← Chapters

လောရှောင်ရှောင်း၏ အစွမ်း

Vol. 35 Ch. 489

လောရှောင်ရှောင်း၏ အစွမ်း

Vol. 35 Ch. 489

တိုက်ပွဲစင်မြင့်ထက်သို့ တက်ရန်ပြင်နေသော ရှန့်မူချင်းမှာ ကြားလိုက်ရသည့်စကားကြောင့် လဲကျမလိုပင် ဖြစ်သွားရသည်။

သူက လောရုံအား လောရှောင်ရှောင်းကို နားချရန်အတွက် အကူအညီ တောင်းချိန်၌.. လောရုံက သူ့အတွက် လူတစ်ဝက်ချန်ထားဟု ပြောနေသတဲ့လား။

ဘာတွေ ဖြစ်နေပါသနည်း...

လောရုံက နားပင် ကောင်းပါသေးရဲ့လား။

ရှန့်မူချင်းက သူတို့နှစ်ယောက်လုံးအား နောက်များနေသလား ဆိုသည့် အကြည့်ဖြင့် တအံတသြ ကြည့်လိုက်သည်။

သို့သော် သူ ကြည့်နေစဥ်မှာပင် လောရှောင်ရှောင်းက အလေးနက် စဥ်းစားဟန်ဖြင့် ခေတ္တမျှ စဥ်းစားပြီး ပြောလာ၏။

" အင်း.. အခု တဖက်မှာ လူကိုးယောက် ကျန်သေးတာဆိုတော့ ကျွန်မက လေးယောက်နဲ့ တိုက်ပြီး အကို့အတွက် ငါးယောက် ချန်ထားပေးမယ် ။ အဆင်ပြေလား "

" ကောင်းပြီ "

လောရုံက အပြုံးဖြင့် ခေါင်းညိတ်လိုက်သည်။

အနီးနားတွင် ရှိနေကြပြီး ထိုစကားများကို ကြားသွားသည့် သူများမှာ ဖော်ပြရန်ခက်သော မျက်နှာထားကိုယ်စီ ဖြစ်သွားကြတော့သည်။

" အဲ့နှစ်ယောက်က ဘယ်သူတွေလဲ "

" မြောက်ပိုင်းဒေသကလို့ ပြောတယ်ကွ။ သူတို့ မြို့နာမည်က ပျောင်ပိုင်မြို့ ဆိုလားပဲ... "

" ပျောင်ပိုင်မြို့ ဟုတ်လား... ငါ အဲ့နာမည်ကို တစ်ခါမှလဲ မကြားဖူးဘူး။ ဒါပေမယ့် မင်းက မြောက်ပိုင်းဒေသကဆိုတော့ .. မြောက်ပိုင်းဒေသမှာ အဲ့လိုအင်အားကြီးတဲ့ အဖွဲ့မျိုး ရှိလို့လား "

" အရင်တုန်းကတော့ ​မြောက်ပိုင်းဒေသမှာ နတ်ဘုရားမြို့တော် ရှိတယ်ကွ။ ဒါပေမယ့် အဲ့ဒါကလဲ အင်အားလျော့လာတာ ကြာပါပြီကွာ "

" ဟင်... ဒါဆို အဲ့နှစ်ယောက်က ဦးနှောက်သိပ်မကောင်းကြဘူးနဲ့ တူပါတယ်ကွာ "

" အဲ့လိုပဲနဲ့ တူတယ် "

အားလုံး၏ စိတ်ထဲတွင် ထိုနှစ်ယောက်နှင့် ပတ်သက်၍ အကောင်းမမြင်ကြပါချေ။

ထိုစဥ်တွင် လောရှောင်ရှောင်းမှာကား တိုက်ပွဲစင်မြင့်ထက်သို့ပင် ရောက်နေလေပြီ။

" ဟင်.. နောက်ထပ် ကလေးမလေးတစ်ယောက်ပါ ထပ်ရှိနေတာပဲ။ နင်က တော်တော်လေးတော့ သတ္တိရှိတာပဲဟဲ့ ။ ငါ့အစွမ်းကို မြင်ပြီးတာတောင် စင်ပေါ် တက်လာရဲတာဆိုတော့ "

