Chapter 89
Vol. 9 Ch. 89
ယန်ရှီ သည် ရဲ့လော့ယီ နှင့်စကားပြောပြီးနောက် RVထဲသို့ပြန်လာခဲ့သည်။
မွန်းလွဲပိုင်းတွင် တိုက်ရိုက်ထုတ်လွှင့်မှုပြီးဆုံးသွားပြီဖြစ်ရာ RVအတွင်းရှိ ကင်မရာများအားလုံးပိတ်ထားသည်။ ကားပေါ်ရှိ လိုက်ကာစများကိုဖွင့်ထားကာ ယန်ရှီ နှင့် ကျုံချင်းယွီ တို့သည် အိပ်ရာပေါ်ထိုင်ပြီး မြောက်ဘက်တွင် အလင်းရောင်များထွက် ပေါ်လာမည့်အချိန်ကို စောင့်မျှော်နေကြသည်။
စောင့်ဆိုင်းရင်း ငြီးငွေ့လာသော ကျုံချင်းယွီ သည် ဆိုရှယ်မီဒီယာကြည့်ရန် ဖုန်းကို ထုတ်ယူလိုက်သည်။
သူမ အက်ပလီကေးရှင်းကို ဖွင့်လိုက်သည်နှင့် တပြိုင်နက် ပေယွဲ့ပိုင် နှင့် ရဲ့လော့ယီအကြောင်းဆွေးနွေးမှုများဖြင့် ရေပန်းစားနေသည့်အကြောင်းအရာများကို တွေ့ရသည်။ အပြစ်တင်မှုများသည် သူမအပေါ်မဟုတ်သောကြောင့် ကျုံချင်းယွီ သည် ကောလာဟလများကို ကြည့်ရှုရခြင်းကို အလွန်အမင်းပျော်ရွှင်နေသည်။
ပေယွဲ့ပိုင်အပေါ်ထုတ်ဖော်ပြောဆိုမှုများတွင် ခိုင်မာသောအထောက်အထားမရှိပဲ အချက်အလတ်အနည်းငယ်သာပါဝင်သော်လည်း အင်တာနက်သုံးစွဲသူများသည် သဲလွန်စတိုင်းကို စူးစမ်းလေ့လာနေကြသည်။
[ရဲ့လော့ယီရဲ့ ပထမဆုံးဇာတ်လမ်းတွဲက "Riding the Waves" လေ၊ ဒါရိုက်တာရဲ့ Weibo မှာ တရားဝင်ကြေညာချက်ကလွဲပြီး တခြားပို့စ်မရှိဘူး ဒါပေမဲ့ သူက ရဲ့လော့ယီရဲ့ ပို့စ်တွေမှာ "ပျော်ရွှင်စရာ မွေးနေ့လေးဖြစ်ပါစေ" လို့ နှစ်တိုင်းနှစ်တိုင်း ကောမန့်တွေမန့်နေတယ် ငါ သေသေချာချာကြည့်ပြီးပြီ]
[Bilibili တည်းဖြတ်မှုတွေကို ကြည့်ပါလား၊ တိုက်ရိုက်ထုတ်လွှင့်မှု တွေတိုင်းမှာ ချင်းလီနဲ့ရဲ့လော့ယီတို့အတူရှိနေတဲ့ အခိုက်အတန့်အကုန်လုံးကို စုစည်းပေးထားတာ၊ အဲဒီမှာ သူတို့ တစ်ယောက်နဲ့တစ်ယောက်ကြည့်နေကြတဲ့ အကြည့်တွေကြည့်ရင် တွဲနေကြတယ်ဆိုတာအသိသာကြီး]
[မနှစ်က ရဲ့လော့ယီနဲ့ ပရိုဂျူဆာချန်း တို့ညစာစားကြတဲ့အကြောင်းကို သတိရမိတယ်၊ ပြည်သူ့ဆက်ဆံရေးအဖွဲ့ကသာ မိတ်ဖြစ်ဆွေဖြစ်တွေ့ကြတာလို့ပြောခဲ့ပေမဲ့ ယောက်ျားတစ်ယောက်နဲ့ မိန်းမတစ်ယောက် ညဘက်ကြီးကို အဆင့်မြင့်စားသောက်ဆိုင်မှာ အတူတူစားသောက်နေတာဆိုတော့ သူတို့ပြောသလိုဖြစ်နိုင်ပါ့မလား]
ဦးတည်ပြီး ပြောစရာတစ်ခုရပြီးသည်နှင့် အင်တာနက်သုံးစွဲသူများသည် သဲလွန်စများရရန်အတွက် သုံးသပ်ချက်တိုင်း စာကြောင်းတိုင်းကို စစ်ဆေးကြည့်ရှုကြသည်။ သတင်းစာဆရာများသည်လည်း ရဲ့လော့ယီ၏ ချစ်ရေးချစ်ရာများကိစ္စနှင့် ပတ်သက်သော ကောလာဟလများကို ဝေဝေဆာဆာဖော်ပြကြသည်။
ကျုံချင်းယွီသည် အလွန်ပျော်ရွှင်နေပြီး ယန်ရှီနှင့် အရသာအရှိဆုံးအပိုင်းများကို မျှဝေဖတ်ရှုကြသည်။
ယန်ရှီက သတိပေးလိုက်သည်။
"အကောင့်တုသုံးနေတာ သေချာရဲ့လား စိတ်ထဲရှိရာဘာမှ လျှောက်မလုပ်နဲ့နော်၊ ပရိတ်သတ်တွေသတိထားမိသွားလိမ့်မယ်"
ကျုံချင်းယွီတစ်ယောက်ဦးနှောက်များထုံထိုင်းသွားသည်။ သူမ၏ဦးနှောက်မှ မတွေးမီမှာပင် သူမ၏ လက်ချောင်းများက ပို့လိုက်ပြီးဖြစ်နေသည်။
သူမလျင်မြန်စွာပြန်စစ်ဆေးကြည့်သော်လည်း မှတ်ချက်ကဏ္ဍတွင် ကောမန့်များစွာဖြင့် ပြည့်နှက်နေပြီး သူမ၏ တုံ့ပြန်ပြောဆိုချက်ကိုရှာရသည်မှာ ကောက်ရိုးပုံထဲ အပ်ပျောက်ရှာသည့်နှယ်ဖြစ်နေသည်။
ယန်ရှီ မျက်ခုံးတွန့်လိုက်သည်။
"ဘာမှတ်ချက်ပေးလိုက်တာလဲ”
ကျုံချင်းယွီက ရယ်မောလိုက်သည်။
"ဘာမှအရေးမကြီးပါဘူး၊ ဘယ်လိုပဲဖြစ်ဖြစ် တခြားကောမန့်တွေကြားထဲ မြှုပ်သွားမှာပဲ"
သို့သော် မိနစ်အနည်းငယ်အတွင်း ကျုံချင်းယွီ၏အမည်သည်လည်း ရေပန်းစားလာခဲ့သည်။
#ကျုံချင်းယွီက ရဲ့လော့ယီရဲ့ အရှုပ်တော်ပုံအကြောင်း Legendary ဆိုပြီး မှတ်ချက်ပေး
လူပြိန်းကြိုက်သတင်းစာဆရာများသည် သူ့မ၏ Legendary ဆိုသောတုံ့ပြန်ချက်ကို Screenshot ရိုက်ထားကြသည်။
[အမလေးဘုရားရေ၊ မင်းသမီးလေး အကောင့်ပြောင်းဖို့မေ့သွားတာလား အရင်တစ်ခါတုန်းက ရဲ့လော့ယီကို လူမုန်းများအောင်လုပ်ထားတဲ့ပို့စ်တွေကို Like ပေးခဲ့တဲ့အချိန်ကိုတောင် သတိရသွားတယ်]
[မင်းသမီးလေးက အမြဲတမ်းမှန်နေတာပဲ]
[အတွင်းလူတွေက လက်ဖက်ရည်အကြောင်းသိတယ်]
[မင်းသမီးလေး ဒီလောက်နဲ့မရပ်နဲ့၊ နောက်ထပ်ဖွင့်ပြောပါ]
[အခြေအနေတွေက ပြောင်းပြန်ဖြစ်သွားပြီ ဒီစာလုံးနှစ်လုံးတည်းနဲ့ လူတွေကကျေနပ်နေကြပြီ]
[ပြိုင်ဘက်တစ်ယောက် ကျရှုံးတာကို ဘယ်သူက မပျော်ပဲနေမှာလဲ၊ ငါမီးရှူးမီးပန်းဖောက်ပေးမယ်]
[မီးရှူးမီးပန်းတွေပဲလား၊ သူ့အနေအထားအတွက် မီးထိန်ထိန်လင်း နေတဲ့ ပြပွဲတစ်ခုဖြစ်သင့်တာ]
ကျုံချင်းယွီ အံ့အားသင့်သွားသည်။ ပုံမှန်အားဖြင့် နာမည်ကြီးများသည် သူတစ်ပါး၏ အရှုပ်တော်ပုံများနှင့် မတော်တဆပက်သတ်မိပါက ဝေဖန်ခံရမည်ဖြစ်သော်လည်း ဤတစ်ကြိမ်တွင် အင်တာနက်သုံးစွဲသူများသည် ဟာသများလုပ်ပြီး ကောလဟလသတင်းများကို ပိုမိုဖြန့်ပေးရန်တောင်းဆိုနေကြသည်။
"ငါ့ရဲ့ ပုံရိပ်ကတကယ်တိုးတက်လာပြီပဲ"
ကျုံချင်းယွီ တွေးမိသည်။
ယန်ရှီ က သူမ၏ပါးကိုညှစ်လိုက်သည်။
