလောက်လေးနှင့်မကြွေသွားသင့်ပေ။
သူမသည်… စိတ်မသက်မသာဖြစ်နေခဲ့သည်။
"နေပါဦး ပေဟန်လီက ရဲ့လော့ယီနဲ့ တိုက်ရိုက် ပတ်သက်မှု မရှိရင် သူ့ကို ဘာကြောင့် ဗီလိန်လို့ နာမည်တပ်ရတာလဲ"
[ ပေယွဲ့ပိုင်ကြောင့်ဖြစ်နိုင်လောက်တယ်၊ အမျိုးသားခေါင်းဆောင်ရဲ့ ပြိုင်ဘက်ကလည်း အမျိုးသမီးဇာတ်ဆောင်ကို သဘာဝအတိုင်း ဆန့်ကျင်သလို ဖြစ်သွားတယ်လေ]
ယန်ရှီသည် သူမ၏ မေးစေ့ကို ပွတ်သပ်လိုက်သည်။
"ဒါဆို ပေယွဲ့ပိုင်က ဇာတ်ဆောင်မဟုတ်ရင် ပေဟန်လီက ဗီလိန်မဖြစ်တော့ဘူးမလား”
[???]
[Host မင်းဘာတွေ တွေးနေတာလဲ၊ ပေယွဲ့ပိုင်က အမျိုးသားဇာတ်ဆောင် မဖြစ်နိုင်ဘူးလေ]
ယန်ရှီသည် ပေါ့ပေါ့ပါးပါး ရယ်မောလိုက်သည်။
"မင်းပြောဖူးတယ်မဟုတ်လား၊ ဒါက အချစ်ဝတ္ထုတွေနဲ့ ပုံဖော်ထားတဲ့ ကမ္ဘာတစ်ခုပါ ပြီးတော့ အချစ်ဝတ္ထုတွေဟာ သဘာဝအတိုင်း မိန်းမတွေကို ဗဟိုပြုတယ်၊ အမျိုးသားနဲ့ အမျိုးသမီး ဇာတ်ဆောင်တွေရှိပေမဲ့ ရဲ့လော့ယီက ဒီဝတ္ထုကမ္ဘာကြီးရဲ့ တကယ့်ဗဟိုချက်ပဲ"
"ဒါ့အပြင် ဒါက ဟာရမ်(Harem) အချစ်ဝတ္ထု၊ ဒီအမျိုးအစားမှာ အမျိုးသားဇာတ်ဆောင်က အမျိုးသားဇာတ်ဆောင်အဖြစ် မွေးဖွားလာတာ မဟုတ်ပဲ အမျိုးသမီးဇာတ်ဆောင်က သူမကို ချစ်ခင်တွယ်တာတဲ့ ယောက်ျားတွေထဲက သူ့ကို ရွေးချယ်တဲ့အတွက်ကြောင့် ဖြစ်လာတာ”
"ဝတ္ထုကို အတွဲလိုက်လုပ်ချိန်မှာ စာဖတ်သူတွေ စိတ်ဝင်စားရင် စာရေးသူက အမျိုးသားဇာတ်ဆောင်ကိုတောင် လဲလှယ်နိုင်တယ်၊ အခုပေယွဲ့ပိုင်ရဲ့သရုပ်ဆောင်ပုံကိုကြည့်လေ၊ ရဲ့လော့ယီက သူ့ကို ဘာကြောင့် တွယ်တာနေမှာလဲ”
စနစ်သည် ကြောက်ရွံ့တုန်လှုပ်သွားပြီး ၎င်း၏ တောက်ပသော ပတ်လမ်းလေးသည် ယန်ရှီအနားတွင် အရူးအမူး လှည့်ပတ်နေသည်။ အမျိုးသားဇာတ်ဆောင်ကို ပြောင်းတာလား။ ၎င်းသည် လုံးဝလွဲမှားနေခြင်းဖြစ်သည်။ သူသည် မည်ကဲ့သို့ အကြံပြုနိုင်မည်နည်း။
[ဒါပေမယ့် မနေ့ ပေယွဲ့ပိုင်က သူမကို ရူးသွပ်တဲ့အထိ ချစ်ပြီး သူမအတွက် သေပေးနိုင်တဲ့ဆိုတာကို မင်း ရဲ့လော့ယီကို သက်သေပြပေးနိုင်ခဲ့တယ်၊ သူမက သူ့ကို ဘာလို့ လက်လျော့လိုက်ရတာလဲ]
ယန်ရှီသည် ရှုပ်ထွေးနေပြီး သူမ၏အကြည့်များသည် မှောင်မိုက်သွားကာ တွေးနေသည်။
"အချစ်က အချစ်ပါပဲလေ၊ ဒါပေမဲ့ နာကျင်တာကတော့ အစစ်အမှန်ပဲ၊ မိန်းမတစ်ယောက်အတွက် ယောက်ျားတစ်ယောက်ရဲ့ တစ်ခုတည်းသောတန်ဖိုးက ‘သူမကို ချစ်လို့’ဆိုရင် သူ့ကို ဘေးမှာထားမယ်ဆိုတဲ့အချက်ကရောဘာများလဲ”