တဖက် အမျိုးသမီးက လောရှောင်ရှောင်းကို ကြည့်ကာ အပြုံးဖြင့် ပြောလိုက်သည်။

လောရှောင်ရှောင်းက ခေါင်းတစ်ချက်ညိတ်၍ ပြော၏။

" လာလေ ၊ မြန်မြန်သွက်သွက်ပဲ လုပ်လိုက်ကြတာပေါ့ "

" ဟင်... "

တဖက်အမျိုးသမီး ခေတ္တမျှ အံ့သြမှင်သက်သွားပြီးမှ အပြုံးဖြင့် ဆိုလိုက်သည်။

" စိတ်ဝင်စားစရာ ကောင်းသားပဲ။ နင့်ကို ကြည့်ရတာ တွေးခေါ်တတ်တဲ့ပုံ ဆိုတော့ ငါ နင့်အသက်ကို ချမ်းသာပေးပြီး အဝေးကို လွင့်သွားအောင်ပဲ လုပ်ပေးလိုက်မယ် "

အမျိုးသမီးက ကျွင့်ဟွမ်အား တိုက်ခိုက်ခဲ့သည့် သိုင်းကွက်ကိုပင် ထပ်သုံးကာ တိုက်ခိုက်လိုက်သည်။

စင်မြင့်အောက်မှနေ၍ တိုက်ပွဲကို ကြည့်နေသော ကျွင့်ဟွမ်၏ မျက်လုံးထဲတွင် ကျေနပ်သည့် အရိပ်အယောင်အချို့ ပေါ်လာ၏။

" ငတုံးမ... အဲ့သိုင်းကွက်နဲ့သာ တွေ့လို့ကတော့ ငါဆိုရင်တောင် ဒဏ်ရာအကြီးအကျယ် ရသွားမှာ။ နင်သာဆို သေသွားမှာ သေချာပေါက်ပဲ။ ဟားဟား.. ဒါနဲ့များ ငါနဲ့ တိုက်ခိုက်ချင်သေးတယ်ပေါ့ "

ကျွင့်ဟွမ် စိတ်ထဲမှ လှောင်ရယ်လိုက်သည်။

ထျန်းယွမ်ကမ္ဘာမှ အခြားသူများမှာလည်း ထိုမြင်ကွင်းကို ကြည့်ကာ ရင်ထဲ အနည်းငယ် လေးလံသွားကြပါ၏။

အချို့ဆိုလျှင် ဆက်မကြည့်နိုင်တော့၍ မျက်နှာများပင် လွှဲထားလိုက်ကြသည်။

သို့သော်.. အချိန်အတန်ကြာသွားပြီးသည့်တိုင် တိုက်ပွဲစင်မြင့်ပေါ်မှ မည်သည့်အော်သံမှ ထွက်မလာခဲ့ပါချေ။

ထျန်းယွမ်ကမ္ဘာမှ လူတစ်ယောက်က အရဲစွန့်ပြီး ခေါင်းလှည့်ကြည့်လိုက်ရာ လောရှောင်ရှောင်းရော ၊ တဖက်အမျိုးသမီးပါ စင်မြင့်ထက်၌ အကောင်းတိုင်း ရပ်နေကြသေးသည်ကို မြင်လိုက်ရ၏။

" ဟင်... မိန်းကလေးက မသေသေးပါလား။ ကြည့်ရတာ တဖက်က ပစ်မှတ်ချော်ပြီး တိုက်ခိုက်မိသွားတာနဲ့တူတယ်။ မိန်းကလေးက တော်တော်ကံကောင်းတာပဲ "

ထိုလူ ဝမ်းသာအားရ အော်ဟစ်လိုက်သည်။

သို့သော်.. သူ အော်ပြီးပြီးချင်းမှာပင် သူ့ဘေးနားတွင် ရှိနေသော လူများက သူ့အား အရူးတစ်ယောက်သဖွယ် ကြည့်လာကြပါ၏။