"လူတွေအများကြီးပဲ မိုက်လိုက်တာ"
သူမ၏ မင်းသမီးလေးကဲ့သို့ လှပပြီးချစ်စရာကောင်းသောသူကို မည်သူမနှစ်သက်ပဲ နေနိုင်မည်နည်း။
ကျုံချင်းယွီ ၏ဂုဏ်သတင်းတိုးတက်နေစဉ် ရဲ့လော့ယီ ၏ အခြေအနေသည် ပိုမိုဆိုးရွားလာသည်။
ရဲ့လော့ယီကို အမျိုးသမီးဇာတ်ဆောင်အဖြစ် ကြေညာထားသော S အဆင့် ဇာတ်လမ်းတွဲ "Seeking Immortality" သည် ယခုအခါ အမျိုးသမီးဇာတ်ဆောင်ပြောင်းလဲရန် တောင်းဆိုနေကြသည်။ ရိုက်ကူးမှုမစတင်သေးသောကြောင့် ထုတ်လုပ်သူများသည် အမြန်လိုက်လျောညီထွေဖြစ်အောင် လုပ်ဆောင်လိုက်ကြသည်။
Seeking Immortality ဇာတ်လမ်းတွဲသည် အမျိုးသမီးဇာတ်ဆောင်ပြောင်းလဲမည်ဟု အတည်ပြုကြေညာချက်ထုတ်ပြန်သည်။
ရဲ့လော့ယီသည် အလုပ်အကိုင်ပြိုလဲမှုချောက်ကမ်းပါး၏ အစွန်းတွင် ရောက်ရှိနေသည်။
သူမလုံးဝ ပြိုလဲမသွားသေးသည့် တစ်ခုတည်းသောအကြောင်းရင်းမှာ ခိုင်မာသောအထောက်အထားမရှိသောကြောင့်ဖြစ်သည်။
"ရဲ့လော့ယီဘဝက ပြီးသွားပြီ"
ကျုံချင်းယွီ က အိပ်ရာပေါ်တွင်လဲလျောင်းကာ ပြောလိုက်သည်။ အပန်းဖြေကား၏ အပူပေးစက်သည် ပါးလွှာသောညအိပ်ဝတ်စုံများနှင့် ဖိနပ်မဝတ်ထားသော သူမကိုနွေးထွေးစေသည်။
"ထျန်းဟွေ့က ဒါကိုကောင်းကောင်းကိုင်တွယ်နိုင်ရင် သူ့ အခြေအနေပြန်ကောင်းလာနိုင်တယ် မဟုတ်ရင်တော့ ဒီအနုပညာနယ်ပယ်မှာ သူ့ဘဝက အဆုံးသတ်သွားပြီ"
ပေဟန်လီ အေးတိအေးစက်ပြောသည်။
"သူသာ ထျန်းဟွေ့မှာဆက်နေရင် ကောင်းကောင်းကိုင်တွယ်နိုင်ဖို့ မဖြစ်နိုင်ဘူး"
ကျုံချင်းယွီ စဉ်းစားမိသည်။ ဟုတ်တယ်။ ရဲ့လော့ယီ သည် ထျန်းဟွေ့ သို့မဟုတ် ပေယွဲ့ပိုင်နှင့် ဆက်နွယ်နေသရွေ့ ကောလာဟလများ ဆက်ရှိနေမည်။ ဤသို့ ဒုက္ခတွေ့ရခြင်း၏အစသည် ပေယွဲ့ပိုင် ကြောင့် မဟုတ်လား။
ရဲ့လော့ယီ သည် ပေယွဲ့ပိုင် ကိုစွန့်ခွာမည်လား။
ဤအတွေးတစ်ခုတည်းကပင် ကျုံချင်းယွီ ကို စိတ်လှုပ်ရှားစေခဲ့သည်။
"ရဲ့လော့ယီသာ ထျန်းဟွေ့ကနေ ထွက်သွားမယ်ဆိုရင် သူတို့ရဲ့ စတော့ရှယ်ယာတန်ဖိုးတွေ ချက်ချင်းကျဆင်းသွားလိမ့်မယ်"
ကျုံချင်းယွီ ပြောသည်။
"ဒါပေမဲ့ ဘာပဲဖြစ်ဖြစ် ဒီနေ့ပြီးရင်တော့ ကျသွားမှာပဲ"
ထိပ်တန်းမင်းသမီးတစ်ဦး အကျပ်အတည်းနှင့် ကြုံနေရသည်နှင့်အမျှ စျေးကွက် ကျဆင်းမှုသည် ရှောင်လွဲ၍မရပေ။
ပေဟန်လီ သည် နှုတ်ခမ်းရွဲ့ပြီးရယ်ကာ
“ပေယွဲ့ပိုင် အတွက် ဒါက သင့်တော်တဲ့ အပြစ်ဒဏ်ပဲ" ဟုဆိုလိုက်သည်။
ယန်ရှီ သည် ပေယွဲ့ပိုင်၏ အမည်မထွက်မချင်း တိတ်ဆိတ်စွာ နားထောင်နေခဲ့သည်။
"ဥက္ကဌပေ ရှင်နဲ့ ပေယွဲ့ပိုင် က ညီအစ်ကိုတွေ မဟုတ်ဘူးလား၊ ဘာလို့ ဒီလို မုန်းတီးနေရတာလဲ"
"မိသားစု ကိစ္စပါ"
ကျုံချင်းယွီ သည် ကျုံယန်စီကို တစ်ချက်ကြည့်လိုက်သည်။
"ငါ့မိသားစုလိုပဲ"
ပေဟန်လီ သည် သီးစုံဝိုင်ကို လောင်းထည့်ပြီး ကျုံချင်းယွီထံ တစ်ခွက်ကမ်းပေးလိုက်သည်။
"ဒါကမတူဘူး၊ ပေယွဲ့ပိုင်နဲ့ ကိုယ့်ကြားမှာ ဝေးကွာနေတာက သူက ကိုယ့်အဖေရဲ့ တရားမဝင်သား ဖြစ်နေလို့ပဲ၊ ကိုယ်တို့က ညီအစ်ကို အစစ်မဟုတ်ဘူး ဘယ်လိုလုပ်ပြီး သဟဇာတ ဖြစ်နိုင်မှာလဲ"
ကျုံချင်းယွီနှင့် ကျုံယန်စီ တို့သည် အံ့အားသင့်သွားပြီး သူ့ကို စိုက်ကြည့်နေကြသည်။
ပေယွဲ့ပိုင်သည် ကျုံချင်းယွီထံ ဤအချက်ကို မည်သည့်အခါတွင်မှ ဖွင့်ဟဝန်မခံ ခဲ့သဖြင့် သူမ မသိခဲ့ပေ။ ကျုံယန်စီ သည်လည်း ပေဟန်လီ ၏ မိသားစု နောက်ခံအကြောင်းကို ပထမဆုံးအကြိမ် ကြားရခြင်းဖြစ်သည်။
ကျုံချင်းယွီသည် နှာခေါင်းရှုံ့လိုက်သည်။
ပေမိသားစုကိုယ်စားပြုသော ဒုတိယသခင်လေး အဖြစ် ပေယွဲ့ပိုင် သည် အဘယ်ကြောင့် သူမအပေါ် ဤမျှစွဲလမ်းနေသည်ကို သူမ မည်သည့်အခါကမှ နားမလည်ခဲ့။ ယခုတော့ နားလည်သွားပြီဖြစ်သည်။ သူသည် အာဏာနှင့် ငွေကြေးအတွက် သူမကို ချဉ်းကပ်နေခြင်းသာဖြစ်ပေမည်။
ထျန်းဟွေ့အတွက် စတော့ရှယ်ယာ ကျဆင်းမှုသာရရှိမည်ဆိုလျှင် ဝမ်းနည်းစရာပင်။ သူတို့ ဒေဝါလီပင်ခံသင့်ပေသည်။
ယန်ရှီသည် သူမ မေးခွန်းမေးပြီးနောက် တိတ်ဆိတ်သွားခဲ့သည်။ System က ဇာတ်လမ်း အသေးစိတ်များကို မဖော်ပြရန် သူမကို သတိပေးခဲ့သော်လည်း ပေဟန်လီသာ အမှန်တရားကို ဖော်ထုတ်နေပါက သူမပြောသည်ဟုပင် ဆိုလိုသလား။ ကျုံချင်းယွီ သည် ပိုမို စောစီးစွာ သိသင့်သည်။
သူတို့ စကားပြောနေစဉ် အပြင်ဘက်ကောင်းကင်တွင် အလင်းတန်း တစ်ခုဖြတ်သန်းသွားခဲ့သည်။
မြောက်ဘက် အလင်းရောင်များ ရောက်ရှိလာလေပြီ။
အေးခဲနေသော ညအချိန်တွင် အရုဏ်ဦးအလှသည် Gibson တောင်ကြားအပေါ်တွင် ကခုန်နေသည်။ အမှောင်အမိုက်များကြားမှ မြအဆင်းရောင်နှင့် ခရမ်းရောင်အလင်းများဖြင့် ကောင်းကင်တစ်ခွင်လုံးတွင် ပြည့်နှက်နေသည်။
၎င်းတို့လေးဦးသားသည် ဂျာကင်အထူကြီးများကို ဝတ်ဆင်ပြီး အပန်းဖြေယာဉ်ထဲမှ ထွက်လာကြသည်။
အဖွဲ့ဝင်များသည် ဤအံ့သြဖွယ်ရုပ်ပုံများကို ဖမ်းယူရန် အဆင်သင့်ဖြစ်နေပြီဖြစ်သည်။ ဤသည်မှာ အထူးသီးသန့်ဆန်သည့် အဆင့်မြင့်ရုပ်ရှင် ရှုခင်းများဖြစ်ပြီး ရသစုံရှိုး၏ အဆင့်ကို အမှန်တကယ် မြှင့်တင်ပေးနိုင်သည်။
