Chapter 88
Vol. 9 Ch. 88
အမဲလိုက်ခရီးစဥ်သည် ပြီးဆုံးသွားပြီဖြစ်ကာ ပါဝင်သူများသည် ရဟတ်ယာဥ်ဆင်းသက်မည့်နေရာတွင် စုဝေးနေကြသည်။
ကျုံချင်းယွီသည် ပီတိဖြစ်နေခဲ့သည်။ သူသည် တောဝက်အား အမဲလိုက်နိုင်ခဲ့ပြီး အခြားအမျိုးသားနှစ်ဦးဖြစ်သည့် ကျုံယန်စီနှင် ပေဟန်လီမှာမူ တောဆိတ်တစ်ကောင်ကိုသာ အမဲလိုက်နိုင်ခဲ့သည်။ ထိုအရာသည်သူမအား အတော်ပင်စိတ်ကျေနပ်စေခဲ့သည်။
သို့သော် အမဲလိုက်အဖွဲ့၏ ဝန်ထမ်းသည်သူမအား သားကောင်သည် ကျွမ်းကျင်သူများ၏ စစ်ဆေးမှုမှာ စားသုံးရန်ဘေးကင်းသည်ဟု ယူဆမှုပြုဖို့လိုသေးသည်ဟုပြောကာ ကျုံချင်းယွီ၏ အောင်ပွဲခံအသားကင် ချင်သည့်မျှော်လင့်ချက်အားဖျက်စီးလိုက်သည်။
မောပမ်းနွမ်းနယ်စွာဖြင့် သူမသည်ကုလားထိုင်ပေါ်သို့ ခြေပစ်လက်ပစ်ထိုင်လိုက်လေသည်။ သူမ၏စစ်တပ်စီးဖိနပ်များသည် အရည်ပျော်နေသောနှင်းများ၊ ရွံများဖြင့် ဖုံးအုပ်နေသည့်အတွက်ကြောင့် အလွန်ပင်စိတ်မသက်မသာဖြစ်စေလေသည်။
ပေယွဲ့ပိုင်သည် ရှေးဟောင်းသစ်တောသို့ရောက်နေပြီဖြစ်ကာ ခရီးသွားလမ်းညွှန်အား လှန်လောနေရင်း ၎င်းတို့မည်သည့်နေရာတွင် အစာစားသင့်သည်ကို ဆုံးဖြတ်နေလေသည်။
“ပေယွဲ့ပိုင်”
ကျုံချင်းယွီခေါ်လိုက်သည်။
“ကျွန်မရဲ့ဖိနပ်တွေကညစ်ပတ်နေတယ် ဖိနပ်တွေကိုသန့်ရှင်းရေးလုပ်ပေး”
ပေယွဲ့ပိုင်သည် ဒေါသထွက်သွားလေသည်။
ကျုံချင်းယွီစကားပြောလိုက်သည့်အချိန်တွင် အကြည့်အားလုံးသည် သူ့အားဦးတည်ကြည့်လာလေသည်။ ကျုံယန်စီ၊ပေဟန်လီ၊ ရိုက်ကူးရေးအဖွဲ့နှင့် လမ်းပြမုဆိုးများသည်လည်း ကြည့်နေကြလေသည်။
သူ၏နောက်ကျောအား အပ်ဖြင့်ထိုးနေသကဲ့သို့ ၎င်းတို့အကြည့်၏အလေးချိန်အားခံစားနေရသည်။ သူ့လက်မောင်းများသည် တုန်ယင်နေဆဲဖြစ်ကာ ပုံမှန်လှုပ်ရှားမှုများအား လုပ်ရန်ပင်ခက်ခဲလေသည်။ ကျုံချင်းယွီသည် ယခုအချိန်တွင်လာ၍ ထိုတောင်းဆိုမှုအားလုပ်သည်ကို စာနာစိတ်မရှိဟု ပင်ခံစားနေရလေသည်။
သူသည် သူဘေးရှိ တီးတိုးပြောဆိုနေသည့်စကားသံများအား ကြားနေရလေသည်။
“ချင်းယွီ”
ပေယွဲ့ပိုင်သည် သူ၏အသံအားတိုးလိုက်ကာ
“ကိုယ်ရဲ့လက်ကမသက်သာသေးဘူးလေ အဲတာကမသင့်တော်ပါဘူး”
ကျုံချင်းယွီသည် သူ့အားဒေါသတကြီးဖြင့်ကြည့်လိုက်ကာ
“အသုံးကိုမကျဘူး”
ထိုအချိန်တွင် ပေဟန်လီသည်သူမရှေ့တွင်ဒူးထောက်လိုက်သည်။ သူ၏စစ်သားဘောင်းဘီနှင့်ရွှံ့များအား သုတ်ပေးလိုက်ကာ စိတ်ထဲထားပုံမပေါ်ပေ။ ထို့အပြင်သူသည် ဖိနပ်အသစ်လေးတစ်ရံအားထုတ်လာလေသည်။
“မစ္စ မင်းရဲ့ဖိနပ်တွေကညစ်ပတ်နေပြီ ဒီဖိနပ်တွေနဲ့လဲစီးလိုက်ရင်ကောဘယ်လိုလဲ၊ ဒါက M တံဆိပ်ရဲ့နောက်ဆုံးထွက် ပျောက်ကျား ဖိနပ်တွေပဲ၊ အဲတာဆိုအဆင်ပြေတယ်မလား”
၎င်းတို့၏အပြန်ခရီးအတွက် စစ်တပ်စီးဖိနပ်များမလိုမည်ဖြစ်ကာ ထိုဖိနပ်များသည်သူမ၏ပျောက်ကျားဝတ်စုံနှင့်လည်း လိုက်ဖက်နေလေပြီး ကျုံချင်းယွီတွင် ငြင်းစရာအကြောင်းမရှိနေပေ။
သူ၏မိသားစုအမှတ်တံဆိပ်ဖြစ်နေချိန်တွင် ပို၍ပင်ငြင်းမရပေ။
“ကျွန်မကို စီးပေး”
သူမ၏ခြေထောက်အားဆန့်တန်းရင်းပြောလိုက်လေသည်။
အမဲလိုက်နေစဥ်အတွင်း သေနတ်အချက်ပေါင်းများစွာ ပစ်ခဲ့သည်ဖြစ်သောကြောင့် သူမ၏ပုခုံးများမှာ နာကျင်နေလေသည်။
သူမသည် ခွန်အားပြည့်ဝနေသည့်ပုံပေါ်နေပါသော်ညား သူမ၏ခန္ဓာကိုယ်မှာ တစ်စစီပြုတ်ထွက်မတတ်ခံစားနေရလေသည်။ သူမတွင် အောက်ကိုငုံ့ကာသူမဖိနပ်ပေါ်ရှိရွှံ့များအား သုတ်ဖို့ပင်အားမရှိနေပေ။
သို့ပေမဲ့ မမလေးတွင်အသန့်ကြိုက်တတ်သည့်အစွဲရှိနေကာ ထိုညစ်ပတ်နေသည့်ဖိနပ်ဖြင့် လျှောက်သွားနေရခြင်းအား မခံမရပ်နိုင်ပေ။
ပေဟန်လီ၏နှုတ်ခမ်းများသည် မဲ့ပြုံးပြုံးလိုက်လေသည်။ အခက်ခဲဆုံးအလုပ်ဟုထင်ရသည့် အလုပ်အားလုပ်နေရသော်လည်း သူ့မျက်လုံးများသည် စိတ်လှုပ်ရှားမှုများနှင့်တောက်လောင်နေလေသည်။ သူသည် သူမ၏ဖိနပ်အားဂရုတစိုက်ဖယ်လိုက်ကာ သူ့လက်ချောင်းများသည် သူမ၏ဖြူဖွေးသည့်လှပသိမ့်မွေ့သည့် ခြေထောက်အားထိလိုက်ချိန်တွင် တုန်ယင်လာခဲ့သည်။ သူ့အသက်ရှူသံများမှာလည်း ပြင်းလာသည်။
ကြည့်ရှူနေကြသူများအား သတိပြုမိ၍ သူမအားဖိနပ်သေသေချာချာစီးပေးနေချိန်တွင် အချိန်အကြာကြီးမယူခဲ့ပေ။
အနားရှိ ယန်ရှီသည်အသက်ပြင်းပြင်းတစ်ချက်ရှူလိုက်သည်။
သူမတစ်ဦးတည်းထင်နေသည်လားမသိသော်ညား ပေဟန်လီ၏အပြုံးမျက်လုံးများသည် ပျော်ရွှင်ခြင်းအားပြသည့် သဲလွန်စများဖြစ်နိုင်လားမသိပေ။
“system”
သူမတွေးလိုက်သည်။