" မင်းတို့က ဘာလို့ ကြည့်နေကြတာလဲ ။ ငါပြောတာ မှားလို့လား "

ထိုလူ တအံ့တသြမေးလိုက်သည်။

အနားမှ တစ်ယောက်က ခေါင်းညိတ်၍ ပြောလာ၏။

" မှားတာပေါ့ကွ ၊ တဖက်က တိုက်ကွက်ချော်သွားတာ လုံးဝ မဟုတ်ဘူး "

" ချော်တာ မဟုတ်ဘူး... ဒါဆို ကောင်မလေးက ဘယ်လိုလုပ်ပြီး အသက်ဆက်ရှင်နိုင်သေးတာလဲ "

ထိုလူ မယုံနိုင်စွာ ထပ်မေးလိုက်သည်။

အနားမှလူက အသက်ပြင်းပြင်း တစ်ချက်ရှိုက်၍ ပြန်ပြောသည်။

" မိန်းကလေးကလဲ... လက်နဲ့ပဲ တောက်ပြီးတော့ လေအေးတွေကို ဖယ်ရှားပစ်လိုက်တာ "

" ဘယ်လို.... "

ပထမလူ အံ့သြမှင်သက်သွားတော့သည်။

ထိုစဥ် ကျွင့်ဟွမ်မှာလည်း အံ့သြတုန်လှုပ်နေပါ၏။

ယွဲ့ယန်ကမ္ဘာဘက်မှ အမျိုးသမီးနှင့် သူမကိုယ်တိုင် တိုက်ခိုက်ထားခဲ့သည်ဖြစ်ရာ ထိုအမျိုးသမီးက မည်မျှအစွမ်းထက်ကြောင်း သူမ ကောင်းကောင်းကြီး သိပါသည်။

ယခု ဘာတွေ ဖြစ်သွားခဲ့ပါသနည်း ။ သူမ၏ အသက်ကိုပင် ခြွေယူလုနီးပါး ဖြစ်ခဲ့သော သိုင်းကွက်က လောရှောင်ရှောင်း၏ လက်ချောင်းတစ်ချောင်းတည်းဖြင့် ဖယ်ရှားခံလိုက်ရသတဲ့လား ။

သူမ အမှိုက်ဟု ထင်ထားခဲ့သည့် ကောင်မလေးက အစွမ်းထက်နေခြင်းပေလား ။

" မဖြစ်နိုင်ဘူး ... ဟိုဘက်ကမိန်းမက တမင်ကို အားသိပ်မသုံးဘဲနဲ့ ငါ့ကို အရှက်ခွဲရအောင်လို့ ရည်ရွယ်ချက်ရှိရှိ လုပ်ခဲ့တာပဲ ဖြစ်မယ် "

ကျွင့်ဟွမ် ဒေါသတကြီး အော်လိုက်သည်။

သူမ၏ စကားကို ကြားပြီးနောက်.. အခြေအနေကို မည်သို့မှ နားမလည်နိုင် ဖြစ်နေသော လူအချို့မှာလည်း အဖြေရှာတွေ့ပြီဟု ချက်ချင်း ယူဆသွားကြပါ၏။

သို့သော် ကျွင့်ဟွမ်၏ စကားကို အယုံမလွယ်သူများလည်း ရှိဆဲပါပင်။

ဥပမာဆိုရသော်.. ယောင်ချီ နတ်ဘုရားသခင်မကြီးနှင့် အခြားသော ကမ္ဘာပေါ်မှ မသေမျိုးများ ဖြစ်ပါသည်။

" ဒီကောင်မလေးက အဲ့လောက်အစွမ်းထက်တာလား ။ ငါတို့လဲ ဘာသတင်းမှ မကြားမိပါလားကွာ "

ချင်းဝူချုံက တအံ့တသြ ဆိုလိုက်သည်။

" မြောက်ပိုင်းဒေသမှာ အဲ့လိုလူမျိုး တကယ်ကြီး ရှိနေတာလား "

ယောင်ချီ နတ်ဘုရားသခင်မကြီးကလည်း မယုံနိုင်စွာ ရေရွတ်၏။

" ပျောင်ပိုင်မြို့.... "