ဒါရိုက်တာယွီသည် အထူးသဖြင့် စိတ်လှုပ်ရှားနေပြီး ကင်မရာကို အသက်ဝိညာဉ်တစ်ခုကဲ့သို့ ဆုပ်ကိုင်ထားသည်။
"ငါ ဘယ်လောက်ပင်ပန်းခဲ့ရတယ်ဆိုတာ မင်းသိလား၊ ရိုက်ကူးနေတဲ့ အတောအတွင်းမှာပဲ အနုပညာရှင် ၇ ယောက်ထဲက ၂ ယောက်က နှုတ်ထွက်သွားခဲ့ပြန်ပြီ"
ချင်းလီ၏ ဇာတ်ကွက်များကို တည်းဖြတ်ရန်မှာ အိပ်မက်ဆိုး တစ်ခုဖြစ်ခဲ့ပြီး ယခုတွင် ရဲ့လော့ယီနှင့် ရိုက်ကူးထားသော အရာအားလုံးကို ဖျက်ရမည်ဖြစ်သည်။ ရသစုံရှိုးအတွက် အသုံးပြုနိုင်သော ကုန်ကြမ်းများ ကုန်ဆုံးနေပြီဖြစ်သည်။
သို့သော် မနက်ခင်းအလှရှုခင်းရှိသေးသည်။ ဤသည်မှာ သူ၏ ပူဆွေးမှုများအတွက် စကြာဝဠာမှ ပေးသော ဆုလာဘ်လည်းဖြစ်သည်။
ယန်ရှီသည် အရုဏ်ဦးအလှကို ဓာတ်ပုံရိုက်နေစဉ် ဒါရိုက်တာယွီ၏ တိုင်ကြားမှုများကို ကြားလိုက်သည်။ သူမက ပြုံးရင်းဖြင့်ပင် သူ့ကို နှစ်သိမ့်ပေးလိုက်သည်။
"ရဲ့လော့ယီရဲ့ ဇာတ်ကွက်တွေကို တကယ်ကြီး ဖျက်ပစ်ရမှာလား"
ဒါရိုက်တာယွီသည် အံ့အားသင့်သွားပြီး ယန်ရှီကို မယုံကြည်နိုင်ဟန်ဖြင့်ပြန် ကြည့်လိုက်သည်။
"ရဲ့လော့ယီအကြောင်း ကောလာဟလတွေက အတုတွေလား"
"ဘယ်အရာကို ရည်ညွှန်းတာလဲဆိုတာ အပေါ် မူတည်တယ်၊ သူက နေရာကောင်းရဖို့ အတူအိပ်တယ်ဆိုတဲ့ ကောလာဟလကို ဆိုလိုတာဆို ဟုတ်ပါတယ် အဲဒီကောလာဟလကအမှားပါ၊ ဒါပေမဲ့ သူက တောင်းဆိုမှုမှန်သမျှကို မငြင်းပဲ သူ့ကိုလာပြီးပိုးပန်းတဲ့သူတွေဆီက အခွင့်အလမ်းတွေကို လက်ခံခဲ့တယ်ဆိုတာကတော့ မှန်နိုင်တယ်"
"အမှန်တရားကိုလား လိမ်ညာမှုကိုလား၊ ဘယ်အပိုင်းကို အာရုံစိုက်တာလဲဆိုတာ အပေါ် မူတည်တယ်"
ထိုအတောအတွင်းတွင် ရဲ့လော့ရီနှင့် ဆုလင်းလင်းတို့သည် လေဆိပ်သို့ရောက်နေကြပြီဖြစ်သည်။
ရဲ့လော့ယီသည် တစ်လမ်းလုံး သူမ၏ ရှေ့နေရှန်လင်းနှင့် ဆက်သွယ်နေခဲ့သည်။ ထျန်းဟွေ့မှ ထွက်ရန် ဆုံးဖြတ်ပြီးနောက် သူမသည် ၎င်းတို့၏ လူထုဆက်ဆံရေးအဖွဲ့ကို မှီခိုနိုင်တော့မည် မဟုတ်ပဲ ကိစ္စများစွာကို ကိုယ်တိုင် ကိုင်တွယ်ရမည် ဖြစ်သည်။
"ပထမဆုံးအနေနဲ့ ပေယွဲ့ပိုင်ကို ကျွန်မရဲ့ ဂုဏ်သတင်း ပျက်ပြားအောင် လုပ်တဲ့အတွက် တရားစွဲမယ် လူထုရှေ့မှာ တောင်းပန်ခိုင်းမယ် ပြီးရင် ထျန်းဟွေ့နဲ့ စာချုပ်ကို ဖျက်သိမ်းမယ်၊ အဲဒီကုမ္ပဏီရဲ့ CEO က ကျွန်မ အကြောင်း ကောလာဟလ စတင်ခဲ့တာကြောင့် ပြစ်ဒဏ်ကြေးကို ညှိနှိုင်းနိုင်တယ်၊ စာချုပ်ထဲမှာ ပါတဲ့အတိုင်း အမြင့်ဆုံး ဖြစ်လို့မရဘူး"
ရှန်လင်းသည် နိုင်ငံတွင်း ရှိနေဆဲ ဖြစ်ပြီး အွန်လိုင်း တုံ့ပြန်မှု ကို ကိုင်တွယ်ရန် သူမ၏ အဖွဲ့ကို စီစဉ်နေပြီ ဖြစ်သည်။
"နားလည်ပါတယ်၊ ရဲ့လော့ယီ ရှင် ပြန်ရောက်လာရင် အသေးစိတ် တွေဆွေးနွေးကြမယ်"
"ငါ အစောဆုံး လေယာဉ်မှာစာရင်း သွင်းထားပြီးပြီ၊ မနက်ဖြန် မနက် ရှင့်ရဲ့ ရှေ့နေရုံးကို အရင်လာခဲ့မယ်"
ဖုန်းချပြီးနောက် ဆုလင်းလင်း သည် စိတ်လှုပ်ရှားစွာဖြင့် ရဲ့လော့ယီ ၏ လက်များကို ဆုပ်ကိုင်လိုက်သည်။
"ရီရီ နောက်ဆုံးတော့ ပေယွဲ့ပိုင်ကို စွန့်ခွာဖို့ ဆုံးဖြတ်လိုက်ပြီပေါ့"
ရဲ့လော့ယီ ခေါင်းငြိမ့်လိုက်သည်။
ယခင်တုန်းက ကားထဲတွင် ယန်ရှီနှင့် အချေအတင်ငြင်းခုံခဲ့သော်လည်း သူမ၏ လက်ရှိအခက်အခဲ၏ ၉၀% သည် ပေယွဲ့ပိုင် ကြောင့် ဖြစ်ကြောင်းကိုနားလည်လာသည်။
ရဲ့လော့ယီသည် သူမ ကိုယ်သူမ အပြစ်မဲ့သော ယုန်လေးတစ်ကောင်အဖြစ်မမှတ်ယူပေ။ သူမသည် အမှန်တရားကို ပြောတတ်သူ ဖြစ်ပြီး သူမ ဆက်ဆံသော အမျိုးသားများသည် လူပျိုများ ဖြစ်သည်။ ပက်သတ်ခဲ့ကမျှ အရာအားလုံးသည်လည်း သဘောတူညီချက်ဖြင့် ဖြစ်သည်။ သူမသည် အွန်လိုင်းပေါ်က မုန်းတီးမှုအားလုံးကို ခံထိုက်သလား။
မဟုတ်ပေ။ ပေယွဲ့ပိုင်ကသာ သူမကို အိမ်ထောင်ရေးဖျက်ဆီးသူတစ်ဦးအဖြစ် ပြုလုပ်ကာ သူမ၏ ဂုဏ်သတင်းကို ပိုမို ဆိုးရွားစေခဲ့သည်။
အခြေအနေများကို ပြောင်းလဲလိုပါက ထျန်းဟွေ့ မှ ထွက်ခွာခြင်းသည် ပထမဆုံးခြေလှမ်း ဖြစ်သည်။
ရဲ့လော့ယီ စိတ်ဓာတ်ကို မြင်တွေ့ရသည်နှင့် ဆုလင်းလင်းသည် ဘဏ်ကတ်တစ်ခု ထုတ်ယူကာ သူမ၏လက်ထဲသို့ ထည့်လိုက်သည်။
"ရီရီ နင့်မှာ စာချုပ်ဖျက်ကြေးအတွက် ငွေမရှိဘူးဆိုတာ ငါသိတယ်၊ ဒီမှာ ၃၀ မီလီယမ်ပါတယ် အဲဒါသုံးလိုက်ပါ"
ဆုမိသားစုသည် ကျုံချင်းယွီ၏ အထက်တန်းစားအသိုင်းအဝိုင်းကလောက် ချမ်းသာခြင်းမရှိသော်လည်း ဆုလင်းလင်းတွင် တည်ငြိမ်သော အလုပ်မရှိသဖြင့် ၃၀ မီလီယမ်သည် သူမ၏ တစ်သက်တာစုဆောင်းငွေဖြစ်သည်။
ရဲ့လော့ယီ မျက်လုံးများတွင် မျက်ရည်ဝဲလာသည်။ အင်တာနက်ပေါ်တွင် သူမကို ဝေဖန်နေစဉ် ဒါရိုက်တာယွီက ရသစုံရှိုးမှ ထွက်ခွာရန် တောင်းဆိုစဉ်တွင်ပင် သူမ မျက်ရည်ကျခဲ့ပေ။
သို့သော် ယခုတွင် မျက်ရည်တံခါးများ ပွင့်သွားခဲ့လေပြီ။
သူမသည် ဆုလင်းလင်းကို ခပ်တင်းတင်းဖက်ထားလိုက်မိသည်။
"လင်းလင်း ကျေးဇူးတင်ပါတယ်"
ဆုလင်းလင်းက သူမ၏ နောက်ကျောကို ပုတ်ပေးလိုက်သည်။
"သူငယ်ချင်းဆိုတာ ဒီလိုပဲဖြစ်ရမယ်လေ၊ နင်က အမြဲတမ်း ငါ့အတွက် ရှိနေခဲ့တာ မှတ်မိတယ်မလား"