“ပေဟန်လီက ခြေထောက်မြင်ရင်စိတ်ကြွတတ်တဲ့သူလား မဟုတ်ရင် အရှက်ခွဲခံရရင်စိတ်ကြွတတ်တဲ့သူလား”
System သည်ပြန်မဖြေခင်တစ်ခဏမျှ တိတ်ဆိတ်သွားလေသည်။
[မဟုတ်လောက်ပါဘူး၊ ဘာပဲဖြစ်ဖြစ် သူကအဓိကဗီလိန်ပဲလေ]
ဖိနပ်လဲပြီးနောက် ရဟတ်ယာဥ်ပေါ်တတ်ကာ Royal ဟိုတယ်၏ ရေပူစမ်းဗီလာသို့ပြန်သွားကြသည်။ ကျုံချင်းယွီနှင့်ယန်ရှီသည် ဝါကာတီပုရေကန်ဘေးရှိ စားသောက်ဆိုင်သို့ညစာစားရန်မထွက်လာခင်တွင် အေးအေးဆေးဆေးရေချိုးကာ တက်ကြွနေလေသည်။
ပေဟန်လီသည် အနောက်တိုင်းစတိုင်စားသောက်ဆိုင်အား ရွေးချယ်ခဲ့လေသည်။
စားပွဲပေါ်တွင် ဟင်းပွဲမျိုးစုံခင်းကျင်းထားလေသည်။ မီးသွေးဖြင့်ကင်ထားသည့် သိုးသားတုံးများ၊ ဝက်နံရိုးကင်၊ အသီးအရွက်သုပ်၊ ပင်လယ်စာပန်းကန်များ ပါလေသည်။
၎င်းတို့အမဲလိုက်ထားသည့် သားကောင်များအား စား၍မရနိုင်သောကြောင့် ထိုအစားထိုးများကိုသာစားရပေမည်။
ရှည်လျားသည့်နေ့တစ်နေ့အပြီးတွင် ကျုံချင်းယွီသည် အလွန်ပင်ဆာလောင်နေသည်။ ယန်ရှီသည်လည်း အချိန်အများစုတွင် အနားယူနေခဲ့သော်ညား တောင်တက်ခြင်းကြောင့် သူမသည်လည်း ဆာလောင်နေခဲ့သည်။
နှစ်ယောက်သား မကျေနပ်မချင်း အားရပါးရစားသောက်ခဲ့ကြသည်။
ရုတ်တရက် ပေဟန်လီသည်သူမတို့၏ဘေးတွင်ရယ်မောလိုက်သည်။
သူသည် သူ့ဖုန်းအားလျှောက်ကြည့်နေကာ
“ဘာတွေအဲလောက်ရယ်နေတာလဲ”
ကျုံချင်းယွီမေးလိုက်သည်။
“အခုအွန်လိုင်းပေါ်မှာ ဒီ travel ရှိုးရဲ့ပါဝင်သူတွေရဲ့ လူကြိုက်အများဆုံးနဲ့အနည်းဆုံးကို မဲပေးလို့ရတဲ့ poll တစ်ခုရှိနေတယ်၊ အစပိုင်းမှာတော့ ရဲ့လော့ယီကလူကြိုက်အများဆုံးဖြစ်ခဲ့ပြီး မင်းကတော့အနည်းဆုံးပဲ”
ကျုံချင်းယွီ၏ မျက်မှောင်ကြုတ်သွားသည်။
ပေဟန်လီဆက်ပြောလေသည်။
“ဒါပေမဲ့ အခု ရှိုးလည်းပြီးခါနီးလာတော့ poll အသစ်တစ်ခုမှာ မင်းကလူကြိုက်အများဆုံးဖြစ်နေပြီ ရဲ့လော့ယီကအောက်ဆုံးမှာဖြစ်နေတယ်”
ချက်ချင်းပင် ကျုံချင်းယွီသည် အသံထွက်လာကာ
“နောက်ဆုံးတော့ ပရိတ်သတ်တွေ အကောင်းကြိုက်တတ်လာကြပြီပဲ”
ပေဟန်လီမဲ့ပြုံးပြုံးလိုက်သည်။
“ကိုယ်ကတော့ ကိုယ့်ရဲ့ချစ်လှစွာသောညီငယ်လေးက ဘယ်လိုတုန့်ပြန်မလဲဆိုတာ သိချင်မိတယ်”
သူ့အကြည့်သည် ပီဒီဘေးတွင်တိတ်တဆိတ်ရပ်နေပြီး ဖုန်းထုတ်ကာ ဆွန်းချီကိုဆက်သွယ်လိုက်ပြီး poll အားဖျက်ခိုင်းနေသည့် ပေယွဲ့ပိုင်ထံရောက်သွားလေသည်။
ပေဟန်လီသည် ပြန်လှည့်လာကာ ကျုံချင်းယွီအားဝိုင်တစ်ခွက်ထည့်ပေးရင်း
“ရဲ့လော့ယီရဲ့ အခုအကြပ်အတည်းတွေက သူမရဲ့ကိုယ်ပိုင်လုပ်ဆောင်မှုတွေနဲ ကုမ္ပဏီရဲ့မှားယွင်းတဲ့စီမံခန့်ခွဲမှုတွေကြောင့်ပဲ သူမထျန်ဟွေ့နေထွက်သွားချင်တာ အံ့ဩစရာမရှိဘူး”
ကျုံချင်းယွီနှင့်ယန်ရှီနှစ်ဦးလုံး တောင့်တင်းသွားလေသည်။
ရဲ့လော့ယီ၏ပရိတ်သတ်များသည် ထျန်ဟွေ့မှထွက်ခွာရန် တောင်းဆိုနေကြသည်ကို သူမတို့သိကြသော်ညား သူမတို့၏ ပရိတ်သတ်များ၏ဒေါသကြောင့်သာဟုထင်ခဲ့ကာ ထျန်ဟွေ့မှတောင်းပန်လိုက်ရုံနှင့် အဆင်ပြေသွားနိုင်သည့် ကိစ္စဟုထင်ခဲ့သည်။
ရဲ့လော့ယီ တကယ်ပဲထွက်သွားဖို့လုပ်နေတာလား။
မဖြစ်နိုင်ပေ။ ယန်ရှီ၏အတွေးထဲတွင် ရဲ့လော့ယီ၏မျက်လုံးထဲတွင် ပေယွဲ့ပိုင်သည်သူမနှင့်ထျန်ဟွေ့အား ချစ်မြတ်နိုးကာ ပေမိသားစု၏နောက်ခံရှိနေသဖြင့် ၎င်း၏ ရှယ်ယာကျဆင်းမှုသည် နောက်ဆုံးတွင်ပြန်လည်ကောင်းမွန်လာမည်ဟုတွေးမည်ဟု ထင်နေလေသည်။
ပေဟန်လီ၏သဘောထားမှာမူ မတူပေ။
ပေယွဲ့ပိုင်၏ကြောက်ရွံ့မှုအားတွန်းလှန်နေချိန်တွင်
သူသည်ကျုံချင်းယွီအား သူ့ထံမှာအာရုံပြောင်းစေကာ သူ့ကိုယ်သူ သူမနှင့်ပို၍နီးကပ်လာစေရန် အခွင့်အရေးများပိုရလေသည်။
ယန်ရှီမျက်မှောင်ကြုတ်လိုက်သည်။
ကျုံယန်စီသည်လည်း သတိထားမိသွားပုံရကာ ပေဟန်လီအား အေးစက်စက်ဖြင့်တစ်ချက်ကြည့်လိုက်သည်။
ကျုံချင်းယွီတစ်ဦးသာ သတိမမူမိသေးကာ နားမလည်နိုင်ဖြစ်နေဆဲဖြစ်သည်။
“တကယ်လို့ ရဲ့လော့ယီက ထျန်းဟွေ့ကနေထွက်သွားရင် သူမကဘယ်ကိုသွားမှာလဲ၊ သူမရဲ့အခုကျော်ကြားမှုအရ A အဆင့်စာချုပ်တစ်ခုရဖို့က ခက်ခဲလောက်မယ်မဟုတ်လား”
“သူမရှင်းယောင်ကို လာလို့ရပါတယ်”
ယန်ရှီသည် ဝင်ပြောလိုက်ကာ အံ့ဩစွာဖြင့် ပေဟန်လီနှင့်အတူ တစ်ဖက်တည်းရှိနေပေးလေသည်။
ကျုံချင်းယွီသည် အံ့ဩသွားကာ
“နင်ရဲ့လော့ယီကိုစာချုပ်ချုပ်မယ်ပေါ့”
ယန်ရှီသည်အပြစ်ကင်းစွာမျက်တောင်ခတ်လိုက်ကာ
“သူမမှာ ပရိတ်သတ်တွေလည်းရှိတယ် ပြီးတော့ သရုပ်ဆောင်လည်းပိုင်နိုင်နေတာပဲ ဘာလို့မချုပ်ရမှာလဲ”
ကျုံချင်းယွီ: “......”