သခင်ကြီး ထျန်းလုံမှာလည်း တစ်စုံတစ်ခုကို စဥ်းစားနေဟန်ပင် ။

ထိုစဥ် တိုက်ပွဲစင်မြင့်ထက်၌ ရှိနေသော ယွဲ့ယန်ကမ္ဘာမှ အမျိုးသမီးမှာလည်း လောရှောင်ရှောင်းက သူမ၏ သိုင်းကွက်အား အလွယ်တကူ ချေဖျက်လိုက်နိုင်သည်ကို တွေ့ပြီးနောက် အလွန်အံ့သြတုန်လှုပ်သွားပါ၏။

သူမ မျက်မှောင်အနည်းငယ် ကြုံ့၍ ပြောလိုက်သည်။

" ဟား ဟား... ငါ တော်တော်ကန်းသွားခဲ့တာပဲ။ ငါက နင့်ကို ငါနဲ့ အဆင့်တူ ကျင့်ကြံသူတစ်ယောက်လို့ မထင်ခဲ့မိဘူး။ ထျန်းယွမ်ကမ္ဘာမှာ အဲ့လိုလူမျိုး ရှိနေဆိုတော့.. မဆိုးဘူးပဲ။ ကဲ... အဲ့လိုဆိုတော့လဲ ငါ့ဘက်က စမ်းသပ်ကြည့်ရတော့မှာပေါ့ "

ဝုန်း..

အမျိုးသမီးက ပြောပြောဆိုဆိုပင် သူမကိုယ်ထဲမှ အစွမ်းများအားလုံးကို ထုတ်လွတ်လိုက်သည်။

" ထျန်းယွမ်ကမ္ဘာကကောင်တွေ.. ဒီသိုင်းကွက်ကို ခံနိုင်ရင် ခံကြစမ်းကွာ.. ဖီးနစ်ငှက် စိတ်စွမ်းအင်လှိုင်း "

သူမ၏ ကျယ်လောင်သော အော်သံနှင့်အတူ ဖီးနစ်ငှက် သုံးကောင်ဆီမှလည်း နတ်ဘုရားအလင်းတန်းများ ကိုယ်စီ ထုတ်လွှတ်လာကြ၏။ ထို့နောက်တွင်မူ ၎င်းတို့က ပါးစပ်များ တစ်ပြိုင်နက်တည်း ဟလိုက်ကြပြီး အေးစက်စက်လေပြင်း သုံးခု မှုတ်ထုတ်လိုက်ကြပြန်သည်။

ဝုန်း..

ထိုလေအေးများ တိုက်ခတ်လာသည်နှင့် ကမ္ဘာနှစ်ခုကြား တံခါးပေါက်ရှေ့ရှိ အပူချိန်မှာလည်း တမဟုတ်ချင်း သိသိသာသာပင် လျော့ကျသွားသည်။

တိုက်ပွဲစင်မြင့်အောက်၌ ရေခဲမှုန်များပင် စပေါ်လာပါ၏။

" မဖြစ်ဘူး... အခုလေအေးက အစွမ်းထက်လွန်းတယ်။ ဟိုကောင်မလေး တားနိုင်ပါ့မလား "

အားလုံးရင်ထဲ လောရှောင်ရှောင်းအား စိတ်ပူမိသွားကြသည်။

သို့သော် တိုက်ပွဲစင်မြင့်ပေါ်တွင် ရှိနေသော လောရှောင်ရှောင်းက တည်တည်ငြိမ်ငြိမ်ပင် ပြောလာ၏။ " ကျင့်ကြံခြင်းအဆင့် တူတယ်.. ဟုတ်လား ၊ ဘာတွေ ပြောနေတာလဲ ။ ပြီးတော့ နင့်ရဲ့ လေအေးက လုံလောက်အောင် အစွမ်းမထက်သေးဘူးနော် "

သူမ ထိုသို့ပြောပြီး တုပ်တုပ်ပင်မလှုပ်ဘဲ ​နေရာတွင်သာ ဆက်ရပ်နေ၏။

ဝီ...