ရဲ့လော့ယီ ခေါင်းတဆတ်ဆတ်ငြိမ့်ပြီး သူမကို ပိုမို တင်းကြပ်စွာ ဖက်ထားလိုက်သည်။
ယခင်က သူတို့သည် သူငယ်ချင်းများသာ ဖြစ်သည်။ ပျော်စရာ အချိန်များကိုသာ အတူတူ ဖြတ်သန်းခဲ့ကြသည်။
သို့သော် အခက်အခဲအချိန်များတွင်သာ အမှန်တကယ် ဂရုစိုက်သူကို သိရှိနိုင်သည်။
"ယီယီ"
ပေယွဲ့ပိုင်၏ အသံသည် အနောက်မှ ထွက်ပေါ်လာသည်။
ရဲ့လော့ယီက လှမ်းကြည့်ဟန်ပြင်လိုက်သော်လည်း ဆုလင်းလင်းသည် မည်သူမည်ဝါဖြစ်သည်ကို မြင်သောအခါ ချက်ချင်းပင် သူမ၏ရှေ့တွင် ကာကွယ်ပေးရန် ရပ်လိုက်သည်။
ရဲ့လော့ယီသည် ဆုလင်းလင်း၏ ပခုံးကို နူးညံ့စွာ ပုတ်ပေးလိုက်သည်။
"ဘာမှ မဖြစ်ပါဘူး"
သူမက အရှေ့သို့ တက်လှမ်းပြီး ပေယွဲ့ပိုင် နှင့် မျက်နှာချင်းဆိုင်လိုက်သည်။
"စာချုပ်ဖျက်သိမ်းကြောင်း အကြောင်းကြားစာကို ထျန်းဟွေ့ကို ပို့ပြီးသားပါ၊ ပေယွဲ့ပိုင် တစ်ခုခု ထပ်လိုသေးလို့လား"
ပေယွဲ့ပိုင်၏ နှလုံးသား နာကျင်သွားသည်။ သူသည် အကြောင်းကြားစာကို မြင်ခဲ့သော်လည်း လက်မခံနိုင်ခဲ့။
"ယီယီ တရားစွဲစရာ မလိုပါဘူး၊ ဆွန်းချီကို ကိုယ် ပြောခဲ့သမျှ အကုန်လုံးသည် အဓိပ္ပါယ်မရှိတဲ့စကားတွေဆိုတဲ့အကြောင်းကို ကြေညာချက်ရေးခိုင်းပြီးပါပြီ၊ ယီယီ ကျေးဇူးပြုပြီး ကိုယ့်ကို မစွန့်ခွာသွားပါနဲ့ ကိုယ်တောင်းပန်ပါတယ်"
ရဲ့လော့ယီ သည် နှာခေါင်းရှုံ့ကာ ပြောလိုက်သည်။
"အို ရှင်ကကြေညာချက် ထုတ်ပြန်ပြီးတောင် တောင်းပန်မယ်ပေါ့"
"ဟုတ်တယ် ကိုယ်လုပ်မယ် အခုချက်ချင်း တိုက်ရိုက်ထုတ်လွှင့်မယ်၊ ဒါမှမဟုတ် Weibo မှာတင်မယ် ကိုယ်တောင်းပန်မယ်၊ ကိုယ့်အမှားပါ အားလုံးက ကိုယ့်အမှားပါ"
သူသည် သူမ၏ လက်များကို အသည်းအသန် ဆုပ်ကိုင်သော်လည်း ရဲ့လော့ယီက ခါချလိုက်သည်။
"အဓိပ္ပါယ်မရှိတာတွေ မလုပ်ပါတော့နဲ့၊ ပေယွဲ့ပိုင် ဒီလိုအချိန် ရောက် နေတာကို ကျွန်မက ထျန်းဟွေ့မှာ ဆက်နေနိုင်မယ် ထင်လို့လား မဖြစ်နိုင်ဘူး၊ ဟိုင်မြို့က ဗီလာကို ရောင်းမယ် အဲဒါက ဒဏ်ကြေးအတွက် လုံလောက်မှာပါ"
ပေယွဲ့ပိုင် ၏ မျက်လုံးများ ပြူးကျယ်လာသည်။
"ငွေ မလိုချင်ဘူး မင်းကိုပဲ လိုချင်တယ်၊ မင်း ကိုယ့်ကို ရွေးခိုင်းခဲ့တာ မဟုတ်လား ကိုယ်လမင်းကို ရွေးမယ် ကိုယ့်နှလုံးသားထဲမှာ မင်း တစ်ယောက်တည်းရှိတာပါ၊ အခုရော အမြဲတမ်းရော မင်းပဲရှိတာပါ"
ရဲ့လော့ယီ သည် အေးတိအေးစက် ရယ်မောပြီး သူ့ ပါးကိုရိုက်လိုက်သည်။
"ပေယွဲ့ပိုင် ရှင်တကယ်ကျွန်မကို ရွေးခဲ့တာလား ဒါမှမဟုတ် ကျုံချင်းယွီက ရှင်ဟန်ဆောင်နေတာကိုသိလို့ ရှင့်ကို အဆက်အသွယ်ဖြတ်လိုက်တာနဲ့ပဲ ကျွန်မက ရှင့်ရဲ့ နောက်ဆုံး ရွေးချယ်စရာ ဖြစ်နေလို့မလား၊ သူများမစားချင်လို့ကျန်တဲ့ မုန့်ကို ကျွန်မ မစားနိုင်ဘူး"
သူမသည် သူနှင့်အချိန်ဖြုန်းလိုသည် မဟုတ်။ အကယ်၍ သူတို့ ဆက်လက် အငြင်းပွားနေပါက တစ်စုံတစ်ဦးက ရိုက်ကူးပြီး ပိုမိုဂယက်ဖြစ်စေမည့် ဇာတ်လမ်းများ ဖန်တီးနိုင်သည်။
ထိုအချိန်တွင် လေယာဉ်ထွက်ရန် ကြေညာချက် ထွက်ပေါ်လာသည်။ ရဲ့လော့ယီ နှင့် ဆုလင်းလင်း တို့သည် လေယာဉ်ပေါ် တက်သွားကြသည်။
ပေယွဲ့ပိုင် လိုက်သွားသော်လည်း ကံကောင်းထောက်မစွာဖြင့် သူတို့၏ ထိုင်ခုံ မတူညီသဖြင့် သူသည် သူမကို ထပ်မံ အနှောင့်အယှက် မပေးနိုင်တော့ပေ။
လေယာဉ်ပျံတက်ပြီး ဆက်သွယ်ရေးကိရိယာအားလုံး ပိတ်သွားသောအခါ ရဲ့လော့ယီ သည် လေယာဉ်အတွင်းရှိ Wi-Fi ကို ချိတ်ဆက်လိုက်သည်။
လုပေယွီသည် သူမအား WeChat မှတစ်ဆင့် လေယာဉ်ပေါ်သို့ စိတ်ချလုံခြုံစွာ တက်နိုင်ပြီလားဟု မေးလိုက်သည်။
လုမိသားစု၏ သီးသန့် လေယာဉ်သည် မနက်ဖြန်တွင် လုဝမ်နင်း ကို M နိုင်ငံမှ ခေါ်ယူရန် စီစဉ်ထားသဖြင့် လုပေယွီ သည် ရသစုံရှိုးမှ မထွက်ခွါသေးသည့်အတွက် Queenstown တွင် ရှိနေဆဲဖြစ်သည်။
[ငါ လေယာဉ်ပေါ်တက်ပြီ]
ရဲ့လော့ယီ က ပြန်ဖြေသည်။
လုပေယွီ — [ကောင်းပြီ]
[ဒါရိုက်တာယွီက မင်းရဲ့ ဇာတ်ကွက်တွေကို ရသစုံရှိုးကနေ ဖြတ်မှာ မဟုတ်ဘူးလို့ ပြောတယ် အစီအစဉ်အတိုင်း ထုတ်လွှင့်လိမ့်မယ်]
ရဲ့လော့ယီ အံ့အားသင့်သွားသည်။
[ဒါရိုက်တာယွီ ဒီလောက်တောင် ကြင်နာတတ်တာလား]
လုပေယွီ — [ယန်ရှီက မင်းအထက်လူကြီးတွေနဲ့ အိပ်တယ်ဆိုတဲ့ ကောလာဟလတွေ မှားတယ်လို့ ပြောတယ်၊ ထျန်းဟွေ့ ကလည်း တောင်းပန်ကြေညာချက် ထုတ်ပြန်ပြီးသားပါ အဲဒါကြောင့် သူ အခွင့်အရေးပေးလိုက်တာ]
ရဲ့လော့ယီ တုန်လှုပ်သွားမိပြီး သူမ၏ ဖုန်းကို အချိန်ကြာရှည်စွာ ဆုပ်ကိုင်ထားလိုက်မိသည်။
လုပေယွီသည် အပြည့်အဝ နားမလည်နိုင်သော်လည်း ရဲ့လော့ယီ သိသည်။
အကယ်၍ သူမ၏ ဇာတ်ကွက်များ "အတူခရီးသွားကြစို့" အစီအစဉ်တွင် ဆက်လက်ပါဝင်ပါက သူမ ပယ်ဖျက်ခြင်း မခံရကြောင်း ဆိုလိုသည်။
အခြား ပလက်ဖောင်းများသည် သူမ၏ လက်ရာများကို ဆက်လက် ထုတ်လွှင့်မည်ဖြစ်ပြီး ထုတ်လုပ်သူများသည် သူမကို ပြန်လည် အသုံးပြုဝံ့လာလိမ့်မည်။
ယန်ရှီသည် စကား အနည်းငယ်သာ ပြောခဲ့သော်လည်း ထို စကားလုံးများသည် ရဲ့လော့ယီ အတွက် အလွန်ကြီးမားသော အရေးပါမှုရှိသည်။
ရဲ့လော့ယီ သည် ယန်ရှီ၏ ချက်ဘောက်စ်ကို ဖွင့်ကာ