ယန်ရှီသည် ပို၍ပြောလိုက်ကာ
“တွေးကြည့်လိုက်လေ၊ ရဲ့လော့ယီရဲ့အရင်ကကြေညာတဲ့တံဆိပ်တွေအားလုံး ကျုံမိသားစုရဲ့ထုတ်ကုန်တွေပဲ၊ သူမအောင်မြင်လာဖို့အတွက် ငါတို့ကငါတို့အရင်းအမြစ်တွေကိုသုံးပေးခဲ့တာ၊ တကယ်လို့သူမသာ ထျန်ဟွေ့ကနေထွက်လာမယ်ဆိုရင် ငါတို့ကသူမကိုခေါ်လိုက်မယ်လေ၊ အဲတာကငါတို့အတွက်အလေးသာတာပဲလေ ဘာကိုမကြိုက်စရာရှိလို့လဲ”
ကျုံချင်းယွီ၏ခေါင်းထဲတွင် မေးခွန်းများနှင့်ပြည့်နှက်သွားကာ ယန်ရှီ၏ယုံကြည်မှုရှိနေသည့်အမူအယာသည် သူမအားတုန့်ဆိုင်းစွာဖြင့် ခေါင်းငြိမ့်စေခဲ့သည်။
ထိုအချိန်တွင် တိုက်ရိုက်ထုတ်လွှင့်မှု၏မှတ်ချက်ရေးသည့် နေရာသည်ပေါက်ကွဲမတတ်ပင်ဖြစ်သည်။
[သေစမ်း သေစမ်း]
[ရဲ့လော့ယီက ရှင်းယောင်နဲ့စာချုပ်ချုပ်မှာလား]
[မဖြစ်နိုင်ဘူး ငါသူမကိုသဘောမကျဘူး မစ္စကျုံ သူမနဲ့မပူးပေါင်းလိုက်ပါနဲ့]
[တစ်ခုခုကြီးတာတော့ရှိနေပြီ ရှင်းယောင်ကကြီးမားတဲ့ အရာတစ်ခုခုကိုလုပ်တော့မှာ]
ပီဒီ၏ဘေးတွင်ရပ်နေသည့် ပေယွဲ့ပိုင်သည်အရာအားလုံးအားကြားလိုက်လေသည်။ ရဲ့လော့ယီ၏ ပရိတ်သတ်များသည် သူမအားထွက်ခွာရန်တွန်းအားပေးနေကြကြောင်း သူသိထားပြီးဖြစ်သည်။
သို့ပေမဲ့ သူမသူ့အားအမှန်တကယ်ပင်ထားသွားမည်လား။
ပေယွဲ့ပိုင် ရုတ်တရက်သူ၏ရင်ဘတ်ထဲတွင် စူးရှသည့်နာကျင်မှုအားခံစားလိုက်ရသည်။ သူသည် ကျုံချင်းယွီသူ့အားချစ်သည်မချစ်သည်နှင့် သူမအခြားသူများနှင့် ရင်းနှီးမနှီးအား ဂရုမစိုက်ပေ။ သို့ပေမဲ့ ရဲ့လော့ယီသာသူ့အားထားသွားမည်ဆိုလျှင် မရပေ။ သူထိုရလာဒ်အားလက်မခံနိုင်ပေ။
ထိုညနေခင်းတွင် ကျုံချင်းယွီနှင့်ယန်စီသည် ဂစ်ဘ်စတွန်တောင်ကြားသို့ သွားခဲ့ကြသည်။
Queenstown သည် အော်ရိုရာအလင်းတန်းများကြောင့် လူသိများကာ ဒါရိုက်တာယွီသည် ယနေ့ညတွင်အော်ရိုရာအလင်းတန်းများအား တွေ့နိုင်ခြေမြင့်သည်ဟု ပြောခဲ့သည်။ သူမတို့နှစ်ဦးသည် သူမတို့၏ကံကားစမ်းသပ်ကြည့်ရန် ဆုံးဖြတ်လိုက်လေသည်။
ဂစ်ဘ်စတွန်တောင်ကြားသို့ရောက်ချိန်တွင် သူမတို့သည် လုပေယွီနှင့်ရဲ့လော့ယီတို့၏အဖွဲ့များသည် ကြိုရောက်နေကြသည်ကိုတွေ့လိုက်ရသည်။ ၎င်းတို့သည် တစ်နာရီခန့်စောရောက်နေကြကာ တဲများထိုးကာ အိပ်ရာများအား ပြင်ဆင်ထားရင်း အော်ရိုရာအလင်းတန်းများအား စောင့်နေလေသည်။
ပေယွဲ့ပိုင်သည် ကျုံချင်းယွီအတွက် တဲတစ်လုံးထိုးပေးထားပြီး အိပ်ရာတစ်ခုအားပြင်ဆင်ထားလေသည်။ သိုပေမဲ့ သူထိုအရာများအား ပြင်ဆင်နေချိန်တွင် သူ့စိတ်သည်အခြားနေရာတွင်ရှိနေကာ သူ့အကြည့်သည် ရဲ့လော့ယီဘေးတွင် တဝဲလည်လည်ဖြစ်နေလေသည်။
ထိုအရာသည် ကျုံချင်းယွီ၏ စိတ်အခြေအနေအားထိခိုက်သွားစေခဲ့သည်။ မကြာခင်မှာပင် ပေဟန်လီနှင့်ကျုံယန်စီရောက်လာခဲ့သည်။ အခြားသူများကဲ့သို့မဟုတ်ပဲ ၎င်းတို့သည် တဲများမယူလာခဲ့ပေ။ ၎င်းတို့သည် RV တစ်စီးအားငှားခဲ့လေသည်။ စက္ကန့်ပိုင်းမျှပင်တွေးမနေပဲ ကျုံချင်းယွီသည် ပေယွဲ့ပိုင်၏တဲအားထားပစ်ခဲ့ကာ ယန်ရှီအားပေဟန်လီ၏ RV ထဲသို့ဆွဲခေါ်သွားကာ အော်ရိုရာအလင်းတန်းများအား စောင့်နေသည်။
(T/N- RV =recreational Vehicle
Ben 10 ၊ Scooby-Doo cartoon ကားထဲကလို အိပ်လို့ ၊ စားလို့ ရေချိုးလို့ရတဲ့ ကား )
အပြင်ဘက်တွင်မူ အအေးဓါတ်မှာပိုလာကာ ညသည်လည်း ပို၍မှောင်မဲလာပြီး တဲများသည်လည်း အနွေးဓါတ်အနည်းငယ်သာပေးနိုင်လေသည်။ ဆုလင်းလင်းပင်လျှင် ခံနိုင်ရည်ရှိဖို့ရာ ခက်ခဲနေလေသည်။
လုပေယွီအကြံပြုလိုက်သည်။
“ကျွန်တော်တို့တွေလည်း ကားထဲပြန်သွားကြမလား”
Queenstown တွင်ကားမောင်းခြင်းသည် ပိုအဆင်ပြေလေသည်။ ၎င်းတို့သည်လမ်းကြမ်းမောင်းနှင်နိုင်သည့် ကားနှစ်စီးကအားငှားရမ်းခဲ့ပြီး ယခုတွင်ထိုကားနှစ်စီးသည် ၎င်းတို့၏နွေးထွေးသည့်နေရာဖြစ်ပေမည်။
ရဲ့လော့ယီသည် အနီးအနားတဲထဲရှိ ပေယွဲ့ပိုင်အားမကျေမနပ်ကြည့်လိုက်ပြီး သဘောတူညီသကဲ့သို့ခေါင်းငြိမ့်ပြလေသည်။
၎င်းတို့သုံးဦးသိမ်းဆည်းပြီး၍ ကားပေါ်သို့ပြန်တော့မည့်အချိန်တွင် ယန်ရှီသည်ရဲ့လော့ယီထံ စာချုပ်တစ်ခုကိုင်ဆောင်၍ ချဥ်းကပ်လာခဲ့သည်။
“မစ္စရဲ့ ကျွန်မတို့စကားပြောလို့ရမလား”
[ဝိုး ယန်ရှီတကယ်ပဲ ရဲ့လော့ယီရဲ့ စာချုပ်ကိုဖျက်သိမ်းဖို့ဆွေးနွေးတော့မှာလား]
[ငါကယန်ရှီစနေတယ်ထင်ခဲ့တာ၊ ဒါပေမဲ့ သူမတကယ်ပဲ ရဲ့လော့ယီနဲ့စာချုပ်ချုပ်ဖို့ပြင်နေတာလား]
[အမှန်အတိုင်းပြောရရင် အဲတာကြီးကတစ်မျိုးကြီးမဖြစ်နေဘူးလား]
[ငါလည်းထူးဆန်းသလိုခံစားနေရတာ]
ယန်ရှီသည် သူမ၏မိုက်ခရိုဖုန်းအားပိတ်လိုက်ကာ
“ဒါက နှစ်ကိုယ်ကြားကိစ္စလေးပါ”
ရဲ့လော့ယီသည်လည်း လိုက်လုပ်လိုက်ကာ ယန်ရှီနှင့်အတူသီးသန့်နေရာအားလိုက်သွားလေသည်။
အံ့ဩစွာဖြင့် ယန်ရှီသည် စာရွက်စာတမ်းအားဖွင့်လိုက်ကာ ရဲ့လော့ယီ၏ စွဲမက်ဖွယ်ကောင်းသည့်ပုံအား ပြသလေသည်။
“မစ္စရဲ့ ကျွန်မလက်မှတ်လေးများရနိုင်မလား”
ရဲ့လော့ယီ: ???