ထိုစဥ်မှာပင် လောရှောင်ရှောင်း၏ အနောက်ဘက်၌ ဧရာမ နှင်းသားရဲကြီးတစ်ကောင်၏ အရိပ် ရုတ်တရက် ပေါ်လာသည်။

ထိုသားရဲ ပေါ်လာသည်နှင့် ဘေးပတ်ဝန်းကျင် အပူချိန်ကလည်း သိသိသာသာ ထပ်ကျသွားပါ၏။

" ဟင်.. အဲ့ဒါ ဘာကြီးလဲ ။ ဒီကောင်မလေးမှာရော ထူးခြားတဲ့ခန္ဓာကိုယ် ရှိနေတာလား "

" မဟုတ်ဘူးကွ.. အဲ့ဒါ ထူးခြားတဲ့ခန္ဓာကိုယ် မဟုတ်ဘူး။ ဒီတိုင်း ထူးခြားတဲ့ စိတ်စွမ်းအင်ပင်လယ် တစ်ခုပဲ "

" ဟင်.. ထူးခြားတဲ့ စိတ်စွမ်းအင်ပင်လယ် ဟုတ်လား။ ဒီလိုဟာမျိုးက နည်းနည်းရှားတယ်လို့ ပြောလို့ရပေမယ့်... ထူးခြားတဲ့ ခန္ဓာကိုယ်နဲ့တော့ ယှဥ်လို့မရဘူး မဟုတ်လား "

အားလုံးက ထင်ရာကို တီးတိုးပြောလိုက်ကြသည်။

ထိုစဥ် လောရှောင်ရှောင်းက ခေါင်းအနည်းငယ် စောင်းလိုက်သည်။

ဝေါင်း...

သူမ အနောက်ဘက်မှ ဧရာမ သားရဲကြီးကလည်း ​ပါးစပ်ဟပြီး အဖြူရောင် အလင်းတန်းတစ်ခု ထွေးထုတ်လာ၏။

ဝုန်း..

ထို အလင်းတန်းဖြူနှင့် ရေခဲဖီးနစ်ငှက်မှ ထုတ်လွှတ်လိုက်သော လေအေးတို့ တစ်ခုနှင့်တစ်ခု တိုက်မိသွားကြကာ ရေခဲဖီးနစ်ငှက်၏ လေအေးများ အေးခဲသွားတော့သည်။

အလင်းတန်းဖြူက ဤမျှနှင့် ရပ်မသွားသေးဘဲ ရှေ့ဆက်တိုးသွားပြီး ယွဲ့ယန်ကမ္ဘာမှ အမျိုးသမီးကို ဆက်တိုက်ခိုက်လိုက်၏။

" အား..... "

အမျိုးသမီးထံမှ အော်သံ ထွက်လာပြီးနောက်.. သူမ၏ ခန္ဓာကိုယ်တစ်ဝက် တမဟုတ်ချင်း အေးခဲသွားတော့သည်။

ထိုအချိန်မှာပင် လောရှောင်ရှောင်းက လက်ယမ်း

လိုက်သဖြင့်.. သူမနောက်မှ သားရဲကြီးကလည်း ရုတ်ချည်း ပါးစပ်ပိတ်သွားသည်။

" နင် ခုနက ငါ့အသက်ကို ချမ်းသာပေးမယ်လို့ ပြောတဲ့အတွက်ကြောင့်မို့ ၊ ဒီတစ်ခေါက် နင့်အသက်ကို ပြန်ချမ်းသာပေးလိုက်မယ်။ ဒါပေမယ့်.. အခု နင်ရှုံးသွားပြီဆိုတော့ နောက်ဆုတ်နေလိုက်တော့ "

လောရှောင်ရှောင်းက ပြောလိုက်သည်။

ထိုစဥ်တွင် တဖက်မှ အမျိုးသမီး၏ မျက်နှာမှာ သွေးမရှိတော့သလို ဖြူရော်နေခဲ့လေပြီ ။

သူမ ရှုံးနိမ့်ခဲ့ရသောကြောင့် ထိုသို့ ကြောက်သွားရခြင်း မဟုတ်ဘဲ..