[ကျေးဇူးတင်ပါတယ်] ဟုပို့လိုက်သည်။
ယန်ရှီ ချက်ချင်း ပြန်ဖြေလိုက်သည်။
[မလိုပါဘူး ချင်းချင်းရဲ့ နင့်အပေါ်ရှိနေတဲ့ အကြွေးတွေကိုပဲ ပြန်ပေးတာပါ၊ ကျန်တာတော့ ငါနဲ့ မဆိုင်ဘူး]
ရဲ့လော့ယီ နားမလည်ခဲ့ပေ။
ထိုအတွင်း Gibbston တောင်ကြားတွင် အရုဏ်ဦးအလင်း ရောင်များ တောက်ပစွာ လင်းဖြာနေသည်။
ယန်ရှီ နှင့် ကျုံချင်းယွီတို့သည် လင်းရောင်ခြည်အောက်တွင် ဓာတ်ပုံများ လှည့်လည် ရိုက်ကူးနေစဉ် Systemမှ ရုတ်တရက် အသံ ပြုလိုက်သည်။
[ဒင် ရဲ့လော့ယီ ကျော်ကြားမှု ကျဆင်းသွားပြီ ကျုံချင်းယွီကံကောင်းခြင်းအမှတ် ၅ မှတ် ရရှိပါတယ်၊ လက်ရှိ ကံကောင်းခြင်းတန်ဖိုး - ၈၅မှတ် ]
ယန်ရှီသည် တောက်ပသော အရုဏ်ဦး၏ ရှုခင်းကို ငေးကြည့်နေသည်။
ရဲ့လော့ယီ နှစ်နှစ်အတွင်း အလျင်အမြန် ကျော်ကြားလာမှုသည် ကျုံမိသားစု၏ အရင်းအမြစ်များဖြင့် ရရှိလာခဲ့ခြင်းဖြစ်သည်။ အခြေခံအားဖြင့် ကျုံချင်းယွီ၏ ကံကောင်းမှုကို စုပ်ယူခဲ့ခြင်း ဖြစ်သည်။ ယခု ယန်ရှီက ထိုအရာအတွက် ပြန်လည်ရယူပေးနေကြခြင်းဖြစ်သည်။
ရဲ့လော့ယီ နှင့် ကျုံချင်းယွီ အကြား ရန်စမှာ ပေယွဲ့ပိုင်မှ စတင်ခဲ့ခြင်းဖြစ်သည်။ သူသည် အမှန်တကယ်ဗီလိန်တစ်ယောက်ဖြစ်သည်။ ယန်ရှီသာ စာရင်းရှင်းလိုပါက သူ့ကို ပစ်မှတ်ထားရမည်။
......
"ရှီရှီ ဘာတွေတွေးနေတာလဲ ဓာတ်ပုံ ရိုက်မယ်လေ"
ကျုံချင်းယွီက လှမ်းခေါ်လိုက်သည်။
ယန်ရှီသတိပြန်ကပ်သွားသည်။
"လာပါပြီ"
ယန်ရှီက ပြန်ဖြေကာ ကျုံချင်းယွီထံ ပြေးသွားပြီး ကင်မရာအတွက် ဟန်ချက်ညီအောင် ရပ်လိုက်သည်။
လုပေယွီသည် ဓာတ်ပုံဆရာအဖြစ် ပါဝင်ပေးသည်။
လုမိသားစု၏ ငယ်ရွယ်သောသူဌေးသားလေးသည် ကျွမ်းကျင်မှုများစွာရှိပြီး ထိုကျွမ်းကျင်မှုများတွင် ဓာတ်ပုံရိုက်ခြင်းလည်း ပါဝင်သည်။
ပေဟန်လီ၊ ကျုံယန်စီ နှင့် လုပေယွီ တို့ ရိုက်ကူးထားသော ဓာတ်ပုံများကို နှိုင်းယှဉ်ကြည့်ပြီးနောက် ကျုံချင်းယွီက လုပေယွီ၏ လက်ရာဓာတ်ပုံများကို အကောင်းဆုံး ဖြစ်သည်ဟု ဆုံးဖြတ်လိုက်သည်။
ပေဟန်လီလည်း ချဉ်းကပ်လာပြီး ကျုံချင်းယွီနှင့် ဓာတ်ပုံတွဲရိုက်လိုကြောင်း ပြောသည်။
ကျုံယန်စီသည် လျင်မြန်စွာ တုံ့ပြန်ကာ သူ့ကို လည်ပင်းကုပ်ကို ဆွဲထားလိုက်သည်။
ပေဟန်လီ - "ယောက်ဖ ငါတောင်းပန်ပါတယ်"
ကျုံယန်စီ က သူ့ကို ဘေးသို့တွန်းဖယ်လိုက်သည်။
"မင်းက ချင်းချင်း နဲ့ မလိုက်ဘူး၊ မင်းက အကြံအစည်များလွန်းတယ်"
"ငါက သခင်မလေးအပေါ် ဘာအကြံအစည်မှမရှိပါဘူး"
ပေဟန်လီ ချက်ချင်းပင် သူ့ကို နားချရန် ကြိုးပမ်းသည်။
ကျုံယန်စီ သူ့ကို ဘေးတိုက် စောင်းကြည့်လိုက်သည်။
"ချင်းချင်းနဲ့ပတ်သက်ပြီး မင်းက ဘာကိုသဘောကျတာလဲ"
ကျုံယန်စီသည် ပေဟန်လီနှင့် ကျုံချင်းယွီတို့အကြား ထူးခြားသော အပြန်အလှန် ဆက်ဆံမှုကို မကြားဖူးပေ။ အများအားဖြင့် အထက်တန်းလွှာမိသားစုဝင်များ၏ ဧည့်ခံပွဲများတွင်သာ တွေ့ဖူးသည်။ ထိုအရာက ချစ်ခြင်းမေတ္တာ ဖြစ်နိုင်မည်မဟုတ်ပေ။
ပေဟန်လီ ကပြုံးရယ်ကာ ပြန်ပြောသည်။
"သခင်မလေးက အကုန်လုံး ချစ်စရာကောင်းတယ်၊ လှလည်းတယ်စိတ်ထားလည်းကောင်းတယ် မျက်နှာမြင်ချစ်ခင်ပါစေဆိုတဲ့ ဆုတောင်းနဲ့ပြည့်စုံပြီးတော့ ကြင်နာတတ်တဲ့နှလုံးသားလည်းရှိတယ်"
ကျုံယန်စီ - ?
သူက လက်ကိုဆန့်လိုက်ကာ ပေဟန်လီ၏ နဖူးကို ထိလိုက်သည်။
"မင်း ရူးနေတာလား အခုအချိန်မှာဘာလို့ အဓိပ္ပါယ်မရှိတာတွေ လာဖြီးနေတာလဲ"
ပေဟန်လီသည် ကျုံယန်စီ လက်ကို ဖယ်ရှားပြီး သူ၏ အပျော်အပျက် အကြည့်မှသည် လေးနက်သော ပုံစံသို့ ပြောင်းသွားသည်။
"ကျုံယန်စီ ငါတကယ်ပြောတာပါ၊ ငါ့အတွက် သခင်မလေးက တကယ်ပြည့်စုံတယ်"
အရုဏ်ဦးရိုက်ကူးမှုသည် X နိုင်ငံခရီးစဉ်အတွက် အကောင်းဆုံး အဆုံးသတ် ဖြစ်ခဲ့သည်။
မူလအစီအစဉ်အရ ထုတ်လုပ်သူများသည် Queenstown တွင် တစ်ရက် ထပ်မံ နေထိုင်ရန် ဧည့်သည်များအား အခမဲ့စီစဥ်ပေးထားသည်။ သို့သော် မြို့တော်သည် အလွန်အေးရာ ကျုံချင်းယွီ သည် ထိုရာသီဥတုကို မနှစ်သက်။ ဟိုင်မြို့တော်သို့ ပြန်ခရီးထွက်ရန် ၁၂ နာရီ ကြာမြင့်မည်ဖြစ်ပြီး ညနေပိုင်းတွင် ထွက်ခွာခြင်းဖြင့် အဖွဲ့သည် လေယာဉ်ပေါ်တွင် အနားယူနိုင်ပြီး အချိန်မီ နိုးထနိုင်သည်။
ထို့ကြောင့် ကျုံချင်းယွီနှင့် ယန်ရှီတို့သည် ပစ္စည်းပစ္စယများ ထည့်ကာ ညတွင်းချင်း အိမ်ပြန်ခရီးထွက်ရန် ပြင်ဆင်ကြသည်။
ကျုံယန်စီသည်ကား မထွက်ခွာနိုင်သေးပေ။ X နိုင်ငံ ရှိ အခြား Royal ဟော်တယ်များ၏ လုပ်ငန်းဆောင်တာများကို စစ်ဆေးရန် လိုအပ်နေသေးပြီး တစ်ရက် နောက်ကျမည်ဖြစ်သည်။
ကျုံချင်းယွီသည် ပို၍ ပျော်ရွှင်သည်။ ကျုံယန်စီ မပါပဲ သွားခြင်းသည် အကောင်းဆုံးပင်ဖြစ်သည်။
လေဆိပ်တွင် တွေ့မြင်ရသည်မှာ ကျုံမိသားစု၏ သီးသန့် လေယာဉ်သာ ဖြစ်ပြီး ပေမိသားစု လေယာဉ် မတွေ့ရ။ ပေဟန်လီသည် စိတ်အားထက်သန်စွာ ချဉ်းကပ်လာသည်။
"သခင်မလေး မနက်ဖြန် ထွက်မယ်ထင်ပြီး လေယာဉ်လက်မှတ်မစီစဥ်ထားလိုက်ရဘူး၊ အတူတူလိုက်လို့ ရမလား"
ယန်ရှီ - "..."