သူမအေးခဲသွားကာ အသိစိတ်ရုတ်တရက်ပြန်ဝင်လာခဲ့သည်။
သူတို့ကဘာဆက်ဆံရေးလဲ။ ဘာလို့ယန်ရှီကသူမရဲ့လက်မှတ်ကိုတောင်းနေတာလဲ။ သို့ပေမဲ့ သူမ၏ပုံရိပ်အားထိန်းသိမ်းရန်အတွက် ရဲ့လော့ယီ လက်မှတ်ထိုးပေးခဲ့သည်။
သူမထိုသို့လုပ်ပြီးချိန်တွင် သူမသည်ပို၍နီးကပ်လာကာ တီးတိုးပြောလိုက်သည်။
“ငါနင့်ရဲ့ တိုက်ရိုက်ထုတ်လွှင့်မှုကိုကြည့်ပြီးပြီ၊ ရှင်းယောင်ကငါနဲစာချုပ်ချုပ်ချင်တယ် ယန်ရှီ အဲတာဘယ်လိုဟာသမျိုးလဲ”
ဆုလင်းလင်းသည် အမှန်ပင်သူမအတွက်အခြားအေဂျင်စီ များအားဆက်သွယ်ပေးခဲ့သည်။ သို့ပေမဲ့ ရှင်းယောင်မှာမူ မဖြစ်နိုင်ပေ။
“အဲတာဆို မစ္စရဲ့ ရှင် ရှင်းယောင်နဲ့စာချုပ်ချုပ်ချင်လား”
ယန်ရှီသည်ပြုံး၍မေးလိုက်သည်။
ရဲ့လော့ယီ တုန့်ဆိုင်းသွားသည်။ ရှင်းယောင်သည် ယခုတလောတွင် ပို၍အောင်မြင်လာကာ ကျုံမိသားစုနောက်ခံရှိနေသဖြင့် အရင်းအမြစ်များပြတ်တောက်ခြင်းမရှိသကဲ့သို့ ရင်းနှီးမြုပ်နှံမှုများလည်း မပြတ်ပေ။
သို့ပေမဲ့ သူမနှင့်ကျုံချင်းယွီသည် ပွဲဦးထွက်ကတည်းက ပြိုင်ဘက်ဖြစ်ခဲ့ကြသူများဖြစ်သည်။ အကယ်၍သူမသာရှင်းယောင်နှင့်စာချုပ်ချုပ်လိုက်လျှင် သူမည် ကျုံချင်းယွီ၏လက်အောက်တွင်ဖြစ်သွားမည်ဖြစ်ကာ သူမကို သူဌေးဟုခေါ်ရမည်ဖြစ်သည်။
သူမထိုအရာအားမည်ကဲ့သို့သည်းခံနိုင်မည်နည်း။ ဖျော်ဖြေရေးနယ်ပယ်တွင် အေဂျင်စီများပြည့်နှက်နေကာ သူမသည် ရှင်းယောင်အားရွေးချယ်ရန်အတွက် လုံလောက်အောင်စိတ်မဝင်စားပေ။
“ငါထျန်ဟွေ့မှာ အဆင်ပြေနေပါတယ်”
ယန်ရှီသည် ထိုအဖြေအားမျှော်လင့်ထားပြီးဖြစ်သည်။ ရဲ့လော့ယီ လက်မှတ်ထိုးပြီးသွားသည်နှင့် သူမလည်းစာရွက်စာတမ်းအားပြန်ယူလိုက်သည်။
“အဲတာဆိုရင်ကျွန်မလည်း ဆက်မပြောတော့ပါဘူး မစ္စရဲ့၊ ကျွန်မတို့နှစ်ယောက်လုံးဒီည အော်ရိုရာအလင်းတန်းကိုတွေ့ရမယ်လို့ မျှော်လင့်ပါတယ်”
ပြီးနောက် ယန်ရှီသည်ထွက်သွားခဲ့သည်။
ရဲ့လော့ယီသည် ယန်ရှီ၏လုပ်ရက်အားနားမလည်နိုင်သေးသော်ညား ထိုအရာမှာလက်မှတ်လေးသာဖြစ်ပြီး အရေးကြီးသည့်အရာမဖြစ်နိုင်ပေ။
သူမ သတိမထားလိုက်မိသည်မှာပေယွဲ့ပိုင်သည် အနီးအနားရှိသစ်ပင်နောက်တွင်ရပ်နေကာ သူသည်ထိုမြင်ကွင်းအားကြည့်နေရင်း မျက်နှာကြီးသည် ပို၍ပင်မဲမှောင်လာသည်။
သူသည် ထိုစာရွက်စာတမ်းတွင်မည်သည့်အရာများပါရှိသည်ကိုသိလေသည်။
စားသောက်ဆိုင်တွင် ယန်ရှီသည် ရိုက်ကူးရေးအဖွဲ့အား သူမအတွက်စာချုပ်တစ်ခုချုပ်ခိုင်းခဲ့ကာ ထိုစာချုပ်သည် ရဲ့လော့ယီနှင့်ရှင်းယောင်ကြားရှိ အနုပညာရှင်သဘောတူညီမှုစာချုပ်ပင်ဖြစ်သည်။
ယခုတွင်လည်း ယန်ရှီသည်သူမ၏မိုက်အားတမင်တကာပိတ်လိုက်ကာ ရဲ့လော့ယီအားအဝေးသို့ခေါ်သွားပြီး လက်မှတ်ထိုးခိုင်းခဲ့သည်။ ဤသည်မှာ ထိုစာချုပ်မဟုတ်လျှင် အခြားအရာမဖြစ်နိုင်ပေ။
ရဲ့လော့ယီ တကယ်ပဲသူ့ကိုထားသွားတော့မှာလား။
ပေယွဲ့ပိုင်ဒေါသထွက်လာလေသည်။
ယန်ရှီထွက်သွားချိန်တွင် သူသည်ရှေ့သို့ထွက်လာကာ ရဲ့လော့ယီ၏လက်ကောက်ဝတ်အားဆုပ်ကိုင်လိုက်သည်။
“ယီယီ မင်းဘာလို့ကိုယ့်ကိုထားသွားမှာလဲ”
ရဲ့လော့ယီသည် အံ့ဩသွားကာ
“ပေယွဲ့ပိုင် ရှင်ဘာတွေပြောနေတာလဲ”
“မင်းယန်ရှီနဲ့ဘာလက်မှတ်ထိုးခဲ့တာလဲ ကိုယ်မသိဘူးလို့မင်းထင်နေတာလား၊ အဲတာကမင်းနဲ့ရှင်းယောင်ရဲ့စာချုပ်မလား ယီယီ ကိုယ်မင်းအပေါ်မကောင်းခဲ့လို့လား၊ မင်းဘာလို့ထျန်ဟွေ့ကနေထွက်သွားမှာလဲ”
ထိုအချိန်တွင် ရဲ့လော့ယီသဘောပေါက်သွားခဲ့သည်။
အဲတာကြောင့် ယန်ရှီသူမကိုလက်မှတ်ထိုးပေးဖို့ပြောခဲ့တာပဲ။ ပေယွဲ့ပိုင်ကိုနားလည်မှုလွဲအောင်လုပ်ဖို့လေ။
သူမသည် သူမကိုယ်သူမစိတ်အေးအေးထားစေလိုက်ကာ
“ပေယွဲ့ပိုင် သေချာတွေးစမ်းပါ၊ ကျွန်မနဲ့ထျန်ဟွေ့ရဲ့စာချုပ်က သက်တမ်းတောင်မပြည့်သေးတာကို ကျွန်မဘယ်လိုလုပ်တစ်ခြား ကုမ္ပဏီနဲ့စာချုပ်ထပ်ချုပ်လို့ရမှာလဲ”
“လျှောက်မပြောနဲ့၊ ဆုလင်းလင်းကမင်းအတွက် အေဂျင်စီတွေကိုတောင် စုံစမ်းပေးနေပြီ ဟူယွီရော ဝူရှန်းရောပဲ ဒါပေမဲ့ ရှင်းယောင်ပါပါမယ်လို့မထင်ထားခဲ့ဘူး၊ ရဲ့လော့ယီ မင်းအဲလောက်တောင် ကိုယ့်ဆီကနေထွက်သွားချင်နေတာလား”
“ကျွန်မရှင့်ကိုပြောပြီးပြီလေ မဟုတ်ဘူးလို့”
ပေယွဲ့ပိုင်သည် ပိုအားထည့်၍သူမ၏လက်အားဆုပ်ကိုင်လိုက်ကာ သူမ၏ဖြူဖွေးနေသည့် အသားအရည်အားနီလာစေသည်။
“ယီယီ ကိုယ့်ကိုမလိမ်ပါနဲ့တော့”
ရဲ့လော့ယီ သည်းမခံနိုင်တော့ပေ။ သူမ သူ့အားစိုက်ကြည့်လိုက်ကာ
“ပေယွဲ့ပိုင် ရှင်ကရော ကျွန်မကိုမလိမ်ဖူးလို့လား၊ ရှင်ကျွန်မကိုချစ်တယ်လို့ပြောခဲ့ပြီးတော့ ကျုံချင်းယွီရဲ့အနောက်ကိုပဲ လိုက်နေတာလေ ရှင်ဘာလို့ကျွန်မကိုအဲလိုပြောခဲ့တာလဲ”
ပေယွဲ့ပိုင်တုန်လှုပ်သွားကာ သူ၏မျက်လုံးများထဲတွင်ထိတ်လန့်မှုများဖြတ်ပြေးသွားခဲ့သည်။
“ကိုယ်ကျုံချင်းယွီနဲ့ နီးစပ်အောင်လုပ်နေတာက ကျုံမိသားစုရဲ့အရင်းအမြစ်တွေကြောင့်ပဲ၊ မင်းပြောတော့မင်းနားလည်ပေးတယ်ဆို”
“နားလည်ပေးတယ် ကျွန်မနားမလည်ဘူး”