သူမ အကျွမ်းကျင်ဆုံး ဖြစ်သည့် လေအေးဖြင့် သူမကို ပြန်အနိုင်ယူသွားခဲ့သောကြောင့် ဖြစ်ပါသည်။

ထိုတခဏ၌ သူမ ပါးစပ်ထဲ ပြည့်လာသည့် သွေးများအား ချက်ချင်း ထွေးထုတ်လိုက်ရသည်။

ခပ်လှမ်းလှမ်းတွင် ရှိနေသော ယဲ့ကျီမှာလည်း ၎င်း

ကို ကြည့်ကာ မျက်မှောင်ကြုံ့သွား၏။

" ငါ့ရဲ့ တာအိုအစွမ်းအပေါ် ယုံကြည်ချက် ပျက်ပြားသွားရပြီလား... "

သူ တစ်ကိုယ်တည်း တီးတိုး ရေရွတ်မိလိုက်သည်။

ထျန်းယွမ်ကမ္ဘာမှ လူများမှာလည်း ထိုအချိန်မှသာ အသိပြန်ဝင်လာကြ၏။

" အနိုင်ရပြီဟေ့... နိုင်ပြီကွ "

အားလုံး ဝမ်းသာအားရ အော်ဟစ်လိုက်ကြသည်။

တိုက်ပွဲ စသည့်အချိန်ကတည်းက ထျန်းယွမ်ကမ္ဘာဘက်မှ အနိုင်ရသည်မှာ ယခုက ပထမဆုံးအကြိမ်ပါပင်။

ထို့ကြောင့် သူတို့အားလုံး ပျော်သွားကြသည်မှာ သဘာဝကျပါသည်။

ထိုစဥ်တွင် ကျွင့်ဟွမ်နှင့် အကြီးအကဲဟွာ တို့ နှစ်ယောက်ကသာ မျက်နှာများ ဆိုးရွားစွာ ပျက်နေကြပါ၏။

အွတ်..

ကျွင့်ဟွမ်မှာ အရှက်ကွဲမှုကို မခံနိုင်တော့ဘဲ သွေးအန်ပြီး မေ့လဲကျသွားတော့သည်။

" ဒီခွေးမလေးက.... ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ.. "

အကြီးအကဲဟွာမှာမူ ကျွင့်ဟွမ်ကဲ့သို့ မေ့လဲကျ မသွားသည့်တိုင် သူမကိုယ်ထဲမှ သွေးများ ဆူပွက်လာသည်ကို ခံစားမိပြီး လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်၏။

ထိုအချိန်တွင် လောရှောင်ရှောင်းက လက်ယမ်းပြ၍ ပြောလာသည်။

" နောက်တစ်ယောက် လာတိုက်ခိုက်တော့ "

ယွဲ့ယန်ကမ္ဘာမှ လူများ တစ်ယောက်ကိုတစ်ယောက် မယုံနိုင်စွာ လှည့်ကြည့်လိုက်ကြ၏။

" ဟား ဟား.. ဒီကောင်မလေးက တော်တော်စိတ်ဝင်စားစရာ ကောင်းတာပဲ။ သူ့ကို ငါပဲ ကိုင်တွယ်လိုက်မယ် "

လူတစ်ယောက်က ပြောပြောဆိုဆိုပင် ရှေ့ထွက်လာသည်။

" အိုး.. ရန်လုံရှင်းပါလား ၊ အဲ့ကောင်မလေးက လေအေးကို သုံးတဲ့နေရာမှာ ကောင်းတယ်ကွ။ ဒါပေမယ့် မင်း သူ့ကို လွယ်လွယ်လေး ချုပ်နှောင်နိုင်မှာပါ။ အဲ့တော့ သူ့ကို မင်းပဲ သွားတိုက်ခိုက်တာ အသင့်တော်ဆုံးပဲ "

ယွဲ့ယန်ကမ္ဘာဘက်ရှိ ကျန်နေသေးသော လူငယ် ၈ယောက်ထဲမှ တစ်ယောက်က ပြောလိုက်သည်။

All Chapters