လေယာဉ်လက်မှတ်စီစဉ်ရန် မေ့သွားခဲ့သည်ဆိုသည်မှာ ဤလူဆိုးသည် ရည်ရွယ်ချက်ရှိရှိ လုပ်နေခြင်းဖြစ်သည်။ သို့သော် ကျုံချင်းယွီက ဂရုမစိုက်သကဲ့သို့ဖြစ်နေသည်။
ည ၂ နာရီကျော်ဖြစ်ပြီဖြစ်၍ မည်သို့ပင်ဆိုစေကာမူ လေယာဉ်ပေါ်တွင် အိပ်ပျော်ကြမည်ရာ ယန်ရှီက ဘာမှဝင်မပြောပဲ နေလိုက်သည်။
ယန်ရှီနှင့် ကျုံချင်းယွီ တို့သည် အခန်းတစ်ခန်းတည်း အတူတူနေကြသည်။
ရေချိုးပြီးနောက် နှစ်ယောက်စလုံး အိပ်ရာထဲသို့ ဝင်လိုက်ကြသည်။
ယန်ရှီသည် အလွန်ပင်ပန်းနွမ်းနယ်နေပြီး သူမ၏ သေးငယ်သော ကိုယ်ခန္ဓာဖြင့် တစ်နေ့လုံး တောထဲတွင် သေနတ်နှင့် လျှောက်လှမ်းခဲ့ရပြီး အရုဏ်ဦးရှုခင်းကြည့်ရန်ပင် နောက်ကျခဲ့ရသည်။ သူမသည်ခေါင်းအုံးပေါ်သို့ ခေါင်းတင်ပြီးသည်နှင့် အိပ်ပျော်သွားခဲ့သည်။
သို့သော် ကျုံချင်းယွီသည် အိပ်မပျော်ခဲ့ပေ။သူမသည် ပုံမှန်အားဖြင့် ညဘက်တွင် စောစောအိပ်ရာဝင်လေ့ရှိပြီး မျက်ကွင်းညိုမည်ကို စိုးရိမ်လေ့ရှိသော်လည်း ဤအေးမြပြီး တိတ်ဆိတ်သော ညတွင် မအိပ်နိုင်ပဲ နိုးကြားနေခဲ့သည်။
ဆိတ်မွေးဖြင့် ပြုလုပ်ထားသောစောင်ကြီးကိုခြုံထားသော ကျုံချင်းယွီသည် အခန်းမှ မည်သူမျှ မသိအောင် ထွက်လာခဲ့သည်။
နားနေခန်းရှိ ပြတင်းပေါက်နားတွင် ထိုင်နေစဉ် ကျုံချင်းယွီတစ်ယောက် သီးသန့်လေယာဉ်သည် တိမ်များကြားမှ ပျံတက်နေသည့်ပုံကို စောင့်ကြည့်နေသည်။
ညအမှောင်များက ဝေဝါးနေသော မြူများကို မျိုချနေသကဲ့သို့ ခံစားရသည်။
ထိုအချိန်တွင် သူတို့သည် မသိသော ကောင်းကင်ဘုံတစ်ခုထံသို့ ပျံသန်းနေသကဲ့သို့ ခံစားရသည်။
ကျုံချင်းယွီသည် ပေယွဲ့ပိုင် ကို အဘယ်ကြောင့် ချစ်ရသည်ကို မှတ်မိနေခြင်း မရှိတော့ကြောင်း သတိထားမိလာသည်။ ပြီးခဲ့သည့် နှစ်နှစ်သည် အိပ်မက်ကဲ့သို့ ဝေဝါးနေသည်။
သို့သော် ယခင်က အဖြစ်အပျက်များ ပြန်လည်ပေါ်ထွက်လာသည်။
တစ်စုံတစ်ဦးက သူမ၏ မှတ်ဉာဏ်များကို ဖျက်ဆီးပစ်ခဲ့ပြီး H နိုင်ငံမှ ထွက်ခွာပြီးနောက်မှသာ မူရင်းဓာတ်ပုံများ တဖြည်းဖြည်း ပြန်ပေါ်လာသကဲ့သို့ ဖြစ်နေသည်။
နှစ်နှစ်သည် အဓိကအချိန်မျဉ်းဖြစ်ခဲ့သည်။ နှစ်နှစ်အကြာက ကျုံချင်းယွီ သည် ကျုံပါးပါးနှင့်အတူ လူအိုကြီးပေ၏ မွေးနေ့ပွဲသို့ တက်ရောက်ခဲ့ပြီး ပေယွဲ့ပိုင် ကို ပထမဆုံး မြင်သည်နှင့် ချစ်ကျွမ်းဝင်ခဲ့သည်။
သို့သော် ယခင်ကရော။
တက္ကသိုလ်မှ ဘွဲ့ရပြီး အိမ်ပြန်နေချိန်။
“သခင်မလေး အိပ်မပျော်ဘူးလား”
ပေဟန်လီသည် အနက်ရောင် ချည်ထည်ဖြင့် ပြုလုပ်ထားသည့် ညအိပ်ဝတ်စုံဝတ်ဆင်ပြီး အခန်းမှထွက်လာသည်။
သူ၏ ကော်လံသည် လျော့ရဲနေပြီး အိပ်ရာမှထလာသည့်အတွက် ရှုပ်ပွနေကာ အပေါ်ကြယ်သီးကိုလည်း ဖြုတ်ထားသဖြင့် လည်ပင်းရိုးကို မြင်နေရသည်။
သူသည် ကျုံချင်းယွီ ဘေးရှိ ဆိုဖာပေါ်သို့ ထိုင်လိုက်သည်။
“နွားနို့ပူပူလေး နွေးပေးရမလား”
ကျုံချင်းယွီသည် သူ၏ ကမ်းလှမ်းချက်ကို လျစ်လျူရှုလိုက်သည်။
ယင်းအစား ပေဟန်လီကို စူးစမ်းသည့်ဟန်ဖြင့်ကြည့်နေမိသည်။
ကြည့်ရင်းကြည့်ရင်းဖြင့်ပင် သူ၏ အသွင်အပြင်များသည် လွန်ခဲ့သောနှစ်နှစ်ခန့်က သူမ၏ အမှတ်တရများနှင့် တဖြည်းဖြည်း ကိုက်ညီလာသည်။
သူ၏ ချောမောသော မျက်နှာသည် နတ်ဆိုးဆန်သည့် ညှို့ဓာတ်တစ်ခုကို တန်ဆာဆင်ထားသည်။ သူ၏နက်မှောင်သော ဆံပင်အချို့က မျက်ခုံးနှစ်ဖက်စလုံးကို ဖုံးလွှမ်းထားသော်လည်း ဘယ်ဘက်မျက်ခုံးတွင် အမာရွတ်ငယ်လေးတစ်ခုကို မြင်နေရသည်။
သူမသည် လက်ဆန့်ကာ အမာရွတ်ကို ထိတွယ်လိုက်သည်။
“အဲဒီတုန်းက ကျွန်မ ရှင့်ကို ထွက်သွားဖို့ ပြောခဲ့တယ်လေ၊ ဘာလို့ ပြန်ရှာလာတာလဲ”
ပေဟန်လီ၏ အသက်ရှူသံ ရုတ်တရက် ရပ်တန့်သွားသည်။ သူမ၏ ထိတွေ့မှုသည် သူ့အတွက်တော့ မီးကဲ့သို့ ပူလောင်စေသည်။
ဤသည်မှာ ကျုံချင်းယွီ မည်သည့်အခါကမျှ ထုတ်ဖော်မပြောခဲ့သော အရာဖြစ်ပြီး ပေဟန်လီကလည်း သူမ မည်သည့်အခါတွင်မျှ ပြောမည် မဟုတ်ဟု ယူဆခဲ့သည်။
“ဘာလို့လဲဆိုတော့ ကိုယ်မင်းနဲ့အဝေးမှာ မနေနိုင်လို့ပဲ”
သူက အားနည်းစွာ အသက်ရှူရင်း ဖြေလိုက်သည်။
သူသည် ကျုံချင်းယွီ၏ လက်ချောင်းများကို ဆုပ်ကိုင်လိုက်ပြီး လက်ဖျားလေးများကို နမ်းရှိုက်လိုက်သည်။
သူသည် အလွန် ကြောက်ရွံ့နေသည်။ လွန်ခဲ့သောနှစ်နှစ်က ကဲ့သို့ ကျုံချင်းယွီ တုန့်ပြန်မည်ကို ကြောက်နေမိသည်။ ယခင်ကလုပ်ခဲ့သည့်အတိုင်း ဆေးလိပ်ပြာခွက်ဖြင့် သူ့ထံ ပစ်ပေါက်မည်၊ ကျိန်ဆဲမည်၊ သူ့ဘဝမှ ပျောက်ကွယ်သွားရန် တောင်းဆိုမည်ကို ကြောက်နေသည်။
ထိုကြောက်ရွံ့မှုကြောင့် ဤအကြိမ်တွင် သတိထား၍ လုပ်ဆောင်ခဲ့ခြင်းဖြစ်ပေသည်။