သူမ၏လက်အားလွှတ်အောင်ရုန်းလိုက်ပြီး ပြောလိုက်သည်။
“ရှင်ကပေမိသားစုရဲ့ ဒုတိယသခင်လေးပဲ၊ ရှင်ကဆင်းရဲနေတာလည်းမဟုတ်ဘူး ဘာလို့ကျုံမိသားစုရဲ့အရင်းအမြစ်တွေကိုစွဲလမ်းနေရတာလဲ၊ အဲတာတွေမပါရင်တောင်မှ ရှင်အောင်မြင်မှာပဲလေ အချိန်တော့နည်းနည်းပိုကြာနိုင်ပေမဲ့ အဲတာဘာအရေးလဲ၊ ကျွန်မစောင့်နိုင်ပါတယ်”
“ဒါပေမဲ့ ကျွန်မဒါကိုတော့သည်းမခံနိုင်တော့ဘူး၊ ပေယွဲ့ပိုင် ဒါကိုအဆုံးသတ်လိုက်ကြရအောင် ကျွန်မလား သူလား၊ ရှင်နှစ်ယောက်စလုံးကိုရွေးချင်လို့မရဘူး”
ပေယွဲပိုင်သည် သူမအား ရီဝေစွာဖြင့်စိုက်ကြည့်နေသည်။ သူသည် စိတ်ကျဥ်းကြပ်နေကာ စိတ်ရှုပ်နေခဲ့သည်။ ဘာလို့အားလုံးကသူ့ကို ရွေးချယ်ခိုင်းနေရတာလဲ။ တကယ်လို့ သူကသာပေမိသားစုရဲ့ တရားဝင်ဆက်ခံသား ဆိုရင် ဒါတွေအားလုံးကို သူဂရုစိုက်နေမှာမဟုတ်ဘူး။ဒါပေမဲ့ သူကဆက်ခံသူမဟုတ်ဘူး သူအဲတာအတွက်တိုက်ခိုက်ပြီးယူရမယ်။ သူကျုံချင်းယွီကိုလိုအပ်တယ် အချိန်ကသူ့ဘက်မှာရှိမနေဘူး။
ဘာလို့ရဲ့လော့ယီက အဲတာကိုနားလည်မပေးနိုင်ရတာလဲ။
ပေယွဲ့ပိုင်သည် သူ၏မျက်လုံးအားပိတ်လိုက်ကာ သူပြန်ဖွင့်လိုက်ချိန်တွင် သူ၏အကြည့်မှာအသက်မပါသကဲ့သို့ သူ့၏အသံသည်လည်း အသက်မပါပေ။
“ယီယီ မင်းအရင်တုန်းက ကိုယ်နဲ့ချင်းလီကြားကိုကစားခဲ့ဖူးတယ်မလား၊ အဲတုန်းကကိုယ်ဘာမှမပြောခဲ့ဘူးလေ၊ မင်းဘာလို့ကိုယ့်ကိုအခုမှ ဖိအားပေးနေရတာလဲ”
ရဲ့လော့ယီ၏ မျက်လုံးများပြူးကျယ်လာကာ
“ကျွန်မနဲ့ချင်းလီကြားမှာ ဘာမှမရှိခဲ့ဘူး”
ပေယွဲ့ပိုင်သည်အရှေ့သို့တိုးလာကာ သူမ၏လက်အားချုပ်ထားလိုက်သည်။ သူမမျက်လုံးများသည် ပိုင်ဆိုင်ထိန်းချုပ်ချင်စိတ်များနှင့် တောက်လောင်နေကာ လိုချင်တပ်မက်စိတ်အား ထိန်းထားရလေသည်။
“ကိုယ်သတိမထားမိဘူးလို့များ မင်းထင်နေတာလား၊ ချင်းလီ မင်းကိုကြည့်တဲ့ပုံစံက ကိုယ်မင်းကိုကြည်တဲ့ပုံစံနဲ့တစ်ပုံစံတည်းပဲ၊ ဒါပေမဲ့ မင်းသူ့ကိုဘယ်တုန်းကမှ မငြင်းခဲ့ဘူးလေ၊ ပြီးတော့မင်းရဲ့ပထမဆုံးဇာတ်ကားရဲ့ဇာတ်ကောင် မင်ကဇာတ်ပို့နေရာအတွက် အရည်အချင်းစစ်ဝင်ဖြေခဲ့တာလေ အဲတာကိုဘာလို့မင်းက ဇာတ်ဆောင်ဖြစ်သွားရတာလဲ၊ ရိုက်ကူးရေးမစတင်ခင်ညမှာ မင်းဒါရိုက်တာအိမ်မှာဘာသွားလုပ်နေခဲ့တာလဲ၊ မင်းတကယ်ပဲ ကိုယ်မသိလောက်ဘူးလို့ထင်နေတာလား”
“မင်းရဲ့ပထမဆုံးရသစုံရှိုးမှာဆိုရင်လည်း မင်းလိုတတိယအဆင့်အမျိုးသမီးနာမည်ကျော်တစ်ယောက်က S အဆင့်ရသစုံရှိုးမှာပါလာခဲ့တာ မင်းနဲ့ပရိုဂျူဆာကြားကပရောပရည်လုပ်တဲ့အကြည့်တွေကို ကိုယ်သတိမထားမိဘူးလို့များထင်နေတာလား”
“ယီယီ မင်းကျတော့ မင်းလိုချင်သလောက်အမျိုးသားတွေထားနိုင်ပြီးတော့ ဘာလို့ကိုယ့်ကိုကျတော့ နည်းနည်းလောက်ပိုမခွင့်လွှတ်နိုင်ရတာလဲ၊ ကိုယ့်ဘဝထဲမှာရှိတဲ့ အမျိုးသမီးတွေအားလုံးက ခဏတာအတွက်ပဲ ဒါပေမဲ့ မင်းအတွက်ကိုယ်ရဲ့ခံစားချက်တွေကတော့အစစ်အမှန်ပဲ”
ရဲ့လော့ယီတုန်လှုပ်သွားခဲ့ကာ သူမ၏ပုခုံးများသည် လှုပ်နေသည်မှာ ထိန်းချုပ်၍မရနိုင်ပေ။
သူမသည် ပေယွဲ့ပိုင်သတိမမူမိဟုထင်ခဲ့သော်ညား သူသည် အကုန်သိနေခဲ့သည်။
သိနေပါသော်ညား သူသည်ဘာမှမပြောခဲ့ဘူးပေ။
ဒါပေမဲ့ သူမတကယ်ပဲမှားနေခဲ့တာလား။
သူမသည် သူမရုပ်ရည်နှင့် မိန်မသားဆန်မှုများနှင့်လွှမ်းမိုးထားသော်လည်း သူမ၏ခန္ဓာကိုယ်အား မရောင်းစားခဲ့ဖူးပေ။
သူမည် ထိုစိတ်ခံစားချက်များအား အသိအမှတ်ပြုပေးရုံဖြစ်ကာ ထိုအမျိုးသားများသည် သူမအားအရင်းအမြစ်များ ထောက်ပံ့ချင်နေခဲ့သည်။ ပေယွဲ့ပိုင်သူမအတွက်လုပ်ပေးခဲ့သည်နှင့်အတူပင်ဖြစ်သည်။ ဘာတွေကမှားနေလို့လဲ။
အနည်းဆုံးတော့ သူမသည် ပေယွဲ့ပိုင်လောက် အရှက်မမဲ့ပေ။ ကျုံချင်းယွီ၏ခြေထောက်နောက်သို့တကောက်ကောက်လိုက်ကာ အချစ်ရူးတစ်ယောက်လိုပင်ဖြစ်သည်။
ရဲ့လော့ယီသည် အံကြိတ်ကာ ပေယွဲ့ပိုင်ဆွဲကိုင်ထားမှုမှ ရုန်းထွက်ရန်ခက်ခဲနေလေသည်။
“ကျွန်မကိုလွှတ်ပေး၊ ကျွန်မကရှင်နဲ့ဘာမှမတူဘူး ပေယွဲ့ပိုင် ရှင်ကရွံ့စရာကောင်းလွန်းတယ် ဖယ်လိုက်”
“ယီယီ ကိုယ့်ကိုထားမသွားပါနဲ့၊ ကျေးဇူးပြုပြီး ကိုယ့်ကိုထားမသွားပါနဲ့”
ပေယွဲ့ပိုင်သည် ထိန်းချုပ်နိုင်စွမ်းမရှိတော့ပေ။ သူသည် သူမ၏နှုတ်ခမ်းအားထိလိုက်ကာ အပြင်းအထန်နမ်းလေသည်။
ရုန်းကန်နေမှုသည် သိမ်မွေ့မှုအားဖယ်ရှားလိုက်ကာသူ၏စိတ်အားငယ်မှုကိုပင် လောင်စာဖြည့်ပေးလိုက်သကဲ့သို့ဖြစ်သည်။ သူသည် သူမအားပို၍တင်းကြပ်စွာကိုင်လိုက်ကာ သူမအားသူ၏ကိုယ်အတွင်းသို့ သွင်းဖို့ရာကြိုးစားနေသကဲ့သို့ပင်ဖြစ်သည်။ ထိုအေးခဲနေသည့် တောတောင်ထဲမှာပင်လျှင် သူသည်သူများတောင်းဆိုချင်နေသည်။ သူမအားလုံးလုံးလျားလျားလိုချင်နေခဲ့သည်။
ရဲလော့ယီ၏ အတွေးများမှာ ဗလာဖြစ်သွားလေသည်။
သူရူးနေပြီပဲ။ ပေယွဲ့ပိုင်တကယ်ပဲရူးသွားပြီ။
ယန်ရှီလိုချင်နေတာဒါလား။ ပေယွဲ့ပိုင်ကိုရူးသွပ်သွားစေချင်ခဲ့တာလား။