သခင်မလေးသည် မည်သည့်အခါတွင်မျှသိမည်မထင်ပေ။ ပေဟန်လီ၏ စိတ်ထဲရှိ ထွေပြားနေသော ခံစားမှုအများသည် နှစ်နှစ်မကဘဲ နှစ်နှစ်ဆယ်တိုင်အောင် ဆက်ရှိနေတုန်းပင်ဖြစ်သည်။
ပေဟန်လီအတွက် မေ့နိုင်စရာအကြောင်းလည်း လုံးဝမရှိခဲ့ပေ
လွန်ခဲ့သောနှစ်နှစ်ဆယ်ခန့်တွင် ကြောက်စရာကောင်းသည့် ရန်ပွဲပြီးသွားသည့်နောက်တွင်သူ သူ့မိခင်က သူ့ကို ပေအိမ်ထောင်စုထဲမှ စွန့်ပစ်ခဲ့သည်။
ဖန်းမေယွီသည် မည်သူမှမသိစေပဲ သူ့ကို စွန့်ပစ်ခဲ့သည်။
အဲဒီအချိန်က သူ့အသက်နှစ်နှစ်သာရှိသေးသည် ပေဟန်လီလေးသည် လူကုန်ကူးသမားများထံ ရောက်သွားခဲ့သည်။ နောက်ဆုံးတွင်ကျေးလက်ဒေသရှိ မိသားစုတစ်စုထံ ရောင်းစားခံလိုက်ရသည်။
ထိုကဲ့သို့သော ပတ်ဝန်းကျင်နှင့် အဆက်ပြတ်နေသည့်နေရာမျိုးတွင်က ယောကျ်ားလေးဆိုလျှင် တန်ဖိုးရှိသည်မှန်သော်လည်း ပေဟန်လီကားငယ်လွန်းနေသည်။
သူသည် နေ့စဥ်နေ့တိုင်ပင်ထွက်ပြေးရန် ကြိုးစားခဲ့ရသည်။ သို့သော်အောင်မြင်မှုမရှိခဲ့ပဲ ရိုက်နှက်ခံခဲ့ရသည်။ ဝက်ခြံထဲတွင် အပိတ်ခံရသည်။
သူ၏ မိဘများက ဤနည်းလမ်းဖြင့်သာ သူ့ကို စကားနားထောင်လာစေမည်ဟု ယုံကြည်နေခဲ့ကြသည်။
တစ်လကြာအောင် သူက တိရစ္ဆာန်တစ်ကောင်ကဲ့သို့ အသက်ရှင်နေခဲ့ရသည်။
ဘဝပျက်သွာသော ရွှေပေါ်မြတင်သူဌေးသားလေးတစ်ယောက်သည် ယခုတော့ မြေကြီးပေါ်ရောက်သွားခဲ့လေပြီ။ နေရာရရန်အတွက် ဝက်များနှင့် ရန်ဖြစ်ရသည်။ အညစ်အကြေးများပေါ်တွင်အိပ်စက်ခဲ့ရသည်။ အေးစိမ့်လွန်းပြီး ဆာလောင်လွန်းခြင်းကြောင့် သေပါစေတော့ဟုပင် ဆုတောင်းနေခဲ့ရသည်။
ထို့နောက်တွင် ကျုံပါးပါးသည် ပရဟိတခရီးစဥ်တစ်ခုအတွက် ထိုနေရာသို့ရောက်ရှိလာခဲ့သည်။
သူသည် သမီးဖြစ်သူ ကျုံချင်းယွီအမည်ဖြင့် ကလေးငယ်များအား ပညာရေးထောက်ပံသည့် ဖောင်ဒေးရှင်းတစ်ခုကို တည်ထောင်ခဲ့ပြီး လာရောက်ထောက်ပံ့ခြင်းဖြစ်သည်။ ယခုတစ်ခေါက်တွင် ကျုံချင်းယွီပါ ပါလာခဲ့သည်။
သူမသည် ညစ်ပတ်ပေရေ စုတ်ပြတ်နေသော ကျေးရွာလမ်းလေးတစ်လျှောက် ကလေးသဘာဝ အပျော်အပြတ်သဘောဖြင့် လှည့်ပတ်သွားလာနေခဲ့သည်။ ထို့နောက်တွင်တော့ ဝက်ခြံထဲတွင် ဝက်များကြားမှ ကောင်လေးတစ်ယောက်ကို တွေ့ခဲ့လိုက်ရသည်။
တစ်ပိုင်းသေသကဲ့သို့ပုံစံမျိုးဖြင့် ဝက်ခြံထဲတွင် တွားတွားသွားနေရင်း ထိုကောင်လေး၏ အသနားခံနေသည့် မျက်လုံးလေးများက ကျုံချင်းယွီထံ စိုက်ကြည့်လျက်ရှိသည်။
"ရေ.. ရေတိုက်ပါ"
ကားအတွင်းမှ ရေသန့်ဘူးတစ်ဘူးကို ကျုံချင်းယွီက လှမ်း၍ ပေးလိုက်သည်။ သို့သော် သန့်ရှင်းခြင်းမရှိသော လက်နှစ်ဖက်က သူမ၏ လက်ကောက်ဝတ်ကို ထိတွေ့ကိုင်တွယ်လာသည့်အခါ ညစ်ပတ်သွားမည်စိုးကာ မျက်ရည်များထွက်လာပြီး သူမက ကျုံပါးပါးထံသို့ ထွက်ပြေးခဲ့ပြီး သူ့ကိုအပြစ် ပေးရန် ငိုယိုပြီး တောင်းဆိုခဲ့သည်။
မထင်မှတ်ပဲ ထိုအရာသည်သူဘဝအတွက် ကယ်တင်မှုဖြစ်လာခဲ့သည်။
ကျုံပါးပါးက သူ့ကိုကယ်ဆယ်ပေးရန် ချက်ချင်းမြန်မြန်ဆန်ဆန် လုပ်ဆောင်ခဲ့ပြီး အထက်အရာရှိများထံသို့ အဖြစ်အပျက်ကို တင်ပြခဲ့သည်။ ထိုအချိန်ထိ ထိုကလေးသည် ပေမိသားစုမှ ပျောက်ဆုံးနေသည့် အမွေဆက်ခံသူဖြစ်ကြောင်း မည်သူမျှမသိခဲ့ပေ။
ပေဟန်လီ၏ မှတ်ဉာဏ်ထဲတွင် မှတ်မိနေသမျှမှာ သူမ၏ လက်ကောက်ဝတ်ကို ဆုပ်ကိုင်သည့်အခိုက်အတန့်တွင် သူမသည် မိမိဘဝအတွက် နောက်ဆုံးအလင်းရောင်ဖြစ်လာနိုင်သည်ဆိုသော မျှော်လင့်ချက်ကတစ်ခုတည်းသာ ကျန်ရှိနေခဲ့သည်။
ထိုအခိုက်အတန့်မှစ၍ မည်သို့မျှ တိတိကျကျခွဲခြား၍မရသော ခံစားမှုများသည် သူ၏ရင်ထဲတွင် တိတ်တိတ်ကလေး ဝင်ရောက်လာခဲ့သည်။
သူက ကျုံချင်းယွီတက္ကသိုလ်တတ်ပြီး ပြန်လာသည့် အချိန်အထိ ထိုအတွေးများကို ပေဟန်လီ ရင်ထဲ၌ပင် မြုပ်နှံထားခဲ့သည်။
အစပိုင်းတွင်တော့ အရာအားလုံးအဆင်ပြေနေခဲ့သည်။ နှစ်နှစ်ဆယ်ဟူသော ကာလသည် သခင်မလေးနှင့်ပက်သတ်ပြီး မည်သူကမျှ သူမအကြောင်းကို သူ့ထက်ပို၍ နားလည်နိုင်မည်မဟုတ်ကြောင်း သေချာစွာ ယုံကြည်ထားသည်။
ထို့နောက်တွင် ကျုံချင်းယွီက သူ့ကို စိတ်ဝင်စားလာခဲ့ပြီး ယခင်ရည်းစားများထက် သူ့အကြောင်းကို ပို၍ နားလည်သည်ဟု ခံစားခဲ့သည်။
သူတို့အတူတူ ခရီးထွက်ခဲ့ကြသည်။ တေးဂီတပွဲများ အတူတူတက်ခဲ့ကြသည်။ သူမ တောင်ကုန်းပေါ်ရှိအိမ်၏ ရေကန်နားတွင် အတူတကွ ကခုန်ခဲ့ကြသည်။
ပေဟန်လီသည် နောက်ဆုံးတွင် သူမကို ပိုင်ဆိုင်ခွင့်ရမည်ဟု ထင်မြင်ယူဆခဲ့သည်။
ထို့နောက် သူပင် သတိမထားမိလိုက်ပဲ ကျုံချင်းယွီသည် ပေယွဲ့ပိုင်အား အရူးအမူး ချစ်ကြိုက်သွားခဲ့သည်။
သူမက သူအား ဆေးလိပ်ပြာခွက်ဖြင့် ပစ်ပေါက်ခဲ့ပြီး ပေဟန်လီ၏ မျက်ခုံးပေါ်တွင် ထင်ရှားသော အမာရွတ်တစ်ခု ဖြစ်စေခဲ့သည်။
"ပေဟန်လီ ထွက်သွား၊ ငါ နင့်ကို မကြိုက်တော့ဘူး"
သူမက ထိုကဲ့သို့ ပြောဆိုလာခဲ့သောကြောင့် ပေဟန်လီက ယုံမနိုင်လောက်အောင် ခံစားရသော်လည်း တစ်နှစ်ပတ်လုံး ကြိုးစားမှုများ ဆက်လတ်ပြုလုပ်ခဲ့သည်။
သူသည် ကျုံချင်းယွီအား ပိုးပန်းခဲ့သည့် အကြောင်းကို မည်သူ့ကိုမှ မပြောခဲ့ပေ။ သူ၏အားနည်းချက်ကို သိသွားပါက တစ်စုံတစ်ဦးက သူမအား ထိခိုက်စေနိုင်သည်ကို စိုးရိမ်သောကြောင့်ဖြစ်သည်။
ထို့ကြောင့် ယခုနှစ်တွင် ပြန်လည်သင့်မြတ်ရန် ကြိုးပမ်းရာတွင်အနည်းငယ်သော လူများသာ သိရှိခဲ့ကြသည်။
အဆုံးသတ်တွင် သခင်မလေးသည် သူ့ညီဖြစ်သူ ပေယွဲ့ပိုင်ကို စွဲလမ်းနေပြီဟု နာကျင်စွာ လက်ခံလိုက်ရသည်။
သူသည် ထိုတန်ဖိုးမရှိဘဲရွံစရာ ကောင်းသော တရားမဝင်သားကို ဖျက်ဆီးလိုခဲ့ဖူးသည်။ နှစ်နှစ်ဆယ်ကြာ သူသည် အချိန်ယူခဲ့ပြီး ထိုမိခင်နှင့်သားတို့၏ ဘဝပျက်စီးရန်အတွက် အကြံအစည်များ ရေးဆွဲခဲ့သည်။
သို့သော် သခင်မလေးမှာ သူကို တန်းတန်းစွဲချစ်ခင်စုံမတ်နေခဲ့သည်။
သူချစ်ရသည့် ကျုံချင်းယွီက ပေယွဲ့ပိုင်အားအလွန်စွဲလမ်းနေသဖြင့် သူမဝမ်းနည်းရမည့်အလုပ်ကိုမလုပ်လိုခဲ့ပေ။ အချစ်ဆိုသည်မှာ ကိုယ်ချစ်သည့်သူကို စိတ်မဆင်းရဲစေရန်လိုအပ်သည်မဟုတ်ပါလား။
သူသည် ပေယွဲ့ပိုင်အား ဆန့်ကျင်သည့် အစီအစဉ်များကို စွန့်လွှတ်ရုံသာမက ကျုံချင်းယွီသာ ပေယွဲ့ပိုင်အား ပေမိသားစုအမွေကိုဆက်ခံစေလိုပါက သူသည် မတွန့်မဆုတ် လက်လွှတ်ပေးမည်ဖြစ်သည်။
ကျုံချင်းယွီက အဘိုးပေ၏ မွေးနေ့ပွဲကို တက်ရောက်ခြင်းကို ငြင်းပယ်သွားသည့်အခိုက်အတန့်လေးမှစ၍၊ ပေယွဲ့ပိုင်နဲ့ စေ့စပ်ပွဲကို ဖျတ်သိမ်းရန် ရှေ့နေယောင်ချီကို စေလွှတ်လိုက်ချိန်မှစ၍၊ ပေဟန်လီ၏ နှလုံးသားထဲတွင် ရှုပ်ထွေးနေခဲ့သည့် မျှော်လင့်ချက်ရောင်ခြည်လေးတစ်ခု ပြန်လည်တောက်ပလာခဲ့သည်။
လေယာဉ်နားနေခန်းထဲ၌ ပေဟန်လီသည် ကျုံချင်းယွီ၏ လက်ဖျားပေါ်သို့ နူးနူးညံ့ညံ့နမ်းလိုက်သည်။ ထို့နောက် မရိုးမရွဖြစ်စေသော ခံစားချက်များကို သူမ၏ ခန္ဓာကိုယ်တစ်လျှောက်ခံစားလာရသည်။
"သခင်မလေး နေမကောင်းဘူးလား၊ ခြေထောက်လေးတွေ နှိပ်ပေးရမလား"
ကျုံချင်းယွီသည် ပေဟန်လီကို တစ်ချက်ငေးကြည့်လိုက်ရာ သူမ၏ မှုန်ဝါးနေသော မှတ်ဉာဏ်များမှာ ထင်ရှားလာခဲ့သည်။ သူမသည် သွေးအေးစွာဖြင့် သူ့ကို နှင်ထုတ်ခဲ့သည့် အခိုက်အတန့်ကိုပါမြင်ယောင်လာခဲ့သည်။
ဤသည်မှ သူမ၏ ဘဝထဲမှာ သူ့အကြောင်းအရာများကို လုံးဝဖျတ်ပစ်လိုက်သလိုပင်ဖြစ်နေသည်။ သို့သော် ပေယွဲ့ပိုင်ကို ငြင်းလိုက်ပြီးနောက်ပိုင်းတွင် ပေဟန်လီနှင့်ပက်သတ်သောအမှတ်တရများကို ပြန်၍ အောက်မေ့လာမိတော့သည်။
ကျုံချင်းယွီက ဘာမျှမပြောပဲ ခေါင်းငြိမ့်လိုက်သည်။
ပေဟန်လီလက်ချောင်းများသည် သူမ၏ ချောမွေ့သော ခြေသလုံးများပေါ်တွင်သွားလာနေသည်။ ညအချိန်မှာ အေးစက်နေရာ လေယာဉ်ခန်းအပူချိန်ကို အတိအကျထိန်းညှိထားသော်လည်း ကျုံချင်းယွီမှာ အဖျားရှိနေသည်ဟုပင်ခံစားလာရသည်။
သူမသည် သူတို့ သည်အခြေအနေကို မည်သို့မည်ပုံရောက်လာသည်ကိုပင် မသိလိုက်မိပေ။ သူမ၏ အသက်ရှူသံများမှာ ပိုမိုလေးလံလာပြီး သူမ၏လက်ချောင်းများမှာ ပေဟန်လီ၏ ဆံပင်များထဲသို့ ငြိတွယ်ဝင်ရောက်သွားသည်။
"ပေဟန်လီ"
ကျုံချင်းယွီက နှုတ်ခမ်းကို ကိုက်လိုက်ကာ လွတ်မြောက်ခွင့်တောင်းဆိုနေသော ရှက်သွေးဖြာနေသည့် အသံဖြင့် ခေါ်လိုက်သည်။
" ဖြေဖြေး"
တိုးညင်းသောအသံက လေထဲတွင် ပျံ့လွင့်လာသည်။ သူမ၏ညအိပ်ဝတ်စုံ၏ ဇာအနားသတ်မှာ ခါးအထိ အတင်ခံထားရပြီး သူမ၏အောက်ပိုင်းတွင် ဆိတ်မွေးဖြင့် ပြုလုပ်ထားသော ခြုံထည်ကြီးသာကျန်ရှိနေသည်။
ပေဟန်လီမှာ ခေါင်းမော့လိုက်ရာ သူ၏ချွန်ထက်သောနှာခေါင်းမှာ အလင်းရောင်အောက်တွင် တလတ်လတ်တောက်ပနေသည်။
"သခင်မလေး နေလို့ကောင်းရဲ့လား"
ကျုံချင်းယွီမှာ အံကြိတ်လိုက်ရသည်။
"ရှင်က တကယ်ကိုစိတ်ရှုပ်စရာကောင်းတာပဲ"
ပေဟန်လီက ရယ်မောလိုက်သည်။
"ကျွန်တော်အတွေ့အကြုံနည်းသေးလို့ထင်တယ် ထပ်ကြိုးစားကြည့်ပါ့မယ် သခင်မလေး"
ကျုံချင်းယွီမှာ သူ၏ဆံပင်ကို ထပ်မံ၍ဆုပ်ကိုင်လိုက်ရသည်။
သူမ၏ အသက်ရှူနှုန်းက ပို၍မြန်ဆန်လာခဲ့သည်။ ပေဟန်လီ၏ ကျွမ်းကျင်လှသော အထိအတွေ့များက သူမအတွက်တော့ ကြံ့ကြံ့တင်းခံရန် ခက်ခဲလှပြီး ဓာတ်လိုက်နေသကဲ့သို့ခံစားနေရသည်။
ညအချိန်သည် တိတ်ဆိတ်၍ ရှည်လျားသည်။
မည်သည့်အချိန်တွင် အဆုံးသတ်မည်ကိုတော့ မည်သူမျှ ကြိုသိနိုင်လိမ့်မည်မဟုတ်ပေ။