ဤသည်မှာ ယန်ရှီနှင့်သူမ၏ပထမဆုံးအကြိမ်တွေဆုံမှုဖြစ်ခဲ့လျှင် ရဲ့လော့ယီသည်ယုံကြည်လောက်မည်ဖြစ်သည်။ သို့ပေမဲ့ ယခုတွင် ယန်ရှီသည် star glory ၏ VP ဖြစ်ကာ ကျုံချင်းယွီသည် M လုပ်ငန်းစု၏ ဥက္ကဋ္ဌဖြစ်လေပြီး သူမအားလျှော့တွက်၍မရကြောင်း သူမသိလေသည်။
ရုတ်တရက် ရဲ့လော့ယီသည် မီးရောင်တစ်ရောင် ရောင်ပြန်ဟပ်သွားသည်ကိုတွေ့လိုက်ရသည်။
သူမတုန်လှုပ်သွားသည်။ သူမပေယွဲ့ပိုင်ထံမှပို၍ပင်ရုန်းထွက်သော်လည်း သူ၏ဆုပ်ကိုင်ထားမှုမှာ တင်းကြပ်လွန်းသည်ဖြစ်၍ သူမသည်သူ၏လျှာကိုသာကိုက်လိုက်လေသည်။
သွေးများသည် သူမ၏ပါးစပ်တစ်ခုလုံးတွင် ပြည့်နှက်သွားသည်။ ပေယွဲ့ပိုင်သည် နာကျင်သွားကာ သူမအားနောက်ဆုံးတော့ လွတ်လွတ်ကျွတ်ကျွတ်ပြန် လွှတ်ပေးခဲ့သည်။
ရဲ့လော့ယီသည် ပြေးထွက်သွားကာ ထိုရောင်ပြန်ဟပ်သွားသည့်အနေအား အပြေးသွားလေသည်။ အမှောင်ထုသည် အသေးစိတ်အချက်အလက်များအား ဖုံးထားသော်ညား သူမအနီးကပ်ရောက်လာသည်နှင့် သစ်ကိုင်းပေါ်တွင်တပ်ဆင်ထားသည့် ကင်မရာ၏ပုံစံအားတွေ့လိုက်ရသည်။
တစ်ချိန်တည်းမှာပင် တိုက်ရိုက်ထုတ်လွှင့်မှုသည် အရာအားလုံးအား ရှင်းရှင်းလင်းလင်းရိုက်ကူးထားခဲ့သည်။
[ရိုက်ကူးရေးအဖွဲ့က ဒီကင်မရာရှူထောင့်ကို ရုတ်တရက်အသက်သွင်းလိုက်တာအံ့ဩစရာမရှိဘူး၊ ဒါကလုံးဝသတင်းကြီးပဲ]
[ရဲ့လော့ယီက အဲလောက်ယောက်ျားအများကြီးနဲ့ပတ်သက်ခဲ့တာလား၊ သူမကြည့်ရတာအပြစ်ကင်းစင်တဲ့ပုံပေါက်ပေမဲ့ သူကတကယ်တော့လူရှုပ်လူပွေတစ်ယောက်ပဲ]
[ပေယွဲ့ပိုင်ကသူမကိုဖော်ထုတ်တဲ့အခါမှာ သူမကငြင်းတောင်မငြင်းခဲ့ဘူး ကြည့်ရတာအဲတာအမှန်ထင်တယ်၊ ရဲ့လော့ယီကလိုက်ရှုပ်နေခဲ့တာပဲ ချင်းလီကတောင်သူမရဲ့သားကောင်တစ်ကောင်ဖြစ်သွားသေးတယ်]
[ပေယွဲ့ပိုင်ကလည်း အပြစ်ကင်းစင်နေတာမဟုတ်ဘူး အမျိုးသမီးတွေကိုအသုံးချပြီး အမြင့်ကိုတက်နေတာ ဒီနှစ်ယောက်ကအချင်းချင်းထိုက်တန်ပါတယ်]
[ပြီးတော့ သူတို့နှစ်ယောက်ကတစ်ယောက်ကိုတစ်ယောင်သဘောကျနေကြတာပဲလေ၊ အဲဒီအနမ်းကကောလဟာကတွေအားလုံးကို အတည်ပြုပေးလိုက်တာပဲ]
[ဒီရှိုးက အတူခရီးသွားကြစို့ ဆိုတဲ့နာမည်ကနေ အတင်းအဖျင်းတွေဖော်ကြစို့ ဆိုတဲ့နာမည်ကိုပြောင်းသင့်နေပြီ]
အင်တာနက်သည် ပြန့်ပွားမှုမြန်လေသည်။
ပြီးလျှင်ရှိုး၏ အရည်အသွေးမြင့်ကင်မရာများကြောင့် ပေယွဲ့ပိုင်နှင့်ရဲ့လော့ယီနှစ်ဦးကြားရှိ စကားလုံးတိုင်း၊ လှုပ်ရှားမှုတိုင်း အားအချိန်နှင့်တစ်ပြေးညီ တိုက်ရိုက်ထုတ်လွှင့်ခဲ့သည်။
ရဲ့လော့ယီ၏ ခြေထောက်များသည်အားပြတ်သွားသည်။ သူမမြေပြင်ပေါ်သို့လဲကျသွားသည်။
အားလုံးပြီးသွားပြီ။ အရာအားလုံးဖျက်ဆီးခံလိုက်ရပြီ။
ထိုအချိန်တွင် သူမ၏ပုံရိပ်နှင့် ဂုဏ်သိက္ခာအားမေ့ပစ်လိုက်ကာ မြေပြင်မှကျောက်တုံးတစ်တုံးအားကောက်လိုက်ပြီး ကင်မရာ၏မှန်ဘီလူးသို့ ပစ်ပေါက်လိုက်သည်။
ကြည့်ရှူသူများသည် အနက်ရောင်မြင်ကွင်းသို့မပြောင်းခင်တွင် ကျောက်တုံးကြီးတစ်တုံး မျက်နှာပြင်သို့ ဦးတည်လာနေသည်ကိုသာမြင်လိုက်ရသည်။
ကျောက်တုံးသည် မြေပြင်ပေါ်သို့ပြုတ်ကျသွားသည်။ ရဲ့လော့ယီသည် ကျောက်တုံးအားပစ်လိုက်ပြီးနောက် အားအင်ကုန်ဆုံးသွားလေသည်။
ပေယွဲ့ပိုင်သည်တုန်လှုပ်သွားကာ ဖျက်ဆီးခံထားရသည့် ပစ္စည်းများအားတွေ့သောအခါ ဖြူဖျော့သွားလေသည်။
“ယီယီ ကိုယ်…ကိုယ်မသိခဲ့ဘူး၊ ကိုယ်ထင်တာကဒီနေရာကရိုက်ကူးရေးမရှိဘူးလို့ ထင်ခဲ့တာ ကိုယ်အဲတာတွေကို ကင်မရာရှေ့မှာပြောဖို့မရည်ရွယ်ခဲ့ပါဘူး”
အတင်းအကြပ်အနမ်းသည် သူအားအပြစ်တင်၍ရသည်။
အေဂျင်စီပြောင်းလဲမှုသည်လည်း ရှင်းပြ၍ရနိုင်လေသည်။
ရဲ့လော့ယီ ပေယွဲ့ပိုင်အား ဘက်ရွေးခိုင်းခြင်းပင်လျှင် သုံးပွင့်ဆိုင်အချစ်အားအတည်ပြုပေးလိုက်ရုံသာဖြစ်မည်။
သို့ပေမဲ့ သူမအမျိုးသားများအား သူမ၏လှေကားထစ်များအနေနှင့်အသုံးချသည်ကို ဖော်လိုက်သည့်ကိစ္စမှာမူ အဆုံးသတ်ပင်ဖြစ်သည်။
သိပ်မကြာခင်မှာပင် ကျုံချင်းယွီနှင့်အခြားသူများရောက်လာခဲ့သည်။
၎င်းတို့နှင့် အင်တာနက်တစ်ခွင်သည်လည်း အရာအားလုံးအားသိရှိပြီးဖြစ်သည်။
ကျုံချင်းယွီသည် ဖြေးညှင်းစွာလက်ခုပ်တီးလိုက်ကာ
“အော်ရိုရာအလင်းတန်းတွေတော့မတွေ့ရပေမဲ့ ဘယ်လိုတောင် ဖျော်ဖြေမှုကြီးဖြစ်သွားတာလဲ၊ ပေယွဲ့ပိုင် အဲတာဆိုရင်ကျွန်မကရှင့်အတွက် စီးပွားရေးအစီအစဥ်တစ်ခုပဲပေါ့၊ အဲတာကို ရှင်ကတခြားမိန်းမကိုပြောပြလိုက်သေးတယ်ပေါ့”
ပေယွဲ့ပိုင်၏မျက်နှာအမူအယာမှာ မဲမှောင်သွားကာ
“ကျုံချင်းယွီ မင်းငါ့ကိုဂရုမစိုက်တော့တာကြာပြီမလား၊ မင်းဒီရှိုးကို ငါ့ကိုခေါ်လာတာက ငါ့ကိုအရှက်ခွဲဖို့ပဲမလား ဟုတ်တယ်မလား”
ကျုံချင်းယွီသည် သူမ၏ခေါင်းအား တဖြေးဖြေးငြိမ့်လိုက်ကာ သူ၏ရှုံးနိမ့်သွားသည့် ပုံစံအားကြည့်နေလေသည်။
“လုံးဝမဟုတ်ပါဘူး ကျွန်မကရှင့်ကိုအခွင့်အရေးပေးနေရုံတင်ပါ”
“လူလိမ်မ”
ပေယွဲ့ပိုင်အော်လိုက်သည်။
“မင်း ငါ့ကိုခွေးတစ်ကောင်လို ဆက်ဆံတာလေ၊ ဘာလို့အဲတာက အခွင့်အရေးပေးတာဖြစ်မှာလဲ”
ကျုံချင်းယွီ၏အပြုံးမှာအေးစက်ကာ သူအားလှောင်ပြောင်နေခြင်းမဟုတ်လျှင် သူမကိုယ်သူမလှောင်ပြောင်နေခြင်းဖြစ်နိုင်သည်။
H နိုင်ငံသို့ပြန်သည့် လေယာဥ်ပေါ်တွင် သူမသည် သူမ၏အတိတ်ကာလ ပေယွဲ့ပိုင်အားသူမကို ပို၍ကောင်းကောင်းဆက်ဆံပေးရန် တောင်းဆိုနေသည့် သနားစဖွယ်ပုံစံအားအိမ်မက်မက်ခဲ့သည်။
ထိုကြောင့်နိုးထလာချိန်တွင် သူမသည် သူ့အားချက်ချင်းမငြင်းပယ်ပေ။ သူမသည် သူနှင့်သူမကိုယ်သူမ သူတို့၏လွန်ခဲ့သည့်နှစ်နှစ်အတွင်းရှိခဲ့သည့်အရာများအား ပြန်သတိရစေရန် နောက်ဆုံးအခွင့်ရေးတစ်ခုပေးခဲ့သည်။
သို့ပေမဲ့ ပေယွဲ့ပိုင်သည်ထိုအခွင့်အရေးအားသုံး၍ ဘာလုပ်ခဲ့သနည်း။
“ပေယွဲ့ပိုင်၊ ရှင်ပြောတာ ကျွန်မက အမြဲတမ်းရှင့်ကိုအခွင့်အရေးမပေးဘူးလို့ပြောတယ် ဒါပေမဲ့ ရှင်ကရော ကျွန်မကိုရိုးသားဖူးလို့လား”
သူအေးခဲသွားခဲ့သည်။
ကျုံချင်းယွီသည် ဆက်ပြောကာ
“ရှင်ဝယ်လာပေးတဲ့ ဂဏန်းအစာသွက်ဖက်ထုပ်တွေက ဟိုင်ဒီတက္ကသိုလ်နားကနာမည်ကြီးဆိုင်ကလား၊ ကျွန်မရှင့်ကို ကျွန်မခြေထောက်ကိုနှိပ်နှယ်ပေးခိုင်းတုန်းကကော အရှက်ရစေတာလား၊ ဒါပေမဲ့ ကျွန်မရှင့်ကို ခရီးသွားအကြံပေးအနေနဲ့ Queenstown ကိုခေါ်လာခဲ့တုန်းက ရှင့်ရဲ့အစီအစဥ်တွေကကျွန်မရဲ့အကြိုက်ကိုလိုက်ပြီး စဥ်းစားပေးခဲ့လို့လား”
“ဒါတွေကယုတ်ညံ့တဲ့လုပ်ရက်တွေလို့ ရှင်ထင်လို့လား၊ ရှင်ထင်နေတာကျွန်မက ဖက်ထုပ်သွားဝယ်ဖို့ ဒါမှမဟုတ် ခရီးသွားစီစဥ်ဖို့ လူတစ်ယောက်ငှားဖို့အတွက် အရမ်းဆင်းရဲနေတယ်ထင်လို့လား၊ အဲတာကရှင့်ကိုယ်ရှင်သက်သေပြဖို့ အခွင့်အရေးတွေပဲ၊ ဒါပေမဲ့ရှင်ကအဲတာတွေကို နှလုံးသားမပါပဲလုပ်ပေးခဲ့တာမလို့ နှိပ်စက်မှုတွေလို့ပဲထင်ခဲ့တာ”
“တကယ်လို့ ရဲ့လော့ယီသာရှင့်ကိုအဲတာတွေလုပ်ပေးဖို့တောင်းဆိုခဲ့ရင် ရှင်အရှက်ခွဲခံရတယ်လို့ ခံစားရဦးမှာလား”
ဂစ်ဘ်ဆွန်တောင်ကြား၏ ညပိုင်းလေသည် အေးစက်ကာ အရိုးထဲနှင့် စိတ်ဝိဥာဥ်များထဲသို့ စိမ့်ဝင်နေသကဲ့သို့ပင်ဖြစ်သည်။
ကျုံချင်းယွီ၏ နောက်ဆုံးမေးခွန်းသည် ပေယွဲ့ပိုင်အား အမှန်တရားနှင့်ရင်ဆိုင်ရန်တွန်းအားပေးခဲ့သည်။ မဟုတ်ဘူး သူသည် ရဲ့လော့ယီ၏အပြုံးလေးအား မြင်ရရန်အတွက် သူမအားဂဏန်းအဆာသွပ် ဖက်ထုပ်အားဝယ်ပေးမည်ဖြစ်သည်။
သူမ၏ခြေထောက်အားနှိပ်ပေးခြင်းသည်လည်း ရင်းနှီးမှုကြောင့်ဖြစ်ကာ ကျွန်ကဲ့သို့လုပ်နေရခြင်းမဟုတ်ပေ။ ပြီးနောက် ခရီးအစီအစဥ်များအား အစီအစဥ်ဆွဲခြင်းသည် သူတို့နှစ်ဦးအတူခရီးသွားခဲ့ချိန်တွင် သူအရာအားလုံးအား သေချာလုပ်ပေးခဲ့သည်။
အချစ်မရှိခြင်းသည် အရာအားလုံးအား စော်ကားနေသည်ဟု ခံစားရစေသည်။
ပေယွဲ့ပိုင်သည် သူ၏မျက်လုံးအား စိတ်ပျက်လက်ပျက်မှိတ်လိုက်သည်။ ဖြစ်နိုင်သည်မှာ ကျုံချင်းယွီသည် သူ့အားအခွင့်အရေးများ ပေးခဲ့ဖူးသော်ညား ၎င်းတို့၏ဇာတ်လမ်းမှာ ပြီးပြတ်သွားပြီဖြစ်သည်။
ရှိုးတွင်ပါဝင်နေခြင်းသည် ယခုအချိန်တွင် အဓိပ္ပါယ်မရှိတော့ပေ။ ဤသည်မှာ အဆုံးသတ်ပင်ဖြစ်သည်။
နောက်ထပ်စကားများမပြောတော့ပဲ သူသည်ငှားရမ်းထားသည့် SUV ပေါ်သို့တက်ကာ ဗီလာသို့ တစ်ဦးတည်းမောင်းပြန်သွားခဲ့သည်။
ရဲ့လော့ယီအား ဆက်လက်မရိုက်ကူးတော့ပေ။ သူမဘေးရှိရိုက်ကူးရေးအသင်းမှာဆုတ်ခွာသွားကာ သူမသည် လမ်းဘေးရှိကားပေါ်တွင်ထိုင်နေရင်း ဆုလင်းလင်းသည်သူမအား နှစ်သိမ့်ပေးနေလေသည်။
သို့ပေမဲ့ ယခုအချိန်တွင် နှစ်သိမ့်ခြင်းမှာအသုံးမဝင်ပေ။
ရဲ့လော့ယီသည် လိုင်းပင်မဖွင့်ရဲပေ။ အင်တာနက်သုံးစွဲသူများသည် သူမအားမည်မျှပင်ပြောဆိုနေကြမည်ကို သူမတွေးကြည့်နိုင်လေသည်။ ပေယွဲ့ပိုင်၏စကားများသည် မသေမချာဖြစ်သော်ညား နားလည်မှုလွဲစေရန်လုံလောက်လေသည်။ 2နှစ်စာကြိုးစားအားထုတ်မှုများသည် ထိုရသစုံရှိုးအပြီးတွင် ဘာမှမဟုတ်တော့ပေ။
သူမ၏မျက်ရည်များမျက်နှာပေါ်မှစီးကျလာသည်နှင့်အမျှ သူမ၏ခန္ဓာကိုယ်သည်လည်း အထိန်းအကွပ်မဲ့စွာ တုန်ယင်လာလေသည်။
ကား၏အပြင်ဘက်မှ တံခါးခေါက်သံအားကြားလိုက်ရကာ ယန်ရှီသည်အပြင်ဘက်တွင်ရပ်နေလေသည်။
ဆုလင်းလင်းသည် သူ၏အားဒေါသတကြီးလက်ညိုးထိုးလိုက်ကာ
“နင့်ဘယ်လိုလုပ်ဒီမှာ မျက်နှာလာပြရဲရတာလဲ၊ နင်ကအဲဒီကင်မရာတွေကိုဆင်ခဲ့တဲ့သူမဟုတ်ဘူးလား ယန်ရှီ နင်တကယ်လွန်သွားပြီ”
“ငါကကင်မရာတွေကိုပဲ ဆင်ခဲ့တာပါ အဲဒီစကားတွေကငါပြောခဲ့တာမလို့လား”
ယန်ရှီပြန်ပြောလိုက်သည်။
ဆုလင်းလင်းသည် ပြန်ဖြေဖို့နင်သွားကာ
“နင်ကဒီကိစ္စရဲ့နောက်ကွယ်ကသူပဲလေ”
“ငါရဲ့လော့ယီနဲ့စကားပြောချင်တယ်”
“ငါ့ရဲ့အလောင်းပေါ်…”
(T/N မူရင်းမှာကတည်းက အဲလိုကြီးပါಥ‿ಥ)
“လင်းလင်း သူမကိုဝင်လာခိုင်းလိုက်”
ရဲ့လော့ယီရုတ်တရက်ပြောလိုက်သည်။
သူမသည် ရှိုးမှထွက်ရန်စီစဥ်နေကာ ယခုအချိန်တွင်မူ သူမယန်ရှီပြောမည့်အရာအား နားထောင်ချင်လေသည်။
ဆုလင်းလင်းသည် ကားပေါ်မှထွက်လိုက်ကာ လုပေယွီနှင့်ယောင်ကျူတို့ကားပေါ်သို့တက်သွားခဲ့သည်။ အထဲတွင် ရဲ့လော့ယီနှင့်ယန်ရှီသာကျန်ခဲ့သည်။
“နင်ဒီကိုတောင်းပန်ဖို့လာခဲ့တာတော့ မဟုတ်ဘူးမလား”
ရဲ့လော့ယီမေးလိုက်သည်။
ယန်ရှီသည် အေးစက်စွာဖြင့် ပြန်ဖြေသည်။
“ငါ့နင့်အပေါ်မှာ ဘာမှအကြွေးတင်နေတယ်လို့မခံစားရဘူး”
ရဲ့လော့ယီသည် သူမ၏လက်သီးအားဆုပ်လိုက်ကာ
“ငါနင့်ကို ပထမဆုံးအပိုင်းတုန်းက မဖော်ရွေခဲ့တာ ငါဝန်ခံပါတယ်၊ ဒါပေမဲ့ နင်လည်း လက်တုံ့ပြန်ခဲ့တာပဲ မဟုတ်ဘူးလား၊ ဒီတစ်ချိန်မှာတော့ ငါဘာမှမလုပ်ခဲ့ဘူးလေ နင်ဘာလို့ငါ့ကိုဒီလိုလုပ်ရတာလဲ”
ယန်ရှီသည် သူမအားရွှင်မြူးစွာကြည့်လိုက်ကာ
“အရင်တုန်းက ချင်းလီ ငါရဲ့ ပညာရေးအထောက်အထားတွေကအတုဆိုတဲ့ ကောလဟလတွေဖြန့်တာက နင်လုပ်တာမဟုတ်ဘူးလား”
ရဲ့လော့ယီသည်
“ငါသူ့ကိုအဲလိုလုပ်ဖို့ဘယ်တုန်းကမှမပြောခဲ့ဖူးဘူး”
“ဒါပေမဲ့ နင့်သူ့ကိုအဲလိုလုပ်ဖို့လမ်းပြခဲ့တာပဲလေ၊ နင်ကသူရှေ့မှာသနားစရာပုံစံလုပ်ပြီး ကျုံချင်းယွီကနင့်အပေါ်အမှားလုပ်ခဲ့တယ်ဆိုတဲ့ ပုံစံမျိုးလုပ်ခဲ့တာပဲလေ”
ရဲ့လော့ယီသည် တိတ်ဆိတ်သွားသည်။ သူမသည် စောဒက တက်ကာ ဟုတ်သော်ညား သူမသည်ဒေါသထွက်ပြရုံသာဖြစ်သည်။ သို့ပေမဲ့ ဘာအရေးနည်း။ ချင်းလီသည် ပြုလုပ်ခဲ့သူဖြစ်ကာ သူမ မဟုတ်ပေ။
ယန်ရှီသည် ရယ်မောလိုက်ကာ ထိုအသံတွင်လှောင်ပြောင်နေသည့်အသံများပါလေသည်။
“ရဲ့လော့ယီ နင်ကဘယ်တုန်းကမှနင့်ရဲ့လက်တွေကို အညစ်ပတ်မခံဘူးလေ၊ နင်ကအမြဲတမ်းခံရတဲ့သူပုံစံပဲလုပ်နေတာ အကူအညီမဲ့ပြီးတော့ ဖြူစင်တဲ့ပုံစံလေးနဲ့ ယောက်ျားတွေကိုနင့်အတွက် တိုက်ခိုက်ခိုင်းပြီး အနစ်နာခံခိုင်းနေတာ၊ နင်ရဲ့လက်တွေကတော့သန့်ရှင်းနေတုန်းပဲလေ သွေးတစ်စက်မှမရှိပဲနဲ့ပေါ့”
“သူတို့တွေက လိုလိုချင်ချင်နဲ့လုပ်ခဲ့ကြတာလေ၊ အဲတာကဘယ်လိုလုပ်ငါ့အမှားဖြစ်ရမှာလဲ”
“အမှန်ပဲ”
ယန်ရှီသည် သူမ၏လက်အားဖြန့်လိုက်ကာ
“ငါ့ရဲ့လက်တွေကလည်း သန့်ရှင်းနေသေးတာပဲ နင့်ကိုဖျက်ဆီးလိုက်တဲ့သူက ပေယွဲ့ပိုင်လေ ငါမဟုတ်ဘူး”
ရဲ့လော့ယီသည် ပြောစရာစကားပျောက်ရှသွားခဲ့သည်။
“ရဲ့လော့ယီ ငါအဲဒီကတ်ထူပြားကိုတောင်ကြားထဲ တမင်သက်သက်ပစ်ချလိုက်တာ၊ ငါက ပေယွဲ့ပိုင် ကျုံချင်းယွီကိုလည်းချစ်တယ်ပြောပြီး နင့်ကိုလည်း ဆွဲထားဦးမယ့် မျက်နှာနှစ်ဖက်ရှိတဲ့သူဆိုတာကို သက်သေပြချင်လို့ပဲ၊ သူကနင့်ကိုလက်မလွှတ်နိုင်လို့ နင်ကဒီအရှုပ်ထဲကိုအဆွဲခံလိုက်ရတာ”
“ပြီးတော့ ဒီနေ့ငါလုပ်ခဲ့တာက နင့်ရဲ့လက်မှတ်လေးတောင်းပြီး ကင်မရာလေးဆင်ခဲ့ရုံပဲ၊ ငါပေယွဲ့ပိုင်ကို နင့်ကိုဖော်ထုတ်ဖို့အတွက် တွန်းအားပေးလိုက်လို့လား ငါနင်ရဲ့ ကျော်ကြားမှုကိုကျသွားအောင်လုပ်လိုက်လို့လား”
“နင်သဘောမပေါက်သေးဘူးလား”
ယန်ရှီသည် ရဲ့လော့ယီ၏ပုခုံးအား ဆွဲကိုင်လိုက်ကာ သူမ၏အသံသည် အလေးအနက်ဖြစ်ကာ
“ကျုံချင်းယွီနဲ့ပေယွဲ့ပိုင် စေ့စပ်ထားတာကိုနင်သိလိုက်တဲ့အချိန်ကတည်းက နင်ထွက်သွားသင့်တာ ဒါပေမဲ့ နင်ထွက်မသွားခဲ့ဘူး၊ နင်နဲ့သူကြားမှာစည်းထားဖို့ကိုငြင်းခဲ့တယ် အဲတာကြောင့်နင့်ရဲ့ ဂုဏ်သိက္ခာကကျဆင်းနေတာပဲ”
“စဥ်းစားကြည့်စမ်းပါ၊ နင့်ရဲ့ကျော်ကြားမှုကျသွားတဲ့အခါတိုင်း အဲတာပေယွဲ့ပိုင်ကြောင့်မဟုတ်လို့လား အဲတာတောင်နင်က နင့်ကိုအမြဲနာကျင်အောင်လုပ်နေတဲ့ ယောက်ျားတစ်ယောက်ကိုတွယ်ကပ်နေသေးတာလား”
ရဲ့လော့ယီ၏ နှလုံးသားမှာတုန်လှုပ်သွားသည်။
သူမ ယန်ရှီပြောသည့်စကားများအား အားလုံးနားလည်လေသည်။ သို့ပေမဲ့ သူမ၏သက်တောင့်သက်သာနေရာလေးတွင် နေရခြင်းသည် ဆိုးရွား၏အမှန်တရားအားရင်ဆိုင်ခြင်းထက်ပိုလွယ်လေသည်။
ယန်ရှီ၏အရှေ့တွင်မူ သူမသည် သူမမှားကြောင်းဝန်မခံချင်ပေ။
“ငါတို့နှစ်ယောက်ကြားထဲကို ဝင်မွှေဖို့မကြိုးစားနေပါနဲ့ ငါကနင့်ကိုယုံမှာကျနေတာပဲ”
ယန်ရှီသည် သူမအားဖြတ်ပြောလိုက်သည်။
“နင် ပေမိသားစုရဲ့ဒုတိယသားပေယွဲ့ပိုင်က ကျုံမိသားစုရဲ့အရင်းအမြစ်တွေကိုဘာလို့ လိုတာလဲနင်သိချင်ဖူးလား”
ရဲ့လော့ယီ၏ အကြည့်များသည်သူမထံရောက်လာလေသည်။
တစ်ချိန်တည်းမှာပင် system ၏သတိပေးချက်တက်လာလေသည်။
[Host တရားမဝင်ကလေးနဲ့ပတ်သပ်တဲ့အချက်အလက်တွေက ဇာတ်ကြောင်းကိုသိပြီးတဲ့နောက်မှာ Host ရတဲ့အကြောင်းအရာတွေလည်း အဲတာတွေကိုသက်သေပြဖို့ အထောက်အထားမရှိသေးဘူး၊ host ရဲ့လော့ယီကိုပြောပြလို့မရသေးဘူး]
[ဇာတ်ကွက်အသေးစိတ်အချက်အလက်တွေပေါက်ကြားတာက ဇာတ်ကောင်ဖျက်ပစ်စေလိမ့်မယ်]
ရဲ့လော့ယီသည် စူးစူးရဲရဲစိုက်ကြည့်ကာ
“ဘာလို့လဲ”
ယန်ရှီပြုံးလိုက်ကာ “ငါလည်းဘာလို့လဲတော့မသိဘူး ဒါပေမဲ့ ပေဟန်လီပြောတာ သူအသက်ပြည့်တဲ့အချိန်မှာ ရှယ်ယာသုံးရာခိုင်နှုန်းရခဲ့တယ် ဒါပေမဲ့ ပေယွဲ့ပိုင်အလှည့်ကျတော့ တစ်ရာခိုင်နှုန်းပဲရခဲ့တယ်၊ သူတို့ကညီအစ်ကိုလေ အမေတူအဖေတူကနေ မွေးလာကို ဘာလို့ကွာခြားနေရတာလဲ ထူးဆန်းတယ်နော်”
သူမသည်မည်သည့်အရာကိုမျှတိကျစွာမဖော်ပြခဲ့ပေ။
သို့ပေမဲ့ ရဲ့လော့ယီ၏မျက်လုံးများမှာ ပြူးကျယ်လာသည်။ သူမ၏နှလုံးသားထဲတွင် သံသယမျိုးစေ့မှာ ဝင်သွားပြီဖြစ်သည်။